အိပ်မောသံ
တဆစ်ဆစ်ကိုက်နေတဲ့အရိုးထဲက မြည်ဟီးသံ၊
ရှုရှိုက်နေတဲ့ဝင်သက်ထွက်သက်တို့ရဲ့ ငိုကြွေးသံ၊
တစ်ဆက်ဆက်တုန်နေတဲ့ကိုယ်ခန္ဓာနဲ့ အဝတ်အစားတို့ရဲ့ ပွတ်တိုက်နေသည့်အသံ၊ တစ်လောကလုံးကြားအောင် အသံအကျယ်ဆုံးအော်ဟစ်နေတဲ့ မျက်နှာပေါ်မှာခြင်တစ်ကောင်ရဲ့ရစ်ဝဲသံ၊ လှုပ်မရသည့်ခန္ဓာကိုယ်ပေါ်က ခေါင်မိုးကိုထိုးဖောက်ပြီး ကျရောက်လာသည့် အအေးဆုံးမိုးစက်များ၊ ဘာမှန်းမသိဘဲရောထွေးနေသည့်မမြင်ရသည့်အပြင်ဘက်ကအသံများ၊
အိမ်မက်ဆန်ဆန် ကောင်းကင်ပေါ်မှာ ပျံသန်းလာသည့် သားရဲရုပ်ပုံများ၊
နှစ်ခါပြန်မရသောအံ့သြဖွယ်ပုံရိပ်တွေကိုငေးကြည့်ရင်း တစ်ခုခုကိုလုပ်ဖို့တွန့်ဆုတ်တွန့်ဆုတ်နဲ့တွေဝေစွာပုံရိပ်ပေါ်ငါရစ်ဝဲနေသည်။
Nandiya Bhikkhu 28.9.2017

No comments:
Post a Comment