Sunday, September 30, 2018

ဘီလူးချောင်းပြောသောနေ့တစ်နေ့ အခန်း(၆) နိဂုံး


ဘီလူးချောင်းပြောသောနေ့တစ်နေ့ အခန်း(၆) နိဂုံး

မျိုးဆက်သစ်တို့ပုံရိပ်

၁၃၇၆-ခုနှစ်၊ နှစ်ပေါင်း (၁၅)နှစ်ကြာသောအခါ အရှင်သူရိယသည်မွေတော်ကျောင်းကိုပြန်ရောက် လာပါသည်၊ ဟိုတုန်းကအကြောင်းလေးကိုသတိရတော့ မိမိကိုယ်ကိုပြန်ပြုံးပြတာကလွဲလို့ ဘာမှမသတ်နိုင် ပေ။ ကိုရင်လေးဘဝ (၁၃)နှစ်အရွယ်နဲ့ အခုရဟန်းဘဝ (၂၈)အရွယ်တို့ရဲ့ အခြေအနေတွေက အများကြီးကို ကွားခြားလေပါပြီ။ ပြောင်းလဲလာခဲ့လေပြီ။ အခုဆရာတော်ကြီးလည်းမရှိတော့ပါ။ ဟိုတုန်းကစာချဘုန်းကြီး တွေလည်း ဒီကျောင်းမှာမဟုတ်တော့ပါ။ အရာရာအားလုံးပြောင်းလဲနေသည်။ မပြောင်းလဲသေးသည်က အရှေ့ဘက်ကဘီလူးချောင်းပဲရှိမည်။ ဒါကသာမာန်မျက်စိနဲ့ကြည့်လို့ပါ၊ တရားမျက်စိနဲ့ကြည့်လိုက်ရင်တော့ သူကလည်းပြောင်းလဲနေပါပြီ။ အရင်တုန်းကရေစီးကြောင်းတွေကတော့ ဟိုးအဝေးကိုရောက်နေပါပြီ၊ အသစ်အသစ်သောရေစီးကြောင်းတွေ ဆက်လက်စီးဆင်းနေလို့သာ ဒီချောင်းကဆက်လက်ရပ်တည်နိုင် တာပါ။ တကယ်တမ်းတော့သူလည်းပြောင်းလဲလေပါပြီ။ 

ကျောင်းတိုက်ကိုဆက်လက်ထိန်းသိမ်းနေသည့်ငယ်သူငယ်ချင်းများနှင့် ပြန်တွေ့တော့ ပြောမကုန် နိုင်သည့်စကားတွေကို ပြောကြသည်။ အရှင်အဂ္ဂဝံသ၊ အရှင်ခေမာစာရ၊ အရှင်ဣန္ဒာဝံသ၊ အရှင်ကေလာသ တို့ဖြစ်ပါသည်။ ရှင်ကဝိဓဇတို့၊ ရှင်တေဇောဘာသတို့၊ ရှင်ဝိမလတို့အကြောင်းကိုလည်း ပြောဖြစ်သည်။ အရှင်ကဝိဓဇက အဘိဝံသစာမေးပွဲဖြေနေသည်။ အရှင်တေဇောဘာသက ဖားအောက်တရားစခန်းမှာဖြစ် သည်။ အရှင်ဝိမလကတော့ တောင်ကျောင်းကြီးမှာ စာချဘုန်းကြီးဖြစ်နေသည်။ ပအိုဝ်းစာပေ တိပိဋကဘာ သာပြန်သည့်အဖွဲ့မှာလည်းပါသည်။ တစ်ပါးတစ်နေရာစီရောက်နေကြပြီပဲ။ မိမိကတော့ ကျမ်းပြီးပြီးမကြာ ခင်သီရိလင်္ကာသို့ ရောက်နေသည်မို့ အခုမှဘဲဒီကိုပြန်ရောက်တော့ ဒီအကြောင်းတွေကိုဘာမှမသိလိုက်ရ ဘူး။ သူတို့ကလည်းဒီကျောင်းကို လမ်းကြုံရင်ဝင်လာလေ့ရှိတယ်လို့သိရပါသည်။ တကယ်တော့ ဒီကျောင်း နဲ့စိမ်းသွားတာ သူတို့မဟုတ်ဘဲမိမိဖြစ်နေသည်။ 

စကားပြောပြီးတော့ ကျောင်းဝင်းထဲလမ်းလျှောက်ပြီး ဟိုဟို ဒီဒီလိုက်ကြည့်သည်။ စာအံ့ကျောင်းကျောင်းဆောင်ကြီးပေါ်တက်သွားသည်။ ကျောင်းဆောင်ကြီးရဲ့ရှေ့ တည့်တည့်မှာက ရေချိုးကန်ကြီးပေါ်လာလေပြီ။ ရေကန်ကိုလည်း သွားကြည့်သည်။ ရေကန်ဘေးဘယ်ပတ် ပတ်လည်ကိုလည်း လိုက်ကြည့်သည်။ အရိပ်ရစက္ကူပန်းပင်ကိုတော့ မတွေ့တော့ပါ။ ရေကန်ရဲ့အရှေ့ဘက် မှာ နှင်းဆီပင်တစ်ပင်ရှားရှားပါးပါးတွေ့ရသည်။ မလှမ်းမကမ်းမှာ ကိုရင်လေးတစ်ပါးနှင်းဆီပန်းကိုစိုက်ကြည့် နေသည်။ အဲဒါကိုမြင်တော့ အရှင်သူရိယပြုံးမိလျက်သားဖြစ်သွား ပါသည်။ အပေါ်ပြန်တက်ပြီး မွေတော် ဘုရားစေတီကိုပတ်ကြည့်သည်။ အဆောက်အဦးတစ်ချို့ပိုလာသည် ကိုတွေ့ရသည်။ နာရီဝက်ကျော်ကျော် လောက်ကြာတော့ဘီလူးချောင်းဆီကိုဆင်းကြည့်သည် ကိုရင်လေး လေးပါး ချောင်းရဲ့မလှမ်းမကမ်းမှာ စကားပြောကြသည်ကိုတွေ့ရသည်။ ထိုကိုရင်လေးတွေကိုစကားပြော ကြည့်ဖို့ အနီးကပ်လမ်းလျှောက်သွား သည်။ အနီးရောက်တော့ ကိုရင်လေးပါးထဲမှာစောစောကနှင်းဆီပန်းကို စိုက်ကြည့်နေသည့်ကိုရင်လေး လည်းပါနေသည်။ အဲဒါကိုမြင်တော့ မျက်နှာကအလိုလိုပြုံးမိလျက်သားဖြစ်သွားသည်။ စကာ်းမပြောတော့ ဘဲ ဘီလူးချောင်းဘက်ကိုဘဲမျက်နှာမူလိုက်သည်။ ဘယ်လိုဝမ်းသာလို့ ဝမ်းသာမှန်းမသိပီတိလှိုင်းတွေ ရင်ထဲအထပ်ထပ်ရိုက်ခတ်နေသည်။ ပီတိလှိုင်းတွေနဲ့အပြိုင်ဘီလူးချောင်းထဲက ရေးစီးကြောင်းတွေလည်း ပိုထန်လာသလိုလိုမြင်မိသည်။ “ဒါကဘီလူးချောင်းပြောသောနေ့တစ်နေ့ပဲလား”ဟု တွေးမိသွားသည်။ 

တစ်ချိန်ကဘီလူးချောင်ဘေးမှာရောက်သွားရင် သူငယ်ချင်းတွေကိုသတိရလို့ဝမ်းနည်းမိပါသည်။ အခုမျိုးဆက်သစ်ကိုရင်လေးတွေရဲ့ပုံတူပုံရိပ်လေးတွေကိုမြင်တော့ ဘီလူးချောင်းကိုကျေးဇူးတင်သည်။ “ဘီလူးချောင်းရှိရင် ဒီပုံရိပ်လည်းထပ်ရှိဦးမည်။ ဘီလူးချောင်းရှိရင်စာသင်တိုက်လည်းရှိဦးမည်၊ ဘီလူးချောင်း ရှိရင် ကိုရင်လေးတွေလည်းရှိဦးမည်။ ဘီလူးချောင်းရှိရင် စားမေးပွဲရှိဦးမည်။ ဘီလူးချောင်းရှိရင် ဒီသာသနာ လည်း ရှိဦးမည်” ဟုရင်ထဲက စကားလုံးများစီတန်းပြီးပေါ်ထွက်လာသည်။ ဘီလူးချောင်းကိုရင်ထပ်ဖွင့်ချင်သည်။ သို့သော် သတိထားရသည်။ တော်ကြာ ဟိုကိုယ် တော်က တစ်ပါးတည်းလည်း စကားပြောနေတယ်လို့ထင်ရင် ဒုက္ခ။

“ဘီလူးချောင်းရေ ဒီလိုပုံရိပ်တွေကို ဖန်တီးပေးလို့သင်ကတာဝန်ကျေတယ်၊ ဦးဇင်းရဲ့သူငယ်ချင်းတွေကို မပြောပြရင်တောင် သင်ကတာဝန်ကျေ ပါပြီ၊ အရာရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်”
အတွေးကမဆုံးသေးဘူး ဖုန်းထမြည်လို့ကိုင်လိုက်ရသည်။ အရှင်အဂ္ဂဝံသထံကဖုန်းဖြစ်ပါသည်။
“ဟလို”
“သူရိယလား”
“မှန်ပါဘုရား”
“ဘယ်ရောက်နေလဲ”
“ဘီလူးချောင်းဘေးမှာ”
“ဒီမှာ အာဂန္တုရောက်နေတယ်၊ အရှင်ဘုရားနဲ့မိတ်ဆင်ပေးမလို့၊ အပေါ်ကိုတက်လာခဲ့ပါ”
“ဘယ်သူများလဲ”
“အပေါ်ရောက်မှမေးပါ၊ မြန်မြန်လုပ်နော်၊ အရေးကြီးတယ်”
“မှန်ပါ့ဘုရား”
ဖုန်းပိတ်ပြီး အပေါ်ကိုတက်လာခဲ့သည်။ တစ်ခုတွေးမိသည် “လွန်ခဲ့သည့် (၁၅)နှစ်လောက်တုန်းက ဒီလိုသာဖုန်းကိုလွယ်လွယ်နဲ့သုံးလို့ရလျှင် ပြဿနာကရှင်းလို့လွယ်လိမ့်မည်၊ အခြေအနေတွေလည်းတစ်မျိုး တစ်ဖုံပြောင်းလဲသွားပါလိမ့်မည်”
အပေါ်ရောက်တော့အာဂန္တုက အရှင်သုစိတ္တဖြစ်သည်။ သူ့နောက်မှာ ဦးဇင်းသုံးပါးပါပါသည်။ မျက်နှာပေါ်မှာ အပြုံးတွေကိုယ်စီနဲ့ဖြစ်နေကြသည်။ သေသေချာချာ ကြည့်လိုက်တော့ သူတို့ကြီးဖြစ်နေပါ သည်။ ကိုယ်လည်းပြုံးမိလျက်သားဖြစ်သွားပါသည်။ 

“ဘယ်သူများလည်းလို့၊ စကားကြီးစကားကျယ်ပြောတတ်သည့်အဖွဲ့ပါလား”
“လွန်ခဲ့သည့် (၁၅)နှစ်လောက်တုန်းက ဒီလိုသာဖုန်းကိုလွယ်လွယ်နဲ့သုံးလို့ရလျှင်” ဆိုသည့်အတွေးကို တွေးမိသောအချိန်က တော်တော်နောက်ကျသွားပြီဆိုတာကိုသိလိုက်ရပါသည်။ အရှင်သုစိတ္တပါနေပြီမို့ ရှင်းပြစရာလည်းမလိုတော့ပေ။ ထိုအကြောင်းကို ဘီလူးချောင်းကပြောပြလိုက်တာလား၊ အရှင်သုစိတ္တကရှင်းပြလိုက်တာလား။ ဒါဆိုရင် ဘီလူးချောင်းပြောသောနေ့တစ်နေ့က ပြီးသွားခဲ့တာကြာပြီလား။ ဒီအတွေးတွေနဲ့ စောစောကအပြုံးပေါ်ကို အပြုံးတစ်ခုထပ်ဆင့်လိုက်သည်ကို မိမိကိုယ်တိုင်ပဲ သိပါလိမ့်မည်။ 

ပြီးပါပြီ။

အရှင်နန္ဒိယ(ဖယ်ခုံ) 





ဘီလူးေခ်ာင္းေျပာေသာေန႔တစ္ေန႔ အခန္း(၆) နိဂုံး

မ်ိဳးဆက္သစ္တို႔ပုံရိပ္

၁၃၇၆-ခုႏွစ္၊ ႏွစ္ေပါင္း (၁၅)ႏွစ္ၾကာေသာအခါ အရွင္သူရိယသည္ေမြေတာ္ေက်ာင္းကိုျပန္ေရာက္ လာပါသည္၊ ဟိုတုန္းကအေၾကာင္းေလးကိုသတိရေတာ့ မိမိကိုယ္ကိုျပန္ၿပဳံးျပတာကလြဲလို႔ ဘာမွမသတ္ႏိုင္ ေပ။ ကိုရင္ေလးဘဝ (၁၃)ႏွစ္အရြယ္နဲ႔ အခုရဟန္းဘဝ (၂၈)အရြယ္တို႔ရဲ႕ အေျခအေနေတြက အမ်ားႀကီးကို ကြားျခားေလပါၿပီ။ ေျပာင္းလဲလာခဲ့ေလၿပီ။ အခုဆရာေတာ္ႀကီးလည္းမရွိေတာ့ပါ။ ဟိုတုန္းကစာခ်ဘုန္းႀကီး ေတြလည္း ဒီေက်ာင္းမွာမဟုတ္ေတာ့ပါ။ အရာရာအားလုံးေျပာင္းလဲေနသည္။ မေျပာင္းလဲေသးသည္က အေရွ႕ဘက္ကဘီလူးေခ်ာင္းပဲရွိမည္။ ဒါကသာမာန္မ်က္စိနဲ႔ၾကည့္လို႔ပါ၊ တရားမ်က္စိနဲ႔ၾကည့္လိုက္ရင္ေတာ့ သူကလည္းေျပာင္းလဲေနပါၿပီ။ အရင္တုန္းကေရစီးေၾကာင္းေတြကေတာ့ ဟိုးအေဝးကိုေရာက္ေနပါၿပီ၊ အသစ္အသစ္ေသာေရစီးေၾကာင္းေတြ ဆက္လက္စီးဆင္းေနလို႔သာ ဒီေခ်ာင္းကဆက္လက္ရပ္တည္ႏိုင္ တာပါ။ တကယ္တမ္းေတာ့သူလည္းေျပာင္းလဲေလပါၿပီ။ 

ေက်ာင္းတိုက္ကိုဆက္လက္ထိန္းသိမ္းေနသည့္ငယ္သူငယ္ခ်င္းမ်ားႏွင့္ ျပန္ေတြ႔ေတာ့ ေျပာမကုန္ ႏိုင္သည့္စကားေတြကို ေျပာၾကသည္။ အရွင္အဂၢဝံသ၊ အရွင္ေခမာစာရ၊ အရွင္ဣႏၵာဝံသ၊ အရွင္ေကလာသ တို႔ျဖစ္ပါသည္။ ရွင္ကဝိဓဇတို႔၊ ရွင္ေတေဇာဘာသတို႔၊ ရွင္ဝိမလတိုိ႔အေၾကာင္းကိုလည္း ေျပာျဖစ္သည္။ အရွင္ကဝိဓဇက အဘိဝံသစာေမးပြဲေျဖေနသည္။ အရွင္ေတေဇာဘာသက ဖားေအာက္တရားစခန္းမွာျဖစ္ သည္။ အရွင္ဝိမလကေတာ့ ေတာင္ေက်ာင္းႀကီးမွာ စာခ်ဘုန္းႀကီးျဖစ္ေနသည္။ ပအိုဝ္းစာေပ တိပိဋကဘာ သာျပန္သည့္အဖြဲ႕မွာလည္းပါသည္။ တစ္ပါးတစ္ေနရာစီေရာက္ေနၾကၿပီပဲ။ မိမိကေတာ့ က်မ္းၿပီးၿပီးမၾကာ ခင္သီရိလကၤာသို႔ ေရာက္ေနသည္မို႔ အခုမွဘဲဒီကိုုျပန္ေရာက္ေတာ့ ဒီအေၾကာင္းေတြကိုဘာမွမသိလိုက္ရ ဘူး။ သူတို႔ကလည္းဒီေက်ာင္းကို လမ္းႀကဳံရင္ဝင္လာေလ့ရွိတယ္လို႔သိရပါသည္။ တကယ္ေတာ့ ဒီေက်ာင္း နဲ႔စိမ္းသြားတာ သူတို႔မဟုတ္ဘဲမိမိျဖစ္ေနသည္။ 


စကားေျပာၿပီးေတာ့ ေက်ာင္းဝင္းထဲလမ္းေလွ်ာက္ၿပီး ဟိုဟို ဒီဒီလိုက္ၾကည့္သည္။ စာအ့ံေက်ာင္းေက်ာင္းေဆာင္ႀကီးေပၚတက္သြားသည္။ ေက်ာင္းေဆာင္ႀကီးရဲ႕ေရွ႕ တည့္တည့္မွာက ေရခ်ိဳးကန္ႀကီးေပၚလာေလၿပီ။ ေရကန္ကိုလည္း သြားၾကည့္သည္။ ေရကန္ေဘးဘယ္ပတ္ ပတ္လည္ကိုလည္း လိုက္ၾကည့္သည္။ အရိပ္ရစကၠဴပန္းပင္ကိုေတာ့ မေတြ႔ေတာ့ပါ။ ေရကန္ရဲ႕အေရွ႕ဘက္ မွာ ႏွင္းဆီပင္တစ္ပင္ရွားရွားပါးပါးေတြ႔ရသည္။ မလွမ္းမကမ္းမွာ ကိုရင္ေလးတစ္ပါးႏွင္းဆီပန္းကိုစိုက္ၾကည့္ ေနသည္။ အဲဒါကိုျမင္ေတာ့ အရွင္သူရိယၿပဳံးမိလ်က္သားျဖစ္သြား ပါသည္။ အေပၚျပန္တက္ၿပီး ေမြေတာ္ ဘုရားေစတီကိုပတ္ၾကည့္သည္။ အေဆာက္အဦးတစ္ခ်ိဳ႕ပိုလာသည္ ကိုေတြ႔ရသည္။ နာရီဝက္ေက်ာ္ေက်ာ္ ေလာက္ၾကာေတာ့ဘီလူးေခ်ာင္းဆီကိုဆင္းၾကည့္သည္ ကိုရင္ေလး ေလးပါး ေခ်ာင္းရဲ႕မလွမ္းမကမ္းမွာ စကားေျပာၾကသည္ကိုေတြ႔ရသည္။ ထိုကိုရင္ေလးေတြကိုစကားေျပာ ၾကည့္ဖို႔ အနီးကပ္လမ္းေလွ်ာက္သြား သည္။ အနီးေရာက္ေတာ့ ကိုရင္ေလးပါးထဲမွာေစာေစာကႏွင္းဆီပန္းကို စိုက္ၾကည့္ေနသည့္ကိုရင္ေလး လည္းပါေနသည္။ အဲဒါကိုျမင္ေတာ့ မ်က္ႏွာကအလိုလိုၿပဳံးမိလ်က္သားျဖစ္သြားသည္။ စကား္မေျပာေတာ့ ဘဲ ဘီလူးေခ်ာင္းဘက္ကိုဘဲမ်က္ႏွာမူလိုက္သည္။ ဘယ္လိုဝမ္းသာလို႔ ဝမ္းသာမွန္းမသိပီတိလႈိင္းေတြ ရင္ထဲအထပ္ထပ္႐ိုက္ခတ္ေနသည္။ ပီတိလႈိင္းေတြနဲ႔အၿပိဳင္ဘီလူူးေခ်ာင္းထဲက ေရးစီးေၾကာင္းေတြလည္း ပိုထန္လာသလိုလိုျမင္မိသည္။ “ဒါကဘီလူးေခ်ာင္းေျပာေသာေန႔တစ္ေန႔ပဲလား”ဟု ေတြးမိသြားသည္။ 


တစ္ခ်ိန္ကဘီလူးေခ်ာင္ေဘးမွာေရာက္သြားရင္ သူငယ္ခ်င္းေတြကိုသတိရလုိ႔ဝမ္းနည္းမိပါသည္။ အခုမ်ိဳးဆက္သစ္ကိုရင္ေလးေတြရဲ႕ပုံတူပုံရိပ္ေလးေတြကိုျမင္ေတာ့ ဘီလူးေခ်ာင္းကိုေက်းဇူးတင္သည္။ “ဘီလူးေခ်ာင္းရွိရင္ ဒီပုံရိပ္လည္းထပ္ရွိဦးမည္။ ဘီလူးေခ်ာင္းရွိရင္စာသင္တိုက္လည္းရွိဦးမည္၊ ဘီလူးေခ်ာင္း ရွိရင္ ကိုရင္ေလးေတြလည္းရွိဦးမည္။ ဘီလူးေခ်ာင္းရွိရင္ စားေမးပြဲရွိဦးမည္။ ဘီလူးေခ်ာင္းရွိရင္ ဒီသာသနာ လည္း ရွိဦးမည္” ဟုရင္ထဲက စကားလုံးမ်ားစီတန္းၿပီးေပၚထြက္လာသည္။ ဘီလူးေခ်ာင္းကိုရင္ထပ္ဖြင့္ခ်င္သည္။ သို႔ေသာ္ သတိထားရသည္။ ေတာ္ၾကာ ဟိုကိုယ္ ေတာ္က တစ္ပါးတည္းလည္း စကားေျပာေနတယ္လို႔ထင္ရင္ ဒုကၡ။


“ဘီလူးေခ်ာင္းေရ ဒီလိုပုံရိပ္ေတြကို ဖန္တီးေပးလို႔သင္ကတာဝန္ေက်တယ္၊ ဦးဇင္းရဲ႕သူငယ္ခ်င္းေတြကို မေျပာျပရင္ေတာင္ သင္ကတာဝန္ေက် ပါၿပီ၊ အရာရာအားလုံးအတြက္ ေက်းဇူးတင္ပါတယ္”
အေတြးကမဆုံးေသးဘူး ဖုန္းထျမည္လို႔ကိုင္လိုက္ရသည္။ အရွင္အဂၢဝံသထံကဖုန္းျဖစ္ပါသည္။
“ဟလို”
“သူရိယလား”
“မွန္ပါဘုရား”
“ဘယ္ေရာက္ေနလဲ”
“ဘီလူးေခ်ာင္းေဘးမွာ”
“ဒီမွာ အာဂႏၱဳေရာက္ေနတယ္၊ အရွင္ဘုရားနဲ႔မိတ္ဆင္ေပးမလို႔၊ အေပၚကိုတက္လာခဲ့ပါ”
“ဘယ္သူမ်ားလဲ”
“အေပၚေရာက္မွေမးပါ၊ ျမန္ျမန္လုပ္ေနာ္၊ အေရးႀကီးတယ္”
“မွန္ပါ့ဘုရား”
ဖုန္းပိတ္ၿပီး အေပၚကိုတက္လာခဲ့သည္။ တစ္ခုေတြးမိသည္ “လြန္ခဲ့သည့္ (၁၅)ႏွစ္ေလာက္တုန္းက ဒီလိုသာဖုန္းကိုလြယ္လြယ္နဲ႔သုံးလို႔ရလွ်င္ ျပႆနာကရွင္းလို႔လြယ္လိမ့္မည္၊ အေျခအေနေတြလည္းတစ္မ်ိဳး တစ္ဖုံေျပာင္းလဲသြားပါလိမ့္မည္”
အေပၚေရာက္ေတာ့အာဂႏၱဳက အရွင္သုစိတၱျဖစ္သည္။ သူ႔ေနာက္မွာ ဦးဇင္းသုံးပါးပါပါသည္။ မ်က္ႏွာေပၚမွာ အၿပဳံးေတြကိုယ္စီနဲ႔ျဖစ္ေနၾကသည္။ ေသေသခ်ာခ်ာ ၾကည့္လိုက္ေတာ့ သူတို႔ႀကီးျဖစ္ေနပါ သည္။ ကိုယ္လည္းၿပဳံးမိလ်က္သားျဖစ္သြားပါသည္။ 


“ဘယ္သူမ်ားလည္းလို႔၊ စကားႀကီးစကားက်ယ္ေျပာတတ္သည့္အဖြဲ႔ပါလား”
“လြန္ခဲ့သည့္ (၁၅)ႏွစ္ေလာက္တုန္းက ဒီလိုသာဖုန္းကိုလြယ္လြယ္နဲ႔သုံးလို႔ရလွ်င္” ဆိုသည့္အေတြးကို ေတြးမိေသာအခ်ိန္က ေတာ္ေတာ္ေနာက္က်သြားၿပီဆိုတာကိုသိလိုက္ရပါသည္။ အရွင္သုစိတၱပါေနၿပီမို႔ ရွင္းျပစရာလည္းမလိုေတာ့ေပ။ ထိုအေၾကာင္းကို ဘီလူးေခ်ာင္းကေျပာျပလိုက္တာလား၊ အရွင္သုစိတၱကရွင္းျပလိုက္တာလား။ ဒါဆိုရင္ ဘီလူးေခ်ာင္းေျပာေသာေန႔တစ္ေန႔က ၿပီးသြားခဲ့တာၾကာၿပီလား။ ဒီအေတြးေတြနဲ႔ ေစာေစာကအၿပဳံးေပၚကို အၿပဳံးတစ္ခုထပ္ဆင့္လိုက္သည္ကို မိမိကိုယ္တိုင္ပဲ သိပါလိမ့္မည္။ 















ၿပီးပါၿပီ။

အရွင္နႏၵိယ(ဖယ္ခုံ)


No comments:

Post a Comment