Thursday, September 27, 2018

ဖယ်ခုံမှာရွာသည့်မိုး

ဖယ်ခုံမှာရွာသည့်မိုး 

ဖယ်ခုံမြို့သည်ရှမ်းပြည်နယ်တောင်ပိုင်းအစွန်ဆုံးမှာရှိသည့်မြို့တစ်မြို့ဖြစ်ပါသည်။ ထိုမြို့သည်တောမြို့ တစ်မြို့ ဟုလည်းဆိုနိုင်ပါသည်။ မြို၏အနောက်ဘက်အရပ်မှာဆိုရင် တောင်တန်းကြီးများဖြင့် ကာရံထားပြီး မြို့၏အရှေ့ဘက်မှာကတော့ ဖယ်ခုံအင်းလို့ခေါ်သည့်ကန်ကြီးတစ်ကန်ရှိပါသည်။ ရေကန်ကြီးနဲ့ တောင်တန်း ကြီးတွေရဲ့အကြားထဲမှာရောက်နေသည့်မြို့တစ်လေးတစ်မို့ မြို့၏လှပပုံအနေအထားလေးက တစ်မျိုးဆန်းနေလျက်ရှိပါသည်။ သူ့အခြေအနေနဲ့သူ့ရဲ့အားမာန်လေးနဲ့ ကမ္ဘာမကျော်သည့်တိုင်သူ့ကိုယ်ပိုင် ဟန်နှင့် တင့်တယ်နေလျက်ရှိပါသည်။ မြို့ကလေးရဲ့သက်ဝင်လှုပ်ရှားပတ်ပုံလေးကလည်း စိတ်ဝင်စား စရာရိုးရာယဉ်ကျေးမှုများနဲ့ ရှင်သန်နေလျက်ရှိပါသည်။ 

ထိုများထဲတွင် တောမြို့မှာလည်ပတ်နေကျပုံစံလေးအတိုင်းဖြစ်တဲ့ ငါးရက်တစ်ပတ်စျေးလည်း ရှိပါသည်။ ဒီနေ့သည် ဖယ်ခုံစျေးနေ့မို့ အနီးအနားရွာလေးမှာရှိသည့်ရွာသူရွာသားများ စျေးလာကြပါသည်။ စျေးလာဝယ် သည်လည်းရှိသလို စျေးလာရောင်းနေကြသည့် ပြည်သူတွေလည်းများစွာရှိပါသည်။ ဒီနေ့ဆိုရင် စျေးလာ ရောင်းနကျဖြစ်သည့် အဘွားတစ်ယောက်လည်း တောင်ဝှေးတစ်ချောင်းထောက်ပြီး ချင်းကိုခေါင်းနဲ့ရွက်ပြီး လာပါသည်။ အရင်စျေးတစ်ပတ်တုန်းကအဘွားကငှက်ပျောသီးလာရောင်းသည်။ ဒီနေ့ကအဘွားက ငှက်ပျောထုပ်လာရောင်းပါသည်။ ငှက်ပျောထုပ်သည် ရှမ်းပြည်ကရိုးရာအစားအစာတစ်မျိုးဖြစ်သည်။
ငှက်ပျောသီးနဲ့ကောက်ညှင်းပေါင်းထားသည့်ငှက်ပျောထုပ်ဖြစ်ပါသည်။ အခုလကနတ်တော်လဆိုတော့ အဘွားတို့ကောက်ညှင်းလည်းရပြီလေ။ ဒါကြောင့်ငှက်ပျောထုပ်လုပ်ပြီးလာရောင်းတာ။ အဘွားသဘော ကောင်းတယ်။ မလိမ်တတ်ဘူး၊ ရိုးသားသည့်ပအိုဝ်းတိုင်းရင်းသူတစ်ဦးဖြစ်ပါသည်။ ဒီစျေးကအဘွားတို့ လူမှန်းသိတတ်စအရွယ်ကတည်းက ရှိနှင့်ပြီးဖြစ်သည်။ ဖယ်ခုံမှာရှမ်းစော်ဘွား၊ ကယန်းစော်ဘွားတို့ကို လည်း အဘွားကမှီသည်။ စျေးရောင်းတာကြာတော့ စျေးသို့လာတဲ့လမ်းတစ်လျောက်မှာဆိုရင် အဘွားနဲ့ မသိတဲ့အိမ်တွေဆိုလို့ ခပ်ရှားရှားဘဲ။

တစ်ခါတစ်လေစျေးရောင်းလာတာ စျေးထဲတောင်မရောက်လိုက်ဘူး၊ လမ်းဘေးကအိမ်ကလူတွေက အိမ်ရှေ့မှာစောင့်ပြီးဝယ်ယူကြတာ ပါလာတဲ့ပစ္စည်းတွေကုန်ရော။ အဘွားကပအိုဝ်းမဆိုပေမယ့် ပအိုဝ်းစကားရော၊ ရှမ်းစကားပါ ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်သည်။ ဖယ်ခုံမှာကယန်းတွေများလို့ ကယန်းစကားရော၊ဗမာစကားပါ အနည်းငယ်တတ်သည်။ ဖယ်ခုံသူပီပီ တိုင်းရင်းသားပေါင်းစုံနဲ့အတူနေရ၍ လူစုံပေါင်းတတ်သည်။ အဘွားကဖော်ရွေသည်။ ဒီနေ့လည်းထုံးစံအတိုင်းအဘွားစျေးသွားသည်။

အဘွားစျေးရောင်းရသည်မှာ အဘွားသည်လုပ်နေကျအလုပ်တစ်ခုဖြစ်သည့်အတွက် ပင်ပန်း သည်ဟုလည်းမထင်ပါ။ အိမ်ခြံထဲမှာလည်း အသီအနှံတွေစိုက်သည်၊ ပေါင်းသင်သည်စသည့်အလုပ်များကို လည်း အမြဲလုပ်ပါသည်။ ထိုလှုပ်ရှားမှုတွေကြောင့် ချွေးတွေထွက်သည် ကျန်းမာရေးပိုကောင်းလာသည်။ ထွက်လာသည့်အသီးအနှံများကိုလည်း စျေးထဲသွားရောင်းသည်။ ကိုယ်တိုင်စိုက်ပျိုးပြီး ကိုယ်တိုင်ချက်စား တာ၊ စျေးရောင်းရတာတွေလည်း အဘွားကပျော်သည်။ ထိုစျေးရောင်းလို့ရလာသည့်ငွေသည်လည်း အဖွားချွေးစာနဲ့ရင်းပြီးရှာဖွေထားသောငွေဟုလည်းဆိုနိုင်ပါသည်။ အဘွားသည်သားသမီးတွေရှိသော်လည်း သားသမီးသည်လည်း ကိုယ့်အိမ်ထောင်နဲ့ကိုယ်မို့ သူ့အိမ်နဲ့သူနေနေကြပါသည်။

ဒီနေ့ဖယ်ခုံစျေးရဲ့ရာသီဥတုကတော့ သိမ်တွေဖုံးအုပ်နေသည်။ ပြီးတော့မိုးတွေရွာချပြန်သည်။ အမြဲတမ်း တက်ကြွနေသောအဘွားကြီးသည် ဒီနေ့စျေးနေ့မှာတော့ မတက်ကြွဘဲငြိမ်နေရှာပါသည်။ ဆောင်းတွင်း ဖြစ်သည့်အတွက်လူတွေကလည်း အပြင်မထွက်ဘဲဆောင်းခိုနေကြသည်လို့ဘဲပြောရမလား။ တစ်လမ်းလုံး ကလူတွေ အဘွားကိုစကားလှမ်းပြောတာတောင်မတွေ့တော့ဘူး။ စျေးထဲမှာလည်း ဒီနေ့လူတွေ ကျိုးတိုး ကျဲသဲ။ ဒီနေ့စျေးမလာကြဘူးဆိုတာလည်း လာချင်စိတ်မရှိဘဲဖြစ်လိမ့်မည်။ ရာသီဥတုကအေးနေသည့်အထဲ မိုးကလည်းရွာလိုက်သေးသည်။ မနေ့ညကမိုးနည်းနည်းကြီးတော့ လမ်းတွေကစိုစွတ်လို့။ ဒီနေ့့စျေးမသွားဘဲနေလိုက်ရမလားစဉ်းစားသေးတယ်၊ မိုးမရွာလောက်ဘူးထင်တာနဲ့ သွားလိုက်တာ။ လမ်းတစ်ဝက်ရောက်တော့ မိုးဖွဲလေးတွေကကျလာပါလေသည်။ စျေးထဲရောက်တော့ မိုးကမထင်ပေမယ့် ရွာသည်။ အဘွားအတွက်အသုံးစရိတ်က လိုတယ်မလား။ အနည်းဆုံးမီးဖိုဆောင်စရိတ်လေး ရမလားလို့အဘွားကစျေးလာရောင်းတာပါ။ ဒီနေ့စျေးလာသူနည်းနေလို့လား၊ အဘွားငှက်ပျောထုပ်ကိုသတိ မထားမိကြတာလား မပြောတတ်ဘူး၊ အဘွားငှက်ပျောထုပ်က အခုထိစျေးဦးမပေါက်သေးဘူး။ လာမေးသူတစ်ဦးနှစ်ဦးတော့ရှိပါတယ်၊ ဒါပေမဲ့မဝယ်ကြပါဘူး။ ဘယ်ဝယ်မှာလဲ ငှက်ပျော်ထုပ်တွေက မိုးတွေစိုနေပြီကိုး။ အဘွားရဲ့ကောင်းကင်မှာရွာတဲ့မိုးတွေကြောင့် ငှက်ပျောထုပ်ကအေးနေရှာပြီ။ အခုဆိုရင်အဘွားရဲ့ခြင်း(ပလိုင်း)ထဲမှာ ရှိနေသည့်ဟင်းထုပ်သည်မိုးရေနှင့်ရောနေပြီ။ စျေးလာသည့် စျေးသည်များသည် အဘွားဟင်းထုပ်ကိုဖြတ်သွားဖြတ်လာကျော်သွားကြပါသည်။

ပြန်ချိန်ရောက်သည့်အထိပင်မိုးသည်ရွာနေဆဲပင်။ စျေးလာသုံးသူများလည်း ပါးနေပါပြီ။ ငှက်ပျော်ထုပ်ကပုံစံ မပျက်ရှိနေဆဲပင်။ အဘွားသည် ဆောင်းရာသီမှာအေးတတ်သည့်လူသားဖြစ်သည်။ မိုးရာသီဆိုရင် မိုးမျှော် တတ်သည့် တောင်သူတစ်ဦးဖြစ်သည်။ သို့သော် ဒီလိုဆောင်းရာသီမှာတော့ မိုးကိုမမျှော်ပါ။ အအေးဓာတ် ကိုလက်ခံပေမဲ့ မိုးကိုတော့မလိုအပ်ပါ။ ရာသီအချိန်မှီမရွာဘဲ စောလွန်းသည့်မိုး၊ နောက်ကျသည့်မိုး၊ အခါ မဟုတ်သည့်မိုးသည် မလိုအပ်သည့်အချိန်မှာရွာနေသည့်အတွက် အဘွားလိုတောင်သူတစ်ဦးအတွက် အကျိုးမပြုနိုင်ပါ။ သို့သော်ဒီမိုးသည် အဘွားရဲ့ကောင်းကင်မှာရွာချနေပြီ။ ဝါတွင်းတုန်းကဆိုရင် မိုးမျှော်လိုက်ရတာကအမော၊ မုန်တုန်အဝင်နောက်ကျသည်၊ အထွက်စောသည်။ ထို့ကြောင့်မိုးကို မှီခိုရသည့်သီးနှံတွေကသိပ်မကောင်းဖြစ်နေပါသည်။ ဒီအချိန်ကျမှမိုးသည် ရင်နာစွာ ရွာချပါသည်။ မိုးသည် အပြစ်ကင်းသည်ဟုမည်မျှပင်ပြောနေပါစေ၊ အဘွားကတော့ ဒုက္ခရောက်ရချေပြီ။

အဘွားရဲ့ကောင်းကင်မှာရွာသည့်ဒီမိုးသည် အခါမဟုတ်သည့်မိုးဖြစ်နေသည်။ ဖယ်ခုံသူတစ်ဦးဖြစ်သည့် အဘွားသည် ဖယ်ခုံမိုးဒဏ်ကိုခံရမှာကိုတော့ ကြောက်မည့်သူမဟုတ်ပါ။ ဖယ်ခုံမိုးသည် တစ်ခါတစ်ရံ အချိန်မှန်တတ်သည်၊ တစ်ခါတစ်ရံ အချိန်မမှန်ပါ။ အမြဲအချိန်မှန်သည်မှာ အဘွားပင်ဖြစ်ပါသည်။ ထို့ကြောင့်အဘွားသည် စျေးရောင်းသည့်အချိန်၌စျေးရောင်းမပျက်ပါ။ လိုအပ်သူရှိလျှင် အသင့်ရှိအောင်လို့ အဘွားကတာဝန်တစ်ခုလိုထမ်းဆောင်နေလေသည်။ သို့သော် ဒီနေ့မှာ အချိန်မှန်သည့်အဘွားနဲ့ အချိန် မမှန်သည့် ဖယ်ခုံမိုးတို့ ထိပ်တိုက်တွေ့သည့်အခါ အဘွားကနိုင်သည်ဟုဆိုရမလား၊ ရှုံးသည်ဟုဆိုရမလား၊ စျေးလာသူကုန်သည့်အထိထိုင်စောင့်နေသည်၊ တာဝန်ကျေသည်၊ လာဝယ်သူမရှိပါ။ အဘွားစျေးရောင်းလို့ မရတော့ စျေးသုံးဖို့ကောရှိပါ့မလား။

အဘွားထိုင်နေတဲ့နေရာရဲ့ညာဘက်မျက်စောင်းထိုး ခပ်လှမ်းလှမ်းအရပ်မှာ အဘွားကိုထိုင်ကြည့်နေသည့်လူငယ်တစ်ဦးရှိနေပါသည်။ ထိုလူငယ်က ------------------------------------- ------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------။။။။။။။။။။။။။။။။။။။

အရှင်နန္ဒိယ (ဖယ်ခုံ)
(6.1.2017)



ဖယ္ခုံမွာရြာသည့္မိုး 


ဖယ္ခုံၿမိဳ႕သည္ရွမ္းျပည္နယ္ေတာင္ပိုင္းအစြန္ဆုံးမွာရွိသည့္ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ပါသည္။ ထိုၿမိဳ႕သည္ေတာၿမိဳ႕ တစ္ၿမိဳ႕ ဟုလည္းဆိုႏိုင္ပါသည္။ ၿမိဳ၏အေနာက္ဘက္အရပ္မွာဆိုရင္ ေတာင္တန္းႀကီးမ်ားျဖင့္ ကာရံထားၿပီး ၿမိဳ႕၏အေရွ႕ဘက္မွာကေတာ့ ဖယ္ခုံအင္းလို႔ေခၚသည့္ကန္ႀကီးတစ္ကန္ရွိပါသည္။ ေရကန္ႀကီးနဲ႔ ေတာင္တန္း ႀကီးေတြရဲ႕အၾကားထဲမွာေရာက္ေနသည့္ၿမိဳ႕တစ္ေလးတစ္မို႔ ၿမိဳ႕၏လွပပုံအေနအထားေလးက တစ္မ်ိဳးဆန္းေနလ်က္ရွိပါသည္။ သူ႔အေျခအေနနဲ႔သူ႔ရဲ႕အားမာန္ေလးနဲ႔ ကမၻာမေက်ာ္သည့္တိုင္သူ႔ကိုယ္ပိုင္ ဟန္ႏွင့္ တင့္တယ္ေနလ်က္ရွိပါသည္။ ၿမိဳ႕ကေလးရဲ႕သက္ဝင္လႈပ္ရွားပတ္ပုံေလးကလည္း စိတ္ဝင္စား စရာ႐ုိးရာယဥ္ေက်းမႈမ်ားနဲ႔ ရွင္သန္ေနလ်က္ရွိပါသည္။ 

ထိုမ်ားထဲတြင္ ေတာၿမိဳ႕မွာလည္ပတ္ေနက်ပုံစံေလးအတိုင္းျဖစ္တဲ့ ငါးရက္တစ္ပတ္ေစ်းလည္း ရွိပါသည္။ ဒီေန႔သည္ ဖယ္ခုံေစ်းေန႔မို႔ အနီးအနားရြာေလးမွာရွိသည့္ရြာသူရြာသားမ်ား ေစ်းလာၾကပါသည္။ ေစ်းလာဝယ္ သည္လည္းရွိသလို ေစ်းလာေရာင္းေနၾကသည့္ ျပည္သူေတြလည္းမ်ားစြာရွိပါသည္။ ဒီေန႔ဆိုရင္ ေစ်းလာ ေရာင္းနက်ျဖစ္သည့္ အဘြားတစ္ေယာက္လည္း ေတာင္ေဝွးတစ္ေခ်ာင္းေထာက္ၿပီး ခ်င္္းကိုေခါင္းနဲ႔ရြက္ၿပီး လာပါသည္။ အရင္ေစ်းတစ္ပတ္တုန္းကအဘြားကငွက္ေပ်ာသီးလာေရာင္းသည္။ ဒီေန႔ကအဘြားက ငွက္ေပ်ာထုပ္လာေရာင္းပါသည္။ ငွက္ေပ်ာထုပ္သည္ ရွမ္းျပည္က႐ုိးရာအစားအစာတစ္မ်ိဳးျဖစ္သည္။
ငွက္ေပ်ာသီးနဲ႔ေကာက္ညွင္းေပါင္းထားသည့္ငွက္ေပ်ာထုပ္ျဖစ္ပါသည္။ အခုလကနတ္ေတာ္လဆိုေတာ့ အဘြားတို႔ေကာက္ညွင္းလည္းရၿပီေလ။ ဒါေၾကာင့္ငွက္ေပ်ာထုပ္လုပ္ၿပီးလာေရာင္းတာ။ အဘြားသေဘာ ေကာင္းတယ္။ မလိမ္တတ္ဘူး၊ ႐ိုးသားသည့္ပအိုဝ္းတိုင္းရင္းသူတစ္ဦးျဖစ္ပါသည္။ ဒီေစ်းကအဘြားတို႔ လူမွန္းသိတတ္စအရြယ္ကတည္းက ရွိႏွင့္ၿပီးျဖစ္သည္။ ဖယ္ခုံမွာရွမ္းေစာ္ဘြား၊ ကယန္းေစာ္ဘြားတို႔ကို လည္း အဘြားကမွီသည္။ ေစ်းေရာင္းတာၾကာေတာ့ ေစ်းသို႔လာတဲ့လမ္းတစ္ေလ်ာက္မွာဆိုရင္ အဘြားနဲ႔ မသိတဲ့အိမ္ေတြဆိုလို႔ ခပ္ရွားရွားဘဲ။

တစ္ခါတစ္ေလေစ်းေရာင္းလာတာ ေစ်းထဲေတာင္မေရာက္လိုက္ဘူး၊ လမ္းေဘးကအိမ္ကလူေတြက အိမ္ေရွ႕မွာေစာင့္ၿပီးဝယ္ယူၾကတာ ပါလာတဲ့ပစၥည္းေတြကုန္ေရာ။ အဘြားကပအိုဝ္းမဆိုေပမယ့္ ပအိုဝ္းစကားေရာ၊ ရွမ္းစကားပါ ကၽြမ္းကၽြမ္းက်င္က်င္ေျပာတတ္သည္။ ဖယ္ခုံမွာကယန္းေတြမ်ားလို႔ ကယန္းစကားေရာ၊ဗမာစကားပါ အနည္းငယ္တတ္သည္။ ဖယ္ခုံသူပီပီ တိုင္းရင္းသားေပါင္းစုံနဲ႔အတူေနရ၍ လူစုံေပါင္းတတ္သည္။ အဘြားကေဖာ္ေရြသည္။ ဒီေန႔လည္းထုံးစံအတိုင္းအဘြားေစ်းသြားသည္။

အဘြားေစ်းေရာင္းရသည္မွာ အဘြားသည္လုပ္ေနက်အလုပ္တစ္ခုျဖစ္သည့္အတြက္ ပင္ပန္း သည္ဟုလည္းမထင္ပါ။ အိမ္ၿခံထဲမွာလည္း အသီအႏွံေတြစိုက္သည္၊ ေပါင္းသင္သည္စသည့္အလုပ္မ်ားကို လည္း အၿမဲလုပ္ပါသည္။ ထိုလႈပ္ရွားမႈေတြေၾကာင့္ ေခၽြးေတြထြက္သည္ က်န္းမာေရးပိုေကာင္းလာသည္။ ထြက္လာသည့္အသီးအႏွံမ်ားကိုလည္း ေစ်းထဲသြားေရာင္းသည္။ ကိုယ္တိုင္စိုက္ပ်ိဳးၿပီး ကိုယ္တိုင္ခ်က္စား တာ၊ ေစ်းေရာင္းရတာေတြလည္း အဘြားကေပ်ာ္သည္။ ထိုေစ်းေရာင္းလို႔ရလာသည့္ေငြသည္လည္း အဖြားေခၽြးစာနဲ႔ရင္းၿပီးရွာေဖြထားေသာေငြဟုလည္းဆိုႏိုင္ပါသည္။ အဘြားသည္သားသမီးေတြရွိေသာ္လည္း သားသမီးသည္လည္း ကိုယ့္အိမ္ေထာင္နဲ႔ကိုယ္မို႔ သူ႔အိမ္နဲ႔သူေနေနၾကပါသည္။

ဒီေန႔ဖယ္ခုံေစ်းရဲ႕ရာသီဥတုကေတာ့ သိမ္ေတြဖုံးအုပ္ေနသည္။ ၿပီးေတာ့မိုးေတြရြာခ်ျပန္သည္။ အၿမဲတမ္း တက္ၾကြေနေသာအဘြားႀကီးသည္ ဒီေန႔ေစ်းေန႔မွာေတာ့ မတက္ၾကြဘဲၿငိမ္ေနရွာပါသည္။ ေဆာင္းတြင္း ျဖစ္သည့္အတြက္လူေတြကလည္း အျပင္မထြက္ဘဲေဆာင္းခိုေနၾကသည္လို႔ဘဲေျပာရမလား။ တစ္လမ္းလုံး ကလူေတြ အဘြားကိုစကားလွမ္းေျပာတာေတာင္မေတြ႔ေတာ့ဘူး။ ေစ်းထဲမွာလည္း ဒီေန႔လူေတြ က်ိဳးတိုး က်ဲသဲ။ ဒီေန႔ေစ်းမလာၾကဘူးဆိုတာလည္း လာခ်င္စိတ္မရွိဘဲျဖစ္လိမ့္မည္။ ရာသီဥတုကေအးေနသည့္အထဲ မိုးကလည္းရြာလိုက္ေသးသည္။ မေန႔ညကမိုးနည္းနည္းႀကီးေတာ့ လမ္းေတြကစိုစြတ္လို႔။ ဒီေန႔ ႔ေစ်းမသြားဘဲေနလိုက္ရမလားစဥ္းစားေသးတယ္၊ မိုးမရြာေလာက္ဘူးထင္တာနဲ႔ သြားလိုက္တာ။ လမ္းတစ္ဝက္ေရာက္ေတာ့ မိုးဖြဲေလးေတြကက်လာပါေလသည္။ ေစ်းထဲေရာက္ေတာ့ မိုးကမထင္ေပမယ့္ ရြာသည္။ အဘြားအတြက္အသုံးစရိတ္က လိုတယ္မလား။ အနည္းဆုံးမီးဖိုေဆာင္စရိတ္ေလး ရမလားလို႔အဘြားကေစ်းလာေရာင္းတာပါ။ ဒီေန႔ေစ်းလာသူနည္းေနလို႔လား၊ အဘြားငွက္ေပ်ာထုပ္ကိုသတိ မထားမိၾကတာလား မေျပာတတ္ဘူး၊ အဘြားငွက္ေပ်ာထုပ္က အခုထိေစ်းဦးမေပါက္ေသးဘူူး။ လာေမးသူတစ္ဦးႏွစ္ဦးေတာ့ရွိပါတယ္၊ ဒါေပမဲ့မဝယ္ၾကပါဘူး။ ဘယ္ဝယ္မွာလဲ ငွက္ေပ်ာ္ထုပ္ေတြက မိုးေတြစိုေနၿပီကိုး။ အဘြားရဲ႕ေကာင္းကင္မွာရြာတဲ့မိုးေတြေၾကာင့္ ငွက္ေပ်ာထုပ္ကေအးေနရွာၿပီ။ အခုဆိုရင္အဘြားရဲ႕ျခင္း(ပလိုင္း)ထဲမွာ ရွိေနသည့္ဟင္းထုပ္သည္မိုးေရႏွင့္ေရာေနၿပီ။ ေစ်းလာသည့္ ေစ်းသည္မ်ားသည္ အဘြားဟင္းထုပ္ကိုျဖတ္သြားျဖတ္လာေက်ာ္သြားၾကပါသည္။

ျပန္ခ်ိန္ေရာက္သည့္အထိပင္မိုးသည္ရြာေနဆဲပင္။ ေစ်းလာသုံးသူမ်ားလည္း ပါးေနပါၿပီ။ ငွက္ေပ်ာ္ထုပ္ကပုံစံ မပ်က္ရွိေနဆဲပင္။ အဘြားသည္ ေဆာင္းရာသီမွာေအးတတ္သည့္လူသားျဖစ္သည္။ မိုးရာသီဆိုရင္ မိုးေမွ်ာ္ တတ္သည့္ ေတာင္သူတစ္ဦးျဖစ္သည္။ သို႔ေသာ္ ဒီလိုေဆာင္းရာသီမွာေတာ့ မိုးကိုမေမွ်ာ္ပါ။ အေအးဓာတ္ ကိုလက္ခံေပမဲ့ မိုးကိုေတာ့မလိုအပ္ပါ။ ရာသီအခ်ိန္မွီမရြာဘဲ ေစာလြန္းသည့္မိုး၊ ေနာက္က်သည့္မိုး၊ အခါ မဟုတ္သည့္မိုးသည္ မလိုအပ္သည့္အခ်ိန္မွာရြာေနသည့္အတြက္ အဘြားလိုေတာင္သူတစ္ဦးအတြက္ အက်ိဳးမျပဳႏိုင္ပါ။ သို႔ေသာ္ဒီမိုးသည္ အဘြားရဲ႕ေကာင္းကင္မွာရြာခ်ေနၿပီ။ ဝါတြင္းတုန္းကဆိုရင္ မိုးေမွ်ာ္လိုက္ရတာကအေမာ၊ မုန္တုန္အဝင္ေနာက္က်သည္၊ အထြက္ေစာသည္။ ထို႔ေၾကာင့္မိုးကို မွီခိုရသည့္သီးႏွံေတြကသိပ္မေကာင္းျဖစ္ေနပါသည္။ ဒီအခ်ိန္က်မွမိုးသည္ ရင္နာစြာ ရြာခ်ပါသည္။ မိုးသည္ အျပစ္ကင္းသည္ဟုမည္မွ်ပင္ေျပာေနပါေစ၊ အဘြားကေတာ့ ဒုကၡေရာက္ရေခ်ၿပီ။

အဘြားရဲ႕ေကာင္းကင္မွာရြာသည့္ဒီမိုးသည္ အခါမဟုတ္သည့္မိုးျဖစ္ေနသည္။ ဖယ္ခုံသူတစ္ဦးျဖစ္သည့္ အဘြားသည္ ဖယ္ခုံမိုးဒဏ္ကိုခံရမွာကိုေတာ့ ေၾကာက္မည့္သူမဟုတ္ပါ။ ဖယ္ခုံမိုးသည္ တစ္ခါတစ္ရံ အခ်ိန္မွန္တတ္သည္၊ တစ္ခါတစ္ရံ အခ်ိန္မမွန္ပါ။ အၿမဲအခ်ိ္န္မွန္သည္မွာ အဘြားပင္ျဖစ္ပါသည္။ ထို႔ေၾကာင့္အဘြားသည္ ေစ်းေရာင္းသည့္အခ်ိန္၌ေစ်းေရာင္းမပ်က္ပါ။ လိုအပ္သူရွိလွ်င္ အသင့္ရွိေအာင္လို႔ အဘြားကတာဝန္တစ္ခုလိုထမ္းေဆာင္ေနေလသည္။ သို႔ေသာ္ ဒီေန႔မွာ အခ်ိန္မွန္သည့္အဘြားနဲ႔ အခ်ိန္ မမွန္သည့္ ဖယ္ခုံမိုးတို႔ ထိပ္တိုက္ေတြ႔သည့္အခါ အဘြားကႏိုင္သည္ဟုဆိုရမလား၊ ႐ႈံးသည္ဟုဆိုရမလား၊ ေစ်းလာသူကုန္သည့္အထိထိုင္ေစာင့္ေနသည္၊ တာဝန္ေက်သည္၊ လာဝယ္သူမရွိပါ။ အဘြားေစ်းေရာင္းလို႔ မရေတာ့ ေစ်းသုံးဖို႔ေကာရွိပါ့မလား။

အဘြားထိုင္ေနတဲ့ေနရာရဲ႕ညာဘက္မ်က္ေစာင္းထိုး ခပ္လွမ္းလွမ္းအရပ္မွာ အဘြားကိုထိုင္ၾကည့္ေနသည့္လူငယ္တစ္ဦးရွိေနပါသည္။ ထိုလူငယ္က ------------------------------------- ------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------။။။။။။။။။။။။။။။။။။။



အရွင္နႏၵိယ (ဖယ္ခုံ)
(6.1.2017)


No comments:

Post a Comment