Wednesday, September 26, 2018

ဆရာစလုတ်မာန်နဲ့ဒုတိယအကြိမ်စိတ်ဒဏ်ရာကုစားခြင်းအကြောင်းကို စမြုံပြန်ခြင်း

 
အဆောက်အဦးကခိုင်ခိုင်ခံ့ခံ့၊ မားမားမတ်မတ်၊ အုဋ်နံရံတွေနဲ့ သစ်သားတွေနဲ့ရောထားသည့် ခေတ်မီပြီး လူတိုင်းကြိုက်သည့်ပုံစံ။ သစ်သားတွေရှားပါးလာသည့်နှင့်အမျှ သစ်သားအဆောက်အဦးတွေ နည်းသထက်နည်းလာပေမယ့် ဒီနေရာမှာတော့ သစ်သားအဆောက်အဦးတွေကမျက်နှာရနေလျှက်ပင်။ အပေါ်ကမျက်နှာကျက်၊ သွပ်၊ ကြီးမားသည့်အိမ်တိုင်၊ တံခါးပေါက်နဲ့ပြတင်းပေါက်က သစ်သားတံခါးတွေ ကအစ စျေးတော်တော်ကြီးမည့်ပရိဘောဂတွေဖြစ်သည်ဆိုတာ မပြောပေမယ့် ကလေးတွေကအစ သိသည်။ နေရာကပဲခူး၊ ဆယ်မိုင်ကုန်းက ကျောက်တန်းရွာက ဝေဠုဝန်ကျောင်းရဲ့ ကျောင်းဆောင် တစ်ဆောင်ဖြစ်ပါသည်။ ဒီအဆောင်ကို ပန်းချီပြခန်းလုပ်မည်လို့ကြားပါသည်။ ရှေ့နောက်အရှည်လိုက် တည်ဆောက်ထားသည်။ တံခါးပေါက်ကအရှေ့ဘက်ဆိုတော့ လှေကားကရှေ့ဘက်ကနေ အနောက်ဘက် ကိုတက်သွားတာပေါ့။

အချိန်က ၁၀နာရီ ၄၅ မိနစ်ဖြစ်မည်။ အရှေ့ဘက်ကိုဆင်းလာကြသည့် လှေကားပေါ်က သင်တန်းသား များတွေက ညာဘက်ခြေဖဝါးနဲ့စီးနေတဲ့ဖိနပ်တွေကြားမှာ ကျောက်ခဲတုံးတစ်လုံးကိုခုပြီးဆင်းလာကြသည်။ သင်တန်းသားသင်တန်းသူများက (၃၀)လောက်ရှိမည်။ အဆောင်ရဲ့ရှေ့ဘက်ကရပ်နေသည့် သရက်ပင်အောက်ရောက်တော့ ဆရာကမေးသည် အားလုံးအဆင်ပြေကြလား။ ခုလုခုလုဖြစ်နေသည်၊ ခြေထောက်နာသည်၊ လမ်းကောင်းကောင်းလျှောက်လို့မရပါ စသည်ဖြင့်ဖြေကြသည်။ တစ်ချို့ကျတော့ သိသာသည်၊ ဘယ်ဘက်ခြေထောက်ကိုအားပြုပြီးလျှောက်ကြသည်၊ တစ်ချို့ကျတော့မသိသာပါ။ ဣနြေ္ဒကြီးစွာ လျှောက်နေလေသည်။

ခပ်မြန်မြန်လျှောက်ကြည့်သည်။ နှေးနှေးလေးလျှောက်ကြည့်သည်။ ပြီးတော့ လှေကားပေါ်ပြန်တက် သွားသည်။ အထဲရောက်တော့ ဆရာဆလုပ်မာန်ကမေးသည်။ လျှောက်ရတာအဆင်ပြေရဲ့လား၊ လုံးဝ မပြေပါလို့ဖြေကြသည်။ ဒီလိုပါပဲ လောကကြီးထဲလျှောက်တဲ့အခါ စိတ်ဒဏ်ရာတွေရှိနေတယ်ဆိုရင် ဘယ်လိုမှအဆင်ပြေမှာမဟုတ်ပါဘူး။ ကြောက်တုံးကလေးခုတာထက်ဆိုးပါတယ်။ စိတ်ဒဏ်ရာတွေကို ကုစားမလား၊ ဖြေလျှော့မလား၊ ခါချကြမလား၊ ဒီအတိုင်းပဲခုပ်ကိုင်ထားကြမလား။

လွန်ခဲ့သည်(၇)လတုန်းက လေ့လာခဲ့သည့် Trauma healing အကြောင်းကို အချိန်တိုလေးအတွင်းမှာ ပြန်မှတ်မိအောင် ဆရာစလုတ်မာန်က ပြန်ပြောပြခဲ့ပါသည်။ စိတ်ဒဏ်ရာတွေကဘာတွေလဲ၊ စိတ်ဒဏ်ရာ ဘာကြောင့်ဖြစ်တာလဲ၊ စိတ်ဒဏ်ရာရဲ့အမျိုးအစားတွေကော ဘာတွေလဲဆိုတာမျိုး။ စိတ်ဒဏ်ရာတွေက အကြမ်းဖက်မှုနဲ့ ဆုံးရှုံးမှုတစ်ခုခုကြောင့်ဖြစ်ကြတယ်လို့ ဆိုပါသည်။ စိတ်ဒဏ်ရာအကြောင်းပြောရင် အား အကြောင်းလည်းပြောရပါသည်။ တစ်ခုခုဖြစ်လာလျှင် တုန့်ပြန်တတ်သည့်အားရှိပါသည်။ လူတွေသာမက သက်ရှိသတ္တဝါများအားလုံးပြန်တုန့်ပြန်ကြပါသည်။ ဥပမာ ကြက်တွေဆိုလျှင် အတောင်ပံနှစ်ဖက်ကိုကားပြီး ခါချလိုက်တာမျိုး။

အခြားသောသတ္တဝါတွေမှာလည်း ပင်ပန်းနွမ်းနယ်မှုတွေကို တစ်မျိုးမဟုတ်တစ်မျိုး ခါချကြ တုန့်ပြန်ကြ ကုစားကြပါသည်။ လူတွေမှာ စိတ်ဖိစီးမှု သို့မဟုတ် ပင်ပန်းမှု စသည့်စိတ်ညစ်စရာတစ်ခုခုဖြစ်လာလျှင် ဖွင့်ပြောလိုက်တာမျိုး၊ ငိုချလိုက်တာစသည်ဖြင့် ပြုလုပ်ပြီးစိတ်ဖိစီးမှုများ စိတ်ညစ်စရာများကို ဖြေလျှော့ကြ သည်။ မဖြေလျှော့နိုင်ဘဲကြာလာများလာ ပြင်ထန်လာလျှင် စိတ်ဒဏ်ရာအဆင့်ထိဖြစ်လာနိုင်ပါသည်။ မထင်မှတ်ဘဲကြောက်စရာ လန့်စရာများနဲ့ ကြုံလာသည့်အခါ တုန့်ပြန်တတ်သည့်အားများကို ကြောက်အား လန့်အားများဟုလည်းခေါ်ကြပါသည်။ ကြောက်အားလန့်အားများကြောင့် လူတွေပြုလုပ်တတ်ကြသည်မှာ တစ်ချို့က ထွက်ပြေးကြသည်။ တစ်ချို့က ပြန်ခုခံကြသည်။ တစ်ချို့က ကြက်သေသေကြပါသည်။ ထိုကြောက်အားလန့်အားများရဲ့ သာဓကတွေကို ပြောရင်ကုန်နိုင်မယ်မထင်။ စိတ်ဒဏ်ရာအကြောင်းကို ပြောကြသည့်ပညာရှင်များက စိတ်ဒဏ်ရာအကြောင်းကို ပြောသည့်အခါ ဦးနှောက်ကို လေးပိုင်းခွဲကြပါ သည်။ စဉ်းစားကြသည့်ဦးနှောက်၊ ဆက်စပ်ပေးသည့်ဦးနှောက်၊ ခံစား မှတ်သားသည့်ဦးနှောက်၊ တုန့်ပြန်သည့်ဦးနှောက်လို့လေးမျိုးရှိပါသည်။

ထိုလေးမျိုးထဲက ဆက်စပ်ပေးသည့်ဦးနှောက်ကအမြဲရှင်သန်နေဖို့ အလုပ်လုပ်ဖို့လိုပါလိမ့်မည်။ ဆက်စပ် ပေးသည့်ဦးနှောက်က အလုပ်မလုပ်နိုင်တော့ရင် စဉ်းစားတတ်တဲ့ဦးနှောက်ကဘေးထိုင်ချပြီး အလုပ်မလုပ် တော့ပါ။ ထိုအခါမျိုးမှာ ခံစားတဲ့ဦးနှောက်နဲ့ တုန့်ပြန်တဲ့ဦးနှောက် နှစ်ခုပဲ အလုပ်လုပ်ပါသည်။ စဉ်းစား ဝေဖန်မှုမပါဘဲ စိတ်ခံစားမှုအတိုင်း တုန့်ပြန်လိုက်သောအရာများသည် ညီမျှမှုမရှိဘဲ၊ အလွှဲလွှဲအလျှော်လျှော် ဖြစ်လာပါတော့သည်။ ထိုအခါမျိုးမှာ လူတွေ(သို့ - စိတ်ဒဏ်ရာပိုင်ရှင်များ)ရဲ့တုန့်ပြန်မှုများလုပ်ရပ်များသည် အကျဉ်းတန်သွားပါလေတော့သည်။

ဆက်စပ်ပေးသောဦးနှောက်အလုပ်မလုပ်နိုင်ရင် စိတ်ဒဏ်ရာအမျိုးအစားများဖြစ်တဲ့ တစ်ဦးချင်းစီမှာဖြစ်တဲ့ စိတ်ဒဏ်ရာ၊ အဖွဲ့အစည်းကြောင့်စသည့် အများနဲ့ဖြစ်တဲ့စိတ်ဒဏ်ရာ၊ သမိုင်းကပေးသည့်စိတ်ဒဏ်ရာ စသည့်စသည့်ဒဏ်ရာများပေါ်လာကာ ခံစားမှုနဲ့တုန့်ပြန်မှုနှစ်ခုသာရှိပြီး စဉ်းစား၊ ဝေဖန်၊ သုံးသပ်၊ ခွဲခြမ်း စိတ်ဖြာမှုကင်းမဲ့သွားပါသည်။

ဒီလိုသာဖြစ်လာရင် မကျေနပ်ခြင်း၊ ခွင့်မလွတ်နိုင်ခြင်း၊ အငြိုးထားခြင်းများကြောင့် အနိုင်ကျင့်ခြင်း၊ ကောက်ကျစ်ခြင်း၊ တရားမျှတမှုကိုသွေဖယ်ခြင်းစသည့်အရာများဖြစ်လာပါတော့သည်။ ဒီလိုနဲ့ဘဲ သူတစ်လှည့်ကိုယ့်တစ်လှည့်အနိုင်ယူဖို့ကြိုးစားရင်း မုဆိုးတစ်လှည့်၊ သားကောင်တစ်လှည့်ဖြင့် ဒီမုဆိုး သားကောင် စက်ဝိုင်းက လည်နေပါတော့မည်။
ဒီစက်ဝိုင်းထဲကလွှတ်မြောက်နိုင်ဖို့၊ ပျောက်ကင်းနိုင်ဖို့ဆိုရင် အမှန်တရား၊ မေတ္တာတရား၊ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်း ဆိုသည့်တရားလေးမျိုးတို့ဖြင့်သာလက်ကိုင်ထားရမည်ဖြစ်ပါသည်။ ခံနိုင်ရည်စွမ်းအားများကို မွေးမြူနိုင်ဖို့လိုပါလိမ့်မည်။ ခံနိုင်ရည်စွမ်းအားများမရှိပါက မလွတ်မြောက်နိုင်ဘဲမုဆိုးသားကောင်စက်ဝိုင်းထဲ ကိုဘဲ ပြန်ဝင်သွားနိုင်ပါသည်။

ဖိနပ်နဲ့ခြေဖဝါးကြားကကြောက်တုံးကလေးကိုတော့ ထုတ်လိုက်ပါပြီ၊ လမ်းလျှောက်ရတာလည်း သက်တောင့်သက်သာရှိနေပါပြီ။ စိတ်ဒဏ်ရာကိုလည်းထုတ်ပစ်ရပါမည်။ ဆက်စပ်ပေးသည့်ဦးနှောက် အလုပ်လုပ်ဖို့ အမြဲရှင်သန်နေဖို့လိုပါမည်။

ဗုဒ္ဓတရားတော်တွေထဲက ငြိမ်းချမ်းရေးတရားတော်များ၊ ဒဏ်ရာကုစားသည့်ဟောပြောချက်များ၊ လွတ်မြောက်မှုတရားတော်များရှိနေပြီးသားကိုလည်း အားလုံးကသိနေကြပါသည်။ လောကီပညာရှင်တွေရဲ့ ဟောပြောချက်နဲ့ ထပ်တူကျသလား၊ တူသလား၊ ကွာသလားဆိုတာကို တိုက်ကြည့်ဖို့ ချိတ်ဆက်ဖို့ Trauma Healing အကြောင်းကို အချိန်တိုလေးအတွင်းမှာ ဆရာ စလုတ်မာန်ကပြန်ပြီးထုတ်ပြလိုက်ပါသည်။

23.9.2017 မနက်ခင်းရဲ့နေရောင်ခြဉ်များသည် ဝေဠုဝန်ကျောင်းဝင်းထဲထိုးဖောက်ဝင်လာနေသည်။ ကျောင်းဆောင်ထဲက ဆရာစလုတ်မာန်ရဲ့ဦးဆောင်မှုများနဲ့သင်တန်းသာများရဲ့ဆွေးနွေးမှုအားတွေကို အပြင်ကနေလှမ်းကြည့်နေသည်။ ဒါတွေကို ဝေဠုဝန်ကျောင်းဝင်းထဲကပန်းပုရုပ်တွေကအစသိသည်။

မှားတာရှိရင် ပြင်ပေးကြပါဦးလို့
အရှင်နန္ဒိယ(ဖယ်ခုံ)
25.9.2017 10:40:00 AM

Nandiya Bhikkhu



ဆရာစလုတ္မာန္နဲ႔ဒုတိယအႀကိမ္စိတ္ဒဏ္ရာကုစားျခင္းအေၾကာင္းကို စၿမံဳျပန္ျခင္း 
 
အေဆာက္အဦးကခိုင္ခိုင္ခ့ံခံ့၊ မားမားမတ္မတ္၊ အုဋ္နံရံေတြနဲ႔ သစ္သားေတြနဲ႔ေရာထားသည့္ ေခတ္မီၿပီး လူတိုင္းႀကိဳက္သည့္ပုံစံ။ သစ္သားေတြရွားပါးလာသည့္ႏွင့္အမွ် သစ္သားအေဆာက္အဦးေတြ နည္းသထက္နည္းလာေပမယ့္ ဒီေနရာမွာေတာ့ သစ္သားအေဆာက္အဦးေတြကမ်က္ႏွာရေနလွ်က္ပင္။ အေပၚကမ်က္ႏွာက်က္၊ သြပ္၊ ႀကီးမားသည့္အိမ္တိုင္၊ တံခါးေပါက္နဲ႔ျပတင္းေပါက္က သစ္သားတံခါးေတြ ကအစ ေစ်းေတာ္ေတာ္ႀကီးမည့္ပရိေဘာဂေတြျဖစ္သည္ဆိုတာ မေျပာေပမယ့္ ကေလးေတြကအစ သိသည္။ ေနရာကပဲခူး၊ ဆယ္မိုင္ကုန္းက ေက်ာက္တန္းရြာက ေဝဠဳဝန္ေက်ာင္းရဲ႕ ေက်ာင္းေဆာင္ တစ္ေဆာင္္ျဖစ္ပါသည္။ ဒီအေဆာင္ကို ပန္းခ်ီျပခန္္းလုပ္မည္လို႔ၾကားပါသည္။ ေရွ႕ေနာက္အရွည္လိုက္ တည္ေဆာက္ထားသည္။ တံခါးေပါက္ကအေရွ႕ဘက္ဆိုေတာ့ ေလွကားကေရွ႕ဘက္ကေန အေနာက္ဘက္ ကိုတက္သြားတာေပါ့။

အခ်ိန္က ၁၀နာရီ ၄၅ မိနစ္ျဖစ္မည္။ အေရွ႕ဘက္ကိုဆင္းလာၾကသည့္ ေလွကားေပၚက သင္တန္းသား မ်ားေတြက ညာဘက္ေျခဖဝါးနဲ႔စီးေနတဲ့ဖိနပ္ေတြၾကားမွာ ေက်ာက္ခဲတုံးတစ္လုံးကိုခုၿပီးဆင္းလာၾကသည္။ သင္တန္းသားသင္တန္းသူမ်ားက (၃၀)ေလာက္ရွိမည္။ အေဆာင္ရဲ႕ေရွ႕ဘက္ကရပ္ေနသည့္ သရက္ပင္ေအာက္ေရာက္ေတာ့ ဆရာကေမးသည္ အားလုံးအဆင္ေျပၾကလား။ ခုလုခုလုျဖစ္ေနသည္၊ ေျခေထာက္နာသည္၊ လမ္းေကာင္းေကာင္းေလွ်ာက္လို႔မရပါ စသည္ျဖင့္ေျဖၾကသည္။ တစ္ခ်ိဳ႕က်ေတာ့ သိသာသည္၊ ဘယ္ဘက္ေျခေထာက္ကိုအားျပဳၿပီးေလွ်ာက္ၾကသည္၊ တစ္ခ်ိဳ႕က်ေတာ့မသိသာပါ။ ဣေျႏၵႀကီးစြာ ေလွ်ာက္ေနေလသည္။

ခပ္ျမန္ျမန္ေလွ်ာက္ၾကည့္သည္။ ေႏွးေႏွးေလးေလွ်ာက္ၾကည့္သည္။ ၿပီးေတာ့ ေလွကားေပၚျပန္တက္ သြားသည္။ အထဲေရာက္ေတာ့ ဆရာဆလုပ္မာန္ကေမးသည္။ ေလွ်ာက္ရတာအဆင္ေျပရဲ႕လား၊ လုံးဝ မေျပပါလို႔ေျဖၾကသည္။ ဒီလိုပါပဲ ေလာကႀကီးထဲေလွ်ာက္တဲ့အခါ စိတ္ဒဏ္ရာေတြရွိေနတယ္ဆိုရင္ ဘယ္လိုမွအဆင္ေျပမွာမဟုတ္ပါဘူး။ ေၾကာက္တံုးကေလးခုတာထက္ဆိုးပါတယ္။ စိတ္ဒဏ္ရာေတြကို ကုစားမလား၊ ေျဖေလွ်ာ့မလား၊ ခါခ်ၾကမလား၊ ဒီအတိုင္းပဲခုပ္ကိုင္ထားၾကမလား။

လြန္ခဲ့သည္(၇)လတုန္းက ေလ့လာခဲ့သည့္ Trauma healing အေၾကာင္းကို အခ်ိန္တိုေလးအတြင္းမွာ ျပန္မွတ္မိေအာင္ ဆရာစလုတ္မာန္က ျပန္ေျပာျပခဲ့ပါသည္။ စိတ္ဒဏ္ရာေတြကဘာေတြလဲ၊ စိတ္ဒဏ္ရာ ဘာေၾကာင့္ျဖစ္တာလဲ၊ စိတ္ဒဏ္ရာရဲ႕အမ်ိဳးအစားေတြေကာ ဘာေတြလဲဆိုတာမ်ိဳး။ စိတ္ဒဏ္ရာေတြက အၾကမ္းဖက္မႈနဲ႔ ဆုံး႐ႈံးမႈတစ္ခုခုေၾကာင့္ျဖစ္ၾကတယ္လို႔ ဆိုပါသည္။ စိတ္ဒဏ္ရာအေၾကာင္းေျပာရင္ အား အေၾကာင္းလည္းေျပာရပါသည္။ တစ္ခုခုျဖစ္လာလွ်င္ တုန္႔ျပန္တတ္သည့္အားရွိပါသည္။ လူေတြသာမက သက္ရွိသတၱဝါမ်ားအားလုံးျပန္တုန္႔ျပန္ၾကပါသည္။ ဥပမာ ၾကက္ေတြဆိုလွ်င္ အေတာင္ပံႏွစ္ဖက္ကိုကားၿပီး ခါခ်လိုက္တာမ်ိဳး။

အျခားေသာသတၱဝါေတြမွာလည္း ပင္ပန္းႏြမ္းနယ္မႈေတြကို တစ္မ်ိဳးမဟုတ္တစ္မ်ိိဳး ခါခ်ၾက တုန္႔ျပန္ၾက ကုစားၾကပါသည္။ လူေတြမွာ စိတ္ဖိစီးမႈ သို႔မဟုတ္ ပင္ပန္းမႈ စသည့္စိတ္ညစ္စရာတစ္ခုခုျဖစ္လာလွ်င္ ဖြင့္ေျပာလို္က္တာမ်ိဳး၊ ငိုခ်လိုက္တာစသည္ျဖင့္ ျပဳလုပ္ၿပီးစိတ္ဖိစီးမႈမ်ား စိတ္ညစ္စရာမ်ားကို ေျဖေလွ်ာ့ၾက သည္။ မေျဖေလွ်ာ့ႏိုင္ဘဲၾကာလာမ်ားလာ ျပင္ထန္လာလွ်င္ စိတ္ဒဏ္ရာအဆင့္ထိျဖစ္လာႏိုင္ပါသည္။ မထင္မွတ္ဘဲေၾကာက္စရာ လန္႔စရာမ်ားနဲ႔ ႀကဳံလာသည့္အခါ တုန္႔ျပန္တတ္္သည့္အားမ်ားကို ေၾကာက္အား လန္႔အားမ်ားဟုလည္းေခၚၾကပါသည္။ ေၾကာက္အားလန္႔အားမ်ားေၾကာင့္ လူေတြျပဳလုပ္တတ္ၾကသည္မွာ တစ္ခ်ိဳ႕က ထြက္ေျပးၾကသည္။ တစ္ခ်ိဳ႕က ျပန္ခုခံၾကသည္။ တစ္ခ်ိဳ႕က ၾကက္ေသေသၾကပါသည္။ ထိုေၾကာက္အားလန္႔အားမ်ားရဲ႕ သာဓကေတြကို ေျပာရင္ကုန္ႏိုင္မယ္မထင္။ စိတ္ဒဏ္ရာအေၾကာင္းကို ေျပာၾကသည့္ပညာရွင္မ်ားက စိတ္ဒဏ္ရာအေၾကာင္းကို ေျပာသည့္အခါ ဦးေႏွာက္ကို ေလးပိုင္းခြဲၾကပါ သည္။ စဥ္းစားၾကသည့္ဦးေႏွာက္၊ ဆက္စပ္္ေပးသည့္ဦးေႏွာက္၊ ခံစား မွတ္သားသည့္ဦးေႏွာက္၊ တုန္႔ျပန္သည့္ဦးေႏွာက္လို႔ေလးမ်ိဳးရွိပါသည္။

ထိုေလးမ်ိဳးထဲက ဆက္စပ္ေပးသည့္ဦးေႏွာက္ကအၿမဲရွင္သန္ေနဖို႔ အလုပ္လုပ္ဖို႔လိုပါလိမ့္မည္။ ဆက္စပ္ ေပးသည့္ဦးေႏွာက္က အလုပ္မလုပ္ႏိုင္ေတာ့ရင္ စဥ္းစားတတ္တဲ့ဦးေႏွာက္ကေဘးထိုင္ခ်ၿပီး အလုပ္မလုပ္ ေတာ့ပါ။ ထိုအခါမ်ိဳးမွာ ခံစားတဲ့ဦးေႏွာက္နဲ႔ တုန္႔ျပန္တဲ့ဦးေႏွာက္ ႏွစ္ခုပဲ အလုပ္လုပ္ပါသည္။ စဥ္းစား ေဝဖန္မႈမပါဘဲ စိတ္ခံစားမႈအတုိင္း တုန္႔ျပန္လိုက္ေသာအရာမ်ားသည္ ညီမွ်မႈမရွိဘဲ၊ အလႊဲလႊဲအေလွ်ာ္ေလွ်ာ္ ျဖစ္လာပါေတာ့သည္။ ထိုအခါမ်ိိဳးမွာ လူေတြ(သို႔ - စိတ္ဒဏ္ရာပိုင္ရွင္မ်ား)ရဲ႕တုန္႔ျပန္မႈမ်ားလုပ္ရပ္မ်ားသည္ အက်ဥ္းတန္သြားပါေလေတာ့သည္။

ဆက္စပ္ေပးေသာဦးေႏွာက္အလုပ္မလုပ္ႏိုင္ရင္ စိတ္ဒဏ္ရာအမ်ိဳးအစားမ်ားျဖစ္တဲ့ တစ္ဦးခ်င္းစီမွာျဖစ္တဲ့ စိတ္ဒဏ္ရာ၊ အဖြဲ႔အစည္းေၾကာင့္စသည့္ အမ်ားနဲ႔ျဖစ္တဲ့စိတ္ဒဏ္ရာ၊ သမိုင္းကေပးသည့္စိတ္ဒဏ္ရာ စသည့္စသည့္ဒဏ္ရာမ်ားေပၚလာကာ ခံစားမႈနဲ႔တုန္႔ျပန္မႈႏွစ္ခုသာရွိၿပီး စဥ္းစား၊ ေဝဖန္၊ သုံးသပ္၊ ခြဲျခမ္း စိတ္ျဖာမႈကင္းမဲ့သြားပါသည္။

ဒီလိုသာျဖစ္လာရင္ မေက်နပ္ျခင္း၊ ခြင့္မလြတ္ႏိုင္ျခင္း၊ အၿငိဳးထားျခင္းမ်ားေၾကာင့္ အႏိုင္က်င့္ျခင္း၊ ေကာက္က်စ္ျခင္း၊ တရားမွ်တမႈကိုေသြဖယ္ျခင္းစသည့္အရာမ်ားျဖစ္လာပါေတာ့သည္။ ဒီလိုနဲ႔ဘဲ သူတစ္လွည့္ကိုယ့္တစ္လွည့္အႏိုင္ယူဖို႔ႀကိဳးစားရင္း မုဆိုးတစ္လွည့္၊ သားေကာင္တစ္လွည့္ျဖင့္ ဒီမုဆိုး သားေကာင္ စက္ဝိုင္းက လည္ေနပါေတာ့မည္။
ဒီစက္ဝိုင္းထဲကလႊတ္ေျမာက္ႏိုင္ဖို႔၊ ေပ်ာက္ကင္းႏိုင္ဖို႔ဆိုရင္ အမွန္တရား၊ ေမတၱာတရား၊ တရားမွ်တျခင္း၊ ၿငိမ္းခ်မ္းျခင္း ဆိုသည့္တရားေလးမ်ိဳးတို႔ျဖင့္သာလက္ကိုင္ထားရမည္ျဖစ္ပါသည္။ ခံႏိိုင္ရည္စြမ္းအားမ်ားကို ေမြးျမဴႏိုင္ဖို႔လိုပါလိမ့္မည္။ ခံႏိုင္ရည္စြမ္းအားမ်ားမရွိပါက မလြတ္ေျမာက္ႏိုင္ဘဲမုဆိုးသားေကာင္စက္ဝိုင္းထဲ ကိုဘဲ ျပန္ဝင္သြားႏိုင္ပါသည္။

ဖိနပ္နဲ႔ေျခဖဝါးၾကားကေၾကာက္တုံးကေလးကိုေတာ့ ထုတ္လိုက္ပါၿပီ၊ လမ္းေလွ်ာက္ရတာလည္း သက္ေတာင့္သက္သာရွိေနပါၿပီ။ စိတ္ဒဏ္ရာကိုလည္းထုတ္ပစ္ရပါမည္။ ဆက္စပ္ေပးသည့္ဦးေႏွာက္ အလုပ္လုပ္ဖို႔ အၿမဲရွင္သန္ေနဖို႔လိုပါမည္။

ဗုဒၶတရားေတာ္ေတြထဲက ၿငိမ္းခ်မ္းေရးတရားေတာ္မ်ား၊ ဒဏ္ရာကုစားသည့္ေဟာေျပာခ်က္မ်ား၊ လြတ္ေျမာက္မႈတရားေတာ္မ်ားရွိေနၿပီးသားကိုလည္း အားလုံးကသိေနၾကပါသည္။ ေလာကီပညာရွင္ေတြရဲ႕ ေဟာေျပာခ်က္နဲ႔ ထပ္တူက်သလား၊ တူသလား၊ ကြာသလားဆိုတာကို တိုက္ၾကည့္ဖို႔ ခ်ိတ္ဆက္ဖို႔ Trauma Healing အေၾကာင္းကို အခ်ိန္တိုေလးအတြင္းမွာ ဆရာ စလုတ္မာန္ကျပန္ၿပီးထုတ္ျပလိုက္ပါသည္။

23.9.2017 မနက္ခင္းရဲ႕ေနေရာင္ျခဥ္မ်ားသည္ ေဝဠဳဝန္ေက်ာင္းဝင္းထဲထိုးေဖာက္ဝင္လာေနသည္။ ေက်ာင္းေဆာင္ထဲက ဆရာစလုတ္မာန္ရဲ႕ဦးေဆာင္မႈမ်ားနဲ႔သင္တန္းသာမ်ားရဲ႕ေဆြးေႏြးမႈအားေတြကို အျပင္ကေနလွမ္းၾကည့္ေနသည္။ ဒါေတြကို ေဝဠဳဝန္ေက်ာင္းဝင္းထဲကပန္းပု႐ုပ္ေတြကအစသိသည္။


မွားတာရွိရင္ ျပင္ေပးၾကပါဦးလို႔
အရွင္နႏၵိယ(ဖယ္ခုံ)
25.9.2017 10:40:00 AM








Nandiya Bhikkhu

No comments:

Post a Comment