Sunday, September 30, 2018

ဘီလူးချောင်းပြောသောနေ့တစ်နေ့ အခန်း(၂)

ဘီလူးချောင်းပြောသောနေ့တစ်နေ့ အခန်း(၂)

စာသင်သား

စာသင်သားဟူသည် ပညာကိုဆည်းပူးလေ့လာသူတွေပင်ဖြစ်သည်ဟုအကြမ်းဖျဉ်းသတ်မှတ်ကြ လေသည်။ ကံတစ်ရာဖေးမမှုတွေမတူညီလို့ဘဲပြောပြော စာသင်သားအချင်းချင်းမှာလည်း ကွဲပြားသော အခြေအနေများစွာရှိပါသည်။ အထူးသဖြင့် ပရိယတ္တိစာပေသင်ယူကြသည့်စာသင်သားကိုရင်တွေဆိုရင် အများစုကတောအရပ်ကလာသည့်ကလေးများဖြစ်ကြပါသည်။ ထိုကလေးများသည် ရာသီဥတုအခက်အခဲ၊ ပတ်ဝန်းကျင်အခက်အခဲမျိုးစုံကို ခံနိုင်ရည်ရှိကြတာများပါသည်။ ကိုရင်ကဝိဓဇဆိုရင် ကျန်းမာရေးလည်း တောင်တောင်မည်။ အနာစည်းခေါင်းဆိုးသည်ကိုပင်မတွေ့ရသလောက်ပင်ဖြစ်သည်။ ကျန်းမာရေးကောင်း သလိုဉာဏ်ကလည်းကောင်းတယ်။ စိတ်သဘောထားလည်းကောင်းတယ်။ အပြစ်တစ်ခုခုတွေ့ရင်လည်း ရင်ဆိုင်တယ်၊ ခေါင်းမရှောင်ဘူး။ အားလုံးကလည်းလေးစားကြတယ်။ သူကိုတစ်ဦးဦးက အနိုင်ကျင့်တာ အလွန်အကဲစတာ ရန်လာတွေ့တာ သိပ်မရှိဘူး။ လူတိုင်းကလည်းသဘောကျကြတယ်။ 

ကိုရင်သူရိယဆိုရင်ဉာဏ်ကအကောင်းကြီးတော့မဟုတ်ဘူး၊ အသင့်အတင့်။ စာမေးပွဲကျတာ၊ ဒဏ်လုပ်ရတာတွေလည်းသိပ်မရှိဘူး။ သူများကိုစာရှင်းပြတာတွေသိပ်မလုပ်တတ်ဘူး။ သူများကိုတော့ ရန်မရှာတတ်ဘူး၊ ဒါပေမယ့် ဒေါသထွက်လွယ်တယ်။ တစ်ခုခုဆိုရင်စိတ်ညစ်တတ်တယ်။ စိတ်ညစ်ရင် တစ်ပါးတည်းနေတတ်တယ်။ မွေတော်ကျောင်းကြီးရဲ့အရှေ့ဘက်မှာအရိပ်ရပန်းပင်အကြီးတွေရှိတယ်၊ နှင်းဆီပင်တွေလည်းရှိတယ်၊ တစ်ခါတစ်လေစိတ်ညစ်ရင် ပန်းပင်အောက်ကထိုင်ခုံပေါ်ထိုင်ပြီး နှင်းဆီပင် တွေကိုစိုက်ကြည့်တတ်တယ်။ အဝေးကနေကြည့်ရင် နှင်းဆီပင်တွေနဲ့စကားပြောနေသလားထင်ရတယ်။
ရှင်တေဇောဘာသဆိုရင်ခဏခဏဖျားတာတစ်လမှာ နှစ်ခါလား၊ သုံးခါလားဖျားလေ့ရှိတယ်။ သူ့ အတွက်ဆွမ်းစားကျောင်းမှာ ဂိလာနဆွမ်းခဏခဏသွားယူပေးနေရလို့တစ်ခါတစ်လေဆွမ်းစားကျောင်း ဘုန်းကြီးက ဂိလာနဆွမ်းလို့ပြောရင် တေဇောလားလို့ တန်းမေးတာမျိုးနဲ့ ကြုံရတယ်။ မဖျားရရင်မနေနိုင် ဘူးလို့ပြောရလောက်အောင် တစ်ခါတစ်ရံကြံကြံဖန်ဖန် ရှာကြံပြီးဖျားနေတာလို့ထင်မယ်ဆိုလည်းထင်စရာပင်။ 

“ရှင်တေဇောဘာသ ဘာဖြစ်တာလဲဘုရား”
“နေမကောင်းဘူးဘုရား”
“ဖျားနေပြီလား”
“ဖျားနေသလား ဘာလား မသိဘူး နေလို့မကောင်းဘူး”
“ဆွမ်းကောသွားစားနိုင်လား ဆွမ်းစားကျောင်းကို”
“မစားနိုင်လောက်ဘူး ခေါင်းကအရမ်းမူးနေလို့”
“ဘာဖြစ်နေလဲလို့ ဘယ်တုန်းကဖြစ်တာလဲ”
“ဖြစ်တာကတော့ မနေ့ညနေကတည်းက ပေနေကြည့်သေးတယ် ဒီိမနက်အိပ်ရာထတော့ မထနိုင်တော့ဘူး”
“မနေ့ညနေရေချိုးသေးလား”
“မချိုးပါဘူး၊ မနေ့ နှစ်နာရီလောက်တုန်းက ဘုရားစေတီအရှေ့ဘက်မုခ်မှာ ဘုရားပုံတစ်ပုံသွား ယူလိုက်လို့လားမသိဘူး”
“ဘာလို့သွားယူနေတာလဲ၊ ဘာလုပ်မလို့လဲ”
“ပူဇော်ဖို့ပါ၊ တပည့်တော်က အမြဲနေမကောင်းဖြစ်နေလို့၊ အိပ်ရာပေါ်ဘုရားပုံအမြဲပူဇော်ရင် ပိုပြီးနေ ကောင်းမလားလို့ သွားယူတာ”
“ဖြစ်ရလေ၊ ဂုဏ်တော်တွေပွားလိုက်စမ်းပါ”
“တပည့်တော်လည်းသိတာပေါ့၊ မနေ့က ဘုရားပုံတွေ့လို့ ကြံမိကြံရာကြံကြည့်တာပါ”
“ကောင်းလိုက်တဲ့အကြံ၊ နောက်တစ်ခါထပ်ကြံဦး”
အဲဒီနေ့ကလည်း ရှင်သူရိယကဆွမ်းသွားယူပေးလိုက်ပါသည်။ ရှင်တေဇောဘာသက စေတီ တော်ရဲ့အရှေ့ဘက်မုခ်မှာဘုရားပုံပြန်ထားမှာဖြစ်လို့ ပြန်ပြီးတောင်းပန်တဲ့အနေနဲ့ဆီမီးရောသွားပူဇော်မယ် တဲ့၊ ရှင်သူရိယကို နဝကမ္မငါးကျပ်ပေးပြီး မြို့မကအိမ်ဆိုင်တစ်ဆိုင်မှာ ဖယောင်းတိုင်သွားဝယ်ခိုင်းပါသည်။ 

သူရိယကလည်း သူသိပ်မအားဘူးလို့ဆိုပြီးရှင်ကဝိဓဇကိုသွားဝယ်ခိုင်းပါသည်။ ရှင်ကဝိဓဇက တစ်ခါတည်း သွားမဝယ်ဘဲ
“လာပြန်ပြီး၊ ဘုရားကိုအရှင်ဘုရားတို့ဘာတွေလုပ်ဦးမလို့လဲ၊ နတ်စင်ကိုပူဇော်သလိုဖြစ်မနေဘူး လား၊ ဒီလိုလုပ်စရာမလိုပါဘူး” လို့ပြောပြီး မလုပ်ဖို့တားလိုက်သေးသည်။ ရှင်တေဇောဘာသကလည်း “တရားဟောမနေနဲ့ ခဏလေးဘဲသွားဝယ်ရမှာကို ဘာဖြစ်နေတာလဲ” လို့ဆိုပြီး ငြင်းခုံကြသေးသည်။ နောက်ဆုံးတော့ ရှင်တေဇောဘာသအလိုတော်အတိုင်းပင် ရှင်ကဝိဓဇလည်းလိုက်လျှောလိုက်ရလေသည်။
ကိုရင်လေးပါးအဲဒီနေ့ပဲ ရှင်တေဇောဘာသရဲ့ ဆီမီးပူဇော်ပွဲအစီအစဉ်ကို အကောင်အထည်ဖော်ကြ သည်။ ရှင်တေဇောဘာသ၊ ရှင်ကဝိဓဇ၊ ရှင်သူရိယ၊ ရှင်ဝိမလတို့ဖြစ်ပါသည်။ ရှင်ဝိမလကထုံးစံအတိုင်း ပေါက်တတ်ကရတွေပြောလေ့ရှိသည်။ ဆီမီးပူဇော်ပြီးတော့ ရှင်ဝိမလက “ဒီနေ့ဘုရားလည်းကောင်းကောင်း မနေရလောက်ဘူး၊ ရှင်တေဇောဘာသကို ပြန်ကြည့်ဖိုိ့ိနိဗ္ဗာန်ကနေခဏပြန်လာဦးမယ်ထင်တယ်” လို့ဆိုလေ သည်။ အပြန်လမ်းမှာဟာသတွေဖြစ်နဲ့ရီပြီးပြန်လာကြရသည်။ 

“ဒီကိစ္စကဘုရားနဲ့မဆိုင်လောက်ဘူး၊ နတ်ကိုင်တာဖြစ်မယ်”
“ဟုတ်မယ်၊ နတ်တွေအိပ်မက်ပေးတဲ့ခေတ်မဟုတ်တော့ဘူး၊ ကိုင်တဲ့ခေတ်ဖြစ်သွားပြီ”
“ကိုင်တာလည်းသူ့အချိန်နဲ့သူပဲကိုင်နိုင်တာ၊ သီတင်းကျွတ်၊ တန်ဆောင်မုန်းလတွေဆိုရင်သူတို့ မကိုင်နိုင်ဘူး”
“ဘာဖြစ်လို့လဲ”
“ဆီမီးထွန်းပွဲ၊ တန်ဆောင်တိုင်ပွဲရှိတယ်လေ၊ အဲဒီအချိန်တွေဆိုရင် ပူလွန်းလို့ဒီမှာမနေနိုင်ကြဘူး”
“အော် အဲလိုလား၊ အဲဒါဆိုရင် သီတင်းကျွတ်ကျမှ ရှင်တေဇောအတွက်ဘုရားပုံတစ်ပုံယူပေးမယ်”
အပြန်မှာ မျက်နှာမိုးခေါင်လို့ခြောက်ကပ်ကပ်ဖြစ်နေသည့်ရှင်တေဇောဘာသက သီတင်းသုံးဖော် (သူငယ်ချင်း) သုံးပါး၏ ပေါက်တတ်ကရစကားတွေနဲ့ မပြုံးချင်ပြုံးချင်နဲ့ပြုံးရင်းပျော်မိလေသည်။ အဲဒီညမှာ ရှင်တေဇောဘာသရဲ့အဖျားလည်းသက်သာသွားလေသည်။ ဘယ်သူမှအထူးအဆန်းတစ်ခုလိုမမြင်ကြဘူး။ ဆီမီးပူဇော်လို့ ပျောက်သွားတယ်လို့လည်း ဘယ်သူမှမပြောကြဘူး။ တိုက်ဆိုင်လို့ပါ ဆိုသည့်စကားလည်း ဘယ်သူမှမပြောကြဘူး။ ခဏခဏနေမကောင်းဖြစ်ပြီး တစ်ရက်နှစ်ရက်အတွင်း ပျောက်တတ်လေ့ရှိလို့ဖြစ်ပါ သည်။ ထိုအကြောင်းကိုသိရသောအခါ စာသင်ရင်းစာချဘုန်းကြီးက ရှုးကြောင်ကြောင်အလုပ်တွေလုပ်သည် ဟုပြောလေသည်။ ပြောရင်ခံလည်းခံရရုံကလွဲလို့ သူတို့ဘာမှမသတ်နိုင်ပါ။ 

တစ်နေ့ကိုပုံမှန်နှစ်ကြိမ်လောက်ရေချိုးကြသည်၊ မနက်ပိုင်းနေ့ဆွမ်းမဘုန်းပေးမှီနဲ့ ညနေလေးနာရီ ကျော်ကျော် စာအံ့ကျောင်းကဆင်းသည့်အချိန်ဖြစ်သည်။ ဆောင်းရာသီဆိုရင် တစ်နေ့ကိုတစ်ကြိမ်လောက် သာရေကိုသပ္ပါယ်ကြပါသည်။ စာသင်သားကိုရင်တွေကိုတော့ ဘီလူးချောင်းမှာရေချိုးရပါသည်။ ကိုရင်တွေ လည်း ဘီလူးချောင်းမှာဘဲချိုးချင်ကြပါသည်။ ကိုရင်လေးတွေတစ်ချို့ကအဖွဲ့လိုက်ချိုးတတ်သလို တစ်ဦး တည်းချိုးကြသည်လည်းရှိပါသည်။ နှစ်ပါး သို့မဟုတ်သုံးပါး ကွပ်ပျပ်ပေါ်ထိုင်စကားပြောပြီး ရေမကူးဘဲရေ ခွက်နဲ့ခတ်ချိုးကြတာလည်းရှိသည်။ ရေချိုးသည့်အချိန်ဆိုရင် ရေသိမ်အနီးနားတစ်ဝိုင်မှာ ကိုရင်လေးတွေပဲ ပြည့်ကြပ်နေသည်။ ရှင်ကဝိဓဇကရေချိုးရင်အချိန်ဆွဲလေ့မရှိ၊ ခဏလေးနဲ့ပြီးသည်။ ရေထဲလိုက်တမ်းကစား ရင်တောင် အလွန်ဆုံးနာရီဝက်ကျော်လေ့မရှိဘူး။ အကြာဆုံးကရှင်တေဇောဘာသ၊ အပျော်ကလည်းမက် လိုက်တာ ရေကူးနေရရင်အချိန်တွေကုန်လို့ကုန်မှန်းမသိ၊ အတူနေသီတင်းသုံးဖော်တွေ ရေချိုးပြီးလို့သင်္ကန်း တောင်လှဲပြီးနေပြီ သူကရေထဲကမထွက်သေးဘူး။ ရှင်ကဝိဓဇက ခဏခဏသတိပေးသည်။

“ရှင်တေဇောဘာသ ထွက်တော့။ ထပ်ဖျားနေဦးမယ်၊ ဆေးရုံတက်ချင်နေတာလား”
“ထားလိုက်ပါ၊ ခံချင်လည်းနေပေါ့” ရှင်သူရိယကဝင်ပြောသည်။
တကယ်ဖြစ်ရင်တော့ သူတို့လည်းအငြိမ်ိမနေရပါ။ ဆွမ်းယူပေးရ၊ လိုအပ်ရင်ဆေးခန်း လိုက်ပို့ရ၊ တစ်ခါတစ်လေသင်္ကန်းပါလျှော်ပေးရတာတွေရှိသည်။
“ခဏခဏဖျားတာလည်းသူပဲ၊ ကျန်းမာရေးဂရုမစိုက်သည်လည်းသူပဲ၊ ရေအလွန်အကျွံချိုးတာလဲ သူလဲ၊ ညနေအချိန်ရေမချိုးနဲ့ပြောလည်းချိုးနေတာသူပဲ၊ အစားအသောက်မဆင်ခြင်တာလည်းသူပဲ” ရှင်ဝိမ လကဝင်ပြောသည်။
“မဖျားတော့ဘူး စိတ်ချ၊ ဒီအချိန်ကစပြီး ဘယ်တော့မှမဖျားတော့ဘူး” ရှင်တေဇောကသင်္ကန်းလှဲ ရင်းပြောသည်။
“ဘယ်တော့မှမဖျားတော့ဘူးလို့တောင်ပြောနိုင်တာလား”
“ပြောနိုင်တာပေါ့၊ ဒီနေရာမှာလျို့ဝှက်ချက်တစ်ခုရှိတယ်လေ၊ ဒါတွေကိုသိလို့ တပည့်တော်ပြောနိုင် တာ၊ အဲဒါဘာလဲသိလား”
“မသိဘူး၊ ပြောကြည့်လေ”
“ဘီလူးချောင်းကရေနဲ့ချိုးတားဖြစ်လို့၊ ဘီလူးချောင်းရေက ဘယ်တော့မှအဖျားကိုမပေးဘူး၊ ဒါကလျို့ဝှက်ချက်ပဲ”
တစ်ပါးမျက်နှာကို တစ်ပါးကြည့်ကာ ရှင်တေဇောဘာသကိုထားခဲ့ပြီး တက်သွားကြလေသည်။

ဆက်ရန် 
အရှင်နန္ဒိယ(ဖယ်ခုံ) 




ဘီလူးေခ်ာင္းေျပာေသာေန႔တစ္ေန႔ အခန္း(၂)

စာသင္သား

စာသင္သားဟူသည္ ပညာကိုဆည္းပူးေလ့လာသူေတြပင္ျဖစ္သည္ဟုအၾကမ္းဖ်ဥ္းသတ္မွတ္ၾက ေလသည္။ ကံတစ္ရာေဖးမမႈေတြမတူညီလို႔ဘဲေျပာေျပာ စာသင္သားအခ်င္းခ်င္းမွာလည္း ကြဲျပားေသာ အေျခအေနမ်ားစြာရွိပါသည္။ အထူးသျဖင့္ ပရိယတၱိစာေပသင္ယူၾကသည့္စာသင္သားကိုုရင္ေတြဆိုရင္ အမ်ားစုကေတာအရပ္ကလာသည့္ကေလးမ်ားျဖစ္ၾကပါသည္။ ထိုကေလးမ်ားသည္ ရာသီဥတုအခက္အခဲ၊ ပတ္ဝန္းက်င္အခက္အခဲမ်ိဳးစုံကို ခံႏိုင္ရည္ရွိၾကတာမ်ားပါသည္။ ကိုရင္ကဝိဓဇဆိုရင္ က်န္းမာေရးလည္း ေတာင္ေတာင္မည္။ အနာစည္းေခါင္းဆိုးသည္ကိုပင္ မေတြ႔ရသေလာက္ပင္ျဖစ္သည္။ က်န္းမာေရးေကာင္း သလိုဉာဏ္ကလည္းေကာင္းတယ္။ စိတ္သေဘာထားလည္းေကာင္းတယ္။ အျပစ္တစ္ခုခုေတြ႔ရင္လည္း ရင္ဆိုင္တယ္၊ ေခါင္းမေရွာင္ဘူး။ အားလုံးကလည္းေလးစားၾကတယ္။ သူကိုတစ္ဦးဦးက အႏိုင္က်င့္တာ အလြန္အကဲစတာ ရန္လာေတြ႔တာ သိပ္မရွိဘူး။ လူတိုင္းကလည္းသေဘာက်ၾကတယ္။ 

ကိုရင္သူရိယဆိုရင္ဉာဏ္ကအေကာင္းႀကီးေတာ့မဟုတ္ဘူး၊ အသင့္အတင့္။ စာေမးပြဲက်တာ၊ ဒဏ္လုပ္ရတာေတြလည္းသိပ္မရွိဘူး။ သူမ်ားကိုစာရွင္းျပတာေတြသိပ္မလုပ္တတ္ဘူး။ သူမ်ားကိုေတာ့ ရန္မရွာတတ္ဘူး၊ ဒါေပမယ့္ ေဒါသထြက္လြယ္တယ္။ တစ္ခုခုဆိုရင္စိတ္ညစ္တတ္တယ္။ စိတ္ညစ္ရင္ တစ္ပါးတည္းေနတတ္တယ္။ ေမြေတာ္ေက်ာင္းႀကီးရဲ႕အေရွ႕ဘက္မွာအရိပ္ရပန္းပင္အႀကီးေတြရွိတယ္၊ ႏွင္းဆီပင္ေတြလည္းရွိတယ္၊ တစ္ခါတစ္ေလစိတ္ညစ္ရင္ ပန္းပင္ေအာက္ကထိုင္ခုံေပၚထိုင္ၿပီး ႏွင္းဆီပင္ ေတြကိုစိုက္ၾကည့္တတ္တယ္။ အေဝးကေနၾကည့္ရင္ ႏွင္းဆီပင္ေတြနဲ႔စကားေျပာေနသလားထင္ရတယ္။
ရွင္ေတေဇာဘာသဆိုရင္ခဏခဏဖ်ားတာတစ္လမွာ ႏွစ္ခါလား၊ သုံးခါလားဖ်ားေလ့ရွိတယ္။ သူ႔ အတြက္ဆြမ္းစားေက်ာင္းမွာ ဂိလာနဆြမ္းခဏခဏသြားယူေပးေနရလို႔တစ္ခါတစ္ေလဆြမ္းစားေက်ာင္း ဘုန္းႀကီးက ဂိလာနဆြမ္းလို႔ေျပာရင္ ေတေဇာလားလို႔ တန္းေမးတာမ်ိဳးနဲ႔ ႀကဳံရတယ္။ မဖ်ားရရင္မေနႏိုင္ ဘူးလို႔ေျပာရေလာက္ေအာင္ တစ္ခါတစ္ရံႀကံႀကံဖန္ဖန္ ရွာႀကံၿပီးဖ်ားေနတာလို႔ထင္မယ္ဆိုလည္းထင္စရာပင္။ 


“ရွင္ေတေဇာဘာသ ဘာျဖစ္တာလဲဘုရား”
“ေနမေကာင္းဘူးဘုရား”
“ဖ်ားေနၿပီလား”
“ဖ်ားေနသလား ဘာလား မသိဘူး ေနလို႔မေကာင္းဘူး”
“ဆြမ္းေကာသြားစားႏိုင္လား ဆြမ္းစားေက်ာင္းကို”
“မစားႏိုင္ေလာက္ဘူး ေခါင္းကအရမ္းမူးေနလို႔”
“ဘာျဖစ္ေနလဲလို႔ ဘယ္တုန္းကျဖစ္တာလဲ”
“ျဖစ္တာကေတာ့ မေန႔ညေနကတည္းက ေပေနၾကည့္ေသးတယ္ ဒီိမနက္အိပ္ရာထေတာ့ မထႏိုင္ေတာ့ဘူး”
“မေန႔ညေနေရခ်ိဳးေသးလား”
“မခ်ိဳးပါဘူး၊ မေန႔ ႏွစ္နာရီေလာက္တုန္းက ဘုရားေစတီအေရွ႕ဘက္မုခ္မွာ ဘုရားပုံတစ္ပုံသြား ယူလို္က္လို႔လားမသိဘူး”
“ဘာလို႔သြားယူေနတာလဲ၊ ဘာလုပ္မလို႔လဲ”
“ပူေဇာ္ဖို႔ပါ၊ တပည့္ေတာ္က အၿမဲေနမေကာင္းျဖစ္ေနလို႔၊ အိပ္ရာေပၚဘုရားပုံအၿမဲပူေဇာ္ရင္ ပိုၿပီးေန ေကာင္းမလားလို႔ သြားယူတာ”
“ျဖစ္ရေလ၊ ဂုဏ္ေတာ္ေတြပြားလိုက္စမ္းပါ
“တပည့္ေတာ္လည္းသိတာေပါ့၊ မေန႔က ဘုရားပုံေတြ႔လို႔ ႀကံမိႀကံရာႀကံၾကည့္တာပါ”
“ေကာင္းလိုက္တဲ့အႀကံ၊ ေနာက္တစ္ခါထပ္ႀကံဦး”
အဲဒီေန႔ကလည္း ရွင္သူရိယကဆြမ္းသြားယူေပးလိုက္ပါသည္။ ရွင္ေတေဇာဘာသက ေစတီ ေတာ္ရဲ႕အေရွ႕ဘက္မုခ္မွာဘုရားပုံျပန္ထားမွာျဖစ္လို႔ ျပန္ၿပီးေတာင္းပန္တဲ့အေနနဲ႔ဆီမီးေရာသြားပူေဇာ္မယ္ တဲ့၊ ရွင္သူရိယကို နဝကမၼငါးက်ပ္ေပးၿပီး ၿမိဳ႕မကအိမ္ဆိုင္တစ္ဆိုင္မွာ ဖေယာင္းတိုင္သြားဝယ္ခိုင္းပါသည္။ 


သူရိယကလည္း သူသိပ္မအားဘူးလို႔ဆိုၿပီးရွင္ကဝိဓဇကိုသြားဝယ္ခိုင္းပါသည္။ ရွင္ကဝိဓဇက တစ္ခါတည္း သြားမဝယ္ဘဲ
“လာျပန္ၿပီး၊ ဘုရားကိုအရွင္ဘုရားတို႔ဘာေတြလုပ္ဦးမလို႔လဲ၊ နတ္စင္ကိုပူေဇာ္သလိုျဖစ္မေနဘူး လား၊ ဒီလိုလုပ္စရာမလိုပါဘူး” လို႔ေျပာၿပီး မလုပ္ဖို႔တားလိုက္ေသးသည္။ ရွင္ေတေဇာဘာသကလည္း “တရားေဟာမေနနဲ႔ ခဏေလးဘဲသြားဝယ္ရမွာကို ဘာျဖစ္ေနတာလဲ” လို႔ဆိုၿပီး ျငင္းခုံၾကေသးသည္။ ေနာက္ဆုံးေတာ့ ရွင္ေတေဇာဘာသအလိုေတာ္အတိုင္းပင္ ရွင္ကဝိဓဇလည္းလိုက္ေလွ်ာလိုက္ရေလသည္။
ကိုရင္ေလးပါးအဲဒီေန႔ပဲ ရွင္ေတေဇာဘာသရဲ႕ ဆီမီးပူေဇာ္ပဲြအစီအစဥ္ကို အေကာင္အထည္ေဖာ္ၾက သည္။ ရွင္ေတေဇာဘာသ၊ ရွင္ကဝိဓဇ၊ ရွင္သူရိယ၊ ရွင္ဝိမလတို႔ျဖစ္ပါသည္။ ရွင္ဝိမလကထုံးစံအတိုင္း ေပါက္တတ္ကရေတြေျပာေလ့ရွိသည္။ ဆီမီးပူေဇာ္ၿပီးေတာ့ ရွင္ဝိမလက “ဒီေန႔ဘုရားလည္းေကာင္းေကာင္း မေနရေလာက္ဘူး၊ ရွင္ေတေဇာဘာသကို ျပန္ၾကည့္ဖို႔ိိနိဗၺာန္ကေနခဏျပန္လာဦးမယ္ထင္တယ္” လို႔ဆိုေလ သည္။ အျပန္လမ္းမွာဟာသေတြျဖစ္နဲ႔ရီၿပီးျပန္လာၾကရသည္။ 



“ဒီကိစၥကဘုရားနဲ႔မဆိုင္ေလာက္ဘူူး၊ နတ္ကိုင္တာျဖစ္မယ္”
“ဟုတ္မယ္၊ နတ္ေတြအိပ္မက္ေပးတဲ့ေခတ္မဟုတ္ေတာ့ဘူး၊ ကိုင္တဲ့ေခတ္ျဖစ္သြားၿပီ”
“ကိုင္တာလည္းသူ႔အခ်ိန္နဲ႔သူပဲကိုင္ႏိုင္တာ၊ သီတင္းကၽြတ္၊ တန္ေဆာင္မုန္းလေတြဆိုရင္သူတို႔ မကိုင္ႏိုင္ဘူး”
“ဘာျဖစ္လို႔လဲ”
“ဆီမီးထြန္းပြဲ၊ တန္ေဆာင္တိုင္ပြဲရွိတယ္ေလ၊ အဲဒီအခ်ိန္ေတြဆိုရင္ ပူလြန္းလို႔ဒီမွာမေနႏိုင္ၾကဘူး”
“ေအာ္ အဲလိုလား၊ အဲဒါဆိုရင္ သီတင္းကၽြတ္က်မွ ရွင္ေတေဇာအတြက္ဘုရားပုံတစ္ပုံယူေပးမယ္”
အျပန္မွာ မ်က္ႏွာမိုးေခါင္လို႔ေျခာက္ကပ္ကပ္ျဖစ္ေနသည့္ရွင္ေတေဇာဘာသက သီတင္းသုံးေဖာ္ (သူငယ္ခ်င္း) သုံးပါး၏ ေပါက္တတ္ကရစကားေတြနဲ႔ မၿပဳံးခ်င္ၿပဳံးခ်င္နဲ႔ၿပဳံးရင္းေပ်ာ္မိေလသည္။ အဲဒီညမွာ ရွင္ေတေဇာဘာသရဲ႕အဖ်ားလည္းသက္သာသြားေလသည္။ ဘယ္သူမွအထူးအဆန္းတစ္ခုလိုမျမင္ၾကဘူး။ ဆီမီးပူေဇာ္လို႔ ေပ်ာက္သြားတယ္လို႔လည္း ဘယ္သူမွမေျပာၾကဘူး။ တိုက္ဆိုင္လို႔ပါ ဆိုသည့္စကားလည္း ဘယ္သူမွမေျပာၾကဘူး။ ခဏခဏေနမေကာင္းျဖစ္ၿပီး တစ္ရက္ႏွစ္ရက္အတြင္း ေပ်ာက္တတ္ေလ့ရွိလို႔ျဖစ္ပါ သည္။ ထိုအေၾကာင္းကိုသိရေသာအခါ စာသင္ရင္းစာခ်ဘုန္းႀကီးက ႐ႈးေၾကာင္ေၾကာင္အလုပ္ေတြလုပ္သည္ ဟုေျပာေလသည္။ ေျပာရင္ခံလည္းခံရ႐ုံကလြဲလို႔ သူတို႔ဘာမွမသတ္ႏိုင္ပါ။ 


တစ္ေန႔ကိုပုံမွန္ႏွစ္ႀကိမ္ေလာက္ေရခ်ိဳးၾကသည္၊ မနက္ပိုင္းေန႔ဆြမ္းမဘုန္းေပးမွီနဲ႔ ညေနေလးနာရီ ေက်ာ္ေက်ာ္ စာအံ့ေက်ာင္းကဆင္းသည့္အခ်ိန္ျဖစ္သည္။ ေဆာင္းရာသီဆိုရင္ တစ္ေန႔ကိုတစ္ႀကိမ္ေလာက္ သာေရကိုသပၸါယ္ၾကပါသည္။ စာသင္သားကိုရင္ေတြကိုေတာ့ ဘီလူူးေခ်ာင္းမွာေရခ်ိဳးရပါသည္။ ကိုရင္ေတြ လည္း ဘီလူးေခ်ာင္းမွာဘဲခ်ိဳးခ်င္ၾကပါသည္။ ကိုရင္ေလးေတြတစ္ခ်ိဳ႕ကအဖြဲ႔လိုက္ခ်ိဳးတတ္သလို တစ္ဦး တည္းခ်ိဳးၾကသည္လည္းရွိပါသည္။ ႏွစ္ပါး သို႔မဟုတ္သုံးပါး ကြပ္ပ်ပ္ေပၚထိုင္စကားေျပာၿပီး ေရမကူးဘဲေရ ခြက္နဲ႔ခတ္ခ်ိဳးၾကတာလည္းရွိသည္။ ေရခ်ိဳးသည့္အခ်ိန္ဆိုရင္ ေရသိမ္အနီးနားတစ္ဝိုင္မွာ ကိုရင္ေလးေတြပဲ ျပည့္ၾကပ္ေနသည္။ ရွင္ကဝိဓဇကေရခ်ိဳးရင္အခ်ိန္ဆြဲေလ့မရွိ၊ ခဏေလးနဲ႔ၿပီးသည္။ ေရထဲလိုက္တမ္းကစား ရင္ေတာင္ အလြန္ဆုံးနာရီဝက္ေက်ာ္ေလ့မရွိဘူး။ အၾကာဆုံးကရွင္ေတေဇာဘာသ၊ အေပ်ာ္ကလည္းမက္ လိုက္တာ ေရကူးေနရရင္အခ်ိန္ေတြကုန္လို႔ကုန္မွန္းမသိ၊ အတူေနသီတင္းသုံးေဖာ္ေတြ ေရခ်ိဳးၿပီးလို႔သကၤန္း ေတာင္လွဲၿပီးေနၿပီ သူကေရထဲကမထြက္ေသးဘူး။ ရွင္ကဝိဓဇက ခဏခဏသတိေပးသည္။


“ရွင္ေတေဇာဘာသ ထြက္ေတာ့။ ထပ္ဖ်ားေနဦးမယ္၊ ေဆး႐ုံတက္ခ်င္ေနတာလား”
“ထားလိုက္ပါ၊ ခံခ်င္လည္းေနေပါ့” ရွင္သူရိယကဝင္ေျပာသည္။
တကယ္ျဖစ္ရင္ေတာ့ သူတို႔လည္းအၿငိမ္ိမေနရပါ။ ဆြမ္းယူေပးရ၊ လိုအပ္ရင္ေဆးခန္း လိုက္ပို႔ရ၊ တစ္ခါတစ္ေလသကၤန္းပါေလွ်ာ္ေပးရတာေတြရွိသည္။
“ခဏခဏဖ်ားတာလည္းသူပဲ၊ က်န္းမာေရးဂ႐ုမစိုက္သည္လည္းသူပဲ၊ ေရအလြန္အကၽြံခ်ိဳးတာလဲ သူလဲ၊ ညေနအခ်ိန္ေရမခ်ိဳးနဲ႕ေျပာလည္းခ်ိဳးေနတာသူပဲ၊ အစားအေသာက္မဆင္ျခင္တာလည္းသူပဲ” ရွင္ဝိမ လကဝင္ေျပာသည္။
“မဖ်ားေတာ့ဘူး စိတ္ခ်၊ ဒီအခ်ိန္ကစၿပီး ဘယ္ေတာ့မွမဖ်ားေတာ့ဘူး” ရွင္ေတေဇာကသကၤန္းလွဲ ရင္းေျပာသည္။
“ဘယ္ေတာ့မွမဖ်ားေတာ့ဘူးလို႔ေတာင္ေျပာႏိုင္တာလား”
“ေျပာႏိုင္တာေပါ့၊ ဒီေနရာမွာလ်ိဳ႕ဝွက္ခ်က္တစ္ခုရွိတယ္ေလ၊ ဒါေတြကိုသိလို႔ တပည့္ေတာ္ေျပာႏုိင္ တာ၊ အဲဒါဘာလဲသိလား”
“မသိဘူး၊ ေျပာၾကည့္ေလ”
“ဘီလူးေခ်ာင္းကေရနဲ႔ခ်ိဳးတားျဖစ္လို႔၊ ဘီလူးေခ်ာင္းေရက ဘယ္ေတာ့မွအဖ်ားကိုမေပးဘူး၊ ဒါကလ်ိဳ႕ဝွက္ခ်က္ပဲ”
တစ္ပါးမ်က္ႏွာကို တစ္ပါးၾကည့္ကာ ရွင္ေတေဇာဘာသကိုထားခဲ့ၿပီး တက္သြားၾကေလသည္။





ဆက္ရန္ 
အရွင္နႏၵိယ(ဖယ္ခုံ)


No comments:

Post a Comment