ဘီလူးချောင်းပြောသောနေ့တစ်နေ့ အခန်း(၄)
စာမေးပွဲ
စာမေးပွဲက တစ်ပေါင်းလ လဆန်းပိုင်းမှာကျင်းပပါသည်။ စာမေးပွဲသည် နောက်အတန်းကိုတက်ဖို့ ပေါင်းကူးပေးသည့်အရာတစ်ခုဖြစ်သည်ကို စာသင်သားတိုင်းနားလည်ကြပါသည်။ သို့သော်သူတို့မှာ ယုံကြည်မှုကိုယ်စီရှိကြပါသည်။ စာမေးပွဲနီးလာသည်မို့စာပိုလုပ်ကြတယ်လို့ သူတို့လေးပါးကြားမှာ ပိုကျိုးစား တာမျိုးမရှိဘူး၊ ပုံမှန်အတိုင်းပဲဖြစ်သည်။ သူတို့ကပုံမှန်သွားနေသလိုပဲ ရှင်တေဇောဘာသကလည်းပုံမှန် အတိုင်း ဖျားပေးနေလျက်ရှိပါသည်။ သူတို့သုံးဦးကဒိုင်ခံပြုစုပေးသည်။ ထိုကိုပြဿနာလို့သူတို့မထင်ကြပါ ဘူး။ သူတို့ကြားမှာဒါက လုပ်ရိုးလုပ်စဉ်အလုပ်တစ်ခုဖြစ်သွားလေပြီ။ ဆွမ်းစားကျောင်းဝေယျာဝေစ္စအလှည့် မကျသည့်နေ့တွေဆိုရင် နေ့ဆွမ်းစားပြီးအနားမယူခင်နာရီဝက် သို့မဟုတ် လေးဆယ့်ငါးမိနစ်ဝန်းကျင် လောက်မှာသူတို့အဖွဲ့ ရုပ်တွက်လေ့ရှိသည်၊ ရုပ်မတွက်ရင် ပုစ္ဆာတိုက်ကြပါသည်။
စာအံကျောင်းပေါ် ရှင်တေဇောဘာသက ပုစ္ဆာဟောင်းတွေကြည့်နေသည်။ ထိုအချိန်ရှင်ကဝိဓဇ ရောက်လာသည်။
“ဘာတွေထူးသေးလဲ”
“ဘာမှမထူးပါဘူး၊ ပုစ္ဆာတွေကသိပ်မခက်သလိုပဲ”
ရှင်ကဝိဓဇ ကြည့်ပြီးသားတွေလိုက်ကြည့်သည်။ “တေဇော ထူးသလိုလိုတော့ရှိတယ် ဒီမှာ”
“ဘာတွေထူးလို့လဲ”
“ဒီမှာ ဓာတ်ပစ္စည်းခွဲတာ ဘယ်သူကအဖြေပေးထားတာလဲ၊ ကေလာယတိ ကို ကိလဓာတ်၊ ဂိလာယတိကိုဂိလဓာတ်တဲ့ အလွယ်တကူတွေလျှောက်လုပ်နေလို့”
“မဟုတ်လို့လား၊ ဒါဆိုဘာဓာတ်လဲ”
“ဒီပြယှဂ်တွေက ဧကာရန္တဓာတ်တွေလေ၊ ကေလာယတိက ကေလေဓာတ်၊ ဂိလာယတိက ဂိလေဓာတ်ပါ၊ ဓာတုဿန္တောလောပေါ နေကဿရဿသုတ်ရဲ့ ကွစိသဒ္ဒါကတာမြစ်ထားတဲ့ပြယှဂ် တွေလေ၊ ဓာတ်အဆုံးဧသရတွေကိုလည်းမချေရတဲ့ယှဂ်တွေလေ”
“အေ ဟုတ်သားပဲ၊ ဘယ်သူဖြေထာလဲမသိဘူး၊ တပည့်တော်လည်းသတိမထားမိဘူး၊ ဒီတိုင်းပဲ ဖတ်သွားတာ”
သူတို့ဝိုင်းကအခြားအတန်းဖော်တွေရော ခုနှစ်ပါးလောက်ပုစ္ဆာတိုက်နေတုန်း၊ ရှမ်းဦးဇင်းရောက်လာ သည်။ သူတို့ပြောဆိုဆွေးနွေးနေသည့်အသံကိုကြားလေသည်။ ပြုံးပြီးဝင်ပြောလေသည်။
“သယ်ဟုတ်ပါလား၊ စာတွေမြင်သားပဲ၊ စကားကြီးစကားကျယ်ပြောသည့်ကိုရင်တွေ ဒီနှစ်မအောင် ရင် တွေ့မယ်နော်၊ နောက်နှစ်ကြမ်းမယ် လုပ်ထား”
“အေးဆေးပါဘုရား၊ နောက်နှစ်ဘုန်းကြီးနဲ့မတွေ့ချင်တော့ဘူး၊ အပြတ်ရှင်းတော့မယ်ဘုရား”
“အေ ပြောထား၊ မအောင်ရင်တုတ်နဲ့တွေမယ်နော်”
ပြောရင်းနဲ့ပဲ ဘုရားအနောက်ခန်းဆီဝင်သွားလေသည်။ ဆရာနဲ့တပည့်ပြောနေကျစကားပင်ဖြစ် သည်။ အပေါ်ယံကြည့်လျှင်ပေါ့ပျက်ပျက်စကားပင်ဖြစ်သည်။ သို့သော်ဒီစကားတို့နဲ့ဆရာနဲ့တပည့်ကြားမှာ ရင်းနှီးမှုပေါင်းကူးတစ်ခုအဖြစ်သူတို့အသုံးပြုကြလေသည်။ ဆရာနဲ့တပည့်၊ မိဘနဲ့သားသမီး၊ လူငယ်နဲ့လူကြီး ကြားတွေမှာဒီလိုစကားတွေ၊ရင်းနှီးမှုယဉ်ကျေးမှုတွေ တည်ဆောက်ဖို့လူကြီးတွေ စကားရှာပြီး ကမ်းလှမ်း ပြောလေ့ရှိကြပါသည်။ လူငယ်တွေလည်းဒီလိုစကားကိုလှိုက်လှိုက်လှဲလှဲတုန့်ပြန်ဖို့အသင့်ရှိနေပါသည်။ ဒါကတောင်တန်းပေါ်ကယဉ်ကျေးမှုတစ်ခုပင်ဖြစ်ပါသည်။
စာမေးပွဲအောင်စာရင်းထွက်လာတော့ ဒုတိယတန်းတစ်တန်းလုံးမှာ(၆)ပါးသာအောင်ပါသည်။ မွေတော်ကျောင်းမှာနှစ်ပါးသာအောင်လေသည်။ ရှင်သုန္ဒရနဲ့ရှင်သုစိတ္တတို့ဖြစ်ပါသည်။ သူတို့လေးပါးလုံးကျ သွားကြပါသည်။ လေ့ကျင့်ခဏ်းစာမေးပွဲတွေအပါအဝင်ဘယ်စာမေးပွဲကိုမှမကျခဲ့ဖူးသည့် သူတို့လေးပါးလုံး အခုတော့အတူတူကျကြပါသည်။ အတူတူကျလို့လားမသိဘူး၊ ဘယ်လိုမှမခံစားရဘူး။ စာမေးပွဲကျနေကျ ဖြစ်သည့်စာသင်သားတွေလို မျက်နှာတွေကပုံမှန်အတိုင်းပင်၊ တော်တော်ရင့်ကျက်နေကြပါသည်။ ဘယ်လို ဖြစ်လို့ဖြစ်မှန်းမသိ စာမေးပွဲကမထင်ဘဲကျသွားလေသည်။ စာမေးပွဲပြီးတော့ညဘုရာရှိခိုးအပြီးမှာ ဆရာတော်ကသြဝါဒပေးသည်။ “အခြေပြုတန်း(ဒုတိယတန်း)ကကိုရင်တွေတော်တော်ညံ့တယ်၊အသုံးကိုမကျဘူး”ဟုမိန့်လေသည်။ သြဝါဒ ပေးသည့်အထဲမှာဥပမာပါမိန့်လေသည်။ “စွာစွာနဲ့ကိုရင်တွေတစ်ပါးမှမအောင်ဘူး၊ လေပဲကျယ်နေတယ်၊ ဘာမှမဟုတ်ကြဘူး။ ရှင်သုန္ဒရကိုကြည့်ပါလား တိတ်တိတ်လေးနဲ့စာမေးပွဲအောင်သွားတယ်။ လေလည်ရင် အသံကျယ်တဲ့လေကအနံ့မရှိဘူး၊ အသံမကြားတဲ့လေက အနံ့ကပိုနံတယ်။ အဲဒီလိုပဲ ဒီနှစ်အခြေပြုတန်းက ကိုရင်တွေက အသံကျယ်တဲ့လေနဲ့အသံတိတ်လေတွေပဲ” ဟုမိန့်လေသည်။ ဘုရားဝတ်တက်ပြီး သြဝါဒ ပေးတာလည်းပြီးပြီမို့ အောက်ဆင်းသွားသည့်အခါ ငိုအားထက်ရီအားကပိုသန်လေသည်။
မြို့နယ်စာမေးပွဲမအောင်ပေမယ့် အစိုးရစာမေးပွဲအောင်ရင်အတန်းတက်ရမှာမို့ အစိုးရစာမေးပွဲ အတွက် လေးပါးလုံးစာပိုကျိုးစားလာကြသည်။ စာပိုကျိုးစားကြသဖြင့် အရင်လိုနားနားနေနေပေါက်တတ် ကရစကားတွေလည်း သိပ်မပြောဖြစ်တော့ဘူး။ နောက်တစ်ခုထူးခြားတာကတော့ ရှင်တေဇောဘာသ လည်း မဖျားတော့ဘူး၊ နေ့ရောညပါ တစာစာဖြစ်နေရှာပါပြီ။ ရှင်တေဇောဘာသမဖျားတော့လို့ သူတို့လေး ပါးသီးသန့်တွေ့သည့်အချိန်လည်း သိပ်မရှိသလိုဖြစ်သွားလေသည်။ အစိုးရစာမေးပွဲကို ဖယ်ခုံမြို့၊ နတ်တော ကျောင်းမှာဖြေရပါသည်။ အဖွဲ့လိုက်ကားနဲ့သွားကြ၍ ပျော်ပျော်ပါးပါးနဲ့သွားကြပါသည်။ နတ်တောကျောင်း ရောက်တော့ ကျောင်းတိုက်ကြီးအပေါ်ထပ်မှာစာဖြေရပါသည်။ ကျောင်းတိုက်၏အောက်ထပ်မှာအိပ်ရပါ သည်။ ကိုယ့်စာကိုယ်ကျက်ပြီးနေကြသည်။ ညနေဆိုရင် ရေနွေးလာကပ်သည့်ဝေယျာဝါစ္စအဖွဲ့လည်းရှိပါ သည်။ စာကျက်ရင်းဗိုက်ဆာနေလျှင် ထန်းလျက်ခဲထဘုန်းပေး၊ ရေနွေးလေးသောက်ကြ၍ စာသင်သားများ အတွက် အဆင်ပြေသွားလေပါသည်။
သင်္ဂြု ိဟ်ဖြေဆိုပြီးသည့်ည၊ မနက်ဖြန်တိကမာတိကာ(ညဝါ)ဖြေဖို့စာကြည့်ရင်း ရေနွေးသောက်ရင်း နဲ့ အမှတ်မထင်ဖြစ်ရပ်လေးတစ်ခုထဖြစ်သွားပါသည်။ ရှင်တေဇောဘာသက တိတ်မုတ်ထုတ်ရသည့်တိတ် တွေကိုမေးလေသည်။
ရှင်ကဝိဓဇကလည်း စာကြည့်နေ၍ “မသိဘူးကွာ၊ ကိုယ့်ဟာကိုယ်ရှာကြည့်”ဟုပြောလေသည်။
ကြားထဲကနေရှင်ဝိမလကလည်းဝင်ပြောလေသည် “ဒါလေးမေးတာကို ဘာဖြစ်လို့ပေနေတာလဲ၊ ဖြေလိုက် တာမဟုတ်ဘူး”
“မဖြေချင်လို့ကွာ” လို့ ရှင်ကဝိဓဇကပြောသည်။
“အသာနေစမ်းပါ၊ ကိုယ်စာကိုယ်ကြည့်နေ၊ ဘာလို့စကားတွေလာများနေတာတုန်း” ဟု ရှင်သူရိယဝင် ပြောသည်။
“ဘာဖြစ်နေတာလဲ၊ တစ်ပါးတည်းဘေးထွက်ချင်နေတာလား” ဟုတေဇောဘာသပြောလေသည်။ ဘယ်သူ ကဘာစကားမှထပ်မပြောဘဲ တိတ်ဆိတ်စွာပင် စာဆက်ကြည့်နေကြပါသည်။ ရှင်တေဇောဘာသကရေနွေး ထသောက်လေသည်။ ထိုအချိန်ရှင်ကဝိဓဇက ကျင်ငယ်စွန့်ဖို့ထွက်သွားသည်။ ရှင်ကဝိဓဇထွက်သွားပြီးအ လွန်မှာပဲ ရှင်ကဝိဓဇထွက်သွားသည့်တံခါးပေါက်ဘက်ကနေ ခဲလုံးတစ်လုံးရောက်လာပြီး ရှင်တေဇောဘာ သလက်တွင်ကိုင်ထားသည့်ဓာတ်ဗူးကိုလာထိလေသည်။ ရှင်တေဇောဘာသသည် ရောက်လာသည့်ခဲလုံး ကိုမြင်ပါသည်။ အနီးကပ်ရောက်မှမြင်သည်ဖြစ်၍ တိမ်းရှောင်ချိန်မရလိုက်ပါ။ကိုင်ထားသည့်ဓာတ်ဗူးကို ထိမည်ကိုသိသည့်အတွက် ဓာတ်ဗူးကိုလှည့်လိုက်သည်။ လှည့်လိုက်သည့်အခါ ခဲလုံးသည် ရှင်တေဇောဘာ သ၏လက်ကိုလာထိလေသည်။ ခဲလုံးအရှိုန်ကသိပ်ပြင်းနေလို့ ဓာတ်ဗူးလွတ်ကျသွားပါသည်။ ဓာတ်ဗူးက အောက်ကျသွား၍ ရေနွေးတွေလျှံထွက်သွားလေသည်။ ရှင်ဝိမလက ကဗျာကယာနဲ့ထပြီး “ဘာဖြစ်တာလဲ” လို့ ပြောပြီး ဓာတ်ဗူးကိုကောက်သည်။ အထဲကဓာတ်မှန်တွေကကွဲနေပြီ။ “ဘယ်လိုလုပ်မလဲ” လို့ပဲပြောကြ လေသည်။ ရှင်ကဝိဓဇက တော်တော်နဲ့ပြန်ရောက်မလာ။ ရှင်ဝိမလကတော့ “ဒါကရှင်ကဝိဓဇရဲ့လက်ချက် ပဲ” ဟုကောက်ချက်ချသည်။ ရှင်တေဇောဘာသကတော့ ဘာမှမပြော။ ခဲလုံးထိသည့်လက်ကိုပဲကြည့်ပြီးငြိမ် နေရှာသည်။ ရှင်သူရိယက “ဘာဖြစ်သေးလဲ၊ ဆေးခန်းသွားရမလား” လို့မေးလေသည်။ ဆေးခန်းသွားရ လောက်အောင်လည်း ဒဏ်ရာကမပြင်းထန်သည်မို့ဘာမှစိုးရိမ်စရာမရှိပေ။ သို့သော် စိုးရိမ်စရာတစ်ခုက တော့ရှိသည်။ ဓာတ်ဘူးထဲကဓာတ်မှန်တွေကွဲသွားပြီ။ ဘယ်လိုလုပ်ကြမလဲ။ မွေတော်ကျောင်းကကိုရင်တွေ လုပ်လို့ကွဲသွားတယ်ဆိုရင်ကျောင်းတိုက်နာမည်ပျက်သွားဦးမယ်။ ဒီသတင်းကိုဆရာတော်သိသွားရင်အပြစ် ပေးခံရဦးမည်။ ထိုအကြောင်းကိုပဲအပ်ကြောင်းထပ်နေအောင်ပြောနေကြသည်။ ဘာမှလည်းမလုပ်တတ်။ ဓာတ်ဘူးအသစ်ထပ်ဝယ်ဖို့လည်း ငွေကမရှိ။ အရှင်ပညာဝံသကအကြံပေးသည်။ သူကဖယ်ခုံသား၊ သူ့ကိုပို အားကိုးချင်ကြသည်။ ဓာတ်ဗူးထဲကဓာတ်မှန်တွေလှဲလို့ရသည့်အကြောင်းပြောသည်။ ဓာတ်ဗူးရောင်းသည့် ဆိုင်တွေမှာ လှဲလို့ရနိုင်သည့်အကြောင်းပြောသည်။ ထိုအကြံကိုရသည်နှင့်ရှိသမျှငွေလေးယူပြီး ဖယ်ခုံမြို့ထဲ သွားကြသည်။ ထိုအချိန်ထိရှင်ကဝိဓဇကပြန်မလာသေး။ ဓာတ်ဗူးဆိုင်လိုက်ရှာသည်၊ ကံကောင်းစွာပင်ကား ဂိတ်နားကဆိုင်တစ်ဆိုင်မှာသွားတွေ့သည်။ တစ်ထောင့်ငါးရာပေးရပါသည်။ ငွေအားလုံးပေါင်းမှ တစ်ထောင်ခုနှစ်ရာပဲရှိသည်။ မြန်မြန်ပြီးမြန်မြန်အေးတာပဲတွေးပြီး တောင်းသမျှပေးလိုက်လေသည်။
ဓာတ်မှန်ကရပေမယ့် ဓာတ်ဗူးထဲမှာ နည်းနည်းတော့ချောင်နေပါသည်။ကျောင်းပြန်ရောက်တော့ (၉)နာရီ တောင်ထိုးတော့မှာ၊ ကံကောင်းတာတစ်ခုက ရှစ်နာရီခွဲလာသိမ်းနေကျ ဝေယျာဝါစ္စလုပ်သားတွေက ဒီည နောက်ကျနေသည်။ (၉)နာရီကျော်ကျော်မှာလာသိမ်းသွားလေသည်။ (၉)နာရီခွဲမှဘဲရှင်ကဝိဓဇက ဘယ်က မှန်းမသိရောက်လာလေသည်။ ခပ်တည်တည်နဲ့ပြန်လာကာ ဘယ်သူကိုမှအလေးမထားဘဲသူ့စာသူကြည့် နေသည်။ အားလုံးကသူပစ်လိုက်လို့ဒီလိုဖြစ်သည်ဟုထင်ကြပါသည်။ သူများကျောင်းထဲရောက်နေသည်မို့ စကားမများချင်၊ ရန်မဖြစ်ချင်ကြတာနဲ့ ဘယ်သူမှလည်းဒီအကြောင်းတွေကို အရေးလုပ်ပြီးမပြောကြဘူး။ ထိုညသည်တိတ်ဆိတ်စွာပင်စာကြည့်ကြလေသည်။ တိကမာတိကာ(ညဝါ)မို့ ဦးနှောက်ကိုကစားကြသည်။ ဘယ်သူကမှအော်မကျက်ကြဘူး။ ထိုညသည် တရားခံကဘယ်သူလဲဆိုတာကိုမရှာဘဲ ဓာတ်ဗူးပြဿနာကို တိတ်ဆိတ်စွာသူတို့ဖြေရှင်းကြလေသည်။ ထိုပြဿနာကိုသူတို့ထဲကကိုရင်တွေကလွဲလို့ ဝေယျဝါစ္စလုပ်တဲ့ သူတောင်မသိကြဘူး။ တရားခံကိုမရှာခြင်းသည် တရားခံကိုအရေးမထားလို့ဆိုသည်ကို နောက်တစ်နေ့ကျမှ သိရပါသည်။ ရှင်ကဝိဓဇကို စကားပြောနေကျလူတွေတောင်သိပ်မပြောကြတော့ပေ။ သူကလည်း ဣနြေ္ဒ တစ်ပိဿာလောက်ရှိသည့်မျက်နှာနဲ့နေနေပါသည်။ စာမေးပွဲဖြေလို့ပြီးပြီးချင်း ရှင်တေဇောဘာသက မွေ တော်ကျောင်းကိုမပြန်တော့ဘဲ ရှင်ဝိမလ၊ ရှင်ခေမာစာရတို့နဲ့အတူပင်လောင်းကိုလိုက်သွားလေသည်။ ရှင်ခေမာစာရကိုလာကြိုသည့်ကားနဲ့လိုက်သွားလေသည်။ ရှင်ကဝိဓဇကစာမေးပွဲဖြေတာ နောက်ဆုံးမှပြီး သည်။ စာမေးပွဲပြီးတော့မွေတော်ပြန်မယ့်ကားနဲ့ ကိုရင်တွေအားလုံးကစောင့်နေကြပြီ။ ရှင်ကဝိဓဇက ပျာတိ ပျာယာနဲ့ပစ္စည်းတွေသိမ်းပြီးကားပေါ်တက်လိုက်လေသည်။ မွေတော်ကျောင်းရောက်တော့မိုးချုပ်သွားပြီ။ ဆရာတော်ကိုကန်တော့မှပဲ ရှင်တေဇောဘာသနဲ့ရှင်ဝိမလတို့ကပြန်သွားပြီလို့သိလိုက်ရသည်။ ပင်ပန်းကြ တာနဲ့အစောကြီးအိပ်ရာဝင်ကြသည်။
ရှင်သူရိယကနောက်တစ်နေ့အစောကြီးထပြီးတောင်ကြီးတက်သွားလေသည်။ အရုဏ်ဆွမ်းစားပြီး သည့်နောက် ရှင်ကဝိဓဇသည် ရှင်တေဇောဘာသ၊ ရှင်သူရိယ၊ ရှင်ဝိမလတို့မရှိတော့သည်ကိုသိသောအခါ အရိပ်ရပန်းပင်ကြီးအောက်တွင်တစ်ပါးတည်းထိုင်ကာ ဘီလူးချောင်းကိုလှမ်းကြည့်လေသည်။ စိတ်ထဲက တစ်ခုခုတော့ဟာနေသလိုခံစားရသည်။ အစိုးရစာမေးပွဲဖြေမှသူငယ်ချင်းတွေနဲ့ပိုစိမ်းသွားသလိုခံစာရသည်။ အခုသူတို့ပြန်သွားတော့လည်းတစ်ဦးမှသူ့ကိုနုတ်ဆက်မသွားကြဘူး။ အချိန်မရရင်တောင် တစ်ပါးပါးဆီမှာ တစ်ခုခုတော့ပြောခဲ့သင့်တာပေါ့ဟုစဉ်းစားမိသည်။ စာမေးပွဲပြီးပြီဖြစ်လို့ ဘာစာကျက်စရာမရှိတော့သည့် အခါ အလုပ်လက်မဲ့သူလိုယောက်ချာချာဖြစ်နေပါသည်။ ဘီလူးချောင်းဆီဆင်းသွားသည်၊ ရှင်တေဇောဘာ သ အားရပါးရရေကစားနေသည်ကိုမြင်ယောင်မိသည်။ ရေသိမ်တိုင်ကိုမှီပြီး ရေကသိုဏ်းရှုနေသလို တစ်ဦး တည်းတွေးတတ်သည့်ရှင်သူရိယနေရာကိုလည်းသွားထိုင်ကြည့်သည်။ ဘီလူးချောင်းရဲ့ဟိုဘက်ကမ်းမှာ ကြည့်ပြီး ပြောချင်တာတွေလျှောက်ပြောတတ်သည့်ရှင်ဝိမလကိုလည်းသတိရလေသည်။ တစ်ဦးတည်းမို့ ဘယ်သူကိုမှငဲ့စရာမလိုဘဲ ဘီလူးချောင်းဘေးမှာ အတွေးများကိုဖြုန်းတီးနေပါသည်။ ရေချိုးရာကွပ်ပျပ်၊ သစ်သားခုံပေါ်ထိုင်ပြီးဘီလူးချောင်းရေနဲ့ခြေတွေ၊လက်တွေကိုဆေးပြီး စကားတစ်ခွန်းပြောခဲ့လိုက်သည်။ “ဘီလူးချောင်းရေ မနက်ဖြန်ကိုရင်ရွာပြန်တော့မယ်၊ နုတ်ဆက်ပါတယ်နော်”
ဆက်ရန်
အရှင်နန္ဒိယ(ဖယ်ခုံ)
ဘီလူးေခ်ာင္းေျပာေသာေန႔တစ္ေ န႔ အခန္း(၄)
စာေမးပြဲ
စာေမးပြဲက တစ္ေပါင္းလ လဆန္းပိုင္းမွာက်င္းပပါသည္။ စာေမးပြဲသည္ ေနာက္အတန္းကိုတက္ဖို႔ ေပါင္းကူးေပးသည့္အရာတစ္ခုျဖ စ္သည္ကို စာသင္သားတိုင္းနားလည္ၾကပါသည ္။ သို႔ေသာ္သူတို႔မွာ ယုံၾကည္မႈကိုယ္စီရွိၾကပါသည္ ။ စာေမးပြဲနီးလာသည္မို႔စာပိုလ ုပ္ၾကတယ္လို႔ သူတို႔ေလးပါးၾကားမွာ ပိုက်ိဳးစား တာမ်ိဳးမရွိဘူး၊ ပုံမွန္အတိုင္းပဲျဖစ္သည္။ သူတို႔ကပုံမွန္သြားေနသလိုပဲ ရွင္ေတေဇာဘာသကလည္းပုံမွန္ အတိုင္း ဖ်ားေပးေနလ်က္ရွိပါသည္။ သူတို႔သုံးဦးကဒိုင္ခံျပဳစု ေပးသည္။ ထိုကိုျပႆနာလို႔သူတို႔မထင္ၾ ကပါ ဘူး။ သူတို႔ၾကားမွာဒါက လုပ္႐ုိးလုပ္စဥ္အလုပ္တစ္ခုျ ဖစ္သြားေလၿပီ။ ဆြမ္းစားေက်ာင္းေဝယ်ာေဝစၥအလ ွည့္ မက်သည့္ေန႔ေတြဆိုရင္ ေန႔ဆြမ္းစားၿပီးအနားမယူခင္န ာရီဝက္ သို႔မဟုတ္ ေလးဆယ့္ငါးမိနစ္ဝန္းက်င္ ေလာက္မွာသူတို႔အဖြဲ႔ ႐ုပ္တြက္ေလ့ရွိသည္၊ ႐ုပ္မတြက္ရင္ ပုစၦာတိုက္ၾကပါသည္။
စာအံေက်ာင္းေပၚ ရွင္ေတေဇာဘာသက ပုစၦာေဟာင္းေတြၾကည့္ေနသည္။ ထိုအခ်ိန္ရွင္ကဝိဓဇ ေရာက္လာသည္။
“ဘာေတြထူူးေသးလဲ”
“ဘာမွမထူးပါဘူး၊ ပုစၦာေတြကသိပ္မခက္သလိုပဲ”
ရွင္ကဝိဓဇ ၾကည့္ၿပီးသားေတြလိုက္ၾကည့္သ ည္။ “ေတေဇာ ထူးသလိုလိုေတာ့ရွိတယ္ ဒီမွာ”
“ဘာေတြထူးလို႔လဲ”
“ဒီမွာ ဓာတ္ပစၥည္းခြဲတာ ဘယ္သူကအေျဖေပးထားတာလဲ၊ ေကလာယတိ ကို ကိလဓာတ္၊ ဂိလာယတိကိုဂိလဓာတ္တဲ့ အလြယ္တကူေတြေလွ်ာက္လုပ္ေနလိ ု႔”
“မဟုတ္လို႔လား၊ ဒါဆိုဘာဓာတ္လဲ”
“ဒီျပယွဂ္ေတြက ဧကာရႏၱဓာတ္ေတြေလ၊ ေကလာယတိက ေကေလဓာတ္၊ ဂိလာယတိက ဂိေလဓာတ္ပါ၊ ဓာတုႆေႏၱာေလာေပါ ေနကႆရႆသုတ္ရဲ႕ ကြစိသဒၵါကတာျမစ္ထားတဲ့ျပယွဂ ္ ေတြေလ၊ ဓာတ္အဆုံးဧသရေတြကိုလည္းမေခ် ရတဲ့ယွဂ္ေတြေလ”
“ေအ ဟုတ္သားပဲ၊ ဘယ္သူေျဖထာလဲမသိဘူး၊ တပည့္ေတာ္လည္းသတိမထားမိဘူး၊ ဒီတိုင္းပဲ ဖတ္သြားတာ”
သူတို႔ဝိုင္းကအျခားအတန္းေဖာ ္ေတြေရာ ခုႏွစ္ပါးေလာက္ပုစၦာတိုက္ေန တုန္း၊ ရွမ္းဦးဇင္းေရာက္လာ သည္။ သူတို႔ေျပာဆိုေဆြးေႏြးေနသည္ ့အသံကိုၾကားေလသည္။ ၿပဳံးၿပီးဝင္ေျပာေလသည္။
“သယ္ဟုတ္ပါလား၊ စာေတြျမင္သားပဲ၊ စကားႀကီးစကားက်ယ္ေျပာသည့္ကိ ုရင္ေတြ ဒီႏွစ္မေအာင္ ရင္ ေတြ႔မယ္ေနာ္၊ ေနာက္ႏွစ္ၾကမ္းမယ္ လုပ္ထား”
“ေအးေဆးပါဘုရား၊ ေနာက္ႏွစ္ဘုန္းႀကီးနဲ႔မေတြ႔ ခ်င္ေတာ့ဘူး၊ အျပတ္ရွင္းေတာ့မယ္ဘုရား”
“ေအ ေျပာထား၊ မေအာင္ရင္တုတ္နဲ႔ေတြမယ္ေနာ္ ”
ေျပာရင္းနဲ႔ပဲ ဘုရားအေနာက္ခန္းဆီဝင္သြားေလ သည္။ ဆရာနဲ႔တပည့္ေျပာေနက်စကားပင္ ျဖစ္ သည္။ အေပၚယံၾကည့္လွ်င္ေပါ့ပ်က္ပ် က္စကားပင္ျဖစ္သည္။ သို႔ေသာ္ဒီစကားတို႔နဲ႔ဆရာနဲ ႔တပည့္ၾကားမွာ ရင္းႏွီးမႈေပါင္းကူးတစ္ခုအျ ဖစ္သူတို႔အသုံးျပဳၾကေလသည္။ ဆရာနဲ႔တပည့္၊ မိဘနဲ႔သားသမီး၊ လူငယ္နဲ႔လူႀကီး ၾကားေတြမွာဒီလုိစကားေတြ၊ရင္ းႏွီးမႈယဥ္ေက်းမႈေတြ တည္ေဆာက္ဖို႔လူႀကီးေတြ စကားရ ွာၿပီး ကမ္းလွမ္း ေျပာေလ့ရွိၾကပါသည္။ လူငယ္ေတြလည္းဒီလိုစကားကိုလႈ ိက္လႈိက္လွဲလွဲတုန္႔ျပန္ဖို ႔အသင့္ရွိေနပါသည္။ ဒါကေတာင္တန္းေပၚကယဥ္ေက်းမႈတ စ္ခုပင္ျဖစ္ပါသည္။
စာေမးပြဲေအာင္စာရင္းထြက္လာေ တာ့ ဒုတိယတန္းတစ္တန္းလုံးမွာ(၆) ပါးသာေအာင္ပါသည္။ ေမြေတာ္ေက်ာင္းမွာႏွစ္ပါးသာ ေအာင္ေလသည္။ ရွင္သုႏၵရနဲ႔ရွင္သုစိတၱတို႔ ျဖစ္ပါသည္။ သူတို႔ေလးပါးလုံးက် သြားၾကပါသည္။ ေလ့က်င့္ခဏ္းစာေမးပြဲေတြအပါ အဝင္ဘယ္စာေမးပြဲကိုမွမက်ခဲ့ ဖူးသည့္
သူတို႔ေလးပါးလုံး အခုေတာ့အတူတူက်ၾကပါသည္။ အတူတူက်လို႔လားမသိဘူး၊
ဘယ္လိုမွမခံစားရဘူး။ စာေမးပြဲက်ေနက် ျဖစ္သည့္စာသင္သားေတြလို
မ်က္ႏွာေတြကပုံမွန္အတိုင္းပ င္၊ ေတာ္ေတာ္ရင့္က်က္ေနၾကပါသည္။ ဘယ္လို ျဖစ္လို႔ျဖစ္မွန္းမသိ စာေမးပြဲကမထင္ဘဲက်သြားေလသည္ ။ စာေမးပြဲၿပီးေတာ့ညဘုရာရွိခိ ုးအၿပီးမွာ ဆရာေတာ္ကၾသဝါဒေပးသည္။ “အေျချပဳတန္း(ဒုတိယတန္း)ကကိ ုရင္ေတြေတာ္ေတာ္ညံ့တယ္၊အသုံ းကိုမက်ဘူး”ဟုမိန္႔ေလသည္။ ၾသဝါဒ ေပးသည့္အထဲမွာဥပမာပါမိန္႔ေလ သည္။ “စြာစြာနဲ႔ကိုရင္ေတြတစ္ပါးမ ွမေအာင္ဘူး၊ ေလပဲက်ယ္ေနတယ္၊ ဘာမွမဟုတ္ၾကဘူး။ ရွင္သုႏၵရကိုၾကည့္ပါလား တိတ္တိတ္ေလးနဲ႔စာေမးပြဲေအာင ္သြားတယ္။
ေလလည္ရင္ အသံက်ယ္တဲ့ေလကအနံ႔မရွိဘူး၊ အသံမၾကားတဲ့ေလက အနံ႔ကပိုနံတယ္။
အဲဒီလိုပဲ ဒီႏွစ္အေျချပဳတန္းက ကိုရင္ေတြက အသံက်ယ္တဲ့ေလနဲ႔အသံတိတ္ေလေတ ြပဲ” ဟုမိန္႔ေလသည္။ ဘုရားဝတ္တက္ၿပီး ၾသဝါဒ ေပးတာလည္းၿပီးၿပီမို႔ ေအာက္ဆင္းသြားသည့္အခါ ငိုအားထက္ရီအားကပိုသန္ေလသည္ ။
ၿမိဳ႕နယ္စာေမးပြဲမေအာင္ေပမယ ့္ အစိုးရစာေမးပြဲေအာင္ရင္အတန္ းတက္ရမွာမို႔ အစိုးရစာေမးပြဲ အတြက္ ေလးပါးလုံးစာပိုက်ိဳးစားလာၾ ကသည္။
စာပိုက်ိဳးစားၾကသျဖင့္ အရင္လိုနားနားေနေနေပါက္တတ္ ကရစကားေတြလည္း
သိပ္မေျပာျဖစ္ေတာ့ဘူး။ ေနာက္တစ္ခုထူးျခားတာကေတာ့ ရွင္ေတေဇာဘာသ လည္း
မဖ်ားေတာ့ဘူး၊ ေန႔ေရာညပါ တစာစာျဖစ္ေနရွာပါၿပီ။ ရွင္ေတေဇာဘာသမဖ်ားေတာ့လို႔
သူတို႔ေလး ပါးသီးသန္႔ေတြ႕သည့္အခ်ိန္လည ္း သိပ္မရွိသလိုျဖစ္သြားေလသည္။ အစိုးရစာေမးပြဲကို ဖယ္ခုံၿမိဳ႕၊ နတ္ေတာ ေက်ာင္းမွာေျဖရပါသည္။ အဖြဲ႔လိုက္ကားနဲ႔သြားၾက၍ ေပ်ာ္ေပ်ာ္ပါးပါးနဲ႔သြားၾကပ ါသည္။ နတ္ေတာေက်ာင္း ေရာက္ေတာ့ ေက်ာင္းတိုက္ႀကီးအေပၚထပ္မွာ စာေျဖရပါသည္။ ေက်ာင္းတိုက္၏ေအာက္ထပ္မွာအိ ပ္ရပါ သည္။ ကိုယ့္စာကိုယ္က်က္ၿပီးေနၾကသ ည္။ ညေနဆိုရင္ ေရေႏြြးလာကပ္သည့္ေဝယ်ာဝါစၥအ ဖြဲ႕လည္းရွိပါ သည္။ စာက်က္ရင္းဗိုက္ဆာေနလွ်င္ ထန္းလ်က္ခဲထဘုန္းေပး၊ ေရေႏြးေလးေသာက္ၾက၍ စာသင္သားမ်ား အတြက္ အဆင္ေျပသြားေလပါသည္။
သၿဂၤဳ ိဟ္ေျဖဆိုၿပီးသည့္ည၊ မနက္ျဖန္တိကမာတိကာ(ညဝါ)ေျဖဖ ို႔စာၾကည့္ရင္း ေရေႏြးေသာက္ရင္း နဲ႔ အမွတ္မထင္ျဖစ္ရပ္ေလးတစ္ခုထျ ဖစ္သြားပါသည္။ ရွင္ေတေဇာဘာသက တိတ္မုတ္ထုတ္ရသည့္တိတ္ ေတြကိုေမးေလသည္။
ရွင္ကဝိဓဇကလည္း စာၾကည့္ေန၍ “မသိဘူးကြာ၊ ကိုယ့္ဟာကိုယ္ရွာၾကည့္”ဟုေျ ပာေလသည္။
ၾကားထဲကေနရွင္ဝိမလကလည္းဝင္ေ ျပာေလသည္ “ဒါေလးေမးတာကို ဘာျဖစ္လို႔ေပေနတာလဲ၊ ေျဖလိုက္ တာမဟုတ္ဘူး”
“မေျဖခ်င္လို႔ကြာ” လို႔ ရွင္ကဝိဓဇကေျပာသည္။
“အသာေနစမ္းပါ၊ ကိုယ္စာကိုယ္ၾကည့္ေန၊ ဘာလို႔စကားေတြလာမ်ားေနတာတုန ္း” ဟု ရွင္သူရိယဝင္ ေျပာသည္။
“ဘာျဖစ္ေနတာလဲ၊ တစ္ပါးတည္းေဘးထြက္ခ်င္ေနတာလ ား”
ဟုေတေဇာဘာသေျပာေလသည္။ ဘယ္သူ ကဘာစကားမွထပ္မေျပာဘဲ တိတ္ဆိတ္စြာပင္
စာဆက္ၾကည့္ေနၾကပါသည္။ ရွင္ေတေဇာဘာသကေရေႏြး ထေသာက္ေလသည္။
ထိုအခ်ိန္ရွင္ကဝိဓဇက က်င္ငယ္စြန္႔ဖို႔ထြက္သြားသည ္။ ရွင္ကဝိဓဇထြက္သြားၿပီးအ လြန္မွာပဲ ရွင္ကဝိဓဇထြက္သြားသည့္တံခါး ေပါက္ဘက္ကေန ခဲလုံးတစ္လုံးေရာက္လာၿပီး ရွင္ေတေဇာဘာ သလက္တြင္ကိုင္ထားသည့္ဓာတ္ဗူ းကိုလာထိေလသည္။ ရွင္ေတေဇာဘာသသည္ ေရာက္လာသည့္ခဲလုံး ကိုျမင္ပါသည္။ အနီးကပ္ေရာက္မွျမင္သည္ျဖစ္၍ တိမ္းေရွာင္ခ်ိန္မရလိုက္ပါ။
ကိုင္ထားသည့္ဓာတ္ဗူးကို ထိမည္ကိုသိသည့္အတြက္ ဓာတ္ဗူးကိုလွည့္လိုက္သည္။
လွည့္လိုက္သည့္အခါ ခဲလုံးသည္ ရွင္ေတေဇာဘာ သ၏လက္ကိုလာထိေလသည္။
ခဲလုံးအ႐ႈိန္ကသိပ္ျပင္းေနလိ ု႔ ဓာတ္ဗူးလြတ္က်သြားပါသည္။ ဓာတ္ဗူးက ေအာက္က်သြား၍ ေရေႏြးေတြလွ်ံထြက္သြားေလသည္ ။
ရွင္ဝိမလက ကဗ်ာကယာနဲ႔ထၿပီး “ဘာျဖစ္တာလဲ” လို႔ ေျပာၿပီး
ဓာတ္ဗူးကိုေကာက္သည္။ အထဲကဓာတ္မွန္ေတြကကြဲေနၿပီ။ “ဘယ္လိုလုပ္မလဲ”
လို႔ပဲေျပာၾက ေလသည္။ ရွင္ကဝိဓဇက ေတာ္ေတာ္နဲ႔ျပန္ေရာက္မလာ။ ရွင္ဝိမလကေတာ့
“ဒါကရွင္ကဝိဓဇရဲ႕လက္ခ်က္ ပဲ” ဟုေကာက္ခ်က္ခ်သည္။ ရွင္ေတေဇာဘာသကေတာ့
ဘာမွမေျပာ။ ခဲလုံးထိသည့္လက္ကိုပဲၾကည့္ၿ ပီးၿငိမ္
ေနရွာသည္။ ရွင္သူရိယက “ဘာျဖစ္ေသးလဲ၊ ေဆးခန္းသြားရမလား” လို႔ေမးေလသည္။
ေဆးခန္းသြားရ ေလာက္ေအာင္လည္း ဒဏ္ရာကမျပင္းထန္သည္မို႔ဘာမွ စိုးရိမ္စရာမရွိေပ။ သို႔ေသာ္ စိုးရိမ္စရာတစ္ခုက ေတာ့ရွိသည္။ ဓာတ္ဘူးထဲကဓာတ္မွန္ေတြကြဲသြ ားၿပီ။ ဘယ္လိုလုပ္ၾကမလဲ။ ေမြေတာ္ေက်ာင္းကကိုရင္ေတြ လုုပ္လို႔ကြဲသြားတယ္ဆိုရင္ေ က်ာင္းတိုက္နာမည္ပ်က္သြားဦ းမယ္။ ဒီသတင္းကိုဆရာေတာ္သိသြားရင္ အျပစ္ ေပးခံရဦးမည္။ ထိုအေၾကာင္းကိုပဲအပ္ေၾကာင္း ထပ္ေနေအာင္ေျပာေနၾကသည္။
ဘာမွလည္းမလုပ္တတ္။ ဓာတ္ဘူးအသစ္ထပ္ဝယ္ဖို႔လည္း ေငြကမရွိ။
အရွင္ပညာဝံသကအႀကံေပးသည္။ သူကဖယ္ခုံသား၊ သူ႔ကိုပို အားကိုးခ်င္ၾကသည္။
ဓာတ္ဗူးထဲကဓာတ္မွန္ေတြလဲွလိ ု႔ရသည့္အေၾကာင္းေျပာသည္။ ဓာတ္ဗူးေရာင္းသည့္ ဆိုင္ေတြမွာ လွဲလို႔ရႏိုင္သည့္အေၾကာင္းေ ျပာသည္။ ထိုအႀကံကိုရသည္ႏွင့္ရွိသမွ် ေငြေလးယူၿပီး ဖယ္ခုံၿမိဳ႕ထဲ သြားၾကသည္။ ထိုအခ်ိန္ထိရွင္ကဝိဓဇကျပန္မ လာေသး။ ဓာတ္ဗူးဆိုင္လိုက္ရွာသည္၊ ကံေကာင္းစြာပင္ကား ဂိတ္နားကဆိုင္တစ္ဆိုင္မွာသြ ားေတြ႔သည္။ တစ္ေထာင့္ငါးရာေပးရပါသည္။ ေငြအားလုံးေပါင္းမွ တစ္ေထာင္ခုႏွစ္ရာပဲရွိသည္။ ျမန္ျမန္ၿပီးျမန္ျမန္ေအးတာပ ဲေတြးၿပီး ေတာင္းသမွ်ေပးလိုက္ေလသည္။
ဓာတ္မွန္ကရေပမယ့္ ဓာတ္ဗူးထဲမွာ နည္းနည္းေတာ့ေခ်ာင္ေနပါသည္။
ေက်ာင္းျပန္ေရာက္ေတာ့ (၉)နာရီ ေတာင္ထိုးေတာ့မွာ၊ ကံေကာင္းတာတစ္ခုက
ရွစ္နာရီခြဲလာသိမ္းေနက် ေဝယ်ာဝါစၥလုပ္သားေတြက ဒီည ေနာက္က်ေနသည္။
(၉)နာရီေက်ာ္ေက်ာ္မွာလာသိမ္ းသြားေလသည္။ (၉)နာရီခြဲမွဘဲရွင္ကဝိဓဇက ဘယ္က မွန္းမသိေရာက္လာေလသည္။ ခပ္တည္တည္နဲ႔ျပန္လာကာ ဘယ္သူကိုမွအေလးမထားဘဲသူ႔စာသ ူၾကည့္ ေနသည္။ အားလုံးကသူပစ္လိုက္လို႔ဒီလိ ုျဖစ္သည္ဟုထင္ၾကပါသည္။ သူမ်ားေက်ာင္းထဲေရာက္ေနသည္မ ို႔ စကားမမ်ားခ်င္၊ ရန္မျဖစ္ခ်င္ၾကတာနဲ႔ ဘယ္သူမွလည္းဒီအေၾကာင္းေတြကိ ု အေရးလုပ္ၿပီးမေျပာၾကဘူး။ ထိုညသည္တိတ္ဆိတ္စြာပင္စာၾကည ့္ၾကေလသည္။ တိကမာတိကာ(ညဝါ)မို႔ ဦးေႏွာက္ကိုကစားၾကသည္။ ဘယ္သူကမွေအာ္မက်က္ၾကဘူး။ ထိုညသည္ တရားခံကဘယ္သူလဲဆိုတာကိုမရွာ ဘဲ ဓာတ္ဗူးျပႆနာကို တိတ္ဆိတ္စြာသူတို႔ေျဖရွင္းၾ ကေလသည္။ ထိုျပႆနာကိုသူတို႔ထဲကကိုရင္ ေတြကလြဲလို႔ ေဝယ်ဝါစၥလုပ္တဲ့ သူေတာင္မသိၾကဘူး။ တရားခံကိုမရွာျခင္းသည္ တရားခံကိုအေရးမထားလို႔ဆိုသည ္ကို ေနာက္တစ္ေန႔က်မွ သိရပါသည္။ ရွင္ကဝိဓဇကို စကားေျပာေနက်လူေတြေတာင္သိပ္ မေျပာၾကေတာ့ေပ။ သူကလည္း ဣေျႏၵ တစ္ပိႆာေလာက္ရွိသည့္မ်က္ႏွာ နဲ႔ေနေနပါသည္။ စာေမးပြဲေျဖလို႔ၿပီးၿပီးခ်င ္း ရွင္ေတေဇာဘာသက ေမြ ေတာ္ေက်ာင္းကိုမျပန္ေတာ့ဘဲ ရွင္ဝိမလ၊ ရွင္ေခမာစာရတို႔နဲ႔အတူပင္ေလ ာင္းကိုလိုက္သြားေလသည္။ ရွင္ေခမာစာရကိုလာႀကိဳသည့္ကာ းနဲ႔လို္က္သြားေလသည္။ ရွင္ကဝိဓဇကစာေမးပြဲေျဖတာ ေနာက္ဆုံးမွၿပီး သည္။ စာေမးပြဲၿပီးေတာ့ေမြေတာ္ျပန ္မယ့္ကားနဲ႔ ကိုရင္ေတြအားလုံးကေစာင့္ေနၾ ကၿပီ။ ရွင္ကဝိဓဇက ပ်ာတိ ပ်ာယာနဲ႔ပစၥည္းေတြသိမ္းၿပီး ကားေပၚတက္လိုက္ေလသည္။ ေမြေတာ္ေက်ာင္းေရာက္ေတာ့မို းခ်ဳပ္သြားၿပီ။ ဆရာေတာ္ကိုကန္ေတာ့မွပဲ ရွင္ေတေဇာဘာသနဲ႔ရွင္ဝိမလတို ႔ကျပန္သြားၿပီလို႔သိလိုုက္ရ သည္။ ပင္ပန္းၾက တာနဲ႔အေစာႀကီးအိပ္ရာဝင္ၾကသည ္။
ရွင္သူရိယကေနာက္တစ္ေန႔အေစာႀ ကီးထၿပီးေတာင္ႀကီးတက္သြားေလ သည္။ အ႐ုဏ္ဆြမ္းစားၿပီး သည့္ေနာက္ ရွင္ကဝိဓဇသည္ ရွင္ေတေဇာဘာသ၊ ရွင္သူရိယ၊ ရွင္ဝိမလတိို႔မရွိေတာ့သည္ကိ ုသိေသာအခါ အရိပ္ရပန္းပင္ႀကီးေအာက္တြင္ တစ္ပါးတည္းထိုင္ကာ ဘီလူးေခ်ာင္းကိုလွမ္းၾကည့္ေ လသည္။ စိတ္ထဲက တစ္ခုခုေတာ့ဟာေနသလိုခံစားရသ ည္။ အစိုးရစာေမးပြဲေျဖမွသူငယ္ခ် င္းေတြနဲ႔ပိုစိမ္းသြားသလိုခ ံစာရသည္။ အခုသူတို႔ျပန္သြားေတာ့လည္းတ စ္ဦးမွသူ႔ကိုႏုတ္ဆက္မသြားၾ ကဘူး။ အခ်ိန္မရရင္ေတာင္ တစ္ပါးပါးဆီမွာ တစ္ခုခုေတာ့ေျပာခဲ့သင့္တာေပ ါ့ဟုစဥ္းစားမိသည္။ စာေမးပြဲၿပီးၿပီျဖစ္လို႔ ဘာစာက်က္စရာမရွိေတာ့သည့္ အခါ အလုပ္လက္မဲ့သူလိုေယာက္ခ်ာခ် ာျဖစ္ေနပါသည္။ ဘီလူးေခ်ာင္းဆီဆင္းသြားသည္၊ ရွင္ေတေဇာဘာ သ အားရပါးရေရကစားေနသည္ကိုျမင္ ေယာင္မိသည္။ ေရသိမ္တိုင္ကိုမွီၿပီး ေရကသိုဏ္း႐ႈေနသလို တစ္ဦး တည္းေတြးတတ္သည့္ရွင္သူရိယေန ရာကိုလည္းသြားထိုင္ၾကည့္သည္ ။ ဘီလူူးေခ်ာင္းရဲ႕ဟိုဘက္ကမ္း မွာ ၾကည့္ၿပီး ေျပာခ်င္တာေတြေလွ်ာက္ေျပာတတ ္သည့္ရွင္ဝိမလကိုလည္းသတိရေလ သည္။ တစ္ဦးတည္းမို႔ ဘယ္သူကိုမွငဲ့စရာမလိုဘဲ ဘီလူးေခ်ာင္းေဘးမွာ အေတြးမ်ားကိုျဖဳန္းတီးေနပါသ ည္။ ေရခ်ိဳးရာကြပ္ပ်ပ္၊ သစ္သားခုံေပၚထိုင္ၿပီးဘီလူး ေခ်ာင္းေရနဲ႔ေျခေတြ၊လက္ေတြက ိုေဆးၿပီး စကားတစ္ခြန္းေျပာခဲ့လိုက္သည ္။ “ဘီလူးေခ်ာင္းေရ မနက္ျဖန္ကိုရင္ရြာျပန္ေတာ့မ ယ္၊ ႏုတ္ဆက္ပါတယ္ေနာ္”
ဆက္ရန္
အရွင္နႏၵိယ(ဖယ္ခုံ)
စာေမးပြဲ
စာေမးပြဲက တစ္ေပါင္းလ လဆန္းပိုင္းမွာက်င္းပပါသည္။
စာအံေက်ာင္းေပၚ ရွင္ေတေဇာဘာသက ပုစၦာေဟာင္းေတြၾကည့္ေနသည္။ ထိုအခ်ိန္ရွင္ကဝိဓဇ ေရာက္လာသည္။
“ဘာေတြထူူးေသးလဲ”
“ဘာမွမထူးပါဘူး၊ ပုစၦာေတြကသိပ္မခက္သလိုပဲ”
ရွင္ကဝိဓဇ ၾကည့္ၿပီးသားေတြလိုက္ၾကည့္သ
“ဘာေတြထူးလို႔လဲ”
“ဒီမွာ ဓာတ္ပစၥည္းခြဲတာ ဘယ္သူကအေျဖေပးထားတာလဲ၊ ေကလာယတိ ကို ကိလဓာတ္၊ ဂိလာယတိကိုဂိလဓာတ္တဲ့ အလြယ္တကူေတြေလွ်ာက္လုပ္ေနလိ
“မဟုတ္လို႔လား၊ ဒါဆိုဘာဓာတ္လဲ”
“ဒီျပယွဂ္ေတြက ဧကာရႏၱဓာတ္ေတြေလ၊ ေကလာယတိက ေကေလဓာတ္၊ ဂိလာယတိက ဂိေလဓာတ္ပါ၊ ဓာတုႆေႏၱာေလာေပါ ေနကႆရႆသုတ္ရဲ႕ ကြစိသဒၵါကတာျမစ္ထားတဲ့ျပယွဂ
“ေအ ဟုတ္သားပဲ၊ ဘယ္သူေျဖထာလဲမသိဘူး၊ တပည့္ေတာ္လည္းသတိမထားမိဘူး၊
သူတို႔ဝိုင္းကအျခားအတန္းေဖာ
“သယ္ဟုတ္ပါလား၊ စာေတြျမင္သားပဲ၊ စကားႀကီးစကားက်ယ္ေျပာသည့္ကိ
“ေအးေဆးပါဘုရား၊ ေနာက္ႏွစ္ဘုန္းႀကီးနဲ႔မေတြ႔
“ေအ ေျပာထား၊ မေအာင္ရင္တုတ္နဲ႔ေတြမယ္ေနာ္
ေျပာရင္းနဲ႔ပဲ ဘုရားအေနာက္ခန္းဆီဝင္သြားေလ
စာေမးပြဲေအာင္စာရင္းထြက္လာေ
ၿမိဳ႕နယ္စာေမးပြဲမေအာင္ေပမယ
သၿဂၤဳ ိဟ္ေျဖဆိုၿပီးသည့္ည၊ မနက္ျဖန္တိကမာတိကာ(ညဝါ)ေျဖဖ
ရွင္ကဝိဓဇကလည္း စာၾကည့္ေန၍ “မသိဘူးကြာ၊ ကိုယ့္ဟာကိုယ္ရွာၾကည့္”ဟုေျ
ၾကားထဲကေနရွင္ဝိမလကလည္းဝင္ေ
“မေျဖခ်င္လို႔ကြာ” လို႔ ရွင္ကဝိဓဇကေျပာသည္။
“အသာေနစမ္းပါ၊ ကိုယ္စာကိုယ္ၾကည့္ေန၊ ဘာလို႔စကားေတြလာမ်ားေနတာတုန
“ဘာျဖစ္ေနတာလဲ၊ တစ္ပါးတည္းေဘးထြက္ခ်င္ေနတာလ
ဓာတ္မွန္ကရေပမယ့္ ဓာတ္ဗူးထဲမွာ နည္းနည္းေတာ့ေခ်ာင္ေနပါသည္။
ရွင္သူရိယကေနာက္တစ္ေန႔အေစာႀ
ဆက္ရန္
အရွင္နႏၵိယ(ဖယ္ခုံ)
No comments:
Post a Comment