Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts

Tuesday, April 23, 2019

သေးမွှားတဲ့ပါဝင်ခြင်း


မခမ်းနားလှပေမယ့် ပါဝင်ခွင့်ရော ဝင်ပါခွင့်ရော ရလိုက်တဲ့ သေးသေးမွှားမွှား ပူးပေါင်းခွင့်လေးတစ်ခုက စိတ်ထဲကျေနပ်မှုလေး ကျန်ခဲ့ရင် ကျေနပ်ပါပြီ။

ဆုံးရှုံးရမှာကြောက်တာမျိုးမဟုတ်ပေမယ့် အများကြီးမျှော်လင့်တတ်တဲ့အကျင့်ကို လျှော့ချချင်လို့ အရေးပါတဲ့ကဏ္ဍထဲကိုဝင်မယ့်အစား လိုအပ်တဲ့နေရာမှာဘဲ ဝင်ပါတာပါ။

ချန်ထားခဲ့ရမယ့်ပုံရိပ်နဲ့အချိန်တွေထဲက တစ်ထောင့်တစ်နေရာလေးမှာ တစ်စုံတစ်ခုကိုကောင်းကျိုးပြုပေးနိုင်ရင် ပါဝင်ရကျိုးနပ်ပြီလို့ ခံယူပါတယ်။

ကျော်ဖြတ်ရဦးမယ့်နေ့သစ်တွေထဲက အစပျိုးဦးမယ့်ရည်မှန်းချက်အပါအဝင် အားလုံးနဲ့ဆန့်ကျင်နေရင်တောင် တစ်တောင့်တစ်နေရာမှာ ကောင်းကျိုးပြုနိုင်ဖို့ ဦးတည်သွားချင်တယ်။

Nandiya Bhikkhu
25.10.2018 5:50:00 AM

မခမ္းနားလွေပမယ့္ ပါဝင္ခြင့္ေရာ ဝင္ပါခြင့္ေရာ ရလိုက္တဲ့ ေသးေသးမႊားမႊား ပူးေပါင္းခြင့္ေလးတစ္ခုက စိတ္ထဲေက်နပ္မႈေလး က်န္ခဲ့ရင္ ေက်နပ္ပါၿပီ။

ဆုံး႐ႈံးရမွာေၾကာက္တာမ်ိဳးမဟုတ္ေပမယ့္ အမ်ားႀကီးေမွ်ာ္လင့္တတ္တဲ့အက်င့္ကို ေလွ်ာ့ခ်ခ်င္လို႔ အေရးပါတဲ့က႑ထဲကိုဝင္မယ့္အစား လိုအပ္တဲ့ေနရာမွာဘဲ ဝင္ပါတာပါ။

ခ်န္ထားခဲ့ရမယ့္ပုံရိပ္နဲ႔အခ်ိန္ေတြထဲက တစ္ေထာင့္တစ္ေနရာေလးမွာ တစ္စုံတစ္ခုကိုေကာင္းက်ိဳးျပဳေပးနိုင္ရင္ ပါဝင္ရက်ိဳးနပ္ၿပီလို႔ ခံယူပါတယ္။

ေက်ာ္ျဖတ္ရဦးမယ့္ေန႔သစ္ေတြထဲက အစပ်ိဳးဦးမယ့္ရည္မွန္းခ်က္အပါအဝင္ အားလုံးနဲ႔ဆန္႔က်င္ေနရင္ေတာင္ တစ္ေတာင့္တစ္ေနရာမွာ ေကာင္းက်ိဳးျပဳနိုင္ဖို႔ ဦးတည္သြားခ်င္တယ္။

Nandiya Bhikkhu
25.10.2018 5:50:00 AM

Sunday, March 3, 2019

ငါ့လောကကြီး


ကိုယ်နားဆင်ဖို့အတွက် 
အလိုက်တသိတေးဆိုပေးတဲ့ ကျေးငှက်လေးတွေရှိတယ် 

ကိုယ်လိုအပ်မယ်ထင်လို့ 
အလိုက်တသိ ရွာချပေးတဲ့ မိုးစက်လေးတွေရှိတယ် 

ချွေးအရမ်းထွက်နေချိန် 
အလိုက်တသိ တိုက်ခတ်ပေးတဲ့ လေညှင်းလေးတွေရှိတယ် 

အပူချိန်တွေမြင့်နေချိန်မှာ 
အလိုက်တသိ ကာထားပေးတဲ့ တိမ်တိုက်လေးတွေ ရှိတယ် 

ကိုယ်ချမ်းနေချိန် ပူနေချိန် 
အလိုက်တသိထွက်လာပေးတဲ့ နေမင်းကြီး နဲ့ လမင်းလေးလည်း ရှိတယ်။ 

ကိုယ့်ဘက်မှာ 
အမြဲရပ်တည်ပေးတဲ့ လောကကြီးလည်းရှိတယ်။ 

ငါ့မှာ ဘာမှထပ်တောင်းဆိုစရာ မရှိတော့ပြီ။

Nandiya Bhikkhu


ကိုယ္နားဆင္ဖို႔အတြက္ 
အလိုက္တသိေတးဆိုေပးတဲ့ ေက်းငွက္ေလးေတြရွိတယ္ 

ကိုယ္လိုအပ္မယ္ထင္လို႔ 
အလိုက္တသိ ႐ြာခ်ေပးတဲ့ မိုးစက္ေလးေတြရွိတယ္ 

ေခြၽးအရမ္းထြက္ေနခ်ိန္ 
အလိုက္တသိ တိုက္ခတ္ေပးတဲ့ ေလညႇင္းေလးေတြရွိတယ္ 

အပူခ်ိန္ေတြျမင့္ေနခ်ိန္မွာ 
အလိုက္တသိ ကာထားေပးတဲ့ တိမ္တိုက္ေလးေတြ ရွိတယ္ 

ကိုယ္ခ်မ္းေနခ်ိန္ ပူေနခ်ိန္ 
အလိုက္တသိထြက္လာေပးတဲ့ ေနမင္းႀကီး နဲ႔ လမင္းေလးလည္း ရွိတယ္။ 

ကိုယ့္ဘက္မွာ 
အၿမဲရပ္တည္ေပးတဲ့ ေလာကႀကီးလည္းရွိတယ္။ 

ငါ့မွာ ဘာမွထပ္ေတာင္းဆိုစရာ မရွိေတာ့ၿပီ။

Image may contain: bird and plant

Saturday, January 12, 2019

စီးမျောခြင်း


စီးမျောခြင်း

မရောက်သေးတဲ့အနာဂတ်ကို ငါလှမ်းမျှော်ကြည့်တယ်
ငါဟာ သက်တန့်တွေလို မှုန်ဝါးဝါး အလင်းရောင်အောက်က ဒြဗ်မဟုတ်တဲ့ ပညတ်လေးတစ်ခု။

မနက်ဖြန်ကိုစိတ်နဲ့မှန်းပြီး ပုံဖော်ကြည့်တယ်
မိုးမျှော်နေသူလို့ မရေရာမှုတွေထဲက တစ်နေရာရာမှာ အစမ်းသတ်ခံရဖို့ နောက်ဆုံးလက်ကျန် အရွေးခံချင်တဲ့ သေးသေးမွှားမွှား နုံအအ သတ္တဝါတစ်ကောင်။

ရှေ့ခရီးရဲ့လမ်းကြောင်းနဲ့ မှတ်တိုင်ကို အတည်တကျရွေးကြည့်တယ်
အကောင်အထည်မပေါ်ဘဲ ရေစက်လေးတစ်ပွင့် ပင်လယ်ထဲပြေးဝင်နေသလို အစဉ်အလာရေစီးကြောင်းအတိုင်း စီးမျောနေရတာကလွဲလို့ ငါဟာ တွေဝေနေဆဲလူတစ်ဦး။

သို့သော်လည်းလေ မနက်ဖြန်တိုင်းမှာ ငါမှတ်တမ်းတင်ချင်သေးတယ်။ ရှင်သန်မှုအရသာနဲ့အနှစ်သာရကို နားမလည်သည့်တိုင် ငါဟာလေ ဖြူစင်ချင်သေးတယ်။

Nandiya Bhikkhu
13.9.2018  10:30:00 PM


မေရာက္ေသးတဲ့အနာဂတ္ကို ငါလွမ္းေမွ်ာ္ၾကည့္တယ္
ငါဟာ သက္တန္႔ေတြလို မႈန္ဝါးဝါး အလင္းေရာင္ေအာက္က ျဒဗ္မဟုတ္တဲ့ ပညတ္ေလးတစ္ခု။

မနက္ျဖန္ကိုစိတ္နဲ႔မွန္းၿပီး ပုံေဖာ္ၾကည့္တယ္
မိုးေမွ်ာ္ေနသူလို႔ မေရရာမႈေတြထဲက တစ္ေနရာရာမွာ အစမ္းသတ္ခံရဖို႔ ေနာက္ဆုံးလက္က်န္ အေ႐ြးခံခ်င္တဲ့ ေသးေသးမႊားမႊား ႏုံအအ သတၱဝါတစ္ေကာင္။

ေရွ႕ခရီးရဲ႕လမ္းေၾကာင္းနဲ႔ မွတ္တိုင္ကို အတည္တက်ေ႐ြးၾကည့္တယ္
အေကာင္အထည္မေပၚဘဲ ေရစက္ေလးတစ္ပြင့္ ပင္လယ္ထဲေျပးဝင္ေနသလို အစဥ္အလာေရစီးေၾကာင္းအတိုင္း စီးေမ်ာေနရတာကလြဲလို႔ ငါဟာ ေတြေဝေနဆဲလူတစ္ဦး။

သို႔ေသာ္လည္းေလ မနက္ျဖန္တိုင္းမွာ ငါမွတ္တမ္းတင္ခ်င္ေသးတယ္။ ရွင္သန္မႈအရသာနဲ႔အနွစ္သာရကို နားမလည္သည့္တိုင္ ငါဟာေလ ျဖဴစင္ခ်င္ေသးတယ္။

Nandiya Bhikkhu
13.9.2018  10:30:00 PM

Sunday, October 28, 2018

ကိုယ်ပိုင်အမြင်

ပြန်ရိတ်သိမ်းမယ့် ဇာတ်လမ်းလေးတစ်ချို့နဲ့  ပြန်သိမ်းဆည်းမယ်အမှတ်တရတစ်ချို့တွေဘဲ ဝန်ထုပ်ဝန်ပိုးရှိတာပါ

ပြန်အန်ချမယ့်အလွမ်းတွေနဲ့ ပြန်ဖြန့်ပေးမယ့်ပျော်ရွှင်မှုတွေကတော့ ဆုပ်ကိုင်မထားတဲ့အတွက် လမ်းသင့်လို့ရလိုက်တဲ့ လွတ်လပ်မှုလက်ဆောင်တစ်ခုလိုပါဘဲ

အကဲခက်ပြီးထင်မြင်ချက်တွေအမျိုးမျိုးပေးနေကြတဲ့ အရိပ်အောက်က နေထိုင်ခြင်းအနုပညာတွေသင်ပေးသွားတဲ့ ဝန်းကျင်ကို မှီခိုခွင့်လေးရလိုက်လို့ တစ်ဦးတည်းဖြစ်နေလည်း ပျော်နေပါတယ်

ဖယောင်းတိုင်တစ်တိုင်ဖြစ်စေ ဆီမီးလေးတစ်ခွက်ဖြစ်စေ သူ့ရဲ့ကိုယ်ပိုင်အလင်းဓာတ်လေးတွေကို ကိုယ်အသိအမှတ်ပြုတယ်

သူ့တို့တွေအားတက်ဖို့အတွက် အလင်းဓာတ်သေးသေးလေးတွေကို စုပေးလိုက်ချင်တာလည်း ကိုယ့်ဝါသနာပါဘဲ

စူးရှရှလင်းအားတွေရှိတဲ့နေရာကိုလှည့်မကြည့်မိတာက မှုန်ဝါးဝါးအလင်းလေးတွေကို ဂရုစိုက်ပေးချင်လို့ပါ

Nandiya Bhikkhu
24.10.2018 9:20:00 PM


ျပန္ရိတ္သိမ္းမယ့္ ဇာတ္လမ္းေလးတစ္ခ်ိဳ႕နဲ႔  ျပန္သိမ္းဆည္းမယ္အမွတ္တရတစ္ခ်ိဳ႕ေတြဘဲ ဝန္ထုပ္ဝန္ပိုးရွိတာပါ

ျပန္အန္ခ်မယ့္အလြမ္းေတြနဲ႔ ျပန္ျဖန္႔ေပးမယ့္ေပ်ာ္ရႊင္မႈေတြကေတာ့ ဆုပ္ကိုင္မထားတဲ့အတြက္ လမ္းသင့္လို႔ရလိုက္တဲ့ လြတ္လပ္မႈလက္ေဆာင္တစ္ခုလိုပါဘဲ

အကဲခက္ၿပီးထင္ျမင္ခ်က္ေတြအမ်ိဳးမ်ိဳးေပးေနၾကတဲ့ အရိပ္ေအာက္က ေနထိုင္ျခင္းအႏုပညာေတြသင္ေပးသြားတဲ့ ဝန္းက်င္ကို မွီခိုခြင့္ေလးရလိုက္လို႔ တစ္ဦးတည္းျဖစ္ေနလည္း ေပ်ာ္ေနပါတယ္

ဖေယာင္းတိုင္တစ္တိုင္ျဖစ္ေစ ဆီမီးေလးတစ္ခြက္ျဖစ္ေစ သူ႔ရဲ႕ကိုယ္ပိုင္အလင္းဓာတ္ေလးေတြကို ကိုယ္အသိအမွတ္ျပဳတယ္

သူ႔တို႔ေတြအားတက္ဖို႔အတြက္ အလင္းဓာတ္ေသးေသးေလးေတြကို စုေပးလိုက္ခ်င္တာလည္း ကိုယ့္ဝါသနာပါဘဲ

စူးရွရွလင္းအားေတြရွိတဲ့ေနရာကိုလွည့္မၾကည့္မိတာက မႈန္ဝါးဝါးအလင္းေလးေတြကို ဂရုစိုက္ေပးခ်င္လို႔ပါ

Nandiya Bhikkhu
24.10.2018 9:20:00 PM

https://m.facebook.com/story.php?story_fbid=2287505531477481&id=100006541690260

ငါလေ

အတွေးမလုံလောက်ဘဲ ရေးခဲ့သည့်စာ
အချိန်မလုံလောက်ဘဲ လေ့လာခဲ့သည့်ဘာသာရပ်
သက်သေမလုံလောက်ဘဲ မှတ်ထားခဲ့သည့်ပြဿနာ
လေ့လာမှုမလုံလောက်သေးဘဲ နေရာအရင်ယူမိခဲ့တာ
ငါ့ကိုယ်ငါ ပြန်ညှင်းဆဲခဲ့တာလည်း များလှပြီ



အေတြးမလုံေလာက္ဘဲ ေရးခဲ့သည့္စာ
အခ်ိန္မလုံေလာက္ဘဲ ေလ့လာခဲ့သည့္ဘာသာရပ္
သက္ေသမလုံေလာက္ဘဲ မွတ္ထားခဲ့သည့္ျပႆနာ
ေလ့လာမႈမလုံေလာက္ေသးဘဲ ေနရာအရင္ယူမိခဲ့တာ
ငါ့ကိုယ္ငါ ျပန္ညႇင္းဆဲခဲ့တာလည္း မ်ားလွၿပီ။

# Nandiya Bhikkhu #
https://m.facebook.com/story.php?story_fbid=2061834337377936&id=100006541690260

Sunday, September 30, 2018

ရှေ့ပြေးစိတ်

ဘယ်ကစရမလဲလို့စဉ်းစားနေခိုက် ငါကရှေ့ရောက်နှင့်နေပြီ
ဘယ်အချိန်မှာ ဘာလုပ်ရင်ကောင်းမလဲလို့ စဉ်းစားနေတုန်း လူ့ဘဝသက်တမ်း တစ်ဝက်လောက်က ကျိုးသွားလေပြီ

ဒဏ်ရာတို့မာယာတို့ဆိုတာရော
အတ္တတို့မာနတို့ဆိုတာရော
ရောထွေးနေတဲ့ ဒီပန်းချီကားကို ငါတို့နှစ်သက်ခဲ့ကြတာလေ
မဆုံးနိုင်တဲ့ခရီးကိုဆက်လျှောက်ရင်း
မပြီးနိုင်တဲ့မျှော်လင့်ချက်တွေနဲ့ ဆက်ပြီးရှင်သန်နေကြရဦးမှာ 

ခရီးလမ်းတစ်ဝက်မှာ မောလို့အနားယူရမယ့်အချိန်မှာတော့
အရိပ်ကောင်းကောင်းလေးအောက်မှာ ရေအေးအေးလေးတစ်ခွက်လောက်တော့ သောက်ချင်တယ်။

ကိုယ့်တို့ရဲ့ ဒဏ်ရာနဲ့အနာတွေကို အဲဒီအချိန်ကျမှ ဟာသလုပ်ပြီး အတူတူရယ်မောကြတာပေါ့။

Nandiya Bhikkhu
3.9.2018 9:05:00 PM



ဘယ္ကစရမလဲလို႔စဥ္းစားေနခိုက္ ငါကေရွ႕ေရာက္နွင့္ေနၿပီ
ဘယ္အခ်ိန္မွာ ဘာလုပ္ရင္ေကာင္းမလဲလို႔ စဥ္းစားေနတုန္း လူ႔ဘဝသက္တမ္း တစ္ဝက္ေလာက္က က်ိဳးသြားေလၿပီ

ဒဏ္ရာတို႔မာယာတို႔ဆိုတာေရာ
အတၱတို႔မာနတို႔ဆိုတာေရာ
ေရာေထြးေနတဲ့ ဒီပန္းခ်ီကားကို ငါတို႔နွစ္သက္ခဲ့ၾကတာေလ
မဆုံးနိုင္တဲ့ခရီးကိုဆက္ေလွ်ာက္ရင္း
မၿပီးနိုင္တဲ့ေမွ်ာ္လင့္ခ်က္ေတြနဲ႔ ဆက္ၿပီးရွင္သန္ေနၾကရဦးမွာ 


ခရီးလမ္းတစ္ဝက္မွာ ေမာလို႔အနားယူရမယ့္အခ်ိန္မွာေတာ့
အရိပ္ေကာင္းေကာင္းေလးေအာက္မွာ ေရေအးေအးေလးတစ္ခြက္ေလာက္ေတာ့ ေသာက္ခ်င္တယ္။

ကိုယ့္တို႔ရဲ႕ ဒဏ္ရာနဲ႔အနာေတြကို အဲဒီအခ်ိန္က်မွ ဟာသလုပ္ၿပီး အတူတူရယ္ေမာၾကတာေပါ့။

Nandiya Bhikkhu
3.9.2018 9:05:00 PM

Friday, September 28, 2018

အိပ်မောသံ

အိပ်မောသံ 

 တဆစ်ဆစ်ကိုက်နေတဲ့အရိုးထဲက မြည်ဟီးသံ၊
ရှုရှိုက်နေတဲ့ဝင်သက်ထွက်သက်တို့ရဲ့ ငိုကြွေးသံ၊
 တစ်ဆက်ဆက်တုန်နေတဲ့ကိုယ်ခန္ဓာနဲ့ အဝတ်အစားတို့ရဲ့ ပွတ်တိုက်နေသည့်အသံ၊ တစ်လောကလုံးကြားအောင် အသံအကျယ်ဆုံးအော်ဟစ်နေတဲ့ မျက်နှာပေါ်မှာခြင်တစ်ကောင်ရဲ့ရစ်ဝဲသံ၊ လှုပ်မရသည့်ခန္ဓာကိုယ်ပေါ်က ခေါင်မိုးကိုထိုးဖောက်ပြီး ကျရောက်လာသည့် အအေးဆုံးမိုးစက်များ၊ ဘာမှန်းမသိဘဲရောထွေးနေသည့်မမြင်ရသည့်အပြင်ဘက်ကအသံများ၊
အိမ်မက်ဆန်ဆန် ကောင်းကင်ပေါ်မှာ ပျံသန်းလာသည့် သားရဲရုပ်ပုံများ၊

နှစ်ခါပြန်မရသောအံ့သြဖွယ်ပုံရိပ်တွေကိုငေးကြည့်ရင်း တစ်ခုခုကိုလုပ်ဖို့တွန့်ဆုတ်တွန့်ဆုတ်နဲ့တွေဝေစွာပုံရိပ်ပေါ်ငါရစ်ဝဲနေသည်။

Nandiya Bhikkhu 28.9.2017


အိပ္ေမာသံ
 

 တဆစ္ဆစ္ကိုက္ေနတဲ့အ႐ုိးထဲက ျမည္ဟီးသံ၊
႐ႈ႐ႈိက္ေနတဲ့ဝင္သက္ထြက္သက္တို႔ရဲ႕ ငိုေႂကြးသံ၊
 တစ္ဆက္ဆက္တုန္ေနတဲ့ကိုယ္ခႏၶာနဲ႔ အဝတ္အစားတို႔ရဲ႕ ပြတ္တိုက္ေနသည့္အသံ၊ တစ္ေလာကလုံးၾကားေအာင္ အသံအက်ယ္ဆုံးေအာ္ဟစ္ေနတဲ့ မ်က္ႏွာေပၚမွာျခင္တစ္ေကာင္ရဲ႕ရစ္ဝဲသံ၊ လႈပ္မရသည့္ခႏၶာကိုယ္ေပၚက ေခါင္မိုးကိုထိုးေဖာက္ၿပီး က်ေရာက္လာသည့္ အေအးဆုံးမိုးစက္မ်ား၊ ဘာမွန္းမသိဘဲေရာေထြးေနသည့္မျမင္ရသည့္အျပင္ဘက္ကအသံမ်ား၊
အိမ္မက္ဆန္ဆန္ ေကာင္းကင္ေပၚမွာ ပ်ံသန္းလာသည့္ သားရဲ႐ုပ္ပုံမ်ား၊

ႏွစ္ခါျပန္မရေသာအံ့ၾသဖြယ္ပုံရိပ္ေတြကိုေငးၾကည့္ရင္း တစ္ခုခုကိုလုပ္ဖို႔တြန္႔ဆုတ္တြန္႔ဆုတ္နဲ႔ေတြေဝစြာပုံရိပ္ေပၚငါရစ္ဝဲေနသည္။
Nandiya Bhikkhu 28.9.2017

Thursday, September 27, 2018

ညို့ချက်



တစ်ချို့ညို့ချက်တွေက ရင်ထဲစို့နှင့်စေခဲ့တာလေးတွေရှိတယ်။

တစ်ချို့လက်ရာတွေက ဘာဆိုလိုမှန်းမသိခဲ့တာတွေရှိတယ်။

တစ်ချို့ပုံရိပ်တွေက အတိတ်မှာဘဲထားခဲ့လိုက်ရင် ပိုကောင်းတာတွေရှိတယ်။

တစ်ချို့မှတ်ချက်တွေကြတော့ တစ်သက်စာသယ်သွားရမှာတွေလည်းရှိတယ်။

တစ်ချို့လို့ဘဲပြောတော့ တစ်ချို့ကိုဘဲကွက်ပြီး ပါသွားတာပေါ့



ညိဳ႕ခ်က္ 

တစ္ခ်ိဳ႕ညိဳ႕ခ်က္ေတြက ရင္ထဲစို႔ႏွင့္ေစခဲ့တာေလးေတြရွိတယ္။

တစ္ခ်ိဳ႕လက္ရာေတြက ဘာဆိုလိုမွန္းမသိခဲ့တာေတြရွိတယ္။

တစ္ခ်ိဳ႕ပုံရိပ္ေတြက အတိတ္မွာဘဲထားခဲ့လိုက္ရင္ ပိုေကာင္းတာေတြရွိတယ္။

တစ္ခ်ိဳ႕မွတ္ခ်က္ေတြၾကေတာ့ တစ္သက္စာသယ္သြားရမွာေတြလည္းရွိတယ္။

တစ္ခ်ိဳ႕လို႔ဘဲေျပာေတာ့ တစ္ခ်ိဳ႕ကိုဘဲကြက္ၿပီး ပါသြားတာေပါ့။