Sunday, September 30, 2018

ဘီလူးချောင်းပြောသောနေ့တစ်နေ့ အခန်း(၅)

ဘီလူးချောင်းပြောသောနေ့တစ်နေ့ အခန်း(၅)

တစ်ပါးတစ်ကြောင်းပြောင်းကြကုန်ပြီ

ရှင်သူရိယ နယုန်လရောက်လို့မွေတော်ကျောင်းပြန်ရောက်လာသောအချိန် အခြေပြု(ဒုတိယ)တန်း မှာစာသင်သားအသစ်တွေဘဲများနေသည်ကိုသတိထားမိသည်။ စာသင်သားအဟောင်းတွေကကျောင်း ပြောင်းကုန်ပြီဖြစ်သည်။ ရှင်ကဝိဓဇက ရန်ကုန်၊ဝိသုဒ္ဓါရုံကျောင်းမှာပြောင်းသည်။ ရှင်တေဇောဘာသက တောင်ကြီး၊ အေးစေတီကျောင်းကိုပြောင်းသည်။ ရှင်ဝိမလကတော့ ဆီဆိုင်၊ ဇဝနာရာမစာသင်တိုက်မှာ ပြောင်းရွေ့သည်။ အခြားသောကိုရင်တွေက လွိုင်ကော်၊ရွှေတောင်ကျောင်း၊ဥတ္တရာရုံကျောင်းမှာပြောင်းရွေ့ သွားတာလဲရှိသည်။ အစိုးရစာမေးပွဲအောင်စာရင်းထွက်တော့ မွေတော်ကျောင်းမှာတစ်ပါးမှမအောင်သော နှစ်တစ်နှစ်ဖြစ်သည်။ အခြေပြု(ဒုတိယ)တန်းမှာ အဟောင်းလေးပါး၊ ငါးပါးနဲ့အသစ်အပါးနှစ်ဆယ်နဲ့ စာသင် သားအပါးနှစ်ဆယ်ကျော်ရှိလာပါပြီ၊ ပျော်ဖို့လည်းပိုကောင်းပါသည်။ မပျော်နိုင်တာရှင်သူရိယတစ်ပါးဘဲရှိ မည်ထင်သည်။ သူငယ်ချင်းတွေကိုသတိရနေသောကြောင့်ဖြစ်သည်။

“သူတို့တတွေပြန်လာကြမည်ထင်ပြီးပြန်လာခဲ့တာ၊ အခုတော့ထင်သလိုမဟုတ်ဘူး၊ ဒီလိုမှန်းသိရင် ငါလည်းကျောင်းပြောင်းပါတယ်”ဟုခဏခဏပြောနေပါသည်။ နောကအစာမကျေသည့် အကြောင်းအရာ တစ်ခုက “ရှင်ကဝိဓဇက ဘာလို့ရှင်တေဇောဘာသကို ခဲလုံးနဲ့ပစ်ရတာလဲ၊ ဘာမဟုတ်တဲ့ပြဿနာလေး၊ အဆင်မပြေတာလေးတစ်ခုလေးနဲ့ ခဲလုံးနဲ့ပစ်ရလောက်အောင်အငြိုးအတေးတွေထားရသလား၊သူငယ်ချင်း အချင်းချင်းဘဲကို နားမလည်နိုင်ဘူးလား၊ စိတ်ဓာတ်ကတော်တော်ညံ့တာပဲ” ဆိုသည့်စကားကိုခဏခဏ ပြောလေသည်။ 

ကြားဖန်များလာတော့ရှင်သုစိတ္တလည်းမနေနိုင်တာနဲ့ဝင်ရှင်းပြလိုက်သည်။ “အဲဒီခဲလုံးက ရှင်ကဝိ ဓဇကပစ်တာမဟုတ်ဘူး၊ ရှင်ဣန္ဒာဝုဓကပစ်တာ၊ ရှင်တေဇောဘာသကိုပစ်တာမဟုတ်ဘူး၊ တပည့်တော်ကို ပစ်တာ၊ ရှင်တေဇောဘာသနားမှာတပည့်တော်ရှိတယ်လေ၊ တပည့်တော်ဆီပစ်တဲ့ခဲလုံးက ရှင်တေဇောဘာ သလက်ကိုထိသွားတာပါ”
“ရှင်ဣန္ဒာဝုဓက ဘာလို့ပစ်တာလဲ”
“တပည့်တော်နဲ့သူနဲ့က ခဲလုံးနဲ့ပစ်ကစားနေကျပဲလေ၊ တပည့်တော်လည်းသူ့ကိုအဝေးကနေလှမ်း ပစ်ပြီးစတာပဲလေ၊ သူလည်းတပည့်တော်ကိလှမ်းပစ်ပြီးစတာ၊ ခဲလုံးကလည်းအကြီးမဟုတ်ပါဘူး၊ သေးသေး လေးပါ၊ အဝေးကလာတဲ့အရှိုန်နဲ့ဆိုတော့ နည်းနည်းတော့နာတာပေါ့၊ အမှတ်တမဲ့မို့ လန့်ပြီးရှင်တေဇောဘာ သက ဓာတ်ဗူးကိုလွှတ်ချမိသွားတာပါ”
“ဒါဆိုရင်အဲဒီညအရှင်ဘုရားကဘာဖြစ်လို့မပြောတာလဲ”
“ပြောမလို့ပါ၊ ရှင်ဣန္ဒာဝုဓကပစ်ပြီးထွက်သွားတာလေ၊ သူ့ကိုမတွေ့တော့တာနဲ့မပြောဖြစ်တာ၊ သူပစ်တာလို့စိတ်ထဲကတော့ထင်ပြီးသား၊ နောက်ရှင်ဝိမလကလည်း ရှင်ကဝိဓဇပစ်တာလို့ပြောတော့ တပည့်တော်လည်း ရှင်ဣန္ဒာဝုဓကိုမမြင်လိုက်ရတာနဲ့ ရှင်ကဝိဓဇများဖြစ်နေမလားလို့တွေးမိလို့ မပြောဘဲ နေလိုက်တာ၊ အရှင်ဘုရားတို့လည်းတပည့်တော်တို့လိုပဲခင်နေကြတာဘဲဟာ၊ တပည့်တို့လို ဆော့ကြတာ လို့ပဲထင်တာပေါ့။ အဲဒီအချိန်တုန်းက စာမေးပွဲဖြေဖို့ဘဲအာရုံစိုက်နေတော့ ခဲလုံးအကြောင်းကိုဂရုမစိုက်မိ ဘူး၊ စာမေးပွဲပြီးနှစ်ရက်သုံးရက်ကြာမှ စကားစပ်မိလို့ ရှင်ဣန္ဒာဝုဓကပြောပြလို့သိလိုက်တာ၊ အဲဒီအချိန်မှာ အရှင်ဘုရားတို့မရှိတော့ဘူး၊ ရွာပြန်ကုန်ပြီလေ၊ ရှင်တေဇောဘာသတို့ ကျောင်းပြောင်းဖို့ ပစ္စည်းလာယူတဲ့အ ချိန်မှာလည်း တပည့်တော်တို့မှမရှိတော့တာ၊ ရွာပြန်ရောက်ကုန်ပြီလေ”
“ဒါဆိုရင်ရှင်ဝိမလပြောသလို ရှင်ကဝိဓဇပစ်တာမဟုတ်ဘူးပေါ့”
“မဟုတ်ဘူး၊ ရှင်ကဝိဓဇကဘာမှမသိဘူး”
အဲဒီအဖြေကိုသိလိုက်ရသည့်အခါ အချိန်ကနှောင်းကုန်ပြီဆိုတာသိလိုက်ရပါသည်။ အချိန်ကာလ ကကြာသွားလို့သွေးအေးနေပြီဖြစ်တဲ့ဖြစ်ရပ်လေးမို့ စိတ်တိုဖို့၊ ရှင်သုစိတ္တကိုအပြစ်တင်ဖို့လည်း မလုပ်ချင် တော့ဘူး။ သေချာအောင် ရှင်ဣန္ဒာဝုဓကိုသွားမေးကြည့်သည်။ ရှင်ဣန္ဒာဝုဓကလည်း ရှင်သုစိတ္တဖြေသည့် အတိုင်းပင်ဖြေပါသည်။ 

ရှင်တေဇောဘာသနဲ့ရှင်ဝိမလတို့ကတော့ ရှင်ကဝိဓဇကိုအထင်တွေလွှဲကုန်ပြီ၊ ငါလည်းအထင်လွှဲခဲ့ တာပဲ။ ဒါတွေကို ရှင်ကဝိဓဇကဘာမှမသိရှာပါလား။ ငါတို့ကိုအစစအရာရာ ကူညီခဲ့သည့်ရှင်ကဝိဓဇ အခု တော့အထင်လွှဲခံလိုက်ရပြီ၊ ဒီအကြောင်းကိုငါဘယ်လိုပြောပြရမလဲ။ ရှင်ဝိမလရှိရာဆီဆိုင်ကိုလည်းမရောက် ဖူး၊ ရှင်တေဇောဘာသရှိရာတောင်ကြီးကိုလည်းမရောက်ဖူး၊ ရှင်ကဝိဓဇရှိရာ ရန်ကုန်ဆိုရင်ပိုလို့တောင်ဝေး ဦးမယ်။ မတတ်နိုင်ဘူးလေ၊ အကယ်၍ငါသာသူတို့လိုကျောင်းပြောင်းသွားရင် ဒီအဖြေမှန်ကိုငါလည်းသိရမှာ မဟုတ်ဘူး။ ငါကျောင်းမပြောင်းခဲ့တာတော်သေးတာပေါ့။ တစ်နေ့နေ့တော့သူတို့နဲ့ထပ်တွေ့ဦးမှာပါ။ 

ဒီအဖြေမှန်ကိုသိရပြီးနောက်ပိုင်းရှင်သူရိယသည် သူတို့ကိုပိုပြီးသတိရလေသည်။ သူစံနေကျနေရာ ဖြစ်သည့် ပန်းပင်အောက်ထိုင်ခုံပေါ်နဲ့ ရေသိမ်ပေါ်ကတိုင်ကိုမှီပြီးစကားပြောလေသည်။ “စာမေးပွဲကိုမဲနေလို့ ငါတို့တတွေအဖြေမရှာခဲ့ကြဘူး၊ ခင်မင်မှုတွေပျက်စီးသွားတယ်။ စာမေးပွဲကငါတို့ရဲ့ခင်မင်မှုကိုဖျက်ဆီးနေ တယ်။ ဒီစာမေးပွဲအတွက်နဲ့ငါတို့ကအခြားဘာကိုမှမမြင်တော့ဘူး၊ မသိတော့ဘူး”လို့ဆိုပြီးစာမေးပွဲကိုလည်း အပြစ်မြင်တတ်လာလေသည်။ 

“ရှင်တေဇောဘာသရယ် တစ်ခုခုဆိုရင်အရှင်ဘုရားက ပြဿနာရှာနေကျလူမဟုတ်ဘူးလား၊ အ သေးအမွှားကိစ္စတွေတောင် ပုံကြီးချဲ့တတ်သူမဟုတ်ဘူးလား၊ အရှင်ဘုရားပြဿနာရှာတိုင်း ရှင်ကဝိဓဇက အဖြေရှာပေး၊ ဖြေရှင်းပေးနေကြပဲလေ မဟုတ်ဘူးလား၊ အဲဒီညကဘာဖြစ်လို့ပြဿနာမရှာတာလဲ၊ အကယ် ၍ အရှင်ဘုရားသာပြဿနာထရှာလိုက်ရင် ပြဿနာကဖြေရှင်းပြီးသားဖြစ်သွားမယ်လေ၊ ဘာဖြစ်လို့နှုတ် ပိတ်နေရတာလဲ၊ အခုတော့သွားပြီ၊ လွန်ကုန်ပြီ၊ ဟိုအဝေးကိုရောက်သွားကြပြီ” 

“ရှင်ဝိမလရယ်၊ အရှင်ဘုရားကပြဿနာရှာတတ်သူမဟုတ်ပါဘူး၊ ပြဿနာကြီးကြီးမားမားဖြစ်ရင် တောင် ရီစရာပြောပြီးပြဿနာကိုသေးစေတတ်သူတစ်ဦးပါ၊ ဘာဖြစ်လို့ အဲဒီညမှာ ရှင်ကဝိဓဇလက်ချက်ဖြစ် မယ်လို့ ကောက်ချက်ချနေရတာလဲ။ ပစ်သူကိုသေချာမသိဘဲနဲ့ ဘာဖြစ်လို့တစ်ဘက်သတ်ပြောရလောက် အောင် ဆင်ခြင်တုန်တရားမရှိတော့တာလဲ၊ အခုအဲဒီအဖြေကိုတပည့်တော်သိနေပြီ၊ ဒါပေမယ့် ပြောပြဖို့ အရှင်ဘုရားတို့မရှိကြတော့ဘူး၊ ဟိုအဝေးကြီးကိုရောက်သွားကြပြီ” 

“ရှင်ကဝိဓဇ၊ ပညာရှင်ကြီး၊ ဣနြေ္ဒရှင်ကြီးလုပ်နေတုန်းဘဲလား၊ အားလုံးရဲ့အထင်လွဲမှုကိုခံနေရပြီ၊ အဲဒါအရှင်ဘုရားကိုအရှင်ဘုရားသိရဲ့လား၊ ဖော်ရွေတဲ့သူကြီး၊ ကူညီတတ်တဲ့သူကြီး အဲဒီညကဘာဖြစ်လို့ မဖော်ရွေနိုင်တာလဲ၊ စာမေးပွဲကအရေးကြီးလွန်းလို့လား၊ ဘာဖြစ်သေးလဲ၊ စာမေးပွဲက သူငယ်ချင်းတွေရဲ့ ခင်မင်မှုကိုလှဲပစ်လိုက်ပြီ၊ သိရဲ့လား။ အရှင်ဘုရားမသိသေးတဲ့ အရှင်ဘုရားအကြောင်းကို တပည့်တော် ပြောပြချင်သေးတယ်။ ဘယ်အချိန်မှာ တပည့်တော်နဲ့တွေနိုင်မလဲ” 

ဖြစ်နေကျပြဿနာလေးတစ်ခုကနေ မထင်ထားသည့်အထင်လွဲမှုက နာကျဉ်းမှုတစ်ခုအသွင်ဆောင် လာလေသည်။ ထိုအဖြစ်အပျက်ကိုရှင်သုစိတ္တဖွင့်ပြောလိုက်လို့ တစ်ကျောင်းလုံးသိသွားလေပြီ၊ သို့သော် ဒါကသာမာန်အဖြစ်အပျက်လေးတစ်ခုမို့ ဘယ်သူကမှအလေးမထားကြပါ။ သို့သော်ခွဲခွာချိန်မှာတောင် နှုတ်မဆက်လိုက်နိုင်သည့်ရှင်သူရိယမှာတော့ နောင်တတွေနဲ့ပူဆွေးနေရှာပါသည်။ စိတ်ညစ်နေသောအချိန် တစ်ပါးတည်းနေတတ်သည့်ရှင်သူရိယသည် ဘီလူးချောင်းကသူ့ရဲ့အဖော်ဖြစ်နေရရှာပါသည်။ အဲဒီနှစ်မှာပဲ စာမေးပွဲဖြေပြီးသူလည်းဘီလူးချောင်းကိုနှုတ်ဆက်ခဲ့ပါသည်။ “ဘီလူးချောင်းရယ် သွားပါတော့မယ်၊ ငါတို့ရဲ့ ရင်ထဲကစကားတွေကို ဖွင့်အန်ထုတ်ခဲ့တာလည်းများလှပါပြီ၊ ငါတို့ပြောချင်သည့်စကားကို ဘီလူးချောင်းက အသိဆုံးဖြစ်ပါလိမ့်မည်။ အကယ်၍ငါ့သူငယ်ချင်းတွေပြန်လာရင် ငါတို့ရဲ့ရင်ဖွင့်သံကို ပြောပြပေးပါလို့ မှာခဲ့ချင်ပါသည်၊ ငါတို့သူငယ်ချင်းတွေလည်း ဘီလူးချောင်းပြောမည့်နေ့တစ်နေ့ကို စောင့်နေပါတယ်”

ဆက်ရန် 
အရှင်နန္ဒိယ(ဖယ်ခုံ)



ဘီလူးေခ်ာင္းေျပာေသာေန႔တစ္ေန႔ အခန္း(၅)

တစ္ပါးတစ္ေၾကာင္းေျပာင္းၾကကုန္ၿပီ

ရွင္သူရိယ နယုုန္လေရာက္လို႔ေမြေတာ္ေက်ာင္းျပန္ေရာက္လာေသာအခ်ိန္ အေျချပဳ(ဒုတိယ)တန္း မွာစာသင္သားအသစ္ေတြဘဲမ်ားေနသည္ကိုသတိထားမိသည္။ စာသင္သားအေဟာင္းေတြကေက်ာင္း ေျပာင္းကုန္ၿပီျဖစ္သည္။ ရွင္ကဝိဓဇက ရန္ကုန္၊ဝိသုဒၶါ႐ုံေက်ာင္းမွာေျပာင္းသည္။ ရွင္ေတေဇာဘာသက ေတာင္ႀကီး၊ ေအးေစတီေက်ာင္းကိုေျပာင္းသည္။ ရွင္ဝိမလကေတာ့ ဆီဆိုင္၊ ဇဝနာရာမစာသင္တိုက္မွာ ေျပာင္းေရြ႕သည္။ အျခားေသာကိုရင္ေတြက လြိဳင္ေကာ္၊ေရႊေတာင္ေက်ာင္း၊ဥတၱရာ႐ုံေက်ာင္းမွာေျပာင္းေရြ႕ သြားတာလဲရွိသည္။ အစိုးရစာေမးပြဲေအာင္စာရင္းထြက္ေတာ့ ေမြေတာ္ေက်ာင္းမွာတစ္ပါးမွမေအာင္ေသာ ႏွစ္တစ္ႏွစ္ျဖစ္သည္။ အေျချပဳ(ဒုတိယ)တန္းမွာ အေဟာင္းေလးပါး၊ ငါးပါးနဲ႔အသစ္အပါးႏွစ္ဆယ္နဲ႔ စာသင္ သားအပါးႏွစ္ဆယ္ေက်ာ္ရွိလာပါၿပီ၊ ေပ်ာ္ဖို႔လည္းပိုေကာင္းပါသည္။ မေပ်ာ္ႏိုင္တာရွင္သူရိယတစ္ပါးဘဲရွိ မည္ထင္သည္။ သူငယ္ခ်င္းေတြကိုသတိရေနေသာေၾကာင့္ျဖစ္သည္။

“သူတို႔တေတြျပန္လာၾကမည္ထင္ၿပီးျပန္လာခဲ့တာ၊ အခုုေတာ့ထင္သလိုမဟုတ္ဘူး၊ ဒီလိုမွန္းသိရင္ ငါလည္းေက်ာင္းေျပာင္းပါတယ္” ဟုခဏခဏေျပာေနပါသည္။ ေနာကအစာမေက်သည့္ အေၾကာင္းအရာ တစ္ခုက “ရွင္ကဝိဓဇက ဘာလို႔ရွင္ေတေဇာဘာသကို ခဲလုံးနဲ႔ပစ္ရတာလဲ၊ ဘာမဟုတ္တဲ့ျပႆနာေလး၊ အဆင္မေျပတာေလးတစ္ခုေလးနဲ႔ ခဲလုံးနဲ႔ပစ္ရေလာက္ေအာင္အၿငိဳးအေတးေတြထားရသလား၊သူငယ္ခ်င္း အခ်င္းခ်င္းဘဲကို နားမလည္ႏိုင္ဘူးလား၊ စိတ္ဓာတ္ကေတာ္ေတာ္ညံ့တာပဲ” ဆိုသည့္စကားကိုခဏခဏ ေျပာေလသည္။ 


ၾကားဖန္မ်ားလာေတာ့ရွင္သုစိတၱလည္းမေနႏိုင္တာနဲ႔ဝင္ရွင္းျပလိုက္သည္။ “အဲဒီခဲလုံးက ရွင္ကဝိ ဓဇကပစ္တာမဟုတ္ဘူး၊ ရွင္ဣႏၵာဝုဓကပစ္တာ၊ ရွင္ေတေဇာဘာသကိုပစ္တာမဟုတ္ဘူး၊ တပည့္ေတာ္ကို ပစ္တာ၊ ရွင္ေတေဇာဘာသနားမွာတပည့္ေတာ္ရွိတယ္ေလ၊ တပည့္ေတာ္ဆီပစ္တဲ့ခဲလုံးက ရွင္ေတေဇာဘာ သလက္ကိုထိသြားတာပါ”
“ရွင္ဣႏၵာဝုဓက ဘာလို႔ပစ္တာလဲ”
“တပည့္ေတာ္နဲ႔သူနဲ႔က ခဲလုံးနဲ႔ပစ္ကစားေနက်ပဲေလ၊ တပည့္ေတာ္လည္းသူ႔ကိုအေဝးကေနလွမ္း ပစ္ၿပီးစတာပဲေလ၊ သူလည္းတပည့္ေတာ္ကိလွမ္းပစ္ၿပီးစတာ၊ ခဲလုံးကလည္းအႀကီးမဟုတ္ပါဘူး၊ ေသးေသး ေလးပါ၊ အေဝးကလာတဲ့အ႐ႈိန္နဲ႔ဆိုေတာ့ နည္းနည္းေတာ့နာတာေပါ့၊ အမွတ္တမဲ့မို႔ လန္႔ၿပီးရွင္ေတေဇာဘာ သက ဓာတ္ဗူူးကိုလႊတ္ခ်မိသြားတာပါ”
“ဒါဆိုရင္အဲဒီညအရွင္ဘုရားကဘာျဖစ္လို႔မေျပာတာလဲ”
“ေျပာမလို႔ပါ၊ ရွင္ဣႏၵာဝုဓကပစ္ၿပီးထြက္သြားတာေလ၊ သူ႔ကိုမေတြ႔ေတာ့တာနဲ႔မေျပာျဖစ္တာ၊ သူပစ္တာလို႔စိတ္ထဲကေတာ့ထင္ၿပီးသား၊ ေနာက္ရွင္ဝိမလကလည္း ရွင္ကဝိဓဇပစ္တာလို႔ေျပာေတာ့ တပည့္ေတာ္လည္း ရွင္ဣႏၵာဝုဓကိုမျမင္လိုက္ရတာနဲ႔ ရွင္ကဝိဓဇမ်ားျဖစ္ေနမလားလို႔ေတြးမိလို႔ မေျပာဘဲ ေနလိုက္တာ၊ အရွင္ဘုရားတို႔လည္းတပည့္ေတာ္တို႔လိုပဲခင္ေနၾကတာဘဲဟာ၊ တပည့္တို႔လို ေဆာ့ၾကတာ လို႔ပဲထင္တာေပါ့။ အဲဒီအခ်ိန္တုန္းက စာေမးပြဲေျဖဖို႔ဘဲအာ႐ုံစိုက္ေနေတာ့ ခဲလုံးအေၾကာင္းကိုဂ႐ုမစိုက္မိ ဘူး၊ စာေမးပြဲၿပီးႏွစ္ရက္သုံးရက္ၾကာမွ စကားစပ္မိလို႔ ရွင္ဣႏၵာဝုဓကေျပာျပလို႔သိလိုက္တာ၊ အဲဒီအခ်ိန္မွာ အရွင္ဘုရားတို႔မရွိေတာ့ဘူး၊ ရြာျပန္ကုန္ၿပီေလ၊ ရွင္ေတေဇာဘာသတိုိ႔ ေက်ာင္းေျပာင္းဖို႔ ပစၥည္းလာယူတဲ့အ ခ်ိန္မွာလည္း တပည့္ေတာ္တို႔မွမရွိေတာ့တာ၊ ရြာျပန္ေရာက္ကုန္ၿပီေလ”
“ဒါဆိုရင္ရွင္ဝိမလေျပာသလို ရွင္ကဝိဓဇပစ္တာမဟုတ္ဘူးေပါ့
“မဟုတ္ဘူး၊ ရွင္ကဝိဓဇကဘာမွမသိဘူး”
အဲဒီအေျဖကိုသိလိုက္ရသည့္အခါ အခ်ိန္ကေႏွာင္းကုန္ၿပီဆိုတာသိလုိက္ရပါသည္။ အခ်ိန္ကာလ ကၾကာသြားလို႔ေသြးေအးေနၿပီျဖစ္တဲ့ျဖစ္ရပ္ေလးမို႔ စိတ္တိုဖို႔၊ ရွင္သုစိတၱကိုအျပစ္တင္ဖို႔လည္း မလုပ္ခ်င္ ေတာ့ဘူး။ ေသခ်ာေအာင္ ရွင္ဣႏၵာဝုဓကိုသြားေမးၾကည့္သည္။ ရွင္ဣႏၵာဝုဓကလည္း ရွင္သုစိတၱေျဖသည့္ အတိုင္းပင္ေျဖပါသည္။ 


ရွင္ေတေဇာဘာသနဲ႔ရွင္ဝိမလတို႔ကေတာ့ ရွင္ကဝိဓဇကိုအထင္ေတြလႊဲကုန္ၿပီ၊ ငါလည္းအထင္လႊဲခဲ့ တာပဲ။ ဒါေတြကို ရွင္ကဝိဓဇကဘာမွမသိရွာပါလား။ ငါတို႔ကိုအစစအရာရာ ကူညီခဲ့သည့္ရွင္ကဝိဓဇ အခု ေတာ့အထင္လႊဲခံလိုက္ရၿပီ၊ ဒီအေၾကာင္းကိုငါဘယ္လိုေျပာျပရမလဲ။ ရွင္ဝိမလရွိရာဆီဆိုင္ကိုလည္းမေရာက္ ဖူး၊ ရွင္ေတေဇာဘာသရွိရာေတာင္ႀကီးကိုလည္းမေရာက္ဖူး၊ ရွင္ကဝိဓဇရွိရာ ရန္ကုန္ဆိုရင္ပိုလို႔ေတာင္ေဝး ဦးမယ္။ မတတ္ႏိုင္ဘူးေလ၊ အကယ္၍ငါသာသူတို႔လိုေက်ာင္းေျပာင္းသြားရင္ ဒီအေျဖမွန္ကိုငါလည္းသိရမွာ မဟုတ္ဘူး။ ငါေက်ာင္းမေျပာင္းခဲ့တာေတာ္ေသးတာေပါ့။ တစ္ေန႔ေန႔ေတာ့သူတို႔နဲ႔ထပ္ေတြ႕ဦးမွာပါ။ 


ဒီအေျဖမွန္ကိုသိရၿပီးေနာက္ပိုင္းရွင္သူရိယသည္ သူတို႔ကိုုပိုၿပီးသတိရေလသည္။ သူစံေနက်ေနရာ ျဖစ္သည့္ ပန္းပင္ေအာက္ထိုင္ခုံေပၚနဲ႔ ေရသိမ္ေပၚကတိုင္ကိုမီွၿပီးစကားေျပာေလသည္။ “စာေမးပြဲကိုမဲေနလို႔ ငါတို႔တေတြအေျဖမရွာခဲ့ၾကဘူး၊ ခင္မင္မႈေတြပ်က္စီးသြားတယ္။ စာေမးပြဲကငါတို႔ရဲ႕ခင္မင္မႈကိုဖ်က္ဆီးေန တယ္။ ဒီစာေမးပြဲအတြက္နဲ႔ငါတို႔ကအျခားဘာကိုမွမျမင္ေတာ့ဘူး၊ မသိေတာ့ဘူး”လို႔ဆိုၿပီးစာေမးပြဲကိုလည္း အျပစ္ျမင္တတ္လာေလသည္။ 


“ရွင္ေတေဇာဘာသရယ္ တစ္ခုခုဆိုရင္အရွင္ဘုရားက ျပႆနာရွာေနက်လူမဟုတ္ဘူးလား၊ အ ေသးအမႊားကိစၥေတြေတာင္ ပုံႀကီးခ်ဲ႕တတ္သူမဟုတ္ဘူးလား၊ အရွင္ဘုရားျပႆနာရွာတိုင္း ရွင္ကဝိဓဇက အေျဖရွာေပး၊ ေျဖရွင္းေပးေနၾကပဲေလ မဟုုတ္ဘူူးလား၊ အဲဒီညကဘာျဖစ္လို႔ျပႆနာမရွာတာလဲ၊ အကယ္ ၍ အရွင္ဘုရားသာျပႆနာထရွာလိုက္ရင္ ျပႆနာကေျဖရွင္းၿပီးသားျဖစ္သြားမယ္ေလ၊ ဘာျဖစ္လို႔ႏႈတ္ ပိတ္ေနရတာလဲ၊ အခုေတာ့သြားၿပီ၊ လြန္ကုန္ၿပီ၊ ဟိုအေဝးကိုေရာက္သြားၾကၿပီ” 


“ရွင္ဝိမလရယ္၊ အရွင္ဘုရားကျပႆနာရွာတတ္သူမဟုတ္ပါဘူး၊ ျပႆနာႀကီးႀကီးမားမားျဖစ္ရင္ ေတာင္ ရီစရာေျပာၿပီးျပႆနာကိုေသးေစတတ္သူတစ္ဦးပါ၊ ဘာျဖစ္လို႔ အဲဒီညမွာ ရွင္ကဝိဓဇလက္ခ်က္ျဖစ္ မယ္လို႔ ေကာက္ခ်က္ခ်ေနရတာလဲ။ ပစ္သူကိုေသခ်ာမသိဘဲနဲ႔ ဘာျဖစ္လို႔တစ္ဘက္သတ္ေျပာရေလာက္ ေအာင္ ဆင္ျခင္တုန္တရားမရွိေတာ့တာလဲ၊ အခုအဲဒီအေျဖကိုတပည့္ေတာ္သိေနၿပီ၊ ဒါေပမယ့္ ေျပာျပဖို႔ အရွင္ဘုရားတို႔မရွိၾကေတာ့ဘူး၊ ဟိုအေဝးႀကီးကိုေရာက္သြားၾကၿပီ” 


“ရွင္ကဝိဓဇ၊ ပညာရွင္ႀကီး၊ ဣေျႏၵရွင္ႀကီးလုပ္ေနတုန္းဘဲလား၊ အားလုံးရဲ႕အထင္လြဲမႈကိုခံေနရၿပီ၊ အဲဒါအရွင္ဘုရားကိုအရွင္ဘုရားသိရဲ႕လား၊ ေဖာ္ေရြတဲ့သူႀကီး၊ ကူညီတတ္တဲ့သူႀကီး အဲဒီညကဘာျဖစ္လို႔ မေဖာ္ေရြႏိုင္တာလဲ၊ စာေမးပြဲကအေရးႀကီးလြန္းလို႔လား၊ ဘာျဖစ္ေသးလဲ၊ စာေမးပြဲက သူငယ္ခ်င္းေတြရဲ႕ ခင္မင္မႈကိုလွဲပစ္လိုက္ၿပီ၊ သိရဲ႕လား။ အရွင္ဘုရားမသိေသးတဲ့ အရွင္ဘုရားအေၾကာင္းကို တပည့္ေတာ္ ေျပာျပခ်င္ေသးတယ္။ ဘယ္အခ်ိန္မွာ တပည့္ေတာ္နဲ႔ေတြႏိုင္မလဲ” 


ျဖစ္ေနက်ျပႆနာေလးတစ္ခုကေန မထင္ထားသည့္အထင္လြဲမႈက နာက်ဥ္းမႈတစ္ခုအသြင္ေဆာင္ လာေလသည္။ ထိုအျဖစ္အပ်က္ကိုရွင္သုစိတၱဖြင့္ေျပာလိုက္လို႔ တစ္ေက်ာင္းလုံးသိသြားေလၿပီ၊ သို႔ေသာ္ ဒါကသာမာန္အျဖစ္အပ်က္ေလးတစ္ခုမို႔ ဘယ္သူကမွအေလးမထားၾကပါ။ သို႔ေသာ္ခြဲခြာခ်ိန္မွာေတာင္ ႏႈတ္မဆက္လိုက္ႏိုင္သည့္ရွင္သူရိယမွာေတာ့ ေနာင္တေတြနဲ႔ပူူေဆြးေနရွာပါသည္။ စိတ္ညစ္ေနေသာအခ်ိန္ တစ္ပါးတည္းေနတတ္သည့္ရွင္သူရိယသည္ ဘီလူးေခ်ာင္းကသူ႔ရဲ႕အေဖာ္ျဖစ္ေနရရွာပါသည္။ အဲဒီႏွစ္မွာပဲ စာေမးပြဲေျဖၿပီးသူလည္းဘီလူးေခ်ာင္းကိုႏႈတ္ဆက္ခဲ့ပါသည္။ “ဘီလူးေခ်ာင္းရယ္ သြားပါေတာ့မယ္၊ ငါတုိ႔ရဲ႕ ရင္ထဲကစကားေတြကို ဖြင့္အန္ထုတ္ခဲ့တာလည္းမ်ားလွပါၿပီ၊ ငါတို႔ေျပာခ်င္သည့္စကားကို ဘီလူးေခ်ာင္းက အသိဆုံးျဖစ္ပါလိမ့္မည္။ အကယ္၍ငါ့သူငယ္ခ်င္းေတြျပန္လာရင္ ငါတို႔ရဲ႕ရင္ဖြင့္သံကို ေျပာျပေပးပါလို႔ မွာခဲ့ခ်င္ပါသည္၊ ငါတို႔သူငယ္ခ်င္းေတြလည္း ဘီလူးေခ်ာင္းေျပာမည့္ေန႔တစ္ေန႔ကို ေစာင့္ေနပါတယ္”






ဆက္ရန္ 
အရွင္နႏၵိယ(ဖယ္ခုံ)

No comments:

Post a Comment