Saturday, September 29, 2018

နှင်းဆီပန်းပန်သောကောင်မလေး အခန်း(၁)



 
အချိန်ကာလကညနေနေဝင်ခါနီးအချိန်ဖြစ်သည်။။ မန္တလေးမြို့ရဲ့နေရောင်ခြည်ဆည်းဆာရောင်နီအောက်မှာဖြတ်သန်း ပြီး ဆိုက်ကယ်ပေါ်က ဆိုက်ကယ် ဦးထုပ်ဆောင်ထားတဲ့မိန်းကလေးသုံးဦးနဲ့ ယောင်္ကျားလေးတစ်ဦးက ကျွဲဆည်ကန်ကားကြီးကွင်း ကို ဦးတည်နေလေပြီ။ မန္တလေးမြို့ကနေ့ခင်းမှာ ရက်စက်စွာပူနေသော်လည်း ညနေပိုင်းမှာ တော့ သဘော ကောင်းစွာ အပူပေါ့နေပါ သည်။ အလုပ်ဆင်းနေကြသည့်အချိန်မို့ လူတွေနဲ့ရှုပ်ပွနေသည့်လမ်းပေါ်မှာ ဘယ်သူကိုမှဂရုမစိုက်နိုင်သည့် မန္တလေးယာဉ်များကြား မှာ ဆိုက်ကယ်နဲ့ သတိထားပြီး ကျော်ဖြတ်ခဲ့ရပါသည်။ မန္တလေး မြို့ပေါ်ကဆိုင်ကယ်မတော်တဆတိုက်မိတတ်သည့်ဖြစ်ရပ်များက ခဏခဏကြားနေရသည်မို့ မစိုးရိမ်သည့်တိုင် သတိ တော့အမြဲကြီးကြီးထားရပါသည်။ မြို့ပြကြီးဘဲမို့ လေထုညစ်ညမ်းပြီး လေ ကောင်းလေသန့်မရနိုင်သည်မှာ သူတို့အ တွက်ရိုးနေပြီဖြစ်သည်။ ထိုကြောင့် မန္တလေးရဲ့ဆည်းဆာရိပ်ရောင်နီအောက်မှာ အပြုံး မျက်နှာများကိုဖန်တီးကာ ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို လျစ်လျူရှုပြီး စိတ်ညစ်ညမ်းမှုတွေကို သူတို့တွန်းလှန်ခဲ့ကြလေသည်။ နန်းခမ်းဖူးနဲ့ နန်းခမ်မွန်းတိ့ု ရှမ်းပြည်ပြန်မည်ဖြစ်ပါသည်။ အမျိုးသမီးဘော်ဒါဆောင်ကနေ ခွန်အောင်ခမ်းနဲ့ နန်းခမ်းယွန်းတို့က ဆိုင်ကယ်တစ်စီးစီမောင်းပြီးကားဂိတ်အထိလိုက်ပို့သည်။ သူတို့လေးယောက်ကို ကျောင်းကသူငယ်ချင်း တွေကလည်း “ခမ်းအဖွဲ့” လို့ချစ်စနိုးခေါ်ကြသည်။

ကျွဲဆည်ကန်ကားကြီးကွင်းသွားတဲ့လမ်းက လမ်းဘေးတစ်နေရာမှာခဏဆင်းပြီး နန်းခမ်းယွန်းက နှင်းဆီ ပန်းလှလှ လေးတစ်စည်း ဆင်းဝယ်သည်။ နောက်ကလိုက်စီးသည့် နန်းခမ်းဖူးက အကြောင်းသိမို့ ဘာမှမပြောဘဲ လှတဲ့အပွင့် တွေကို ကူရွေးပေးလိုက်သည်။ ကားဂိတ်ရောက်တော့ နန်းခမ်းမွန်းက စောဒကတက်ကြည့်သည်။

“နင်ကလည်း အပြန်ကျမှအေးအေးဆေးဆေးဝယ်လို့ရရဲ့သားနဲ့၊ ကြံကြံဖန်ဖန် အချိန်လုပြီး ဝယ်နေသေး တယ်”
“အပြန်မှာဝယ်လို့မဖြစ်လို့ပေါ့ဟ”
ဘေးမှာရှိနေသည့်ခွန်အောင်ခမ်းလည်းဝင်ပြောကြည့်လေသည်။
“ယွန်း မင်းလည်းစိတ်ကူးယဉ်တတ်နေပြီလား၊ နှင်းဆီပန်းတွေတောင် ဝယ်တတ်နေပြီ”
“ဘယ်ကစိတ်ကူးယဉ်ရမလဲ၊ ငါနှင်းဆီပန်းဝယ်လာတာ ကြာလှပြီ၊ နင်မသိလို့ပါ”
“ဒါဆိုရင် နင်စိတ်ကူးယဉ်လာတာ ကြာပြီပေါ့”
“စိတ်ကူးယဉ်နေတာမဟုတ်ဘူး၊ အခုက တကယ်လက်ဆောင်ပေးဖို့ဝယ်တာ”
သူတို့အချင်းချင်း တစ်ဦးမျက်နှာတစ်ဦးကြည့်နေကြသည်။ ပြီးတော့ နန်းခမ်းမွန်းကမေးသည်။
“ဟေ၊ ငါတို့တောင်မသိသေးပါလား၊ နင်တို့ ဘယ်တုန်းကဘယ်လိုဖြစ်ကြတာလဲ၊ အဲဒီလူကဘယ်သူလဲ”
“ဟဲ ဟဲ၊ ရှုပ်ကုန်ပြီ၊ ဘာတွေပြောနေတာလဲ”
“ရှုပ်တာနင်လေ”
ဘေးကရပ်နေသည့် နန်းခမ်းဖူးက သဘောကျပြီး ပြုံးနေပါသည်။
“နင်ကဘာတွေ ရယ်နေတာလဲ၊ နင်ကောသိလား”
“သိတာပေါ့၊ အချိန်မရှိတော့ဘူး၊ ကားပေါ်ရောက်မှပြောမယ်၊ ကားထွက်တော့မယ်၊ ဟိုမှာခရီးသည်တွေ ကားပေါ်တက် ကုန်ပြီ”
“ရော့ ဖူး၊ ရောက်အောင်ပို့ပေးပါနော်၊ ငါနှင်းဆီပန်းကိုအရမ်းနှစ်သက်သည့်အကြောင်းကိုလည်းပြောနော်၊ ဒီနှစ်ငါမပြန် နိုင်တော့သည့်အကြောင်းကိုလည်းသေသေချာချာပြောပြပေးနော်”
“အေပါ၊ ငါပြောပေးပါ့မယ်၊ နင်ကလည်း ဒီစကားကိုဘဲ ခဏခဏပြောနေတာပဲ”
“ထူဆန်းလိုက်ချဉ်လား၊ မှာတာကလဲ တစ်မျိုးကြီးပဲ၊ ဘယ်သူ့ကိုပေးတာလဲ” ခွန်မျိုးဝင်းက လှမ်းမေးသည်။
“ငါ့ အစ်ကိုပါ၊ နင်တို့က မသိဘဲနဲ့ အထင်မလွဲနဲ့၊ ငါကနင်တို့လို မဟုတ်တရုတ်တွေ မရှိသေးဘူး”
“အောင်းမာ၊ သူများကိုများ မဟုတ်တရုတ်တဲ့၊ ငါက နင်ထက်ပိုရှင်းတယ်” မျိုးဝင်းကပြန်ပြောသည်။
အချိန်ကမရတော့ဘူးမို့ ငြင်းခုံနေတာရပ်ပြီး နန်းခမ်းဖူးနဲ့နန်းခမ်းမွန်းတို့ပစ္စည်းတွေကို ဝိုင်းကူသယ်ပေးသည်၊ ကား ထွက်သွားတော့ လက်ပြနှုတ်ဆက်ကြသည်။ ဟိုနှစ်ယောက်တော့ကျန်ခဲ့လေပြီ။

ဆောင်းပြောင်းရွာအထိပြန်ရမှာဆိုတော့ လွိုင်ကော်ကားနဲ့ပြန်ရသည်။ အခုကသူတို့ သိန်းသန်းကုဋေကားနဲ့ ပြန်သည်။ ဒုတိယနှစ်စာမေးပွဲဖြေပြီးတော့ ရတနာပုံတက္ကသိုလ်ကို ခဏနှုတ်ဆက်ရသည်။ လေးဦးလုံး အရွယ်လည်းတူ၊ အတန်းလည်းတူကြ သည်မို့ ပိုပြီးခင်မင်ကြပါသည်။ ခွန်အောင်ခမ်းက ဒီနှစ် မကွေးကသူ့ရဲ့ယောင်္ကျားလေးသူငယ်ချင်းရွာ အလည်လိုက်ရမှာမို့ မပြန်ခြင်း ဖြစ်ပါသည်။ သူကလည်း ဆောင်းပြောင်းရွာကပဲ၊ နန်းခမ်းမွန်းလည်း ဆောင်းပြောင်း ရွာကပဲ။ နန်းခမ်းဖူးနဲ့ နန်းခမ်းယွန်းတို့က တောင်မဲသင်းရွာကဖြစ်ပါသည်။ တောင်မဲသင်းရွာသူလေး နှစ်ယောက်ရှိပေမယ့် နန်းခမ်းယွန်းကမပြန်လို့ နန်းခမ်းဖူးတစ်ယောက် တည်း ပြန်ရပါသည်။ နန်းခမ်းမွန်းရှိသေးလို့ အဖော်ရသွားသည်။ မဟုတ်လျှင် တစ်ဦးတည်းပြန်ရမည်၊ တစ်ဦးတည်းပြန်ရင် အဆင်မ ပြေပါ၊ တောင်မဲသင်းလမ်းခွဲမှာဆင်းရမှာမို့ မနက်အ စောကြီး(၃)နာရီလောက်ရောက်မှာဆိုတော့ ဘယ်သူမှစောင့်မကြိုပေးနိုင်၊ နေ့ကားပြန်တော့လည်း ညနေ(၆)နာရီ (ရ) နာရီလောက်မှာရောက်တယ်ဆိုတော့လည်း မိုးချုပ်နေပြီမို့အဆင်သိပ်မပြေ။ အခုက နန်းခမ်းမွန်းပါတော့ အဆင်ပြေ သည်။ စောလွန်းလည်းကိစ္စမရှိ၊ နောက်ကျရင်လည်းကိစ္စမရှိ၊ အိပ်ချင်ရင် နန်းခမ်းမွန်းအိမ်မှာ ဝင်အိပ်လိုက်ရုံသာ၊ လာကြိုသူမရှိရင်လည်း နန်းခမ်းမွန်းကို ပို့ခိုင်းလိုက်ရုံပဲ၊ အဆင်ပြေသည်။

မန္တလေးမြို့ကိုကျော်ဖြတ်သည့်ကားပေါ်ကနေပြီး လမ်းဘေးရှုခင်းကိုအားရပါးရကြည့်ကြသည်၊ အရင်တုန်းက ကားပေါ် ရောက်ရင် ရွာကိုရောက်ချင်သည့်စိတ်ကကဲနေသည့်အတွက် ပျော်သည်၊ လန်းဆန်းသည်။ အခုတော့ နန်းခမ်း ယွန်းပါမလာသည့် အတွက် တစ်ခုခုလွမ်းကျန်ခဲ့သလိုလိုဖြစ်နေသည်။
“ဟေ ဖူး၊ ယွန်းက ဘာဖြစ်လို့ သူ့အစ်ကိုကို နှင်းဆီးပန်းဝယ်ပေးရတာလဲ၊ မန္တလေးလက်ဆောင် ထိုးမုန့်၊ ဧလ မုန့်တွေမဝယ်ဘဲနဲ့ ဘာလို့နှင်းဆီပန်းတွေဝယ်ပေးတာလဲ၊ သူ့အစ်ကမှာလို့လား”
“မမှာပါဘူး၊ သူပေးချင်လို့ပေးတာပါ၊ သူတိုိ့မှာဇာတ်လမ်းတွေရှိတယ်လေ”
“ဘယ်လို ဘယ်လို၊ ဇာတ်လမ်းတွေရှိတယ် ဟုတ်လား၊ သူတို့မောင်နှမတွေမှာ ဘယ်လိုဇာတ်လမ်းတွေလဲ၊ မောင်နှမအချင်းချင်းတွေတောင်နှင်းဆီပန်းတွေပေးနေတယ်”
“မွန်း၊ နင်ဘာတွေလျှောက်တွေးနေလဲ၊ နင်သိအောင်ငါပြောပြပါ့မယ်ဟာ”
ပြီးခဲ့သည့်နှစ်က တက္ကသိုလ်ပထမနှစ်ပြီးတော့ သူတို့လေးယောက်လုံးရွာပြန်သွားကြတယ်၊ စာမေးပွဲလည်း လေးယောက် လုံးအောင်ကြတယ်၊ ဒုတိယနှစ်အတွက်ကျောင်းပြန်တက်ဖို့ပြန်လာတော့ နန်းခမ်းယွန်းက ဘာအကြောင်းပြချက်မှမပေးဘဲ နောက်မှ သူဆင်းလာခဲ့မယ်လို့ပြောပြီး မန္တလေးကို ဆင်းမလာဘူး၊ နန်းခမ်းဖူးလည်းဖုန်းဆက်တယ်၊ ဖုန်းမကိုင်ဘူး၊ ကျောင်းတက်ပြီးနှစ်ပတ် ကြာမှ နောက်ကျပြီးရောက်လာ တယ်။ ဖြစ်ပုံကသူတို့ရွာပြန်သည့်အချိန်မှာပဲ မိဘစကားများပြီးရန်ဖြစ်ကြလို့ဖြစ်ပါတယ်။ အမေနဲ့ အဖေရန်ဖြစ်ပြီးတော့ အဖေကရွာကနေထွက်သွားတယ်၊ နန်းခမ်းယွန်းတက္ကသိုလ်ပြန်တက်မည့်အချိန်အထိ အဖေကပြန်ရောက် မလာဘူး။ ဘယ်ကိုသွားမှန်းလည်းမသိဘူး။ အမေကလည်း သမီးတက္ကသိုလ်တက်ဖို့ ငွေလုံလုံလောက်လောက်မရှာနိုင်လို့ နန်းခမ်း ယွန်းတက္တသိုလ်ထဲ ပြန်ရောက်ရမည့် အချိန်ပြန်မရောက်နို င်ရှာဘူး။ နောက်ဆုံးနန်းခမ်းယွန်းကဆုံးဖြတ်လိုက်တယ်၊ ဒီနှစ်အလုပ် လုပ်မယ်၊ ငွေရှာမယ်၊ နောက်နှစ်မှ ပြန်တက်မယ်ပေါ့။ အဲဒီလိုဆုံးဖြတ်လိုက်တော့ သူ့အစ်ကိုကလက်မခံဘူး။ ဒီနှစ်သူ့ညီမလေး ကျောင်း တက်ကိုတက်ရမည်ဆိုပြီးတော့ ရွာမှာငွေလိုက်ချေးပြီးပေးလိုက်သည်။ နန်းခမ်းယွန်းလည်း ဒီနှစ်မတက် တော့ဘူးလို့ အတန် တန်ငြင်းသည်။ အစ်ကိုကသဘောမတူဘဲ အတင်းတက်ခိုင်းလို့တက်လိုက်ရသည်။ ကျောင်းတက်တော့ ငွေကိုချွေတာ သုံးလိုက်ရ တယ်။ အစ်ကိုကမရှိသည့်ကြားက ရှာကြံပြီးငွေပို့ပေး ရတာကိုသိလို့ နန်းခမ်းယွန်းက မလိုအပ်ပဲငွေမသုံးရဲဘူး။ ချို့ချို့တဲ့တဲ့နဲ့ကျောင်း တက်ပြီး ချွေတာရတယ်။ ဒီနှစ်ကျောင်းပြီးတော့ ရွာပြန်ချိန်မှာလည်း ရွာမပြန်ဘဲဓာတ်ဆီ ဆိုင်တစ်ဆိုင်မှာအလုပ်ဝင်လုပ်တယ်၊ ဝင်ငွေလေးဘာလေးရအောင်လို့တဲ့။ ငွေပို့ပေးတဲ့အစ်ကိုကိုလည်းအားနာလို့တဲ့။

နန်းခမ်းဖူးကဇာတ်လမ်းအရှည်ကြီးကိုပြောရင်းဆိုရင်း သပြေဝရောက်နေပြီဖြစ်ည်။ နားချိန် ခရီးသည်တွေ အားလုံး ဆင်းရ တာမို့သူတို့လည်းအောက်ဆင်းလိုက်လေသည်။ အောက်ရောက်တော့လည်း စားသောက် ဆိုင်ထဲမဝင်တော့ဘဲ လမ်းလျှောက်နေကြ သည်။ သူတို့တွေအတူတူသာနေကြတာ မိသားစုအကြောင်းနဲ့ ပတ်သက်လို့ မေးမြန်းကြတာလည်းမရှိကြဘူး။ သိလည်းမသိကြဘူး။

ဘယ်တုန်းကမှသူများအကြောင်းကိုစိတ်မဝင်းစားတတ်သော နန်းခမ်းမွန်းက နန်းခမ်းယွန်းအကြောင်းကို အသေးစိတ်မေးနေသည်။
“ဒါဆိုရင်သူတို့မောင်နှမတွေက တော်တော်ချစ်ကြတာပဲနော်”
“ချစ်တာကတော့ ပြောမနေနဲ့၊ သူ့ညီမလေးအတွက်ဆိုပြီး သူ့အစ်ကိုလည်းကြုံရာအလုပ် အကုန်လုပ်တယ် လို့ ကြားတယ်၊ ယွန်းကလည်း ငွေရှာနေရတဲ့ သူ့အစ်ကိုသနားလို့ တဲ့ ငွေမဖြုန်းရဲရှာဘူး၊ တက္ကသိုလ် ကျောင်းသူလို့သာပြောတာ သူကဲနေတာ နင် ဘယ်တုန်းကတွေ့ဖူးလို့လဲ”
“အေ၊ ဟုတ်တယ်နော်၊ သူတို့မောင်နှမက နှစ်ယောက်ပဲရှိတာလား”
“နှစ်ယောက်မကဘူး၊ ငါးယောက်ရှိတယ်၊ သူ့ကိုကျောင်းအတင်းတက်ခိုင်းသည့်အစ်ကိုက အကြီးဆုံးပေါ့၊ နောက်ဘုရား ကြီးတိုက်ထဲမှာ ဗုဒ္ဓတက္ကသိုလ်တက်နေသည့်ဦးဇင်းတစ်ပါးရှိတယ်၊ အဲဒါလည်းသူ့အစ်ကိုပဲ၊ နင်လည်း သိမှာပါ သူအားရင်ဦးဇင်းဆီ သွားနေကျပဲလေ၊ အဲဒီဦးဇင်းကသူ့အစ်ကိုအရင်းပဲပေါ့။ နောက်ညီမလေးနှစ်ယောက်ရှိသေးတယ်၊ တစ်ယောက်က ဆယ်တန်း၊ တစ်ယောက်က ရှစ်တန်း၊ အဲဒါကသူတို့မောင်နှမအကြောင်း၊ နောက်နင်ဘာသိချင်သေးလဲ၊ မေးစရာတွေရှိသေးလား”
“မရွက်ပါနဲ့ဟာ နင်ကလဲ၊ မေးစရာမရှိပါဘူး၊ သူတို့ကိုအားကျလိုက်တာ၊ တော်တော်ချစ်ကြတာပဲ၊ ငါလည်း အဲလိုချစ်ကြည့် လိုက်ချင်တယ်၊ သူတို့လိုဖြစ်ရင်သိပ်ကောင်းမှာပဲ”
“အရူးမ၊ နင်ဒုက္ခရောက်ချင်နေတာလား”
သူများဒုက္ခရောက်နေတာကို ကူညီဖို့မစဉ်းစားပဲ သူများလိုလိုက်ဒုက္ခရောက်ချင်နေသလိုလိုနဲ့ပြောနေသည်။ ကားပြန်ထွက်တော့မှာ မို့ ကားပေါ်ပြန်တက်ကြသည်။
ကားပေါ်ရောက်တော့လည်း နန်းခမ်းမွန်းမှာ မေးခွန်းတွေပိုများလာသည်။ နန်းခမ်းယွန်းနဲ့တစ်ရွာသူ ချင်းဖြစ် သည့် နန်းခမ်းဖူးကလွဲရင် အခြားမေးရမည့်သူကို ရှာလို့မတွေ့။
“ဖူး၊ ယွန်းက ဘာဖြစ်လို့သူ့အစ်ကိုကို နှင်းဆီပန်းပေးရတာလဲ၊ နင်ပြောတဲ့သူတို့ဇာတ်လမ်းက ဘာလဲ”
“အဲဒါက ငါ့ဆီမှာ သူဓာတ်ပုံရိုက်ပြီးပို့ပေးထားတဲ့စာရှိတယ်၊ သူ့အကောင့်ပျက်သွားရင် ပြန်ရှာလို့ လွယ်အောင်လို့ ငါ့ကိုလည်းသိမ်း ခိုင်းထားတာ၊ နင်ဖတ်ကြည့်လေ သိချင်ရင်၊ ရော့ ဒီမှာ”
“အော် စာပါလား”
“ဟုတ်တယ်၊ သူ့အစ်ကိုရေးတဲ့စာပေါ့”

ညီမလေး ဘယ်ရောက်နေလဲ 

ညီမလေး ဘယ်ရောက်နေလဲ၊ ညီမလေး မှတ်မိသေးလား၊ ညီမလေးက “နှင်းဆီပန်းကဆူးများတယ် မကြိုက်ဘူး” ပြောလို့ “နှင်းဆီပန်းက ဆူးများကြားမှာ ထိုးထွက်ပြီးသူ့အလှကိုသူဖန်တီးပြီး လောကကြီးကို အလှဆင်တယ်၊ ညီမလေးလည်း တကယ်သတ္တိရှိတယ်ဆိုရင် နှင်းဆီပန်းလို လောကဓံဆူးများကြားမှာ ထိုးထွက်နိုင်အောင်ကြိုးစားပါ” လို့အစ်ကိုပြောတော့ ညီမလေးက နှင်းဆီပန်းကို ပန်ခဲ့တယ်လေ။

ညီမလေး ဘယ်ရောက်နေလဲ၊ ညီမလေး သိရဲ့လား၊ ညီမလေးပန်ခဲ့သည့် နှင်းဆီပန်းက ခြောက်သွေ့သွားတော့ စားပွဲခုံ ပေါ်မှာ မေ့ကျန်ခဲ့တာလေ၊ အဲဒီနှင်းဆီပန်းခြောက်လေးကို ယူပြီး အဖေကပြောတယ်၊ “သမီးမရှိသည့်အချိန် ဒီနှင်းဆီပန်း လေးဟာ သမီးရဲ့ကိုယ်စားအိမ်မှာရှိနေပါစေ” ဆိုပြီး မှတ်တမ်းစာအုပ်ကြားမှာသိမ်းထားခဲ့တယ်။ 

ညီမလေး ဘယ်ရောက်နေလဲ၊ ညီမလေးကို ပြောပြဦးမယ်၊ ဘယ်တုန်းကမှစာဖတ်လေ့မရှိတဲ့အမေက နှင်းဆီပန်းခြောက် ရှိသည့် မှတ်တမ်းစာအုပ်ကို ခဏခဏလှန်ကြည့်ပြီး စာဖတ်ဖို့ကြိုးစားနေရှာတယ်။
ညီမလေး ဘယ်ရောက်နေလဲ၊ အဖေကပြောတယ် “သမီးကိုပြောတာ သမီးကိုမယုံကြည်လို့မဟုတ်ပါဘူး၊ ကျောင်းမပြီး သေးဘဲ ဘဝခရီးလမ်းပေါ်လျှောက်လှမ်းနေတော့ အခက်အခဲများကိုမကျော်ဖြတ်နိုင်မှာကိုဘဲ စိုးရိမ်မိတယ်” တဲ့။ 

ညီမလေး ဘယ်ရောက်နေလဲ၊ အမေကပြောတယ် “သမီးကိုဆူတာ သမီးအမှားတွေလုပ်မိမှာကို ကြောက်လို့ မဟုတ်ပါ ဘူး၊ ပြန်ပြင်လို့မရတဲ့အမှားကို သမီးကျူးလွန်မိမှာစိုးလို့ပါ” တဲ့။ 

ညီမလေး ဘယ်ရောက်နေလဲ၊ ညီမလေး ပြန်လာခဲ့ပါလို့အစ်ကို မပြောချင်ဘူး၊ ညီမလေးထွက်ပြေးချင်တယ်ဆိုရင် မိုးကုတ်စက်ဝိုင်းရဲ့ဟိုအစွန်းတစ်ဘက်အထိ သွားချင်လည်းသွားပါ၊ အစ်ကိုတို့ ပြန်ဆုံနိုင်တဲ့တစ်နေ့ကျရင် ညီမလေးပြော ပြမယ့် မိုးကုတ်စက်ဝိုင်းရဲ့ဟိုအစွန်းတစ်ဘက်မှာဘာတွေရှိတယ်ဆိုသည့်အကြောင်းကိုပဲ အစ်ကို ကြားချင်ပါတယ်။
ညီမလေး ဘယ်ရောက်နေလဲ၊ ညီမလေးအဝေးဆုံး၊ အမြင့်ဆုံးနေရာထိရောက်အောင်ပျံသန်းလိုက်ပါ၊ အတောင်ပံတွေ ညောင်းလို့ ရှေ့ခရီးဆက်ဖို့အင်အားမရှိတော့တဲ့အချိန်ကျရင် နှင်းဆီခြောက်လေးတစ်ပွင့်နဲ့ အစ်ကိုတို့မိသားစုဝင်များ အားလုံး ညီမလေးကိုစောင့်နေတယ်ဆိုတာကိုလည်းမမေ့ပါနဲ့။ 

ညီမလေး ဘယ်ရောက်နေလဲ၊
ညီမလေး ဘယ်ရောက်နေလဲ၊
ညီမလေး ဘယ်ရောက်နေလဲ၊ သတင်းပို့ပါဦး၊ အားလုံးကစောင့်မျှော်နေပါသည့်အကြောင်း။ 

အဝေးရောက်ညီမလေး နန်းခမ်းယွန်းသို့ --------------------------------
------------------------------------ချစ်သောအစ်ကိုနဲ့ မိသားစုမှ။ ။

စာဖတ်ပြီးတော့မှနန်းခမ်းယွန်းကဘာလို့နှင်းဆီပန်းပန်နေသည်ဆိုတာကိုလည်းသိရတော့သည်။ ဒါကြောင့်မို့ သူ့အစ်ကို အတွက်နှင်းဆီပန်းပို့ပေးသည်ဆိုတာကိုလည်းသိရပါသည်။ နန်းခမ်းဖူးကို ဖုန်းပြန်ပေးပြီးတော့ နန်းခမ်းယွန်း အကြောင်းကိုပဲတွေး မိနေသည်။ တွေးရင်းတွေးရင်းနဲ့အကြောင်း အရာတွေကပိုရှုပ်လာလေလေဖြစ်နေသည်။

“ဖူး၊ ဘာဖြစ်လို့ ဒီစာရေးရတာလဲ၊ ယွန်းက ထွက်ပြေးတာမှမဟုတ်တာ၊ ကျောင်းတက်နေတာကို”
“အရင်နွေရာသီ၊ နှစ်လယ်အားလပ်ချိန်တုန်းက ယွန်းက ရွာလည်းမပြန်ဘူး၊ ဖုန်းလည်းပိတ်ထားလိုက်တယ်၊ စားသောက် ဆိုင်တစ်ဆိုင်မှာ စားပွဲထိုးသွားလုပ်ပြီး ပိုက်ဆံရှာတာလေ၊ အိမ်ကမိသားစုတွေသိရင် တားမှာကိုသိလို့ အဆက်အသွယ်ဖြတ်လိုက် တာ၊ အဲဒါကို အိမ်ကထွက်ပြေးတယ်၊ ကျောင်ထွက်လိုက် တယ်ကြားလို့ အစ်ကိုကဒီစာကို ရေးပြီးပို့လိုက်တာ”
“အဆက်အသွယ်ဖြတ်တယ်ဆို၊ ဘယ်လိုပို့တာလဲ”
“ဘုရားကြီးတိုက်မှာ ယွန်းအစ်ကိုဦးဇင်းတစ်ပါးရှိတယ်လေ၊ ဦးဇင်းဆီပဲပို့လိုက်တာ၊ ဦးဇင်းဆီမှာ ယွန်းလာမှာကို သိတယ် လေ၊ စာပို့ပြီး တစ်လကျော်ကြာမှ ဦးဇင်းဆီသွားမှဘဲ ယွန်းလည်းဒီစာကိုရတာပါ”
“သူအဖေနဲ့သူအမေ ပြောတာလည်းပါတယ်နော်၊ သူ့အဖေနဲ့အမေက သူ့ကိုမကြည့်ဘူးမဟုတ်ဘူးလား၊ သူ့အစ်ကိုက စာထဲမှာမိဘတွေသူ့ကိုစိုးရိမ်နေသည့်ပုံတွေရော ရေးထားတာပဲ”
“အဲဒါတော့ ငါလည်းမသိဘူး၊ ဒီအကြောင်းကိုသူလည်းဘာမှမပြောဘူး၊ မိဘတွေကိုစိတ်နာမှာဆိုးလို့ သူ့အစ်ကိုက ဒီလိုရေးလိုက်တာလား၊ ဒါမှမဟုတ်သူတို့မိသားစုက ပြန်ပြီးအဆင်ပြေသွားပြီလား၊ ရွာရောက် ရင်တော့ သိရမှာပါ”
“သူ့မိဘအကြောင်းကော ယွန်းဘာမှမပြောဘူးလား”
“သူလည်းသေချာမသိဘူးလို့ပြောတာပဲ၊ ပြန်လာရင် သိသလောက်သူ့မိသားစုအကြောင်းပြန်ပြောပြပေးပါ လို့တောင် ပြောသေးတယ်”
“ဒီအကြောင်းတွေကလည်း စဉ်းစားလေ ပိုဝေဝါးလေပါလား”
“ဒီအကြောင်းကို ငါတို့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စမဟုတ်သည့်အတွက် အတင်းမေးမိရင် သူတို့ကိစ္စကို ဝင်ရောက် စွက်ဖက်နေသလိုဖြစ်သွားမယ်၊ ငါတို့သိထားတဲ့အကြောင်းအရာလေးက ထရံပေါက်ကနေ ချောင်းကြည့်လို့ မြင်ရတဲ့ဖြစ်ရပ်ကလေး လောက်ပဲရှိတယ်၊ သိတာကနည်းနည်းကလေးပါ၊ တကယ်နည်း နည်းလေးပါ၊ သေသေချာချာမသိပါဘူး။ သေချာတဲ့ဖြစ်ရပ်တွေကို တော့ ကာယကံရှင်တွေကိုယ်တိုင်ပဲ သိမှာပဲ။ သူတို့မှာလည်း နားမလည်နိုင်သည့်အရာတွေတောင် ရှိချင်ရှိဦးမှာ”
“မလေး ပြောတတ်လိုက်တာ၊ ထရံပေါက် ဟုတ်လား”
“ဟုတ်တယ်၊ ထရံပေါက် ပါပဲ၊ ထရံပေါက်ကနေ ချောင်းကြည့်နေတဲ့သူက မဆိုင်တဲ့သူပါ၊ ဘေးကလူပါ၊ ဝင်ပါခွင့်မရှိတဲ့ သူတွေပါ၊ ဖြစ်ရပ်တွေအားလုံးကိုမမြင်နိုင်သည့်သူတွေပါ၊ အဲဒါကြောင့်ဒီထရံပေါက်က နေမြင်တဲ့ မြင်ကွင်းလောက်နဲ့ ပြည့်စုံတယ်လို့ ပြောလို့မရဘူး”
“အေပါ၊ ယွန်းတောင်သေချာမသိမှတော့ ငါတို့ကဘယ်လိုလုပ်ပြီး အကုန်သိနိုင်မှာလဲ”
ဒီလိုနဲ့အိပ်မပျော်ဘဲ ကားပေါ်မှာအချိန်ကုန်သွားလေသည်။
မနက်အစောကြီး သုံးနာရီကျော်မှာ ဆောင်းပြောင်းရောက် သွားတော့ ကားပေါ်ကဆင်းလိုက်သည်။ လာကြိုသည့်နန်းခမ်းမွန်းရဲ့အစ်ကိုနှစ်ယောက်နောက်မှာ လူတစ်ယောက်ကပ်ပါလာသည် ကိုတွေ့ရပါ သည်။ ဦးထုပ်နဲ့သူကြီးပေါ့၊ မှတ်မိတာပေါ့၊ အဲဒါက နန်းခမ်းယွန်းရဲ့အစ်ကိုပဲ။
“ယွန်းမပါဘူးလား”
“မပါဘူး၊ နှင်းဆီပန်းတော့ပါတယ်”
နန်းခမ်းယွန်းအစ်ကိုက နန်းခမ်းယွန်းပြန်လာတယ်ထင်လို့ မနေ့ညကတည်းကရောက်နေတယ်လို့့ပြောပါတယ်၊ နန်းခမ်း ယွန်းကိုလာကြိုဖို့။ နန်းခမ်းယွန်းက အလုပ်လုပ်နေတယ်၊ အဆင်ပြေတယ်၊ မပြန်ဖြစ်သည့်အကြောင်းကိုပြောတော့ အစ်ကိုကလဲ ဘာမှမဖြစ်သလိုဘဲနေနေသည်။ နောက်ဂတိတစ်ခု တောင်းလေသည် နန်းခမ်းယွန်းအဖေကအခုထိအိမ်မှာမရှိတော့ဘူး၊ အဖေမရှိ တော့သည့်အကြောင်းကို နန်းခမ်းယွန်းကိုမပြောဖို့ဖြစ်ပါသည်။ အဲဒီအကြောင်းကိုနန်းခမ်းယွန်းသိရင်စိတ်ထိခိုက်မှာစိုးလို့ ကြိုတင် လာစောင့်နေတာတဲ့။

နန်းခမ်းဖူးနဲ့နန်းခမ်းမွန်းတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ငြိမ်နေရရှာပါသည်။ သူတို့ထရံပေါက်က ချောင်း ကြည့်လို့သိခဲ့ရသည့်ဖြစ်ရပ်လေးတစ်ခုသည် တကယ်ကိုရှုပ်ထွေးနေလေသည်။ ဘယ်သူကတရားခံလဲ၊ ဘယ်သူကပေးဆပ်သူလဲ၊ ဘယ်သူကခံစားခွင့်ရှိသူလဲဆိုတာ သူတို့မဝေခွဲနိုင်ပါဘူး၊ မန်းမြို့တက္ကသိုလ်ကြီးမှာတက်ရောက်နေသည့် ကျောင်းသူတစ်ဦး၏ ဘဝသည် မချောမွေ့ခဲ့သည်ကိုသူတို့ သိလိုက်ရပါသည်။ သို့သော်ထိုကျောင်းသူကောင်မလေးသည် ဆူးများနဲ့ပြည့်နက်နေသည့် လောကဓံခရီး လမ်းကြမ်းကြမ်းထဲမှာ နှင်းဆီပန်းလို့ လှပအောင် သူ့ဘဝကိုသူထုဆစ်နေသည်။ နှင်းဆီပန်းလို ဆူးတွေ ကြားမှာ သူအောင်ပွဲခံနိုင်သည့် ပန်းတစ်ပွင့်အဖြစ်သူရုန်းကန်နေပါသည်။ ထိုအကြောင်းကို ထရံပေါက်က ချောင်းကြည့်နေသောကောင်မ လေးတို့က သိနေကြပါသည်။ ။

  ခွန်နေဝင်းအောင်(ဖယ်ခုံ)

(၄ ကြိမ်မြောက် ခမ်းရတနာ နှစ်ပတ်လည်မဂ္ဂဇင်းမှ)

မှတ်ချက်။ ဤဝတ္ထုသည် ရတနာပုံတက္ကသိုလ် သို့ ကျောင်းတက်နေသော နန်းရွှေခမ်း အကြောင်းကို အခြေခံ၍ ရေးထားပါသည်





ႏွင္းဆီပန္းပန္ေသာေကာင္မေလး အခန္း(၁) 

 
အခ်ိန္ကာလကညေနေနဝင္ခါနီးအခ်ိန္ျဖစ္သည္။။ မႏၱေလးၿမိဳ႕ရဲ႕ေနေရာင္ျခည္ဆည္းဆာေရာင္နီေအာက္မွာျဖတ္သန္း ၿပီး ဆိုက္ကယ္ေပၚက ဆိုက္ကယ္ ဦးထုပ္ေဆာင္ထားတဲ့မိန္းကေလးသုံးဦးနဲ႔ ေယာကၤ်ားေလးတစ္ဦးက ကၽြဲဆည္ကန္ကားႀကီးကြင္း ကို ဦးတည္ေနေလၿပီ။ မႏၱေလးၿမိဳ႕ကေန႔ခင္းမွာ ရက္စက္စြာပူေနေသာ္လည္း ညေနပိုင္းမွာ ေတာ့ သေဘာ ေကာင္းစြာ အပူေပါ့ေနပါ သည္။ အလုပ္ဆင္းေနၾကသည့္အခ်ိန္မို႔ လူေတြနဲ႔႐ႈပ္ပြေနသည့္လမ္းေပၚမွာ ဘယ္သူကိုမွဂ႐ုမစိုက္ႏိုင္သည့္ မႏၱေလးယာဥ္မ်ားၾကား မွာ ဆိုက္ကယ္နဲ႔ သတိထားၿပီး ေက်ာ္ျဖတ္ခဲ့ရပါသည္။ မႏၱေလး ၿမိဳ႕ေပၚကဆိုင္ကယ္မေတာ္တဆတုိက္မိတတ္သည့္ျဖစ္ရပ္မ်ားက ခဏခဏၾကားေနရသည္မို႔ မစိုးရိမ္သည့္တိုင္ သတိ ေတာ့အၿမဲႀကီးႀကီးထားရပါသည္။ ၿမိဳ႕ျပႀကီးဘဲမို႔ ေလထုညစ္ညမ္းၿပီး ေလ ေကာင္းေလသန္႔မရႏိုင္သည္မွာ သူတို႔အ တြက္႐ုိးေနၿပီျဖစ္သည္။ ထိုေၾကာင့္ မႏၱေလးရဲ႕ဆည္းဆာရိပ္ေရာင္နီေအာက္မွာ အၿပဳံး မ်က္ႏွာမ်ားကိုဖန္တီးကာ ပတ္ဝန္းက်င္ညစ္ညမ္းမႈမ်ားကို လ်စ္လ်ဴ႐ႈၿပီး စိတ္ညစ္ညမ္းမႈေတြကို သူတို႔တြန္းလွန္ခဲ့ၾကေလသည္။ နန္းခမ္းဖူးနဲ႔ နန္းခမ္မြန္းတ႔ို ရွမ္းျပည္ျပန္မည္ျဖစ္ပါသည္။ အမ်ိဳးသမီးေဘာ္ဒါေဆာင္ကေန ခြန္ေအာင္ခမ္းနဲ႔ နန္းခမ္းယြန္းတို႔က ဆိုင္ကယ္တစ္စီးစီေမာင္းၿပီးကားဂိတ္အထိလိုက္ပို႔သည္။ သူတို႔ေလးေယာက္ကို ေက်ာင္းကသူငယ္ခ်င္း ေတြကလည္း “ခမ္းအဖြဲ႔” လို႔ခ်စ္စႏိုးေခၚၾကသည္။

ကၽြဲဆည္ကန္ကားႀကီးကြင္းသြားတဲ့လမ္းက လမ္းေဘးတစ္ေနရာမွာခဏဆင္းၿပီး နန္းခမ္းယြန္းက ႏွင္းဆီ ပန္းလွလွ ေလးတစ္စည္း ဆင္းဝယ္သည္။ ေနာက္ကလိုက္စီးသည့္ နန္းခမ္းဖူးက အေၾကာင္းသိမို႔ ဘာမွမေျပာဘဲ လွတဲ့အပြင့္ ေတြကို ကူေရြးေပးလိုက္သည္။ ကားဂိတ္ေရာက္ေတာ့ နန္းခမ္းမြန္းက ေစာဒကတက္ၾကည့္သည္။

“နင္ကလည္း အျပန္က်မွေအးေအးေဆးေဆးဝယ္လို႔ရရဲ႕သားနဲ႔၊ ႀကံႀကံဖန္ဖန္ အခ်ိန္လုၿပီး ဝယ္ေနေသး တယ္”
“အျပန္မွာဝယ္လို႔မျဖစ္လို႔ေပါ့ဟ”
ေဘးမွာရွိေနသည့္ခြန္ေအာင္ခမ္းလည္းဝင္ေျပာၾကည့္ေလသည္။
“ယြန္း မင္းလည္းစိတ္ကူးယဥ္တတ္ေနၿပီလား၊ ႏွင္းဆီပန္းေတြေတာင္ ဝယ္တတ္ေနၿပီ”
“ဘယ္ကစိတ္ကူးယဥ္ရမလဲ၊ ငါႏွင္းဆီပန္းဝယ္လာတာ ၾကာလွၿပီ၊ နင္မသိလို႔ပါ”
“ဒါဆိုရင္ နင္စိတ္ကူးယဥ္လာတာ ၾကာၿပီေပါ့”
“စိတ္ကူးယဥ္ေနတာမဟုတ္ဘူး၊ အခုက တကယ္လက္ေဆာင္ေပးဖို႔ဝယ္တာ”
သူတို႔အခ်င္းခ်င္း တစ္ဦးမ်က္ႏွာတစ္ဦးၾကည့္ေနၾကသည္။ ၿပီးေတာ့ နန္းခမ္းမြန္းကေမးသည္။
“ေဟ၊ ငါတို႔ေတာင္မသိေသးပါလား၊ နင္တို႔ ဘယ္တုန္းကဘယ္လိုျဖစ္ၾကတာလဲ၊ အဲဒီလူကဘယ္သူလဲ”
“ဟဲ ဟဲ၊ ႐ႈပ္ကုန္ၿပီ၊ ဘာေတြေျပာေနတာလဲ”
“႐ႈပ္တာနင္ေလ”
ေဘးကရပ္ေနသည့္ နန္းခမ္းဖူးက သေဘာက်ၿပီး ၿပဳံးေနပါသည္။
“နင္ကဘာေတြ ရယ္ေနတာလဲ၊ နင္ေကာသိလား”
“သိတာေပါ့၊ အခ်ိန္မရွိေတာ့ဘူး၊ ကားေပၚေရာက္မွေျပာမယ္၊ ကားထြက္ေတာ့မယ္၊ ဟိုမွာခရီးသည္ေတြ ကားေပၚတက္ ကုန္ၿပီ”
“ေရာ့ ဖူး၊ ေရာက္ေအာင္ပို႔ေပးပါေနာ္၊ ငါႏွင္းဆီပန္းကိုအရမ္းႏွစ္သက္သည့္အေၾကာင္းကိုလည္းေျပာေနာ္၊ ဒီႏွစ္ငါမျပန္ ႏိုင္ေတာ့သည့္အေၾကာင္းကိုလည္းေသေသခ်ာခ်ာေျပာျပေပးေနာ္”
“ေအပါ၊ ငါေျပာေပးပါ့မယ္၊ နင္ကလည္း ဒီစကားကိုဘဲ ခဏခဏေျပာေနတာပဲ”
“ထူဆန္းလိုက္ခ်ဥ္လား၊ မွာတာကလဲ တစ္မ်ိဳးႀကီးပဲ၊ ဘယ္သူ႔ကိုေပးတာလဲ” ခြန္မ်ိဳးဝင္းက လွမ္းေမးသည္။
“ငါ့ အစ္ကိုပါ၊ နင္တို႔က မသိဘဲနဲ႔ အထင္မလြဲနဲ႔၊ ငါကနင္တို႔လို မဟုတ္တ႐ုတ္ေတြ မရွိေသးဘူး”
“ေအာင္းမာ၊ သူမ်ားကိုမ်ား မဟုတ္တ႐ုတ္တဲ့၊ ငါက နင္ထက္ပိုရွင္းတယ္” မ်ိဳးဝင္းကျပန္ေျပာသည္။
အခ်ိန္ကမရေတာ့ဘူးမို႔ ျငင္းခုံေနတာရပ္ၿပီး နန္းခမ္းဖူးနဲ႔နန္းခမ္းမြန္းတို႔ပစၥည္းေတြကို ဝိုင္းကူသယ္ေပးသည္၊ ကား ထြက္သြားေတာ့ လက္ျပႏႈတ္ဆက္ၾကသည္။ ဟိုႏွစ္ေယာက္ေတာ့က်န္ခဲ့ေလၿပီ။

ေဆာင္းေျပာင္းရြာအထိျပန္ရမွာဆိုေတာ့ လိြဳင္ေကာ္ကားနဲ႔ျပန္ရသည္။ အခုကသူတို႔ သိန္းသန္းကုေဋကားနဲ႔ ျပန္သည္။ ဒုတိယႏွစ္စာေမးပြဲေျဖၿပီးေတာ့ ရတနာပုံတကၠသိုလ္ကို ခဏႏႈတ္ဆက္ရသည္။ ေလးဦးလုံး အရြယ္လည္းတူ၊ အတန္းလည္းတူၾက သည္မိုိ႔ ပိုၿပီးခင္မင္ၾကပါသည္။ ခြန္ေအာင္ခမ္းက ဒီႏွစ္ မေကြးကသူ႔ရဲ႕ေယာကၤ်ားေလးသူငယ္ခ်င္းရြာ အလည္လိုက္ရမွာမို႔ မျပန္ျခင္း ျဖစ္ပါသည္။ သူကလည္း ေဆာင္းေျပာင္းရြာကပဲ၊ နန္းခမ္းမြန္းလည္း ေဆာင္းေျပာင္း ရြာကပဲ။ နန္းခမ္းဖူးနဲ႔ နန္းခမ္းယြန္းတို႔က ေတာင္မဲသင္းရြာကျဖစ္ပါသည္။ ေတာင္မဲသင္းရြာသူေလး ႏွစ္ေယာက္ရွိေပမယ့္ နန္းခမ္းယြန္းကမျပန္လို႔ နန္းခမ္းဖူးတစ္ေယာက္ တည္း ျပန္ရပါသည္။ နန္းခမ္းမြန္းရွိေသးလို႔ အေဖာ္ရသြားသည္။ မဟုတ္လွ်င္ တစ္ဦးတည္းျပန္ရမည္၊ တစ္ဦးတည္းျပန္ရင္ အဆင္မ ေျပပါ၊ ေတာင္မဲသင္းလမ္းခြဲမွာဆင္းရမွာမို႔ မနက္အ ေစာႀကီး(၃)နာရီေလာက္ေရာက္မွာဆိုေတာ့ ဘယ္သူမွေစာင့္မႀကိဳေပးႏိုင္၊ ေန႔ကားျပန္ေတာ့လည္း ညေန(၆)နာရီ (ရ) နာရီေလာက္မွာေရာက္တယ္ဆိုေတာ့လည္း မိုးခ်ဳပ္ေနၿပီမို႔အဆင္သိပ္မေျပ။ အခုက နန္းခမ္းမြန္းပါေတာ့ အဆင္ေျပ သည္။ ေစာလြန္းလည္းကိစၥမရွိ၊ ေနာက္က်ရင္လည္းကိစၥမရွိ၊ အိပ္ခ်င္ရင္ နန္းခမ္းမြန္းအိမ္မွာ ဝင္အိပ္လိုက္႐ုံသာ၊ လာႀကိဳသူမရွိရင္လည္း နန္းခမ္းမြန္းကို ပို႔ခိုင္းလိုက္႐ုံပဲ၊ အဆင္ေျပသည္။

မႏၱေလးၿမိဳ႕ကိုေက်ာ္ျဖတ္သည့္ကားေပၚကေနၿပီး လမ္းေဘး႐ႈခင္းကိုအားရပါးရၾကည့္ၾကသည္၊ အရင္တုန္းက ကားေပၚ ေရာက္ရင္ ရြာကိုေရာက္ခ်င္သည့္စိတ္ကကဲေနသည့္အတြက္ ေပ်ာ္သည္၊ လန္းဆန္းသည္။ အခုေတာ့ နန္းခမ္း ယြန္းပါမလာသည့္ အတြက္ တစ္ခုခုလြမ္းက်န္ခဲ့သလိုလိုျဖစ္ေနသည္။
“ေဟ ဖူး၊ ယြန္းက ဘာျဖစ္လို႔ သူ႔အစ္ကိုကို ႏွင္းဆီးပန္းဝယ္ေပးရတာလဲ၊ မႏၱေလးလက္ေဆာင္ ထိုးမုန္႔၊ ဧလ မုန္႔ေတြမဝယ္ဘဲနဲ႔ ဘာလို႔ႏွင္းဆီပန္းေတြဝယ္ေပးတာလဲ၊ သူ႔အစ္ကမွာလို႔လား”
“မမွာပါဘူး၊ သူေပးခ်င္လို႔ေပးတာပါ၊ သူတို႔ိမွာဇာတ္လမ္းေတြရွိတယ္ေလ”
“ဘယ္လို ဘယ္လို၊ ဇာတ္လမ္းေတြရွိတယ္ ဟုတ္လား၊ သူတို႔ေမာင္ႏွမေတြမွာ ဘယ္လိုဇာတ္လမ္းေတြလဲ၊ ေမာင္ႏွမအခ်င္းခ်င္းေတြေတာင္ႏွင္းဆီပန္းေတြေပးေနတယ္”
“မြန္း၊ နင္ဘာေတြေလွ်ာက္ေတြးေနလဲ၊ နင္သိေအာင္ငါေျပာျပပါ့မယ္ဟာ”
ၿပီးခဲ့သည့္ႏွစ္က တကၠသိုလ္ပထမႏွစ္ၿပီးေတာ့ သူတို႔ေလးေယာက္လုံးရြာျပန္သြားၾကတယ္၊ စာေမးပြဲလည္း ေလးေယာက္ လုံးေအာင္ၾကတယ္၊ ဒုတိယႏွစ္အတြက္ေက်ာင္းျပန္တက္ဖို႔ျပန္လာေတာ့ နန္းခမ္းယြန္းက ဘာအေၾကာင္းျပခ်က္မွမေပးဘဲ ေနာက္မွ သူဆင္းလာခဲ့မယ္လို႔ေျပာၿပီး မႏၱေလးကို ဆင္းမလာဘူး၊ နန္းခမ္းဖူးလည္းဖုန္းဆက္တယ္၊ ဖုန္းမကိုင္ဘူး၊ ေက်ာင္းတက္ၿပီးႏွစ္ပတ္ ၾကာမွ ေနာက္က်ၿပီးေရာက္လာ တယ္။ ျဖစ္ပုံကသူတို႔ရြာျပန္သည့္အခ်ိန္မွာပဲ မိဘစကားမ်ားၿပီးရန္ျဖစ္ၾကလို႔ျဖစ္ပါတယ္။ အေမနဲ႔ အေဖရန္ျဖစ္ၿပီးေတာ့ အေဖကရြာကေနထြက္သြားတယ္၊ နန္းခမ္းယြန္းတကၠသိုလ္ျပန္တက္မည့္အခ်ိန္အထိ အေဖကျပန္ေရာက္ မလာဘူး။ ဘယ္ကိုသြားမွန္းလည္းမသိဘူး။ အေမကလည္း သမီးတကၠသိုလ္တက္ဖို႔ ေငြလုံလုံေလာက္ေလာက္မရွာႏိုင္လို႔ နန္းခမ္း ယြန္းတကၱသိုလ္ထဲ ျပန္ေရာက္ရမည့္ အခ်ိန္ျပန္မေရာက္ႏို င္ရွာဘူး။ ေနာက္ဆုံးနန္းခမ္းယြန္းကဆုံးျဖတ္လိုက္တယ္၊ ဒီႏွစ္အလုပ္ လုပ္မယ္၊ ေငြရွာမယ္၊ ေနာက္ႏွစ္မွ ျပန္တက္မယ္ေပါ့။ အဲဒီလိုဆုံးျဖတ္လိုက္ေတာ့ သူ႔အစ္ကိုကလက္မခံဘူး။ ဒီႏွစ္သူ႔ညီမေလး ေက်ာင္း တက္ကိုတက္ရမည္ဆိုၿပီးေတာ့ ရြာမွာေငြလိုက္ေခ်းၿပီးေပးလိုက္သည္။ နန္းခမ္းယြန္းလည္း ဒီႏွစ္မတက္ ေတာ့ဘူးလို႔ အတန္ တန္ျငင္းသည္။ အစ္ကိုကသေဘာမတူဘဲ အတင္းတက္ခိုင္းလို႔တက္လိုက္ရသည္။ ေက်ာင္းတက္ေတာ့ ေငြကိုေခၽြတာ သုံးလိုက္ရ တယ္။ အစ္ကိုကမရွိသည့္ၾကားက ရွာႀကံၿပီးေငြပို႔ေပး ရတာကိုသိလို႔ နန္းခမ္းယြန္းက မလိုအပ္ပဲေငြမသုံးရဲဘူး။ ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့နဲ႔ေက်ာင္း တက္ၿပီး ေခၽြတာရတယ္။ ဒီႏွစ္ေက်ာင္းၿပီးေတာ့ ရြာျပန္ခ်ိန္မွာလည္း ရြာမျပန္ဘဲဓာတ္ဆီ ဆိုင္တစ္ဆိုင္မွာအလုပ္ဝင္လုပ္တယ္၊ ဝင္ေငြေလးဘာေလးရေအာင္လို႔တဲ့။ ေငြပို႔ေပးတဲ့အစ္ကိုကိုလည္းအားနာလို႔တဲ့။

နန္းခမ္းဖူးကဇာတ္လမ္းအရွည္ႀကီးကိုေျပာရင္းဆိုရင္း သေျပဝေရာက္ေနၿပီျဖစ္ည္။ နားခ်ိန္ ခရီးသည္ေတြ အားလုံး ဆင္းရ တာမို႔သူတို႔လည္းေအာက္ဆင္းလိုက္ေလသည္။ ေအာက္ေရာက္ေတာ့လည္း စားေသာက္ ဆိုင္ထဲမဝင္ေတာ့ဘဲ လမ္းေလွ်ာက္ေနၾက သည္။ သူတို႔ေတြအတူတူသာေနၾကတာ မိသားစုအေၾကာင္းနဲ႔ ပတ္သက္လို႔ ေမးျမန္းၾကတာလည္းမရွိၾကဘူး။ သိလည္းမသိၾကဘူး။

ဘယ္တုန္းကမွသူမ်ားအေၾကာင္းကိုစိတ္မဝင္းစားတတ္ေသာ နန္းခမ္းမြန္းက နန္းခမ္းယြန္းအေၾကာင္းကို အေသးစိတ္ေမးေနသည္။
“ဒါဆိုရင္သူတို႔ေမာင္ႏွမေတြက ေတာ္ေတာ္ခ်စ္ၾကတာပဲေနာ္”
“ခ်စ္တာကေတာ့ ေျပာမေနနဲ႔၊ သူ႔ညီမေလးအတြက္ဆိုၿပီး သူ႔အစ္ကိုလည္းႀကဳံရာအလုပ္ အကုန္လုပ္တယ္ လို႔ ၾကားတယ္၊ ယြန္းကလည္း ေငြရွာေနရတဲ့ သူ႔အစ္ကိုသနားလို႔ တဲ့ ေငြမျဖဳန္းရဲရွာဘူး၊ တကၠသိုလ္ ေက်ာင္းသူလို႔သာေျပာတာ သူကဲေနတာ နင္ ဘယ္တုန္းကေတြ႕ဖူးလို႔လဲ”
“ေအ၊ ဟုတ္တယ္ေနာ္၊ သူတို႔ေမာင္ႏွမက ႏွစ္ေယာက္ပဲရွိတာလား”
“ႏွစ္ေယာက္မကဘူး၊ ငါးေယာက္ရွိတယ္၊ သူ႔ကိုေက်ာင္းအတင္းတက္ခိုင္းသည့္အစ္ကိုက အႀကီးဆုံးေပါ့၊ ေနာက္ဘုရား ႀကီးတိုက္ထဲမွာ ဗုဒၶတကၠသိုလ္တက္ေနသည့္ဦးဇင္းတစ္ပါးရွိတယ္၊ အဲဒါလည္းသူ႔အစ္ကိုပဲ၊ နင္လည္း သိမွာပါ သူအားရင္ဦးဇင္းဆီ သြားေနက်ပဲေလ၊ အဲဒီဦးဇင္းကသူ႔အစ္ကိုအရင္းပဲေပါ့။ ေနာက္ညီမေလးႏွစ္ေယာက္ရွိေသးတယ္၊ တစ္ေယာက္က ဆယ္တန္း၊ တစ္ေယာက္က ရွစ္တန္း၊ အဲဒါကသူတို႔ေမာင္ႏွမအေၾကာင္း၊ ေနာက္နင္ဘာသိခ်င္ေသးလဲ၊ ေမးစရာေတြရွိေသးလား”
“မရြက္ပါနဲ႔ဟာ နင္ကလဲ၊ ေမးစရာမရွိပါဘူး၊ သူတို႔ကိုအားက်လိုက္တာ၊ ေတာ္ေတာ္ခ်စ္ၾကတာပဲ၊ ငါလည္း အဲလိုခ်စ္ၾကည့္ လိုက္ခ်င္တယ္၊ သူတို႔လိုျဖစ္ရင္သိပ္ေကာင္းမွာပဲ”
“အ႐ူးမ၊ နင္ဒုကၡေရာက္ခ်င္ေနတာလား”
သူမ်ားဒုကၡေရာက္ေနတာကို ကူညီဖို႔မစဥ္းစားပဲ သူမ်ားလိုလိုက္ဒုကၡေရာက္ခ်င္ေနသလိုလိုနဲ႔ေျပာေနသည္။ ကားျပန္ထြက္ေတာ့မွာ မို႔ ကားေပၚျပန္တက္ၾကသည္။
ကားေပၚေရာက္ေတာ့လည္း နန္းခမ္းမြန္းမွာ ေမးခြန္းေတြပိုမ်ားလာသည္။ နန္းခမ္းယြန္းနဲ႔တစ္ရြာသူ ခ်င္းျဖစ္ သည့္ နန္းခမ္းဖူးကလြဲရင္ အျခားေမးရမည့္သူကို ရွာလို႔မေတြ႔။
“ဖူး၊ ယြန္းက ဘာျဖစ္လို႔သူ႔အစ္ကိုကို ႏွင္းဆီပန္းေပးရတာလဲ၊ နင္ေျပာတဲ့သူတို႔ဇာတ္လမ္းက ဘာလဲ”
“အဲဒါက ငါ့ဆီမွာ သူဓာတ္ပုံ႐ုိက္ၿပီးပို႔ေပးထားတဲ့စာရွိတယ္၊ သူ႔အေကာင့္ပ်က္သြားရင္ ျပန္ရွာလို႔ လြယ္ေအာင္လို႔ ငါ့ကိုလည္းသိမ္း ခိုင္းထားတာ၊ နင္ဖတ္ၾကည့္ေလ သိခ်င္ရင္၊ ေရာ့ ဒီမွာ”
“ေအာ္ စာပါလား”
“ဟုတ္တယ္၊ သူ႔အစ္ကိုေရးတဲ့စာေပါ့”

ညီမေလး ဘယ္ေရာက္ေနလဲ 

ညီမေလး ဘယ္ေရာက္ေနလဲ၊ ညီမေလး မွတ္မိေသးလား၊ ညီမေလးက “ႏွင္းဆီပန္းကဆူးမ်ားတယ္ မႀကိဳက္ဘူး” ေျပာလို႔ “ႏွင္းဆီပန္းက ဆူးမ်ားၾကားမွာ ထိုးထြက္ၿပီးသူ႔အလွကိုသူဖန္တီးၿပီး ေလာကႀကီးကို အလွဆင္တယ္၊ ညီမေလးလည္း တကယ္သတၱိရွိတယ္ဆိုရင္ ႏွင္းဆီပန္းလို ေလာကဓံဆူးမ်ားၾကားမွာ ထိုးထြက္ႏိုင္ေအာင္ႀကိဳးစားပါ” လို႔အစ္ကိုေျပာေတာ့ ညီမေလးက ႏွင္းဆီပန္းကို ပန္ခဲ့တယ္ေလ။

ညီမေလး ဘယ္ေရာက္ေနလဲ၊ ညီမေလး သိရဲ႕လား၊ ညီမေလးပန္ခဲ့သည့္ ႏွင္းဆီပန္းက ေျခာက္ေသြ႔သြားေတာ့ စားပြဲခုံ ေပၚမွာ ေမ့က်န္ခဲ့တာေလ၊ အဲဒီႏွင္းဆီပန္းေျခာက္ေလးကို ယူၿပီး အေဖကေျပာတယ္၊ “သမီးမရွိသည့္အခ်ိန္ ဒီႏွင္းဆီပန္း ေလးဟာ သမီးရဲ႕ကိုယ္စားအိမ္မွာရွိေနပါေစ” ဆိုၿပီး မွတ္တမ္းစာအုပ္ၾကားမွာသိမ္းထားခဲ့တယ္။ 

ညီမေလး ဘယ္ေရာက္ေနလဲ၊ ညီမေလးကို ေျပာျပဦးမယ္၊ ဘယ္တုန္းကမွစာဖတ္ေလ့မရွိတဲ့အေမက ႏွင္းဆီပန္းေျခာက္ ရွိသည့္ မွတ္တမ္းစာအုပ္ကို ခဏခဏလွန္ၾကည့္ၿပီး စာဖတ္ဖို႔ႀကိဳးစားေနရွာတယ္။
ညီမေလး ဘယ္ေရာက္ေနလဲ၊ အေဖကေျပာတယ္ “သမီးကိုေျပာတာ သမီးကိုမယုံၾကည္လို႔မဟုတ္ပါဘူး၊ ေက်ာင္းမၿပီး ေသးဘဲ ဘဝခရီးလမ္းေပၚေလွ်ာက္လွမ္းေနေတာ့ အခက္အခဲမ်ားကိုမေက်ာ္ျဖတ္ႏိုင္မွာကိုဘဲ စိုးရိမ္မိတယ္” တဲ့။ 

ညီမေလး ဘယ္ေရာက္ေနလဲ၊ အေမကေျပာတယ္ “သမီးကိုဆူတာ သမီးအမွားေတြလုပ္မိမွာကို ေၾကာက္လို႔ မဟုတ္ပါ ဘူး၊ ျပန္ျပင္လို႔မရတဲ့အမွားကို သမီးက်ဴးလြန္မိမွာစိုးလို႔ပါ” တဲ့။ 

ညီမေလး ဘယ္ေရာက္ေနလဲ၊ ညီမေလး ျပန္လာခဲ့ပါလို႔အစ္ကို မေျပာခ်င္ဘူး၊ ညီမေလးထြက္ေျပးခ်င္တယ္ဆိုရင္ မိုးကုတ္စက္ဝိုင္းရဲ႕ဟိုအစြန္းတစ္ဘက္အထိ သြားခ်င္လည္းသြားပါ၊ အစ္ကိုတို႔ ျပန္ဆုံႏိုင္တဲ့တစ္ေန႔က်ရင္ ညီမေလးေျပာ ျပမယ့္ မိုးကုတ္စက္ဝိုင္းရဲ႕ဟိုအစြန္းတစ္ဘက္မွာဘာေတြရွိတယ္ဆိုသည့္အေၾကာင္းကိုပဲ အစ္ကို ၾကားခ်င္ပါတယ္။
ညီမေလး ဘယ္ေရာက္ေနလဲ၊ ညီမေလးအေဝးဆုံး၊ အျမင့္ဆုံးေနရာထိေရာက္ေအာင္ပ်ံသန္းလိုက္ပါ၊ အေတာင္ပံေတြ ေညာင္းလို႔ ေရွ႕ခရီးဆက္ဖို႔အင္အားမရွိေတာ့တဲ့အခ်ိန္က်ရင္ ႏွင္းဆီေျခာက္ေလးတစ္ပြင့္နဲ႔ အစ္ကိုတို႔မိသားစုဝင္မ်ား အားလုံး ညီမေလးကိုေစာင့္ေနတယ္ဆိုတာကိုလည္းမေမ့ပါနဲ႔။ 

ညီမေလး ဘယ္ေရာက္ေနလဲ၊
ညီမေလး ဘယ္ေရာက္ေနလဲ၊
ညီမေလး ဘယ္ေရာက္ေနလဲ၊ သတင္းပို႔ပါဦး၊ အားလုံးကေစာင့္ေမွ်ာ္ေနပါသည့္အေၾကာင္း။ 


အေဝးေရာက္ညီမေလး နန္းခမ္းယြန္းသို႔ --------------------------------
------------------------------------ခ်စ္ေသာအစ္ကိုနဲ႔ မိသားစုမွ။ ။






စာဖတ္ၿပီးေတာ့မွနန္းခမ္းယြန္းကဘာလို႔ႏွင္းဆီပန္းပန္ေနသည္ဆိုတာကိုလည္းသိရေတာ့သည္။ ဒါေၾကာင့္မို႔ သူ႔အစ္ကို အတြက္ႏွင္းဆီပန္းပို႔ေပးသည္ဆိုတာကိုလည္းသိရပါသည္။ နန္းခမ္းဖူးကို ဖုန္းျပန္ေပးၿပီးေတာ့ နန္းခမ္းယြန္း အေၾကာင္းကိုပဲေတြး မိေနသည္။ ေတြးရင္းေတြးရင္းနဲ႔အေၾကာင္း အရာေတြကပို႐ႈပ္လာေလေလျဖစ္ေနသည္။

“ဖူး၊ ဘာျဖစ္လို႔ ဒီစာေရးရတာလဲ၊ ယြန္းက ထြက္ေျပးတာမွမဟုတ္တာ၊ ေက်ာင္းတက္ေနတာကို”
“အရင္ေႏြရာသီ၊ ႏွစ္လယ္အားလပ္ခ်ိန္တုန္းက ယြန္းက ရြာလည္းမျပန္ဘူး၊ ဖုန္းလည္းပိတ္ထားလိုက္တယ္၊ စားေသာက္ ဆိုင္တစ္ဆိုင္မွာ စားပြဲထုိုးသြားလုပ္ၿပီး ပိုက္ဆံရွာတာေလ၊ အိမ္ကမိသားစုေတြသိရင္ တားမွာကိုသိလို႔ အဆက္အသြယ္ျဖတ္လိုက္ တာ၊ အဲဒါကို အိမ္ကထြက္ေျပးတယ္၊ ေက်ာင္ထြက္လိုက္ တယ္ၾကားလို႔ အစ္ကိုကဒီစာကို ေရးၿပီးပို႔လိုက္တာ”
“အဆက္အသြယ္ျဖတ္တယ္္ဆို၊ ဘယ္လိုပို႔တာလဲ”
“ဘုရားႀကီးတိုက္မွာ ယြန္းအစ္ကိုုဦးဇင္းတစ္ပါးရွိတယ္ေလ၊ ဦးဇင္းဆီပဲပို႔လိုက္တာ၊ ဦးဇင္းဆီမွာ ယြန္းလာမွာကို သိတယ္ ေလ၊ စာပို႔ၿပီး တစ္လေက်ာ္ၾကာမွ ဦးဇင္းဆီသြားမွဘဲ ယြန္းလည္းဒီစာကိုရတာပါ”
“သူအေဖနဲ႔သူအေမ ေျပာတာလည္းပါတယ္ေနာ္၊ သူ႔အေဖနဲ႔အေမက သူ႔ကိုမၾကည့္ဘူးမဟုတ္ဘူးလား၊ သူ႔အစ္ကိုက စာထဲမွာမိဘေတြသူ႔ကိုစိုးရိမ္ေနသည့္ပုံေတြေရာ ေရးထားတာပဲ”
“အဲဒါေတာ့ ငါလည္းမသိဘူး၊ ဒီအေၾကာင္းကိုသူလည္းဘာမွမေျပာဘူး၊ မိဘေတြကိုစိတ္နာမွာဆိုးလို႔ သူ႔အစ္ကိုက ဒီလိုေရးလိုက္တာလား၊ ဒါမွမဟုတ္သူတို႔မိသားစုက ျပန္ၿပီးအဆင္ေျပသြားၿပီလား၊ ရြာေရာက္ ရင္ေတာ့ သိရမွာပါ”
“သူ႔မိဘအေၾကာင္းေကာ ယြန္းဘာမွမေျပာဘူးလား”
“သူလည္းေသခ်ာမသိဘူးလို႔ေျပာတာပဲ၊ ျပန္လာရင္ သိသေလာက္သူ႔မိသားစုအေၾကာင္းျပန္ေျပာျပေပးပါ လို႔ေတာင္ ေျပာေသးတယ္”
“ဒီအေၾကာင္းေတြကလည္း စဥ္းစားေလ ပိုေဝဝါးေလပါလား”
“ဒီအေၾကာင္းကို ငါတို႔ရဲ႕ကိုယ္ေရးကိုယ္တာကိစၥမဟုတ္သည့္အတြက္ အတင္းေမးမိရင္ သူတို႔ကိစၥကို ဝင္ေရာက္ စြက္ဖက္ေနသလိုျဖစ္သြားမယ္၊ ငါတို႔သိထားတဲ့အေၾကာင္းအရာေလးက ထရံေပါက္ကေန ေခ်ာင္းၾကည့္လို႔ ျမင္ရတဲ့ျဖစ္ရပ္ကေလး ေလာက္ပဲရွိတယ္၊ သိတာကနည္းနည္းကေလးပါ၊ တကယ္နည္း နည္းေလးပါ၊ ေသေသခ်ာခ်ာမသိပါဘူး။ ေသခ်ာတဲ့ျဖစ္ရပ္ေတြကို ေတာ့ ကာယကံရွင္ေတြကိုယ္တိုင္ပဲ သိမွာပဲ။ သူတို႔မွာလည္း နားမလည္ႏိုင္သည့္အရာေတြေတာင္ ရွိခ်င္ရွိဦးမွာ”
“မေလး ေျပာတတ္လိုက္တာ၊ ထရံေပါက္ ဟုတ္လား”
“ဟုတ္တယ္၊ ထရံေပါက္ ပါပဲ၊ ထရံေပါက္ကေန ေခ်ာင္းၾကည့္ေနတဲ့သူက မဆိုင္တဲ့သူပါ၊ ေဘးကလူပါ၊ ဝင္ပါခြင့္မရွိတဲ့ သူေတြပါ၊ ျဖစ္ရပ္ေတြအားလုံးကိုမျမင္ႏိုင္သည့္သူေတြပါ၊ အဲဒါေၾကာင့္ဒီထရံေပါက္က ေနျမင္တဲ့ ျမင္ကြင္းေလာက္နဲ႔ ျပည့္စုံတယ္လို႔ ေျပာလို႔မရဘူး”
“ေအပါ၊ ယြန္းေတာင္ေသခ်ာမသိမွေတာ့ ငါတို႔ကဘယ္လိုလုပ္ၿပီး အကုန္သိႏိုင္မွာလဲ”
ဒီလိုနဲ႔အိပ္မေပ်ာ္ဘဲ ကားေပၚမွာအခ်ိန္ကုန္သြားေလသည္။
မနက္အေစာႀကီး သုံးနာရီေက်ာ္မွာ ေဆာင္းေျပာင္းေရာက္ သြားေတာ့ ကားေပၚကဆင္းလိုက္သည္။ လာႀကိဳသည့္နန္းခမ္းမြန္းရဲ႕အစ္ကိုႏွစ္ေယာက္ေနာက္မွာ လူတစ္ေယာက္ကပ္ပါလာသည္ ကုိေတြ႔ရပါ သည္။ ဦးထုပ္နဲ႔သူႀကီးေပါ့၊ မွတ္မိတာေပါ့၊ အဲဒါက နန္းခမ္းယြန္းရဲ႕အစ္ကိုပဲ။
“ယြန္းမပါဘူးလား”
“မပါဘူး၊ ႏွင္းဆီပန္းေတာ့ပါတယ္”
နန္းခမ္းယြန္းအစ္ကိုက နန္းခမ္းယြန္းျပန္လာတယ္ထင္လို႔ မေန႔ညကတည္းကေရာက္ေနတယ္လို႔ ႔ေျပာပါတယ္၊ နန္္းခမ္း ယြန္းကိုလာႀကိဳဖို႔။ နန္းခမ္းယြန္းက အလုပ္လုပ္ေနတယ္၊ အဆင္ေျပတယ္၊ မျပန္ျဖစ္သည့္အေၾကာင္းကိုေျပာေတာ့ အစ္ကိုကလဲ ဘာမွမျဖစ္သလိုဘဲေနေနသည္။ ေနာက္ဂတိတစ္ခု ေတာင္းေလသည္ နန္းခမ္းယြန္းအေဖကအခုထိအိမ္မွာမရွိေတာ့ဘူး၊ အေဖမရွိ ေတာ့သည့္အေၾကာင္းကို နန္းခမ္းယြန္းကိုမေျပာဖို႔ျဖစ္ပါသည္။ အဲဒီအေၾကာင္းကိုနန္းခမ္းယြန္းသိရင္စိတ္ထိခိုက္မွာစိုးလို႔ ႀကိဳတင္ လာေစာင့္ေနတာတဲ့။

နန္းခမ္းဖူးနဲ႔နန္းခမ္းမြန္းတို႔ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ ၿငိမ္ေနရရွာပါသည္။ သူတို႔ထရံေပါက္က ေခ်ာင္း ၾကည့္လို႔သိခဲ့ရသည့္ျဖစ္ရပ္ေလးတစ္ခုသည္ တကယ္ကို႐ႈပ္ေထြးေနေလသည္။ ဘယ္သူကတရားခံလဲ၊ ဘယ္သူကေပးဆပ္သူလဲ၊ ဘယ္သူကခံစားခြင့္ရွိသူလဲဆိုတာ သူတို႔မေဝခြဲႏိုင္ပါဘူး၊ မန္းၿမိဳ႕တကၠသိုလ္ႀကီးမွာတက္ေရာက္ေနသည့္ ေက်ာင္းသူတစ္ဦး၏ ဘဝသည္ မေခ်ာေမြ႔ခဲ့သည္ကိုသူတို႔ သိလိုက္ရပါသည္။ သို႔ေသာ္ထိုေက်ာင္းသူေကာင္မေလးသည္ ဆူးမ်ားနဲ႔ျပည့္နက္ေနသည့္ ေလာကဓံခရီး လမ္းၾကမ္းၾကမ္းထဲမွာ ႏွင္းဆီပန္းလို႔ လွပေအာင္ သူ႔ဘဝကိုသူထုဆစ္ေနသည္။ ႏွင္းဆီပန္းလို ဆူးေတြ ၾကားမွာ သူေအာင္ပြဲခံႏိုင္သည့္ ပန္းတစ္ပြင့္အျဖစ္သူ႐ုန္းကန္ေနပါသည္။ ထိုအေၾကာင္းကို ထရံေပါက္က ေခ်ာင္းၾကည့္ေနေသာေကာင္မ ေလးတို႔က သိေနၾကပါသည္။ ။

  ခြန္ေနဝင္းေအာင္(ဖယ္ခုံ)

(၄ ႀကိမ္ေျမာက္ ခမ္းရတနာ ႏွစ္ပတ္လည္မဂၢဇင္းမွ)

မွတ္ခ်က္။ ဤဝတၳဳသည္ ရတနာပုံတကၠသိုလ္ သို႔ ေက်ာင္းတက္ေနေသာ နန္းေရႊခမ္း အေၾကာင္းကို အေျခခံ၍ ေရးထားပါသည္။


No comments:

Post a Comment