Buddhism နဲ့ ပတ်သက်၍
Buddhism ကိုဘုရားရဲ့တရားတော် လို့ သာမန်အားဖြင့်နာလည်ထားခဲ့တယ်။ Buddhist က ဗုဒ္ဓဘာသာဝင်၊ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူလို့ နားလည်ရပြီး၊ Buddhism က ဗုဒ္ဓရဲ့အဆုံးအမ၊ မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့်တရား လို့ နားလည်ခဲ့ရတယ်။ သာမာန် အပြင်လောကဆက်ဆံရေး လူမှုရေးရာ Society မှာ အဆင်ပြေနေပေမယ့် Academic နယ်ပယ်မှာတော့ Buddhism ကို ဗုဒ္ဓတရားတော် လို့ နားလည်ရုံနဲ့ မလုံလောက်တော့ဘူး။
Buddha’s teaching နဲ့ Buddhism က ကွားခြားမှုတွေရှိလာတယ်။ What is Buddhism? လို့မေးရင်တော့ Buddha’s teaching လို့ဘဲ ဖြေရမှာဘဲ။ ဒါဆိုရင်တူတူဘဲလား၊ မတူပါဘူး။ Buddha’s teaching ဘာလဲလို့မေးရင်တော့ ပိဋကတ်သုံးပုံကိုဘဲ ပြရမှာဘဲ။ မြတ်စွာဘုရားရဲ့တရားတော်၊ မြတ်စွာဘုရားရဲ့ အဆုံးအမတွေက Buddha vacana- Buddha’s teaching ဘဲပေါ့။ Buddhism ဆိုတဲ့အခါကြတော့ ism ဆ်ိုတဲ့စာလုံးတွေပါလာတော့ Buddha’s teaching သက်သက်သာ မကတော့ဘဲ၊ Tradition တွေ culture တွေလည်း ကပ်ပါလာပြီ။ ism တွေက ဘာ ism ညာ ism ဆိုတဲ့ ဝါဒတွေ ကမ္ဘာမှာအများကြီးရှိလာပြီ။ ဘယ်အယူဝါဒမဆို အယူဝါဒပေါ်ထွန်းရာ နေရာဒေသက ပတ်ဝန်းကျင်အခြေအနေတွေအခြေခံကြတာချဉ်းပါဘဲ။ အယူဝါဒကို လက်ခံတဲ့နေရာ တွေမှာလည်း သက်ဆိုင်ရာပတ်ဝန်းကျင်၊ နေရာဒေသ၊ အချိန်ကာလ၊ ရိုးရာ၊ ယဉ်ကျေးမှုတွေကို ငြင်းပယ်လို့မရဘဲ၊ မှီးငြမ်းပြီး လက်ခံရတာဘဲ။ အဲလိုဘဲ Buddhism ဆိုတဲ့အယူဝါဒတစ်ခုဟာလည်း ရိုးရာ၊ ယဉ်ကျေးမှု ပတ်ဝန်းကျင်ကို အခြေခံပြီးလက်ခံရတာဘဲ။ ထေရဝါဒဗုဒ္ဓဘာသာချင်းတူတာတောင် တစ်နိုင်ငံနဲ့တစ်နိုင်ငံ ငါးပါးသီလခံယူတဲ့ပုံစံတောင် ကွဲပြားနေတာတွေတွေ့ရတယ်မလား။ အဲဒါတွေက ရိုးရာ ယဉ်ကျေးမှုနောက်ခံ ခံယူချက်တွေကြောင့်ဖြစ်တာလေ။ ဆိုလိုချင်တာက Buddhism က Buddha’s teaching ဆိုပေမယ့် Buddha’s teaching သက်သက်မဟုတ်တော့ပါဘူး။
နောက်တစ်ခုက Religion ဆိုတာလည်း ပြောစရာတစ်ခုဖြစ်လာတယ်။ religion ရဲ့ မူရင်းဖွင့်ဆ်ိုချက်က ဖန်ဆင်းရှင်ကို အခြေခံတယ်။ ဗုဒ္ဓဘာသာမှာက ဖန်းဆင်းရှင်ကိုအခြေမခံဘူး၊ ဖန်းဆင်းရှင်မရှိဘူးလို့ ခံယူတယ်။ အဲဒါကြောင့် တစ်ချို့က Buddhism is not religion လို့ပြောကြတာပေါ့။ Buddhism is education စသည်ဖြင့် ဖွင့်ဆိုကြတာလည်းရှိကြတယ်။ နားလည်ထားဖို့ပြောတာပါ။ လူမှုလောကရဲ့ ပြောဆိုဆက်ဆံရေးနယ်ပယ်မှာကတော့ ကိစ္စမရှိပါဘူး။ ပြောနေကြတာပါဘဲ။ Academic နယ်ပယ်မှာ စာတစ်စောင်အနေနဲ့ တင်တော့မယ်ဆိုရင် စဉ်းစားစရာတွေက ရှိလာပြီလေ။ Buddha’s teaching, Buddhism and religion က တူနေသလောင်လောင်နဲ့ မတူကြသည်ကို သတိပြုမိကြမယ်ထင်ပါတယ်။
Buddhist study အတန်းဖော်ကျောင်းသားတွေ topic တွေ assignment တွေရေးရင် သိထားသင့်သည် ထင်လို့ပါ။ အကျယ်တဝင့်တော့မရေးချင်ပါ။ အကျယ်တဝင့်ရေးရလောက်အောင်လည်း ဒီကပညာရှင်လည်း မဟုတ်၊ Philosopher လည်းမဟုတ်။ လေ့လာနေဆဲ ကျောင်းသားတစ်ဦး။ မှားတာရှိရင် ပြင်ပေးကြပါလို့ မေတ္တာရှေ့ထားပြီး ဖိတ်ကြားချင်ပါတယ်။
မေတ္တာဖြင့်
အရှင်နန္ဒိယ (ဖယ်ခုံ)
23.09.2018 9:54:00 AM
Buddhism နဲ႔ ပတ္သက္၍
Buddhism ကိုဘုရားရဲ႕တရားေတာ္ လို႔ သာမန္အားျဖင့္နာလည္ထားခဲ့တယ္။ Buddhist က ဗုဒၶဘာသာဝင္၊ ဗုဒၶဘာသာကို ယုံၾကည္ကိုးကြယ္သူလို႔ နားလည္ရၿပီး၊ Buddhism က ဗုဒၶရဲ႕အဆုံးအမ၊ ျမတ္စြာဘုရားေဟာၾကားေတာ္မူခဲ့သည့္တရား လို႔ နားလည္ခဲ့ရတယ္။ သာမာန္ အျပင္ေလာကဆက္ဆံေရး လူမႈေရးရာ Society မွာ အဆင္ေျပေနေပမယ့္ Academic နယ္ပယ္မွာေတာ့ Buddhism ကို ဗုဒၶတရားေတာ္ လို႔ နားလည္ရုံနဲ႔ မလုံေလာက္ေတာ့ဘူး။
Buddha’s teaching နဲ႕ Buddhism က ကြားျခားမႈေတြရွိလာတယ္။
What is Buddhism? လို႔ေမးရင္ေတာ့ Buddha’s teaching လို႔ဘဲ ေျဖရမွာဘဲ။ ဒါဆိုရင္တူတူဘဲလား၊ မတူပါဘူး။ Buddha’s teaching ဘာလဲလို႔ေမးရင္ေတာ့ ပိဋကတ္သုံးပံုကိုဘဲ ျပရမွာဘဲ။ ျမတ္စြာဘုရားရဲ႕တရားေတာ္၊ ျမတ္စြာဘုရားရဲ႕ အဆုံးအမေတြက Buddha vacana- Buddha’s teaching ဘဲေပါ့။ Buddhism ဆိုတဲ့အခါၾကေတာ့ ism ဆ္ိုတဲ့စာလုံးေတြပါလာေတာ့ Buddha’s teaching သက္သက္သာ မကေတာ့ဘဲ၊ Tradition ေတြ culture ေတြလည္း ကပ္ပါလာၿပီ။ ism ေတြက ဘာ ism ညာ ism ဆိုတဲ့ ဝါဒေတြ ကမၻာမွာအမ်ားႀကီးရွိလာၿပီ။ ဘယ္အယူဝါဒမဆို အယူဝါဒေပၚထြန္းရာ ေနရာေဒသက ပတ္ဝန္းက်င္အေျခအေနေတြအေျခခံၾကတာခ်ဥ္းပါဘဲ။ အယူဝါဒကို လက္ခံတဲ့ေနရာ ေတြမွာလည္း သက္ဆိုင္ရာပတ္ဝန္းက်င္၊ ေနရာေဒသ၊ အခ်ိန္ကာလ၊ ရုိးရာ၊ ယဥ္ေက်းမႈေတြကို ျငင္းပယ္လို႔မရဘဲ၊ မွီးျငမ္းၿပီး လက္ခံရတာဘဲ။ အဲလိုဘဲ Buddhism ဆိုတဲ့အယူဝါဒတစ္ခုဟာလည္း ရုိးရာ၊ ယဥ္ေက်းမႈ ပတ္ဝန္းက်င္ကို အေျခခံၿပီးလက္ခံရတာဘဲ။ ေထရဝါဒဗုဒၶဘာသာခ်င္းတူတာေတာင္ တစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံ ငါးပါးသီလခံယူတဲ့ပံုစံေတာင္ ကြဲျပားေနတာေတြေတြ႔ရတယ္မလား။ အဲဒါေတြက ရုိးရာ ယဥ္ေက်းမႈေနာက္ခံ ခံယူခ်က္ေတြေၾကာင့္ျဖစ္တာေလ။ ဆိုလိုခ်င္တာက Buddhism က Buddha’s teaching ဆိုေပမယ့္ Buddha’s teaching သက္သက္မဟုတ္ေတာ့ပါဘူး။
ေနာက္တစ္ခုက Religion ဆိုတာလည္း ေျပာစရာတစ္ခုျဖစ္လာတယ္။ religion ရဲ႕ မူရင္းဖြင့္ဆ္ိုခ်က္က ဖန္ဆင္းရွင္ကို အေျခခံတယ္။ ဗုဒၶဘာသာမွာက ဖန္းဆင္းရွင္ကိုအေျခမခံဘူး၊ ဖန္းဆင္းရွင္မရွိဘူးလို႔ ခံယူတယ္။ အဲဒါေၾကာင့္ တစ္ခ်ိဳ႕က Buddhism is not religion လို႔ေျပာၾကတာေပါ့။ Buddhism is education စသည္ျဖင့္ ဖြင့္ဆိုၾကတာလည္းရွိၾကတယ္။ နားလည္ထားဖို႔ေျပာတာပါ။ လူမႈေလာကရဲ႕ ေျပာဆိုဆက္ဆံေရးနယ္ပယ္မွာကေတာ့ ကိစၥမရွိပါဘူး။ ေျပာေနၾကတာပါဘဲ။ Academic နယ္ပယ္မွာ စာတစ္ေစာင္အေနနဲ႔ တင္ေတာ့မယ္ဆိုရင္ စဥ္းစားစရာေတြက ရွိလာၿပီေလ။ Buddha’s teaching, Buddhism and religion က တူေနသေလာင္ေလာင္နဲ႔ မတူၾကသည္ကို သတိျပဳမိၾကမယ္ထင္ပါတယ္။
Buddhist study အတန္းေဖာ္ေက်ာင္းသားေတြ topic ေတြ assignment ေတြေရးရင္ သိထားသင့္သည္ ထင္လို႔ပါ။ အက်ယ္တဝင့္ေတာ့မေရးခ်င္ပါ။ အက်ယ္တဝင့္ေရးရေလာက္ေအာင္လည္း ဒီကပညာရွင္လည္း မဟုုတ္၊ Philosopher လည္းမဟုတ္။ ေလ့လာေနဆဲ ေက်ာင္းသားတစ္ဦး။ မွားတာရွိရင္ ျပင္ေပးၾကပါလိုိ႔ ေမတၱာေရွ႕ထားၿပီး ဖိတ္ၾကားခ်င္ပါတယ္။
ေမတၱာျဖင့္
အရွင္နႏၵိယ (ဖယ္ခုံ)
23.09.2018 9:54:00 AM
No comments:
Post a Comment