Showing posts with label အထွေထွေဆောင်းပါးများ. Show all posts
Showing posts with label အထွေထွေဆောင်းပါးများ. Show all posts

Tuesday, August 18, 2026

စစ်ဘေးရှောင်ကအပြန်

 

စစ်ဘေးရှောင်ကအပြန်

စစ်ဖြစ်တဲ့ဒေသများဟာ ပြည်သူတွေ မည့်သည့်ကြီးငယ် ကျားမ အရွယ်မရွေး အမျိုးအစား မရွေးဘဲ အသက်လုပြေးကြရပါတယ်။ ဝေးရာကို လျင်လျင်မြန်မြန်ရောက်အောင် ပြေးကြတဲ့သူတွေ ရှိသလို အသက်ကြီးတဲ့သူတွေတချို့ဆိုရင် သေချင်သေပါစေ၊ မပြေးနိုင်ဘူး၊ ကိုယ့်အိမ်မှာဘဲ သေချင်တယ်စတဲ့ ခေါ်ရခက်တဲ့လူစားမျိုးတွေလည်း ရှိခဲ့ကြတယ်။ သို့သော် နောက်ဆုံးတော့ ပြေးကြရတာပါဘဲ။ စစ်ဘေးရှောင်ကာလမှာ တစ်ယောက်တစ်နေရာဆီ ရောက်သွားကြပါတယ်။ ပြောရခက်တဲ့သူတွေရော ပြောရလွယ်တဲ့သူတွေရော အဲဒီဒဏ်ကို အတူတူခံစားနေရပါတယ်။ အခုတော့ ရွာမှာနောက်တစ်ခေါက်ပြန်ဆုံခဲ့ပြန်ပြီ။ စစ်ဘေးရှောင်ပြီ အိမ်အပြန်ခရီးမှာအခက်အခဲတွေရှိခဲ့ကြသလို စစ်ဘေးအလွန်မှာလည်း ဒုက္ခတွေက ရှိနေသေးတယ်ဆိုတာ အနည်းငယ် ပြောပြချင်ပါတယ်။

            စာရေးသူရဲ့အဘွားဆိုရင် စစ်ဘေးရှောင်တဲ့အချိန်က အသက် ၈၅-နှစ်ရှိပြီ။ နှစ်နှစ်ကျော်ကျော် အခြားရွာမှာသွားနေရတယ်။ အသက် ၈၅-၈၆ မှာ ရာသီဥတုက ဖယ်ခုံထက်ပို‌အေးတဲ့ ပင်လောင်းရွာတစ်ရွာမှာနေခဲ့ရပါတယ်။ အဘွားက ဖယ်ခုံမှာလိုဘဲ တစ်နေ့တစ်ကြိမ်ရေချိုးတယ်။ ရေးမချိုးဘဲ မနေတတ်တော့တဲ့ အကျင့်ကရှိတယ်။ ရေကအေးလွန်းတယ်၊ အေးပေမယ့် မနေနိုင်တော့ ချိုးတယ်။ တစ်နှစ်လောက်ကြာတော့ လေတစ်ခြမ်းဖြတ်သွားတယ်။ သန်သန်မာမာ အဖွားက စစ်ဘေးရှောင်ကအပြန်မှာ ခန္ဓာကိုယ်တစ်ခြမ်း လေဖြတ်သွားတယ်။ နားလည်း အရင်ကထက် ပိုလေးလာတယ်။ စကားပြောရင် အော်ပြီးပြောနေရတယ်။ အဘွားကိုတော့ အချို့က စစ်ဘေးရှောင်လို့ ဒီလိုဖြစ်ရတာလို့ ပြောကြတာရှိသလို အသက်အရွယ်ကြောင့်ဖြစ်တာပါလို့လည်း ပြောကြတာရှိတယ်။ အဘွားကတော့ “မင်းတို့ရေကြောင့် ငါဒီလိုဖြစ်တာ” လို့ ပြောပါတယ်။ စစ်းဘေးရှောင်ကာလမှာ ပိုအေးတဲ့နေရာမှာနေခဲ့ရသလို ကောင်းကောင်းအိပ်၊ ကောင်းကောင်းစားရတဲ့ နေရာတွေမဟုတ်ခဲ့ပါဘူး။ ပြေးနေရတာအချိန်က ဘယ်လောက်ကြာမှန်းမသိ၊ ရှိတဲ့ပိုက်ဆံမကုန်အောင် ချွေတာနေရ၊ စိုးရိမ်နေရပြီး အသက်ရှင်နိုင်ရုံသာ စားသောက်ရသည့်ကာလဖြစ်သည့်အတွက် ရာသီဥတုဒဏ်ကို အန်တုနိုင်ဖို့ အဝတ်အစားထူထူနှင့် ကျန်းမာရေးအတွက်ဆေးဝါးများကိုလည်း အရမ်းကြီး မလိုအပ်ရင် မဝယ်ဘဲ နေခဲ့ကြတယ်။ မကြီးမားသော ကျန်းမာရေးပြဿနာများကိုလည်း ဆေးမကုဘဲ အောင့်အီးသည်းခံ နေရသည့် အချိန်ကာလတွေ ဖြစ်ပါသည်။ ထို့အတွက်ကြောင့် အဘွား၏ လေဖြတ်ခြင်းနှင့် နားထိုင်းသွားခြင်းက အသက်အရွယ်ကြောင့်ဖြစ်တတ်သည်ဆိုငြားသော်လည်း စစ်ဘေးရှောင်ခြင်း ကြောင့် ဖြစ်သည်ဟုဆိုရင်လည်း မမှားပေ။ အဘွားက အမြဲပြောတယ်။ “ငါ့နားထဲမှာ ဒူဒူဒူဒူ နဲ့ ဘာတွေဖြစ်နေသလဲမသိဘူး၊ ဆုံထဲမှာ စပါးထောင်းနေတဲ့အသံလိုဘဲ၊ အဲဒါဘဲကြားနေရတာ အခြားအသံတွေက ကောင်းကောင်းမကြားရတော့်ဘူး” တဲ့။ စစ်ဘေးရှောင်ကအပြန်မှာ သားသမီး မြေးမြစ်တွေက အဘွားကိုပိုဂရုစိုက်ရပြီး စကားပြောရင်လည်း အော်ပြောနေရသည့် အခြေအနေမှာ ရောက်လာခဲ့ပါသည်။

            တောင်ပိုင်းရွာက အဘိုးတစ်ယောက်ဆိုရင် အသက်က ခြောက်ဆယ်မပြည့်သေးပါ၊ ကျန်းမာရေးကဒေါင်ဒေါင်မီမီ၊ အိမ်မှာနေရင်း လက်နက်ကြီးက (သေနတ်အမြောက်ကြီး)  အိမ်ရဲ့တောင်ဘက်က ဝင်းချင်းကပ်ရပ် အိမ်မှာကျပြီး ပေါက်ကွဲသွားတယ်။ အဲဒီအိမ်ကတော့ အကုန်ပျက်စီးသွားတယ်။ ကံကောင်းချင်တော့ သူ့အိမ်က ဘာမှမဖြစ်ဘူး။ သို့သော် အဲဒီလက်နက် ပေါက်ကွဲသည့်အသံကြောင့် သူနားကအူနေတယ်။ အဲဒီနေ့ကစပြီး စကားပြောရင် သူကကောင်းကောင်း မကြားရတော့ပါဘူး။ စကားပြောရင် စကားပြောပုံ နဲ့ အရိပ်အကဲကို ကြည့်ပြီးတော့ဘဲ စကားပြန်ပြော နေရသည်။ အဲဒီနေ့ကစပြီး စစ်ဘေးရှောင်ကာလတစ်လျှောက် ရွာကိုပြန်ရောက်လာသည့်အထိ သူပြောတာကို သူများကြားလားမကြားလား သူမသိပါ၊ သူများပြောတာကိုတော့ သူမကြားပါ။ ဝမ်းသွားဝမ်းပျက်စတဲ့အရာများလည်း မရှိသလို၊ မျက်စိလည်းကောင်းနေဆဲ၊ ကျန်းမာရေးလည်း ကောင်းနေဆဲပါ။ ခန္ဓာကိုယ်မှာ အထိအရှနှင့် အခြားဒဏ်ရာများမတွေ့ရပါ။ ဒါပေမဲ့လည်း နားထဲ ဘယ်ကလာမှန်းမသိတဲ့ ဒူးဒူးဒူးဒူး အသံကိုဘဲ အမြဲကြားနေရပြီး အခြားသူစကားပြောသံကို ကောင်းကောင်းမကြားရတော့ပါ။ ဒီအဘိုးရဲ့ အကြားအာရုံချို့ယွင်းသွားတာကိုတော့ စစ်ဘေးကြောင့် ဖြစ်ရသည် လို့ဘဲ မှတ်ရပါ‌တော့မည်။ ရွာမှာစစ်ထပ်မဖြစ်တော့ပါဘူး၊ အဘိုးရဲ့နားကလည်း အရင်လို ကောင်းကောင်းမကြားရတော့ပါဘူး။

            ရွာအရှေ့ပိုင်းကအမျိုးသမီးတစ်ယောက်ဆိုရင် ရွာမှာပစ်ကြခတ်ကြလို့ နေလို့မရလို့ ထွက်ပြေးခဲ့ရတယ်ဆိုပေမဲ့ ရွာမှာကြားတဲ့ သေနတ်ပစ်သံနှင့်ဗုံးကွဲသံတွေ နီးနီးကပ်ကပ်ကြားရပေမယ့် ဘာမှမဖြစ်လိုက်ဘူး။ ပင်လောင်းက နမ့်ဖမူရွာမှာ စစ်ဘေးရှောင်စခန်းမှာနေတုန်းက စစ်ဘေး‌ရှောင်စခန်းမှာ ဒရုန်းနဲ့ဗုံးလာကြဲတော့ လူကဗုံးခိုကျင်းထဲဝပ်နေတော့ ဗုံးကလူကို မထိလိုက်ဘူး၊ သို့သော် ဗုံးကသူ့အနားမှာဘဲ ကွဲသွားတယ်။ နားလည်းမပိတ်မိလိုက်ဘူး။ အဲဒီဗုံးတစ်လုံးကွဲပြီးတဲ့ အချိန်က စပြီး အခုထိ ဘာအသံမှာကောင်းကောင်းမကြားတော့ဘူး။ “နားထဲမှာ ဗုံးကွဲသံ ဘွုံးဘွုံး ဆိုတဲ့အသံဘဲ ထပ်ခါထပ်ခါကြားနေရတယ်” တဲ့။ သူ့အသက်မှာအခုမှ ၃၃-နှစ်ဘဲရှိသေးတယ်။ စကားပြောရင် အသံမြင့်မြင့် အော်ပြောပေးမှ ကြားရတယ်။ စစ်ဘေးရှောင်ကာလမှာ သူ့ရဲ့နားထောင်မှုစွမ်းရည်တွေ ဆုံးရှုံးလိုက်ရတယ်။ အကြားအာရုံတစ်ခု ချို့ယွင်းသွားတယ်။ စစ်ဘေးရှောင်ခရီးရဲ့အပြန်မှာ သူခများ ရှက်ရမလား၊ ကြောက်ရမလား၊ အားနာရမလား ဝေခွဲမရဖြစ်နေတယ်။ သူများခေါ်ရင် မကြားလို့ ပြန်မထူးလိုက်ရဘူးလေ။

            အသက် ၂၉-နှစ် ရွာသူတစ်ဦးဆိုရင် ပေါက်ကွဲတဲ့ဗုံးအစတွေထိလို့ ဆေးရုံမှာ သုံးလကြာကုသခဲ့ရတယ်။ အခုဆိုရင် မျက်နှာဘက်ဘက်တစ်ခြမ်းဘဲ အကောင်းအတိုင်းဖြစ်နေပြီး မျက်နှာညာဘက်တစ်ခြမ်းလုံး ညာဘက်လယ်ပင်းအထိ အမာရွက်ကျန်နေခဲ့ပါတယ်။ အသက် ၄၆-နှစ် အမျိုးသားတစ်ဦးဆိုရင် ဗုံးထိလို့ ကျော်ပြင်တစ်ခုလုံးပျက်စီးသွားတယ် အနောက်ပိုင်းအခြမ်း ခေါင်းအထိခွဲစိတ်ခဲ့ရတယ်၊ ဆေးရုံမှာငါးလကြာသွားတယ်။ ကံကောင်းတာတစ်ခုက ဦးနှောက်ကို မထိလိုက်ဘူး။ သို့သော် လက်တွေထဲ စတီးချောင်းထည့်ထားရတယ်၊ ကျောဘက်က အကြောတစ်တစ်ချို့သေသွားလို့ ကုသပြီးပေမယ့် ခန္ဓာကိုယ်ကအရင်လို လှုပ်ရှားလို့မရဘူး၊ လက်ကျတော့ လှုပ်လို့ရပေမယ့် ဘယ်လိုဘဲထိထိထုထု နာတာကြင်တာစတဲ့ ခံစားမှုမျိုး မခံစားရတော့ဘူး။ အကြောသေသွားတာလား ဘာလား မပြောတတ်ဘူး။ စစ်ဘေးရှောင်အပြန်မှာ ခန္ဓာကိုယ်တွေက အရင်လိုမဟုတ်တော့ဘူး။ ခန္ဓာကိုယ်မှာလည်း ကြည့်မိတိုင်း အမာရွက် ရှိတယ်။ တစ်ခုခုလုပ်စရာရှိလို့ ထလုပ်မယ်လုပ်တိုင်း အရင်လိုခန္ဓာကိုယ်က အသုံးမဝင်တော့ဘူးလို့ သတိရလာတယ်။ စစ်ဘေးရှောင်အပြန်မှာ ဘာဘဲလုပ်လုပ် ဖြေးဖြေးသာသာကလေးထပြီး ဒီခန္ဓာကိုယ်စွမ်းနိုင်တာလေးပဲ ကျိုးစားပြီးလုပ်ရတယ်။

ခြေပျက်လက်ပျက်တဲ့သူတွေဆိုရင်တော့ မပြောတော့နဲ့ပေါ့၊ တစ်ချို့က စစ်ရှောင်နေရင်း ခြေပျက်လက်ပျက်သွားတာရှိသလို တစ်ချို့က ရွာပြန်ရောက်မှဘဲ မြေမြုပ်ဗုံးနင်းမိလို့ ခြေပျက်လက်ပျက်ဖြစ်ကြတာတွေရှိတယ်။ သူတို့ကျတော့ ပုဂ္ဂလိကဆေးခန်းမှာ သွားရလောက် အောင်လည်း ငွေမတတ်နိုင်ဘူးလေ။ အခမဲ့လှူဒါန်းပေးတဲ့အလှူ့ရှင်ကို မျှော်နေရတာပေါ့။ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေလှူတဲ့ခြေတု လက်တုတွေဆိုရင် ကားစရိတ်၊ စားသောက်စရိတ်ကအစ တာဝန်ယူပေးတော့ ပိုကောင်းတာပေါ့။ အဲလိုမှမရလို့ကတော့ အစိုးရဆေးရုံသွားပြီး ကိုယ်တိုင် စားသောက်စရိတ်၊ ခရီးစရိတ်တွေထုတ်ပြီးသွားရတာပေါ့။ လေ့ကျင့်ခန်းကာလက သုံးလနှင့် ငါးလကြားဆိုပေမယ့် အစိုးရဆေးရုံမှာဆိုရင် တစ်နှစ်နီးပါးကြာတယ်။ အဲလိုကာလမျိုးမှာ ဆရာဝန်က ဘာမစားနဲ့ ညာမစားနဲ့၊ ဘာကိုစားပါ ညာကိုစားပါလို့ ပြောပေမယ့် ရှိတဲ့ငွေနည်းနည်းနဲ့ စားရတာဆိုတော့ ရှိတာလေး၊ တတ်နိုင်တာလေးဘဲ စားရတာပေါ့။ တစ်ခါတစ်လေ မတည့်တာတွေ စားမိတာလည်း ရှိသေးတာ။ ခြေတွေလက်တွေအရင်လို ပြန်မရနိုင်တော့ဘူးဆိုတာတော့သိတယ်။ ရှိနေတဲ့ ဒီပုံစံထက် ပိုကောင်းအောင်တော့ အတုလည်း လိုအပ်တာပါဘဲ။ ပိုကောင်းချင်လို့ ပိုကောင်းအောင်ကျိုးစားခဲ့တယ်။ ဒါပေမဲ့ ဒီခန္ဓာကိုယ်က အကြမ်းမခံတော့ဘူး။ တစ်ခုခုလွဲချောတာနဲ့ ဟိုဘက်ကလား ဒီဘက်ကလား နာတော့တာဘဲ။ စစ်ဘေးရှောင် အပြန်လမ်းမှာ လူတစ်ကိုယ်လုံးက ပျော့သွားလေပြီ။ အရင်လို အကြမ်းမခံတော့ဘူး။ ကာယလုပ်အားတစ်ဦး ခန္ဓာကိုယ်ကပျော့နေတော့ အဆင်ဘယ်ပြေပါ့မလဲ။

            အသက် ၆၅-နှစ်အဖိုး တစ်ဦးဆိုရင် သူကခြေထောက်ကျင်နေတာ အခုထိမပျောက်နိုင်သေးဘူး။ ရွာမှာစစ်မဖြစ်ခင် ရွာကနေမထွက်ခင် လေးငါးလလောက်မှာ ယာခင်းကို ဆိုင်ကယ်စီးပြီးသွားကြည့်တာ အသွားတုန်းကဘာမှမဖြစ်ခဲ့ပေမယ့် အပြန်ကျတော့ လမ်းပေါ်ထောင်ထားတဲ့ဗုံးကို ဆိုင်ကယ်နဲ့နင်းမိပြီး ပေါက်ကွဲသွားတယ်။ ကံကောင်းချင်တော့ ဆိုင်ကယ်နဲ့ဆိုတော့ ဗုံးပေါက်တဲ့အချိန် ခပ်လှမ်းလှမ်းရောက်သွားလေပြီ။ ကံမကောင်းချင်တော့ မြေမြုပ်ဗုံးရဲ့ အပိုင်းအစတွေထိလို့ ဆိုင်ကယ်ရော သူ့ရဲ့ခြေထောက်မှာရော ဒဏ်ရာရသွားတယ်။ အဲဒီဒဏ်ရာတွေက ဆေးထိုးလိုက်လို့ ခဏ ပျောက်သွားပေမယ့်လည်း စစ်ဘေးရှောင်တဲ့အချိန် လမ်းလျှောက်ရများတာကလည်း တစ်ကြောင်း ပင်လောင်းမှာ ရာသီဥတုအေးအေးနဲ့တွေ့ သွားနေတာကလည်း တစ်ကြောင်း ဗုံးဒဏ်ရာထိသွားတဲ့ သူ့ရဲ့ ဘယ်ဘက်ခြေထောက်တစ်ခုလုံးမှာ ထုံလိုက် ကျင်လိုက်နဲ့ အခုထိ ရွာပြန်လာလို့ တစ်နှစ်ကြာတဲ့အထိ သူ့ခြေထောက်ထုံတာ ကျင်တာ မပျောက်သေးဘူး။ ဖယ်ခုံသွားပြီး အကြောဆေးတွေဝယ်သောက်လိုက် သူများပြောတဲ့ မိဂသီ တို့ ထွန်းရွှေဝါတို့ကိုလိမ်းလိုက် တောင်ကြီးက တရုတ်တိုင်းရင်းဆေးအရည်က ကောင်းတယ်ဆိုလို့ မနက်တစ်ကြိမ်ညတစ်ကြိမ်လူးလိုက်နဲ့ သူ့မှာက ကောင်းလာနိုးနိုး ကောင်းလာနိုးနိုးနဲ့ ရှိတဲ့ဆေးနဲ့ သူကိုယ်တိုင် ကျိုးစားပြီး ကုသရှာတယ်။ အဆင်ပြေလား၊ သက်သာလားလို့ မေးရင် နည်းနည်းတော့ သက်သာတယ်လို့ဖြေးရုံကလွဲရင် သူ့မှာအဖြေ ထူးထူးရှားရှားမရှိသေးဘူးရယ်။ ဟိုဆေးကောင်းလေမလား ဒီဆေးကောင်းလေမလား သူလည်းလိုက်ရှာနေတုန်းဘဲ။ စစ်ဘေးရှောင်က အပြန်မှာ ကျင်နေတဲ့ခြေထောက်ကို ထော့နဲ့ထော့နဲ့နှင့် လမ်းလျှောက်ပြီး စားဝတ်နေရေးအတွက် ဟိုအလုပ်လိုက်ရှာ၊ ဒီအလုပ်လိုက်ရှာရင်း ဆေးကောင်းကောင်းလေးလည်း တွေ့ကောင်းတွေ့နိုင်ပါရဲ့လို့ သူခများ မျှော်လင့်နေဆဲ။

            အမျိုးသမီးတစ်ယောက်ဆိုရင် မိသားစုနဲ့အတူ စစ်ရှောင်ရင်း တစ်နေရာပြီးတစ်‌နေရာ ပြောင်းရင်းရွေ့ရင်း အခန့်မသင့်ဘဲ ညတစ်ညမှာ စစ်လေးရှောင်စခန်းမှာ လေဖြတ်သွားတယ်။ မနက်အိပ်ရာထတော့ ခန္ဓာကိုယ်တစ်ခြမ်းက လှုပ်လို့မရတော့ဘူး။ ကျောင်းတက်နေဆဲ ကလေးနှစ်ယောက်ကလည်း ရှိသေးတယ်။ သည်းခံပြီး တစ်နေရာပြီးတစ်နေရာပြောင်းရွေ့ နေထိုင်ရတယ်။ ရွာပြန်လာလို့ရပြီဆိုလို့ ၂၀၂၅-ခုနှစ်မှာ မိသားစုလိုက်ရွာပြန်လာကြတယ်။ ရွာပြန်ရောက်ပြီး မကြာခင် ၂၀၂၅- ခုနှစ်မှာဘဲ သူ့အမျိုးသားက ရွာမှာမြေမြုပ်ဗုံးကို နင်းမိလို့ သေသွားတယ်။ ကံကောင်းတာတစ်ခုက လေဖြတ်နေတဲ့ ညာဘက်ခြမ်းခန္ဓာကိုယ်က ပြန်သက်သာလာတယ်။ အကောင်းပကတိမဟုတ်ပေမယ့် သွားနိုင်လာနိုင်တယ်။ အခုဆိုရင် ကျောင်းတက်နေတဲ့ကလေးနှစ်ယောက်ကို စောင့်ရှောက်ရင်း မသန်စွမ်းတော့တဲ့ခန္ဓာကိုယ်တစ်ခြမ်းနဲ့ စျေးရောင်းနေရတယ်။ စစ်ဘေးရှောင်အပြန်မှာ အရင်လိုလည်း လူမစုံတော့ဘူး။ အရင်လိုလည်း မသန်စွမ်းတော့ဘူး။ သို့သော် အရင်ကထက် ပိုလုပ်နေရတယ်။

            ရွာသားတွေ ရွာပြန်ရောက်လာကြလို့ ပျော်နေကြတဲ့အချိန်မှာဘဲ ရွာရဲ့ မီတာတစ်ထောင်ရဲ့ အလွန်မှာ စိုက်ပျိုးရေးမလုပ်ရဘူးလို့ အမိန့်ထုတ်ထားတယ်။ မြေမြုပ်ဗုံးရှိတယ်၊ ထိရင်တာဝန်မယူလို့ ပြောတယ်။ တစ်ရွာလုံးက တောင်သူတွေလေ ယာမစိုက်ရတော့ ဘာလုပ်ရတော့မလဲ။ လူငယ်တွေဘာလုပ်ကြတယ်ထင်လဲ၊ အားလုံးသိတဲ့အတိုင်း ထိုင်းကိုဘဲ အားကိုးရတော့မှာပေါ့။ သူများနေရာမှာ နှစ်နှစ်လောက်နေခဲ့ရပြီလေ၊ ကိုယ့်အိမ်မဟုတ်ရင် ဘယ်နေရာမှ အဆင်မပြေဘူးဆိုတာ သူတို့သိတယ်။ အိမ်ပြန်ရောက်လာတော့လည်း စိုက်ပျိုးလို့ မရတော့ ဘယ်လိုဆက်ပြီးရှင်သန် ရမလဲဆိုတာ စဉ်းစားရခက်ပြန်ပြီ။ စစ်ဘေးရှောင်တဲ့အချိန်တုန်းက ရွာပြန်ချင်ပြီ၊ ရွာရောက်ရင် ကိုယ့်အိမ်နဲ့ ကိုယ့်လယ်ယာနဲ့ အေးအေးဆေးဆေး ကောင်းကောင်းမွန်မွန် အသက်မွေးကြမယ်လို့ မျှော်လင့်ခဲ့တာ။ အိမ်ပြန်ရောက်ပြီး အလုပ်မရှိဖြစ်ရလေချည်း။ ရွာသားအများစုက စစ်းဘေးရှောင် အပြန်မှာ ရွာမှာ သူတို့အတွက် အရင်လို မလွတ်လပ်သေးဘူး၊ အရင်လို ကိုယ့်ယာခင်းနဲ့ကိုယ် လုပ်စားလို့မရသေးဘူး။

            လူငယ်လင်မယားနှစ်ယောက်ဆိုရင် သမီလေးမွေးပြီး နှစ်လမှာ ရွာမှာစစ်ဖြစ်လို့ ထွက်ပြေးရတယ်။ မိန်းမနဲ့ကလေးကို ကားမရှိတော့ အမျိုးသားက ထော်လဂျီလ်ပေါ်တင်ပြီး ရွာကထွက်ခဲ့ရတယ်။ ရွာကားလမ်းမအတိုင်းထွက်တော့ စစ်သားတွေကကားလမ်းပိတ်ထားပြီး ဒီလမ်းမထွက်ရဆိုတော့ အဖုအခုံးတွေများတဲ့ လမ်းကြမ်းကြမ်းမှာ သွားနေကျလမ်းထက် ဆယ်ဆမကဝေးတဲ့လမ်းကို ရွေးလိုက်ရတယ်။ အမျိုးတွေပါတော့ တော်သေးတယ်လို့ပြောရမယ်။ ခရီးလည်းပိုဝေး လမ်းလည်းပိုကြမ်း အကုန်အကျလည်းပိုများတဲ့ လမ်းကို မွေးကာစ နှစ်လဘဲ ရှိသေးတဲ့မိခင်နဲ့ကလေးကို သယ်ပြီး ထော်လဂျီလ်တဒုန်းဒုန်းနဲ့သွားနေရတယ်။ စခန်းမှာလည်း လူပြည့်လို့ ဟိုနေရာလည်း လက်မခံ ဒီနေရာလည်းလက်မခံလို့ မြောက်ဘက်ကို ဆက်သွားရင်းသွားရင်း နောင်တရားထိရောက်သွားတယ်။ နှစ်နှစ်လောက် သည်းခံချွေတာရင်း ရွာပြန်ရောက်တော့ အိမ်တစ်ခုလုံးပျက်စီးသွားပြီ။ နေစရာရှာတော့ မီးဖိုဆောင်ဘက် တစ်ခြမ်းက အမိုးရှိသေးလို့ မိသားစုငါးယောက် မီးဖိုဆောင်မှာဘဲ စုပုံပြီး ညနေလိုက်ရတယ်။ အိမ်မှာ သုံးလို့ရတဲ့ပစ္စည်းတွေအကုန်ယူသွားတယ်။ သုံးလို့မရတဲ့ ဗီဒိုတွေဆိုရင် တံခါးတွေရိုက်ချိုး လမ်းပေါ်မှာပစ်ချထားတယ်။ အဝတ်အစားတွေကတော့ ဟိုတစ်ထည်ဒီတစ်ထည်လွင့်ပစ်ကြတယ်။ လက်ပ်တော့ပ် ကွန်ပျူတာကို အလယ်ကနေ ချိုးလိုက်တယ်၊ မှန်ကိုလည်း ထုခွဲတယ် သုံးလို့မရတော့ဘူး။ မစားရတဲ့အမဲ သဲနဲ့ပစ်တဲ့အကျင့်တွေကြောင့် သုံးလို့မရတဲ့အရာတွေဘဲ ကျန်တော့တယ်။ အိမ်ဘယ်တော့ပြင်မလဲလို့ မေးကြရင် ဘယ်လိုဖြေရမှန်းမသိ၊ အိမ်မှာလည်း ဘာမှမကျန်ဘူး၊ လက်ထဲမှာလည်း ဘာမှမရှိဘူး၊ တောင်ယာလည်း လုပ်လို့ကမရဘူး၊ ရွာအနီးအနားမှာလည်း ယာမရှိဘူး၊ အခုလောလောဆယ်စားဖို့တောင် ဘယ်လိုရှာရမှန်းမသိသေး၊ အိမ်ကတော့ ဘယ်လိုပြင်ရမှန်း မသိသေးဘူးလို့ဘဲ ဖြေလိုက်ရတယ်။ စစ်ဘေးရှောင်ပြီးအပြန်မှာ သူတို့အတွက် စားဝတ်နေရေး အတွက်က အရင်လိုမလွယ်ကူတော့ဘူး။

            နောက်တစ်ခါစစ်ထပ်ဖြစ်ရင် ဘယ်ဘက်ကို သွားမလဲမေးကြည့်တော့ “တော်ပါတော့” တဲ့။ ဘာမှလည်း ဆက်မပြောကြတော့ဘူး။ သူတို့တွေ ပင်ပန်းနေကြပြီ။ စစ်ရှောင်ကာလမှာလည်း သူတို့ပင်ပန်းခဲ့ပြီးပြီ။ ရှိသမျှလည်း ကုန်ပြီး။ ရှာထားခဲ့သမျှပစ္စည်းတွေလည်း ပျက်စီးပြီ။ စစ်ဘေးရှောင် အပြန်မှာ သူတို့အသစ်ပြန်စဖို့ ကြိုးစားကြတယ်။ သို့သော် တားမြစ်ချက်တွေ အတားအစည်းတွေ စည်းကမ်းတွေ ဥပဒေတွေ အမိန့်တွေ အကောက်အခွန်တွေက သူတို့ကို နောက်တစ်မျိုး ထပ်ဖိထားတယ်။ သူတို့တွေပိနေကြပြီ။ သူတို့တွေ ပင်ပန်းနေကြတယ်။ ။

အားလုံးနားလည်သဘောပေါက်နိုင်ကြပါစေ။

 

အရှင်နန္ဒိယ (ဖယ်ခုံ)

18.08.2026 12:10:00 PM

Saturday, August 8, 2026

"သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနားတယ်"ဆိုလား။ တစ်သောင်း ဘယ်ကမလဲ။

 "သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနားတယ်"ဆိုလား။ တစ်သောင်း ဘယ်ကမလဲ။ 


ဝိနည်းပိဋကတ်တော်မှာ သစ်ပင်ကအသက်ရှိတယ်လို့ပြောပြီး ရဟန်းတွေသစ်ပင်မခုတ်ရ အောက်ထစ်ဆုံး မြက်ပင်တွေတောင် မနုတ်ရလို့ ပညတ်ထားခဲ့တယ်။ သစ်ပင်ခုတ်ရင်း သစ်ပင်ပေါ်မှာနေတဲ့ ရုက္ခစိုးရဲ့သားလေးလက်တစ်ဖက်ကို ခုတ်မိလို့ ရုက္ခစိုးသားလေး လက်တစ်ဖက်ပျက်သွားတယ်။ ရုက္ခစိုးကလည်း သစ်ပင်ခုတ်တဲ့ရဟန်းအမျက်ထွက်သွားတယ်။ အဲဒီအထောက်အထားကို ကိုးကားရင် လူ တိရစ္ဆာန်တွေတင်မကဘူး မမြင်ရတဲ့နတ်ဒေဝါတွေလည်း သစ်ပင်ကို မှီခိုကြရတာဘဲ။ 


သုတ္တန်မှာ သစ်ပင်ထူထပ်တဲ့ တောအရပ်မှာ တိတ်ဆိတ်စွာ ရဟန်းများ တရားကျင့်ကြံကြတယ်။ သစ်ရိပ်တောရိပ်ကိုမှီခိုပြီး သူတော်ကောင်းများ တရားအားထုတ်ကြတယ်။ သစ်ပင်တွေရဲ့အဖူးအပွင့် လှပမှု၊တောနေရဟန်းများရဲ့ သီလခိုင်မြဲမှု တောစောင့်နတ်တောင်စောင့်နတ်များရဲ့ သဒ္ဓါတရားရင့်သန်မှုတွေကိုရေးဖွဲ့ပြီး သူတို့ကြားကအပြန်အလှန်မေတ္တာတရားတွေရဲ့ အလှအပ အနှောင်အဖွဲ့တွေကို မြင်နေရပါတယ်။

လောကနီတိမှာတော့ အရိပ်ငါးပါးထဲမှာ ပထမဆုံးအနေနဲ့ သစ်ရိပ်ဝါးရိပ်ကို ညွန်ပြထားတယ်။ သစ်ပင်ရဲ့တန်ဖိုးကို သမိုင်းနဲ့ချီပြီး သယ်ဆောင်လာတဲ့စာပေတွေထဲမှာတောင် ခေတ်အဆက်ဆက်ပညာရှင်တွေက ချီးမွမ်းထောပနာခဲ့ကြတယ်။ အခုထိလည်း သစ်ပင်ရဲ့တန်ဖိုးကို တို့တွေပြောလို့ မကုန်နိုင်သေးဘူးလေ။ 


ဒီပုံထဲမှာ မြင်နေရတဲ့ သရက်ပင်အိုးကြီးကတော့ တို့မမွေးသေးခင်ကအပင်ဖြစ်ချင်ဖြစ်မယ်ထင်တယ်။ သတိရမိသလောက်ပြောရရင် ကိုယ်တွေရှစ်နှစ်သားအရွယ်မှာတော့ ဒီသရက်ပင်က အပင်ကကြီးကြီး၊ အသီးကလည်းချိုချိုနဲ့မို့ တက်ခူးလို့မရတာနဲ့ သရက်သီး အကြွေကို စောင့်နေခဲ့ကြဖူးတယ်လေ။ အပွင့်ဖူးချိန်၊ ရွက်နုထွက်ချိန်၊ အသီးသီးချိန် နဲ့ ရွက်ဟောင်းကြွေချိန်အထိ ဒီအပင်အောက်မှာ တို့တွေ အချိန်အကြာကြီး နားခိုခဲ့ရတယ်။ 


ပျံတော်မူသွားပြီဖြစ်တဲ့ ဆရာတော် ဦးပုညလက်ထက်မှာ သရက်ပင်အောက် အပင်ရဲ့ပတ်ပတ်လည်မှာ သစ်သားထိုင်ခုံလေးလုပ်ထားပြီး ရောက်လာသူမည်သည့် ဧည့်သည်မဆို သရက်ပင်အောက် အနားယူခဲ့ကြတယ်။ သရက်သီးလည်း စားခဲ့ကြတယ်။ ဒီသရက်ပင်အောက်မှာ အပင်လှလှ အရိပ်ကောင်းကောင်း အသီးချိုချို လေအေးနုနုလေးတွေကို သတိရတဲ့သူ အရေအတွက်က နည်းမယ်မထင်ပါဘူး။ 


အပင်ကြီးသွားလို့ အသီးလည်းဆက်မသီးနိုင် အခက်လည်းဆက်မထွက်နိုင်တော့တဲ့အချိန် ၂၀၁၇ ခုနှစ်မှာ သရက်ပင်ရဲ့အသက်က ဘယ်လောက်ရှိမှန်း သေသေချာချာမသိပေမယ့် ဇရာတရားကို သူလက်ခံခဲ့ရပြီ။ ရွက်နုမထွက်ခင် အသီးမသီးခင် မြင်တွေ့နေကျဖြစ်တဲ့ သရက်ပွင့် အဖူးအငုံ သေးသေးလေးတွေ မတွေ့ရတော့ပါဘူး။ နေထိုးလို့မပေါက်တဲ့ သရက်ပင်ကြီးကလည်း အရွက်တွေတိုးကျိုးကြဲတဲနဲ့ နေရောင်ခြဉ်က အရွက်ကိုထိုးဖောက်ပြီး အပင်အောက်ထိရောက်လာခဲ့လေပြီ။ 

အပင်အိုကြီးက မသေသေးပေမယ့်လည်း မသီးနိုင် မပွင့်နိုင်တာကလွဲရင် သူသန်သန်မာမာ ရှိနေဆဲ။ ကိုရိုနာကာလလည်း အေးအေးဆေးဆေး ဖြတ်ကျော်ခဲ့ရတယ်။ ကျောင်းမှာဖြစ်သွားတဲ့ စစ်ပွဲကိုလည်း မျက်ဝါးထင်ထင် မြင်ခဲ့ရတယ်။ သူတားလို့ရတဲ့အရာမှမဟုတ်တာ ရပ်ကြည့်နေရုံကလွဲပြီး ဘာမှမတတ်နိုင်ရှာဘူး။ သူလည်း ဒီရွာကလူတွေလိုဘဲ စစ်ဘေးစစ်ဒဏ်လည်း ကြုံတွေခဲ့ရတယ်။ ရွာသူရွာသားများ အခြားဒေသမှာ စစ်ဘေးရှောင်ကြလို့ ဒီနေရာမှာ သူတစ်ပင်တည်းကျန်ခဲ့တယ်။ ဘယ်ကလာမှန်းမသိတဲ့ လက်နက်ကိုင်ထားတဲ့ သူစိမ်းတွေအများကြီး လာနေကြတာလည်း သူတွေ့မြင်ခဲ့ရတယ်။ ရွာသူရွာသားတွေပြန်လာတဲ့အထိ သူစိတ်ရှည်လက်ရှည် စောင့်နေခဲ့တယ်။ 


2025 ခုနှစ်လောက်ကစပြီး တဖြေးဖြေးနဲ့ ရွာသူရွာသားများလည်း ပြန်လာကြ ကျောင်းကသံဃာတော်တွေလည်း ပြန်ရောက်လာလို့ အလှူပွဲတွေ ကျောင်းတက်ပွဲတွေလည်း ပြန်မြင်လာရတယ်။ စာသင်တဲ့ကျောင်းသားတွေ ဆရာဆရာမတွေရောက်လာတော့လည်း သစ်ပင်အိုကြီးခများမှာ အရိပ်သာမပေးနိုင်တော့ပေမယ့် မိသားစုဝင်ရွာသူရွာသားတွေ ပြန်မြင်ရလို့ ဝမ်းသာနေရှာတယ်။ အရင်လိုအချိန်တွေကို သူပြန်သတိရသွားတယ်။ ခဏသာ ပြန်ငယ်သွားသလိုတောင် ခံစားရတယ်။ သစ်ပင်အိုကြီးမှာ ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျတယ်။ အခုက မိုးရာသီအတွင်းဆိုတော့ ရွာတဲ့မိုးရည်နဲ့ရောနေလို့ဖြစ်မယ် သစ်ပင်အိုကြီးမျက်ရည်ကို မိုးရေထင်ပြီး ရွာသူရွာသားတွေ သရက်ပင်အိုကြီး မျက်ရည်ကျတာ တော်တော်များများ မသိလိုက်ကြဘူး။ သူကလည်း ဒီရွာသာလေးဗျာ၊ ဒီရွာကလူတွေပျော်ရင် သူလည်းပျော်တာပေါ့။ 


ဒီနေ့တော့ သူအနားယူသွားပြီ။ မမြဲချင်းအနိစ္စတရားက လူတွေတင်မကဘူး သစ်ပင်လည်းကြုံရတာဘဲ။ ပျိုနုစဉ်အချိန်တုန်းက သူအစွမ်းကုန်သူ လှပပေးခဲ့တယ်။ အားသန်စဉ်အချိန်တုန်းက အသီးတွေ အပွင့်တွေ အရွက်တွေ သီးပေး ပွင့်ပေး ရွက်နုတွေစွင့်ပေးခဲ့တယ်။ တစ်ရာသီပြီးတစ်ရာသီ တစ်ချိန်ပြီးတစ်ချိန် တစ်နှစ်ပြီးတစ်နှစ် သူသီးသမျှအသီး ပွင့်သမျှ အရွက်နုနုလေးတွေ အားလုံးဟာ ဒီကျောင်းမှာရှိနေတဲ့ သူတွေအတွက် ဒီရွာမှာနေတဲ့သူတွေအရွက် သရက်သီးစားရအောင် သရက်ရွက်လေးသုတ်စားလို့ရအောင် သူပေးဆပ်ခဲ့တယ်၊ စွန့်လွတ်ခဲ့တယ်၊ တစ်ပင်လုံးစာ စတေး‌ပေးခဲ့တယ်။ 


နောက်တစ်ခု သူပြောသွားတယ်။ ငါအသက်မရှိတော့ရင် ငါ့ရဲ့အပင်က ပင်စည်တွေကြီးတယ်၊ သစ်ဖြတ်သမားကောင်းကောင်းခေါ်ပြီး အရင်းပိုင်းကိုပျဉ်လုပ်ပေးပါ။ ဒီရွာကလူတွေ နံရံဖြစ်စေ အခင်းဖြစ်စေ လုပ်လို့ရအောင်၊ အထက်ပိုင်းအခက်တွေကလည်းကြီးတယ် မဆွေးခင် အတုံးခပ်ကြီးကြီးဖြတ်ပြီး အရိပ်ရတဲ့သစ်ပင်အောက်မှာထားပေးပါ။ ဒီရွာကလူတွေ စားပွဲခုံဖြစ်ဖြစ် ထိုင်ခုံဖြစ်ဖြစ် အသုံးပြုလုပ်ရအောင်၊ ဆွေးသွားရင်လည်း အလကား‌တော့ လွင့်မပစ်ပါနဲ့ ဒီရွာကလူတွေအေးလို့လှုံဖို့ဘဲဖြစ်ဖြစ် ထမင်းချက်ဖို့ဘဲဖြစ်ဖြစ် ထင်းတော့လုပ်ပေးပါလို့ ပြောသွားတယ်။ 


သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနားလို့ရတယ်တဲ့၊ ဟုတ်လား။ ဒီရွာကလူတွေ ရယ်ချင်တာပေါ့။ ငှက်မကဘူး၊ လူရော နတ်ရော အများကြီးပါတယ်။ တစ်သောင်းလည်းမကဘူး၊ သိန်းသန်းကုဋေလည်းမကဘူး။ လမ်းသင့်လို့ဝင်ပြောလိုက်ဦးမယ်၊ ရန်ကော်-လွိုင်ကော် လိုင်းကား "သိန်းသန်းကုဋေ" ဆိုတဲ့ကားကြီးလည်း တို့ရွာထဲကို နေ့တိုင်းဖြတ်သွားဖြတ်လာဘဲ။ သစ်ပင်ကြီးလည်း အဲဒီကားကြီးကို နေ့တိုင်းမြင်ရတယ်။ သစ်ပင်ကြီးက ဘာပြောလဲသိလား။ သိန်းသန်းကုဋေ ဆိုတာ ပမာဏကို ကန့်သတ်ထားတဲ့ ဂဏန်းတစ်ခုဘဲ။ ဒီရွာသားတွေကို ငါချစ်တာက သိန်းသန်းကုဋေမကဘူး။ ပမာဏအကန့်အသတ်မရှိဘူးတဲ့။ 

တို့ရွာသားတွေလည်းသိတယ်လေ၊ ဒီသရက်ပင်ရဲ့တန်ဖိုးက သိန်းသန်းကုဋေမကဘူး။ 


ထောင်သောင်းမကဘူး၊ သိန်းသန်းကုဋေမကဘူး၊ အကန့်အသတ်မရှိဘူး။ ဒီသစ်ပင်ကြီးကို အကြောင်းပြုပြီးတော့ အသီးချိုချို သရက်ပင်လေးတွေလည်းစိုက်ထားတယ်၊ အရိပ်ကောင်းကောင်း အပွင့်လှလှ ကံ့ကောက်ပင်လည်းစိုက်ထားတယ်။ တစ်ခုခုဖြစ်ရင် ဒီသရက်ပင်လိုတစ်ပင်တည်း အထီးမကျန်အောင် အပင်များများစိုက်ထားရဦးမယ်။ မလိုအပ်ဘဲ အပင်မခုတ်ဘဲ ထားပါ့မယ်။ အရိပ်လိုချင်ရင် သစ်ပင်ကိုတန်ဖိုးထားပါ။ 


သစ်ပင်တန်ဖိုးကို နားလည်နိုင်ကြပါစေ။ 

အားလုံးလည်း ရွှင်လန်းကြပါစေ။  ။


Nandiya Bhikkhu Pekhon

04.08.2026 2:00 PM























Tuesday, April 23, 2019

လက်ရှိအခြေအနေ

လက်ရှိသီရိလင်္ကာရဲ့ အခြေအနေကတော့ သတိထားနေရတဲ့အဆင့်မှာပေါ့။ ၂၁၊၄၊၂၀၁၉ တနင်္ဂနွေနေ့မှာ နံနက်ပိုင်း ၈-နာရီခွဲမှာ ကိုလံဘိုမြို့မှာ ချက်ကျောင်းနဲ့ ကြယ်ငါးပွင့်ဟောတည်အပါအဝင် ၈ နေရာ ဗုံးပေါက်ကွဲခဲ့တယ်။ အဲဒီနေ့မှာဘဲ တနင်္ဂနွေ၊ တနင်္လာ နဲ့ အင်္ဂါနေ့ ၃ ရက် ကျောင်းတက္ကသိုလ် သင်တန်းဌာနအားလုံးပိတ်ထားရမယ်လို့ ကြေငြာချက်ထုတ်လိုက်တယ်။ အဲဒီနေ့ကစလို့ နေရာတိုင်းမှာ စစ်ဆေးရေးဌာနတွေဖြစ်လာပါတော့တယ်။ အထူးသဖြင့် လေယာဉ်ကွင်းမှာဆိုရင် ပိုစစ်ကြတယ်။ လေယာဉ်ကွင်း စစ်ဆေးရေးဌာနတောင်မှ ခရီးသည်ဘဲဝင်ခွင့်ရှိပြီး ဧည့်သည်တွေမဝင်ရလို့ ကန့်သတ်ထားလိုက်တယ်။ အဲဒီတနင်္ဂနွေနေ့ ညနေပိုင်းမှာဘဲ ရဲတွေသတင်းရလို့ သံသယရှိသူတွေကို ဖမ်းဆီးရင်း အဓိကကြိုးကိုင်တဲ့သူကိုလည်း ဖမ်းဆီးခဲ့ရတယ်။ အဓိကကြိုးကိုင်သူခေါင်းဆောင်ကိုတော့ ဗလီအနီးတိုက်တစ်ခုမှာ ဖမ်းဆီးလိုက်ရတယ်လို့ ကြားရပါတယ်။ ဗုံးဖောက်ခွဲတဲ့အစီအစဉ်ထဲ ၁၃ ဦး တနင်္ဂနွေနေ့ညနေမှာ ဖမ်းဆီးခဲ့ရပါတယ်။ 
တနင်္လာနေ့မှာ အခြေအနေက ကောင်းလာပြီလို့ ထင်တုန်းဘဲရှိသေးတယ်။ တနင်္ဂလာနေ့ညနေက သတင်းထုတ်ပြန်ချက်အရ တနင်္လာနေ့မှာ မကွဲသေးတဲ့ ဗုံး ၈၂ လုံး ရှာဖွေတွေ့ရှိခဲ့တယ်လို့ ကြားပါတယ်။ အဲဒီဗုံးတွေက လူစည်ကားတဲ့နေရာ စျေးဆိုင်၊ ကားမှတ်တိုင်နဲ့ လမ်းဆုံအနီးတွေမှာ များပါတယ်။ ဗုံးတစ်ခုကဆိုရင် ဂတ်စ်အိုးထဲထည့်ထားတာ၊ အဲဒီအပေါ်မှာ သီရိလင်္ကာပိုက်ဆံ တစ်ထောင်တန်နဲ့ ကြိုးကလေးချည်ထားတာ၊ ပိုက်ဆံကိုအဲဒီ ဂတ်စ်အိုးပေါ်မှာတင်ထားတာ၊ ကံကောင်းလို့သွားယူတဲ့သူကမရှိ၊ အကယ်၍ ပိုက်ဆံလိုနေတဲ့သူတစ်ဦးဦး၊ ရချင်တဲ့သူတစ်ဦးဦးက အဲဒီပိုက်ဆံကို သွားဆွဲကြည့်လိုက်ရင် ကြိုးကလေးကလွတ်ပြီး အဲဒီဗုံးကပေါက်ကွဲမှာလို့ ဆိုပါတယ်။ ရှာဖွေတွေ့ရှိတာက ၈၂ လုံး၊ မတွေ့သေးတာများရှိနေသေးလား မသိဘူး။ 
စဖြစ်ဖြစ်ချင်းမှာဘဲ Isis လို့ပြောနေကြတာ။ အထူးသဖြင့် မွတ်စလင်တွေကို ပိုပြီးသတိထားကြတယ်။ သံသယရှိသူတွေကရော၊ ဖမ်းမိထားတဲ့တကယ်လုပ်နေတဲ့သူတွေကရော အားလုံးက မွတ်စလင်တွေချည်းဖြစ်နေတာ။ အစိုးရပိုင်းမှာလည်း အရင်က မဟိန္ဒလက်ထက်က တပ်ထားတဲ့ စီစီကင်မရာတွေကို ဖြုတ်ပြီးတော့ ပြည်သူတွေလွတ်လွတ်လပ်လပ်သွာလာပါစေဆိုတဲ့ အကြောင်းပြချက်တွေကိုလည်း သံသယဝင်လာကြပါတယ်။ နောက်ပြီး လွန်ခဲ့သည့် နှစ်နှစ်တုန်းက စေတီတစ်ဆူထဲဝင်ပြီး ဗုဒ္ဓဆင်းတုတော်ရဲ့ မျက်လုံးကိုဖောက်ပြီး ခေါင်းတော်ဖြုတ်တဲ့ မွတ်စလင်ကလေးနှစ်ယောက်ကို Isis ရဲ့စေခိုင်းမှုလို့ ထွက်ဆိုထားတာတောင် အရေးမယူခဲ့တဲ့ ဖြစ်ရပ်တွေအတွက်လည်း ပြည်သူတွေပိုပြီး အပြစ်မြင်လာပါတော့တယ်။ 
တကယ်ဖြစ်ရပ်တွေက ကြောက်စရာလည်း အင်မတန်ကောင်းလာပါတော့တယ်။ မနေ့ညက ကျောင်းရှေ့မှာ လမ်းလျှောက်ဖြတ်သွားတဲ့ ဗလီဆရာတစ်ယောက်ကို လူချင်းခင်တာနဲ့ ကျောင်းဘုန်းကြီးက မင်းတို့ ကလေးတွေကို လူသတ်ဖို့ သတ်ပေးနေသလား လို့ မေးတယ်။ ဗလီကဆရာကလည်း ဘာမှမပြောဘဲ ထွက်သွားတယ်။ အခြေအနေကဘယ်လိုနေလဲတော့ မသိဘူး။ ဒီနေ့မနက် ဗလီက သူတို့ဘုရားရှိခိုးသံတွေ မကြားရတော့ဘူး။ 
ဒီနေ့ Google ထဲဝင်ကြည့်လို့ရတဲ့ သတင်းတွေထဲက ဒီနေ့နောက်ဆုံးတင်ပြထားတဲ့သတင်းအရ အခင်းဖြစ်ပွားမှုနဲ့ပတ်သက်ပြီး သေသူသုံးရာကျော်နဲ့ ဒဏ်ရာရသူ ငါးရာကျော်လို့ တွေ့ရတယ်။ကိုယ်တောင် ဒီနေ့မကုဋာရာမမြန်မာကျောင်းသွားပြီး သတင်းလေးဘာလေး သွားယူမလို့လုပ်နေတာ။ ဒီပတ်ဝန်းကျင်မှာ မွတ်စလင်တွေကများတယ်လေ၊ နောက်ပြီးတော့ မကုဋရာမမြန်မာကျောင်းပတ်ပတ်လည်ကလည်း မွတ်စလင်တွေဘဲလေ။ မဝေးဘူးဆိုပေမယ့် အရမ်းကြီးနီးတာလည်း မဟုတ်တော့ ဒီနေ့မသွားဖြစ်တော့ဘူး။
မြန်မာဆိုလို့ ကိုယ်တစ်ဦးတည်းရှိတဲ့နေရာ၊ ဘယ်သူနဲ့မှလည်း မနီး။ တစ်ခုခုဖြစ်ရင် ဘယ်သူမှ သိလိုက်မှာ မဟုတ်ဘူး။ 

ဒီနေ့ဘဲ လမ်းကျဉ်းတစ်ခုက ဆိုင်ကယ်ငါးစီးနဲ့လာတဲ့အဖွဲ့ကိုစစ်ဆေးလိုက်ရာ  အသေခံဖောက်ခွဲမယ့် ဗုံးပါတဲ့ဆိုင်ကယ်နှစ်စီးလည်း ပါဝင်နေလို့ စိုးရိမ်စရာတွေက တစ်နေ့ထက်တစ်နေ့ပိုကဲလာတော့ မနက်ဖြန်ပြန်ဖွင့်မယ့် ကျောင်းတွေ တောင် မဖွင့်ဘဲ တစ်ပတ်တိတိ ထပ်ပိတ်လိုက်ရတယ်။ နောက်တစ်ပတ်တနင်္လာနေ့မှ ကျောင်းတွေပြန်ဖွင့်မယ် ဖြစ်ပါတယ်။ 

အခုဆိုရင် အဓိက ဖေ့်စ်ဘုတ်ခ် နဲ့ အခြား လူမှုကွန်ယပ်မီဒီယာတွေ ပိတ်ထားတော့ ဘယ်သူနဲ့မှာ အဆက်အသွယ်ကမရ။ ဒီနောက်ပိုင်းမှာ ဂျီမေးလ်တို့ ဘလော်ဂ်တို့ဆိုတာကလည်း လှည့်ကြည့်တဲ့သူတွေ မရှိဘူးလေ။ Line က တော့ သုံးလို့ရတယ်။ ကိုယ့်ရဲ့အသိတွေထဲမှာ Line သုံးတဲ့သူတွေလည်း သိပ်မတွေ့ရဘူး။ သုံးတဲ့သူတွေလည်း Active မဖြစ်ကြတာတွေ့ရတယ်။ Line လုပ်ထားပြီး သုံးတဲ့သူမရှိလို့ မသုံးကြတာလည်းမသိဘူး။ Message ပို့ကြည့်လည်း ဘယ်အကောင့်မှ မကြည့်ကြဘူး။
ဖေ့စ်ဘုတ်ခ် သုံးလို့မရတာနဲ့ အခုတော့ ဘလော့ဂ်ပေါ်မှာဘဲ တင်ထားတော့မယ်။ 
တွေ့တဲ့သူတွေရှိရင် မျှဝေလိုက်ပါဦးလို့။ 
ကျေးဇူးတင်ပါသည်။ 

အရှင်နန္ဒိယ (ဖယ်ခုံ)
၂၃.၀၄.၂၀၁၉ 11:25:00 AM


လက္ရွိသီရိလကၤာရဲ႕ အေျခအေနကေတာ့ သတိထားေနရတဲ့အဆင့္မွာေပါ့။ ၂၁၊၄၊၂၀၁၉ တနဂၤေႏြေန႔မွာ နံနက္ပိုင္း ၈-နာရီခြဲမွာ ကိုလံဘိုၿမိဳ႕မွာ ခ်က္ေက်ာင္းနဲ႔ ၾကယ္ငါးပြင့္ေဟာတည္အပါအဝင္ ၈ ေနရာ ဗုံးေပါက္ကြဲခဲ့တယ္။ အဲဒီေန႔မွာဘဲ တနဂၤေႏြ၊ တနလၤာ နဲ႔ အဂၤါေန႔ ၃ ရက္ ေက်ာင္းတကၠသိုလ္ သင္တန္းဌာနအားလုံးပိတ္ထားရမယ္လို႔ ေၾကျငာခ်က္ထုတ္လိုက္တယ္။ အဲဒီေန႔ကစလို႔ ေနရာတိုင္းမွာ စစ္ေဆးေရးဌာနေတြျဖစ္လာပါေတာ့တယ္။ အထူးသျဖင့္ ေလယာဥ္ကြင္းမွာဆိုရင္ ပိုစစ္ၾကတယ္။ ေလယာဥ္ကြင္း စစ္ေဆးေရးဌာနေတာင္မွ ခရီးသည္ဘဲဝင္ခြင့္ရွိၿပီး ဧည့္သည္ေတြမဝင္ရလို႔ ကန္႔သတ္ထားလိုက္တယ္။ အဲဒီတနဂၤေႏြေန႔ ညေနပိုင္းမွာဘဲ ရဲေတြသတင္းရလို႔ သံသယရွိသူေတြကို ဖမ္းဆီးရင္း အဓိကႀကိဳးကိုင္တဲ့သူကိုလည္း ဖမ္းဆီးခဲ့ရတယ္။ အဓိကႀကိဳးကုိင္သူေခါင္းေဆာင္ကိုေတာ့ ဗလီအနီးတိုက္တစ္ခုမွာ ဖမ္းဆီးလိုက္ရတယ္လို႔ ၾကားရပါတယ္။ ဗုံးေဖာက္ခြဲတဲ့အစီအစဥ္ထဲ ၁၃ ဦး တနဂၤေႏြေန႔ညေနမွာ ဖမ္းဆီးခဲ့ရပါတယ္။ 
တနလၤာေန႔မွာ အေျခအေနက ေကာင္းလာၿပီလို႔ ထင္တုန္းဘဲရွိေသးတယ္။ တနဂၤလာေန႔ညေနက သတင္းထုတ္ျပန္ခ်က္အရ တနလၤာေန႔မွာ မကြဲေသးတဲ့ ဗုံး ၈၂ လုံး ရွာေဖြေတြ႔ရွိခဲ့တယ္လို႔ ၾကားပါတယ္။ အဲဒီဗုံးေတြက လူစည္ကားတဲ့ေနရာ ေစ်းဆိုင္၊ ကားမွတ္တိုင္နဲ႔ လမ္းဆုံအနီးေတြမွာ မ်ားပါတယ္။ ဗုံးတစ္ခုကဆိုရင္ ဂတ္စ္အိုးထဲထည့္ထားတာ၊ အဲဒီအေပၚမွာ သီရိလကၤာပို္က္ဆံ တစ္ေထာင္တန္နဲ႔ ႀကိဳးကေလးခ်ည္ထားတာ၊ ပိုက္ဆံကိုအဲဒီ ဂတ္စ္အိုးေပၚမွာတင္ထားတာ၊ ကံေကာင္းလို႔သြားယူတဲ့သူကမရွိ၊ အကယ္၍ ပိုက္ဆံလိုေနတဲ့သူတစ္ဦးဦး၊ ရခ်င္တဲ့သူတစ္ဦးဦးက အဲဒီပိုက္ဆံကို သြားဆြဲၾကည့္လိုက္ရင္ ႀကိဳးကေလးကလြတ္ၿပီး အဲဒီဗုံးကေပါက္ကြဲမွာလို႔ ဆိုပါတယ္။ ရွာေဖြေတြ႔ရွိတာက ၈၂ လုံး၊ မေတြ႔ေသးတာမ်ားရွိေနေသးလား မသိဘူး။ 
စျဖစ္ျဖစ္ခ်င္းမွာဘဲ Isis လို႔ေျပာေနၾကတာ။ အထူးသျဖင့္ မြတ္စလင္ေတြကို ပိုၿပီးသတိထားၾကတယ္။ သံသယရွိသူေတြကေရာ၊ ဖမ္းမိထားတဲ့တကယ္လုပ္ေနတဲ့သူေတြကေရာ အားလုံးက မြတ္စလင္ေတြခ်ည္းျဖစ္ေနတာ။ အစိုးရပိုင္းမွာလည္း အရင္က မဟိႏၵလက္ထက္က တပ္ထားတဲ့ စီစီကင္မရာေတြကို ျဖဳတ္ၿပီးေတာ့ ျပည္သူေတြလြတ္လြတ္လပ္လပ္သြာလာပါေစဆိုတဲ့ အေၾကာင္းျပခ်က္ေတြကိုလည္း သံသယဝင္လာၾကပါတယ္။ ေနာက္ၿပီး လြန္ခဲ့သည့္ ႏွစ္ႏွစ္တုန္းက ေစတီတစ္ဆူထဲဝင္ၿပီး ဗုဒၶဆင္းတုေတာ္ရဲ႕ မ်က္လုံးကိုေဖာက္ၿပီး ေခါင္းေတာ္ျဖဳတ္တဲ့ မြတ္စလင္ကေလးႏွစ္ေယာက္ကို Isis ရဲ႕ေစခိုင္းမႈလို႔ ထြက္ဆိုထားတာေတာင္ အေရးမယူခဲ့တဲ့ ျဖစ္ရပ္ေတြအတြက္လည္း ျပည္သူေတြပိုၿပီး အျပစ္ျမင္လာပါေတာ့တယ္။ 
တကယ္ျဖစ္ရပ္ေတြက ေၾကာက္စရာလည္း အင္မတန္ေကာင္းလာပါေတာ့တယ္။ မေန႔ညက ေက်ာင္းေရွ႕မွာ လမ္းေလွ်ာက္ျဖတ္သြားတဲ့ ဗလီဆရာတစ္ေယာက္ကို လူခ်င္းခင္တာနဲ႔ ေက်ာင္းဘုန္းႀကီးက မင္းတုို႔ ကေလးေတြကို လူသတ္ဖို႔ သတ္ေပးေနသလား လို႔ ေမးတယ္။ ဗလီကဆရာကလည္း ဘာမွမေျပာဘဲ ထြက္သြားတယ္။ အေျခအေနကဘယ္လိုေနလဲေတာ့ မသိဘူး။ ဒီေန႔မနက္ ဗလီက သူတို႔ဘုရားရွိခိုးသံေတြ မၾကားရေတာ့ဘူး။ 
ဒီေန႔ Google ထဲဝင္ၾကည့္လို႔ရတဲ့ သတင္းေတြထဲက ဒီေန႔ေနာက္ဆုံးတင္ျပထားတဲ့သတင္းအရ အခင္းျဖစ္ပြားမႈနဲ႔ပတ္သက္ၿပီး ေသသူသုံးရာေက်ာ္နဲ႔ ဒဏ္ရာရသူ ငါးရာေက်ာ္လို႔ ေတြ႕ရတယ္။ကိုယ္ေတာင္ ဒီေန႔မကုဋာရာမျမန္မာေက်ာင္းသြားၿပီး သတင္းေလးဘာေလး သြားယူမလို႔လုပ္ေနတာ။ ဒီပတ္ဝန္းက်င္မွာ မြတ္စလင္ေတြကမ်ားတယ္ေလ၊ ေနာက္ၿပီးေတာ့ မကုဋရာမျမန္မာေက်ာင္းပတ္ပတ္လည္ကလည္း မြတ္စလင္ေတြဘဲေလ။ မေဝးဘူးဆိုေပမယ့္ အရမ္းႀကီးနီးတာလည္း မဟုတ္ေတာ့ ဒီေန႔မသြားျဖစ္ေတာ့ဘူး။
ျမန္မာဆိုလို႔ ကိုယ္တစ္ဦးတည္းရွိတဲ့ေနရာ၊ ဘယ္သူနဲ႔မွလည္း မနီး။ တစ္ခုခုျဖစ္ရင္ ဘယ္သူမွ သိလိုက္မွာ မဟုတ္ဘူး။ 

ဒီေန႔ဘဲ လမ္းက်ဥ္းတစ္ခုက ဆိုင္ကယ္ငါးစီးနဲ႔လာတဲ့အဖြဲ႔ကိုစစ္ေဆးလိုက္ရာ  အေသခံေဖာက္ခြဲမယ့္ ဗုံးပါတဲ့ဆိုင္ကယ္ႏွစ္စီးလည္း ပါဝင္ေနလို႔ စိုးရိမ္စရာေတြက တစ္ေန႔ထက္တစ္ေန႔ပိုကဲလာေတာ့ မနက္ျဖန္ျပန္ဖြင့္မယ့္ ေက်ာင္းေတြ ေတာင္ မဖြင့္ဘဲ တစ္ပတ္တိတိ ထပ္ပိတ္လိုက္ရတယ္။ ေနာက္တစ္ပတ္တနလၤာေန႔မွ ေက်ာင္းေတြျပန္ဖြင့္မယ္ ျဖစ္ပါတယ္။ 

အခုဆိုရင္ အဓိက ေဖ့္စ္ဘုတ္ခ္ နဲ႔ အျခား လူမႈကြန္ယပ္မီဒီယာေတြ ပိတ္ထားေတာ့ ဘယ္သူနဲ႔မွာ အဆက္အသြယ္ကမရ။ ဒီေနာက္ပိုင္းမွာ ဂ်ီေမးလ္တို႔ ဘေလာ္ဂ္တို႔ဆိုတာကလည္း လွည့္ၾကည့္တဲ့သူေတြ မရွိဘူးေလ။ Line က ေတာ့ သုံးလို႔ရတယ္။ ကိုယ့္ရဲ႕အသိေတြထဲမွာ Line သုံးတဲ့သူေတြလည္း သိပ္မေတြ႔ရဘူး။ သုံးတဲ့သူေတြလည္း Active မျဖစ္ၾကတာေတြ႔ရတယ္။ Line လုပ္ထားၿပီး သုံးတဲ့သူမရွိလို႔ မသုံးၾကတာလည္းမသိဘူး။ Message ပို႔ၾကည့္လည္း ဘယ္အေကာင့္မွ မၾကည့္ၾကဘူး။
ေဖ့စ္ဘုတ္ခ္ သုံးလို႔မရတာနဲ႔ အခုေတာ့ ဘေလာ့ဂ္ေပၚမွာဘဲ တင္ထားေတာ့မယ္။ 
ေတြ႔တဲ့သူေတြရွိရင္ မွ်ေဝလိုက္ပါဦးလို႔။ 
ေက်းဇူးတင္ပါသည္။ 

အရွင္နႏၵိယ (ဖယ္ခုံ)
၂၃.၀၄.၂၀၁၉ 11:25:00 AM
Nandiyabhikkhu.blogspot.com
Konesone.blogspot.com

Monday, October 29, 2018

စာဖတ်ခြင်း ဋီကာ

စာဖတ်ခြင်း ဋီကာ

“စာဖတ်ပါ”
“စာဘယ်လိုဖတ်တာလဲ၊ စာဘယ်လိုဖတ်ရမှာလဲ”
အပြင်လောကမှာပြောနေကြသလို ပညာရေးလောကထဲမှာလည်း ပြောနေကြတဲ့ စကားတွေပင် ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ၊ စာဖတ်ရမည်မှာ လေ့လာလိုသူတိုင်း အသုံးပြုနေကြသည့် နည်းလမ်းတစ်ခုပင် ဖြစ်ပါသည်။ “ဘယ်စာအုပ်ကိုဖတ်ပါလား၊ ဟိုစာအုပ်ကကောင်းတယ်” စသည်ဖြင့် အကြံပေးလမ်းညွန်ကြတာရှိသလို “စာအုပ်ဘယ်နှစ်အုပ်ဖတ်ပြီးပြီလဲ၊ သေသေချာချာဖတ်ရဲ့လား” လို့ မေးနေကြတာတွေလည်း ရှိပါသည်။ စာဖတ်သည့်သူမှာတော့ ညွန်ပြတဲ့စာအုပ်တိုင်း မဖတ်ဖြစ်တာရှိသလို၊ ဖတ်တဲ့စာအုပ်တိုင်းမှာလည်း စိတ်မဝင်စားတာလည်း ရှိပါသည်။ ဤသို့နှင့်ပင် ဖတ်တဲ့စာအုပ်တိုင်း ပြန်မေးလို့မရတာ၊ ပြန်မဖြေတတ်တာ ဖြစ်လာပါသည်။
စာဖတ်သည့်နေရာမှာလည်း လေ့လာမှုကဏ္ဍအပေါ်၊ အသက်အရွက်အပေါ်၊ စာဖတ်အားအဆင့်တွေအပေါ်၊ ရည်ရွယ်ချက်အပေါ် စသည့်စသည့် မတူညီတဲ့အခြေအနေတွေအပေါ်မှာမူတည်ပြီး ကွဲပြားသွားလိမ့်မည် ထင်ပါသည်။ တက္ကသိုလ်မတက်ခင်ကာလက ဖတ်ခဲ့သည့်စာနှင့် တက္ကသိုလ်တက်နေချိန်ဖတ်နေသည့်စာများကို နှိုင်းယှဉ်ကြည့်လိုက်လျှင် ဖတ်ပုံဖတ်နည်းတွေရော၊ ရှာဖွေပုံတွေရော၊ ရည်ရွယ်ချက်တွေရော မတူတော့တာတွေတွေ့ရပါသည်။ တက္ကသိုလ်ကျောင်းသားတွေအတွက် ကြံနေရသည့်အခက်အခဲတွေထဲမှာ စာဖတ်နေရသည့်တာဝန်တစ်ခုလည်း ပါလာပါသည်။ “စာကိုဘယ်လိုဖတ်ရမှာလဲ၊ ဘယ်လိုရှာရမှာလဲ၊ ဘယ်သူ့ကိုမေးရမှာလဲ” ဆိုသည့်မေးခွန်းသည် တက္ကသိုလ်ကျောင်းသားတွေကြားမှာ အမြဲကြားနေရသည့် စကားလည်း ဖြစ်ပါသည်။

ညောင်ကန်တိုက်မှာနေတုန်းက ဘုံကျော်မှာစာလိုက်ရင်း ဘုန်းကြီးဦးအဂ္ဂဓမ္မကို စာဘယ်လိုဖတ်ရမှာလည်း မေးဖူးသည်။ အဲဒီအချိန်တုန်းက အင်္ဂလိပ်စာ စသင်နေသည့်အချိန်ဖြစ်သည့်အတွက် ဘုန်းကြီးက “ဖတ်တတ်သလိုဖတ်ပါ၊ နားမလည်ရင်ကျော်ပစ်လိုက်၊ နားလည်သည့်အပိုက်တွေကိုဖတ်လိုက်၊ နားမလည်လည်း စိတ်မပျက်နဲ့၊ ဖတ်ဖြစ်ဖို့ဘဲလိုတာပါ၊ ဖတ်ဖန်များရင် နားလည်လာလိမ့်မယ်” လို့ မိန့်ပါသည်။ နောက်ထပ်မေးတော့ “ကိုယ်နားလည်တဲ့စာအုပ်တွေ ရွေးဖတ်၊ ခက်တာကိုဖတ်တတ်ဖို့ထက် ကိုယ်နားလည်ဖို့ အရေးကြီးတယ်” လို့မိန့်ပါသည်။  စာစဖတ်သည့်သူတွေအတွက် အရေးကြီးသည့်စာဖတ်နည်းတစ်ခုပင်ဖြစ်ပါသည်။

တက္ကသိုလ်နယ်ပယ်ထဲရောက်တော့ တက္ကသိုလ်ကျောင်းသားတွေရဲ့ စာဖတ်နည်းတွေကိုလေ့လာကြည့်တော့ လွန်ခဲ့သည့်လက ကေတုမတီသီတဂူ ဦးဝိစိတ္တ နဲ့စကားပြောရင်း စာဖတ်တဲ့အကြောင်းရောက်သွားတော့ “ပထမတစ်ကြိမ်ကို အကြမ်းဖျင်းဖတ်ပါ၊ ဘာဆိုလိုသလဲဆိုတာကို သိရုံနဲ့ လုံလောက်ပြီ၊ ပထမဆုံးအကြိမ်အသေးစိတ်လိုက်ဖတ်နေရင် ရှေ့ကို တော်တော်နဲ့ မရောက်ဘူး။ ပြီးအောင်အရင်ဖတ်။ နောက်မှတစ်ခေါက်ပြန်ဖတ်၊ ပြန်ဖတ်သည့်အခါမှာ ဆိုလိုချက်ကိုသိပြီးသားဖြစ်လို့ အပေါ်ယံမဟုတ်တော့ဘဲ၊ စာကိုဘယ်လိုရေးတယ်၊ စကားလုံးဘယ်လိုသုံးတယ်၊ ဝါကျအထားအသိုတွေကအစ အသေးစိတ်လိုက်ကြည့်။ အဲလိုဖတ်ရင် ပိုလည်းမှတ်မိတယ်။ စာရေးဖို့အတွက်လည်း အထောက်အကူပြုတယ်၊ စကားပြောတဲ့အခါလည်း အကြောင်းအရာတွေကို ပိုင်ပိုင်နိုင်ပြောနိုင်တယ်၊ စကားလုံးတွေကိုလည်း လှလှပပ အသုံးပြုနိုင်တယ်” လို့မိန့်ပါသည်။ အထူးသဖြင့် ဘာသာရပ်တစ်ခုခုကို လေ့လာတဲ့အခါမှာ အသုံးပြုသင့်တဲ့စာဖတ်နည်းပါဘဲ။ ဝတ္ထုစာအုပ်ဖတ်သလို၊ အပြင်က သတင်းစာဖတ်သလို အရသာခံရုံသက်သက်၊ သတင်းလေးယူရုံသက်သက်မဟုတ်တော့ဘဲ ပညာရပ်တစ်ခုအနေနဲ့လေ့လာတဲ့အခါ တိကျသေချာဖို့လည်း လိုသည့်အတွက် အရေးကြီးသည့်စာဖတ်နည်းတစ်ခုပင် ဖြစ်ပါသည်။

ရှမ်းပြန်၊ ဆီဆိုင်က ဦးပဏ္ဍိတနဲ့စကားပြောရင်း လမ်းသင့်တော့ “ဖတ်စရာတွေများလာတဲ့အခါ ပြန်ဖတ်နေရတာ တစ်ခါတစ်လေမှာ အချိန်မရှိဘူး၊ ပြန်လည်းမဖတ်ဖြစ်ဘူး၊ ဖုန်းတို့ ကွန်ပျူတာတို့ အီးဘုတ်တို့နဲ့ဖတ်ရင် တစ်ချို့ အဘိဓာတ်ဆော့ဝဲလ်လေးတွေ တင်ထားလို့ရတယ်၊ နားမလည်တဲ့အရေးကြီးတဲ့ စကားလုံးလေးတစ်ချို့ကို တစ်ခါတည်းစစ်လို့ရတယ်၊ အဲလိုဖတ်လို့ရရင် တစ်ခါတည်းနဲ့ လိုချင်တာလေး သိချင်တာလေးတွေ အချိန်မီသိရတယ်” လို့မိန့်ပါသည်။ အသုံးဝင်သည့်စာဖတ်နည်းတစ်မျိုးပင်ဖြစ်ပါသည်။ တက္ကသိုလ်က သင်တန်းချိန်တစ်ချိန်ပြီးတိုင်း ဆရာတွေပေးတဲ့အချက်တွေ၊ ညွန်ပြတဲ့စာအုပ်တွေ၊ ဝေတဲ့လက်ကမ်းစာရွက်တွေ၊ ရှာဖွေရမည့်အရာတွေက သိပ်များပါသည်။ ပြီးတော့ စာသင်ချိန်တစ်ချိန်မကသည့် အတန်းတွေရှိပါသည်။ ကျောင်းသားတစ်ဦးအနေဖြင့် အားလပ်ချိန်နည်းပြီး ဖတ်စရာစာတွေများသောအခါမျိုး နှစ်ကြော့ပြန်မဖတ်ချင်သောအခါမျိုးမှာ အသုံးဝင်ပါသည်။

ဒေါက်တာလုပ်နေတဲ့ ရခိုင်ဆရာတော် ဦးဝရဗုဒ္ဓိကိုမေးကြည့်တော့ “ဒီရောက်လာတာ စာအုပ်ဘယ်နှစ်လုပ်ကုန်အောင် ဖတ်ပြီးပြီလဲ” ဟု ပြန်မေးသည်။ “တစ်အုပ်မှ မကုန်သေးဘူး” လို့ ပြန်ဖြေလိုက်သည်။ “တက္ကသိုလ်ဆိုတာ အဲဒါဘဲ” ဟု မိန့်သည်။ “မြန်မာနိုင်ငံမှာနေတုန်းက စာအုပ်ကိုကုန်အောင်ဖတ်ကြတယ်၊ အချိန်တွေကြာတယ်။ အခြားစာအုပ်ကို မကြည့်ဖြစ်တော့ဘူး။ ဒီမှာက စာအုပ်တစ်အုပ်ကို ကုန်အောင်ဖတ်ဖို့မလိုဘူး။ ကိုယ်လိုချင်တဲ့အချက်အလက်တွေက ဘယ်အခန်းမှာပါသလဲဆိုတာကို လိုက်ရှာတာ၊ ကိုယ်လိုအပ်ချက်တွေပါတဲ့စာအုပ်မှန်သမျှကို ရှာပြီးဖတ်၊ ပြီးတော့နှိုင်းယှဉ်၊ အဲလိုစုဆောင်းရတာ။ Paragraph တစ်ခုရဲ့ အစဆုံး Sentence နဲ့ နောက်ဆုံး Sentence  ကိုဖတ်ဆိုရင် ဆိုလိုချက်ကို ရိပ်မိတယ်” ဟု ဆက်မိန့်ပါသည်။

 ပြီးခဲ့သည့်တစ်ပတ်ကျော်ကျော်က စနေနေ့ဆွေးနွေးဝိုင်းမှာ တရုတ်က မဟာယာနဘုန်းကြီး လီယောင် ကို မေးကြည့်တော့ “ကိုယ်ဖတ်ချင်တဲ့စာကို ဖတ်၊ ကိုယ်ဝါသနာပါတဲ့အရာကို သိအောင်လုပ်၊ ကိုယ်သိချင် ရှာဖွေချင်တဲ့ အပိုင်းကိုရွေး၊ (ကိုယ်ဝါသနာပါသည့်အရာတစ်ခုမှာ သူ့ကဏ္ဍနဲ့သူ အစိတ်အပိုင်းတွေများစွာရှိပါသည်)၊ တွေ့ပြီးဆိုရင် မေးခွန်းထုတ်၊ သိချင်တာဘာလဲ၊ ဘယ်လိုလဲ၊ မေးခွန်းမရှိဘဲ အဖြေရှာနေရင် ကိုယ်ဘာလိုချင်လို့လိုချင်မှန်း မသိဖြစ်ပြီး အချိန်ပိုကြာမယ်၊ အဲဒါကြောင့် စာမဖတ်ခင် မေးခွန်းအရင်ထုတ်“ လို့ဆိုပါတယ်။ “စာဖတ်ရင်း ပျင်းသွားရင်ကော၊ ဖတ်ရင်းစိတ်လေသွားတာတို့၊ အတွေးဝင်သွားတာတို့ဆိုရင် ဘယ်လိုလုပ်မလဲ” လို့ ကမည်းကြောတက်ကြည့်တော့  “စိတ်ကတော့ လေမှာပေါ့၊ ငါတို့က သာမာန်လူတွေလေ၊ စိတ်လေရင် စိတ်ဝင်စားတဲ့အရာတစ်ခုခုကို ထလုပ်လိုက်ပေါ့၊ ပြီးမှ ပြန်ဖတ်ပေါ့၊ စိတ်မလေဘဲ ထိန်းလို့ရအောင် ငါတို့က ရဟန္တာတွေမှ မဟုတ်တာ” လို့ပြန်ပြောသည်။ ဘေးက ဘင်္ဂလားဒေခ်ျက ဘုန်းကြီးက သူ့ကို စသည် “ရဟန္တာအကြောင်း ပြောနေပြီ” တဲ့။ “မဟုတ်ဘူးလား၊ ရဟန္တာကို ငါတို့ပယ်လို့မှ မရတာ၊ မဟုတ်ဘူးလား” လို့ ပြန်မေးသည်။  “ကိုယ်တော် ရဟန္တာဖြစ်ချင်စိတ်ပေါက်နေပြီလား” လို့ ထပ်စသည်။ “ဘယ်ကဖြစ်ချင်ရမှာလဲ၊ ငါကဘုရားလောင်းလေ” တဲ့၊ မဟာယာနက ပြန်ပြောသည်။ ဒီလိုနဲ့ ရယ်ကြရသည်။ (မှတ်ချက်။ ။ မဟာယာနက ဘုရားလောင်းကျင့်စဉ်၊ ထေရဝါဒက ရဟန္တာကျင့်စဉ် လို့ အယူရှိကြသည့် မဟာယာနတစ်ချို့အယူအဆကို အစွဲပြု၍ ပြောခြင်းဖြစ်ပါသည်။)။ အကြောင်းသိသည့် တက္ကသိုလ်ကျောင်းသားအချင်းချင်းမို့ ဟာသဖြစ်နေသည်။ ဘေးကလူတွေကြားရင်တော့ ဘယ်လိုနေမလဲ မသိ။  ဆိုလိုချင်သည်မှာ စာဖတ်နည်းဖြစ်ပါသည်။ ကိုယ့်လေ့လာနေတဲ့ ဘာသာရပ်ကို မေးခွန်းထုတ်ပြီး ရှာဖွေနိုင်ဖို့အရေးကြီးသည်။ မေးခွန်းရှိရင် ကိုယ်ရှာဖွေရမည့်အချက်အလက်တွေကိုလည်း တိတိကျကျရှိသည်။ ပစ်မှတ်ရှိသည့်အတွက် ရှာဖွေသည့်အခါလည်းလွယ်ကူသည်။ အချိန်ပိုမကုန်ဘဲ လျင်လျင်မြန်မြန်ပြီးသည်။ မတွေ့လို့ သူတစ်ပါးကိုမေးရင်ပင် တိတိကျကျမေးနိုင်သည်၊ ကူညီသည့်သူလည်း မဝေဝါးဘဲ ကူညီပေးနိုင်သည်။

ပြီးခဲ့သည့်အပတ်က စာကြည့်တိုက်ထဲ စကားလက်ဆုံရင်း ရှရှားကျောင်းသား အလက်စန္ဒားက သုံးခေါက်ဖတ်သည်ဟုဆိုပါသည်။ “ပထမတစ်ခေါက်မှာ အဓိကအကြောင်းအရာကိုရှဖတ်၊ မင်နဲလိုက်မှတ်၊ ဒုတိယတစ်ခေါက်မှာ အကုန်လုံးအစအဆုံးဖတ်၊ မသိတဲ့စကားလုံးတွေကို အဘိဓာန်ထဲကြည့်သင့်ရင်ကြည့်၊ စကားလုံးအသစ်တွေကိုမှတ်၊ တတိယအခေါက်မှာတော့ စာလုံးကိုရော၊ အကြောင်းအရာရော၊ အဓိပ္ပါယ်တွေရော နှိုင်းယှဉ်ကြည့်၊ ဆက်စပ်ကြည့်၊ သုံးသပ်ကြည့်တယ်” ဟူ၏။ “အဲလိုတွေဖတ်တော့ အချိန်ရှိပါ့မလား” မေးတော့  “မရှိဘူး၊ စာအုပ်တိုင်း သုံးဆင့်လုံးတော့ ဘယ်ဖတ်မလဲ၊ အချိန်ရသလိုပေါ့၊ တစ်ချို့စာတွေမှာ ပထမတစ်ဆင့်ဘဲ၊ တစ်ချို့စာတွေက နှစ်ဆင့်ပေါ့၊ စာတိုင်းသုံးဆင့်လုံးဖတ်စရာမလိုဘူးလေ၊ လိုအပ်တဲ့တချို့စာလေးတွေဘဲ သုံးခေါက်ဖတ်တာ၊ သုံးဆင့်ပေါ။ တစ်ခုလောက် သုံးဆင့်ဖတ်ပြီးရင်၊ တချို့စာတွေသုံးဆင့်ဖတ်စရာမလိုဘဲ လုံလောက်တာလဲရှိတယ်” လို့ ဆိုလေသည်။

တစ်နေ့တုန်းက ဒေါက်တာလုပ်နေတဲ့ ဦးအရိယကို “စာဘယ်လိုဖတ်သလဲ” မေးလျှောက်ကြည့်တော့ “စာကိုသေသေချာချာဖတ်တယ်၊ ဘယ်လိုရေးတယ်၊ စကားလုံးတွေဘယ်လိုသုံးသွားတယ်ဆိုတာကအစ ကြည့်တယ်၊ ဒါမှ ဘာဆိုလိုလဲဆိုတာကို ကောင်းကောင်းသိမှာပေါ့၊ ဒီလိုဖတ်မှ ဖတ်ပြီးသူများကိုပြောပြရင်လည်း သေသေချာချာ ရှင်းရှင်းလင်းလင်း ပြန်ပြောပြနိုင်မှာပေါ့” ဟုမိန့်ပါသည်။ “အချိန်မရရင်ကော”  မေးတော့ “အချိန်မရရင် ပထမစာပိုဒ်နဲ့ နောက်ဆုံးစာပိုဒ်ဘဲ ဖတ်လိုက်တယ်၊ နားလည်ရင်လည်၊ မလည်ရင် အဲလို မလိမ့်တပတ်ရေးတဲ့စာ မဖတ်တော့ဘူး” ဟု မိန့်ပါသည်။

အမ်ဖီးလ် လုပ်နေတဲ့ အောင်လံက ဦးကေလာသ ကိုမေးကြည့်တော့ “ကိုယ်စိတ်ဝင်စားတဲ့အကြောင်းကိုဘဲ ဖတ်ပါတယ်၊ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာဖြစ်တဲ့အတွက် ကြာသည်ဖြစ်စေ၊ မြန်သည်ဖြစ်စေ ပျော်တယ်” မိန့်၏။ “စာဖတ်ရင်း နားမလည်ရင်ကော” မေးတော့ “အဲလိုဆိုရင် စာအုပ်တစ်အုပ်ထဲနဲ့ မလုံလောက်တော့ဘူး၊ အခြားစာအုပ်တွေရှာရတော့မယ်၊ အကြောင်းအရာတွေတူပြီးရေးထားတဲ့ စာအုပ်တွေအများကြီးရှိတယ်၊ တစ်အုပ်မှာကိုယ်နားမလည်ရင် ကိုယ်နားလည်နိုင်လောက်တဲ့ စကားလုံးတွေနဲ့ ရေးထားတဲ့စာအုပ်တွေအများကြီးရှိတယ်၊ ရေးတာကတော့ ကိုယ့်အတွက်ရေးတာ ဟုတ်ချင်မှဟုတ်မှာပေါ့၊ ဒါပေမယ့် သူအရေးအသားနဲ့ဖတ်မှ ကိုယ်နားလည်တာမျိုး” ဟုမိန့်တော်မူပါပေ၏။ “စာအုပ်တစ်အုပ်လုံးကို ဖတ်တာလား” မေးတော့ “ဝတ္ထုစာအုပ်ဖတ်တာဆိုရင်တော့ တစ်အုပ်လုံးဖတ်မှ ရတာပေါ့၊ သူဇာတ်ကောင်တွေ သူ့ဇာတ်ကွက်တွေကိုကျော်ဖတ်ရင်တော့ မသိလောက်ဘူး။ ပညာရေးနယ်ပယ်မှာတော့ တစ်အုပ်လုံးဖတ်ဖို့ထက် သူဘာတွေရေးသလဲဆိုတာကိုနားလည်ဖို့ အရေးကြီးတယ်” ဟု မိန့်ပါသည်။

ကျမ်းပြုနေတဲ့ စာလုပ်နေတဲ့ ဆရာတော်တွေ အတန်းဖော်တွေနဲ့ တွေ့တုန်းဆုံတုန်း မေးမြန်းရ ဆွေးနွေးခဲ့ရသည့် ခဏတာများဟာ တကယ်တော့ တန်ဖိုးမဖြတ်နိုင်တဲ့အမှတ်တရများဖြစ်ပါသည်။  ဘဝအတွက်အရေးပါတဲ့ အမှတ်တရတွေဖြစ်ပါသည်။ တွေ့ကြဆုံကြ ငြင်းကြခုံကြတဲ့အရာတွေဟာ တဒင်္ဂလေးတွေပါ၊ ဒီတဒင်္ဂတွေအပေါ်မှာ အဆင်မပြေတာ၊ ဂတိဂအောက်ဖြစ်သွားတာ၊ ပြောမှားဆိုမှား နားလည်မှုလွဲမှားတဲ့အရာတွေရှိမှာပါ၊ ဒီအမှားတွေအပေါ်မှာ အငြိုးတေးတွေ မကျေနပ်မှုတွေလည်း ရှိချင်ရှိမှာပါ၊ ဒီတဒင်္ဂတွေကို ခါချရမှာပါ၊ မခါချနိုင်ရင် အနာတရတွေဖြစ်တတ်ပါသည်။ တဒင်္ဂအမှားတွေ ခါချပြီး မေးမကြ၊ ကူညီကြ၊ အားပေးကြ၊ ဖြေဆိုမေးမြန်း ဆွေးနွေးခဲ့ကြတဲ့ ဖြူစင်တဲ့ပေးဆပ်မှုပါတဲ့ကာလတွေကမှ ဘဝအတွက်အမှတ်တရတွေပါ။ ဒီနှစ်စာသင်နှစ်ထဲမှာ အမှတ်တရတွေများစွာ ရရှိခဲ့ပါသည်။

  စာဖတ်ရတာ မျက်စိသာညောင်းသွားတာ ဘာမှနားမလည်လိုက်တာမျိုး၊ မျက်နှာက စာအုပ်နဲ့ကပ်ပြီးတော့ စိတ်ကဟိုအဝေးရောက်နေတာမျိုး၊ စာဖတ်ဖို့ စာအုပ်ကိုင်ပြီး စာမဖတ်ဖြစ်တာမျိုးလည်း ကြုံခဲ့တာပေါ့။ လိုချင်တဲ့စာအုပ်တွေကို စာအုပ်ဆိုင်ထဲသွားဝယ်ရတာရှိသလို၊ စာကြည့်တိုက်ထဲသွားဖတ်ရတာတွေလည်း ရှိတယ်။ ကိုယ်လိုချင်တဲ့စာအုပ်ကမရှိ၊ စာအုပ်ရှိပေမယ့် လိုချင်တဲ့အချက်တွေကမပါလို့ အွန်လိုင်းဖွင့်ပြီး ရှာနေရတာလည်း ခဏခဏပါဘဲ။ "ဦးဇင်းအကောင့်က မီးစိမ်းတွေအမြဲလင်းတာပဲနော်" လို့ပြောတဲ့သူကပြော၊ "ဦးဇင်းကို မေ့က်စေ့ပို့ရင် စကားမပြန်ဘူးနော်" လို့ မေးနေတဲ့သူကလည်းမေး။ ဘာပြန်ပြောရမှန်း မသိတာနဲ့ ဘာမှမပြောလိုက်ဘူး။ အွန်လိုင်းက တက္ကသိုလ်ကျောင်းသားတွေအတွက် အရေးပါသည့်အခန်းကဏ္ဍတစ်ခုဖြစ်လာတယ်။
ဘယ်လိုဘဲဖြစ်ဖြစ်လေ ကိုယ့်ရဲ့အမှတ်တရတွေထဲက တစ်ပိုင်းတစ်စဝေငှတာလေးတွေ ဖတ်ပြီး တစ်စုံတစ်ဦးသောသူအတွက် အကျိုးရှိမယ်ဆိုရင် ဒီစာရေးရကျိုးနပ်ပါပြီ။ ဒီလိုနဲ့ စာဖတ်ပုံတွေကို လိုက်ရှာရင်းနဲ့ စာဖတ်ခြင်းဋီကာ လည်း ရှည်သွားပြီ။

ကျေးဇူး တင်ပါသည်။

အရှင်နန္ဒိယ (ဖယ်ခုံ)  14.7.2018 Saturday 7:20:00 PM




စာဖတ္ျခင္း ဋီကာ

“စာဖတ္ပါ”
“စာဘယ္လိုဖတ္တာလဲ၊ စာဘယ္လိုဖတ္ရမွာလဲ”
အျပင္ေလာကမွာေျပာေနၾကသလို ပညာေရးေလာကထဲမွာလည္း ေျပာေနၾကတဲ့ စကားေတြပင္ ျဖစ္ပါသည္။ မည္သို႔ပင္ဆိုေစ၊ စာဖတ္ရမည္မွာ ေလ့လာလိုသူတိုင္း အသုံးျပဳေနၾကသည့္ နည္းလမ္းတစ္ခုပင္ ျဖစ္ပါသည္။ “ဘယ္စာအုပ္ကိုဖတ္ပါလား၊ ဟိုစာအုပ္ကေကာင္းတယ္” စသည္ျဖင့္ အႀကံေပးလမ္းညြန္ၾကတာရွိသလို “စာအုပ္ဘယ္ႏွစ္အုပ္ဖတ္ၿပီးၿပီလဲ၊ ေသေသခ်ာခ်ာဖတ္ရဲ႕လား” လို႔ ေမးေနၾကတာေတြလည္း ရွိပါသည္။ စာဖတ္သည့္သူမွာေတာ့ ညြန္ျပတဲ့စာအုပ္တိုင္း မဖတ္ျဖစ္တာရွိသလို၊ ဖတ္တဲ့စာအုပ္တိုင္းမွာလည္း စိတ္မဝင္စားတာလည္း ရွိပါသည္။ ဤသို႔ႏွင့္ပင္ ဖတ္တဲ့စာအုပ္တို္င္း ျပန္ေမးလို႔မရတာ၊ ျပန္မေျဖတတ္တာ ျဖစ္လာပါသည္။
စာဖတ္သည့္ေနရာမွာလည္း ေလ့လာမႈက႑အေပၚ၊ အသက္အရြက္အေပၚ၊ စာဖတ္အားအဆင့္ေတြအေပၚ၊ ရည္ရြယ္ခ်က္အေပၚ စသည့္စသည့္ မတူညီတဲ့အေျခအေနေတြအေပၚမွာမူတည္ၿပီး ကြဲျပားသြားလိမ့္မည္ ထင္ပါသည္။ တကၠသိုလ္မတက္ခင္ကာလက ဖတ္ခဲ့သည့္စာႏွင့္ တကၠသိုလ္တက္ေနခ်ိန္ဖတ္ေနသည့္စာမ်ားကို ႏိႈင္းယွဥ္ၾကည့္လိုက္လွ်င္ ဖတ္ပုံဖတ္နည္းေတြေရာ၊ ရွာေဖြပုံေတြေရာ၊ ရည္ရြယ္ခ်က္ေတြေရာ မတူေတာ့တာေတြေတြ႔ရပါသည္။ တကၠသိုလ္ေက်ာင္းသားေတြအတြက္ ႀကံေနရသည့္အခက္အခဲေတြထဲမွာ စာဖတ္ေနရသည့္တာဝန္တစ္ခုလည္း ပါလာပါသည္။ “စာကိုဘယ္လိုဖတ္ရမွာလဲ၊ ဘယ္လိုရွာရမွာလဲ၊ ဘယ္သူ႔ကိုေမးရမွာလဲ” ဆိုသည့္ေမးခြန္းသည္ တကၠသိုလ္ေက်ာင္းသားေတြၾကားမွာ အၿမဲၾကားေနရသည့္ စကားလည္း ျဖစ္ပါသည္။

ေညာင္ကန္တိုက္မွာေနတုန္းက ဘုံေက်ာ္မွာစာလိုက္ရင္း ဘုန္းႀကီးဦးအဂၢဓမၼကို စာဘယ္လိုဖတ္ရမွာလည္း ေမးဖူးသည္။ အဲဒီအခ်ိန္တုန္းက အဂၤလိပ္စာ စသင္ေနသည့္အခ်ိန္ျဖစ္သည့္အတြက္ ဘုန္းႀကီးက “ဖတ္တတ္သလိုဖတ္ပါ၊ နားမလည္ရင္ေက်ာ္ပစ္လိုက္၊ နားလည္သည့္အပိုက္ေတြကိုဖတ္လိုက္၊ နားမလည္လည္း စိတ္မပ်က္နဲ႔၊ ဖတ္ျဖစ္ဖို႔ဘဲလိုတာပါ၊ ဖတ္ဖန္မ်ားရင္ နားလည္လာလိမ့္မယ္” လို႔ မိန္႔ပါသည္။ ေနာက္ထပ္ေမးေတာ့ “ကိုယ္နားလည္တဲ့စာအုပ္ေတြ ေရြးဖတ္၊ ခက္တာကိုဖတ္တတ္ဖို႔ထက္ ကိုယ္နားလည္ဖို႔ အေရးႀကီးတယ္” လို႔မိန္႔ပါသည္။  စာစဖတ္သည့္သူေတြအတြက္ အေရးႀကီးသည့္စာဖတ္နည္းတစ္ခုပင္ျဖစ္ပါသည္။

တကၠသိုလ္နယ္ပယ္ထဲေရာက္ေတာ့ တကၠသိုလ္ေက်ာင္းသားေတြရဲ႕ စာဖတ္နည္းေတြကိုေလ့လာၾကည့္ေတာ့ လြန္ခဲ့သည့္လက ေကတုမတီသီတဂူ ဦးဝိစိတၱ နဲ႔စကားေျပာရင္း စာဖတ္တဲ့အေၾကာင္းေရာက္သြားေတာ့ “ပထမတစ္ႀကိမ္ကို အၾကမ္းဖ်င္းဖတ္ပါ၊ ဘာဆိုလိုသလဲဆိုတာကို သိရုံနဲ႔ လုံေလာက္ၿပီ၊ ပထမဆုံးအႀကိမ္အေသးစိတ္လိုက္ဖတ္ေနရင္ ေရွ႕ကို ေတာ္ေတာ္နဲ႔ မေရာက္ဘူး။ ၿပီးေအာင္အရင္ဖတ္။ ေနာက္မွတစ္ေခါက္ျပန္္ဖတ္၊ ျပန္ဖတ္သည့္အခါမွာ ဆိုလိုခ်က္ကိုုသိၿပီးသားျဖစ္လို႔ အေပၚယံမဟုတ္ေတာ့ဘဲ၊ စာကိုဘယ္လိုေရးတယ္၊ စကားလုံးဘယ္လိုသုံးတယ္၊ ဝါက်အထားအသိုေတြကအစ အေသးစိတ္လိုက္ၾကည့္။ အဲလိုဖတ္ရင္ ပိုလည္းမွတ္မိတယ္။ စာေရးဖို႔အတြက္လည္း အေထာက္အကူျပဳတယ္၊ စကားေျပာတဲ့အခါလည္း အေၾကာင္းအရာေတြကို ပိုင္ပိုင္ႏိုင္ေျပာႏိုင္တယ္၊ စကားလုံးေတြကိုလည္း လွလွပပ အသုံးျပဳႏိုင္တယ္” လုိ႔မိန္႔ပါသည္။ အထူးသျဖင့္ ဘာသာရပ္တစ္ခုခုကို ေလ့လာတဲ့အခါမွာ အသုံးျပဳသင့္တဲ့စာဖတ္နည္းပါဘဲ။ ဝတၳဳစာအုပ္ဖတ္သလို၊ အျပင္က သတင္းစာဖတ္သလို အရသာခံ႐ုံသက္သက္၊ သတင္းေလးယူ႐ုံသက္သက္မဟုတ္ေတာ့ဘဲ ပညာရပ္တစ္ခုအေနနဲ႔ေလ့လာတဲ့အခါ တိက်ေသခ်ာဖို႔လည္း လိုသည့္အတြက္ အေရးႀကီးသည့္စာဖတ္နည္းတစ္ခုပင္ ျဖစ္ပါသည္။

ရွမ္းျပန္၊ ဆီဆိုင္က ဦးပ႑ိတနဲ႔စကားေျပာရင္း လမ္းသင့္ေတာ့ “ဖတ္စရာေတြမ်ားလာတဲ့အခါ ျပန္ဖတ္ေနရတာ တစ္ခါတစ္ေလမွာ အခ်ိန္မရွိဘူး၊ ျပန္လည္းမဖတ္ျဖစ္ဘူး၊ ဖုန္းတို႔ ကြန္ပ်ဴတာတို႔ အီးဘုတ္တို႔နဲ႔ဖတ္ရင္ တစ္ခ်ိဳ႕ အဘိဓာတ္ေဆာ့ဝဲလ္ေလးေတြ တင္ထားလို႔ရတယ္၊ နားမလည္တဲ့အေရးႀကီးတဲ့ စကားလုံးေလးတစ္ခ်ိဳ႕ကို တစ္ခါတည္းစစ္လို႔ရတယ္၊ အဲလိုဖတ္လို႔ရရင္ တစ္ခါတည္းနဲ႔ လိုခ်င္တာေလး သိခ်င္တာေလးေတြ အခ်ိန္မီသိရတယ္” လို႔မိန္႔ပါသည္။ အသုံးဝင္သည့္စာဖတ္နည္းတစ္မ်ိဳးပင္ျဖစ္ပါသည္။ တကၠသိုလ္က သင္တန္းခ်ိန္တစ္ခ်ိန္ၿပီးတိုင္း ဆရာေတြေပးတဲ့အခ်က္ေတြ၊ ညြန္ျပတဲ့စာအုပ္ေတြ၊ ေဝတဲ့လက္ကမ္းစာရြက္ေတြ၊ ရွာေဖြရမည့္အရာေတြက သိပ္မ်ားပါသည္။ ၿပီးေတာ့ စာသင္ခ်ိ္န္တစ္ခ်ိန္မကသည့္ အတန္းေတြရွိပါသည္။ ေက်ာင္းသားတစ္ဦးအေနျဖင့္ အားလပ္ခ်ိန္နည္းၿပီး ဖတ္စရာစာေတြမ်ားေသာအခါမ်ိဳး ႏွစ္ေၾကာ့ျပန္မဖတ္ခ်င္ေသာအခါမ်ိဳးမွာ အသုံးဝင္ပါသည္။

ေဒါက္တာလုပ္ေနတဲ့ ရခိုင္ဆရာေတာ္ ဦးဝရဗုဒၶိကိုေမးၾကည့္ေတာ့ “ဒီေရာက္လာတာ စာအုပ္ဘယ္ႏွစ္လုပ္ကုန္ေအာင္ ဖတ္ၿပီးၿပီလဲ” ဟု ျပန္ေမးသည္။ “တစ္အုပ္မွ မကုန္ေသးဘူး” လို႔ ျပန္ေျဖလိုက္္သည္။ “တကၠသိုလ္ဆိုတာ အဲဒါဘဲ” ဟု မိန္႔သည္။ “ျမန္မာႏိုင္ငံမွာေနတုန္းက စာအုပ္ကိုကုန္ေအာင္ဖတ္ၾကတယ္၊ အခ်ိန္ေတြၾကာတယ္။ အျခားစာအုပ္ကို မၾကည့္ျဖစ္ေတာ့ဘူး။ ဒီမွာက စာအုပ္တစ္အုပ္ကို ကုန္ေအာင္ဖတ္ဖို႔မလိုဘူး။ ကိုယ္လိုခ်င္တဲ့အခ်က္အလက္ေတြက ဘယ္အခန္းမွာပါသလဲဆိုတာကို လိုက္ရွာတာ၊ ကိုယ္လိုအပ္ခ်က္ေတြပါတဲ့စာအုပ္မွန္သမွ်ကို ရွာၿပီးဖတ္၊ ၿပီးေတာ့ႏႈိင္းယွဥ္၊ အဲလိုစုေဆာင္းရတာ။ Paragraph တစ္ခုရဲ႕ အစဆုံး Sentence နဲ႔ ေနာက္ဆုံး Sentence  ကိုဖတ္ဆိုရင္ ဆိုလိုခ်က္ကို ရိပ္မိတယ္” ဟု ဆက္မိန္႔ပါသည္။

 ၿပီးခဲ့သည့္တစ္ပတ္ေက်ာ္ေက်ာ္က စေနေန႔ေဆြးေႏြးဝိုင္းမွာ တ႐ုတ္က မဟာယာနဘုန္းႀကီး လီေယာင္ ကို ေမးၾကည့္ေတာ့ “ကိုယ္ဖတ္ခ်င္တဲ့စာကို ဖတ္၊ ကိုယ္ဝါသနာပါတဲ့အရာကို သိေအာင္လုပ္၊ ကို္ယ္သိခ်င္ ရွာေဖြခ်င္တဲ့ အပိုင္းကိုေရြး၊ (ကိုယ္ဝါသနာပါသည့္အရာတစ္ခုမွာ သူ႕က႑နဲ႕သူ အစိတ္အပိုင္းေတြမ်ားစြာရွိပါသည္)၊ ေတြ႔ၿပီးဆိုရင္ ေမးခြန္းထုတ္၊ သိခ်င္တာဘာလဲ၊ ဘယ္လိုလဲ၊ ေမးခြန္းမရွိဘဲ အေျဖရွာေနရင္ ကိုယ္ဘာလိုခ်င္လို႔လိုခ်င္မွန္း မသိျဖစ္ၿပီး အခ်ိန္ပိုၾကာမယ္၊ အဲဒါေၾကာင့္ စာမဖတ္ခင္ ေမးခြန္းအရင္ထုတ္“ လို႔ဆိုပါတယ္။ “စာဖတ္ရင္း ပ်င္းသြားရင္ေကာ၊ ဖတ္ရင္းစိတ္ေလသြားတာတို႔၊ အေတြးဝင္သြားတာတို႔ဆိုရင္ ဘယ္လိုလုပ္မလဲ” လို႔ ကမည္းေၾကာတက္ၾကည့္ေတာ့  “စိတ္ကေတာ့ ေလမွာေပါ့၊ ငါတို႔က သာမာန္လူေတြေလ၊ စိတ္ေလရင္ စိတ္ဝင္စားတဲ့အရာတစ္ခုခုကုိ ထလုပ္လိုက္ေပါ့၊ ၿပီးမွ ျပန္ဖတ္ေပါ့၊ စိတ္မေလဘဲ ထိန္းလို႔ရေအာင္ ငါတို႔က ရဟႏၱာေတြမွ မဟုတ္တာ” လို႔ျပန္ေျပာသည္။ ေဘးက ဘဂၤလားေဒခ်္က ဘုန္းႀကီးက သူ႔ကို စသည္ “ရဟႏၱာအေၾကာင္း ေျပာေနၿပီ” တဲ့။ “မဟုတ္ဘူးလား၊ ရဟႏၱာကို ငါတို႔ပယ္လို႔မွ မရတာ၊ မဟုတ္ဘူးလား” လို႔ ျပန္ေမးသည္။  “ကိုယ္ေတာ္ ရဟႏၱာျဖစ္ခ်င္စိတ္ေပါက္ေနၿပီလား” လို႔ ထပ္စသည္။ “ဘယ္ကျဖစ္ခ်င္ရမွာလဲ၊ ငါကဘုရားေလာင္းေလ” တဲ့၊ မဟာယာနက ျပန္ေျပာသည္။ ဒီလိုနဲ႔ ရယ္ၾကရသည္။ (မွတ္ခ်က္။ ။ မဟာယာနက ဘုရားေလာင္းက်င့္စဥ္၊ ေထရဝါဒက ရဟႏၱာက်င့္စဥ္ လို႔ အယူရွိၾကသည့္ မဟာယာနတစ္ခ်ိဳ႕အယူအဆကို အစြဲျပဳ၍ ေျပာျခင္းျဖစ္ပါသည္။)။ အေၾကာင္းသိသည့္ တကၠသိုလ္ေက်ာင္းသားအခ်င္းခ်င္းမို႔ ဟာသျဖစ္ေနသည္။ ေဘးကလူေတြၾကားရင္ေတာ့ ဘယ္လိုေနမလဲ မသိ။  ဆိုလိုခ်င္သည္မွာ စာဖတ္နည္းျဖစ္ပါသည္။ ကို္ယ့္ေလ့လာေနတဲ့ ဘာသာရပ္ကို ေမးခြန္းထုတ္ၿပီး ရွာေဖြႏိုင္ဖို႔အေရးႀကီးသည္။ ေမးခြန္းရွိရင္ ကိုယ္ရွာေဖြရမည့္အခ်က္အလက္ေတြကိုလည္း တိတိက်က်ရွိသည္။ ပစ္မွတ္ရွိသည့္အတြက္ ရွာေဖြသည့္အခါလည္းလြယ္ကူသည္။ အခ်ိန္ပိုမကုန္ဘဲ လ်င္လ်င္ျမန္ျမန္ၿပီးသည္။ မေတြ႔လို႔ သူတစ္ပါးကိုေမးရင္ပင္ တိတိက်က်ေမးႏိုင္သည္၊ ကူညီသည့္သူလည္း မေဝဝါးဘဲ ကူညီေပးႏိုင္သည္။

ၿပီးခဲ့သည့္အပတ္က စာၾကည့္တိုက္ထဲ စကားလက္ဆုံရင္း ရွရွားေက်ာင္းသား အလက္စႏၵားက သုံးေခါက္ဖတ္သည္ဟုဆိုပါသည္။ “ပထမတစ္ေခါက္မွာ အဓိကအေၾကာင္းအရာကိုရွဖတ္၊ မင္နဲလိုက္မွတ္၊ ဒုတိယတစ္ေခါက္မွာ အကုန္လုံးအစအဆုံးဖတ္၊ မသိတဲ့စကားလုံးေတြကို အဘိဓာန္ထဲၾကည့္သင့္ရင္ၾကည့္၊ စကားလုံးအသစ္ေတြကိုမွတ္၊ တတိယအေခါက္မွာေတာ့ စာလုံးကိုေရာ၊ အေၾကာင္းအရာေရာ၊ အဓိပၸါယ္ေတြေရာ ႏိႈင္းယွဥ္ၾကည့္၊ ဆက္စပ္ၾကည့္၊ သုံးသပ္ၾကည့္တယ္” ဟူ၏။ “အဲလိုေတြဖတ္ေတာ့ အခ်ိန္ရွိပါ့မလား” ေမးေတာ့  “မရွိဘူး၊ စာအုပ္တိုင္း သုံးဆင့္လုံးေတာ့ ဘယ္ဖတ္မလဲ၊ အခ်ိန္ရသလိုေပါ့၊ တစ္ခ်ိဳ႕စာေတြမွာ ပထမတစ္ဆင့္ဘဲ၊ တစ္ခ်ိဳ႕စာေတြက ႏွစ္ဆင့္ေပါ့၊ စာတိုင္းသုံးဆင့္လုံးဖတ္စရာမလိုဘူးေလ၊ လိုအပ္တဲ့တခ်ိဳ႕စာေလးေတြဘဲ သုံးေခါက္ဖတ္တာ၊ သုံးဆင့္ေပါ။ တစ္ခုေလာက္ သုံးဆင့္ဖတ္ၿပီးရင္၊ တခ်ိဳ႕စာေတြသုံးဆင့္ဖတ္စရာမလိုဘဲ လုံေလာက္တာလဲရွိတယ္” လို႔ ဆိုေလသည္။

တစ္ေန႔တုန္းက ေဒါက္တာလုပ္ေနတဲ့ ဦးအရိယကို “စာဘယ္လိုဖတ္သလဲ” ေမးေလွ်ာက္ၾကည့္ေတာ့ “စာကုိေသေသခ်ာခ်ာဖတ္တယ္၊ ဘယ္လိုေရးတယ္၊ စကားလုံးေတြဘယ္လိုသုံးသြားတယ္ဆိုတာကအစ ၾကည့္တယ္၊ ဒါမွ ဘာဆိုလိုလဲဆိုတာကို ေကာင္းေကာင္းသိမွာေပါ့၊ ဒီလိုဖတ္မွ ဖတ္ၿပီးသူမ်ားကိုေျပာျပရင္လည္း ေသေသခ်ာခ်ာ ရွင္းရွင္းလင္းလင္း ျပန္ေျပာျပႏိုင္မွာေပါ့” ဟုမိန္႔ပါသည္။ “အခ်ိန္မရရင္ေကာ”  ေမးေတာ့ “အခ်ိန္မရရင္ ပထမစာပိုဒ္နဲ႔ ေနာက္ဆုံးစာပိုဒ္ဘဲ ဖတ္လိုက္တယ္၊ နားလည္ရင္လည္၊ မလည္ရင္ အဲလို မလိမ့္တပတ္ေရးတဲ့စာ မဖတ္ေတာ့ဘူး” ဟု မိန္႔ပါသည္။

အမ္ဖီးလ္ လုပ္ေနတဲ့ ေအာင္လံက ဦးေကလာသ ကိုေမးၾကည့္ေတာ့ “ကိုယ္စိတ္ဝင္စားတဲ့အေၾကာင္းကိုဘဲ ဖတ္ပါတယ္၊ ကိုယ္စိတ္ဝင္စားတ့ဲအေၾကာင္းအရာျဖစ္တဲ့အတြက္ ၾကာသည္ျဖစ္ေစ၊ ျမန္သည္ျဖစ္ေစ ေပ်ာ္တယ္” မိန္႔၏။ “စာဖတ္ရင္း နားမလည္ရင္ေကာ” ေမးေတာ့ “အဲလိုဆိုရင္ စာအုပ္တစ္အုပ္ထဲနဲ႔ မလုံေလာက္ေတာ့ဘူး၊ အျခားစာအုပ္ေတြရွာရေတာ့မယ္၊ အေၾကာင္းအရာေတြတူၿပီးေရးထားတဲ့ စာအုပ္ေတြအမ်ားႀကီးရွိတယ္၊ တစ္အုပ္မွာကိုယ္နားမလည္ရင္ ကိုယ္နားလည္ႏိုင္ေလာက္တဲ့ စကားလုံးေတြနဲ႔ ေရးထားတဲ့စာအုပ္ေတြအမ်ားႀကီးရွိတယ္၊ ေရးတာကေတာ့ ကိုယ့္အတြက္ေရးတာ ဟုတ္ခ်င္မွဟုတ္မွာေပါ့၊ ဒါေပမယ့္ သူအေရးအသားနဲ႔ဖတ္မွ ကိုယ္နားလည္တာမ်ိဳး” ဟုမိန္္႔ေတာ္မူပါေပ၏။ “စာအုပ္တစ္အုပ္လုံးကို ဖတ္တာလား” ေမးေတာ့ “ဝတၳဳစာအုပ္ဖတ္တာဆိုရင္ေတာ့ တစ္အုပ္လုံးဖတ္မွ ရတာေပါ့၊ သူဇာတ္ေကာင္ေတြ သူ႔ဇာတ္ကြက္ေတြကိုေက်ာ္ဖတ္ရင္ေတာ့ မသိေလာက္ဘူး။ ပညာေရးနယ္ပယ္မွာေတာ့ တစ္အုပ္လုံးဖတ္ဖို႔ထက္ သူဘာေတြေရးသလဲဆိုတာကိုနားလည္ဖို႔ အေရးႀကီးတယ္” ဟု မိန္႔ပါသည္။

က်မ္းျပဳေနတဲ့ စာလုပ္ေနတဲ့ ဆရာေတာ္ေတြ အတန္းေဖာ္ေတြနဲ႔ ေတြ႔တုန္းဆုံတုန္း ေမးျမန္းရ ေဆြးေႏြးခဲ့ရသည့္ ခဏတာမ်ားဟာ တကယ္ေတာ့ တန္ဖိုးမျဖတ္နိုင္တဲ့အမွတ္တရမ်ားျဖစ္ပါသည္။  ဘဝအတြက္အေရးပါတဲ့ အမွတ္တရေတြျဖစ္ပါသည္။ ေတြ႔ၾကဆုံၾက ျငင္းၾကခုံၾကတဲ့အရာေတြဟာ တဒဂၤေလးေတြပါ၊ ဒီတဒဂၤေတြအေပၚမွာ အဆင္မေျပတာ၊ ဂတိဂေအာက္ျဖစ္သြားတာ၊ ေျပာမွားဆိုမွား နားလည္မႈလြဲမွားတဲ့အရာေတြရွိမွာပါ၊ ဒီအမွားေတြအေပၚမွာ အၿငိဳးေတးေတြ မေက်နပ္မႈေတြလည္း ရွိခ်င္ရွိမွာပါ၊ ဒီတဒဂၤေတြကို ခါခ်ရမွာပါ၊ မခါခ်ႏိုင္ရင္ အနာတရေတြျဖစ္တတ္ပါသည္။ တဒဂၤအမွားေတြ ခါခ်ၿပီး ေမးမၾက၊ ကူညီၾက၊ အားေပးၾက၊ ေျဖဆိုေမးျမန္း ေဆြးေႏြးခဲ့ၾကတဲ့ ျဖဴစင္တဲ့ေပးဆပ္မႈပါတဲ့ကာလေတြကမွ ဘဝအတြက္အမွတ္တရေတြပါ။ ဒီႏွစ္စာသင္ႏွစ္ထဲမွာ အမွတ္တရေတြမ်ားစြာ ရရွိခဲ့ပါသည္။

  စာဖတ္ရတာ မ်က္စိသာေညာင္းသြားတာ ဘာမွနားမလည္လိုက္တာမ်ိဳး၊ မ်က္ႏွာက စာအုပ္နဲ႔ကပ္ၿပီးေတာ့ စိတ္ကဟိုအေဝးေရာက္ေနတာမ်ိဳး၊ စာဖတ္ဖို႔ စာအုပ္ကိုင္ၿပီး စာမဖတ္ျဖစ္တာမ်ိဳးလည္း ႀကံဳခဲ့တာေပါ့။ လိုခ်င္တဲ့စာအုပ္ေတြကို စာအုပ္ဆိုင္ထဲသြားဝယ္ရတာရွိသလို၊ စာၾကည့္တိုက္ထဲသြားဖတ္ရတာေတြလည္း ရွိတယ္။ ကိုယ္လိုခ်င္တဲ့စာအုပ္ကမရွိ၊ စာအုပ္ရွိေပမယ့္ လိုခ်င္တဲ့အခ်က္ေတြကမပါလို႔ အြန္လိုင္းဖြင့္ၿပီး ရွာေနရတာလည္း ခဏခဏပါဘဲ။ "ဦးဇင္းအေကာင့္က မီးစိမ္းေတြအၿမဲလင္းတာပဲေနာ္" လို႔ေျပာတဲ့သူကေျပာ၊ "ဦးဇင္းကို ေမ့က္ေစ့ပို႔ရင္ စကားမျပန္ဘူးေနာ္" လို႔ ေမးေနတဲ့သူကလည္းေမး။ ဘာျပန္ေျပာရမွန္း မသိတာနဲ႔ ဘာမွမေျပာလိုက္ဘူး။ အြန္လိုင္းက တကၠသိုလ္ေက်ာင္းသားေတြအတြက္ အေရးပါသည့္အခန္းက႑တစ္ခုျဖစ္လာတယ္။
ဘယ္လိုဘဲျဖစ္ျဖစ္ေလ ကိုယ့္ရဲ႕အမွတ္တရေတြထဲက တစ္ပိုင္းတစ္စေဝငွတာေလးေတြ ဖတ္ၿပီး တစ္စုံတစ္ဦးေသာသူအတြက္ အက်ိဳးရွိမယ္ဆိုရင္ ဒီစာေရးရက်ိဳးနပ္ပါၿပီ။ ဒီလိုနဲ႔ စာဖတ္ပုံေတြကို လိုက္ရွာရင္းနဲ႔ စာဖတ္ျခင္းဋီကာ လည္း ရွည္သြားၿပီ။

ေက်းဇူး တင္ပါသည္။

အရွင္နႏၵိယ (ဖယ္ခုံ)  14.7.2018 Saturday 7:20:00 PM

Wednesday, September 26, 2018

ဆရာဘို ရောသမမွှေပြလိုက်သော ခေါင်းစဉ်များ


ဆရာဘို ရောသမမွှေပြလိုက်သော ခေါင်းစဉ်များ 

ရန်ကုန်မြို့ထဲကစားသောက်ဆိုင်တစ်ဆိုင်။ အချိန်က ညနေ ၆ နာရီမထိုးခင် ၅မိနစ်အလို။ အချိန်မှန်ဘဲပေါ့။ ကိုးရီးယားအမျိုးသမီးတစ်ယောက်နဲ့ ချိန်းထားတာ။ မြန်မာအမျိုးသားတစ်ယောက်။ ဆိုင်ထဲစောင့်နေတယ်။ ၁၀ မိနစ်ကြာပြီ၊ ကိုးရီးယားမကရောက်မလာတာနဲ့ဖုန်းဆက်လိုက်တယ်၊ ကျွန်တော်ဆိုင်ထဲရောက်နေပြီနော် လို့ပြောတယ်။ ဟိုကလည်း ဟုတ်ကဲ့၊ ကျွန်မပြန်လာပါ့မယ်ဟုဆိုလေသည်။ မြန်မာအမျိုးသားက နားမလည်ဖြစ်သွားသည်။ ဘာလို့ပြန်လာပါ့မယ်လို့ပြောရတာလဲ ဟုတွေးနေသည်။ မကြာခင်မှာဘဲ ကိုးရီးယားအမျိုးသမီးကရောက်လာသည်။ စားပွဲခုံပေါ်မှာ ဖုန်းပစ်ချလိုက်သည်။
ငါဒေါသထွက်နေတယ် လို့ပြောသည်။
သိပ်မရင်းနှီးသေးသောလူတစ်ယောက်က ဘာဖြစ်လို့အသားလွတ်ဒေါသထွက်နေရတာလဲ ဆိုတာကို မြန်မာအမျိုးသားကပိုပြီးနားမလည်လေလေ ဖြစ်လာသည်။ ဒီအမျိုးသမီးနဲ့တော့ အဆင်ပြေပါ့ မလား လို့တောင် တွေးမိသည်။
နားလိုက်ပါဦး ဟုဆိုကာ ညနေစာစား၊ ၁၀- မိနစ်ခန့်ကြာမှ ဒေါသကပြေပြီး စကားပြောလို့ရသွားသည်။
ဘာလို့စိတ်တိုတာလဲ မြန်မာအမျိုးသားကမေးသည်။
၅- နာရီချိန်းထားတာကို ၅-နာရီမှာ ရောက်မလာလို့၊ ကျွန်မအကြာကြီးထိုင်စောင့်နေတာ၊ မလာလို့ ဟိုတယ်ကိုပြန်သွားတာ၊ ကျွန်မတော်တော်စိတ်တိုသွားတယ် ဟု ဆိုလေသည်။
၆-နာရီချိန်းထားတာ မဟုတ်ဘူးလား၊
မဟုတ်ဘူး၊ ၅-နာရီချိန်းထားတာ၊ ဂျီမေးလ်ကိုပြန်စစ်လိုက်ပါဦး။
ပြန်စစ်လိုက်တော့ တကယ်ငါးနာရီဖြစ်နေပါသည်။ ညစာစားရင်းစကားပြောကြမယ်လို့ချိန်းရင် ၆- နာရီဘဲချိန်းနေကျဖြစ်သည်။ မြန်မာရဲ့ရာသီဥတုနဲ့ဆိုရင်လည်း သက်တောင့်သက်သာရှိသည်။ ၅-နာရီက ပူလွန်းသည်။ အခုလည်း ၆- နာရီလို့ဘဲထင်ခဲ့သည်။ ဘာဖြစ်လို့ ၅-နာရီချိန်းထားမိတာပါလိမ့်လို့ ကိုယ့်ဟာကိုယ်တောင်နားမလည် ဖြစ်နေသည်။
ကျွန်မနဲ့အလုပ်တွဲလုပ်တဲ့မြန်မာတိုင်း အမြဲတမ်း ရန်ဖြစ်ရတယ် လို့ဆိုပါသည်။
ကျွန်တော်တွေ့ဖူးသည့်ကိုးရီးယားတိုင်းဟာလည်း မြန်မာနဲ့အဆင်ပြေတယ်လို့တစ်ယောက်မှမရှိ သေးဘူး ဟုသူလည်းဆိုသည်။
ပြီးတော့ နှစ်ယောက်လုံးအတူတူရယ်ကြပြီး စကားဆက်ပြောကြသည်။ ရယ်ရယ်မောမောနဲ့ သူတို့အတွက် အဆင်ပြေသောညတစ်ညဖြစ်လာခဲ့ပါသည်။ လိုအပ်သောအကူအညီကိုလည်းပေးကြသည်။ နောက်ဆုံး တော့ ရင်းနှီးသောမိတ်ဆွေများဖြစ်လာကြပါသည်။

ကိုးရီးယားအမျိုးသမီးက အကူအညီလိုချင်လို့ အကူအညီတောင်းဖို့ ချိန်းထားတာဖြစ်သည်။ အကူအညီ လည်းတောင်းသေးတယ်၊ နောက်ကျတာလေးနဲ့ စိတ်တိုတယ်၊ အကူအညီလိုချင်ရင်သည်းခံရမှာပေါ့ လို့ပြောလို့ရသည်။ ပြီးတော့ စိတ်တိုတယ်ဆိုရင် စိတ်တိုတယ်လို့ မနေနိုင်ရင်ပြောချင်လည်းပြောပေါ့။ သူများရှေ့မှာ ဖုန်းပစ်ချပြီးစိတ်တိုပြတာမျိုးကတော့ ရိုင်းတာပေါ့၊ တစ်ဘက်သားကို မလေးစားတာပဲ လို့ပြောလို့ရသည်။ ဒီကြားမှာမတူညီသောယဉ်ကျေးမှုတွေရှိသည်။ မြန်မာတွေကအေးအေးဆေးဆေးနို င်သည်။ ကိုးရီးယားကအချိန်မှန်မှန်၊တိတိကျကျလုပ်လေ့ရှိသည်။ မြန်မာတွေကသည်းခံတာ၊ မြိုသိပ်နိုင်တာ ကို ယဉ်ကျေးတယ်ဟုသတ်မှတ်သည်။ ပေါက်ကွဲတာကိုရိုင်းသည်ဟုသတ်မှတ်သည်။ ကိုးရီးယားက စိတ်တိုရင်တိုတယ်၊ ပေါက်ကွဲပြလိုက်တာကို ပွင့်လင်းတယ်ဟုသတ်မှတ်သည်။ အောင့်အီးလျှို့ဝှက်တာကို မရိုးသားဘူးဟုသတ်မှတ်သည်။ ထိုနှစ်ခုကြားကမတူညီမှုသည် ဟိုဘက်ဒီဘက်၊ အရှေ့နဲ့အနောက်၊ တောင်နဲ့မြောက်ဖြစ်နေသည်။ ဆန့်ကျင်နေသည်။ ထိပ်တိုက်တွေ့လျှင် ရန်မီးပွားဖို့ဖြစ်လာသည်။ ပြိုကွဲဖို့ဖြစ်လာသည်။ သို့သော်သူတို့နှစ်ယောက်သည် တစ်ဘက်သား၏ယဉ်ကျေးမှုကိုလေးစားသည်။ တစ်ဘက်သားရဲ့ခံစားချက်ကိုနားလည်သည်။ ထိုလေးစားမှု၊ နားလည်မှုကြောင့်ပင် သူတို့သည် ကျောချင်းကပ်သောဆက်ဆံရေးကနေ ရင်ချင်းစပ်သောဆက်ဆံရေးအထိ အသွင်ပြောင်းနိုင်ခဲ့သည်။ ဤနေရာမျိုး၌ Non Violent Communication ကအရေးကြီးပါသည်။

SEB (Socially Engaged Buddhists) လို့ပြောသောအခါ မေတ္တာ၊ကရုဏာရှိရပါမည်။ ထိုမေတ္တာကရုဏာသည် ဉာဏ်အမြော်အမြင်နဲ့လည်းအတူယှဉ်တွဲရပါမည်။ အကြမ်းမဖက်မှုလည်း ပါရပါ မည်။ Simplicity လို့ဆိုတဲ့ ရိုးရှင်းမှုလည်းပါရပါမည်။ ကလျာဏမိတ္တလည်းဖြစ်ရပါမည်။ မိတ်ဆွေကောင်းကို ရှာသလို ကိုယ်ကိုယ်တိုင်လည်းမိတ်ဆွေကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားရပါမည်။
ဥပမာအနေနဲ့ပြောရရင် လူမှုဖွံ့ဖြိုးရေးကိုလုပ်သောအခါ လုပ်ချင်သည့်စိတ်၊ ပေးချင်ကမ်းချင်သည့်စိတ်၊ မေတ္တာ၊ ကရုဏာရှိရုံနဲ့မလုံလောက်ပါဘူး။ ဉာဏ်အမြော်အမြင်မရှိလျှင် ကောင်းတာလုပ်ပေမယ့် ဘေးထွက် ဆိုးကျိုးများဖြစ်ပေါ်နိုင်သည်။ ရွာတစ်ရွာကိုသွားပြီး ရေတွင်းလှူတာ၊ အိမ်ဆောက်ပေးတာ စသည်ဖြင့် သွားလုပ်ပေးသည်။ အစတုန်းကညီညွတ်နေသည့်ရွာတစ်ရွာက ကိုယ်သွားလှူဒါန်းလိုက်သည့်အရာ တစ်ခုခုကြောင့် ရွာကွဲသွားတာမျိုးစသည့်နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်မလာအောင်သတိထားရပါသည်။ Do No Harm လို့ခေါ်တဲ့ ကိုယ်လုပ်ရပ်တစ်ခုခုကြောင့် တစ်ဘက်မှာ ထိခိုက်သွားတာမျိုး မဖြစ်အောင် သတိထားရပါမည်။

ငါမှန်တယ်ဆိုပြီး တစ်ဘက်သတ်အတွေးအလုပ်တွေမဖြစ်ဖို့ Tao ရဲ့အတွေးအခေါ်နဲ့ဆိုရင် Yin & Yang လိုပါပဲ အမဲ၊အဖြူ။ အအေး၊အပူစသည်ပေါ့။ လွတ်လပ်မှုကို ဦးစားပေးလွန်းလျှင်ပျက်စီးလာ၊ လျှော့ရဲလာ တတ်သလို၊ စည်းမျဉ်းစည်းကမ်းတွေအရမ်းဦးစားလွန်းလျှင် ခက်ထန်လာ၊ မာကျောလာတတ်သလိုပေါ့။ တစ်ဘက်ကိုအရမ်းအစွန်းမရောက်ဖို့ကျန်သည့်တစ်ဘက်က ဆန့်ကျင်ဘက်အရာတစ်ခုခုနဲ့ ထိန်းညှိပေးရ တာပေါ့။ နှိမ့်ချတာဟာလည်း အောက်ကျနောက်ကျမဖြစ်အောင်၊ ယုံကြည်မှုဆိုတာဟာလည်း မထေမဲ့မြင် အဆင့်ထိကိုမဆိုလိုပါ။ နှိမ့်ချမှုနဲ့ယုံကြည်မှု မညီမျှရင်အစွန်းတစ်ဘက်ဘက်ကိုရောက်သွားတတ်တာပေါ့။
(ဘုရားဟောတရားနဲ့ဆိုရင်ပိုထင်ရှားတာပေါ့၊ အစွန်းနှစ်ဘက်မရောက်ဖို့၊ မဇ္စျိမပဋိပဒါကျဖို့။ နောက် သဒ္ဓါနဲ့ပညာ၊ ဝီရိယနဲ့သမာဓိ ညီမျှဖို့ သတိနဲ့ထိန်းဖို့စသည်ပေါ့။ ဘုရားဟောတိုက်ရိုက်တရားတော်များကို နောက်မှညှိမည်။ အခုစာသည် လူမှုလောကထဲ၌သုံးနေကြသောအသုံးအနှုန်းများကိုပင် အဓိကထားဖော်ပြပါသည်။ ဘက်လိုချိတ်ဆက်မည်၊ ဆက်စပ်မည်စသည်များကို စာဖတ်သူများပိုသိကြမည်ထင်ပါသည်။)

တစ်ချို့ဆိုရင်အမျိုးသမီးများစွမ်းရည်ဖြင့်ဖို့ဆိုပြီးတော့ အမျိုးသမီးများကိုခေါ်ပြီး စက်ချုပ်သင်ပေးလိုက်တယ်၊ စက်ချုပ်တတ်တော့ သူတို့လုပ်နေတဲ့အိမ်မှုကိစ္စအပြင် စက်လည်းချုပ်ရတော့ ပိုပြီးပင်ပန်းလာတယ်။ တွေးတတ်ခေါ်တတ်၊ ကြံစည်တတ်၊ ဆုံးဖြတ်တတ်တဲ့့့့ အရည်အချင်းတွေက ရှိမလာဘူး။ စွမ်းရည်မြင့်ဆိုသည့်နေရာမှာ Critical thinking စွမ်းရည်လည်းပါသင့်တယ်။ ဒါမျိုးတွေကိုမြင်ပြီးတော့ အမြော်အမြင်ရှိရှိနဲ့ မေတ္တာတွေ၊ကရုဏာတွေကိုအကောင်အထည်ဖော်သင့်တယ်။
ဘယ်လိုပင်ဖြစ်ပါစေ၊ ပြဿနာကိုဖြေရှင်းသောနေရာ၌ အမြော်အမြင်ရှိဖို့လိုသည်။ အကြမ်းမဖက်မိဖို့ လိုသည်။ တစ်ဘက်ဘက်ကိုမထိခိုက်ဖို့လိုသည်။ Conflict Transformation လို့ခေါ်တဲ့ ပြဿနာအသွင်ပြောင်းသည့်နေရာမှာလည်း ပြေလည်သွားသည့်အထိရောက်ဖို့လိုသည်။ စားသောက်ဆိုင် ထဲက ယဉ်ကျေးမှုမတူညီမျှကအခြေခံသောပြဿနာသည် နှစ်ဦးနှစ်ဖက်ကြားမှာ တင်းမာမှုတွေဖြစ်လာ ခဲ့သည်။ သို့သော်သူတို့သည် ရင်းနှီးခင်မြင်သောအဆင့်သို့ရောက်အောင် တစ်ယောက်ကိုတစ်ယောက် နားထောင် ကြသည်၊ ဝန်ခံကြသည်၊ တာဝန်ယူကြသည်၊ ဆွေးနွေးကြသည်။ လေးစားကြသည်။ ပြဿနာကိုခဏတန့်ထားရုံပင်မဟုတ်ဘဲ ပြေလည်သွားသည့်အထိ အသွင်ပြောင်းသည်။

ဆရာဘိုဦးဆောင်သောဆွေးနွေးဝိုင်းဖြစ်ပါသည်။ ၂၃.၉.၂၀၁၇ မွန်းလွဲပိုင်းဖြစ်ပါသည်။ မြတ်စွာဘုရားဟော ပါဠိတော်ထဲက ငြိမ်းချမ်းရေးရာနဲ့သက်ဆိုင်သောအဆိုအမိန့်များ အကြောင်းအရာများ သာဓကများ ဝတ္တုများ တရားတော်များကို ထုတ်နှုတ်သောအလုပ်ရုံဆွေးနွေးပွဲဖြစ်ပါသည်။ ပြင်ပလူမှုလောကထဲက ငြိမ်းချမ်ရေး ဆိုင်ရာအယူအဆများနဲ့ ချိတ်ဆက်နိုင်အောင် ဆရာဘိုကလူမှုလောကထဲက ငြိမ်းချမ်းရေးအယူအဆများကို ဦးဆောင်၍ဆွေးနွေးခြင်းဖြစ်ပါသည်။
ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ပြင်ပကသင်တန်းတွေမှာတော့ ခေါင်းစဉ်အမျိုးမျိုးနဲ့ပေးကြပါသည်။ မည်သို့ပင် ဆိုစေကာမူ ခေါင်းစဉ်များထက် အနှစ်သာရကအရေးကြီးတာမို့ ဒီဥပမာကလေးနဲ့ အချိန်တိုအတွင်းမှာ ငြိမ်းချမ်းရေးဆိုတဲ့ မြင်ကွင်းလေး၊ ပြဿနာဖြေရှင်းပုံရုပ်လုံးလေး၊ ပတ်သက်ဆက်နွှယ်သည့်အခြားသော အခြေအနေအမျိုးမျိုးများကိုမြင်လေရပါသည်။ သီအိုရီသက်သက်ပြောနေတာမဟုတ်ဘဲ လက်တွေ့ဘဝနဲ့ ချိတ်ဆက်ပြတာလေးဖြစ်သည်။ ငြိမ်းချမ်းရေးဆိုသည့်စကားလုံးသည် ကြီးလွန်းနေမှန်းသိသော်လည်း ရင်ခုန်မိသွားသည်။

ထိုအကြောင်းကိုတော့ ပြီးခဲ့ပါပြီ။ ကိုးရီးယားအမျိုးသမီးကတော့ မသိလိုက်ဘူးထင်ပါသည်။ သို့သော် ဒီလိုဇာတ်လမ်းလေးကြားရတော့လည်း အားရခဲ့ပါသည်။ အဲဒီညမှာ စာအုပ်ထဲကစာတွေ အပြင်ခုန် ထွက်လာ အောင် အကြိတ်အနယ် ကြိုးပမ်းကြသည်ကိုတွေ့့ရပါသည်။ ဇာတ်လမ်းထဲကတော့ စားသောက်ဆိုင်ထဲ စားကြသောက်ကြရင်း ပြောကြတာပါ။ နားထောင်တဲ့သူတွေက ကော်ဖီလေး ဖျော်သောက်ဖို့တောင် မေ့နေကြတယ်။ ဒါပေမယ့် အဲဒီအဝန်းအဝိုင်းတစ်ခုလုံး အသက်ဝင်ခဲ့ပါသည်။ စာအုပ်ပုံဘေးက ရေးခဲ့တဲ့စာတွေ ငြိမ်းချမ်းရေးအတွက် တစ်ထောင့်တစ်နေရာမှာ အထောက်အကူ ပြုနိုင်ပါစေ။
မှားတာရှိရင် ပြုပြင်ပေးပါဦးလို့

Nandiya Bhikkhu
 အရှင်နန္ဒိယ (ဖယ်ခုံ)
25.9.2017 6:50 PM