Showing posts with label စိတ်ပညာဆောင်းပါးများ. Show all posts
Showing posts with label စိတ်ပညာဆောင်းပါးများ. Show all posts

Monday, October 8, 2018

Kamma therapy နဲ့ ပတ်သက်၍

Kamma therapy နဲ့ ပတ်သက်၍

ကေလနိယတက္ကသိုလ်မှာ Buddhist study MA ကျောင်းသားတွေအတွက် Buddhist psychotherapy ဘာသာရပ်မှာ Kamma therapy topic ဟာ ဒီနှစ်မှစတင် ပို့ချတဲ့ ခေါင်းစဉ်အသစ်တစ်ခုဘဲဖြစ်ပါတယ်။ Kamma therapy ပတ်သက်ပြီးပြောစရာစကားတစ်ခုအနေနဲ့ ဖြစ်လာခြင်းအကြောင်းရင်းကတော့ တစ်ချို့ကျောင်းသားတွေက ရေးထားတဲ့ topic ကို ဖတ်လို့သာပြီးသွားတာ ဘာကို ဆိုလိုတာလဲ နားမလည်ဘူး၊ မသိဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောကြလို့ ပြောရခြင်းဘဲ ဖြစ်ပါတယ်။ 

Kamma therapy အကြောင်းကို ပြောရင် အားလုံးသိကြတဲ့အတိုင်း စူဠကမ္မဝိဘင်္ဂသုတ်နဲ့ မဟာကမ္မဝိဘင်္ဂသုတ်ကို အခြေခံထားပါတယ်။ ကျန်တဲ့ လောဏပါဏ၊ မဓုပိဏ္ဍိက စတဲ့သုတ်တွေကိုလည်း ဆက်စပ်ပြီးကိုးကားကြပါတယ်။ စူဠကမ္မဝိဘင်္ဂသုတ်ကတော့ ကံနဲ့ကံရဲ့အကျိုးဆက်တူညီတာကို ပြတဲ့သုတ်ဖြစ်ပြီးတော့ မဟာကမ္မဝိဘင်္ဂသုတ်ကတော့ ကံနဲ့အကျိုးတို့ အမျိုးမျိုးကွဲပြားပုံကို ပြတဲ့သုတ်ဖြစ်ပါတယ်။  ဒါကို psychotherapy ရှုထောင့်နဲ့ဆည်းကပ်ပြီး လေ့လာရတာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာတွေလက်ခံယုံကြည်ထားတဲ့ ကံ-ကံရဲ့အကျိုးတွေကို psychotherapy perspective နဲ့ သုံးသပ်လိုက်တဲ့အခါမှာ လူနာတွေရဲ့ မတူတဲ့ကံတရားနဲ့ အကျိုးဆက်တွေကို နားလည်ရပါတယ်။ ဘာလို့ Kamma therapy ဆိုတဲ့ခေါင်းစဉ်နဲ့ပြောရတာလည်းဆိုရင် တစ်ချို့လူနာတွေက ထင်ထားသလို မျှော်လင့်ထားသလို ဖြစ်မလာလို့ စိတ်ဖိစီးနေတာမျိုး၊ သားသမီးသေလို့ ပစ္စည်းဥစ္စာပျက်စီးသွားလို့ ပူဆွေးနေတာမျိုး စတဲ့ လူနာတွေကို ကုစားနေတာမျိုးမဟုတ်ဘဲ ကံနဲ့ဆက်စပ်နေတဲ့ စိတ်ရောဂါ၊ ပစ္စုပ္ပန်ကံသာမက အတိတ်ကံကိုပါ ဆက်စပ်နေတဲ့စိတ်ရောဂါမျိုးတွေ ဖြစ်နေတဲ့လူနာမျိုးတွေကို ကုစားတာဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ပစ္စုပ္ပန်ကံနဲ့ပတ်သတ်ပြီး သာမညဖလသုတ်တို့၊ အင်္ဂုလိမာလသုတ်တို့ကို ကိုးကားပြီးလည်း ပြောကြတာပေါ့။

Kamma therapy နဲ့ပတ်သက်ပြီး ဘယ်လိုနားလည်သလဲဆိုတာကိုဘဲ ပြောမှာဖြစ်ပါတယ်။ စာမေးပွဲဘယ်လိုဖြေရမလဲဆိုတာကိုတော့ မပြောပါ။ စာမေးပွဲမှာ ကိုယ်ကအမှတ်ပေးတဲ့သူ မဟုတ်သည့်အတွက် အမှတ်ရအောင် ဘယ်လိုနည်းနဲ့မှ အာမမခံပါ။ Kamma therapy ဟာ ကံကိုအခြေခံတဲ့ကုထုံးဖြစ်ပါတယ်။ သူကံနဲ့သူလာတာဘဲ၊ ကောင်းတာမကောင်းတာ သူ့ကံနဲ့ဘဲဆိုင်တာ ကိုယ်နဲ့ဘာဆိုင်လို့လဲ လို့ အခြေခံအားဖြင့် မေးခွန်းမေးသင့်တာပေါ့။ ဒါမှ ဘယ်လိုကုတယ်ဆိုတာကို သိရမှာပေါ့။ မေးခွန်းမမေးဘဲ အဖြေကြီးဘဲ ရှာနေရင် ဆိုလိုရင်းမရောက်တဲ့ အဖြေတွေ ရနေမှာ စိုးလို့ပါ။
ကံကိုအခြေခံထားတဲ့ကုထုံးက အခြားကုထုံးတွေထက်ပိုနက်နဲပါတယ်။ လူနာက Self-awareness ရှိလာရုံ၊ လတ်တလော သောကကိုဖြေဖျောက်ရုံနဲ့ ပြီးသွားတဲ့ကုထုံးမျိုးမဟုတ်ပါဘူး။ ကံနဲ့ကံရဲ့အကျိုးကို ထဲထဲဝင်ဝင်နားလည်ရသလို ပြန်လည်ထူတောင်ရေးလုပ်ငန်းကို လုပ်ဆောင်ရတဲ့ထိ ကုသရတဲ့ ကုထုံးမျိုးဖြစ်ပါတယ်။ Rehabilitation ကိုလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရပါမယ်။ အရက်သမားတစ်ယောက်သေတော့ သောတာပန်ဖြစ်သွားပြီး နတ်ပြည်ရောက်သွားတာ၊ မလ္လိကာမိဖုရား တစ်သက်လုံးကုသိုလ်ကောင်းမှုပြုခဲ့ပေမယ့် သေတော့ ငရဲကိုရောက်သွားတာ စတဲ့ပြောင်းပြန်ဆန်လွန်းတဲ့ ကံနဲ့ကံရဲ့အကျိုးဝတ္ထုတွေကိုလည်း သုတ္တန်မှာ အထင်အရှားဖတ်ဖူးကြမှာပါ။ ဒီလိုကံတရားရဲ့ သီအိုရီတွေကိုလည်း နားလည်ရပါမယ်။ ကံကြီးထိုက်နေတဲ့ အဇာတသတ်မင်းကို မြတ်စွာဘုရား ဘယ်လိုတရားဟောလိုက်တာလဲ။ သာသနာတော်ကြီးသမိုင်းမှာ မှတ်တမ်းတင်ရလောက်တဲ့ ဒါယကာတစ်ဦး ဖြစ်လာခဲ့တယ်။ လူသတ်သမားကြီး အင်္ဂုလိမာလကို မြတ်စွာဘုရား ဘယ်လို ချေချွတ်တော်မူခဲ့တာလဲ။ သူတစ်ပါးကိုညှင်းပန်းနှိပ်စက်ခဲ့တဲ့ကံကြောင့် အဝေးကခဲလုံးတွေ တုတ်တွေ သူ့ကိုမပစ်ပေမယ့် သူ့ကိုလာထိတယ်။ ခန္ဓာကိုယ်မှာ သွေးမိုးရွာခဲ့ရတယ်။ ကံတရားကိုလွန်ဆန်လို့ မရပေမယ့် မြတ်စွာဘုရား ဘယ်လိုဖြေသိမ့်ပေးခဲ့သလဲ၊ ဘယ်လိုသြဝါဒတွေပေးခဲ့သလဲ၊ နောက်ဆုံးရဟန္တာ ဖြစ်သွားတဲ့အထိ ဘယ်လိုကုစားပေးလိုက်သလဲ။ ကံကိုအခြေခံတဲ့ စိတ်ရောဂါတွေကို ဘယ်လိုကုစား ခဲ့သလဲ။

လောကကြီးမှာ သူတို့ရဲ့ကံတရားကြောင့်ခံစားနေရပြီး ဘယ်သူမှပြောင်းလဲလို့မရတဲ့ ရောဂါတွေရှိတယ်၊ ခံစားနေရတဲ့ လူနာတွေရှိတယ်။ အဲဒါကို ဘယ်လိုကုစားကြမလဲ။ ဆေးထိုးသတ်လိုက်တာ ကုစားနည်းမဟုတ်ပါဘူး။ ဒီနေရာမှာ ဥပေက္ခာပြုလိုက်တာလည်း ကုစားနည်းမဟုတ်ပါဘူး။ Kamma therapy က အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ဖြစ်နေပြီ။
Kamma therapy လို့ပြောလိုက်ရင် တစ်ချို့က ကံနဲ့ကံရဲ့အကျိုးအကြောင်းကို ပြောလိုက်ရင်ရပြီလို့ ပြောကြတယ်၊ အဲဒါက Therapy မဟုတ်ပါဘူး Kamma theory ဘဲရှိပါသေးတယ်။ Psychotherapy အကြောင်းကိုပြောမယ်ဆိုရင် Therapy ဆိုတဲ့စာလုံးကို မမေ့ဖို့လိုတယ်။ ကုထုံးဖြစ်ပါတယ်။ ကုထုံးကဘာလဲဆိုတာကို ဖော်ထုတ်ရပါမယ်။

အစမထင်သံသရာကနေ ကျင်လည်လာခဲ့တဲ့ သတ္တဝါတွေအားလုံး ကောင်းတဲ့ကံရော၊ ဆိုးတဲ့ကံရော ပြုလုပ်ခဲ့ကြဖူးတယ်။ ပုထုဇဉ်တွေမို့ ဘယ်သူမှအမြဲမကောင်းနိုင်ဘူး။ ဘယ်သူမှ အမြဲမဆိုးနိုင်ဘူး။ ကောင်းတဲ့ကံရဲ့အကျိုးဆက်ကြောင့် ကောင်းတဲ့အကျိုးဆက်တွေခံစားရသလို၊ မကောင်းတဲ့ကံရဲ့အကျိုးဆက်ကြောင့် မကောင်းကျိုးကို ခံစားနေရကြတာပါ။ အဲဒါကို မကောင်းတဲ့ကံကို ကောင်းတဲ့ကံနဲ့အစားထိုးရတယ်။ ကောင်းကျိုးတွေကို ဖြစ်ထွန်းစေဖို့ ကောင်းတဲ့ကံကို ပြုလုပ်ပြီး မကောင်းတဲ့အကျိုးဆက်ကို ကာဆီးထားလို့ရတယ်။ ကောင်းကျိုးနဲ့အစားထိုးလို့ရတယ်။ ဒါက ဗုဒ္ဓဘာသာရဲ့ တရားတော်ပါဘဲ။ psychotherapy perspective နဲ့ဆည်းကပ်လျှင် ဒါက Kamma therapy ဘဲ။

လာမည့်ခုနှစ်ရက်မှာဘီလူးစားလို့ သေရတော့မယ့်ကလေးကို အသက်ရှည်တဲ့လူတစ်ယောက်ဖြစ်လာ အောင် မြတ်စွာဘုရားဘယ်လိုညွန်ကြားလိုက်တာလဲ၊ ကောင်းတဲ့ကံတွေကို ဘယ်လိုအစားထိုးပေး လိုက်တာလဲ။ အသက်တိုမယ်လို့ ပညာရှိအမတ်တွေ၊ ပုဏ္ဏားတွေ ဟောကိန်းထုတ်တဲ့မင်းကို အသက်တွေရှည်အောင် ရဟန်းတွေက ဘယ်လိုကံတရားတွေနဲ့ အစားထိုးဖို့ ညွန်ကြားခဲ့ကြတာလဲ။ ကံတရားနဲ့အခြေခံထားတဲ့ လူနာတွေကို ကုစားပေးဖို့အတွက် ပိဋကတ်တော်တွေမှာလည်း case study တွေ အများကြီးရှိပါတယ်။

Kamma therapy မှာ နားလည်ထားရမယ့် အခြေခံအကြောင်းတရားတွေရှိပါတယ်။
• သဘာဝတရား (ပင်ကိုယ် ပြဿနာ)
• တရားမမျှတမှု (အကျိုး နဲ့ အကြောင်း ဆီလျှော်မှု မရှိခြင်း)
• တန်းတူညီမျှခြင်း ( ဆီလျှော်မှုရှိခြင်း)

သဘာဝပြဿနာကို ရှာဖွေပြီး နားလည်အောင်လုပ်ရပါမယ်။ အဲဒါတွေကိုလည်း လက်ခံရမယ်။ တရားမမျှတတဲ့ အကြောင်းအရာတွေကို စိစစ်ရပါမယ်။ (ဥပမာ- မိဘတွေက ကြွေးယူထားလို့ သားသမီးတွေ သို့မဟုတ် သားစဉ်မြေးဆက် အကြွေးဆပ်နေရတာမျိုး။ ယူတာတစ်ဦး၊ အကျိုးခံစားရတာတစ်ဦး၊ ပြန်ပေးဆပ်ရတာ တစ်ဦး။) Kamma therapy မှာ ဒီလိုမမျှတမှုတွေကိုလည်းသိထားဖိုိ့တယ်။ တစ်ချို့လူနာတွေက ခံရတဲ့သူဘက်ကသက်သက် ဖြစ်နေတဲ့ အခြေအနေတွေကြောင့် စိတ်ရောဂါဖြစ်နေတာတွေရှိတယ်။ ဆီလျှော်မျှတမှုကိုလည်း သိထားရတယ်။ ဆီလျှော်မျှတအောင် စွမ်းဆောင်ပေးရမယ်။ Kamma therapy မှာ ပစ္စုပ္ပန်ကံတစ်ခုကို ကြည့်ရုံနဲ့မလုံလောက်ဘူး။ သူ့ရဲ့အတိတ်ကံတွေကိုပါ နားလည်ပေးရတယ်။

လူနာကို ကုစားတဲ့နေရာမှာ ကောင်းတဲ့ကံတွေနဲ့ အစားထိုးပေးရတယ်။ အစားထိုးလုပ်ဆောင်ရမှာကတော့-
• အပြုအမူ၊ အမူအကျင့်ဆိုင်ရာမှာလည်း လုပ်ဆောင်ပေးရတယ်။ Bhavitakaya (action)
• ကိုယ်ကျင့်တရားဆိုင်ရာမှာလည်း လမ်းညွန်ပေးရတယ်။ Bhavitasila (morality)
• စိတ်ပိုင်းဆိုင်ရာမှာလည်း ပျိုးထောင်ပေးရတယ်။ Bhavitacitta (mind) and
• အသိအမြင်၊ အတွေးအခေါ်ပိုင်းဆိုင်ရာမှာလည်း လေ့ကျင့်သင်ကြားပေးရတယ်။ Bhavitapanna (knowledge).

Kamma therapy ရဲ့ကုထုံးပိုင်းဆိုင်ရာတွေက နက်နဲနေပေမယ့် လူတိုင်းနဲ့သင့်လျှော်ပါတယ်။ လူနာပေါ်မူတည်ပြီး အလုပ်လုပ်ရတာမို့ ဘယ်လိုလုပ်ရမယ်ဆိုတာမျိုးကိုတော့ ပြောရခက်ပါတယ်။ လေ့လာလေ ကုစားပုံအသစ်အမျိုးမျိုးတွေ့ရှိလေ၊ ဆည်းကပ်ပုံ အသစ်အဆန်းတွေသိရလေလေ ဖြစ်ပါလိမ့်မယ်။ စာဖတ်တဲ့သူတွေလည်း စိတ်ဝင်စားကြလိမ့်မယ်လို့လည်း ယုံကြည်တယ်။ Kamma therapist လုပ်ကြမယ်မလား။
😄😄😄😄

စကားကျောရှည်သွားပြီ။ ပညာရှင်မဟုတ်၊ ကျောင်းသားတစ်ဦးသာ ဖြစ်ကြောင်း ဝန်ခံချင်ပါတယ်။ အမှားပါလျှင် ပြုပြင်ပေးကြပါလို့ တောင်းခံချင်ပါတယ်။

အရှင်နန္ဒိယ (ဖယ်ခုံ)
6.10.2018 9:7:00 PM
Nandiya Bhikkhu




Kamma therapy နဲ႔ ပတ္သက္၍

ေကလနိယတကၠသိုလ္မွာ Buddhist study MA ေက်ာင္းသားေတြအတြက္ Buddhist psychotherapy ဘာသာရပ္မွာ Kamma therapy topic ဟာ ဒီႏွစ္မွစတင္ ပို႔ခ်တဲ့ ေခါင္းစဥ္အသစ္တစ္ခုဘဲျဖစ္ပါတယ္။ Kamma therapy ပတ္သက္ၿပီးေျပာစရာစကားတစ္ခုအေနနဲ႔ ျဖစ္လာျခင္းအေၾကာင္းရင္းကေတာ့ တစ္ခ်ိဳ႕ေက်ာင္းသားေတြက ေရးထားတဲ့ topic ကို ဖတ္လို႔သာၿပီးသြားတာ ဘာကို ဆိုလိုတာလဲ နားမလည္ဘူး၊ မသိဘူးလို႔ ပြင့္ပြင့္လင္းလင္း ေျပာၾကလို႔ ေျပာရျခင္းဘဲ ျဖစ္ပါတယ္။ 

Kamma therapy အေၾကာင္းကို ေျပာရင္ အားလုံးသိၾကတဲ့အတုိင္း စူဠကမၼဝိဘဂၤသုတ္နဲ႔ မဟာကမၼဝိဘဂၤသုတ္ကို အေျခခံထားပါတယ္။ က်န္တဲ့ ေလာဏပါဏ၊ မဓုပိ႑ိက စတဲ့သုတ္ေတြကိုလည္း ဆက္စပ္ၿပီးကိုးကားၾကပါတယ္။ စူဠကမၼဝိဘဂၤသုတ္ကေတာ့ ကံနဲ႔ကံရဲ႕အက်ိဳးဆက္တူညီတာကို ျပတဲ့သုတ္ျဖစ္ၿပီးေတာ့ မဟာကမၼဝိဘဂၤသုတ္ကေတာ့ ကံနဲ႔အက်ိဳးတို႔ အမ်ိဳးမ်ိဳးကြဲျပားပုံကို ျပတဲ့သုတ္ျဖစ္ပါတယ္။  ဒါကို psychotherapy ရႈေထာင့္နဲ႔ဆည္းကပ္ၿပီး ေလ့လာရတာ ျဖစ္ပါတယ္။

ဗုဒၶဘာသာေတြလက္ခံယုံၾကည္ထားတဲ့ ကံ-ကံရဲ႕အက်ိဳးေတြကို psychotherapy perspective နဲ႔ သုံးသပ္လိိုက္တဲ့အခါမွာ လူနာေတြရဲ႕ မတူတဲ့ကံတရားနဲ႔ အက်ိဳးဆက္ေတြကို နားလည္ရပါတယ္။ ဘာလို႔ Kamma therapy ဆိုတဲ့ေခါင္းစဥ္နဲ႔ေျပာရတာလည္းဆိုရင္ တစ္ခ်ိဳ႕လူနာေတြက ထင္ထားသလို ေမွ်ာ္လင့္ထားသလို ျဖစ္မလာလို႔ စိတ္ဖိစီးေနတာမ်ိဳး၊ သားသမီးေသလို႔ ပစၥည္းဥစၥာပ်က္စီးသြားလို႔ ပူေဆြးေနတာမ်ိဳး စတဲ့ လူနာေတြကို ကုစားေနတာမ်ိဳးမဟုတ္ဘဲ ကံနဲ႔ဆက္စပ္ေနတဲ့ စိတ္ေရာဂါ၊ ပစၥဳပၸန္ကံသာမက အတိတ္ကံကိုပါ ဆက္စပ္ေနတဲ့စိတ္ေရာဂါမ်ိဳးေတြ ျဖစ္ေနတဲ့လူနာမ်ိဳးေတြကို ကုစားတာျဖစ္ပါတယ္။ အဲဒါေၾကာင့္မို႔ ပစၥဳပၸန္ကံနဲ႔ပတ္သတ္ၿပီး သာမညဖလသုတ္တို႔၊ အဂၤုလိမာလသုတ္တို႔ကို ကိုးကားၿပီးလည္း ေျပာၾကတာေပါ့။

Kamma therapy နဲ႔ပတ္သက္ၿပီး ဘယ္လိုနားလည္သလဲဆိုတာကိုဘဲ ေျပာမွာျဖစ္ပါတယ္။ စာေမးပြဲဘယ္လိုေျဖရမလဲဆိုတာကိုေတာ့ မေျပာပါ။ စာေမးပြဲမွာ ကိုယ္ကအမွတ္ေပးတဲ့သူ မဟုတ္သည့္အတြက္ အမွတ္ရေအာင္ ဘယ္လိုနည္းနဲ႔မွ အာမမခံပါ။ Kamma therapy ဟာ ကံကိုအေျခခံတဲ့ကုထုံးျဖစ္ပါတယ္။ သူကံနဲ႔သူလာတာဘဲ၊ ေကာင္းတာမေကာင္းတာ သူ႔ကံနဲ႔ဘဲဆိုင္တာ ကိုယ္နဲ႔ဘာဆိုင္လို႔လဲ လို႔ အေျခခံအားျဖင့္ ေမးခြန္းေမးသင့္တာေပါ့။ ဒါမွ ဘယ္လိုကုတယ္ဆိုတာကို သိရမွာေပါ့။ ေမးခြန္းမေမးဘဲ အေျဖႀကီးဘဲ ရွာေနရင္ ဆိုလိုရင္းမေရာက္တဲ့ အေျဖေတြ ရေနမွာ စိုးလို႔ပါ။
ကံကိုအေျခခံထားတဲ့ကုထုံးက အျခားကုထုံးေတြထက္ပိုနက္နဲပါတယ္။ လူနာက Self-awareness ရွိလာရုံ၊ လတ္တေလာ ေသာကကိုေျဖေဖ်ာက္ရုံနဲ႔ ၿပီးသြားတဲ့ကုထုံးမ်ိဳးမဟုတ္ပါဘူး။ ကံနဲ႔ကံရဲ႕အက်ိဳးကို ထဲထဲဝင္ဝင္နားလည္ရသလို ျပန္လည္ထူေတာင္ေရးလုပ္ငန္းကို လုပ္ေဆာင္ရတဲ့ထိ ကုသရတဲ့ ကုထုံးမ်ိဳးျဖစ္ပါတယ္။ Rehabilitation ကိုလည္း မျဖစ္မေန ထည့္သြင္းစဥ္းစားရပါမယ္။ အရက္သမားတစ္ေယာက္ေသေတာ့ ေသာတာပန္ျဖစ္သြားၿပီး နတ္ျပည္ေရာက္သြားတာ၊ မလိႅကာမိဖုရား တစ္သက္လုံးကုသိုလ္ေကာင္းမႈျပဳခဲ့ေပမယ့္ ေသေတာ့ ငရဲကိုေရာက္သြားတာ စတဲ့ေျပာင္းျပန္ဆန္လြန္းတဲ့ ကံနဲ႔ကံရဲ႕အက်ိဳးဝတၳဳေတြကိုလည္း သုတၱန္မွာ အထင္အရွားဖတ္ဖူးၾကမွာပါ။ ဒီလိုကံတရားရဲ႕ သီအိုရီေတြကိုလည္း နားလည္ရပါမယ္။ ကံႀကီးထိုက္ေနတဲ့ အဇာတသတ္မင္းကို ျမတ္စြာဘုရား ဘယ္လိုတရားေဟာလိုက္တာလဲ။ သာသနာေတာ္ႀကီးသမိုင္းမွာ မွတ္တမ္းတင္ရေလာက္တဲ့ ဒါယကာတစ္ဦး ျဖစ္လာခဲ့တယ္။ လူသတ္သမားႀကီး အဂၤုလိမာလကို ျမတ္စြာဘုရား ဘယ္လို ေခ်ခၽြတ္ေတာ္မူခဲ့တာလဲ။ သူတစ္ပါးကိုညွင္းပန္းႏွိပ္စက္ခဲ့တဲ့ကံေၾကာင့္ အေဝးကခဲလုံးေတြ တုတ္ေတြ သူ႔ကိုမပစ္ေပမယ့္ သူ႔ကိုလာထိတယ္။ ခႏၶာကိုယ္မွာ ေသြးမိုးရြာခဲ့ရတယ္။ ကံတရားကိုလြန္ဆန္လို႔ မရေပမယ့္ ျမတ္စြာဘုရား ဘယ္လိုေျဖသိမ့္ေပးခဲ့သလဲ၊ ဘယ္လိုၾသဝါဒေတြေပးခဲ့သလဲ၊ ေနာက္ဆုံးရဟႏၲာ ျဖစ္သြားတဲ့အထိ ဘယ္လိုကုစားေပးလိုက္သလဲ။ ကံကိုအေျခခံတဲ့ စိတ္ေရာဂါေတြကို ဘယ္လိုကုစား ခဲ့သလဲ။

ေလာကႀကီးမွာ သူတို႔ရဲ႕ကံတရားေၾကာင့္ခံစားေနရၿပီး ဘယ္သူမွေျပာင္းလဲလို႔မရတဲ့ ေရာဂါေတြရွိတယ္၊ ခံစားေနရတဲ့ လူနာေတြရွိတယ္။ အဲဒါကို ဘယ္လိုကုစားၾကမလဲ။ ေဆးထိုးသတ္လိုက္တာ ကုုစားနည္းမဟုတ္ပါဘူး။ ဒီေနရာမွာ ဥေပကၡာျပဳလိုက္တာလည္း ကုစားနည္းမဟုတ္ပါဘူူး။ Kamma therapy က အေရးႀကီးတဲ့ အခန္းက႑မွာ ျဖစ္ေနၿပီ။
Kamma therapy လို႔ေျပာလိုက္ရင္ တစ္ခ်ိဳ႕က ကံနဲ႕ကံရဲ႕အက်ိဳးအေၾကာင္းကို ေျပာလိုက္ရင္ရၿပီလို႔ ေျပာၾကတယ္၊ အဲဒါက Therapy မဟုတ္ပါဘူး Kamma theory ဘဲရွိပါေသးတယ္။ Psychotherapy အေၾကာင္းကိုေျပာမယ္ဆိုရင္ Therapy ဆိုတဲ့စာလုံးကို မေမ့ဖို႔လိုတယ္။ ကုထုံးျဖစ္ပါတယ္။ ကုထုံးကဘာလဲဆိုတာကို ေဖာ္ထုတ္ရပါမယ္။

အစမထင္သံသရာကေန က်င္လည္လာခဲ့တဲ့ သတၱဝါေတြအားလုံး ေကာင္းတဲ့ကံေရာ၊ ဆုိးတဲ့ကံေရာ ျပဳလုပ္ခဲ့ၾကဖူးတယ္။ ပုထုဇဥ္ေတြမို႔ ဘယ္သူမွအၿမဲမေကာင္းႏိုင္ဘူး။ ဘယ္သူမွ အၿမဲမဆိုးႏုိင္ဘူူး။ ေကာင္းတဲ့ကံရဲ႕အက်ိဳးဆက္ေၾကာင့္ ေကာင္းတဲ့အက်ိဳးဆက္ေတြခံစားရသလို၊ မေကာင္းတဲ့ကံရဲ႕အက်ိဳးဆက္ေၾကာင့္ မေကာင္းက်ိဳးကို ခံစားေနရၾကတာပါ။ အဲဒါကို မေကာင္းတဲ့ကံကို ေကာင္းတဲ့ကံနဲ႔အစားထိုးရတယ္။ ေကာင္းက်ိဳးေတြကို ျဖစ္ထြန္းေစဖို႔ ေကာင္းတဲ့ကံကို ျပဳလုပ္ၿပီး မေကာင္းတဲ့အက်ိဳးဆက္ကို ကာဆီးထားလို႔ရတယ္။ ေကာင္းက်ိဳးနဲ႔အစားထိုးလို႔ရတယ္။ ဒါက ဗုဒၶဘာသာရဲ႕ တရားေတာ္ပါဘဲ။ psychotherapy perspective နဲ႔ဆည္းကပ္လွ်င္ ဒါက Kamma therapy ဘဲ။

လာမည့္ခုႏွစ္ရက္မွာဘီလူးစားလို႔ ေသရေတာ့မယ့္ကေလးကို အသက္ရွည္တဲ့လူတစ္ေယာက္ျဖစ္လာ ေအာင္ ျမတ္စြာဘုရားဘယ္လိုညြန္ၾကားလိုက္တာလဲ၊ ေကာင္းတဲ့ကံေတြကို ဘယ္လိုအစားထိုးေပး လိုက္တာလဲ။ အသက္တိုမယ္လို႔ ပညာရွိအမတ္ေတြ၊ ပုဏၰားေတြ ေဟာကိန္းထုတ္တဲ့မင္းကို အသက္ေတြရွည္ေအာင္ ရဟန္းေတြက ဘယ္လိုကံတရားေတြနဲ႔ အစားထိုးဖို႔ ညြန္ၾကားခဲ့ၾကတာလဲ။ ကံတရားနဲ႔အေျခခံထားတဲ့ လူနာေတြကို ကုစားေပးဖို႔အတြက္ ပိဋကတ္ေတာ္ေတြမွာလည္း case study ေတြ အမ်ားႀကီးရွိပါတယ္။

Kamma therapy မွာ နားလည္ထားရမယ့္ အေျခခံအေၾကာင္းတရားေတြရွိပါတယ္။
• သဘာဝတရား (ပင္ကိုယ္ ျပႆနာ)
• တရားမမွ်တမႈ (အက်ိဳး နဲ႔ အေၾကာင္း ဆီေလွ်ာ္မႈ မရွိျခင္း)
• တန္းတူညီမွ်ျခင္း ( ဆီေလွ်ာ္မႈရွိျခင္း)

သဘာဝျပႆနာကို ရွာေဖြၿပီး နားလည္ေအာင္လုပ္ရပါမယ္။ အဲဒါေတြကိုလည္း လက္ခံရမယ္။ တရားမမွ်တတဲ့ အေၾကာင္းအရာေတြကို စိစစ္ရပါမယ္။ (ဥပမာ- မိဘေတြက ေၾကြးယူထားလို႔ သားသမီးေတြ သို႔မဟုတ္ သားစဥ္ေျမးဆက္ အေၾကြးဆပ္ေနရတာမ်ိဳး။ ယူတာတစ္ဦး၊ အက်ိဳးခံစားရတာတစ္ဦး၊ ျပန္ေပးဆပ္ရတာ တစ္ဦး။) Kamma therapy မွာ ဒီလိုမမွ်တမႈေတြကိုလည္းသိထားဖို႔ိတယ္။ တစ္ခ်ိဳ႕လူနာေတြက ခံရတဲ့သူဘက္ကသက္သက္ ျဖစ္ေနတဲ့ အေျခအေနေတြေၾကာင့္ စိတ္ေရာဂါျဖစ္ေနတာေတြရွိတယ္။ ဆီေလွ်ာ္မွ်တမႈကိုလည္း သိထားရတယ္။ ဆီေလွ်ာ္မွ်တေအာင္ စြမ္းေဆာင္ေပးရမယ္။ Kamma therapy မွာ ပစၥဳပၸန္ကံတစ္ခုကို ၾကည့္ရုံနဲ႔မလုံေလာက္ဘူး။ သူ႔ရဲ႕အတိတ္ကံေတြကိုပါ နားလည္ေပးရတယ္။

လူနာကို ကုစားတဲ့ေနရာမွာ ေကာင္းတဲ့ကံေတြနဲ႔ အစားထိုးေပးရတယ္။ အစားထိုးလုပ္ေဆာင္ရမွာကေတာ့-
• အျပဳအမူ၊ အမူအက်င့္ဆိုင္ရာမွာလည္း လုပ္ေဆာင္ေပးရတယ္။ Bhavitakaya (action)
• ကုိယ္က်င့္တရားဆိုင္ရာမွာလည္း လမ္းညြန္ေပးရတယ္။ Bhavitasila (morality)
• စိတ္ပိုင္းဆိုင္ရာမွာလည္း ပ်ိဳးေထာင္ေပးရတယ္။ Bhavitacitta (mind) and
• အသိအျမင္၊ အေတြးအေခၚပိုင္းဆိုင္ရာမွာလည္း ေလ့က်င့္သင္ၾကားေပးရတယ္။ Bhavitapanna (knowledge).

Kamma therapy ရဲ႕ကုထုံးပိုင္းဆိုင္ရာေတြက နက္နဲေနေပမယ့္ လူတိုင္းနဲ႔သင့္ေလွ်ာ္ပါတယ္။ လူနာေပၚမူတည္ၿပီး အလုပ္လုပ္ရတာမို႔ ဘယ္လိုလုပ္ရမယ္ဆိုတာမ်ိဳးကိုေတာ့ ေျပာရခက္ပါတယ္။ ေလ့လာေလ ကုစားပုံအသစ္အမ်ိဳးမ်ိဳးေတြ႔ရွိေလ၊ ဆည္းကပ္ပုံ အသစ္အဆန္းေတြသိရေလေလ ျဖစ္ပါလိမ့္မယ္။ စာဖတ္တဲ့သူေတြလည္း စိတ္ဝင္စားၾကလိမ့္မယ္လို႔လည္း ယုံၾကည္တယ္။ Kamma therapist လုပ္ၾကမယ္မလား။
😄😄😄😄

စကားေက်ာရွည္သြားၿပီ။ ပညာရွင္မဟုတ္၊ ေက်ာင္းသားတစ္ဦးသာ ျဖစ္ေၾကာင္း ဝန္ခံခ်င္ပါတယ္။ အမွားပါလွ်င္ ျပဳျပင္ေပးၾကပါလို႔ ေတာင္းခံခ်င္ပါတယ္။

အရွင္နႏၵိယ (ဖယ္ခုံ)
6.10.2018 9:7:00 PM
Nandiya Bhikkhu

Wednesday, September 26, 2018

ဆရာစလုတ်မာန်နဲ့ဒုတိယအကြိမ်စိတ်ဒဏ်ရာကုစားခြင်းအကြောင်းကို စမြုံပြန်ခြင်း

 
အဆောက်အဦးကခိုင်ခိုင်ခံ့ခံ့၊ မားမားမတ်မတ်၊ အုဋ်နံရံတွေနဲ့ သစ်သားတွေနဲ့ရောထားသည့် ခေတ်မီပြီး လူတိုင်းကြိုက်သည့်ပုံစံ။ သစ်သားတွေရှားပါးလာသည့်နှင့်အမျှ သစ်သားအဆောက်အဦးတွေ နည်းသထက်နည်းလာပေမယ့် ဒီနေရာမှာတော့ သစ်သားအဆောက်အဦးတွေကမျက်နှာရနေလျှက်ပင်။ အပေါ်ကမျက်နှာကျက်၊ သွပ်၊ ကြီးမားသည့်အိမ်တိုင်၊ တံခါးပေါက်နဲ့ပြတင်းပေါက်က သစ်သားတံခါးတွေ ကအစ စျေးတော်တော်ကြီးမည့်ပရိဘောဂတွေဖြစ်သည်ဆိုတာ မပြောပေမယ့် ကလေးတွေကအစ သိသည်။ နေရာကပဲခူး၊ ဆယ်မိုင်ကုန်းက ကျောက်တန်းရွာက ဝေဠုဝန်ကျောင်းရဲ့ ကျောင်းဆောင် တစ်ဆောင်ဖြစ်ပါသည်။ ဒီအဆောင်ကို ပန်းချီပြခန်းလုပ်မည်လို့ကြားပါသည်။ ရှေ့နောက်အရှည်လိုက် တည်ဆောက်ထားသည်။ တံခါးပေါက်ကအရှေ့ဘက်ဆိုတော့ လှေကားကရှေ့ဘက်ကနေ အနောက်ဘက် ကိုတက်သွားတာပေါ့။

အချိန်က ၁၀နာရီ ၄၅ မိနစ်ဖြစ်မည်။ အရှေ့ဘက်ကိုဆင်းလာကြသည့် လှေကားပေါ်က သင်တန်းသား များတွေက ညာဘက်ခြေဖဝါးနဲ့စီးနေတဲ့ဖိနပ်တွေကြားမှာ ကျောက်ခဲတုံးတစ်လုံးကိုခုပြီးဆင်းလာကြသည်။ သင်တန်းသားသင်တန်းသူများက (၃၀)လောက်ရှိမည်။ အဆောင်ရဲ့ရှေ့ဘက်ကရပ်နေသည့် သရက်ပင်အောက်ရောက်တော့ ဆရာကမေးသည် အားလုံးအဆင်ပြေကြလား။ ခုလုခုလုဖြစ်နေသည်၊ ခြေထောက်နာသည်၊ လမ်းကောင်းကောင်းလျှောက်လို့မရပါ စသည်ဖြင့်ဖြေကြသည်။ တစ်ချို့ကျတော့ သိသာသည်၊ ဘယ်ဘက်ခြေထောက်ကိုအားပြုပြီးလျှောက်ကြသည်၊ တစ်ချို့ကျတော့မသိသာပါ။ ဣနြေ္ဒကြီးစွာ လျှောက်နေလေသည်။

ခပ်မြန်မြန်လျှောက်ကြည့်သည်။ နှေးနှေးလေးလျှောက်ကြည့်သည်။ ပြီးတော့ လှေကားပေါ်ပြန်တက် သွားသည်။ အထဲရောက်တော့ ဆရာဆလုပ်မာန်ကမေးသည်။ လျှောက်ရတာအဆင်ပြေရဲ့လား၊ လုံးဝ မပြေပါလို့ဖြေကြသည်။ ဒီလိုပါပဲ လောကကြီးထဲလျှောက်တဲ့အခါ စိတ်ဒဏ်ရာတွေရှိနေတယ်ဆိုရင် ဘယ်လိုမှအဆင်ပြေမှာမဟုတ်ပါဘူး။ ကြောက်တုံးကလေးခုတာထက်ဆိုးပါတယ်။ စိတ်ဒဏ်ရာတွေကို ကုစားမလား၊ ဖြေလျှော့မလား၊ ခါချကြမလား၊ ဒီအတိုင်းပဲခုပ်ကိုင်ထားကြမလား။

လွန်ခဲ့သည်(၇)လတုန်းက လေ့လာခဲ့သည့် Trauma healing အကြောင်းကို အချိန်တိုလေးအတွင်းမှာ ပြန်မှတ်မိအောင် ဆရာစလုတ်မာန်က ပြန်ပြောပြခဲ့ပါသည်။ စိတ်ဒဏ်ရာတွေကဘာတွေလဲ၊ စိတ်ဒဏ်ရာ ဘာကြောင့်ဖြစ်တာလဲ၊ စိတ်ဒဏ်ရာရဲ့အမျိုးအစားတွေကော ဘာတွေလဲဆိုတာမျိုး။ စိတ်ဒဏ်ရာတွေက အကြမ်းဖက်မှုနဲ့ ဆုံးရှုံးမှုတစ်ခုခုကြောင့်ဖြစ်ကြတယ်လို့ ဆိုပါသည်။ စိတ်ဒဏ်ရာအကြောင်းပြောရင် အား အကြောင်းလည်းပြောရပါသည်။ တစ်ခုခုဖြစ်လာလျှင် တုန့်ပြန်တတ်သည့်အားရှိပါသည်။ လူတွေသာမက သက်ရှိသတ္တဝါများအားလုံးပြန်တုန့်ပြန်ကြပါသည်။ ဥပမာ ကြက်တွေဆိုလျှင် အတောင်ပံနှစ်ဖက်ကိုကားပြီး ခါချလိုက်တာမျိုး။

အခြားသောသတ္တဝါတွေမှာလည်း ပင်ပန်းနွမ်းနယ်မှုတွေကို တစ်မျိုးမဟုတ်တစ်မျိုး ခါချကြ တုန့်ပြန်ကြ ကုစားကြပါသည်။ လူတွေမှာ စိတ်ဖိစီးမှု သို့မဟုတ် ပင်ပန်းမှု စသည့်စိတ်ညစ်စရာတစ်ခုခုဖြစ်လာလျှင် ဖွင့်ပြောလိုက်တာမျိုး၊ ငိုချလိုက်တာစသည်ဖြင့် ပြုလုပ်ပြီးစိတ်ဖိစီးမှုများ စိတ်ညစ်စရာများကို ဖြေလျှော့ကြ သည်။ မဖြေလျှော့နိုင်ဘဲကြာလာများလာ ပြင်ထန်လာလျှင် စိတ်ဒဏ်ရာအဆင့်ထိဖြစ်လာနိုင်ပါသည်။ မထင်မှတ်ဘဲကြောက်စရာ လန့်စရာများနဲ့ ကြုံလာသည့်အခါ တုန့်ပြန်တတ်သည့်အားများကို ကြောက်အား လန့်အားများဟုလည်းခေါ်ကြပါသည်။ ကြောက်အားလန့်အားများကြောင့် လူတွေပြုလုပ်တတ်ကြသည်မှာ တစ်ချို့က ထွက်ပြေးကြသည်။ တစ်ချို့က ပြန်ခုခံကြသည်။ တစ်ချို့က ကြက်သေသေကြပါသည်။ ထိုကြောက်အားလန့်အားများရဲ့ သာဓကတွေကို ပြောရင်ကုန်နိုင်မယ်မထင်။ စိတ်ဒဏ်ရာအကြောင်းကို ပြောကြသည့်ပညာရှင်များက စိတ်ဒဏ်ရာအကြောင်းကို ပြောသည့်အခါ ဦးနှောက်ကို လေးပိုင်းခွဲကြပါ သည်။ စဉ်းစားကြသည့်ဦးနှောက်၊ ဆက်စပ်ပေးသည့်ဦးနှောက်၊ ခံစား မှတ်သားသည့်ဦးနှောက်၊ တုန့်ပြန်သည့်ဦးနှောက်လို့လေးမျိုးရှိပါသည်။

ထိုလေးမျိုးထဲက ဆက်စပ်ပေးသည့်ဦးနှောက်ကအမြဲရှင်သန်နေဖို့ အလုပ်လုပ်ဖို့လိုပါလိမ့်မည်။ ဆက်စပ် ပေးသည့်ဦးနှောက်က အလုပ်မလုပ်နိုင်တော့ရင် စဉ်းစားတတ်တဲ့ဦးနှောက်ကဘေးထိုင်ချပြီး အလုပ်မလုပ် တော့ပါ။ ထိုအခါမျိုးမှာ ခံစားတဲ့ဦးနှောက်နဲ့ တုန့်ပြန်တဲ့ဦးနှောက် နှစ်ခုပဲ အလုပ်လုပ်ပါသည်။ စဉ်းစား ဝေဖန်မှုမပါဘဲ စိတ်ခံစားမှုအတိုင်း တုန့်ပြန်လိုက်သောအရာများသည် ညီမျှမှုမရှိဘဲ၊ အလွှဲလွှဲအလျှော်လျှော် ဖြစ်လာပါတော့သည်။ ထိုအခါမျိုးမှာ လူတွေ(သို့ - စိတ်ဒဏ်ရာပိုင်ရှင်များ)ရဲ့တုန့်ပြန်မှုများလုပ်ရပ်များသည် အကျဉ်းတန်သွားပါလေတော့သည်။

ဆက်စပ်ပေးသောဦးနှောက်အလုပ်မလုပ်နိုင်ရင် စိတ်ဒဏ်ရာအမျိုးအစားများဖြစ်တဲ့ တစ်ဦးချင်းစီမှာဖြစ်တဲ့ စိတ်ဒဏ်ရာ၊ အဖွဲ့အစည်းကြောင့်စသည့် အများနဲ့ဖြစ်တဲ့စိတ်ဒဏ်ရာ၊ သမိုင်းကပေးသည့်စိတ်ဒဏ်ရာ စသည့်စသည့်ဒဏ်ရာများပေါ်လာကာ ခံစားမှုနဲ့တုန့်ပြန်မှုနှစ်ခုသာရှိပြီး စဉ်းစား၊ ဝေဖန်၊ သုံးသပ်၊ ခွဲခြမ်း စိတ်ဖြာမှုကင်းမဲ့သွားပါသည်။

ဒီလိုသာဖြစ်လာရင် မကျေနပ်ခြင်း၊ ခွင့်မလွတ်နိုင်ခြင်း၊ အငြိုးထားခြင်းများကြောင့် အနိုင်ကျင့်ခြင်း၊ ကောက်ကျစ်ခြင်း၊ တရားမျှတမှုကိုသွေဖယ်ခြင်းစသည့်အရာများဖြစ်လာပါတော့သည်။ ဒီလိုနဲ့ဘဲ သူတစ်လှည့်ကိုယ့်တစ်လှည့်အနိုင်ယူဖို့ကြိုးစားရင်း မုဆိုးတစ်လှည့်၊ သားကောင်တစ်လှည့်ဖြင့် ဒီမုဆိုး သားကောင် စက်ဝိုင်းက လည်နေပါတော့မည်။
ဒီစက်ဝိုင်းထဲကလွှတ်မြောက်နိုင်ဖို့၊ ပျောက်ကင်းနိုင်ဖို့ဆိုရင် အမှန်တရား၊ မေတ္တာတရား၊ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်း ဆိုသည့်တရားလေးမျိုးတို့ဖြင့်သာလက်ကိုင်ထားရမည်ဖြစ်ပါသည်။ ခံနိုင်ရည်စွမ်းအားများကို မွေးမြူနိုင်ဖို့လိုပါလိမ့်မည်။ ခံနိုင်ရည်စွမ်းအားများမရှိပါက မလွတ်မြောက်နိုင်ဘဲမုဆိုးသားကောင်စက်ဝိုင်းထဲ ကိုဘဲ ပြန်ဝင်သွားနိုင်ပါသည်။

ဖိနပ်နဲ့ခြေဖဝါးကြားကကြောက်တုံးကလေးကိုတော့ ထုတ်လိုက်ပါပြီ၊ လမ်းလျှောက်ရတာလည်း သက်တောင့်သက်သာရှိနေပါပြီ။ စိတ်ဒဏ်ရာကိုလည်းထုတ်ပစ်ရပါမည်။ ဆက်စပ်ပေးသည့်ဦးနှောက် အလုပ်လုပ်ဖို့ အမြဲရှင်သန်နေဖို့လိုပါမည်။

ဗုဒ္ဓတရားတော်တွေထဲက ငြိမ်းချမ်းရေးတရားတော်များ၊ ဒဏ်ရာကုစားသည့်ဟောပြောချက်များ၊ လွတ်မြောက်မှုတရားတော်များရှိနေပြီးသားကိုလည်း အားလုံးကသိနေကြပါသည်။ လောကီပညာရှင်တွေရဲ့ ဟောပြောချက်နဲ့ ထပ်တူကျသလား၊ တူသလား၊ ကွာသလားဆိုတာကို တိုက်ကြည့်ဖို့ ချိတ်ဆက်ဖို့ Trauma Healing အကြောင်းကို အချိန်တိုလေးအတွင်းမှာ ဆရာ စလုတ်မာန်ကပြန်ပြီးထုတ်ပြလိုက်ပါသည်။

23.9.2017 မနက်ခင်းရဲ့နေရောင်ခြဉ်များသည် ဝေဠုဝန်ကျောင်းဝင်းထဲထိုးဖောက်ဝင်လာနေသည်။ ကျောင်းဆောင်ထဲက ဆရာစလုတ်မာန်ရဲ့ဦးဆောင်မှုများနဲ့သင်တန်းသာများရဲ့ဆွေးနွေးမှုအားတွေကို အပြင်ကနေလှမ်းကြည့်နေသည်။ ဒါတွေကို ဝေဠုဝန်ကျောင်းဝင်းထဲကပန်းပုရုပ်တွေကအစသိသည်။

မှားတာရှိရင် ပြင်ပေးကြပါဦးလို့
အရှင်နန္ဒိယ(ဖယ်ခုံ)
25.9.2017 10:40:00 AM

Nandiya Bhikkhu



ဆရာစလုတ္မာန္နဲ႔ဒုတိယအႀကိမ္စိတ္ဒဏ္ရာကုစားျခင္းအေၾကာင္းကို စၿမံဳျပန္ျခင္း 
 
အေဆာက္အဦးကခိုင္ခိုင္ခ့ံခံ့၊ မားမားမတ္မတ္၊ အုဋ္နံရံေတြနဲ႔ သစ္သားေတြနဲ႔ေရာထားသည့္ ေခတ္မီၿပီး လူတိုင္းႀကိဳက္သည့္ပုံစံ။ သစ္သားေတြရွားပါးလာသည့္ႏွင့္အမွ် သစ္သားအေဆာက္အဦးေတြ နည္းသထက္နည္းလာေပမယ့္ ဒီေနရာမွာေတာ့ သစ္သားအေဆာက္အဦးေတြကမ်က္ႏွာရေနလွ်က္ပင္။ အေပၚကမ်က္ႏွာက်က္၊ သြပ္၊ ႀကီးမားသည့္အိမ္တိုင္၊ တံခါးေပါက္နဲ႔ျပတင္းေပါက္က သစ္သားတံခါးေတြ ကအစ ေစ်းေတာ္ေတာ္ႀကီးမည့္ပရိေဘာဂေတြျဖစ္သည္ဆိုတာ မေျပာေပမယ့္ ကေလးေတြကအစ သိသည္။ ေနရာကပဲခူး၊ ဆယ္မိုင္ကုန္းက ေက်ာက္တန္းရြာက ေဝဠဳဝန္ေက်ာင္းရဲ႕ ေက်ာင္းေဆာင္ တစ္ေဆာင္္ျဖစ္ပါသည္။ ဒီအေဆာင္ကို ပန္းခ်ီျပခန္္းလုပ္မည္လို႔ၾကားပါသည္။ ေရွ႕ေနာက္အရွည္လိုက္ တည္ေဆာက္ထားသည္။ တံခါးေပါက္ကအေရွ႕ဘက္ဆိုေတာ့ ေလွကားကေရွ႕ဘက္ကေန အေနာက္ဘက္ ကိုတက္သြားတာေပါ့။

အခ်ိန္က ၁၀နာရီ ၄၅ မိနစ္ျဖစ္မည္။ အေရွ႕ဘက္ကိုဆင္းလာၾကသည့္ ေလွကားေပၚက သင္တန္းသား မ်ားေတြက ညာဘက္ေျခဖဝါးနဲ႔စီးေနတဲ့ဖိနပ္ေတြၾကားမွာ ေက်ာက္ခဲတုံးတစ္လုံးကိုခုၿပီးဆင္းလာၾကသည္။ သင္တန္းသားသင္တန္းသူမ်ားက (၃၀)ေလာက္ရွိမည္။ အေဆာင္ရဲ႕ေရွ႕ဘက္ကရပ္ေနသည့္ သရက္ပင္ေအာက္ေရာက္ေတာ့ ဆရာကေမးသည္ အားလုံးအဆင္ေျပၾကလား။ ခုလုခုလုျဖစ္ေနသည္၊ ေျခေထာက္နာသည္၊ လမ္းေကာင္းေကာင္းေလွ်ာက္လို႔မရပါ စသည္ျဖင့္ေျဖၾကသည္။ တစ္ခ်ိဳ႕က်ေတာ့ သိသာသည္၊ ဘယ္ဘက္ေျခေထာက္ကိုအားျပဳၿပီးေလွ်ာက္ၾကသည္၊ တစ္ခ်ိဳ႕က်ေတာ့မသိသာပါ။ ဣေျႏၵႀကီးစြာ ေလွ်ာက္ေနေလသည္။

ခပ္ျမန္ျမန္ေလွ်ာက္ၾကည့္သည္။ ေႏွးေႏွးေလးေလွ်ာက္ၾကည့္သည္။ ၿပီးေတာ့ ေလွကားေပၚျပန္တက္ သြားသည္။ အထဲေရာက္ေတာ့ ဆရာဆလုပ္မာန္ကေမးသည္။ ေလွ်ာက္ရတာအဆင္ေျပရဲ႕လား၊ လုံးဝ မေျပပါလို႔ေျဖၾကသည္။ ဒီလိုပါပဲ ေလာကႀကီးထဲေလွ်ာက္တဲ့အခါ စိတ္ဒဏ္ရာေတြရွိေနတယ္ဆိုရင္ ဘယ္လိုမွအဆင္ေျပမွာမဟုတ္ပါဘူး။ ေၾကာက္တံုးကေလးခုတာထက္ဆိုးပါတယ္။ စိတ္ဒဏ္ရာေတြကို ကုစားမလား၊ ေျဖေလွ်ာ့မလား၊ ခါခ်ၾကမလား၊ ဒီအတိုင္းပဲခုပ္ကိုင္ထားၾကမလား။

လြန္ခဲ့သည္(၇)လတုန္းက ေလ့လာခဲ့သည့္ Trauma healing အေၾကာင္းကို အခ်ိန္တိုေလးအတြင္းမွာ ျပန္မွတ္မိေအာင္ ဆရာစလုတ္မာန္က ျပန္ေျပာျပခဲ့ပါသည္။ စိတ္ဒဏ္ရာေတြကဘာေတြလဲ၊ စိတ္ဒဏ္ရာ ဘာေၾကာင့္ျဖစ္တာလဲ၊ စိတ္ဒဏ္ရာရဲ႕အမ်ိဳးအစားေတြေကာ ဘာေတြလဲဆိုတာမ်ိဳး။ စိတ္ဒဏ္ရာေတြက အၾကမ္းဖက္မႈနဲ႔ ဆုံး႐ႈံးမႈတစ္ခုခုေၾကာင့္ျဖစ္ၾကတယ္လို႔ ဆိုပါသည္။ စိတ္ဒဏ္ရာအေၾကာင္းေျပာရင္ အား အေၾကာင္းလည္းေျပာရပါသည္။ တစ္ခုခုျဖစ္လာလွ်င္ တုန္႔ျပန္တတ္သည့္အားရွိပါသည္။ လူေတြသာမက သက္ရွိသတၱဝါမ်ားအားလုံးျပန္တုန္႔ျပန္ၾကပါသည္။ ဥပမာ ၾကက္ေတြဆိုလွ်င္ အေတာင္ပံႏွစ္ဖက္ကိုကားၿပီး ခါခ်လိုက္တာမ်ိဳး။

အျခားေသာသတၱဝါေတြမွာလည္း ပင္ပန္းႏြမ္းနယ္မႈေတြကို တစ္မ်ိဳးမဟုတ္တစ္မ်ိိဳး ခါခ်ၾက တုန္႔ျပန္ၾက ကုစားၾကပါသည္။ လူေတြမွာ စိတ္ဖိစီးမႈ သို႔မဟုတ္ ပင္ပန္းမႈ စသည့္စိတ္ညစ္စရာတစ္ခုခုျဖစ္လာလွ်င္ ဖြင့္ေျပာလို္က္တာမ်ိဳး၊ ငိုခ်လိုက္တာစသည္ျဖင့္ ျပဳလုပ္ၿပီးစိတ္ဖိစီးမႈမ်ား စိတ္ညစ္စရာမ်ားကို ေျဖေလွ်ာ့ၾက သည္။ မေျဖေလွ်ာ့ႏိုင္ဘဲၾကာလာမ်ားလာ ျပင္ထန္လာလွ်င္ စိတ္ဒဏ္ရာအဆင့္ထိျဖစ္လာႏိုင္ပါသည္။ မထင္မွတ္ဘဲေၾကာက္စရာ လန္႔စရာမ်ားနဲ႔ ႀကဳံလာသည့္အခါ တုန္႔ျပန္တတ္္သည့္အားမ်ားကို ေၾကာက္အား လန္႔အားမ်ားဟုလည္းေခၚၾကပါသည္။ ေၾကာက္အားလန္႔အားမ်ားေၾကာင့္ လူေတြျပဳလုပ္တတ္ၾကသည္မွာ တစ္ခ်ိဳ႕က ထြက္ေျပးၾကသည္။ တစ္ခ်ိဳ႕က ျပန္ခုခံၾကသည္။ တစ္ခ်ိဳ႕က ၾကက္ေသေသၾကပါသည္။ ထိုေၾကာက္အားလန္႔အားမ်ားရဲ႕ သာဓကေတြကို ေျပာရင္ကုန္ႏိုင္မယ္မထင္။ စိတ္ဒဏ္ရာအေၾကာင္းကို ေျပာၾကသည့္ပညာရွင္မ်ားက စိတ္ဒဏ္ရာအေၾကာင္းကို ေျပာသည့္အခါ ဦးေႏွာက္ကို ေလးပိုင္းခြဲၾကပါ သည္။ စဥ္းစားၾကသည့္ဦးေႏွာက္၊ ဆက္စပ္္ေပးသည့္ဦးေႏွာက္၊ ခံစား မွတ္သားသည့္ဦးေႏွာက္၊ တုန္႔ျပန္သည့္ဦးေႏွာက္လို႔ေလးမ်ိဳးရွိပါသည္။

ထိုေလးမ်ိဳးထဲက ဆက္စပ္ေပးသည့္ဦးေႏွာက္ကအၿမဲရွင္သန္ေနဖို႔ အလုပ္လုပ္ဖို႔လိုပါလိမ့္မည္။ ဆက္စပ္ ေပးသည့္ဦးေႏွာက္က အလုပ္မလုပ္ႏိုင္ေတာ့ရင္ စဥ္းစားတတ္တဲ့ဦးေႏွာက္ကေဘးထိုင္ခ်ၿပီး အလုပ္မလုပ္ ေတာ့ပါ။ ထိုအခါမ်ိဳးမွာ ခံစားတဲ့ဦးေႏွာက္နဲ႔ တုန္႔ျပန္တဲ့ဦးေႏွာက္ ႏွစ္ခုပဲ အလုပ္လုပ္ပါသည္။ စဥ္းစား ေဝဖန္မႈမပါဘဲ စိတ္ခံစားမႈအတုိင္း တုန္႔ျပန္လိုက္ေသာအရာမ်ားသည္ ညီမွ်မႈမရွိဘဲ၊ အလႊဲလႊဲအေလွ်ာ္ေလွ်ာ္ ျဖစ္လာပါေတာ့သည္။ ထိုအခါမ်ိိဳးမွာ လူေတြ(သို႔ - စိတ္ဒဏ္ရာပိုင္ရွင္မ်ား)ရဲ႕တုန္႔ျပန္မႈမ်ားလုပ္ရပ္မ်ားသည္ အက်ဥ္းတန္သြားပါေလေတာ့သည္။

ဆက္စပ္ေပးေသာဦးေႏွာက္အလုပ္မလုပ္ႏိုင္ရင္ စိတ္ဒဏ္ရာအမ်ိဳးအစားမ်ားျဖစ္တဲ့ တစ္ဦးခ်င္းစီမွာျဖစ္တဲ့ စိတ္ဒဏ္ရာ၊ အဖြဲ႔အစည္းေၾကာင့္စသည့္ အမ်ားနဲ႔ျဖစ္တဲ့စိတ္ဒဏ္ရာ၊ သမိုင္းကေပးသည့္စိတ္ဒဏ္ရာ စသည့္စသည့္ဒဏ္ရာမ်ားေပၚလာကာ ခံစားမႈနဲ႔တုန္႔ျပန္မႈႏွစ္ခုသာရွိၿပီး စဥ္းစား၊ ေဝဖန္၊ သုံးသပ္၊ ခြဲျခမ္း စိတ္ျဖာမႈကင္းမဲ့သြားပါသည္။

ဒီလိုသာျဖစ္လာရင္ မေက်နပ္ျခင္း၊ ခြင့္မလြတ္ႏိုင္ျခင္း၊ အၿငိဳးထားျခင္းမ်ားေၾကာင့္ အႏိုင္က်င့္ျခင္း၊ ေကာက္က်စ္ျခင္း၊ တရားမွ်တမႈကိုေသြဖယ္ျခင္းစသည့္အရာမ်ားျဖစ္လာပါေတာ့သည္။ ဒီလိုနဲ႔ဘဲ သူတစ္လွည့္ကိုယ့္တစ္လွည့္အႏိုင္ယူဖို႔ႀကိဳးစားရင္း မုဆိုးတစ္လွည့္၊ သားေကာင္တစ္လွည့္ျဖင့္ ဒီမုဆိုး သားေကာင္ စက္ဝိုင္းက လည္ေနပါေတာ့မည္။
ဒီစက္ဝိုင္းထဲကလႊတ္ေျမာက္ႏိုင္ဖို႔၊ ေပ်ာက္ကင္းႏိုင္ဖို႔ဆိုရင္ အမွန္တရား၊ ေမတၱာတရား၊ တရားမွ်တျခင္း၊ ၿငိမ္းခ်မ္းျခင္း ဆိုသည့္တရားေလးမ်ိဳးတို႔ျဖင့္သာလက္ကိုင္ထားရမည္ျဖစ္ပါသည္။ ခံႏိိုင္ရည္စြမ္းအားမ်ားကို ေမြးျမဴႏိုင္ဖို႔လိုပါလိမ့္မည္။ ခံႏိုင္ရည္စြမ္းအားမ်ားမရွိပါက မလြတ္ေျမာက္ႏိုင္ဘဲမုဆိုးသားေကာင္စက္ဝိုင္းထဲ ကိုဘဲ ျပန္ဝင္သြားႏိုင္ပါသည္။

ဖိနပ္နဲ႔ေျခဖဝါးၾကားကေၾကာက္တုံးကေလးကိုေတာ့ ထုတ္လိုက္ပါၿပီ၊ လမ္းေလွ်ာက္ရတာလည္း သက္ေတာင့္သက္သာရွိေနပါၿပီ။ စိတ္ဒဏ္ရာကိုလည္းထုတ္ပစ္ရပါမည္။ ဆက္စပ္ေပးသည့္ဦးေႏွာက္ အလုပ္လုပ္ဖို႔ အၿမဲရွင္သန္ေနဖို႔လိုပါမည္။

ဗုဒၶတရားေတာ္ေတြထဲက ၿငိမ္းခ်မ္းေရးတရားေတာ္မ်ား၊ ဒဏ္ရာကုစားသည့္ေဟာေျပာခ်က္မ်ား၊ လြတ္ေျမာက္မႈတရားေတာ္မ်ားရွိေနၿပီးသားကိုလည္း အားလုံးကသိေနၾကပါသည္။ ေလာကီပညာရွင္ေတြရဲ႕ ေဟာေျပာခ်က္နဲ႔ ထပ္တူက်သလား၊ တူသလား၊ ကြာသလားဆိုတာကို တိုက္ၾကည့္ဖို႔ ခ်ိတ္ဆက္ဖို႔ Trauma Healing အေၾကာင္းကို အခ်ိန္တိုေလးအတြင္းမွာ ဆရာ စလုတ္မာန္ကျပန္ၿပီးထုတ္ျပလိုက္ပါသည္။

23.9.2017 မနက္ခင္းရဲ႕ေနေရာင္ျခဥ္မ်ားသည္ ေဝဠဳဝန္ေက်ာင္းဝင္းထဲထိုးေဖာက္ဝင္လာေနသည္။ ေက်ာင္းေဆာင္ထဲက ဆရာစလုတ္မာန္ရဲ႕ဦးေဆာင္မႈမ်ားနဲ႔သင္တန္းသာမ်ားရဲ႕ေဆြးေႏြးမႈအားေတြကို အျပင္ကေနလွမ္းၾကည့္ေနသည္။ ဒါေတြကို ေဝဠဳဝန္ေက်ာင္းဝင္းထဲကပန္းပု႐ုပ္ေတြကအစသိသည္။


မွားတာရွိရင္ ျပင္ေပးၾကပါဦးလို႔
အရွင္နႏၵိယ(ဖယ္ခုံ)
25.9.2017 10:40:00 AM








Nandiya Bhikkhu

Tuesday, September 25, 2018

MBCT နဲ့ ပတ်သက်၍


Mindfulness Based Cognitive Therapy topic နဲ့ပတ်သက်ပြီးတော့ အခုတလော တစ်ချို့ကေလနိယကျောင်းသားတွေကြားမှာ သံသယတွေရှိကြမယ်ထင်တယ်။ ခေါင်းစဉ်ကတူနေပေမယ့် ပို့ချချက်တွေအရမ်းကို ကွာခြားလွန်းနေတော့ ရွေးချယ်ဖို့ အခက်တွေ့ကြတယ်လို့လည်းကြားရတယ်။ MBCT နဲ့အနီးစပ်ဆုံးနှိုင်းယှဉ်ပြီး စဉ်းစားရင်တော့ Behavior Cognitive therapy ကို ပြောရင်ကောင်းမယ်ထင်တယ်။ ဆိုးရွားနေတဲ့ အမှုအရာတစ်ခုခုကို ကုစားဖို့ဆိုတဲ့အချိန်မှာ အမူအရာချင်းမတူရင် ကုစားပုံတွေလည်း တူမှာမဟုတ်ပါဘူး။ သို့သော် အဲဒါအမှုအရာကိုစွဲလမ်းနေတဲ့စိတ်၊ ကျင့်သားရနေတဲ့အကျင့်တွေကို ဖျောက်ဖို့ဆိုတဲ့ဦးတည်ချက်တော့တူနေရမှာပေါ့။ MBCT မှာ လည်း ဒီလိုပါဘဲ အနာရောဂါတစ်ခုခု သို့မဟုတ် စိတ်ဒဏ်ရာတစ်ခုခုကြောင့် ဖြစ်နေတဲ့စိတ်ရောဂါကို ကုစားတဲ့အချိန်မှာ လူနာတွေရဲ့အခြေအနေပေါ်မူတည်ပြီး ကုစားပုံတွေလည်း ကွဲပြားကြမှာပေါ့။ MBCT မှာတော့ သတိကိုအခြေခံတဲ့ကုစားနည်းတစ်ခု။ 

ယူရိုက ဆေးရုံပေါင်း ၅၀၀ လောက်က လူနာတွေကို တရားထိုင်ပြီးကုစားနည်းတစ်ခုကို စမ်းသပ်ခဲ့ရာကစပြီး ဒီ MBCT ကပေါ်လာခဲ့တာဘဲမဟုတ်လား။ MBCT ကုစားနည်းကိုအသုံးပြုရာမှာ---
၁။ လူနာတွေရဲ့အတွေးနဲ့ခံစားချက်တွေကိုလည်း လက်ခံရမယ်။
၂။ လူနာစိတ်ကို လက်ရှိပစ္စုပ္ပန်ဆီကိုပို့ဆောင်ပေးရမယ် ဆိုတဲအချက်က အဓိကကျတယ်။
ဒီနှစ်ချက်လုံးက တရားမှတ်တဲ့ ဗုဒ္ဓဘာသာလမ်းစဉ်နဲ့တစ်သားထဲဘဲမလား။ ဘာကွာနေလို့လဲ။ MBCT နဲ့ ဗုဒ္ဓတရားတော်တို့ဆက်စပ်မှုတွေကို သွားတဲ့လမ်းကြောင်းနဲ့ ကုစားပုံတွေကအစ တူနေတာကိုတွေ့ရတယ်။ MBCT မှာတော့ နိဗ္ဗာန်အထိသွားနေတာတော့ မဟုတ်ဘူးပေါ့လေ။ စိတ်ရောဂါကုစားတဲ့ ကုထုံးတစ်ခုအနေနဲ့သာ အသုံးပြုသည့်နည်းလမ်းတစ်ခုသာဖြစ်သင့်အတွက် လူနာတွေရဲ့စိတ်က ပုံမှန်အနေအထားသို့ပြန်ရောက်ရင် အောင်မြင်ပြီပေါ့။ 

ဒီနှစ် Buddhist psychotherapy subject မှာ MBCT ကိုလည်း topic တစ်ခုအနေနဲ့ ပေးထားသည့်အတွက် Buddhist perspective ကနေ ချဉ်းကပ်ရပါတယ်။ အရင်နှစ်တွေက ကျောင်းသားဟောင်းတစ်ချို့တွေဆီကပြောတာတော့ MBCT ကို ဘဒ္ဒေကရတ္တသုတ်ကို အခြေခံပြီး ပို့ချပေးတယ်လို့ဆိုပါတယ်။ ဒီနှစ်မှာတော့ သတိပဋ္ဌာနသုတ်ကိုအခြေခံပြီး ပို့ချသွားတယ်။ Revision ပြန်တဲ့အခါမှာတော့ ဘာဝနာအဆင့်ဆင့် Power point နောက်ခံထားပြီး Treatment အမျိုးမျိုးကို ရှင်းပြသွားတယ်။ ရှင်းလင်းချက်တွေကိုတော့ နားလည်တယ်၊ သို့သော် စာမေးပွဲအတွက်ကိုတော့ ကျောင်းသားတွေက ဇဝေဇဝါ ဖြစ်သွားတယ်လို့ကြားရတယ်။ ဒါတွေအားလုံးက သတိကိုအခြေခံတဲ့ရှင်းလင်းချက်တွေကြီးပါဘဲ။ 

ဘဒ္ဒေကရတ္တသုတ်က စိတ်ကိုအနာဂတ် သို့မဟုတ် အတိတ်ဆီကနေ ပစ္စုပ္ပန်ဆီကိုပြန်လာခိုင်းတာ။ အဲဒီသုတ်ကိုရှင်းပြရင် ဆရာက Communication cart ရဲ့ သီအိုရီလေးနဲ့ P,T and R ဆိုပြီးရှင်းပြလေ့ရှိတယ်။ ဒီနှစ်မှာ Patient, Therapist and Relative လို့ ရှင်းပြပေမယ့် အရင်နှစ်ဟောင်းကျောင်းသားတွေပြောတာကတော့ Patient, Therapist and Reduction လို့သိရတယ်။ ဘယ်လိုနေနေ နှစ်ခုလုံးကတော့ ဒီ psychotherapy အတွက် သင့်တော်တယ်။ ဒီနှစ်မှာတော့ ဒီ Communication cart ကိုတော့ Buddhist counselling ပို့ချတုန်းက အကျယ်တစ်ဝင့်ပြောပြတယ်။ ဒီ Communication cart theory ကိုတော့ MBCT အတွက်သီးသန့်မဟုတ်ဘဲ Psychotherapy နဲ့ Counselling activity တိုင်းနဲ့သက်ဆိုင်ပါတယ်။ တစ်ချို့တွေကပြောကြတယ် MBCT ကိုရေးရင် Communication cart ကို အကျယ်တဝင့်ရေးရမယ်တဲ့။ ပြောချင်တာက ဒီ Communication cart က Theory တစ်ခုဘဲဖြစ်တယ်။ Psychotherapy မှာတော့ Psychology လို သီအိုရီကိုဖော်ပြရုံနဲ့မရဘူး။ Science သက်သက်မဟုတ်ဘူး၊ Practice ဖြစ်တယ်။ Treatment တစ်ခုခုတော့ပါနေရမယ်။
Buddhist psychotherapy တို့ Buddhist counseling တို့ကို ရေးတဲ့အခါမှာ Buddhist psychotherapy, Buddhist counseling တွေကို ရှာရေးနေတာမဟုတ်ဘူး။ Buddha’s Teaching ထဲက Psychotherapy value, counseling value တွေကို ရေးနေတာ။ Buddhist Teaching ထဲကို Psychotherapy, counseling တို့ကို ထည့်နေတာမဟုတ်ဘူး။ Psychotherapy ထဲကို Buddhist teaching တွေထည့်နေတာ။ Christian teaching, Muslim teaching တွေဘဲဖြစ်ဖြစ် ထည့်လို့ ရတယ်။ 

MBCT ကိုရေးတဲ့အခါမှာ ဘဒ္ဒေကရတ္တသုတ်ကိုအခြေခံရမယ်၊ သတိပဋ္ဌာနသုတ်ကို အခြေခံရမယ် စတဲ့ သတ်မှတ်ချက်တွေမရှိပါဘူး။ Mindfulness ကိုအခြေခံတဲ့ Treatment ဖြစ်တဲ့ Buddha’s teaching ဖြစ်ဖို့ဘဲလိုပါတယ်။ ဘဒ္ဒေကရတ္တသုတ်ဘဲ အခြေခံခံ၊ သတိပဋ္ဌာနသုတ်ဘဲအခြေခံခံ အခြားသာမညဖလသုတ်စတဲ့ သုတ်တွေကိုဘဲအခြေခံခံ၊ အဘိဓမ္မာပိဋကတ်ထဲကတရားတော် တွေဘဲ အခြေခံခံ MBCT နဲ့ကိုက်ညီတဲ့ proposition ဖြစ်ဖို့ဘဲလိုအပ်ပါတယ်။ အခုလက်ရှိဖြေရမယ့် MBCT ကိုလည်း ဘယ် theory အခြေခံတယ်ဆိုတာကို ကြည့်စရာမလိုဘဲ၊ Therapy ကို ဘယ်လိုသင်ပြသွားတယ်ဆိုတာကို ပိုပြီးအရေးကြီးတယ်ထင်ပါတယ်။ MBCT topic နဲ့ပတ်သက်ပြီး ကျောင်းသားတွေအမျိုးမျိုးရေးကြလိမ့်မယ်။ သူ့ရှုထောင့်နဲ့သူတော့ မှန်ကြလိမ့်မယ်။ ဘယ် Topic က အမှတ်ပိုရလိမ့်မယ်ဆိုတာကိုတော့ အမှတ်ပေးတဲ့သူပေါ်မှာမူတည်ပါတယ်။ သူများရေးတဲ့ Topic တွေကြည့်သလို ကိုယ်ကိုယ်တိုင်ရဲ့ ထင်မြင်ချက်၊ တင်ပြချက်တွေကိုလည်း ရေးလို့ရပါတယ်။ အဓိကက အပြောင်းအလဲတွေလုပ်လိုက်တာနဲ့ စိုးရိမ်နေတဲ့စိတ်တွေကို ဖျောက်ဖို့လိုပါတယ်။ တင်ပြပုံတွေဘယ်လိုဘဲ ကွဲပါစေ MBCT နဲ့ကိုက်ညီရင် ဘယ်လို တင်ပြချက်မဆို အမှတ်ရလိမ့်မယ်လို့ ထင်ပါတယ်။ 

MBCT နဲ့ပတ်သက်ပြီး မေးနေကြလို့ Buddhist psychotherapy ကို ခြောက်လသာသာ လေ့လာထားတဲ့ ဦးနှောက်သေးသေးလေးနဲ့ ပြောပြတာပါ။ တော်လို့ တတ်လို့ မဟုတ်ပါ။ မှားရင်လည်း ပြောပြပါဦးလို့ ဖိတ်ခေါ်ချင်ပါတယ်။ လိုနေရင်လည်း ပြင်ဆင်ပေးပါဦးလို့ ပြောချင်ပါတယ်။

လေးစားစွာဖြင့် 

အရှင်နန္ဒိယ (ဖယ်ခုံ) 

22.09.2018  5:36:00 PM


MBCT နဲ႔ ပတ္သက္၍ 

Mindfulness Based Cognitive Therapy topic နဲ႔ပတ္သက္ၿပီးေတာ့ အခုတေလာ တစ္ခ်ိဳ႕ေကလနိယေက်ာင္းသားေတြၾကားမွာ သံသယေတြရွိၾကမယ္ထင္တယ္။ ေခါင္းစဥ္ကတူေနေပမယ့္ ပို႔ခ်ခ်က္ေတြအရမ္းကို ကြာျခားလြန္းေနေတာ့ ေရြးခ်ယ္ဖို႔ အခက္ေတြ႔ၾကတယ္လို႔လည္းၾကားရတယ္။ MBCT နဲ႔အနီးစပ္ဆုံးႏိႈင္းယွဥ္ၿပီး စဥ္းစားရင္ေတာ့ Behavior Cognitive therapy ကို ေျပာရင္ေကာင္းမယ္ထင္တယ္။ ဆိုးရြားေနတဲ့ အမႈအရာတစ္ခုခုကို ကုစားဖို႔ဆိုတဲ့အခ်ိန္မွာ အမူအရာခ်င္းမတူရင္ ကုစားပုံေတြလည္း တူမွာမဟုတ္ပါဘူး။ သို႔ေသာ္ အဲဒါအမႈအရာကိုစြဲလမ္းေနတဲ့စိတ္၊ က်င့္သားရေနတဲ့အက်င့္ေတြကို ေဖ်ာက္ဖို႔ဆိုတဲ့ဦးတည္ခ်က္ေတာ့တူေနရမွာေပါ့။ MBCT မွာ လည္း ဒီလိုပါဘဲ အနာေရာဂါတစ္ခုခု သို႔မဟုတ္ စိတ္ဒဏ္ရာတစ္ခုခုေၾကာင့္ ျဖစ္ေနတဲ့စိတ္ေရာဂါကို ကုစားတဲ့အခ်ိန္မွာ လူနာေတြရဲ႕အေျခအေနေပၚမူတည္ၿပီး ကုစားပုံေတြလည္း ကြဲျပားၾကမွာေပါ့။ MBCT မွာေတာ့ သတိကိုအေျခခံတဲ့ကုစားနည္းတစ္ခု။ 

ယူရုိက ေဆးရုံေပါင္း ၅၀၀ ေလာက္က လူနာေတြကို တရားထိုင္ၿပီးကုစားနည္းတစ္ခုကို စမ္းသပ္ခဲ့ရာကစၿပီး ဒီ MBCT ကေပၚလာခဲ့တာဘဲမဟုတ္လား။ MBCT ကုစားနည္းကိုုအသုံးျပဳရာမွာ​---
၁။ လူနာေတြရဲ႕အေတြးနဲ႔ခံစားခ်က္ေတြကိုလည္း လက္ခံရမယ္။
၂။ လူနာစိတ္ကို လက္ရွိပစၥဳပၸန္ဆီကိုပို႔ေဆာင္ေပးရမယ္ ဆိုတဲအခ်က္က အဓိကက်တယ္။
ဒီႏွစ္ခ်က္လုံးက တရားမွတ္တဲ့ ဗုဒၶဘာသာလမ္းစဥ္နဲ႔တစ္သားထဲဘဲမလား။ ဘာကြာေနလို႔လဲ။ MBCT နဲ႔ ဗုဒၶတရားေတာ္တို႔ဆက္စပ္မႈေတြကို သြားတဲ့လမ္းေၾကာင္းနဲ႔ ကုစားပုံေတြကအစ တူေနတာကိုေတြ႔ရတယ္။ MBCT မွာေတာ့ နိဗၺာန္အထိသြားေနတာေတာ့ မဟုတ္ဘူးေပါ့ေလ။ စိတ္ေရာဂါကုစားတဲ့ ကုထုံးတစ္ခုအေနနဲ႔သာ အသုံးျပဳသည့္နည္းလမ္းတစ္ခုသာျဖစ္သင့္အတြက္ လူနာေတြရဲ႕စိတ္က ပုံမွန္အေနအထားသို႔ျပန္ေရာက္ရင္ ေအာင္ျမင္ၿပီေပါ့။ 

ဒီႏွစ္ Buddhist psychotherapy subject မွာ MBCT ကိုလည္း topic တစ္ခုအေနနဲ႔ ေပးထားသည့္အတြက္ Buddhist perspective ကေန ခ်ဥ္းကပ္ရပါတယ္။ အရင္ႏွစ္ေတြက ေက်ာင္းသားေဟာင္းတစ္ခ်ိဳ႕ေတြဆီကေျပာတာေတာ့ MBCT ကို ဘေဒၵကရတၱသုတ္ကို အေျခခံၿပီး ပို႔ခ်ေပးတယ္လို႔ဆိုပါတယ္။ ဒီႏွစ္မွာေတာ့ သတိပ႒ာနသုတ္ကိုအေျခခံၿပီး ပို႔ခ်သြားတယ္။ Revision ျပန္္တဲ့အခါမွာေတာ့ ဘာဝနာအဆင့္ဆင့္ Power point ေနာက္ခံထားၿပီး Treatment အမ်ိဳးမ်ိဳးကို ရွင္းျပသြားတယ္။ ရွင္းလင္းခ်က္ေတြကိုေတာ့ နားလည္တယ္၊ သို႔ေသာ္ စာေမးပြဲအတြက္ကိုေတာ့ ေက်ာင္းသားေတြက ဇေဝဇဝါ ျဖစ္သြားတယ္လို႔ၾကားရတယ္။ ဒါေတြအားလုံးက သတိကိုအေျခခံတဲ့ရွင္းလင္းခ်က္ေတြႀကီးပါဘဲ။ 

ဘေဒၵကရတၱသုတ္က စိတ္ကိုအနာဂတ္ သို႔မဟုတ္ အတိတ္ဆီကေန ပစၥဳပၸန္ဆီကိုျပန္လာခိုင္းတာ။ အဲဒီသုတ္ကိုရွင္းျပရင္ ဆရာက Communication cart ရဲ႕ သီအိုရီေလးနဲ႔ P,T and R ဆိုၿပီးရွင္းျပေလ့ရွိတယ္။ ဒီႏွစ္မွာ Patient, Therapist and Relative လို႔ ရွင္းျပေပမယ့္ အရင္ႏွစ္ေဟာင္းေက်ာင္းသားေတြေျပာတာကေတာ့ Patient, Therapist and Reduction လို႔သိရတယ္။ ဘယ္လိုေနေန ႏွစ္ခုလုံးကေတာ့ ဒီ psychotherapy အတြက္ သင့္ေတာ္တယ္။ ဒီႏွစ္မွာေတာ့ ဒီ Communication cart ကိုေတာ့ Buddhist counselling ပို႔ခ်တုန္းက အက်ယ္တစ္ဝင့္ေျပာျပတယ္။ ဒီ Communication cart theory ကိုေတာ့ MBCT အတြက္သီးသန္႔မဟုတ္ဘဲ Psychotherapy နဲ႕ Counselling activity တိုင္းနဲ႔သက္ဆိုင္ပါတယ္။ တစ္ခ်ိဳ႕ေတြကေျပာၾကတယ္ MBCT ကိုေရးရင္ Communication cart ကို အက်ယ္တဝင့္ေရးရမယ္တဲ့။ ေျပာခ်င္တာက ဒီ Communication cart က Theory တစ္ခုဘဲျဖစ္တယ္။ Psychotherapy မွာေတာ့ Psychology လို သီအိုရီကိုေဖာ္ျပရုံနဲ႔မရဘူး။ Science သက္သက္မဟုတ္ဘူး၊ Practice ျဖစ္တယ္။ Treatment တစ္ခုခုေတာ့ပါေနရမယ္။
Buddhist psychotherapy တို႔ Buddhist counseling တို႔ကို ေရးတဲ့အခါမွာ Buddhist psychotherapy, Buddhist counseling ေတြကို ရွာေရးေနတာမဟုတ္ဘူး။ Buddha’s Teaching ထဲက Psychotherapy value, counseling value ေတြကို ေရးေနတာ။ Buddhist Teaching ထဲကို Psychotherapy, counseling တို႔ကို ထည့္ေနတာမဟုတ္ဘူး။ Psychotherapy ထဲကို Buddhist teaching ေတြထည့္ေနတာ။ Christian teaching, Muslim teaching ေတြဘဲျဖစ္ျဖစ္ ထည့္လို႔ ရတယ္။ 

MBCT ကိုေရးတဲ့အခါမွာ ဘေဒၵကရတၱသုတ္ကိုအေျခခံရမယ္၊ သတိပ႒ာနသုတ္ကို အေျခခံရမယ္ စတဲ့ သတ္မွတ္ခ်က္ေတြမရွိပါဘူး။ Mindfulness ကိုအေျခခံတဲ့ Treatment ျဖစ္တဲ့ Buddha’s teaching ျဖစ္ဖို႔ဘဲလိုပါတယ္။ ဘေဒၵကရတၱသုတ္ဘဲ အေျခခံခံ၊ သတိပ႒ာနသုတ္ဘဲအေျခခံခံ အျခားသာမညဖလသုတ္စတဲ့ သုတ္ေတြကိုဘဲအေျခခံခံ၊ အဘိဓမၼာပိဋကတ္ထဲကတရားေတာ္ ေတြဘဲ အေျခခံခံ MBCT နဲ႔ကိုက္ညီတဲ့ proposition ျဖစ္ဖို႔ဘဲလိုအပ္ပါတယ္။ အခုလက္ရွိေျဖရမယ့္ MBCT ကိုလည္း ဘယ္ theory အေျခခံတယ္ဆိုတာကို ၾကည့္စရာမလိုဘဲ၊ Therapy ကို ဘယ္လိုသင္ျပသြားတယ္ဆုိတာကို ပိုၿပီးအေရးႀကီးတယ္ထင္ပါတယ္။ MBCT topic နဲ႔ပတ္သက္ၿပီး ေက်ာင္းသားေတြအမ်ိဳးမ်ိဳးေရးၾကလိမ့္မယ္။ သူ႔ရႈေထာင့္နဲ႔သူေတာ့ မွန္ၾကလိမ့္မယ္။ ဘယ္ Topic က အမွတ္ပိုရလိမ့္မယ္ဆိုတာကိုေတာ့ အမွတ္ေပးတဲ့သူေပၚမွာမူတည္ပါတယ္။ သူမ်ားေရးတဲ့ Topic ေတြၾကည့္သလို ကိုယ္ကိုယ္တိုင္ရဲ႕ ထင္ျမင္ခ်က္၊ တင္ျပခ်က္ေတြကိုလည္း ေရးလို႔ရပါတယ္။ အဓိကက အေျပာင္းအလဲေတြလုပ္လိုက္တာနဲ႔ စိုးရိမ္ေနတဲ့စိတ္ေတြကို ေဖ်ာက္ဖို႔လိုပါတယ္။ တင္ျပပုံေတြဘယ္လိုဘဲ ကြဲပါေစ MBCT နဲ႔ကိုက္ညီရင္ ဘယ္လို တင္ျပခ်က္မဆို အမွတ္ရလိမ့္မယ္လို႔ ထင္ပါတယ္။ 


MBCT နဲ႔ပတ္သက္ၿပီး ေမးေနၾကလို႔ Buddhist psychotherapy ကို ေျခာက္လသာသာ ေလ့လာထားတဲ့ ဦးေႏွာက္ေသးေသးေလးနဲ႔ ေျပာျပတာပါ။ ေတာ္လို႔ တတ္လို႔ မဟုတ္ပါ။ မွားရင္လည္း ေျပာျပပါဦးလို႔ ဖိတ္ေခၚခ်င္ပါတယ္။ လိုေနရင္လည္း ျပင္ဆင္ေပးပါဦးလို႔ ေျပာခ်င္ပါတယ္။


ေလးစားစြာျဖင့္ 

အရွင္နႏၵိယ (ဖယ္ခုံ) 

22.09.2018  5:36:00 PM