Thursday, September 27, 2018

ကုန်းဆုံကျေးရွာသမိုင်းအကြောင်း တစ်စေ့တစ်စောင်း

ကုန်းဆုံကျေးရွာသမိုင်းအကြောင်း တစ်စေ့တစ်စောင်း 

(20.4.2015 နေ့တွင် အတည်ပြုသော ထေရဝါဒကုန်းဆုံလူငယ်အဖွဲ့ရဲ့ ကျေးရွာမှတ်တမ်းအဖွဲ့၏ မှတ်တမ်း ဖြစ်ပါသည်။)

အခန်း(၁)

ကုန်းဆုံကျောင်းနှင့်ကုန်းဆုံဆရာတော်အရွေ့အပြောင်းများ

ယခင်ကကုန်းဆုံဘုန်းကြီးကျောင်းသည် ယခုတည်ရှိနေသောကုန်းဆုံကျောင်း၏မြောက်ဘက် ကပ်ရပ်မှာ ရှိပါသည်။ ဆရာတော်ဦး ဝရသာမိ ပြန်လွန်တော်မြူ့ပီးနောက်ဆရာတော်ဦးနန္ဒိယကကျောင်းထိုင်ခဲ့ လေ သည်။ ဦးနန္ဒိယက ကုန်းဆုံဘုန်းကြီးကျောင်း၏အရှေ့ဘက်မှာရှိတဲ့ ခြောက်လောင်းရွာကရှမ်းကလေးပင် ဖြစ်ပါသည်။ ထိုဦးနန္ဒိယလက်ထက်ကပင် ကုန်းဆုံဘုန်းကြီးကျောင်းကို ဂျပန်တို့ကမီးရှို့ခဲ့ပါသည်။ မီးရှို့ပြီး နောက် ရွာ၏အနောက်ဘက်ရှိကုန်းဆုံတောင်၏ အနောက်တောင်ဘက်ရှိ ကြို့ပင် နားတွင် ဝါးကျောင်း အဖြစ် တည်ဆောက်ကာ တစ်ဝါ ဝါဆိုခဲ့သည်။ ထိုနောက် ကျောင်းဟောင်းတည်ရှိရာသို့ ပြန်လည် ပြောင်းရွေ့ကာ ကျောင်းဟောင်း၏ အနောက်တောင်ဘက်အနီးနေရာလေးသို့ ဝါးဇရပ်ကျောင်းလေး ဆောက်ကာ ဦးနန္ဒိယ သီတင်းသုံးတော်မူလေသည်။ ကယန်း(ပဒေါင်) နှင့်ကရင်(ကယားဖြူ)တို့စစ်ပွဲဖြစ် ခဲ့ရာမှ ကရင်စစ်သားတွေ ထိုကျောင်းကိုလည်းမီးရှို့ခဲ့ပြန်သဖြင့် နေစရာမရှိသဖြင့်ဦးနန္ဒိယက စက်တော်သို့ ကြွရောက်သီတင်းသုံးခဲ့ လေပါသည်။ (ကရင်တွေကရွာအရှေ့ဘက်ကုန်းဆုံတောင်မှာစခန်းချပြီး ကယန်း တွေကလွယ်ပသာတောင်မှာ စခန်းချလေသည်။)

ရွာသူရွာသားတွေပေါင်းပြီး ကုန်းပေါရွာ၏ အနောက်ဘက်မှာ (ယခုလက်ရှိရွာသစ်၏တောင်ဘက်မှာ ရှိတဲ့နတ်စင်နေရာဖြစ်ပါသည်) ဝါးကျောင်းလေးဆောက်ပြီး စက်တော်မှုာသီတင်းနေသော ဦးနန္ဒိယကို ပြန်လည်ပင့်ဆောင်လိုက်သဖြင့် ဦးနန္ဒိယကပြန်ကြွပြီး ကုန်းပေါရွာ၏အနောက်ဘက်မှာရှိတဲ့ကုန်းဆုံ ကျောင်းကို ကျောင်းပြန်ထိုင်ခဲ့လေသည်။ ကုန်းပေါရွာသား များသည် ရွာသူကြီးမောင်မဲ (ကင်းမဲ)၏ ဒဏ်ကိုမခံနိုင်သဖြင့် ပင်းပက်ရွာသစ်(သေင်းသဲင်) သို့ပြောင်းရွေ့သွားသောအခါ ကုန်းပေါရွာသည် ရွာသူကြီး မောင်မဲအိမ်တစ်အိမ်သာ ကျန်လေတော့သည်။ ထိုအခါ၌ဘုန်းကြီးကျောင်းသည်ရွာနှင့်ဝေးနေ၍ ရွာနဲ့နီးသောပင်းပက်ရွာသစ်၊ ပင်းပက်ရွာဟောင်း သို့ပြောင်းကာ ရွာ၏အရှေ့ဘက်ကပ်ရပ်မှာကုန်းဆုံဘုန်းကြီးကျောင်းပြောင်းရွေ့ ဆောက်လုပ်ခဲ့ပါသည်။ ဦးနန္ဒိယကျောင်းထိုင်တဲ့အချိန်မှာတစ်နေရာပြီး တစ်နေရာသို့ပြောင်းရွေ့ခဲ့ရပါသည်။ ကုန်းဆုံဆရာတော်တွေရဲ့သမိုင်းထဲမှာ ဆရာတော်ဦးနန္ဒိယ လက်ထက်ကကျောင်းအပြောင်းအရွေ့အများဆုံး ဆရာတော်တစ်ပါးဖြစ်သလို ကုန်းဆုံကျောင်းရဲ့သမိုင်းထဲမှာလည်း ကျောင်းအပြောင်းအရွေ့အများဆုံးလုပ်ခဲ့ရ တာကလည်း ဆရာတော်ဦးနန္ဒိယလက်ထက်ကပင်ဖြစ်ပါသည်။ (ကုန်းပေါရွာသည် အရှေ့ဘက်မှာရှိပါသည်၊ ပင်းပက်ရွာသည် အနောက်ဘက်မှာရှိပါသည်။ ထိုကြောင့်အရှေ့ကနေ အနောက်ဘက်သို့ပြောင်းရွေ့ခဲ့ပါသည်။ ဘုန်းကြီးကျောင်းသည် ကုန်းပေါရွာမှာ တုန်းကရွာ၏အနောက်ဘက်မှာ ရှိပြီး ပင်းပက်ရွာမှာရောက်တော့ရွာ၏ အရှေ့ဘက်မှာတည်ရှိနေခဲ့ပါသည်။)

(ဦးနန္ဒိယသည်ပင်းပက်ရွာမှာကျောင်းထိုင်နေချိန်မှာပင် ယခုရွာ၏အနောက်ဘက်တောင်ပေါ်မှာ ဦးရောဂါနှင့်အတူ သဲပုံစေတီတစ်ဆူတည်ဆောက်ခဲ့ပါသည်။ )

ဦးနန္ဒိယလူထွက်သွားတဲ့နောက်မှာ လွယ်ငွိင်ကရှမ်းဘုန်းကြီးတစ်ပါးသုံးဝါခန့်ဝါဆိုခဲ့လေသေးသည်။ ရှမ်းဘုန်းကြီးက သူဒေသသို့ပြန်လည်ပြောင်းရွေ့သွားသောအခါ လူထွက်သွားသောဦးဇောတိက ကကျောင်းထိုင်ခဲ့လေပါသည်။ (ဦးဇောတိကသည် ငယ်ငယ်ကတည်းကပင် ဦးနန္ဒိယမွေးစားထားသော ကလေးတစ်ယောက်ဖြစ်ပါသည်၊ ဦးနန္ဒိယသည် ဦးဇောတိကကို၎င်း၊ ဦးသုမနကို၎င်း၊ ဦးပုညကို၎င်း၊ ငယ်ငယ်ကလေးကပင် မွေးစားခဲ့ပါသည်။ မိဘမဲ့တွေဖြစ်နေသောကလေးများဖြစ်ပါသည်။ ထိုကလေးများကို မွေးစားခဲ့ပါသည်။ ထိုကလေးများ(၃)ဦးစလုံးပင် ကုန်းဆုံကျောင်းမှာ ကျောင်းထိုင်ဘုန်းကြီးဖြစ်လာခဲ့သော ကလေးများဖြစ်ကြပါသည်။ ကုန်းဆုံကျောင်းမှာပဲကိုရင်ဝတ်၊ ရဟန်းခံခဲ့လေသည်။ ထိုအချိန်တုန်းက ကုန်းဆုံကျောင်းမှာရဟန်းတော်တွေသိပ်များနေလေပါသည်။ နောင်ဝိုးကျောင်းမှာရဟန်းတော်တွေ သိပ်မရှိ သဖြင့် နောက်ဝိုးသို့ပြောင်းရွေ့သတင်းသုံးရန်နောက်ဝိုးဒကာတွေလျှောက်ထားတော့ ဦးဇောတိကနှင့် သူငယ်ချင်းရဟန်းတော်တစ်ပါး(ဦးဇင်းဦးဆန်း) တို့ကနောင်ဝိုးသို့သွားရောက် သီးတင်းသုံးခဲ့လေပါသည်။ ကုန်းဆုံကျောင်းမှာကျောင်းထိုင်ဖို့ရဟန်းတော်တွေလိုက်ရှာသောအခါနောက်ဝိုးကျောင်းသို့ရောက်နေသော ဦးဇောတိက ရှိနေသည့်အကြောင်းကို လူထွက်သွားသောဦးနန္ဒိယ(ထွက်တုံး)က ပြောပြလိုက်သဖြင့် ကျောင်းဒကာများလည်း ကုန်းဆုံကျောင်းခြံပေါက်ဖြစ်နေသောဦးဇောတိကကိုပင့်ဆောင်ကာ ကျောင်းထိုင် အဖြစ် ဦးဇောတိကကတာဝန်ယူခဲ့ရလေသည်။ ဦးဇောတိက(ထွက်ခြုတ်)ကလည်း လူထွက်သွားခဲ့လေ သည်။ ဦးဇောတိကလူထွက်သွားသောအခါ ဦးသုမန(ဗွေဗွန်လွန်)က ဆက်လက်ကျောင်းထိုင်လေပါသည်။ ဦးသုမနသည် ၁၃၅၆-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၅)ရက်နေ့ညတွင် သက်တော်(၄၈)နှစ်၊ ဝါတော် (၂၈)ဝါမှာ ပျံတော်မှုခဲ့သောပါသည်။ ထိုအချိန်တွင်ကုန်းဆုံကျောင်းမှာကိုရင်ရှင်သုဓမ္မတစ်ပါးတည်းသာ ရှိလေပါသည်။ ထိုအချိန်မှာ ရှင်သုဓမ္မသည် ကပ္ပိယကြီးဦးချစ်လှနှင့်အတူကျောင်းစောင့်အဖြစ်လပိုင်းခန့် သီတင်းသုံးခဲ့ရလေ သည်။ နောက်ပိုင်းတွင်ကုန်းဆုံကျောင်း၏ခြံပေါက်ဖြစ်နေသော ညောင်ပင်သာကျောင်း ဆရာတော်ဦးဝိစိတ္တနှင့် မိုင်းဖြတ်ကျောင်းဆရာတော်ဦးပုညတို့ကဦးဆောင်၍ကျောင်းကိုစောင့်ရှောက် ထိန်းသိမ်းခဲ့လေသည်။ ထိုအချိန် တွင်ပင်ပက်ရွာကရွာသားတွေ၊တောင်ချွန်ရွာကရွာသားတွေကလည်းလက်ရှိရွာလယ်ဘုရား၏အရှေ့ဘက်၊ ကားလမ်း၏အရှေ့ဘက်မှာပြောင်းရွေ့သွားတာကလည်း တစ်ကြောင်း၊ ကျောင်းကလည်းကာလကြာရှည်၍ ဟောင်းနေတာကလည်းတစ်ကြောင်း၊(ကျောင်းကြီးက တောင်ဘက်ကိုစောင်းလာနေလေပြီ)၊ ကားလမ်းနှင့် ဝေးနေတာကလည်းတစ်ကြောင်း၊ ရေခတ်ရင်တောင် ယခင်ကျောင်းဟောင်းနေရာ၏မြောက်ဘက်မှာ ဆင်းခတ် နေရသဖြင့်ရေတွင်းနဲ့လည်းဝေးနေတာကလည်း တစ်ကြောင်း၊ ပင်ပက်ရွာ၏အနီးမှာရှိနေသော်လည်း အခြားသောကုန်းဆုံအမည်ခံရွာဖြစ်သည့် နောင်ပီ၊ မြောက်ဘက်ရွာ၊ ဘုရားကုန်းရွာ၊ ပတ္တမြားရွာတို့နှင့် ဝေးနေတာကလည်းတစ်ကြောင်း စသည့်စသည့် အကြောင်းများစွာတို့ကြောင့် ဦးဝိစိတ္တနှင့်ဦးပုညတို့ ဦးဆောင်ကာ ယခုလက်ရှိနေရာ၊ (ဂျပန်တွေနှင့် ကရင်တွေမီးရှို့ခဲ့သည့်ကျောင်းနေရာ၊ ရွာလယ်ဘုရား၏မြောက် ဘက် ကျွန်းပင်တို့ရှိရာနေရာ)၊ မှာ ပြောင်း ရွေ့လာခဲ့ပါသည်။ ထိုအချိန်တွင်ကျောင်းသွားတွေ(၆၀) ယောက်ခန့် လောက်ရှိခဲ့လေသည်။ ကိုရင်တွေ (၁၀)ပါးလောက်ရှိခဲ့လေသည်။ ထိုကိုရင်တွေကျောင်းသားတွေများသော် လည်း ကျောင်းမဆောက် ရသေးသဖြင့် နေစရာနေရာကရွာလယ်ဘုရားမှာဘဲစုပုံပြီးနေခဲ့ရလေပါသည်။ ဇရပ် တစ်ဆောင်၊ အရှေ့ ဘက်ကျောင်းကြီးတစ်ဆောင်နှင့်ဆွမ်းစားဆောင်လေးတစ်ဆောင်တို့ကိုကျောင်းတကာများနှင့်စုစည်းပြီး တည်ဆောက်ခဲ့လေပါသည်။ ဦးဝိစိတ္တနှင့်ကျောင်းတကာများ၏လျောက်ထားချက်အရ ဦးပုညကပဲ ကုန်းဆုံ ကျောင်းကိုဆက်လက်ကျောင်းထိုင်ခဲ့လေပါသည်။

ကုန်းဆုံဆရာတော်ဦးပုညသည် ၁၃၇၄-ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော်(၄)ရက်၊ စနေနေ့နေ့လည်(၁၂)နာရီ၊ (၅၀)မိနစ်၊ (၁၂း၅၀) အချိန်တွင် ပြန်လွန်တော်မူလေပါသည်။ ၁၃၀၇-ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် (၁၁)ရက်၊ ကြာသပတေးနေ့၌ကုန်းဆုံကျောင်းဆရာတော်ဘုရားဖွားမြင်တော်မူခဲ့ပြီး၊ ၁၃၇၄-ခုနှစ်၊ ပထမ ဝါဆို လပြည့်ကျော် (၄)ရက်၊ စနေနေ့နေ့လည်(၁၂)နာရီ၊(၅၀)မိနစ်၊(၁၂း၅၀)အချိန်တွင်ပြန်လွန်တော်မူလေ သောကြောင့် သက်တော်(၆၇)နှစ်၊ ဝါတော်(၄၇)ဝါမှာ ပျံလွန်တော်မူလေပါသည်။ ဆရာတော်ဦးပုည ပျံလွန်တော်မူပြီးနောက် ဦးစက္ကိန္ဒကကုန်းဆုံကျောင်းမှာဆက်လက်ကျောင်းထိုင်နေလေပါသည်။

ဘဒ္ဒန္တဝရ (ဗွေဗွန် စူစေ)၊

ဘဒ္ဒန္တနန္ဒိယ (ဗွေဗွန်တုန်း)၊

ရှမ်းဘုန်းကြီး (ဗွေဗွန်လွယ်ငွိင်)၊

ဘဒ္ဒန္တဇောတိက (ဗွေဗွန်ခြုတ်)၊

ဘဒ္ဒန္တသုမန (ဗွေဗွန်လွန်)၊

ဘဒ္ဒန္တပုည (ဗွေဗွန်ကျော်)၊

 


ကုန်းဆုံကျေးရွာသမိုင်းအကြောင်း တစ်စေ့တစ်စောင်း

အခန်း(၂)

ကုန်းဆုံစေတီတော်များ

ကုန်းဆုံစေတီသည် ရွာ၏အလယ်မှာရှိတဲ့ရွာလယ်စေတီ၊ ရွာ၏အရှေ့ဘက်တောင်ပေါ်မှာရှိတဲ့ အရှေ့ဘက် တောင်ပေါ်စေတီ၊ ရွာ၏အနောက်ဘက်တောင်ပေါ်မှာရှိတဲ့ အနောက်ဘက်တောင်ပေါ်စေတီ ဟု သုံးဆူရှိပါသည်။ ထိုစေတီသုံးဆူတို့သည် ရွာလယ်စေတီက ဘက်အချိန်ကစတင်တည်ဆောက်ခဲ့သည်ကို အတိအကျတော့မသိရပါ နရပတိစည်သူမင်းတည်ခဲ့သည်ဟု သက်ကြီးရွယ်အိုတစ်ချို့တို့ဆိုကြလေပါသည်။ ဘုရားပွဲကိုကဆုန်လပြည့်နေ့မှာပြုလုပ်ခဲ့ကြပါသည်။ ကဆုန်လဖြစ်သဖြင့်တောင်ယာဝင်တော့မည့်အချိန် ဖြစ်သဖြင့် တောင်သူတို့အတွက် စိုက်ပျိုးရေးအတွက်အဆင်ပြေစေဖို့ မိုးကောင်းဖို့ မိုးကောင်းပြီးလယ်ယာ မြေတွေ ကောင်းကောင်းဖြစ်ထွန်းနိုင်ဖို့ မိုးကိုခေါ်သည့်ပွဲ (ပွယ်ခမ်းနံ) ဟုခေါ်ခဲ့ကြလေသည်။

ရွာအလယ်ကစေတီသည် စေတီကကိုးနဝင်းစေတီဖြစ်ပါသည်။ အလယ်မှာစေတီကြီးတစ်ဆူ၊ စေတီကြီး ဘေးဘက်ပတ်လည်မှာစေတီငယ် လေးဆူ၊ စေတီကြီးရဲ့အောက်ခြေဘေးမှာစေတီလေးဆူ ထပ်တည်ထား ပါသည်။ အားလုံးစေတီပုံသဏ္ဍာန်ကိုးဆူ ဖြစ်နေသဖြင့် ကိုးနဝင်းစေတီ ဟုခေါ်ပါသည်။ ဂျပန်စစ် ပြေးပြီးကာလနောက် ရွာကိုပြန်ရောက်လာတော့ လွယ်ဝန်းဆရာတော်နှင့်ဦးရောဂါတို့ရွာသားအဖွဲ့ ပြန်လည်ပြုပြင်ခဲ့ကြပါသည်။ အဲဒီအချိန်တုန်းက ရှမ်းပြည်မှာ ဘုရားစေတီတွေဖောက်ထွင်းပြီး ဌပနာတွေခိုးတဲ့ ခေတ်စားနေကြတဲ့ခေတ်တစ်ခေတ် ရှိခဲ့ဖူးပါသည်။ ထိုအချိန်မှာ ကိုးနဝင်းစေတီပေါ်မှာ ညောင်ပင်ပေါက်နေပါသည်၊ ဘုရားစေတီကိုဖျက်ဆီးနိုင်သည်ဟုသတိပြုမိကြတဲ့အချိန်မှာတော့ ညောင်ပင် ကတော်တော်ကြီးနေပြီ ဖြစ်ပါသည်။ ထိုအချိန်မှာပင်ဖောက်ထွင်းသမားတွေက ဘုရားစေတီကိုဖောက်ခဲ့ ကြလေသည်။ ဘုရားစေတီ၏ အပေါ်ပိုင်းမှာ ပြတ်သွားလေသည်။ လွယ်ဝန်ဆရာတော်နှင့်ရွားသားများပြန်လည်ပြုပြင်၍ ဦးရောဂါကဘုရားထီး ကိုလှူပါသည်။

နောက်ပိုင်းရောက်လာသောအခါ ဦးပုည၊ဦးရှင်လံတို့ဦးဆောင်၍ လွိုင်ကော်က ပန်းရံဆရာမောင်ပုတို့ တာဝန် ယူ၍ ပြန်လည်ပြုပြင်ပါသည်။ ထိုအချိန်တွင်စေတီအတွင်း၌ရှိသော ဗုဒ္ဓရုပ်ပွားတော်၏မျက်စိတော််သည် မှိတ်လျက်ရှိပါသည်၊ ထိုမျက်စိတော်ကိုပြန်လည်ဖွင့်ပေးခဲ့လေသည်။ သို့သော် စေတီထီးတော် ကိုတော့ အသစ်ပြန်လည်လှည့်လည်ခြင်းမပြုဘဲ ဦးရောဂါလှူဒါန်းထားသောထီးအတိုင်းသာ ယခုထိ ဆက်ရှိနေပါသည်။ ထိုအကြိမ်တွင် စေတီ၏အရှေ့ဘက်၌ ဆင်ရုပ်ထုကို အဘိုးဦးရောဂါကလူခဲ့ပါသည်။ သို့သော် ဆင်ရုပ်ပေါ်မှာ ဘာစာမှထိုးမထားခဲ့ပါ။ ထိုးမထားသော်လည်း ရွာသူရွာသားများအားလုံးသိကြပါသည်။ အခုဆင်ရုပ်ကို သွားကြည့်လိုက်တော့ နာမည်ထိုးထားတွေ့ခဲ့ပါသည်။ သို့သော် အဘိုး ဦးရောဂါနာမည်မဟုတ်ဘဲ အခြားလူနာမည်ဖြစ်နေတာ တွေ့ရပါသည်။ ဘာဖြစ်တာပါလိမ့်။ ထူးနေတာ ကိုတော့သတိထားမိပါသည်။ ထိုဗုဒ္ဓရုပ်ပွားတော်၏အပေါက်ဝတံခါးကို မြောက်ဘက်ရွာကကိုမောင်လေးက လှူခဲ့ပါသည်။ သို့သော်ထိုတံခါးကို အလှူ့ရှင်စာတမ်းထိုးတဲ့အချိန်မှာတော် ကိုမောင်လေးနာမည်မဟုတ်ဘဲ ဦးရှင်လံနာမည်ဖြင့် ကမ္ပည်းစာတမ်း ထိုးထားတာကိုတော့ ဘာကြောင့်မှန်းမသိခဲ့ပေမယ့် အကြောင်းထူး တော့ ရှိလိမ့်လို့ယူဆမိပါသည်။ ယခုထိထိုတံခါးက ရှိနေဆဲပင်ဖြစ်ပါသည်။ ကိုးနဝင်းစေတီကိုလည်း အောက်ခြေမှာရှိတဲ့စေတီလေးဆူကို ရှင်းထုတ်လက်သဖြင့် ကိုးနဝင်းစေတီမှာ (၅)ဆူသာ ကျန်ခဲ့လေသည်။ နောက်ပိုင်း ဦးပုညကျောင်းထိုင်ဖြစ်တဲ့ ကာလမှာတော့ အောက်ခြေပတ်လည်ကဘုရားလေးဆူကိုပြန်လည် တည်ထားဖို့ကျိုးစားခဲ့ပေမယ့် တစ်စုံတစ်ခုသောအကြောင်း ကြောင့် ကျိုးစားမှုကအထမမြောက်ခဲ့ပါဘူး။

ရွာ၏အရှေ့ဘက်တောင်ပေါ်မှာရှိတဲ့စေတီက နှစ်ပေါင်းတစ်ရာကျော်လောက်သာရှိခဲ့သည်ဟု မှန်းဆရလေ ပါသည်။ ဘုရားပွဲကိုပြာသိုလပြည့်မှလုပ်လေပါသည်။ ထိုပြာသိုလပြည့်ပွဲကိုနောက်တော့မလုပ်နိုင် တော့သည့် အခါ ယခုလက်ရှိပြာသိုလပြည့်ဖယ်ခုံပွဲဟာ ရွာ၏အရှေ့ဘက်တောင်ပေါ်၏ပွဲရက်ကို ယူပြီးလုပ်လိုက်ခြင်းဖြစ်ပါ သည်ဟု သက်ကြီးရွယ်အိုအဘိုးအဘွားများက ဆိုကြလေပါသည်။ ထိုအရှေ့ ဘက်တောင်ပေါ်ဘုရားကို ဂျပန်စစ်ပြေးပြီးပြန်လာတော့လွယ်ဝန်ဆရာတော်နှင့်အတူပြုပြင်ခဲ့လေပါသည်။ နောက်တစ်ကြိမ် လေမုန်တိုင်း ကြောင့်ဘုရားစေတီအပေါ်ပိုင်းကျိုးသွားသဖြင့် လွယ်ဝန်ဆရာတော်နှင့်အတူ ပြန်လည်ပြုပြင်ခဲ့ရလေပါသည်။ နောက်တစ်ခါမှာတော့ဦးပုညဦးဆောက်ပြီးတစ်ခါထပ်ပြုပြင်ခဲ့ပါသည်။ ဇရပ်တွေကိုလည်းဆောက်ခဲ့ပါသည်။

ရွာ၏အနောက်ဘက်တောင်ပေါ်မှာရှိတဲ့ သဲပုံစေတီကကုန်းဆုံဆရာတော်ဦးနန္ဒိယလက်ထက် ဦးနန္ဒိယနှင့် ဦးရောဂါတို့တည်ခဲ့သည်ဟုသိရပါသည်။ ဘုရားပွဲကိုတော့နယုန်လပြည့်ဖြစ်ပါသည်။ ထိုနယုန်လပြည့်ပွဲကို ရွာပွဲ (ပွယ်ဒုံနံ) ဟုခေါ်ကြလေပါသည်။ ဒီကုန်းဆုံမှာရှိတဲ့ရွာတွေအားလုံး စည်ပင်ဖို့ ပျံ့ပြောဖို့ စီးပွားတိုးတက်ဖို့လုပ်တဲ့ ပွဲ ဖြစ်ပါသည်။ နံနုက်ပိုင်းမှာ ရဟန်းသံဃာကိုတောင်ပေါ်မှာပင့်ပြီးဆွမ်းကပ်၊ တရားနာ၊ မွန်းလွဲရင် ပအိုဝ်းရိုးရာ မီးလုံးပွဲကျင်းပလေပါသည်။ ထိုမီးလုံးပွဲသည်အပျော်သဘောသက်သက်သာကျင်းပလေပါသည်။ နောက်တော့ လောင်းပွဲအဖြစ်အသွင်ပြောင်း သွားလေပါသည်။ ရက်ကိုလည်းပြောင်းရွေ့ခဲ့ပါသည်။ နယုန်လပြည့်ကနေ နယုန်လဆုန်း(၈)ရက်ပြောင်းပြီးလုပ်ခဲ့ကြ လေသည်။




ကုန်းဆုံကျေးရွာသမိုင်းအကြောင်း တစ်စေ့တစ်စောင်း

အခန်း(၃)

ကုန်းဆုံရွာ၏အရွေ့အပြောင်း

ကုန်းဆုံရွာသည် ကုန်းဆုံရွာဟုသီးသန့်ရွာမရှိဘဲရွာပေါင်းများစွာကိုစုပေါင်း၍ ကုန်းဆုံရွာဟုနာမည်တပ် ခေါ်ကြ လေပါသည်။ ကုန်းဆုံဟူသောနာမည်ကို ကွုံသွုံဟူသောရှမ်းစကားမှဆင်းသက်လာပါသည်။ ကုန်းဆုံရွာမှာနေထိုင်ကြသောရွာသူရွာသားများသည် ပအိုဝ်းတိုင်းရင်းသားလူမျိုးအများဆုံးဖြစ်ပါသည်။ ကုန်းဆုံရွာ၏အနီးနားတွင် ကုန်းမြင့်အရှည်တွေရှိပါသည်။ အဲဒီနားလေးကရှိတဲ့ရွာတွေကို ကုန်းအမြင့်(သို့) ကုန်းအရှည်နားကရွာဟု အလွယ်တကူခေါ်ဆိုကြပါသည်။ ပအိုဝ်းတိုင်းရင်းသားရွာတွေမို့ ပအိုဝ်းလို တပူထို ဟုခေါ်ကြလေပါသည်။ ထိုကိုရှမ်းတွေက ရှမ်းဘာသာစကားဖြင့် ကွုံသွုံ ဟုခေါ်ကြလေပါ သည်။ ထိုကိုအဆွဲပြု၍ အဲဒီနားတစ်ဝိုက်မှာ ရှိတဲ့ရွာတွေကို ကွုံသွုံ ရွာဟုနာမည်တွင်သွားလေပါသည်။ ကွုံသွုံရွာဟူသည် တစ်ရွာတည်းမဟုတ်ဘဲ အဲဒီကုန်း၏အနီးနားတစ်ဝိုက်ရှိသည့်ရွာအားလုံးကိုဆိုလို ပါသည်။ ထိုကွုံသွုံရွာတွေပေါင်းပြီးပြုလုပ်တဲ့ဘုန်းကြီးကျောင်း ကိုလည်း ကွုံသွုံကျောင်းဟုခေါ်ခဲ့လေ ပါသည်။ ဒီ ကွုံသွုံ နာမည်ကိုပဲယခုထိအသုံးပြုလေပါသည်။ မြန်မာလို ကုန်းဆုံ ဟုအလွယ်တကူခေါ်တွင်ခဲ့ လေပါ သည်။

ကုန်းဆုံရွာများသည် နောင်ပီးရွာ၊ မောင်းမွူးရွာ၊ တောင်ဗာရွာ၊ ကုန်းပေါရွာ၊ ခြောက်လောင်းရွာ၊ ပင်းပက်ရွာ၊ တောင်ချွန်ရွာတို့ ဖြစ်ပါသည်။ နောင်ပီးရွာသည် ပင်လောင်းမြို့နယ်၊ နောင်ပီးရွာကလူတွေပြောင်းလာကြခြင်း ဖြစ်ပါသည်။ ထိုကြောင့်သူတို့နေသောရွာကိုလည်း နောင်ပီးရွာဟုခေါ်ဆိုကြပါသည်။ ပင်လောင်းက တောင်ဗာ ရွာကလူတွေ ပြောင်းလာတာမို့ သူတို့နေတဲ့ရွာကိုလည်း တောင်ဗာရွာဟုပင် အလွယ်တကူ ခေါ်ကြလေသည်။ မောင်းမွူးရွာကလည်း မောင်းမွူးရွာကနေပြောင်းလာပါသည်။ ကုန်းပေါက ဟိုအရှေ့ဘက်က နေပြောင်းလာတာ ဟုကြားသိရပါသည်။ တောင်ချွန်ရွာကတော့ ပင်လောင်းဘက်က တောင်ရိုးလူမျိုးတွေဖြစ်ပါသည်။

ကုန်းဆုံရွာများတည်နေရာ

နောင်ပီသည် ယခုလက်ရှိရွာလယ်ဘုရား၏အနောက်ဘက်မှာဖြစ်ပါသည်။ မောင်းမွူးသည် အနောက် ဘက် ကုန်းဆုံးတောင်၏ အရှေ့မြောက်ဘက်ကပ်ရပ်မှာရှိပါသည်။ (ယခုသဲတောင်မှာဖြစ်ပါသည်)။ တောင်ဗာရွာသည် အနောက်ဘက်ကုန်းဆုံတောင်၏အနောက်တောင်ဘက်မှာရှိပါသည်။ ကုန်းပေါရွာသည် အစကအရှေ့ဘက် ကုန်းဆုံတောင်၏ အရှေ့ဘက်မှာရှိပါသည်။ နောက်တော့ တောင်၏တောင်ဘက်ကို ပြောင်းနေကြပါသည်။ ပြီးတော့ ပင်းပက်ရွာ၏အရှေ့ဘက် ခပ်လှမ်းလှမ်းမှာပြောင်းသွားလေပါသည်။ (ယခုဖယ်ခုံရထားဘူတာနေရာ ဖြစ်ပါသည်)။ ခြောက်လောင်းရွာသည် ရှမ်းလူမျိုးများဖြစ်ကြပါသည်။ (ဦးနန္ဒိယ(ထွက်တုံး)ကလည်း ခြောက်လောင်းရွာက ရှမ်းလူမျိုးပင်ဖြစ်ပါသည်။ ဖြားလား၏ညီဖြစ်ပါသည်)။ ရွာ၏တည်နေရာကအရှေ့ဘက် ကုန်းဆုံတောင်၏ အနောက်ဘက်မှာရှိပါသည်။ ကုန်းဆုံဘုန်းကြီး ကျောင်း၏အရှေ့ဘက်ကပ်ရပ်ဖြစ်ပါသည်။ ပင်းပက်ရွာသည် ကုန်းပေါရွာ၏အနောက်ဘက်ခပ်လှမ်းလှမ်းမှာ ဖြစ်ပါသည်။ ယခင်ဦးနန္ဒိယဆောက်ခဲ့သော ကုန်းဆုံဘုန်းတော်ကြီးကျောင်းနေရာ၌ဖြစ်ပါသည်။ တောင်ချွန် ရွာသည် ထိုပင်းပက်ရွာ၏အနောက်တောင်ဘက် အရပ်၌ဖြစ်ပါသည်။ 

ကုန်းဆုံရွာသားများရဲ့လမိုက်ညများ

ဂျပန်စစ်မဖြစ်မီကာလမှာနောက်ပီးရွာ၏အရှေ့ဘက်တစ်ခြမ်းသည် လူနေ့တိုင်းသေသောကပ်ရောဂါတစ်ခု ဆိုက်ရောက်နေ၍တချို့နောက်ပီး၏အနောက်ဘက်ခြမ်းသို့ပြောင်းသွားလေသည်။ တချို့ကတောင်ဗာရွာ သို့ပြောင်းသွားလေသည်။ တချို့ကမောင်းမွူးရွာသို့ပြောင်းသွားလေပါသည်။ အနောက်ဘက်ခြမ်းနောင်ပီး ရွာကတော့မပျောက်ဘဲရှိနေပါသည်။ ဂျပန်စစ်ဖြစ်၍ကုန်းဆုံရွာသားများ နေရာပြောင်းရွေ့နေထိုင်ရပါလေ သည်။ အိမ်တွေကိုဂျပန်များမီရှို့သွားခြင်း ကြောင့်ပြောင်းရွေ့ရပါသည်။ ဂျပန်များသည် ပအိုဝ်းအိမ်တွေ ကိုသာမီးရှို့သွားပါသည်ဟုအဘွားဒေါ်မုတ်ကပြောပါသည်။ ဘုန်းကြီးကျောင်းလည်းရှို့သွားပါသည်။ ဘုန်းကြီး ကျောင်းပါမီးရှို့သွား၍ ဆရာတော်ဦးနန္ဒိယကအနောက်ဘက် ကုန်းဆုံတောင်၏အနောက် တောင်ဘက်မှာ ဆောက်လုပ်သောဝါးကျောင်းကို တစ်နှစ် သီတင်းသုံးခဲ့ရပါသည်။ တစ်နှစ်ခန့်ကြာလို့ ရွာသားများပြန်လာသောအခါ ယခင်ကျောင်းနေရာသို့ခေတ္တခဏယာယီ ဝါးကျောင်းဆောက်ကာ ဦးနန္ဒိယ နေရာပြောင်းပြီးပြန်လာသီတင်းသုံးခဲ့ရပါသည်။ ဂျပန်ပြေးတုန်းက တချို့စက်တော်ရွာ၊ တစ်ချို့ ခေါင်းအိရွာ၊ တချို့ လွယ်ဝန်ရွာ၊ တချို့တောင်မဲသင်းရွာ၊ တချို့နမ်းပဲရွာစသည်ဖြင့်ပြောင်းရွေ့သွားကြပါသည်။ တချို့မိသားစုတွေကလူမနေသောတောင်ပေါ်မှာသာတည်းခိုခဲ့ကြလေပါသည်။ တစ်နှစ်ခန့်ကြာလို့ပြန်လာ သောအခါ လုမစုံတော့ပါ။ တော်တော်များများကသူများရွာတွေမှာအပြီး နေနေကြခြင်းကြောင့်ဖြစ်ပါသည်။ တောင်ဗာ၊မောင်မွူး၊နောင်ပီ သုံးရွာသားများစုပေါင်း၍ နောင်ပီရွာမှာသာနေနေကြသောကြောင့် တောင်ဗာ ရွာနှင့် မောင်းမွူးရွာတို့၏ဇာတ်လမ်းသည် ဂျပန်စစ်နှင့််အတူချုပ်ငြိမ်းသွားလေတော့သည်။ သို့သော်မကြာပါ။ ကရင်နှင့်ကယန်းတို့စစ်ထပ်ဖြစ်ပြန်ပါသည်။ ကရင်သည် ယာယီဆောက်ထားသောကုန်းဆုံဘုန်းကြီး ကျောင်း (ဝါးကျောင်း)ကို မီးထပ်ချို့ပြန်တော့သည်။ ဆရာတော်ဦးနန္ဒိယသည် နေစရာမရှိတော့၍ စက်တော် ရွာသို့ခေတ္တသွားသတင်းသုံးလိုက်ရပါသည်။ ရွာသားတွေကလည်းခေတ္တခဏတောတောင်ထဲသို့ ထပ်ပြေး လိုက်ရသေးသည်။ ကရင်စစ်သားတွေက ကုန်းဆုံရွာ၏အရှေ့ဘက်တောင်ပေါ်မှာစခန်းချပြီး ကယန်း စစ်သားတွေကလွယ်ပသာတောင်မှာစခန်းချသည်ဟုဆိုပါသည်။ 

ခြောက်လောင်းရွာ၏နေဝင်ချိန်

ခြောက်လောင်းရွာလည်းထိုအချိန်မှာ မြောက်ဘက်ကိုရွေ့ပြောင်းသွားလေသည်။ ယခုလက်ရှိနောင်ပီးရွာ ရေတွင်း၏မြောက်ဘက်အရပ်မှာဖြစ်ပါသည်။ ယခင်ကုန်းဆုံကျောင်း၏ရေသိမ်နေရာ၌ ဖြစ်ပါသည်။ အဲဒီနား မှာကာလကြာရှည်စွာနေခဲ့ကြပါသေးသည်။ နောက်တော့ အဲဒီကတစ်ဆင့် လုံကာရွာသို့ပြောင်းသွားကာ ခြောက်လောင်းရွာ၏ဇာတ်လမ်းလည်းနိဂုံးချုပ်လိုက်ရလေပါသည်။ (လုံကာရွာသည်ယခင်ကပင်ရှိခဲ့ပါသည်၊ သို့သော်ယခုလက်ရှိနေရာတော့မဟုတ်ပါ၊ ဟိုအရှေ့မြောက်ဘက်ခပ်လှမ်းလှမ်းမှာဖြစ်ပါသည်။ ရေကာတာ (ရေလှောင်ကန်-ဆည်)လုပ်တော့ ရွာပြောင်းရမည်ဟုအစိုးရ၏အမိန့်အရ လက်ရှိလုံကာရွာရှိရာသို့ ပြောင်းရွေ့ လာကြခြင်းဖြစ်ပါသည်။ ခြောက်လောင်းရွာကရှမ်းနှင့်လုံကာရွာကရှမ်းများ စုမိလျက်သား ဖြစ်သွားပါသည်။ ထိုနေရာကိုခြောက်လောင်းရွာသားများကအရင်ပြောင်းလာခဲ့ပါသည်။ နောက်မှပြောင်း လာသော လုံကာရွာသား များကအင်အားပိုများလို့ လုံကာရွာဟုနာမည်တွင်သွားလေပါသည်။

ထိုအချိန်တွင်လုံကာရွာ၏မြောက်ဘက် လောကကုံလုံလုံကာဘုရား၏အနီးနား၌နေသောကယားလူမျိုးတွေ လည်း နေရာပြောင်းရွေ့ကြလေသည်။ မိုင်းဖြတ်ရွာသို့ပြောင်းရွေ့သွားကြပါသည်။ ကသဲရွာ၏ တောင်ပိုင်း မှာရှိတဲ့ ယခုကားလမ်းဘေး ညောင်ပင်ကြီးရှိတဲ့နေရာသည် ထိုအချိန်တုန်းက ကယားရွာပင်ဖြစ်ပါသည်။ ထိုကယားတိုင်းရင်းသားများသည်လည်း လက်ရှိမိုင်းဖြတ်အောက်ရွာသို့ လောကကုံလုံလုံကာဘုရားနားက ပြောင်းလာတဲ့ ကယားတိုင်းရင်းသားများနှင့်အတူ ပြောင်းရွေ့သွားလေပါသည်။ ယခုလက်ရှိမိုင်းဖြတ် အပေါ်ရွာ နှင့် အလယ်ရွာသည် နောက်မှ ဖြစ်ပေါ်လာပါသည်။





ကုန်းဆုံကျေးရွာသမိုင်းအကြောင်း တစ်စေ့တစ်စောင်း
အခန်း(၄)

ကုန်းပေါရွာတို့နိဂုံး

ရွာသူရွာသားများကလည်းပြေးလိုက်ပြန်လာလိုက်မောနေပါသည်။ မောနေသော်လည်း ဘုန်းကြီးကျောင်း အတွက် ကုန်းဆုံရွာနာမည်ခံသောရွာများစုပေါင်း၍တိုင်ပင်ကာ ကုန်းပေါရွာ၏အနောက်ဘက်ကပ်ရပ်မှာ ကျောင်းဆောက်ပြီး စက်တော်မှာသီတင်းသုံးနေသောဦးနန္ဒိယကိုပြန်လည်ပင့်ဆောင်ကြလေပါသည်။ ထိုကျောင်းသည်လည်းယာယီဝါးကျောင်းမျှသာဆောက်န်ိုင်ခဲ့လေပါသည်။

ကုန်းပေါရွာသည် အရှေ့ဘက်ဘုရားတောင်နားကနေပြောင်းလာသော်လည်း ရွာကြီးမှာ အခြေအနေ တစ်ခုကြောင့်ရွာပျက်ခဲ့ရပါသည်။ ဖြစ်ပုံကတော့ဆန်းပါ၏။ ထိုအချိန်တုန်းကရွာသူကြီးက ဦးမဲင် ဖြစ်ပါသည်။ အလွန်ဆိုးသောသူကြီးဖြစ်ပါသည်။ ရွာသားတွေကိုနည်းအမျိုးမျိုးနဲ့နှိပ်စက်လေသည်။ ရွာသားများ သူ့ဒဏ် ကိုမခံနိုင်တော့ရွာပြောင်းကြလေသည်။ ပင်းပက်ရွာရဲ့တောင်ဘက်မှာသွားနေကြပါသည်။ သူတို့တတွေ သိပ်များသောကြောင်း သူတို့နေသောပင်းပက်ရွာရဲ့တောင်ပိုင်းအခြမ်းမှာ ပင်းပက်ရွာသစ်ဟုနာမည်တွင် သွား လေသည်။ ပင်းပက်ရွာက ရွာသစ်/ရွာဟောင်းဟု ရွာနှစ်ရွာဖြစ်သွားလေပါသည်။ လူတွေမရှိတော့ သောကြောင့် ယာယီဆောက်လုပ်ထားသောဘုန်းကြီးကျောင်းလည်း ပင်းပက်ရွာ၏အနီး ရွာ၏ကပ်ရက် အရှေ့ဘက်မှာပြောင်း ရွေ့ဆောက်လုပ်လိုက်ပါသည်။ ဆရာတော်ဦးနန္ဒိယသည် ကုန်းဆုံကျောင်း၏ သမိုင်းမှာ နေရာပြောင်းအများဆုံး ဆရာတော်ဖြစ်လာခဲ့ပါသည်။ ကုန်းပေါရွာမှာတော့ ရွာသူကြီးအိမ် တစ်အိမ်သာကျန်ရစ်ခဲ့ပါသည်။ အိမ်မပြောင်း သည်မှာ ရွာသူကြီးအိမ်တစ်အိမ်သာရှိပါသည်။ ရွာမရှိလို့ ရွာသူကြီးမဟုတ်တော့သော်လည်း သူအိမ်မှာ အိမ်သူကြီးတော့ ဆက်လုပ်လိုက်ရပါသည်။ ကုန်းပေါရွာ၏ လက်ကျန်အိမ်တစ်အိမ်ဖြစ်ပါသည်။ ရွာသူကြီး ဦးမဲင်သေသွားတော့ အိမ်လည်းဆက်မရှိတော့ပါ။ ကုန်းပေါရွာ၏ ဇာတ်လမ်းလည်းနိဂုံးချုပ်သွားလေပါသည်။

အဲဒီအချိန်တုန်းက တောင်ချွန်ရွာမှာ- ဖြားကင်းထွဉ်၊ (ဖြားယုန်၊ ဖြားဆွဲ၊ နန်မုတ်၊နန်သာ)

ကုန်းပေါရွာမှာ- ဖြားဦဖာ၊ ဖြားကင်းမဲင် ၊

ပင်းပက်ရွာသစ်မှာ- ဖြားကင်းကီး (ဖြားမောင်ယွန်၊ ဖြားလဲုဉ်း၊ ဖြားဆိုး၊ဖြားတွန်၊ဖြားသာ)
 
ပင်းပက်ရွာဟောင်းမှာ-ဖြားဟိန်ငဲဖာ၊ထွူတွော့- ဖြားကင်းဟိန်ငဲ (ဖြားအျင်၊ နန်တဲမ်း၊ ဖြားမုတ်၊ ဖြားနန်၊ ဖြားလွန်း)

နောင်ပီးရွာမှာ-ဖြားခမ်ဖာချွန်၊ဖြားဖာကင်းကျွဲ၊ ( ဖြားရောဂါ၊ ဖြားမောင်ကျား၊ ဖြားဖြောင်း၊ ဖြားမုတ်၊ ဖြားမုတ်ဖာ၊ ဖြားအောင်၊ဖြားအောင်ဖာ၊ မွိုးဖြားနွံ၊ မွိုးဖြားပယ်၊ မွိုးဖြားဘက် နီဖြာ၊ နန်ကွံး၊ )


ကွီပေါ်ရွာတို့ဖြစ်ပုံပျက်ပုံံ

ဂျပန်စစ်ပြီးသွားပြီးသောနောက်မှာရွာတွေတချို့ပျောက်သွားခဲပါသည်။ ကယန်း-ကရင်စစ်ပြီးတော့ ရွာတွေ တချို့ထပ်ပျောက်ပါသည်။ ဆက်ပေါ်လာသောရွာတွေလည်းရှိလာပါသည်။ ခေါင်းအိကကယန်း(ပဒေါင်) တွေက အနောက်ဘက်ရှိကုန်းဆုံတောင်၏ အနောက်တောင်ဘက်မှာလာနေကြသည်။ ကွီပေါ်ရွာဟု နာမည်ပေး ကြပါသည်။

ကွီပေါ်ရွာသည် လူတွေလည်း အနည်းငယ်မျှသာရှိပါသည်၊ အိမ်ခြေလည်းအနည်းငယ်မျှသာရှိပါသည်။ ကွီပေါ်ရွာ၌နေသောလူများသည် ကုန်းရဲ့အနီးမှာရှိသောရွာတစ်ရွာ သည် အိမ်ခြေနှစ်ရာပြည့်လျှင် ရွာပျက် တတ်သည်ဟူသော ကွီပေါ်ရွာမှာနေသည့်ဘိုးဘွားတို့ရဲ့ ရှေးဟောင်းကယန်းတို့ အယူအဆရှိသည့်အတွက် ရွာပြောင်းရန်ကျိုးစားကြသည်။ ရွာပြောင်းဖို့နေရာရွေးတော့လမ်း၏အနီးမှာနေချင်တာကလည်းတစ်ကြောင်း၊ ဆင်းခတ်နေရတဲ့သောက်ရေတွေနဲ့နီးချင်တာကလည်း တစ်ကြောင်း၊ အဲဒီအကြောင်းတွေကြောင့် ယခု တည်ရှိရာကုန်းဆုံဘုန်းတော်ကြီးကျောင်း၏မြောက်ဘက် အရပ်မှာ နေရာယူပြီးပြောင်းရွေ့သွားလေသည်။ ထိုရွာကို ကုန်းဆုံမြောက်ရွာဟုပင်ခေါ်ဆိုကြလေပါသည်။ ကုန်းဆုံကျောင်းတကာများထဲတွင် ထိုရွာသည် မြောက်ဘက်ဆုံးမှာတည်ရှိနေသောကြောင့် ကုန်းဆုံမြောက်ရွာ ဟုခေါ်ဆိုကြခြင်းဖြစ်ပါသည်။ ကွီပေါ်ရွာမှာက- ဖြားတွက်၊ ဖြားထွဉ်၊ဖြားမဲင်၊ ဖြားစောင်း၊ ဖြားဦး၊ ဖြားခွင်၊ဖြားပင်း တို့နေခဲ့ပါသည်။ ကွီပေါ် ကနေ ကုန်းဆုံရွာသို့ပြောင်းသွားသောအခါ ဖြားတွက်၊ ဖြားခွင်၊ မောင်တီ၊ ဝေးလဲတို့လေးအိမ် အရင်ပြောင်း လာခဲ့ပါသည်။

ကုန်းဆုံအရှေ့ရွာ (သို့)ဘုရားကုန်းရွာ နှင့်ပတ္တမြားရွာ

ရေကြည်ရာမြက်နုရာနေရာကိုလိုက်ရှာရင်းကုန်းဆုံရွာ၏အရွေ့အပြောင်းများထပ်ပြီးဖြစ်ပေါ်လာခဲ့ပါသည်။ ကားလမ်းနဲ့နီးဖို့၊ ခတ်သည့်ရေတွင်းနဲ့နီးဖို့ နေရာရှာရင်း တောင်ချွန်ရွာသူ/ရွာသားများကလည်း ယခုလက်ရှိကုန်းဆုံဘုန်းကြီးကျောင်း၏တောင်ဘက်နေရာတွင် ပြောင်းရွေ့နေထိုင်လေသည်။ စပြောင်းကာစတုန်းကတောင်ရိုးရွာဟုအလွယ်တကူခေါ်ကြသေးသည်။ နောက်ပိုင်းရောက်မှ တောင်ရိုးတွေကနေပအိုဝ်းတွေဖြစ်ကုန်တော့ လက်ရှိရွာလယ်ဘုရားကိုအမှီပြုပြီး ဘုရားကုန်း(ဖရာကုံ) အရှေ့ရွာဟုခေါ်ဆိုကြလေသည်။ ပင်ပက်ရွာသစ်ကရွာသူရွာသားများက သူတို့နေရာဟောင်းကုန်းပေါ်ရွာ၏အရှေ့မြောက်ဘက်အရပ် ကားလမ်းရဲ့အရှေ့ဘက်မှာ ပြောင်းရွေ့နေထိုင်ကြပါသည်။ ထိုရွာကိုပတ္တမြားရွာဟုခေါ်ဆိုကြလေသည်။

အချိန်ကာလ၏ရွေ့ပြောင်းမှုနဲ့အတူဦးနန္ဒိယနှင့်တကာများဆောက်လုပ်ခဲ့သောဘုန်းကြီးကျောင်းလည်း ဆွေးမြေ့လေပြီ၊ ဦးနန္ဒိယလည်းမရှိတော့ပါ။ ကျောင်းထိုင်ဘုန်းကြီးတွေကလည်း သုံးပါးတောင် ပြောင်းခဲ့ လေပြီ။ ရှမ်းဘုန်းကြီး၊ ဦးဇောတိက၊ ဦးသုမန။ ဦးသုမနပြန်တော်မူသွားတော့ ကုန်းဆုံရဲ့ငယ်မွေးခြံပေါက်ဖြစ်တဲ့ ဦးဝိစိတ္တ နှင့် ဦးပုညတို့က ဘုန်းကြီးကျောင်းကို ယခင်ကျောင်းနေရာဟောင်းဖြစ်တဲ့ (ဂျပန်နဲ့ ကရင်တို့မီးရှို့ခဲ့တဲ့) ရွာလယ်စေတီ၏မြောက်ဘက်မှာ ပြန်လည်ပြောင်းရွေ့ပေးခဲ့ပါသည်။ ဘုန်းကြီးကျောင်း နဲ့ရော တခြားရွာတွေနဲ့ရော နောက်ကားလမ်း၊ ရေတွင်းတွေနဲ့ဝေးနေသည်မို့ ပင်းပက်ရွာဟောင်းက ရွာသူရွာသားများက ဘုရားကုန်းအရှေ့ရွာမှာ ပြောင်းရွေ့နေထိုင်ကြလေသည်။ အစဉ်အလာကြီးမားတဲ့ ပင်းပက်ရွာကလည်း တစ်ခန်းရပ်ကာအဆုံးသတ်လေတော့သည်။

ကုန်းဆုံရွာသစ်

ဆရာတော်ဦးပုညလက်ထက်မှာပဲယခုလက်ရှိအခြေခံပညာမူလတန်းကျောင်းရဲ့အနောက်ဘက်မှာ ကုန်းဆုံ ရွာ၏ဧရိယာအဖြစ်သတ်မှတ်ရန်တောင်းဆိုမှုကိုအစိုးရများခွင့်ပြုသဖြင့် ကုန်းဆုံရွာသားများသည်ထိုနေရာ တွင် ပြောင်းရွေ့နေထိုင်ကြပါသည်။ ကုန်းပေါရွာရဲ့မျိုးဆက်ဖြစ်တဲ့ပတ္တမြားရွာကရွာသားတွေ ပြောင်းရွေ့ နေထိုင် သွားလေသည်။




ကုန်းဆုံကျေးရွာသမိုင်းအကြောင်း တစ်စေ့တစ်စောင်း
အခန်း(၅) 

ထာဝရနောင်ပီး 

ကုန်းဆုံရွာ၏အရွေ့အပြောင်းတွေများစွာရှိခဲ့ရာတွင် အခုထိမပြောင်းသေးတာဆိုလို့ နောင်ပီးရွာပဲရှိပါသည်။ ရောဂန္တရကပ်ဆိုက်တော့ အရှေ့ဘက်တစ်ခြမ်းပျက်သော်လည်းအနောက်ဘက်တစ်ခြမ်းကကျန်သေးသည်။ ဂျပန်စစ်ကြောင့်ရွာမီးထဲရောက်သွားပေမယ့် ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။ ကယန်း-ကရင်စစ်ကြောင့် ပြေးခဲ့ရသော်လည်း နောင်ပီးရွာရှိရာသို့ ပြန်လည်နားခိုကြသည်။ အနောက်ဘက်တစ်ခြမ်းနောက်ပီးရွာက အရှေ့ဘက်တစ်ခြမ်းနောင်ပီးရွာကို နောက်ထပ်တစ်ကြိမ်ဆက်မွေးဖွားပြန်ပါသည်။ ဘေးကရွာတွေ အပြောင်းအလဲ များခဲ့ပေမဲ့ နောင်ပီးရွာက ရှိရင်းအတိုင်းဆက်ရှိနေခဲ့ကြသည်။ ထာဝရနောင်ပီးဟုပင် ခေါ်ဆိုရမလောက်ပင်ဖြစ်ပါသည်။

ပင်းပက်ရွာဟောင်း (သေင်းသဲင်ဒုံလီ၊ ဟိန်ဒုံ)

ပင်းပက်ရွာသစ် (သေင်းသဲင်ဒုံတသာ)၊

ဦးရောဂါ (ခ) အဘိုးရောကာကွမ်

နောင်ပီးရွာမှာနေတဲ့ဦးရောဂါသည် ရောဂန္တရကပ်မရောက်ခင်တုန်းက နောင်ပီးအရှေ့ရွာမှာနေပါသည်။ ရောဂါန္တရကျရောက်ပြီးနောက် နောင်ပီးအနောက်ဘက်ရွာမှာနေပါသည်။ ဂျပန်စစ်ပြေးပြီးပြန်လာတော့နောင်ပီးရွာမှာပင်ဆက်နေပါသည်။ ကုန်းဆုံကျောင်းကိုယခုတည်ရှိရာနေရာသို့ပြောင်းသွားပြီးမကြာခင်မှာ ဦးရောဂါတို့အိမ်လည်းကားလမ်းနဲ့နီးရာ ဘုန်းကြီးကျောင်းရဲ့အနောက်ဘက်မှာပြောင်းရွေ့နေပါသည်နေပါသည်။ ထိုထာဝရနောင်ပီးရွာသားကြီးက နာမည်အရင်းကဦးကွမ်ဖြစ်ပါသည်။ ဘာသာရေးကိစ္စတွေ သာရေးနာရေးကိစ္စတွေမှာ လှူနိုင်တန်းနိုင်ဦးဆောင်နိုင်တာမို့ ကျောင်းတကာကွမ်ဟုခေါ်ကြလေပါသည်။ နောက်တော့ ရောကာကွမ် ဟုခေါ်ဆိုကြပါသည်။ ထိုကိုအဆွဲပြုဟုနောက်တော်ဦးရောဂါ၊ အဖိုးရောဂါလို့နှုတ်ဆွဲရာခေါ်ဆိုကြပါသည်။ အဘိုးရဲ့အုတ်ကူမှာတော့ ရောကာကွမ် ဟုရေးထားပါသည်။ အဘိုးက ၁၂၆၃-ခုနှစ်၊ကဆုန်လဆန်း(၁၃)ရက်၊ တနင်္လာနေ့မှာမွေးဖွားပြီး၊ ၁၃၅၇-ခုနှစ်၊ တော်တလင်းလပြည့်ကျော်(၁၃)ရက်၊ကြာသပတေးနေ့မှာ ကွယ်လွန်ခဲ့လေပါသည်။ ထိုကြောင့် အဘိုးမှာ အသက်(၉၅)နှစ်၊ (၄)လ၊ (၁၅)ရက်မှာကွယ်လွန်သွားခဲ့ပါသည်။ 

ကုန်းဆုံရေတွင်း 

ကုန်းဆုံရွာမှာ ရေတွင်းရှိပါသည်။ ထိုရေတွင်းကယခုလက်ရှိဘုန်းကြီးကျောင်း၏မြောက်ဘက်မှာ ရှိပါသည်။ ရေတွင်းတူးခဲ့စဉ်က ဘုန်းကြီးကျောင်းက ကုန်းပေါရွာမှာရှိခဲ့စဉ်ကဖြစ်ပါသည်။ ရေတွင်းကို တစ်တွင်းပြီး တစ်တွင်း တူးကြပါသည်။ တစ်တွင်းတူးပြီးသုံးကြည့်သည် ရေထွက်မကောင်း၍ နေရာပြောင်းကာ ဆက်တူးကြသည်။ အခုလက်ရှိဘုန်းကြီးကျောင်း၏အရှေ့ဘက်နှင့် မြောက်ဘက်တစ်ဝိုက်ဆိုရင် ဟိုအရင် အချိန်တုန်းက ရေတွင်းတူးထားသည့်တွင်း (၃၀)ဝန်းကျင်ခန့်ရှိပါသည်ဟု ဖြားချွန်ကဆိုပါသည်။ ရေတွင်းကို ရွာအလိုက်တူးကြခြင်းဖြစ်ပါသည်။ ကုန်းပေါရွာရေတွင်း၊ ပင်းပက်ရွာရေတွင်း၊ နောင်ပီးရွာရေတွင်းဟု သုံးတွင်းရှိပါသည်။ နောင်ပီးရေတွင်းကမြောက်ဘက်ဆုံး၊ အလယ်မှာ ပင်းပက်ရေတွင်း၊ တောင်ဘက်ဆုံး မှာက ကုန်းပေါရွာရေတွင်း။ ကုန်းပေါရွာရေတွင်းထဲကို ပင်းပက်ရွာကအမျိူးသမီပျို နန်းမူ ကျ၍ သေဆုံးခဲ့ သည့်နောက် ကုန်းပေါရွာရေတွင်းကိုဆက်မသုံးကြတော့ပါ။ ကုန်းပေါရွာရေတွင်းနှင့်နောင်ပီးရွာရေတွင်း နှစ်တွင်းသာရေထွက်အားကောင်းပါသည်။ ပင်းပက်ရွာရေတွင်းကရေထွက်အားမကောင်းသဖြင့် သိပ် မသုံးကြတော့ပါ။ နောက်တော့ပင်းပက်ရွာရေတွင်းနှင့်ကုန်းပေါရွာရေတွင်းကို ဆက်မသုံးကြတော့သဖြင့် နောင်ပီးရွာရေတွင်းတစ်တွင်းသာကျန်တော့သည်။ နောက်တော့ ဘုန်းကြီးကျောင်းက ပင်းပက်ရွာသို့ရောက် သွားသောအခါ ရေခတ်လို့လွယ်ကူရန်အလို့ငှါ ဘုန်းကြီးကျောင်းရေတွင်းတစ်တွင်းဆက်တူးပေးကြပါသည်။ နောင်ပီးရွာရေတွင်းရဲ့အရှေ့မြောက်အရပ် မလှမ်းမကမ်းလေးမှာဖြစ်ပါသည်။ ထိုအခါမှာထိုရေတွင်း နှစ်တွင်းသာကျန်ရှိလေတော့သည်။ ထိုရေတွင်းနှစ်တွင်ကို နောင်ကာလကြာလာသောအခါ ရေတွင်းကိုယ်စီ ရှိနေကြတာကတစ်ကြောင်း၊ ကျောင်းအတွက်လည်းရေအခက်အခဲမရှိတော့တာကလည်းတစ်ကြောင်း၊ စသည့် အကြောင်းတို့ကြောင့် ဘုန်းကြီးကျောင်းရေးတွင်းလည်းသုံးတဲ့သူ တဖြေးဖြေးနည်းပါးလာပြီး၊ နောက်ဆုံးတော့မသုံးတော့သည့်ရေတွင်း ဖြစ်လာပြန်ပါသည်။ နေရာလည်းအချက်အချာကျတာရယ်၊ ရေထွက်လည်းအမြဲကောင်းတာရယ်၊ရေလည်းသန့်နေတာရယ်ကြောင့် နောင်ပီးရေတွင်းကတော့ နောင်ပီးရွာလိုပဲ အမြဲတမ်းထာဝရ ယခုထိရှိနေဆဲ။ ရှင်သန်နေဆဲ။ အေးမြမှုတွေပေးနေဆဲ။ ပျော်ရွှင်မှုတွေပေးနေဆဲ။

ရေတွင်းကျသွားသောနန်းမူ

နန်းမူက ပင်းပက်ရွာသူဖြစ်ပါသည်။ သူငယ်ချင်းများနှင့်ရေအတူခတ်ပြီးအတူပြန်ခဲ့ပါသည်။ ရေတွင်းက ကုန်းပေါရေတွင်းမှာခတ်ပါသည်။ ကုန်းပေါရေတွင်းက ပင်းပက်ရေတွင်းထက်ရေထွက်ကောင်းတာမို့ ပင်းပက်ရွာသူရွာသားများက ကုန်းပေါရေတွင်း သို့မဟုတ် နောင်ပီးရေတွင်းမှာပဲ ရေခတ်ကြပါသည်။ နန်းမူတို့ကုန်းပေါရေတွင်းမှာ ရေခတ်ပြီးပြန်သွားလို့သိပ်မကြာသေးပါ အဘွားတစ်ယောက်ရောက်လာပါသည်။ ရေးတွင်းနဲ့မလှမ်းမကမ်းမှာပေါ့။ သူတို့ကအပြန်၊ အဘွားက အလာ၊ ရေဆင်းခတ်တာဖြစ်ပါသည်။ ရေခတ်ရင်းရေချိုးမည်ဟုဆိုကာ နန်းမူကိုခေါ်၍ ခဏနေခဲ့ပါဦး၊ ငါကိုရေလောင်းပေးပါဦးဟုဆိုပါသည်။ နန်းမူလည်းရေခတ်ပြီးလောင်းပေးပါသည်။ စောစောကတည်းက သောက်ရေအတွက်ရော၊ ချိုးရေအတွက်ပါ ခတ်ခဲ့တာမို့ နန်းမူကမောနေလေပြီ။ ဒါကိုအဘွားကြီးက သတိမထား၊ သူကလည်းဘာမှမပြော၊ ပေခတ်နေသည်။ ရေတွင်းကအခုခတ်လိုဘေးကဘောင်တွေမရှိ သေး၊ ရေတွင်းပေါ် သစ်တုန်းနှစ်တုန်းတင်ထားကာ ထိုသစ်တုန်းကိုနှင်း၍ ခတ်ရပါသည်။ နန်းမူသည် ရေတွင်းပေါ်ကနေ အောက်ကိုငုံကာခတ်လေသည်။ လူကမောပြီးအားမရှိတော့လို့ ကျိုးစားပြီးရေပုံးကိုမရင်းနဲ့ ရေတွင်းထဲပြုတ်ကျသွားလေသည်။ ရေချိုးနေတဲ့အဘွားက ခါးပတ်ကိုလှမ်းပေးပြီး ပြန်ဆွဲထူမည်ကျိုးစား ခဲ့သေးသည်။ လှမ်းပေးလိုက်သောခါးပတ်က ပြုတ်ကျသွားသဖြင့် ပြန်ဆွဲလို့မရဖြစ်နေပါသည်။ ကြံရာမရ၍ ရွာသားတွေကိုခေါ်လို့ရွာသားတွေလာပြီး ပြန်ဆည်ရတဲ့အချိန်မှာတော့ နန်းမူအသက်မရှိတော့ပြီ။ ဗိုက်ထဲ ရေဝင်လို့ ဗိုက်ကဖောင်းနေ၍ ဗိုက်ကိုဖိပြီးရေတွေကိုပြန်ထုတ်လိုက်ရသည်။ အဲဒီအချိန်ကစပြီး နန်းမူသေသွားရာ ကုန်းပေါရေတွင်းမှာလည်း ရေမခတ်ကြတော့ပါဟု အဘွားနန်းမုတ်ကပြောပါသည်။




ကုန်းဆုံကျေးရွာသမိုင်းအကြောင်း တစ်စေ့တစ်စောင်း
အခန်း(၆) 

နိဂုံး
 
ဒီသင်္ကြန်မှာဒီမှတ်တမ်းကို အတည်ပြုလိုက်သည့်အချိန်မှာတော့ မေးခွန်းလေးခုကျန်ရစ်ခဲ့ပါသည်။
တစ်ခုကရှမ်းဘုန်းကြီး ရှမ်းဘုန်းကြီးကကုန်းဆုံကျောင်းမှာ(၁)ဝါ ဝါဆိုခဲ့ပါသည်ဟုဒေါ်မုတ်ကပြော ပါသည်။ (၂)ဝါ ဝါဆိုခဲ့သည်ဟုဦးသိန်းမောင်ကပြောပါသည်။ (၃)ဝါ ဝါဆိုခဲ့ပါသည်ဟု ညောင်ပင်သာ ဆရာတော် ဦးဝိစိတ္တ ကမိန့်တော်မူပါသည်။ ဘယ်ဟာကပိုမှန်သလဲ။
ပြီးတော့နောက်မှတည်ထားတဲ့ အရှေ့ဘက်တောင်ပေါ်ဘုရား ခုနှစ်သက္ကရာဇ်တွေအတိအကျမသိရသလို၊ သုံးကြိမ်သုံးခါပြုပြင်ရသည်ဟုဆိုသော်လည်း ဘာကြောင့်ဘယ်လိုပြုပြင်ခဲ့သည်ဆိုသည်ကို လည်း အတိအကျမသိရဘူး။ အဲဒါကိုဘယ်သူကပိုသိနိုင်မလဲ။
တစ်ခုက ရွာလယ်စေတီ အဘိုးဦးရောဂါလှူလိုက်တဲ့ရွာလယ်ကဘုရားထီးက အကြီးဆုံး အလယ် ဘုရား တစ်ဆူထီးသာလှူသလား၊ သို့မဟုတ် ကိုးဆူလုံးထီးတော်ကိုလှူလိုက်သလား။ ဘုရားစေတီ တော် ကိုးဆူ၏ထီးတော်ကို လှူခဲ့ရင်ကိစ္စမရှိပါ။ အဘိုးဦးရောဂါက အလယ်စေတီကြီး တစ်ဆူရဲ့ထီးသာ လှူခဲ့တယ်ဆိုရင်ကော ကျန်တဲ့ဘုရားစေတီရှစ်ဆူရဲ့ ထီးတော်ကကော ဘယ်သူ လှူသလဲ။ အဲဒီလူကကောဘယ်သူလဲ။ ထီးတော်မရှိဘဲဒီအတိုင်းဘဲရှိခဲ့သလား။ ဒါဆိုရင်အခုလက်ရှိ ဘုရားငါးဆူ ထဲမှာ ကျန်တဲ့လေးဆူလည်းဘုရားထီးရှိနေတယ်၊ ဒါဆိုရင်ဘယ်သူလှူသလဲ၊ နောက်မှ ပြန်တင်တဲ့ထီး တော်တွေလား၊ ဟုတ်ခဲ့ရင်ကော ဘယ်အချိန်လဲ၊ အလှူ့ရှင်ကကော ဘယ်သူပါလိမ့်။ ပြီးတော့ပြုပြင်တဲ့ ခုနှစ်သက္ကရာဇ်ကကော ဘယ်လိုရှာမလဲ။
တစ်ခုက မအွန်းရွာ မအွန်းရွာက အိမ်ခြေလေးလုံး ငါးလုံးလောက်သာရှိသည်ဟုဆိုပါသည်။ ထိုရွာ ကကော ဂျပန်စစ်မဖြစ်ခင်လား၊ စစ်ပြီးမှလား၊ အနောက်ဘက်ကုန်းဆုံတောင်ရဲ့ဘေးမှာပဲ အနောက် ဘက်ကလား၊ မြောက်ဘက်ကလား မသေချာပါ။ ထိုရွာမှာနေခဲ့တဲ့လူတွေကောရှိသေးလား။ ထိုရွာကကောဘာကြောင့်ပျက်သွားပြီးဘယ်ရောက်သွားတာလဲ။ 

အဖြေမှန်ဖော်ထုတ်စရာရှိသည့်အရာများ
ရွာလယ်ဘုရားရှေ့၌ရှိသောဆင်ရုပ်တုက အဘိုးဦးရောဂါလှူထားတာဖြစ်ပါလျက် အခြားသူနာမည်နဲ့ အလှူ့ရှင်နာမည်ရေးထိုးခဲ့သည်။
ရွာလယ်ဘုရားစေတီရဲ့အထဲကရုပ်ပွားတော်အဝင်တံခါးမှာ မောင်လေး၊ သိန်းမောင်၊ မောင်လှ၊ ဖိုးသာ၊ တဒူ တို့ ငွေနဲ့လှူထားပါလျက် ဦးရှင်လံနာမည်နဲ့အလှူ့ရှင်နာမည်ရေးခဲ့သည်။ 

 နောက်တစ်ကြိမ်လုပ်ရမယ့်အလုပ်ကကော ဘာတွေရှိမလဲ။ 

ရွာရဲ့ယဉ်ကျေးမှု၊ စီးပွားရေး၊ အသုံးအဆောင်၊ လမ်းပန်းဆက်သွယ်ရေး၊ မြို့ရွာများကိုဘယ်လို ချိတ်ဆက်သလဲ၊ ယောကင်္ျားလေးသင်တဲ့စာတွေရဲ့အမျိုးအစား၊ ဘုရားစေတီ၊ ကျောင်း၊ ရွာတို့ရဲ့ သက်သေ ဓာတ်ပုံ၊ ခေတ်ပြိုင်စေတီ၊ ကျောင်း၊ ရွာတို့ရဲ့ ဓာတ်ပုံ၊ ပြီးတော့ ရေးထိုးထားတဲ့သက္ကရာဇ်ကျောက်စာ၊ စာလုံးသက်သေ။ ခုနှစ်သက္ကရာဇ်ခန့်မှန်းခြေ၊ လူသက်သေနှင့် စာပေအထောက်အထားသက်သေများ။

ဖြစ်နိုင်ခြေရှိသည့် သက်သေများရဲ့ခြေရာခံများကတော့ ဘုန်ကြီးလူထွက်ဦးနန္ဒိယ (ထွက်တုံး)၏မယား မလောဝ် ကရှိနေသေး သည်။ ထွက်တုံး(မလောင်) ပို သား မောင်ဖွား။

အရှေ့ဘက်တောင်ပေါ်ဘုရားတည်ခဲ့တုန်းက လောကကုံလုံလုံကာဘုရားတောင်အထိ ကျောက်တွေကို သွားသယ်ခဲ့ရသည်ဟုဆိုသောဖြားလုံး မရှိတော့ပါ။ သို့သော်ဖြားလုံး၏သားများတော့ရှိသေးသည်။ မောင်လတ်၊ တမတ်၊ တယွန်တို့ဖြစ်ပါသည်။

ညောင်ပင်သာဆရာတော်။

အခုလက်ရှိဘုရားများပြုပြင်ရာမှာပါဝင်ဖူးသောပုဂ္ဂိုလ်နှင့် ပတ်သက်နေသောပုဂ္ဂိုလ်များ။  



ဒီမှတ်တမ်းကို ကူညီရှာဖွေပေးသည့်လူငယ်များ

ခွန်ထွန်းအောင်၊ ခွန်ထွန်းနိုင်၊ ခွန်အောင်မင်း၊ ခွန်မြင့်အောင်၊ နန်းခမ်းသြ၊ နန်းကြည်ဝင်း၊ နန်းလှဌေးတို့ ဖြစ်ပါသည်။

ဒီမှတ်တမ်းကို စိတ်ရှည်စွာဖြေဆိုပြောပြပေးသောဆရာတော်၊အဘိုးအဘွား၊ရွာလူကြီးများနှင့် ကျိုးစား ရှာဖွေပေး သောကုန်းဆုံလူငယ်များအားလုံးအထူးပင်ကျေးဇူးတင်ရှိပါကြောင်း။ 

အရှင်နန္ဒိယ (ဖယ်ခုံ) (ထေရဝါဒကုန်းဆုံကျောင်းတိုက်)

24.4.2015

 Nandiya Bhikkhu






ကုန္းဆုံေက်းရြာသမိုင္းအေၾကာင္း တစ္ေစ့တစ္ေစာင္း 
(20.4.2015 ေန႔တြင္ အတည္ျပဳေသာ ေထရဝါဒကုန္းဆုံလူငယ္အဖြဲ႔ရဲ႕ ေက်းရြာမွတ္တမ္းအဖြဲ႕၏ မွတ္တမ္း ျဖစ္ပါသည္။)



အခန္း(၁)


ကုန္းဆုံေက်ာင္းႏွင့္ကုန္းဆုံဆရာေတာ္အေရြ႕အေျပာင္းမ်ား


ယခင္ကကုန္းဆုံဘုန္းႀကီးေက်ာင္းသည္ ယခုတည္ရွိေနေသာကုန္းဆုံေက်ာင္း၏ေျမာက္ဘက္ ကပ္ရပ္မွာ ရွိပါသည္။ ဆရာေတာ္ဦး ဝရသာမိ ျပန္လြန္ေတာ္မူၿ႔ပီးေနာက္ဆရာေတာ္ဦးနႏၵိယကေက်ာင္းထိုင္ခဲ့ ေလ သည္။ ဦးနႏၵိယက ကုန္းဆုံဘုန္းႀကီးေက်ာင္း၏အေရွ႕ဘက္မွာရွိတဲ့ ေျခာက္ေလာင္းရြာကရွမ္းကေလးပင္ ျဖစ္ပါသည္။ ထိုဦးနႏၵိယလက္ထက္ကပင္ ကုန္းဆုံဘုန္းႀကီးေက်ာင္းကို ဂ်ပန္တို႔ကမီးရႈိ႕ခဲ့ပါသည္။ မီးရႈိ႕ၿပီး ေနာက္ ရြာ၏အေနာက္ဘက္ရွိကုန္းဆုံေတာင္၏ အေနာက္ေတာင္ဘက္ရွိ ႀကိဳ႕ပင္ နားတြင္ ဝါးေက်ာင္း အျဖစ္ တည္ေဆာက္ကာ တစ္ဝါ ဝါဆုိခဲ့သည္။ ထိုေနာက္ ေက်ာင္းေဟာင္းတည္ရွိရာသို႔ ျပန္လည္ ေျပာင္းေရြ႕ကာ ေက်ာင္းေဟာင္း၏ အေနာက္ေတာင္ဘက္အနီးေနရာေလးသို႔ ဝါးဇရပ္ေက်ာင္းေလး ေဆာက္ကာ ဦးနႏၵိယ သီတင္းသုံးေတာ္မူေလသည္။ ကယန္း(ပေဒါင္) ႏွင့္ကရင္(ကယားျဖဴ)တို႔စစ္ပဲြျဖစ္ ခဲ့ရာမွ ကရင္စစ္သားေတြ ထိုေက်ာင္းကိုလည္းမီးရႈိ႕ခဲ့ျပန္သျဖင့္ ေနစရာမရွိသျဖင့္ဦးနႏၵိယက စက္ေတာ္သို ႔ ၾကြေရာက္သီတင္းသုံးခဲ့ ေလပါသည္။ (ကရင္ေတြကရြာအေရွ႕ဘက္ကုန္းဆုံေတာင္မွာစခန္းခ်ၿပီး ကယန္း ေတြကလြယ္ပသာေတာင္မွာ စခန္းခ်ေလသည္။)

ရြာသူရြာသားေတြေပါင္းၿပီး ကုန္းေပါရြာ၏ အေနာက္ဘက္မွာ (ယခုလက္ရွိရြာသစ္၏ေတာင္ဘက္မွာ ရွိတဲ့နတ္စင္ေနရာျဖစ္ပါသည္) ဝါးေက်ာင္းေလးေဆာက္ၿပီး စက္ေတာ္မွုာသီတင္းေနေသာ ဦးနႏၵိယကို ျပန္လည္ပင့္ေဆာင္လိုက္သျဖင့္ ဦးနႏၵိယကျပန္ၾကြၿပီး ကုန္းေပါရြာ၏အေနာက္ဘက္မွာရွိတဲ့ကုန္းဆုံ ေက်ာင္းကို ေက်ာင္းျပန္ထိုင္ခဲ့ေလသည္။ ကုန္းေပါရြာသား မ်ားသည္ ရြာသူႀကီးေမာင္မဲ (ကင္းမဲ)၏ ဒဏ္ကိုမခံႏုိင္သျဖင့္ ပင္းပက္ရြာသစ္(ေသင္းသဲင္) သို႔ေျပာင္းေရြ႕သြားေသာအခါ ကုန္းေပါရြာသည္ ရြာသူႀကီး ေမာင္မဲအိမ္တစ္အိမ္သာ က်န္ေလေတာ့သည္။ ထိုအခါ၌ဘုန္းႀကီးေက်ာင္းသည္ရြာႏွင့္ေဝးေန၍ ရြာနဲ႕နီးေသာပင္းပက္ရြာသစ္၊ ပင္းပက္ရြာေဟာင္း သို႔ေျပာင္းကာ ရြာ၏အေရွ႕ဘက္ကပ္ရပ္မွာကုန္းဆုံဘုန္းႀကီးေက်ာင္းေျပာင္းေရြ႕ ေဆာက္လုပ္ခဲ့ပါသည္။ ဦးနႏၵိယေက်ာင္းထိုင္တဲ့အခ်ိန္္မွာတစ္ေနရာၿပီး တစ္ေနရာသို႔ေျပာင္းေရြ႕ခဲ့ရပါသည္။ ကုန္းဆုံဆရာေတာ္ေတြရဲ႕သမိုင္းထဲမွာ ဆရာေတာ္ဦးနႏၵိယ လက္ထက္ကေက်ာင္းအေျပာင္းအေရြ႕အမ်ားဆုံး ဆရာေတာ္တစ္ပါးျဖစ္သလို ကုန္းဆုံေက်ာင္းရဲ႕သမိုင္းထဲမွာလည္း ေက်ာင္းအေျပာင္းအေရြ႕အမ်ားဆုံးလုပ္ခဲ့ရ တာကလည္း ဆရာေတာ္ဦးနႏၵိယလက္ထက္ကပင္ျဖစ္ပါသည္္။ (ကုန္းေပါရြာသည္ အေရွ႕ဘက္မွာရွိပါသည္၊ ပင္းပက္ရြာသည္ အေနာက္ဘက္မွာရွိပါသည္။ ထိုေၾကာင့္အေရွ႕ကေန အေနာက္ဘက္သို႔ေျပာင္းေရြ႕ခဲ့ပါသည္။ ဘုန္းႀကီးေက်ာင္းသည္ ကုန္းေပါရြာမွာ တုန္းကရြာ၏အေနာက္ဘက္မွာ ရွိၿပီး ပင္းပက္ရြာမွာေရာက္ေတာ့ရြာ၏ အေရွ႕ဘက္မွာတည္ရွိေနခဲ့ပါသည္။)

(ဦးနႏၵိယသည္ပင္းပက္ရြာမွာေက်ာင္းထိုင္ေနခ်ိန္မွာပင္ ယခုရြာ၏အေနာက္ဘက္ေတာင္ေပၚမွာ ဦးေရာဂါႏွင့္အတူ သဲပုံေစတီတစ္ဆူတည္ေဆာက္ခဲ့ပါသည္။ )

ဦးနႏၵိယလူထြက္သြားတဲ့ေနာက္မွာ လြယ္ငိြင္ကရွမ္းဘုန္းႀကီးတစ္ပါးသုံးဝါခန္႔ဝါဆိုခဲ့ေလေသးသည္။ ရွမ္းဘုန္းႀကီးက သူေဒသသို႔ျပန္လည္ေျပာင္းေရြ႕သြားေသာအခါ လူထြက္သြားေသာဦးေဇာတိက ကေက်ာင္းထိုင္ခဲ့ေလပါသည္။ (ဦးေဇာတိကသည္ ငယ္ငယ္ကတည္းကပင္ ဦးနႏၵိယေမြးစားထားေသာ ကေလးတစ္ေယာက္ျဖစ္ပါသည္၊ ဦးနႏၵိယသည္ ဦးေဇာတိကကို၎၊ ဦးသုမနကို၎၊ ဦးပုညကို၎၊ ငယ္ငယ္ကေလးကပင္ ေမြးစားခဲ့ပါသည္။ မိဘမဲ့ေတြျဖစ္ေနေသာကေလးမ်ားျဖစ္ပါသည္။ ထိုကေလးမ်ားကို ေမြးစားခဲ့ပါသည္။ ထိုကေလးမ်ား(၃)ဦးစလုံးပင္ ကုန္းဆုံေက်ာင္းမွာ ေက်ာင္းထိုင္ဘုန္းႀကီးျဖစ္လာခဲ့ေသာ ကေလးမ်ားျဖစ္ၾကပါသည္။ ကုန္းဆုံေက်ာင္းမွာပဲကိုရင္ဝတ္၊ ရဟန္းခံခဲ့ေလသည္။ ထုိအခ်ိန္တုန္းက ကုန္းဆုံေက်ာင္းမွာရဟန္းေတာ္ေတြသိပ္မ်ားေနေလပါသည္။ ေနာင္ဝိုးေက်ာင္းမွာရဟန္းေတာ္ေတြ သိပ္မရွိ သျဖင့္ ေနာက္ဝိုးသို႔ေျပာင္းေရြ႕သတင္းသုံးရန္ေနာက္ဝိုးဒကာေတြေလွ်ာက္ထားေတာ့ ဦးေဇာတိကႏွင့္ သူငယ္ခ်င္းရဟန္းေတာ္တစ္ပါး(ဦးဇင္းဦးဆန္း) တို႔ကေနာင္ဝိုးသို႔သြားေရာက္ သီးတင္းသုံးခဲ့ေလပါသည္။ ကုန္းဆုံေက်ာင္းမွာေက်ာင္းထိုင္ဖို႔ရဟန္းေတာ္ေတြလိုက္ရွာေသာအခါေနာက္ဝိုးေက်ာင္းသို႔ေရာက္ေနေသာ ဦးေဇာတိက ရွိေနသည့္အေၾကာင္းကို လူထြက္သြားေသာဦးနႏၵိယ(ထြက္တုံး)က ေျပာျပလိုက္သျဖင့္ ေက်ာင္းဒကာမ်ားလည္း ကုန္းဆုံေက်ာင္းၿခံေပါက္ျဖစ္ေနေသာဦးေဇာတိကကိုပင့္ေဆာင္ကာ ေက်ာင္းထိုင္ အျဖစ္ ဦးေဇာတိကကတာဝန္ယူခဲ့ရေလသည္။ ဦးေဇာတိက(ထြက္ျခဳတ္)ကလည္း လူထြက္သြားခဲ့ေလ သည္။ ဦးေဇာတိကလူထြက္သြားေသာအခါ ဦးသုမန(ေဗြဗြန္လြန္)က ဆက္လက္ေက်ာင္းထိုင္ေလပါသည္။ ဦးသုမနသည္ ၁၃၅၆-ခုႏွစ္၊ တန္ေဆာင္မုန္းလဆန္း(၅)ရက္ေန႔ညတြင္ သက္ေတာ္(၄၈)ႏွစ္၊ ဝါေတာ္ (၂၈)ဝါမွာ ပ်ံေတာ္မႈခဲ့ေသာပါသည္။ ထိုအခ်ိန္တြင္ကုန္းဆုံေက်ာင္းမွာကိုရင္ရွင္သုဓမၼတစ္ပါးတည္းသာ ရွိေလပါသည္။ ထိုအခ်ိန္မွာ ရွင္သုဓမၼသည္ ကပၸိယႀကီးဦးခ်စ္လွႏွင့္အတူေက်ာင္းေစာင့္အျဖစ္လပိုင္းခန္႔ သီတင္းသုံးခဲ့ရေလ သည္။ ေနာက္ပိုင္းတြင္ကုန္းဆုံေက်ာင္း၏ၿခံေပါက္ျဖစ္ေနေသာ ေညာင္ပင္သာေက်ာင္း ဆရာေတာ္ဦးဝိစိတၱႏွင့္ မိုင္းျဖတ္ေက်ာင္းဆရာေတာ္ဦးပုညတို႔ကဦးေဆာင္၍ေက်ာင္းကိုေစာင့္ေရွာက္ ထိန္းသိမ္းခဲ့ေလသည္။ ထိုအခ်ိန္ တြင္ပင္ပက္ရြာကရြာသားေတြ၊ေတာင္ခၽြန္ရြာကရြာသားေတြကလည္းလက္ရွိရြာလယ္ဘုရား၏အေရွ႕ဘက္၊ ကားလမ္း၏အေရွ႕ဘက္မွာေျပာင္းေရြ႕သြားတာကလည္း တစ္ေၾကာင္း၊ ေက်ာင္းကလည္းကာလၾကာရွည္၍ ေဟာင္းေနတာကလည္းတစ္ေၾကာင္း၊(ေက်ာင္းႀကီးက ေတာင္ဘက္ကိုေစာင္းလာေနေလၿပီ)၊ ကားလမ္းႏွင့္ ေဝးေနတာကလည္းတစ္ေၾကာင္း၊ ေရခတ္ရင္ေတာင္ ယခင္ေက်ာင္းေဟာင္းေနရာ၏ေျမာက္ဘက္မွာ ဆင္းခတ္ ေနရသျဖင့္ေရတြင္းနဲ႔လည္းေဝးေနတာကလည္း တစ္ေၾကာင္း၊ ပင္ပက္ရြာ၏အနီးမွာရွိေနေသာ္လည္း အျခားေသာကုန္းဆုံအမည္ခံရြာျဖစ္သည့္ ေနာင္ပီ၊ ေျမာက္ဘက္ရြာ၊ ဘုရားကုန္းရြာ၊ ပတၱျမားရြာတို႔ႏွင့္ ေဝးေနတာကလည္းတစ္ေၾကာင္း စသည့္စသည့္ အေၾကာင္းမ်ားစြာတို႔ေၾကာင့္ ဦးဝိစိတၱႏွင့္ဦးပုညတို႔ ဦးေဆာင္ကာ ယခုလက္ရွိေနရာ၊ (ဂ်ပန္ေတြႏွင့္ ကရင္ေတြမီးရႈိ႕ခဲ့သည့္ေက်ာင္းေနရာ၊ ရြာလယ္ဘုရား၏ေျမာက္ ဘက္ ကၽြန္းပင္တို႔ရွိရာေနရာ)၊ မွာ ေျပာင္း ေရြ႕လာခဲ့ပါသည္။ ထိုအခ်ိန္တြင္ေက်ာင္းသြားေတြ(၆၀) ေယာက္ခန္႔ ေလာက္ရွိခဲ့ေလသည္။ ကိုရင္ေတြ (၁၀)ပါးေလာက္ရွိခဲ့ေလသည္။ ထိုကိုရင္ေတြေက်ာင္းသားေတြမ်ားေသာ္ လည္း ေက်ာင္းမေဆာက္ ရေသးသျဖင့္ ေနစရာေနရာကရြာလယ္ဘုရားမွာဘဲစုပုံၿပီးေနခဲ့ရေလပါသည္။ ဇရပ္ တစ္ေဆာင္၊ အေရွ႕ ဘက္ေက်ာင္းႀကီးတစ္ေဆာင္ႏွင့္ဆြမ္းစားေဆာင္ေလးတစ္ေဆာင္တို႔ကိုေက်ာင္းတကာမ်ားႏွင့္စုစည္းၿပီး တည္ေဆာက္ခဲ့ေလပါသည္။ ဦးဝိစိတၱႏွင့္ေက်ာင္းတကာမ်ား၏ေလ်ာက္ထားခ်က္အရ ဦးပုညကပဲ ကုန္းဆုံ ေက်ာင္းကိုဆက္လက္ေက်ာင္းထိုင္ခဲ့ေလပါသည္။

ကုန္းဆုံဆရာေတာ္ဦးပုညသည္ ၁၃၇၄-ခုႏွစ္၊ ပထမဝါဆိုလျပည့္ေက်ာ္(၄)ရက္၊ စေနေန႔ေန႔လည္(၁၂)နာရီ၊ (၅၀)မိနစ္၊ (၁၂း၅၀) အခ်ိန္တြင္ ျပန္လြန္ေတာ္မူေလပါသည္။ ၁၃၀၇-ခုႏွစ္၊ ပထမဝါဆိုလျပည့္ေက်ာ္ (၁၁)ရက္၊ ၾကာသပေတးေန႔၌ကုန္းဆုံေက်ာင္းဆရာေတာ္ဘုရားဖြားျမင္ေတာ္မူခဲ့ၿပီး၊ ၁၃၇၄-ခုႏွစ္၊ ပထမ ဝါဆို လျပည့္ေက်ာ္ (၄)ရက္၊ စေနေန႔ေန႔လည္(၁၂)နာရီ၊(၅၀)မိနစ္၊(၁၂း၅၀)အခ်ိန္တြင္ျပန္လြန္ေတာ္မူေလ ေသာေၾကာင့္ သက္ေတာ္(၆၇)ႏွစ္၊ ဝါေတာ္(၄၇)ဝါမွာ ပ်ံလြန္ေတာ္မူေလပါသည္။ ဆရာေတာ္ဦးပုည ပ်ံလြန္ေတာ္မူၿပီးေနာက္ ဦးစကၠိႏၵကကုန္းဆုံေက်ာင္းမွာဆက္လက္ေက်ာင္းထိုင္ေနေလပါသည္။


ဘဒၵႏၲဝရ (ေဗြဗြန္ စူေစ)၊

ဘဒၵႏၲနႏိၵယ (ေဗြဗြန္တုန္း)၊

ရွမ္းဘုန္းႀကီး (ေဗြဗြန္လြယ္ငိြင္)၊

ဘဒၵႏၲေဇာတိက (ေဗြဗြန္ျခဳတ္)၊

ဘဒၵႏၲသုမန (ေဗြဗြန္လြန္)၊

ဘဒၵႏၲပုည (ေဗြဗြန္ေက်ာ္)၊






 

ကုန္းဆုံေက်းရြာသမိုင္းအေၾကာင္း တစ္ေစ့တစ္ေစာင္း

အခန္း(၂)

ကုန္းဆုံေစတီေတာ္မ်ား

ကုန္းဆုံေစတီသည္ ရြာ၏အလယ္မွာရွိတဲ့ရြာလယ္ေစတီ၊ ရြာ၏အေရွ႕ဘက္ေတာင္ေပၚမွာရွိတဲ့ အေရွ႕ဘက္ ေတာင္ေပၚေစတီ၊ ရြာ၏အေနာက္ဘက္ေတာင္ေပၚမွာရွိတဲ့ အေနာက္ဘက္ေတာင္ေပၚေစတီ ဟု သုံးဆူရွိပါသည္။ ထိုေစတီသုံးဆူတို႔သည္ ရြာလယ္ေစတီက ဘက္အခ်ိန္ကစတင္တည္ေဆာက္ခဲ့သည္ကို အတိအက်ေတာ့မသိရပါ နရပတိစည္သူမင္းတည္ခဲ့သည္ဟု သက္ႀကီးရြယ္အုိတစ္ခ်ိဳ႕တို႔ဆိုၾကေလပါသည္။ ဘုရားပြဲကိုကဆုန္လျပည့္ေန႔မွာျပဳလုပ္ခဲ့ၾကပါသည္။ ကဆုန္လျဖစ္သျဖင့္ေတာင္ယာဝင္ေတာ့မည့္အခ်ိန္ ျဖစ္သျဖင့္ ေတာင္သူတို႔အတြက္ စိုက္ပ်ိဳးေရးအတြက္အဆင္ေျပေစဖို႔ မိုးေကာင္းဖို႔ မိုးေကာင္းၿပီးလယ္ယာ ေျမေတြ ေကာင္းေကာင္းျဖစ္ထြန္းႏိုင္ဖို႔ မုိးကိုေခၚသည့္ပြဲ (ပြယ္ခမ္းနံ) ဟုေခၚခဲ့ၾကေလသည္။

ရြာအလယ္ကေစတီသည္ ေစတီကကိုးနဝင္းေစတီျဖစ္ပါသည္။ အလယ္မွာေစတီႀကီးတစ္ဆူ၊ ေစတီႀကီး ေဘးဘက္ပတ္လည္မွာေစတီငယ္ ေလးဆူ၊ ေစတီႀကီးရဲ႕ေအာက္ေျခေဘးမွာေစတီေလးဆူ ထပ္တည္ထား ပါသည္။ အားလုံးေစတီပုံသ႑ာန္ကိုးဆူ ျဖစ္ေနသျဖင့္ ကိုးနဝင္းေစတီ ဟုေခၚပါသည္။ ဂ်ပန္စစ္ ေျပးၿပီးကာလေနာက္ ရြာကိုျပန္ေရာက္လာေတာ့ လြယ္ဝန္းဆရာေတာ္ႏွင့္ဦးေရာဂါတို႔ရြာသားအဖြဲ ႔ ျပန္လည္ျပဳျပင္ခဲ့ၾကပါသည္။ အဲဒီအခ်ိန္တုန္းက ရွမ္းျပည္မွာ ဘုရားေစတီေတြေဖာက္ထြင္းၿပီး ဌပနာေတြခိုးတဲ့ ေခတ္စားေနၾကတဲ့ေခတ္တစ္ေခတ္ ရွိခဲ့ဖူးပါသည္။ ထိုအခ်ိန္မွာ ကိုးနဝင္းေစတီေပၚမွာ ေညာင္ပင္ေပါက္ေနပါသည္၊ ဘုရားေစတီကိုဖ်က္ဆီးႏုိင္သည္ဟုသတိျပဳမိၾကတဲ့အခ်ိန္မွာေတာ့ ေညာင္ပင္ ကေတာ္ေတာ္ႀကီးေနၿပီ ျဖစ္ပါသည္။ ထိုအခ်ိန္မွာပင္ေဖာက္ထြင္းသမားေတြက ဘုရားေစတီကိုေဖာက္ခဲ့ ၾကေလသည္။ ဘုရားေစတီ၏ အေပၚပိုင္းမွာ ျပတ္သြားေလသည္။ လြယ္ဝန္ဆရာေတာ္ႏွင့္ရြားသားမ်ားျပန္လည္ျပဳျပင္၍ ဦးေရာဂါကဘုရားထီး ကိုလွဴပါသည္။

ေနာက္ပိုင္းေရာက္လာေသာအခါ ဦးပုည၊ဦးရွင္လံတို႔ဦးေဆာင္၍ လြိဳင္ေကာ္က ပန္းရံဆရာေမာင္ပုတို႔ တာဝန္ ယူ၍ ျပန္လည္ျပဳျပင္ပါသည္။ ထိုအခ်ိ္န္တြင္ေစတီအတြင္း၌ရွိေသာ ဗုဒၶရုပ္ပြားေတာ္၏မ်က္စိေတာ္ ္သည္ မွိတ္လ်က္ရွိပါသည္၊ ထိုမ်က္စိေတာ္ကိုျပန္လည္ဖြင့္ေပးခဲ့ေလသည္။ သို႔ေသာ္ ေစတီထီးေတာ္ ကိုေတာ့ အသစ္ျပန္လည္လွည့္လည္ျခင္းမျပဳဘဲ ဦးေရာဂါလွဴဒါန္းထားေသာထီးအတိုင္းသာ ယခုထိ ဆက္ရွိေနပါသည္။ ထိုအႀကိမ္တြင္ ေစတီ၏အေရွ႕ဘက္၌ ဆင္ရုပ္ထုကို အဘုိးဦးေရာဂါကလူခဲ့ပါသည္။ သို႔ေသာ္ ဆင္ရုပ္ေပၚမွာ ဘာစာမွထိုးမထားခဲ့ပါ။ ထိုးမထားေသာ္လည္း ရြာသူရြြာသားမ်ားအားလုံးသိၾကပါသည္။ အခုဆင္ရုပ္ကို သြားၾကည့္လုိက္ေတာ့ နာမည္ထိုးထားေတြ႕ခဲ့ပါသည္။ သို႔ေသာ္ အဘိုး ဦးေရာဂါနာမည္မဟုတ္ဘဲ အျခားလူနာမည္ျဖစ္ေနတာ ေတြ႕ရပါသည္။ ဘာျဖစ္တာပါလိမ့္။ ထူးေနတာ ကိုေတာ့သတိထားမိပါသည္။ ထိုုဗုဒၶရုပ္ပြားေတာ္၏အေပါက္ဝတံခါးကို ေျမာက္ဘက္ရြာကကိုေမာင္ေလးက လွဴခဲ့ပါသည္။ သို႔ေသာ္ထိုတံခါးကို အလွဴ႕ရွင္စာတမ္းထိုးတဲ့အခ်ိန္မွာေတာ္ ကိုေမာင္ေလးနာမည္မဟုုတ္ဘဲ ဦးရွင္လံနာမည္ျဖင့္ ကမၸည္းစာတမ္း ထိုးထားတာကိုေတာ့ ဘာေၾကာင့္မွန္းမသိခဲ့ေပမယ့္ အေၾကာင္းထူး ေတာ့ ရွိလိမ့္လို႔ယူဆမိပါသည္။ ယခုထိထိုတံခါးက ရွိေနဆဲပင္ျဖစ္ပါသည္။ ကိုးနဝင္းေစတီကိုလည္း ေအာက္ေျခမွာရွိတဲ့ေစတီေလးဆူကို ရွင္းထုတ္လက္သျဖင့္ ကိုးနဝင္းေစတီမွာ (၅)ဆူသာ က်န္ခဲ့ေလသည္။ ေနာက္ပိုင္း ဦးပုညေက်ာင္းထိုင္ျဖစ္တဲ့ ကာလမွာေတာ့ ေအာက္ေျခပတ္လည္ကဘုရားေလးဆူကိုျပန္လည္ တည္ထားဖို႔က်ိဳးစားခဲ့ေပမယ့္ တစ္စုံတစ္ခုေသာအေၾကာင္း ေၾကာင့္ က်ိဳးစားမႈကအထမေျမာက္ခဲ့ပါဘူး။


ရြာ၏အေရွ႕ဘက္ေတာင္ေပၚမွာရိွတဲ့ေစတီက ႏွစ္ေပါင္းတစ္ရာေက်ာ္ေလာက္သာရွိခဲ့သည္ဟု မွန္းဆရေလ ပါသည္။ ဘုရားပြဲကိုျပာသိုလျပည့္မွလုပ္ေလပါသည္။ ထိုျပာသိုလျပည့္ပြဲကိုေနာက္ေတာ့မလုပ္ႏိုင္ ေတာ့သည့္ အခါ ယခုလက္ရွိျပာသိုလျပည့္ဖယ္ခုံပြဲဟာ ရြာ၏အေရွ႕ဘက္ေတာင္ေပၚ၏ပြဲရက္ကို ယူၿပီးလုပ္လိုက္ျခင္းျဖစ္ပါ သည္ဟု သက္ႀကီးရြယ္အိုအဘုိးအဘြြားမ်ားက ဆိုၾကေလပါသည္။ ထိုအေရွ႕ ဘက္ေတာင္ေပၚဘုရားကို ဂ်ပန္စစ္ေျပးၿပီးျပန္လာေတာ့လြယ္ဝန္ဆရာေတာ္ႏွင့္အတူျပဳျပင္ခဲ့ေလပါသည္။ ေနာက္တစ္ႀကိမ္ ေလမုန္တိုင္း ေၾကာင့္ဘုရားေစတီအေပၚပိုင္းက်ိဳးသြားသျဖင့္ လြယ္ဝန္ဆရာေတာ္ႏွင့္အတူ ျပန္လည္ျပဳျပင္ခဲ့ရေလပါသည္။ ေနာက္တစ္ခါမွာေတာ့ဦးပုညဦးေဆာက္ၿပီးတစ္ခါထပ္ျပဳျပင္ခဲ့ပါသည္။ ဇရပ္ေတြကိုလည္းေဆာက္ခဲ့ပါသည္။

ရြာ၏အေနာက္ဘက္ေတာင္ေပၚမွာရွိိတဲ့ သဲပုံေစတီကကုန္းဆုံဆရာေတာ္ဦးနႏၵိယလက္ထက္ ဦးနႏၵိယႏွင့္ ဦးေရာဂါတို႔တည္ခဲ့သည္ဟုသိရပါသည္။ ဘုရားပြဲကိုေတာ့နယုန္လျပည့္ျဖစ္ပါသည္။ ထိုနယုန္လျပည့္ပြဲကို ရြာပြဲ (ပြယ္ဒုံနံ) ဟုေခၚၾကေလပါသည္။ ဒီကုန္းဆုံမွာရွိတဲ့ရြာေတြအားလုံး စည္ပင္ဖို႔ ပ်ံ႕ေျပာဖို႔ စီးပြားတိုးတက္ဖို႔လုပ္တဲ့ ပြဲ ျဖစ္ပါသည္။ နံနုက္ပိုင္းမွာ ရဟန္းသံဃာကိုေတာင္ေပၚမွာပင့္ၿပီးဆြမ္းကပ္၊ တရားနာ၊ မြန္းလြဲရင္ ပအိုဝ္းရုုိးရာ မီးလုံးပြဲက်င္းပေလပါသည္။ ထိုမီးလုံးပြဲသည္အေပ်ာ္သေဘာသက္သက္သာက်င္းပေလပါသည္။ ေနာက္ေတာ့ ေလာင္းပြြဲအျဖစ္အသြင္ေျပာင္း သြားေလပါသည္။ ရက္ကိုလည္းေျပာင္းေရြ႕ခဲ့ပါသည္။ နယုန္လျပည့္ကေန နယုန္လဆုန္း(၈)ရက္ေျပာင္းၿပီးလုပ္ခဲ့ၾက ေလသည္။













ကုန္းဆုံေက်းရြာသမိုင္းအေၾကာင္း တစ္ေစ့တစ္ေစာင္း


အခန္း(၃)


ကုန္းဆုံရြာ၏အေရြ႕အေျပာင္း




ကုန္းဆုံရြာသည္ ကုန္းဆုံရြာဟုသီးသန္႔ရြာမရွိဘဲရြာေပါင္းမ်ားစြာကိုစုေပါင္း၍ ကုန္းဆုံရြာဟုနာမည္တပ္ ေခၚၾက ေလပါသည္။ ကုန္းဆုံဟူေသာနာမည္ကို ကြဳံသြဳံဟူေသာရွမ္းစကားမွဆင္းသက္လာပါသည္။ ကုန္းဆုံရြာမွာေနထိုင္ၾကေသာရြာသူရြာသားမ်ားသည္ ပအိုဝ္းတိုင္းရင္းသားလူမ်ိဳးအမ်ားဆုံးျဖစ္ပါသည္။ ကုန္းဆုံရြာ၏အနီးနားတြင္ ကုန္းျမင့္အရွည္ေတြရွိပါသည္ အဲဒီနားေလးကရွိတဲ့ရြာေတြကို ကုန္းအျမင့္(သို႕) ကုန္းအရွည္နားကရြာဟု အလြယ္တကူေခၚဆိုၾကပါသည္။ ပအိုဝ္းတိုင္းရင္းသားရြာေတြမို႔ ပအိုဝ္းလို တပူထို ဟုေခၚၾကေလပါသည္။ ထိုကိုရွမ္းေတြက ရွမ္းဘာသာစကားျဖင့္ ကြဳံသြဳံ ဟုေခၚၾကေလပါ သည္။ ထိုကိုအဆြဲျပဳ၍ အဲဒီနားတစ္ဝိုက္မွာ ရွိတဲ့ရြာေတြကို ကြဳံသြဳံ ရြာဟုနာမည္တြင္သြားေလပါသည္။ ကြဳံသြဳံရြာဟူသည္ တစ္ရြာတည္းမဟုတ္ဘဲ အဲဒီကုန္း၏အနီးနားတစ္ဝိုက္ရွိသည့္ရြာအားလုံးကိုဆိုလို ပါသည္။ ထိုကြဳံသြဳံရြာေတြေပါင္းၿပီးျပဳလုပ္တဲ့ဘုန္းႀကီးေက်ာင္း ကိုလည္း ကြဳံသြဳံေက်ာင္းဟုေခၚခဲ့ေလ ပါသည္။ ဒီ ကြဳံသြဳံ နာမည္ကိုပဲယခုထိအသုံးျပဳေလပါသည္။ ျမန္မာလို ကုန္းဆုံ ဟုအလြယ္တကူေခၚတြင္ခဲ့ ေလပါ သည္။

ကုန္းဆုံရြာမ်ားသည္ ေနာင္ပီးရြာ၊ ေမာင္းမြဴးရြာ၊ ေတာင္ဗာရြာ၊ ကုုန္းေပါရြာ၊ ေျခာက္ေလာင္းရြာ၊ ပင္းပက္ရြာ၊ ေတာင္ခၽြန္ရြာတို႔ ျဖစ္ပါသည္။ ေနာင္ပီးရြာသည္ ပင္ေလာင္းၿမိဳ႕နယ္၊ ေနာင္ပီးရြာကလူေတြေျပာင္းလာၾကျခင္း ျဖစ္ပါသည္။ ထိုေၾကာင့္သူတို႔ေနေသာရြာကိုလည္း ေနာင္ပီးရြာဟုေခၚဆိုၾကပါသည္။ ပင္ေလာင္းက ေတာင္ဗာ ရြာကလူေတြ ေျပာင္းလာတာမို႔ သူတို႔ေနတဲ့ရြာကိုလည္း ေတာင္ဗာရြာဟုပင္ အလြယ္တကူ ေခၚၾကေလသည္။ ေမာင္းမြဴးရြာကလည္း ေမာင္းမြဴးရြာကေနေျပာင္းလာပါသည္။ ကုန္းေပါက ဟိုအေရွ႕ဘက္က ေနေျပာင္းလာတာ ဟုၾကားသိရပါသည္။ ေတာင္ခၽြန္ရြာကေတာ့ ပင္ေလာင္းဘက္က ေတာင္ရုိးလူမ်ိဳးေတြျဖစ္ပါသည္။


ကုနု္းဆုံရြာမ်ားတည္ေနရာ

ေနာင္ပီသည္ ယခုလက္ရွိရြာလယ္ဘုရား၏အေနာက္ဘက္မွာျဖစ္ပါသည္။ ေမာင္းမြဴးသည္ အေနာက္ ဘက္ ကုန္းဆုံးေတာင္၏ အေရွ႕ေျမာက္ဘက္ကပ္ရပ္မွာရွိပါသည္။ (ယခုသဲေတာင္မွာျဖစ္ပါသည္)။ ေတာင္ဗာရြာသည္ အေနာက္ဘက္ကုန္းဆုံေတာင္၏အေနာက္ေတာင္ဘက္မွာရွိပါသည္။ ကုန္းေပါရြာသည္ အစကအေရွ႕ဘက္ ကုန္းဆုံေတာင္၏ အေရွ႕ဘက္မွာရွိပါသည္။ ေနာက္ေတာ့ ေတာင္၏ေတာင္္ဘက္ကို ေျပာင္းေနၾကပါသည္။ ၿပီးေတာ့ ပင္းပက္ရြာ၏အေရွ႕ဘက္ ခပ္လွမ္းလွမ္းမွာေျပာင္းသြားေလပါသည္။ (ယခုဖယ္ခုံရထားဘူတာေနရာ ျဖစ္ပါသည္)။ ေျခာက္ေလာင္းရြာသည္ ရွမ္းလူမ်ိဳးမ်ားျဖစ္ၾကပါသည္။ (ဦးနႏၵိယ(ထြက္တုံး)ကလည္း ေျခာက္ေလာင္းရြာက ရွမ္းလူမ်ိဳးပင္ျဖစ္ပါသည္။ ျဖားလား၏ညီျဖစ္ပါသည္)။ ရြာ၏တည္ေနရာကအေရွ႕ဘက္ ကုန္းဆုံေတာင္၏ အေနာက္ဘက္မွာရွိပါသည္။ ကုန္းဆုံဘုန္းႀကီး ေက်ာင္း၏အေရွ႕ဘက္ကပ္ရပ္ျဖစ္ပါသည္။ ပင္းပက္ရြာသည္ ကုန္းေပါရြာ၏အေနာက္ဘက္ခပ္လွမ္းလွမ္းမွာ ျဖစ္ပါသည္။ ယခင္ဦးနႏၵိယေဆာက္ခဲ့ေသာ ကုန္းဆုံဘုန္းေတာ္ႀကီးေက်ာင္းေနရာ၌ျဖစ္ပါသည္။ ေတာင္ခၽြန္ ရြာသည္ ထိုပင္းပက္ရြာ၏အေနာက္ေတာင္ဘက္ အရပ္၌ျဖစ္ပါသည္။ 




ကုန္းဆုံရြာသားမ်ားရဲ႕လမိုက္ညမ်ား


ဂ်ပန္စစ္မျဖစ္မီကာလမွာေနာက္ပီးရြာ၏အေရွ႕ဘက္တစ္ျခမ္းသည္ လူေန႔တိုင္းေသေသာကပ္ေရာဂါတစ္ခု ဆိုက္ေရာက္ေန၍တခ်ိဳ႕ေနာက္ပီး၏အေနာက္ဘက္ျခမ္းသို႔ေျပာင္းသြားေလသည္။ တခ်ိဳ႕ကေတာင္ဗာရြာ သို႔ေျပာင္းသြားေလသည္။ တခ်ိိဳ႕ကေမာင္းမြဴးရြာသို႔ေျပာင္းသြားေလပါသည္။ အေနာက္ဘက္ျခမ္းေနာင္ပီး ရြာကေတာ့မေပ်ာက္ဘဲရွိေနပါသည္။ ဂ်ပန္စစ္ျဖစ္၍ကုန္းဆုံရြာသားမ်ား ေနရာေျပာင္းေရြ႕ေနထိုင္ရပါေလ သည္။ အိမ္ေတြကိုဂ်ပန္မ်ားမီရႈိ႕သြားျခင္း ေၾကာင့္ေျပာင္းေရြ႕ရပါသည္။ ဂ်ပန္မ်ားသည္ ပအိုုဝ္းအိမ္ေတြ ကိုသာမီးရႈိ႕သြားပါသည္ဟုအဘြားေဒၚမုတ္ကေျပာပါသည္။ ဘုန္းႀကီးေက်ာင္းလည္းရႈိ႕သြားပါသည္။ ဘုန္းႀကီး ေက်ာင္းပါမီးရႈိ႕သြား၍ ဆရာေတာ္ဦးနႏၵိယကအေနာက္ဘက္ ကုန္းဆုံေတာင္၏အေနာက္ ေတာင္ဘက္မွာ ေဆာက္လုပ္ေသာဝါးေက်ာင္းကို တစ္ႏွစ္ သီတင္းသုံးခဲ့ရပါသည္။ တစ္ႏွစ္ခန္႔ၾကာလို႔ ရြာသားမ်ားျပန္လာေသာအခါ ယခင္ေက်ာင္းေနရာသို႔ေခတၱခဏယာယီ ဝါးေက်ာင္းေဆာက္ကာ ဦးနႏၵိယ ေနရာေျပာင္းၿပီးျပန္လာသီတင္းသုံးခဲ့ရပါသည္။ ဂ်ပန္ေျပးတုန္းက တခ်ိဳ႕စက္ေတာ္ရြာ၊ တစ္ခ်ိဳ႕ ေခါင္းအိရြာ၊ တခ်ိဳ႕ လြယ္ဝန္ရြာ၊ တခ်ိဳ႕ေတာင္မဲသင္းရြာ၊ တခ်ိဳ႕နမ္းပဲရြာစသည္ျဖင့္ေျပာင္းေရြ႕သြားၾကပါသည္။ တခ်ိဳ႕မိသားစုေတြကလူမေနေသာေတာင္ေပၚမွာသာတည္းခုိခဲ့ၾကေလပါသည္။ တစ္ႏွစ္ခန္႔ၾကာလို႔ျပန္လာ ေသာအခါ လုူမစုံေတာ့ပါ။ ေတာ္ေတာ္မ်ားမ်ားကသူမ်ားရြာေတြမွာအၿပီး ေနေနၾကျခင္းေၾကာင့္ျဖစ္ပါသည္။ ေတာင္ဗာ၊ေမာင္မြဴး၊ေနာင္ပီ သုံးရြာသားမ်ားစုေပါင္း၍ ေနာင္ပီရြာမွာသာေနေနၾကေသာေၾကာင့္ ေတာင္ဗာ ရြာႏွင့္ ေမာင္းမြဴးရြာတို႔၏ဇာတ္လမ္းသည္ ဂ်ပန္စစ္ႏွင့္္အတူခ်ဳပ္ၿငိမ္းသြားေလေတာ့သည္။ သို႔ေသာ္မၾကာပါ။ ကရင္ႏွင့္ကယန္းတို႔စစ္ထပ္ျဖစ္ျပန္ပါသည္။ ကရင္သည္ ယာယီေဆာက္ထားေသာကုန္းဆုံဘုန္းႀကီး ေက်ာင္း (ဝါးေက်ာင္း)ကို မီးထပ္ခ်ိဳ႕ျပန္ေတာ့သည္။ ဆရာေတာ္ဦးနႏၵိယသည္ ေနစရာမရွိေတာ့၍ စက္ေတာ္ ရြာသို႔ေခတၱသြားသတင္းသုံးလိုက္ရပါသည္။ ရြာသားေတြကလည္းေခတၱခဏေတာေတာင္ထဲသို႔ ထပ္ေျပး လိုက္ရေသးသည္။ ကရင္စစ္သားေတြက ကုန္းဆုံရြာ၏အေရွ႕ဘက္ေတာင္ေပၚမွာစခန္းခ်ၿပီး ကယန္း စစ္သားေတြကလြယ္ပသာေတာင္မွာစခန္းခ်သည္ဟုဆိုပါသည္။ 




ေျခာက္ေလာင္းရြာ၏ေနဝင္ခ်ိန္


ေျခာက္ေလာင္းရြာလည္းထိုအခ်ိန္မွာ ေျမာက္ဘက္ကိုေရြ႕ေျပာင္းသြားေလသည္။ ယခုလက္ရွိေနာင္ပီးရြာ ေရတြင္း၏ေျမာက္ဘက္အရပ္မွာျဖစ္ပါသည္။ ယခင္ကုန္းဆုံေက်ာင္း၏ေရသိမ္ေနရာ၌ ျဖစ္ပါသည္။ အဲဒီနား မွာကာလၾကာရွည္စြာေနခဲ့ၾကပါေသးသည္။ ေနာက္ေတာ့ အဲဒီကတစ္ဆင့္ လုံကာရြာသို႔ေျပာင္းသြားကာ ေျခာက္ေလာင္းရြာ၏ဇာတ္လမ္းလည္းနိဂုံးခ်ဳပ္လိုက္ရေလပါသည္။ (လုံကာရြာသည္ယခင္ကပင္ရွိခဲ့ပါသည္၊ သို႔ေသာ္ယခုလက္ရွိေနရာေတာ့မဟုတ္ပါ၊ ဟိုအေရွ႕ေျမာက္ဘက္ခပ္လွမ္းလွမ္းမွာျဖစ္ပါသည္။ ေရကာတာ (ေရေလွာင္ကန္-ဆည္)လုပ္ေတာ့ ရြာေျပာင္းရမည္ဟုအစိုုးရ၏အမိန္႔အရ လက္ရွိလုံကာရြာရွိရာသို႔ ေျပာင္းေရြ႕ လာၾကျခင္းျဖစ္ပါသည္။ ေျခာက္ေလာင္းရြာကရွမ္းႏွင့္လုံကာရြာကရွမ္းမ်ား စုမိလ်က္သား ျဖစ္သြားပါသည္။ ထိုေနရာကိုေျခာက္ေလာင္းရြာသားမ်ားကအရင္ေျပာင္းလာခဲ့ပါသည္။ ေနာက္မွေျပာင္း လာေသာ လုံကာရြာသား မ်ားကအင္အားပိုမ်ားလို႔ လုံကာရြာဟုနာမည္တြင္သြားေလပါသည္။


ထိုအခ်ိန္တြင္လုံကာရြာ၏ေျမာက္ဘက္ ေလာကကုံလုံလုံကာဘုရား၏အနီးနား၌ေနေသာကယားလူမ်ိဳးေတြ လည္း ေနရာေျပာင္းေရြ႕ၾကေလသည္။ မိုင္းျဖတ္ရြာသို႔ေျပာင္းေရြ႕သြားၾကပါသည္။ ကသဲရြာ၏ ေတာင္ပိုင္း မွာရွိတဲ့ ယခုကားလမ္းေဘး ေညာင္ပင္ႀကီးရွိတဲ့ေနရာသည္ ထိုအခ်ိန္တုန္းက ကယားရြာပင္ျဖစ္ပါသည္။ ထိုကယားတိုင္းရင္းသားမ်ားသည္လည္း လက္ရွိမိုင္းျဖတ္ေအာက္ရြာသို႔ ေလာကကုံလုံလုံကာဘုရားနားက ေျပာင္းလာတဲ့ ကယားတိုင္းရင္းသားမ်ားႏွင့္အတူ ေျပာင္းေရြ႕သြားေလပါသည္။ ယခုလက္ရွိမိုင္းျဖတ္ အေပၚရြာ ႏွင့္ အလယ္ရြာသည္ ေနာက္မွ ျဖစ္ေပၚလာပါသည္။




ကုန္းဆုံေက်းရြာသမိုင္းအေၾကာင္း တစ္ေစ့တစ္ေစာင္း
အခန္း(၄)

ကုန္းေပါရြာတို႔နိဂုံး

ရြာသူရြာသားမ်ားကလည္းေျပးလိုက္ျပန္လာလိုက္ေမာေနပါသည္။ ေမာေနေသာ္လည္း ဘုန္္းႀကီးေက်ာင္း အတြက္ ကုန္းဆုံရြာနာမည္ခံေသာရြာမ်ားစုေပါင္း၍တိုင္ပင္ကာ ကုန္းေပါရြာ၏အေနာက္ဘက္ကပ္ရပ္မွာ ေက်ာင္းေဆာက္ၿပီး စက္ေတာ္မွာသီတင္းသုံးေနေသာဦးနႏၵိယကိုျပန္လည္ပင့္ေဆာင္ၾကေလပါသည္။ ထိုေက်ာင္းသည္လည္းယာယီဝါးေက်ာင္းမွ်သာေဆာက္ႏ္ိုင္ခဲ့ေလပါသည္။

ကုန္းေပါရြာသည္ အေရွ႕ဘက္ဘုရားေတာင္နားကေနေျပာင္းလာေသာ္လည္း ရြာႀကီးမွာ အေျခအေန တစ္ခုေၾကာင့္ရြာပ်က္ခဲ့ရပါသည္။ ျဖစ္ပုံကေတာ့ဆန္းပါ၏။ ထိုအခ်ိန္တုန္းကရြာသူႀကီးက ဦးမဲင္ ျဖစ္ပါသည္။ အလြန္ဆိုးေသာသူႀကီးျဖစ္ပါသည္။ ရြာသားေတြကိုနည္းအမ်ိဳးမ်ိဳးနဲ႔ႏွိပ္စက္ေလသည္။ ရြာသားမ်ား သူ႔ဒဏ္ ကိုမခံႏိုင္ေတာ့ရြာေျပာင္းၾကေလသည္။ ပင္းပက္ရြာရဲ႕ေတာင္ဘက္မွာသြားေနၾကပါသည္။ သူတို႔တေတြ သိပ္မ်ားေသာေၾကာင္း သူတို႔ေနေသာပင္းပက္ရြာရဲ႕ေတာင္ပိုင္းအျခမ္းမွာ ပင္းပက္ရြာသစ္ဟုနာမည္တြင္ သြား ေလသည္။ ပင္းပက္ရြာက ရြာသစ္/ရြာေဟာင္းဟု ရြာႏွစ္ရြာျဖစ္သြားေလပါသည္။ လူေတြမရွိေတာ့ ေသာေၾကာင့္ ယာယီေဆာက္လုပ္ထားေသာဘုန္းႀကီးေက်ာင္းလည္း ပင္းပက္ရြာ၏အနီး ရြာ၏ကပ္ရက္ အေရွ႕ဘက္မွာေျပာင္း ေရြ႕ေဆာက္လုပ္လိုုက္ပါသည္။ ဆရာေတာ္ဦးနႏၵိယသည္ ကုန္းဆုံေက်ာင္း၏ သမိုင္းမွာ ေနရာေျပာင္းအမ်ားဆုံး ဆရာေတာ္ျဖစ္လာခဲ့ပါသည္။ ကုန္းေပါရြာမွာေတာ့ ရြာသူႀကီးအိမ္ တစ္အိမ္သာက်န္ရစ္ခဲ့ပါသည္။ အိမ္မေျပာင္း သည္မွာ ရြာသူႀကီးအိမ္တစ္အိမ္သာရွိပါသည္။ ရြာမရွိလို႔ ရြာသူႀကီးမဟုတ္ေတာ့ေသာ္လည္း သူအိမ္မွာ အိမ္သူႀကီးေတာ့ ဆက္လုပ္လိုက္ရပါသည္။ ကုန္းေပါရြာ၏ လက္က်န္အိမ္တစ္အိမ္ျဖစ္ပါသည္။ ရြာသူႀကီး ဦးမဲင္ေသသြားေတာ့ အိမ္လည္းဆက္မရွိေတာ့ပါ။ ကုန္းေပါရြာ၏ ဇာတ္လမ္းလည္းနိဂုံးခ်ဳပ္သြားေလပါသည္။

အဲဒီအခ်ိန္တုန္းက ေတာင္ခၽြန္ရြာမွာ- ျဖားကင္းထြဥ္၊ (ျဖားယုန္၊ ျဖားဆြဲ၊ နန္မုတ္၊နန္သာ)

ကုန္းေပါရြာမွာ- ျဖားဦဖာ၊ ျဖားကင္းမဲင္ ၊

ပင္းပက္ရြာသစ္မွာ- ျဖားကင္းကီး (ျဖားေမာင္ယြန္၊ ျဖားလုဲဥ္း၊ ျဖားဆုိး၊ျဖားတြန္၊ျဖားသာ)
 
ပင္းပက္ရြာေဟာင္းမွာ-ျဖားဟိန္ငဲဖာ၊ထြဴေတြာ့- ျဖားကင္းဟိန္ငဲ (ျဖားအ်င္၊ နန္တဲမ္း၊ ျဖားမုတ္၊ ျဖားနန္၊ ျဖားလြန္း)

ေနာင္ပီးရြာမွာ-ျဖားခမ္ဖာခၽြန္၊ျဖားဖာကင္းကၽြဲ၊ ( ျဖားေရာဂါ၊ ျဖားေမာင္က်ား၊ ျဖားေျဖာင္း၊ ျဖားမုတ္၊ ျဖားမုတ္ဖာ၊ ျဖားေအာင္၊ျဖားေအာင္ဖာ၊ မြိဳးျဖားႏြံ၊ မြြိဳးျဖားပယ္၊ မြိဳးျဖားဘက္ နီျဖာ၊ နန္ကြံး၊ )



ကြီေပၚရြာတို႔ျဖစ္ပုံပ်က္ပုံ

ဂ်ပန္စစ္ၿပီးသြားၿပီးေသာေနာက္မွာရြာေတြတခ်ိဳ႕ေပ်ာက္သြားခဲပါသည္။ ကယန္း-ကရင္စစ္ၿပီးေတာ့ ရြာေတြ တခ်ိဳ႕ထပ္ေပ်ာက္ပါသည္။ ဆက္ေပၚလာေသာရြာေတြလည္းရွိလာပါသည္။ ေခါင္းအိကကယန္း(ပေဒါင္) ေတြက အေနာက္ဘက္ရွိကုန္းဆုံေတာင္၏ အေနာက္ေတာင္ဘက္မွာလာေနၾကသည္။ ကြီေပၚရြာဟု နာမည္ေပး ၾကပါသည္။

ကြီေပၚရြာသည္ လူေတြလည္း အနည္းငယ္မွ်သာရွိပါသည္၊ အိမ္ေျခလည္းအနည္းငယ္မွ်သာရွိပါသည္။ ကြီေပၚရြာ၌ေနေသာလူမ်ားသည္ ကုန္းရဲ႕အနီးမွာရွိေသာရြာတစ္ရြာ သည္ အိမ္ေျခႏွစ္ရာျပည့္လွ်င္ ရြာပ်က္ တတ္သည္ဟူေသာ ကြီေပၚရြာမွာေနသည့္ဘိုးဘြားတို႔ရဲ႕ ေရွးေဟာင္းကယန္းတို႔ အယူအဆရွိသည့္အတြက္ ရြာေျပာင္းရန္က်ိဳးစားၾကသည္။ ရြာေျပာင္းဖို႔ေနရာေရြးေတာ့လမ္္း၏အနီးမွာေနခ်င္တာကလည္းတစ္ေၾကာင္း၊ ဆင္းခတ္ေနရတဲ့ေသာက္ေရေတြနဲ႔နီးခ်င္တာကလည္း တစ္ေၾကာင္း၊ အဲဒီအေၾကာင္းေတြေၾကာင့္ ယခု တည္ရွိရာကုန္းဆုံဘုန္းေတာ္ႀကီးေက်ာင္း၏ေျမာက္ဘက္ အရပ္မွာ ေနရာယူၿပီးေျပာင္းေရြ႕သြားေလသည္။ ထိုရြာကို ကုန္းဆုံေျမာက္ရြာဟုပင္ေခၚဆိုၾကေလပါသည္။ ကုုန္းဆုံေက်ာင္းတကာမ်ားထဲတြင္ ထိုရြာသည္ ေျမာက္ဘက္ဆုံးမွာတည္ရွိေနေသာေၾကာင့္ ကုန္းဆုံေျမာက္ရြာ ဟုေခၚဆုိၾကျခင္းျဖစ္ပါသည္။ ကြီေပၚရြာမွာက- ျဖားတြက္၊ ျဖားထြဥ္၊ျဖားမဲင္၊ ျဖားေစာင္း၊ ျဖားဦး၊ ျဖားခြင္၊ျဖားပင္း တို႔ေနခဲ့ပါသည္။ ကြီေပၚ ကေန ကုန္းဆုံရြာသို႔ေျပာင္းသြားေသာအခါ ျဖားတြက္၊ ျဖားခြင္၊ ေမာင္တီ၊ ေဝးလဲတို႔ေလးအိမ္ အရင္ေျပာင္း လာခဲ့ပါသည္။


ကုန္းဆုံအေရွ႕ရြာ (သို႔)ဘုရားကုန္းရြာ ႏွင့္ပတၱျမားရြာ

ေရၾကည္ရာျမက္ႏုရာေနရာကိုလိုက္ရွာရင္းကုုန္းဆုံရြာ၏အေရြ႕အေျပာင္းမ်ားထပ္ၿပီးျဖစ္ေပၚလာခဲ့ပါသည္။ ကားလမ္းနဲ႔နီးဖို႔၊ ခတ္သည့္ေရတြင္းနဲ႔နီးဖို႔ ေနရာရွာရင္း ေတာင္ခၽြန္ရြာသူ/ရြာသားမ်ားကလည္း ယခုလက္ရွိကုန္းဆုံဘုန္းႀကီးေက်ာင္း၏ေတာင္ဘက္ေနရာတြင္ ေျပာင္းေရြ႕ေနထိုင္ေလသည္။ စေျပာင္းကာစတုန္းကေတာင္ရုိးရြာဟုအလြယ္တကူေခၚၾကေသးသည္။ ေနာက္ပိုင္းေရာက္မွ ေတာင္ရုုိးေတြကေနပအိုဝ္းေတြျဖစ္ကုန္ေတာ့ လက္ရွိရြာလယ္ဘုုရားကိုအမွီျပဳၿပီး ဘုရားကုန္း(ဖရာကုံ) အေရွ႕ရြာဟုေခၚဆိုၾကေလသည္။ ပင္ပက္ရြာသစ္ကရြာသူရြာသားမ်ားက သူတို႔ေနရာေဟာင္းကုန္းေပၚရြာ၏အေရွ႕ေျမာက္ဘက္အရပ္ ကားလမ္းရဲ႕အေရွ႕ဘက္မွာ ေျပာင္းေရြ႕ေနထိုင္ၾကပါသည္။ ထိုရြာကိုပတၱျမားရြာဟုေခၚဆိုၾကေလသည္။

အခ်ိန္ကာလ၏ေရြ႕ေျပာင္းမႈနဲ႔အတူဦးနႏၵိယႏွင့္တကာမ်ားေဆာက္လုပ္ခဲ့ေသာဘုန္းႀကီးေက်ာင္းလည္း ေဆြးေျမ့ေလၿပီ၊ ဦးနႏၵိယလည္းမရွိေတာ့ပါ။ ေက်ာင္းထိုင္ဘုန္းႀကီးေတြကလည္း သုံးပါးေတာင္ ေျပာင္းခဲ့ ေလၿပီ။ ရွမ္းဘုန္းႀကီး၊ ဦးေဇာတိက၊ ဦးသုုမန။ ဦးသုမနျပန္ေတာ္မူသြားေတာ့ ကုန္းဆုံရဲ႕ငယ္ေမြးၿခံေပါက္ျဖစ္တဲ့ ဦးဝိစိတၱ ႏွင့္ ဦးပုညတို႔က ဘုန္းႀကီးေက်ာင္းကို ယခင္ေက်ာင္းေနရာေဟာင္းျဖစ္တဲ့ (ဂ်ပန္နဲ႔ ကရင္တို႔မီးရႈိ႕ခဲ့တဲ့) ရြာလယ္ေစတီ၏ေျမာက္ဘက္မွာ ျပန္လည္ေျပာင္းေရြ႕ေပးခဲ့ပါသည္။ ဘုန္းႀကီးေက်ာင္း နဲ႔ေရာ တျခားရြာေတြနဲ႔ေရာ ေနာက္ကားလမ္း၊ ေရတြင္းေတြနဲ႔ေဝးေနသည္မို႔ ပင္းပက္ရြာေဟာင္းက ရြာသူရြာသားမ်ားက ဘုရားကုန္းအေရွ႕ရြာမွာ ေျပာင္းေရြ႕ေနထိုင္ၾကေလသည္။ အစဥ္အလာႀကီးမားတဲ့ ပင္းပက္ရြာကလည္း တစ္ခန္းရပ္ကာအဆုံးသတ္ေလေတာ့သည္။


ကုန္းဆုံရြာသစ္

ဆရာေတာ္ဦးပုညလက္ထက္မွာပဲယခုလက္ရွိအေျခခံပညာမူလတန္းေက်ာင္းရဲ႕အေနာက္ဘက္မွာ ကုန္းဆုံ ရြာ၏ဧရိယာအျဖစ္သတ္မွတ္ရန္ေတာင္းဆိုမႈကိုအစိုးရမ်ားခြင့္ျပဳသျဖင့္ ကုန္းဆုံရြာသားမ်ားသည္ထိုေနရာ တြင္ ေျပာင္းေရြ႕ေနထိုင္ၾကပါသည္။ ကုန္းေပါရြာရဲ႕မ်ိဳးဆက္ျဖစ္တဲ့ပတၱျမားရြာကရြာသားေတြ ေျပာင္းေရြ႕ ေနထိုင္ သြားေလသည္။










ကုန္းဆုံေက်းရြာသမိုင္းအေၾကာင္း တစ္ေစ့တစ္ေစာင္း
အခန္း(၅) 

ထာဝရေနာင္ပီး 

ကုန္းဆုံရြာ၏အေရြ႕အေျပာင္းေတြမ်ားစြာရွိခဲ့ရာတြင္ အခုထိမေျပာင္းေသးတာဆိုလို႔ ေနာင္ပီးရြာပဲရွိပါသည္။ ေရာဂႏၱရကပ္ဆိုက္ေတာ့ အေရွ႕ဘက္တစ္ျခမ္းပ်က္ေသာ္လည္းအေနာက္ဘက္တစ္ျခမ္းကက်န္ေသးသည္။ ဂ်ပန္စစ္ေၾကာင့္ရြာမီးထဲေရာက္သြားေပမယ့္ ျပန္လည္တည္ေဆာက္ႏိုင္ခဲ့သည္။ ကယန္း-ကရင္စစ္ေၾကာင့္ ေျပးခဲ့ရေသာ္လည္း ေနာင္ပီးရြာရွိရာသို႔ ျပန္လည္နားခိုၾကသည္။ အေနာက္ဘက္တစ္ျခမ္းေနာက္ပီးရြာက အေရွ႕ဘက္တစ္ျခမ္းေနာင္ပီးရြာကို ေနာက္ထပ္တစ္ႀကိမ္ဆက္ေမြးဖြားျပန္ပါသည္။ ေဘးကရြာေတြ အေျပာင္းအလဲ မ်ားခဲ့ေပမဲ့ ေနာင္ပီးရြာက ရွိရင္းအတိုင္းဆက္ရွိေနခဲ့ၾကသည္။ ထာဝရေနာင္ပီးဟုပင္ ေခၚဆိုရမေလာက္ပင္ျဖစ္ပါသည္။

ပင္းပက္ရြာေဟာင္း (ေသင္းသဲင္ဒုံလီ၊ ဟိန္ဒုံ)

ပင္းပက္ရြာသစ္ (ေသင္းသဲင္ဒုံတသာ)၊

ဦးေရာဂါ (ခ) အဘိုးေရာကာကြမ္

ေနာင္ပီးရြာမွာေနတဲ့ဦးေရာဂါသည္ ေရာဂႏၱရကပ္မေရာက္ခင္တုန္းက ေနာင္ပီးအေရွ႕ရြာမွာေနပါသည္။ ေရာဂါႏၱရက်ေရာက္ၿပီးေနာက္ ေနာင္ပီးအေနာက္ဘက္ရြာမွာေနပါသည္။ ဂ်ပန္စစ္ေျပးၿပီးျပန္လာေတာ့ေနာင္ပီးရြာမွာပင္ဆက္ေနပါသည္။ ကုန္းဆုံေက်ာင္းကိုယခုတည္ရွိရာေနရာသို႔ေျပာင္းသြားၿပီးမၾကာခင္မွာ ဦးေရာဂါတို႔အိမ္လည္းကားလမ္းနဲ႔နီးရာ ဘုန္းႀကီးေက်ာင္းရဲ႕အေနာက္ဘက္မွာေျပာင္းေရြ႕ေနပါသည္ေနပါသည္။ ထိုထာဝရေနာင္ပီးရြာသားႀကီးက နာမည္အရင္းကဦးကြမ္ျဖစ္ပါသည္။ ဘာသာေရးကိစၥေတြ သာေရးနာေရးကိစၥေတြမွာ လွဴႏိုင္တန္းႏိုင္ဦးေဆာင္ႏိုင္တာမို႔ ေက်ာင္းတကာကြမ္ဟုေခၚၾကေလပါသည္။ ေနာက္ေတာ့ ေရာကာကြမ္ ဟုေခၚဆိုၾကပါသည္။ ထိုကိုအဆြဲျပဳဟုေနာက္ေတာ္ဦးေရာဂါ၊ အဖိုးေရာဂါလို႔ႏႈတ္ဆြဲရာေခၚဆိုၾကပါသည္။ အဘိုးရဲ႕အုတ္ကူမွာေတာ့ ေရာကာကြမ္ ဟုေရးထားပါသည္။ အဘိုးက ၁၂၆၃-ခုႏွစ္၊ကဆုန္လဆန္း(၁၃)ရက္၊ တနလၤာေန႔မွာေမြးဖြားၿပီး၊ ၁၃၅၇-ခုႏွစ္၊ ေတာ္တလင္းလျပည့္ေက်ာ္(၁၃)ရက္၊ၾကာသပေတးေန႔မွာ ကြယ္လြန္ခဲ့ေလပါသည္။ ထိုေၾကာင့္ အဘိုးမွာ အသက္(၉၅)ႏွစ္၊ (၄)လ၊ (၁၅)ရက္မွာကြယ္လြန္သြားခဲ့ပါသည္။ 


ကုန္းဆုံေရတြင္း 

ကုန္းဆုံရြာမွာ ေရတြင္းရွိပါသည္။ ထိုေရတြင္းကယခုလက္ရွိဘုန္းႀကီးေက်ာင္း၏ေျမာက္ဘက္မွာ ရွိပါသည္။ ေရတြင္းတူးခဲ့စဥ္က ဘုန္းႀကီးေက်ာင္းက ကုန္းေပါရြာမွာရွိခဲ့စဥ္ကျဖစ္ပါသည္။ ေရတြင္းကို တစ္တြင္းၿပီး တစ္တြင္း တူးၾကပါသည္။ တစ္တြင္းတူးၿပီးသုံးၾကည့္သည္ ေရထြက္မေကာင္း၍ ေနရာေျပာင္းကာ ဆက္တူးၾကသည္။ အခုလက္ရွိဘုန္းႀကီးေက်ာင္း၏အေရွ႕ဘက္ႏွင့္ ေျမာက္ဘက္တစ္ဝိုက္ဆိုရင္ ဟိုအရင္ အခ်ိန္တုန္းက ေရတြင္းတူးထားသည့္တြင္း (၃၀)ဝန္းက်င္ခန္႔ရွိပါသည္ဟု ျဖားခၽြန္ကဆိုပါသည္။ ေရတြင္းကို ရြာအလိုက္တူးၾကျခင္းျဖစ္ပါသည္။ ကုန္းေပါရြာေရတြင္း၊ ပင္းပက္ရြာေရတြင္း၊ ေနာင္ပီးရြာေရတြင္းဟု သုံးတြင္းရွိပါသည္။ ေနာင္ပီးေရတြင္းကေျမာက္ဘက္ဆုံး၊ အလယ္မွာ ပင္းပက္ေရတြင္း၊ ေတာင္ဘက္ဆုံး မွာက ကုန္းေပါရြာေရတြင္း။ ကုန္းေပါရြာေရတြင္းထဲကို ပင္းပက္ရြာကအမ်ိဴးသမီပ်ိဳ နန္းမူ က်၍ ေသဆုံးခဲ့ သည့္ေနာက္ ကုန္းေပါရြာေရတြင္းကိုဆက္မသုံးၾကေတာ့ပါ။ ကုန္းေပါရြာေရတြင္းႏွင့္ေနာင္ပီးရြာေရတြင္း ႏွစ္တြင္းသာေရထြက္အားေကာင္းပါသည္။ ပင္းပက္ရြာေရတြင္းကေရထြက္အားမေကာင္းသျဖင့္ သိပ္ မသုံးၾကေတာ့ပါ။ ေနာက္ေတာ့ပင္းပက္ရြာေရတြင္းႏွင့္ကုန္းေပါရြာေရတြင္းကို ဆက္မသုံးၾကေတာ့သျဖင့္ ေနာင္ပီးရြာေရတြင္းတစ္တြင္းသာက်န္ေတာ့သည္။ ေနာက္ေတာ့ ဘုန္းႀကီးေက်ာင္းက ပင္းပက္ရြာသို႔ေရာက္ သြားေသာအခါ ေရခတ္လို႔လြယ္ကူရန္အလို႔ငွါ ဘုန္းႀကီးေက်ာင္းေရတြင္းတစ္တြင္းဆက္တူးေပးၾကပါသည္။ ေနာင္ပီးရြာေရတြင္းရဲ႕အေရွ႕ေျမာက္အရပ္ မလွမ္းမကမ္းေလးမွာျဖစ္ပါသည္။ ထိုအခါမွာထိုေရတြင္း ႏွစ္တြင္းသာက်န္ရွိေလေတာ့သည္။ ထိုေရတြင္းႏွစ္တြင္ကို ေနာင္ကာလၾကာလာေသာအခါ ေရတြင္းကိုယ္စီ ရွိေနၾကတာကတစ္ေၾကာင္း၊ ေက်ာင္းအတြက္လည္းေရအခက္အခဲမရွိေတာ့တာကလည္းတစ္ေၾကာင္း၊ စသည့္ အေၾကာင္းတို႔ေၾကာင့္ ဘုန္းႀကီးေက်ာင္းေရးတြင္းလည္းသုံးတဲ့သူ တေျဖးေျဖးနည္းပါးလာၿပီး၊ ေနာက္ဆုံးေတာ့မသုံးေတာ့သည့္ေရတြင္း ျဖစ္လာျပန္ပါသည္။ ေနရာလည္းအခ်က္အခ်ာက်တာရယ္၊ ေရထြက္လည္းအၿမဲေကာင္းတာရယ္၊ ေရလည္းသန္႔ေနတာရယ္ေၾကာင့္ ေနာင္ပီးေရတြင္းကေတာ့ ေနာင္ပီးရြာလိုပဲ အၿမဲတမ္းထာဝရ ယခုထိရွိေနဆဲ။ ရွင္သန္ေနဆဲ။ ေအးျမမႈေတြေပးေနဆဲ။ ေပ်ာ္ရႊင္မႈေတြေပးေနဆဲ။


ေရတြင္းက်သြားေသာနန္းမူ

နန္းမူက ပင္းပက္ရြာသူျဖစ္ပါသည္။ သူငယ္ခ်င္းမ်ားႏွင့္ေရအတူခတ္ၿပီးအတူျပန္ခဲ့ပါသည္။ ေရတြင္းက ကုန္းေပါေရတြင္းမွာခတ္ပါသည္။ ကုန္းေပါေရတြင္းက ပင္းပက္ေရတြင္းထက္ေရထြက္ေကာင္းတာမို႔ ပင္းပက္ရြာသူရြာသားမ်ားက ကုန္းေပါေရတြင္း သို႔မဟုတ္ ေနာင္ပီးေရတြင္းမွာပဲ ေရခတ္ၾကပါသည္။ နန္းမူတို႔ကုန္းေပါေရတြင္းမွာ ေရခတ္ၿပီးျပန္သြားလို႔သိပ္မၾကာေသးပါ အဘြားတစ္ေယာက္ေရာက္လာပါသည္။ ေရးတြင္းနဲ႔မလွမ္းမကမ္းမွာေပါ့။ သူတို႔ကအျပန္၊ အဘြားက အလာ၊ ေရဆင္းခတ္တာျဖစ္ပါသည္။ ေရခတ္ရင္းေရခ်ိဳးမည္ဟုဆိုကာ နန္းမူကိုေခၚ၍ ခဏေနခဲ့ပါဦး၊ ငါကိုေရေလာင္းေပးပါဦးဟုဆိုပါသည္။ နန္းမူလည္းေရခတ္ၿပီးေလာင္းေပးပါသည္။ ေစာေစာကတည္းက ေသာက္ေရအတြက္ေရာ၊ ခ်ိဳးေရအတြက္ပါ ခတ္ခဲ့တာမို႔ နန္းမူကေမာေနေလၿပီ။ ဒါကိုအဘြားႀကီးက သတိမထား၊ သူကလည္းဘာမွမေျပာ၊ ေပခတ္ေနသည္။ ေရတြင္းကအခုခတ္လိုေဘးကေဘာင္ေတြမရွိ ေသး၊ ေရတြင္းေပၚ သစ္တုန္းႏွစ္တုန္းတင္ထားကာ ထိုသစ္တုန္းကိုႏွင္း၍ ခတ္ရပါသည္။ နန္းမူသည္ ေရတြင္းေပၚကေန ေအာက္ကိုငုံကာခတ္ေလသည္။ လူကေမာၿပီးအားမရွိေတာ့လို႔ က်ိဳးစားၿပီးေရပုံးကိုမရင္းနဲ႔ ေရတြင္းထဲျပဳတ္က်သြားေလသည္။ ေရခ်ိဳးေနတဲ့အဘြားက ခါးပတ္ကိုလွမ္းေပးၿပီီး ျပန္ဆြဲထူမည္က်ိုဳးစား ခဲ့ေသးသည္။ လွမ္းေပးလိုက္ေသာခါးပတ္က ျပဳတ္က်သြားသျဖင့္ ျပန္ဆြဲလို႔မရျဖစ္ေနပါသည္။ ႀကံရာမရ၍ ရြာသားေတြကိုေခၚလို႔ရြာသားေတြလာၿပီး ျပန္ဆည္ရတဲ့အခ်ိန္မွာေတာ့ နန္းမူအသက္မရွိေတာ့ၿပီ။ ဗိုက္ထဲ ေရဝင္လို႔ ဗိုက္ကေဖာင္းေန၍ ဗိုက္ကိုုုုုုဖိၿပီးေရေတြကိုျပန္ထုတ္လိုက္ရသည္။ အဲဒီအခ်ိိန္ကစၿပီး နန္းမူေသသြားရာ ကုန္းေပါေရတြင္းမွာလည္း ေရမခတ္ၾကေတာ့ပါဟု အဘြားနန္းမုတ္ကေျပာပါသည္။










ကုန္းဆုံေက်းရြာသမိုင္းအေၾကာင္း တစ္ေစ့တစ္ေစာင္း
အခန္း(၆) 


နိဂုံး
 
ဒီသႀကၤန္မွာဒီမွတ္တမ္းကို အတည္ျပဳလိုက္သည့္အခ်ိန္မွာေတာ့ ေမးခြန္းေလးခုက်န္ရစ္ခဲ့ပါသည္။
  • တစ္ခုကရွမ္းဘုန္းႀကီး ရွမ္းဘုန္းႀကီးကကုန္းဆုံေက်ာင္းမွာ(၁)ဝါ ဝါဆုိခဲ့ပါသည္ဟုေဒၚမုတ္ကေျပာ ပါသည္။ (၂)ဝါ ဝါဆိုခဲ့သည္ဟုဦးသိန္းေမာင္ကေျပာပါသည္။ (၃)ဝါ ဝါဆိုခဲ့ပါသည္ဟု ေညာင္ပင္သာ ဆရာေတာ္ ဦးဝိစိတၱ ကမိန္႔ေတာ္မူပါသည္။ ဘယ္ဟာကပိုမွန္သလဲ။
  • ၿပီးေတာ့ေနာက္မွတည္ထားတဲ့ အေရွ႕ဘက္ေတာင္ေပၚဘုရား ခုႏွစ္သကၠရာဇ္ေတြအတိအက်မသိရသလို၊ သုံးႀကိမ္သုံးခါျပဳျပင္ရသည္ဟုဆိုေသာ္လည္း ဘာေၾကာင့္ဘယ္လိုျပဳျပင္ခဲ့သည္ဆိုသည္ကို လည္း အတိအက်မသိရဘူး။ အဲဒါကိုဘယ္သူကပိုသိႏိုင္မလဲ
  • တစ္ခုက ရြာလယ္ေစတီ အဘိုးဦးေရာဂါလွဴလိုက္တဲ့ရြာလယ္ကဘုရားထီးက အႀကီးဆုံး အလယ္ ဘုရား တစ္ဆူထီးသာလွဴသလား၊ သို႔မဟုတ္ ကိုးဆူလုံးထီးေတာ္ကိုလွဴလုိက္သလား။ ဘုရားေစတီ ေတာ္ ကိုးဆူ၏ထီးေတာ္ကို လွဴခဲ့ရင္ကိစၥမရွိပါ။ အဘုိးဦးေရာဂါက အလယ္ေစတီႀကီး တစ္ဆူရဲ႕ထီးသာ လွဴခဲ့တယ္ဆုိရင္ေကာ က်န္တဲ့ဘုရားေစတီရွစ္ဆူရဲ႕ ထီးေတာ္ကေကာ ဘယ္သူ လွဴသလဲ။ အဲဒီလူကေကာဘယ္သူလဲ။ ထီးေတာ္မရွိဘဲဒီအတိုင္းဘဲရွိခဲ့သလား။ ဒါဆိုရင္အခုလက္ရွိ ဘုရားငါးဆူ ထဲမွာ က်န္တဲ့ေလးဆူလည္းဘုရားထီးရွိေနတယ္၊ ဒါဆိုရင္ဘယ္သူလွဴသလဲ၊ ေနာက္မွ ျပန္တင္တဲ့ထီး ေတာ္ေတြလား၊ ဟုတ္ခဲ့ရင္ေကာ ဘယ္အခ်ိန္လဲ၊ အလွဴ႕ရွင္ကေကာ ဘယ္သူပါလိမ့္။ ၿပီးေတာ့ျပဳျပင္တဲ့ ခုႏွစ္သကၠရာဇ္ကေကာ ဘယ္လိုရွာမလဲ။
  • တစ္ခုက မအြန္းရြာ မအြန္းရြာက အိမ္ေျခေလးလုံး ငါးလုံးေလာက္သာရွိသည္ဟုဆိုပါသည္။ ထိုရြာ ကေကာ ဂ်ပန္စစ္မျဖစ္ခင္လား၊ စစ္ၿပီးမွလား၊ အေနာက္ဘက္ကုန္းဆုံေတာင္ရဲ႕ေဘးမွာပဲ အေနာက္ ဘက္ကလား၊ ေျမာက္ဘက္ကလား မေသခ်ာပါ။ ထိုရြာမွာေနခဲ့တဲ့လူေတြေကာရွိေသးလား။ ထိုရြာကေကာဘာေၾကာင့္ပ်က္သြားၿပီးဘယ္ေရာက္သြားတာလဲ။ 

အေျဖမွန္ေဖာ္ထုတ္စရာရွိသည့္အရာမ်ား
  • ရြာလယ္ဘုရားေရွ႕၌ရွိေသာဆင္ရုပ္တုက အဘုိးဦးေရာဂါလွဴထားတာျဖစ္ပါလ်က္ အျခားသူနာမည္နဲ႔ အလွဴ႕ရွင္နာမည္ေရးထိုးခဲ့သည္။
  • ရြာလယ္ဘုရားေစတီရဲ႕အထဲကရုုပ္ပြားေတာ္အဝင္တံခါးမွာ ေမာင္ေလး၊ သိန္းေမာင္၊ ေမာင္လွ၊ ဖိုးသာ၊ တဒူ တို႔ ေငြနဲ႔လွဴထားပါလ်က္ ဦးရွင္လံနာမည္နဲ႔အလွဴ႕ရွင္နာမည္ေရးခဲ့သည္။ 

 ေနာက္တစ္ႀကိမ္လုပ္ရမယ့္အလုပ္ကေကာ ဘာေတြရွိမလဲ။ 

ရြာရဲ႕ယဥ္ေက်းမႈ၊ စီးပြားေရး၊ အသုံးအေဆာင္၊ လမ္းပန္းဆက္သြယ္ေရး၊ ၿမိဳ႔ရြာမ်ားကိုဘယ္လို ခ်ိတ္ဆက္သလဲ၊ ေယာက​ၤ်ားေလးသင္တဲ့စာေတြရဲ႕အမ်ိဳးအစား၊ ဘုရားေစတီ၊ ေက်ာင္း၊ ရြာတို႔ရဲ႕ သက္ေသ ဓာတ္ပုံ၊ ေခတ္ၿပိဳင္ေစတီ၊ ေက်ာင္း၊ ရြာတို႔ရဲ႕ ဓာတ္ပုံ၊ ၿပီးေတာ့ ေရးထိုးထားတဲ့သကၠရာဇ္ေက်ာက္စာ၊ စာလုံးသက္ေသ။ ခုႏွစ္သကၠရာဇ္ခန္႔မွန္းေျခ၊ လူသက္ေသႏွင့္ စာေပအေထာက္အထားသက္ေသမ်ား။

ျဖစ္ႏိုင္ေျခရွိသည့္ သက္ေသမ်ားရဲ႕ေျခရာခံမ်ားကေတာ့ ဘုန္ႀကီးလူထြက္ဦးနႏၵိယ (ထြက္တုံး)၏မယား မေလာဝ္ ကရွိေနေသး သည္။ ထြက္တုံး(မေလာင္) ပို သား ေမာင္ဖြား။

အေရွ႕ဘက္ေတာင္ေပၚဘုရားတည္ခဲ့တုန္းက ေလာကကုံလုံလုံကာဘုရားေတာင္အထိ ေက်ာက္ေတြကို သြားသယ္ခဲ့ရသည္ဟုဆိုေသာျဖားလုံး မရွိေတာ့ပါ။ သို႔ေသာ္ျဖားလုံး၏သားမ်ားေတာ့ရွိေသးသည္။ ေမာင္လတ္၊ တမတ္၊ တယြန္တို႔ျဖစ္ပါသည္။

ေညာင္ပင္သာဆရာေတာ္။

အခုလက္ရွိဘုရားမ်ားျပဳျပင္ရာမွာပါဝင္ဖူးေသာပုဂၢိဳလ္ႏွင့္ ပတ္သက္ေနေသာပုဂၢိဳလ္မ်ား။ 



ဒီမွတ္တမ္းကို ကူညီရွာေဖြေပးသည့္လူငယ္မ်ား

ခြန္ထြန္းေအာင္၊ ခြန္ထြန္းႏိုင္၊ ခြန္ေအာင္မင္း၊ ခြန္ျမင့္ေအာင္၊ နန္းခမ္းၾသ၊ နန္းၾကည္ဝင္း၊ နန္းလွေဌးတို႔ ျဖစ္ပါသည္။

ဒီမွတ္တမ္းကို စိတ္ရွည္စြာေျဖဆိုေျပာျပေပးေသာဆရာေတာ္၊အဘိုးအဘြား၊ရြာလူႀကီးမ်ားႏွင့္ က်ိဳးစား ရွာေဖြေပး ေသာကုန္းဆုံလူငယ္မ်ားအားလုံးအထူးပင္ေက်းဇူးတင္ရွိပါေၾကာင္း။ 







အရွင္နႏၵိယ (ဖယ္ခုံ) (ေထရဝါဒကုန္းဆုံေက်ာင္းတိုက္)

24.4.2015

No comments:

Post a Comment