ဆရာဘို ရောသမမွှေပြလိုက်သော ခေါင်းစဉ်များ
ရန်ကုန်မြို့ထဲကစားသောက်ဆိုင်တစ်ဆိုင်။ အချိန်က ညနေ ၆ နာရီမထိုးခင် ၅မိနစ်အလို။ အချိန်မှန်ဘဲပေါ့။ ကိုးရီးယားအမျိုးသမီးတစ်ယောက်နဲ့ ချိန်းထားတာ။ မြန်မာအမျိုးသားတစ်ယောက်။ ဆိုင်ထဲစောင့်နေတယ်။ ၁၀ မိနစ်ကြာပြီ၊ ကိုးရီးယားမကရောက်မလာတာနဲ့ဖုန်းဆက်လိုက်တယ်၊ ကျွန်တော်ဆိုင်ထဲရောက်နေပြီနော် လို့ပြောတယ်။ ဟိုကလည်း ဟုတ်ကဲ့၊ ကျွန်မပြန်လာပါ့မယ်ဟုဆိုလေသည်။ မြန်မာအမျိုးသားက နားမလည်ဖြစ်သွားသည်။ ဘာလို့ပြန်လာပါ့မယ်လို့ပြောရတာလဲ ဟုတွေးနေသည်။ မကြာခင်မှာဘဲ ကိုးရီးယားအမျိုးသမီးကရောက်လာသည်။ စားပွဲခုံပေါ်မှာ ဖုန်းပစ်ချလိုက်သည်။
ငါဒေါသထွက်နေတယ် လို့ပြောသည်။
သိပ်မရင်းနှီးသေးသောလူတစ်ယောက်က ဘာဖြစ်လို့အသားလွတ်ဒေါသထွက်နေရတာလဲ ဆိုတာကို မြန်မာအမျိုးသားကပိုပြီးနားမလည်လေလေ ဖြစ်လာသည်။ ဒီအမျိုးသမီးနဲ့တော့ အဆင်ပြေပါ့ မလား လို့တောင် တွေးမိသည်။
နားလိုက်ပါဦး ဟုဆိုကာ ညနေစာစား၊ ၁၀- မိနစ်ခန့်ကြာမှ ဒေါသကပြေပြီး စကားပြောလို့ရသွားသည်။
ဘာလို့စိတ်တိုတာလဲ မြန်မာအမျိုးသားကမေးသည်။
၅- နာရီချိန်းထားတာကို ၅-နာရီမှာ ရောက်မလာလို့၊ ကျွန်မအကြာကြီးထိုင်စောင့်နေတာ၊ မလာလို့ ဟိုတယ်ကိုပြန်သွားတာ၊ ကျွန်မတော်တော်စိတ်တိုသွားတယ် ဟု ဆိုလေသည်။
၆-နာရီချိန်းထားတာ မဟုတ်ဘူးလား၊
မဟုတ်ဘူး၊ ၅-နာရီချိန်းထားတာ၊ ဂျီမေးလ်ကိုပြန်စစ်လိုက်ပါဦး။
ပြန်စစ်လိုက်တော့ တကယ်ငါးနာရီဖြစ်နေပါသည်။ ညစာစားရင်းစကားပြောကြမယ်လို့ချိန်းရင် ၆- နာရီဘဲချိန်းနေကျဖြစ်သည်။ မြန်မာရဲ့ရာသီဥတုနဲ့ဆိုရင်လည်း သက်တောင့်သက်သာရှိသည်။ ၅-နာရီက ပူလွန်းသည်။ အခုလည်း ၆- နာရီလို့ဘဲထင်ခဲ့သည်။ ဘာဖြစ်လို့ ၅-နာရီချိန်းထားမိတာပါလိမ့်လို့ ကိုယ့်ဟာကိုယ်တောင်နားမလည် ဖြစ်နေသည်။
ကျွန်မနဲ့အလုပ်တွဲလုပ်တဲ့မြန်မာတိုင်း အမြဲတမ်း ရန်ဖြစ်ရတယ် လို့ဆိုပါသည်။
ကျွန်တော်တွေ့ဖူးသည့်ကိုးရီးယားတိုင်းဟာလည်း မြန်မာနဲ့အဆင်ပြေတယ်လို့တစ်ယောက်မှမရှိ သေးဘူး ဟုသူလည်းဆိုသည်။
ပြီးတော့ နှစ်ယောက်လုံးအတူတူရယ်ကြပြီး စကားဆက်ပြောကြသည်။ ရယ်ရယ်မောမောနဲ့ သူတို့အတွက် အဆင်ပြေသောညတစ်ညဖြစ်လာခဲ့ပါသည်။ လိုအပ်သောအကူအညီကိုလည်းပေးကြသည်။ နောက်ဆုံး တော့ ရင်းနှီးသောမိတ်ဆွေများဖြစ်လာကြပါသည်။
ကိုးရီးယားအမျိုးသမီးက အကူအညီလိုချင်လို့ အကူအညီတောင်းဖို့ ချိန်းထားတာဖြစ်သည်။ အကူအညီ လည်းတောင်းသေးတယ်၊ နောက်ကျတာလေးနဲ့ စိတ်တိုတယ်၊ အကူအညီလိုချင်ရင်သည်းခံရမှာပေါ့ လို့ပြောလို့ရသည်။ ပြီးတော့ စိတ်တိုတယ်ဆိုရင် စိတ်တိုတယ်လို့ မနေနိုင်ရင်ပြောချင်လည်းပြောပေါ့။ သူများရှေ့မှာ ဖုန်းပစ်ချပြီးစိတ်တိုပြတာမျိုးကတော့ ရိုင်းတာပေါ့၊ တစ်ဘက်သားကို မလေးစားတာပဲ လို့ပြောလို့ရသည်။ ဒီကြားမှာမတူညီသောယဉ်ကျေးမှုတွေရှိသည်။ မြန်မာတွေကအေးအေးဆေးဆေးနို င်သည်။ ကိုးရီးယားကအချိန်မှန်မှန်၊တိတိကျကျလုပ်လေ့ရှိသည်။ မြန်မာတွေကသည်းခံတာ၊ မြိုသိပ်နိုင်တာ ကို ယဉ်ကျေးတယ်ဟုသတ်မှတ်သည်။ ပေါက်ကွဲတာကိုရိုင်းသည်ဟုသတ်မှတ်သည်။ ကိုးရီးယားက စိတ်တိုရင်တိုတယ်၊ ပေါက်ကွဲပြလိုက်တာကို ပွင့်လင်းတယ်ဟုသတ်မှတ်သည်။ အောင့်အီးလျှို့ဝှက်တာကို မရိုးသားဘူးဟုသတ်မှတ်သည်။ ထိုနှစ်ခုကြားကမတူညီမှုသည် ဟိုဘက်ဒီဘက်၊ အရှေ့နဲ့အနောက်၊ တောင်နဲ့မြောက်ဖြစ်နေသည်။ ဆန့်ကျင်နေသည်။ ထိပ်တိုက်တွေ့လျှင် ရန်မီးပွားဖို့ဖြစ်လာသည်။ ပြိုကွဲဖို့ဖြစ်လာသည်။ သို့သော်သူတို့နှစ်ယောက်သည် တစ်ဘက်သား၏ယဉ်ကျေးမှုကိုလေးစားသည်။ တစ်ဘက်သားရဲ့ခံစားချက်ကိုနားလည်သည်။ ထိုလေးစားမှု၊ နားလည်မှုကြောင့်ပင် သူတို့သည် ကျောချင်းကပ်သောဆက်ဆံရေးကနေ ရင်ချင်းစပ်သောဆက်ဆံရေးအထိ အသွင်ပြောင်းနိုင်ခဲ့သည်။ ဤနေရာမျိုး၌ Non Violent Communication ကအရေးကြီးပါသည်။
SEB (Socially Engaged Buddhists) လို့ပြောသောအခါ မေတ္တာ၊ကရုဏာရှိရပါမည်။ ထိုမေတ္တာကရုဏာသည် ဉာဏ်အမြော်အမြင်နဲ့လည်းအတူယှဉ်တွဲရပါမည်။ အကြမ်းမဖက်မှုလည်း ပါရပါ မည်။ Simplicity လို့ဆိုတဲ့ ရိုးရှင်းမှုလည်းပါရပါမည်။ ကလျာဏမိတ္တလည်းဖြစ်ရပါမည်။ မိတ်ဆွေကောင်းကို ရှာသလို ကိုယ်ကိုယ်တိုင်လည်းမိတ်ဆွေကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားရပါမည်။
ဥပမာအနေနဲ့ပြောရရင် လူမှုဖွံ့ဖြိုးရေးကိုလုပ်သောအခါ လုပ်ချင်သည့်စိတ်၊ ပေးချင်ကမ်းချင်သည့်စိတ်၊ မေတ္တာ၊ ကရုဏာရှိရုံနဲ့မလုံလောက်ပါဘူး။ ဉာဏ်အမြော်အမြင်မရှိလျှင် ကောင်းတာလုပ်ပေမယ့် ဘေးထွက် ဆိုးကျိုးများဖြစ်ပေါ်နိုင်သည်။ ရွာတစ်ရွာကိုသွားပြီး ရေတွင်းလှူတာ၊ အိမ်ဆောက်ပေးတာ စသည်ဖြင့် သွားလုပ်ပေးသည်။ အစတုန်းကညီညွတ်နေသည့်ရွာတစ်ရွာက ကိုယ်သွားလှူဒါန်းလိုက်သည့်အရာ တစ်ခုခုကြောင့် ရွာကွဲသွားတာမျိုးစသည့်နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်မလာအောင်သတိထားရပါသည်။ Do No Harm လို့ခေါ်တဲ့ ကိုယ်လုပ်ရပ်တစ်ခုခုကြောင့် တစ်ဘက်မှာ ထိခိုက်သွားတာမျိုး မဖြစ်အောင် သတိထားရပါမည်။
ငါမှန်တယ်ဆိုပြီး တစ်ဘက်သတ်အတွေးအလုပ်တွေမဖြစ်ဖို့ Tao ရဲ့အတွေးအခေါ်နဲ့ဆိုရင် Yin & Yang လိုပါပဲ အမဲ၊အဖြူ။ အအေး၊အပူစသည်ပေါ့။ လွတ်လပ်မှုကို ဦးစားပေးလွန်းလျှင်ပျက်စီးလာ၊ လျှော့ရဲလာ တတ်သလို၊ စည်းမျဉ်းစည်းကမ်းတွေအရမ်းဦးစားလွန်းလျှင် ခက်ထန်လာ၊ မာကျောလာတတ်သလိုပေါ့။ တစ်ဘက်ကိုအရမ်းအစွန်းမရောက်ဖို့ကျန်သည့်တစ်ဘက်က ဆန့်ကျင်ဘက်အရာတစ်ခုခုနဲ့ ထိန်းညှိပေးရ တာပေါ့။ နှိမ့်ချတာဟာလည်း အောက်ကျနောက်ကျမဖြစ်အောင်၊ ယုံကြည်မှုဆိုတာဟာလည်း မထေမဲ့မြင် အဆင့်ထိကိုမဆိုလိုပါ။ နှိမ့်ချမှုနဲ့ယုံကြည်မှု မညီမျှရင်အစွန်းတစ်ဘက်ဘက်ကိုရောက်သွားတတ်တာပေါ့။
(ဘုရားဟောတရားနဲ့ဆိုရင်ပိုထင်ရှားတာပေါ့၊ အစွန်းနှစ်ဘက်မရောက်ဖို့၊ မဇ္စျိမပဋိပဒါကျဖို့။ နောက် သဒ္ဓါနဲ့ပညာ၊ ဝီရိယနဲ့သမာဓိ ညီမျှဖို့ သတိနဲ့ထိန်းဖို့စသည်ပေါ့။ ဘုရားဟောတိုက်ရိုက်တရားတော်များကို နောက်မှညှိမည်။ အခုစာသည် လူမှုလောကထဲ၌သုံးနေကြသောအသုံးအနှုန်းများကိုပင် အဓိကထားဖော်ပြပါသည်။ ဘက်လိုချိတ်ဆက်မည်၊ ဆက်စပ်မည်စသည်များကို စာဖတ်သူများပိုသိကြမည်ထင်ပါသည်။)
တစ်ချို့ဆိုရင်အမျိုးသမီးများစွမ်းရည်ဖြင့်ဖို့ဆိုပြီးတော့ အမျိုးသမီးများကိုခေါ်ပြီး စက်ချုပ်သင်ပေးလိုက်တယ်၊ စက်ချုပ်တတ်တော့ သူတို့လုပ်နေတဲ့အိမ်မှုကိစ္စအပြင် စက်လည်းချုပ်ရတော့ ပိုပြီးပင်ပန်းလာတယ်။ တွေးတတ်ခေါ်တတ်၊ ကြံစည်တတ်၊ ဆုံးဖြတ်တတ်တဲ့့့့ အရည်အချင်းတွေက ရှိမလာဘူး။ စွမ်းရည်မြင့်ဆိုသည့်နေရာမှာ Critical thinking စွမ်းရည်လည်းပါသင့်တယ်။ ဒါမျိုးတွေကိုမြင်ပြီးတော့ အမြော်အမြင်ရှိရှိနဲ့ မေတ္တာတွေ၊ကရုဏာတွေကိုအကောင်အထည်ဖော်သင့်တယ်။
ဘယ်လိုပင်ဖြစ်ပါစေ၊ ပြဿနာကိုဖြေရှင်းသောနေရာ၌ အမြော်အမြင်ရှိဖို့လိုသည်။ အကြမ်းမဖက်မိဖို့ လိုသည်။ တစ်ဘက်ဘက်ကိုမထိခိုက်ဖို့လိုသည်။ Conflict Transformation လို့ခေါ်တဲ့ ပြဿနာအသွင်ပြောင်းသည့်နေရာမှာလည်း ပြေလည်သွားသည့်အထိရောက်ဖို့လိုသည်။ စားသောက်ဆိုင် ထဲက ယဉ်ကျေးမှုမတူညီမျှကအခြေခံသောပြဿနာသည် နှစ်ဦးနှစ်ဖက်ကြားမှာ တင်းမာမှုတွေဖြစ်လာ ခဲ့သည်။ သို့သော်သူတို့သည် ရင်းနှီးခင်မြင်သောအဆင့်သို့ရောက်အောင် တစ်ယောက်ကိုတစ်ယောက် နားထောင် ကြသည်၊ ဝန်ခံကြသည်၊ တာဝန်ယူကြသည်၊ ဆွေးနွေးကြသည်။ လေးစားကြသည်။ ပြဿနာကိုခဏတန့်ထားရုံပင်မဟုတ်ဘဲ ပြေလည်သွားသည့်အထိ အသွင်ပြောင်းသည်။
ဆရာဘိုဦးဆောင်သောဆွေးနွေးဝိုင်းဖြစ်ပါသည်။ ၂၃.၉.၂၀၁၇ မွန်းလွဲပိုင်းဖြစ်ပါသည်။ မြတ်စွာဘုရားဟော ပါဠိတော်ထဲက ငြိမ်းချမ်းရေးရာနဲ့သက်ဆိုင်သောအဆိုအမိန့်များ အကြောင်းအရာများ သာဓကများ ဝတ္တုများ တရားတော်များကို ထုတ်နှုတ်သောအလုပ်ရုံဆွေးနွေးပွဲဖြစ်ပါသည်။ ပြင်ပလူမှုလောကထဲက ငြိမ်းချမ်ရေး ဆိုင်ရာအယူအဆများနဲ့ ချိတ်ဆက်နိုင်အောင် ဆရာဘိုကလူမှုလောကထဲက ငြိမ်းချမ်းရေးအယူအဆများကို ဦးဆောင်၍ဆွေးနွေးခြင်းဖြစ်ပါသည်။
ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ပြင်ပကသင်တန်းတွေမှာတော့ ခေါင်းစဉ်အမျိုးမျိုးနဲ့ပေးကြပါသည်။ မည်သို့ပင် ဆိုစေကာမူ ခေါင်းစဉ်များထက် အနှစ်သာရကအရေးကြီးတာမို့ ဒီဥပမာကလေးနဲ့ အချိန်တိုအတွင်းမှာ ငြိမ်းချမ်းရေးဆိုတဲ့ မြင်ကွင်းလေး၊ ပြဿနာဖြေရှင်းပုံရုပ်လုံးလေး၊ ပတ်သက်ဆက်နွှယ်သည့်အခြားသော အခြေအနေအမျိုးမျိုးများကိုမြင်လေရပါသည်။ သီအိုရီသက်သက်ပြောနေတာမဟုတ်ဘဲ လက်တွေ့ဘဝနဲ့ ချိတ်ဆက်ပြတာလေးဖြစ်သည်။ ငြိမ်းချမ်းရေးဆိုသည့်စကားလုံးသည် ကြီးလွန်းနေမှန်းသိသော်လည်း ရင်ခုန်မိသွားသည်။
ထိုအကြောင်းကိုတော့ ပြီးခဲ့ပါပြီ။ ကိုးရီးယားအမျိုးသမီးကတော့ မသိလိုက်ဘူးထင်ပါသည်။ သို့သော် ဒီလိုဇာတ်လမ်းလေးကြားရတော့လည်း အားရခဲ့ပါသည်။ အဲဒီညမှာ စာအုပ်ထဲကစာတွေ အပြင်ခုန် ထွက်လာ အောင် အကြိတ်အနယ် ကြိုးပမ်းကြသည်ကိုတွေ့့ရပါသည်။ ဇာတ်လမ်းထဲကတော့ စားသောက်ဆိုင်ထဲ စားကြသောက်ကြရင်း ပြောကြတာပါ။ နားထောင်တဲ့သူတွေက ကော်ဖီလေး ဖျော်သောက်ဖို့တောင် မေ့နေကြတယ်။ ဒါပေမယ့် အဲဒီအဝန်းအဝိုင်းတစ်ခုလုံး အသက်ဝင်ခဲ့ပါသည်။ စာအုပ်ပုံဘေးက ရေးခဲ့တဲ့စာတွေ ငြိမ်းချမ်းရေးအတွက် တစ်ထောင့်တစ်နေရာမှာ အထောက်အကူ ပြုနိုင်ပါစေ။
မှားတာရှိရင် ပြုပြင်ပေးပါဦးလို့
Nandiya Bhikkhu
အရှင်နန္ဒိယ (ဖယ်ခုံ)
25.9.2017 6:50 PM
ဆရာဘို ေရာသမေမႊျပလိုက္ေသာ ေခါင္းစဥ္မ်ား
ရန္ကုန္ၿမိဳ႕ထဲကစားေသာက္ဆိုင္တစ္ဆိုင္။ အခ်ိန္က ညေန ၆ နာရီမထိုးခင္ ၅မိနစ္အလို။ အခ်ိန္မွန္ဘဲေပါ့။ ကိုးရီးယားအမ်ိဳးသမီးတစ္ေယာက္နဲ႔ ခ်ိန္းထားတာ။ ျမန္မာအမ်ိဳးသားတစ္ေယာက္။ ဆိုင္ထဲေစာင့္ေနတယ္။ ၁၀ မိနစ္ၾကာၿပီ၊ ကိုးရီးယားမကေရာက္မလာတာနဲ႔ဖုန္းဆက္လိုက္တယ္၊ ကြ်န္ေတာ္ဆိုင္ထဲေရာက္ေနၿပီေနာ္ လို႔ေျပာတယ္။ ဟိုကလည္း ဟုတ္ကဲ့၊ ကၽြန္မျပန္လာပါ့မယ္ဟုဆိုေလသည္။ ျမန္မာအမ်ိဳးသားက နားမလည္ျဖစ္သြားသည္။ ဘာလို႔ျပန္လာပါ့မယ္လို႔ေျပာရတာလဲ ဟုေတြးေနသည္။ မၾကာခင္မွာဘဲ ကိုးရီးယားအမ်ိဳးသမီးကေရာက္လာသည္။ စားပြဲခုံေပၚမွာ ဖုန္းပစ္ခ်လိုက္သည္။
ငါေဒါသထြက္ေနတယ္ လို႔ေျပာသည္။
သိပ္မရင္းႏွီးေသးေသာလူတစ္ေယာက္က ဘာျဖစ္လို႔အသားလြတ္ေဒါသထြက္ေနရတာလဲ ဆိုတာကို ျမန္မာအမ်ိဳးသားကပိုၿပီးနားမလည္ေလေလ ျဖစ္လာသည္။ ဒီအမ်ိဳးသမီးနဲ႔ေတာ့ အဆင္ေျပပါ့ မလား လို႔ေတာင္ ေတြးမိသည္။
နားလိုက္ပါဦး ဟုဆိုကာ ညေနစာစား၊ ၁၀- မိနစ္ခန္႔ၾကာမွ ေဒါသကေျပၿပီး စကားေျပာလို႔ရသြားသည္။
ဘာလို႔စိတ္တိုတာလဲ ျမန္မာအမ်ိဳးသားကေမးသည္။
၅- နာရီခ်ိန္းထားတာကုိ ၅-နာရီမွာ ေရာက္မလာလို႔၊ ကၽြန္မအၾကာႀကီးထိုင္ေစာင့္ေနတာ၊ မလာလို႔ ဟိုတယ္ကိုျပန္သြားတာ၊ ကၽြန္မေတာ္ေတာ္စိတ္တိုသြားတယ္ ဟု ဆိုေလသည္။
၆-နာရီခ်ိန္းထားတာ မဟုတ္ဘူးလား၊
မဟုတ္ဘူး၊ ၅-နာရီခ်ိန္းထားတာ၊ ဂ်ီေမးလ္ကိုျပန္စစ္လိုက္ပါဦး။
ျပန္စစ္လိုက္ေတာ့ တကယ္ငါးနာရီျဖစ္ေနပါသည္။ ညစာစားရင္းစကားေျပာၾကမယ္လို႔ခ်ိန္းရင္ ၆- နာရီဘဲခ်ိန္းေနက်ျဖစ္သည္။ ျမန္မာရဲ႕ရာသီဥတုနဲ႔ဆိုရင္လည္း သက္ေတာင့္သက္သာရွိသည္။ ၅-နာရီက ပူလြန္းသည္။ အခုလည္း ၆- နာရီလို႔ဘဲထင္ခဲ့သည္။ ဘာျဖစ္လို႔ ၅-နာရီခ်ိန္းထားမိတာပါလိမ့္လို႔ ကိုယ့္ဟာကိုယ္ေတာင္နားမလည္ ျဖစ္ေနသည္။
ကၽြန္မနဲ႔အလုပ္တြဲလုပ္တဲ့ျမန္မာတိုင္း အၿမဲတမ္း ရန္ျဖစ္ရတယ္ လို႔ဆိုပါသည္။
ကၽြန္ေတာ္ေတြ႔ဖူးသည့္ကုိုးရီးယားတို္င္းဟာလည္း ျမန္မာနဲ႔အဆင္ေျပတယ္လို႔တစ္ေယာက္မွမရွိ ေသးဘူး ဟုသူလည္းဆိုသည္။
ၿပီးေတာ့ ႏွစ္ေယာက္လုံးအတူတူရယ္ၾကၿပီး စကားဆက္ေျပာၾကသည္။ ရယ္ရယ္ေမာေမာနဲ႔ သူတို႔အတြက္ အဆင္ေျပေသာညတစ္ညျဖစ္လာခဲ့ပါသည္။ လိုအပ္ေသာအကူအညီကိုလည္းေပးၾကသည္။ ေနာက္ဆုံး ေတာ့ ရင္းႏွီးေသာမိတ္ေဆြမ်ားျဖစ္လာၾကပါသည္။
ကိုးရီးယားအမ်ိဳးသမီးက အကူအညီလိုခ်င္လို႔ အကူအညီေတာင္းဖို႔ ခ်ိန္းထားတာျဖစ္သည္။ အကူအညီ လည္းေတာင္းေသးတယ္၊ ေနာက္က်တာေလးနဲ႔ စိတ္တိုတယ္၊ အကူအညီလိုခ်င္ရင္သည္းခံရမွာေပါ့ လို႔ေျပာလို႔ရသည္။ ၿပီးေတာ့ စိတ္တိုတယ္ဆိုရင္ စိတ္တိုတယ္လို႔ မေနႏိုင္ရင္ေျပာခ်င္လည္းေျပာေပါ့။ သူမ်ားေရွ႕မွာ ဖုန္းပစ္ခ်ၿပီးစိတ္တိုျပတာမ်ိဳးကေတာ့ ႐ိုင္းတာေပါ့၊ တစ္ဘက္သားကို မေလးစားတာပဲ လို႔ေျပာလို္႔ရသည္။ ဒီၾကားမွာမတူညီေသာယဥ္ေက်းမႈေတြရွိသည္။ ျမန္မာေတြကေအးေအးေဆးေဆးႏို င္သည္။ ကိုးရီးယားကအခ်ိန္မွန္မွန္၊တိတိက်က်လုပ္ေလ့ရွိသည္။ ျမန္မာေတြကသည္းခံတာ၊ ၿမိဳသိပ္ႏိုင္တာ ကိို ယဥ္ေက်းတယ္ဟုသတ္မွတ္သည္။ ေပါက္ကြဲတာကိုရိုင္းသည္ဟုသတ္မွတ္သည္။ ကိုးရီးယားက စိတ္တိုရင္တိုတယ္၊ ေပါက္ကြဲျပလိုက္တာကို ပြင့္လင္းတယ္ဟုသတ္မွတ္သည္။ ေအာင့္အီးလွ်ိဳ႕ဝွက္တာကို မရုိုးသားဘူးဟုသတ္မွတ္သည္။ ထိုႏွစ္ခုၾကားကမတူညီမႈသည္ ဟိုဘက္ဒီဘက္၊ အေရွ႕နဲ႔အေနာက္၊ ေတာင္နဲ႔ေျမာက္ျဖစ္ေနသည္။ ဆန္႔က်င္ေနသည္။ ထိပ္တိုက္ေတြ႔လွ်င္ ရန္မီးပြားဖို႔ျဖစ္လာသည္။ ၿပိဳကြဲဖို႔ျဖစ္လာသည္။ သို႔ေသာ္သူတို႔ႏွစ္ေယာက္သည္ တစ္ဘက္သား၏ယဥ္ေက်းမႈကိုေလးစားသည္။ တစ္ဘက္သားရဲ႕ခံစားခ်က္ကိုနားလည္သည္။ ထိုေလးစားမႈ၊ နားလည္မႈေၾကာင့္ပင္ သူတို႔သည္ ေက်ာခ်င္းကပ္ေသာဆက္ဆံေရးကေန ရင္ခ်င္းစပ္ေသာဆက္ဆံေရးအထိ အသြင္ေျပာင္းႏိုင္ခဲ့သည္။ ဤေနရာမ်ိဳး၌ Non Violent Communication ကအေရးႀကီးပါသည္။
SEB (Socially Engaged Buddhists) လို႔ေျပာေသာအခါ ေမတၱာ၊က႐ုဏာရွိရပါမည္။ ထိုေမတၱာက႐ုဏာသည္ ဉာဏ္အေျမာ္အျမင္နဲ႔လည္းအတူယွဥ္တြဲရပါမည္။ အၾကမ္းမဖက္မႈလည္း ပါရပါ မည္။ Simplicity လို႔ဆိုတဲ့ ႐ုိးရွင္းမႈလည္းပါရပါမည္။ ကလ်ာဏမိတၱလည္းျဖစ္ရပါမည္။ မိတ္ေဆြေကာင္းကို ရွာသလို ကိုယ္ကိုယ္တိုင္လည္းမိတ္ေဆြေကာင္းတစ္ေယာက္ျဖစ္ေအာင္ႀကိဳးစားရပါမည္။
ဥပမာအေနနဲ႔ေျပာရရင္ လူမႈဖြံ႕ၿဖိဳးေရးကိုလုပ္ေသာအခါ လုပ္ခ်င္သည့္စိတ္၊ ေပးခ်င္ကမ္းခ်င္သည့္စိတ္၊ ေမတၱာ၊ က႐ုဏာရွိ႐ုံနဲ႔မလုံေလာက္ပါဘူး။ ဉာဏ္အေျမာ္အျမင္မရွိလွ်င္ ေကာင္းတာလုပ္ေပမယ့္ ေဘးထြက္ ဆုိးက်ိဳးမ်ားျဖစ္ေပၚႏိုင္သည္။ ရြာတစ္ရြာကိုသြားၿပီး ေရတြင္းလွဴတာ၊ အိမ္ေဆာက္ေပးတာ စသည္ျဖင့္ သြားလုပ္ေပးသည္။ အစတုန္းကညီညြတ္ေနသည့္ရြာတစ္ရြာက ကိုယ္သြားလွဴဒါန္းလိုက္သည့္အရာ တစ္ခုခုေၾကာင့္ ရြာကြဲသြားတာမ်ိဳးစသည့္ေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ားျဖစ္မလာေအာင္သတိထားရပါသည္။ Do No Harm လို႔ေခၚတဲ့ ကိုယ္လုပ္ရပ္တစ္ခုခုေၾကာင့္ တစ္ဘက္မွာ ထိခိုက္သြားတာမ်ိဳး မျဖစ္ေအာင္ သတိထားရပါမည္။
ငါမွန္တယ္ဆိုၿပီး တစ္ဘက္သတ္အေတြးအလုပ္ေတြမျဖစ္ဖို႔ Tao ရဲ႕အေတြးအေခၚနဲ႔ဆိုရင္ Yin & Yang လိုပါပဲ အမဲ၊အျဖဴ။ အေအး၊အပူစသည္ေပါ့။ လြတ္လပ္မႈကို ဦးစားေပးလြန္းလွ်င္ပ်က္စီးလာ၊ ေလွ်ာ့ရဲလာ တတ္သလို၊ စည္းမ်ဥ္းစည္းကမ္းေတြအရမ္းဦးစားလြန္းလွ်င္ ခက္ထန္လာ၊ မာေက်ာလာတတ္သလိုေပါ့။ တစ္ဘက္ကိုအရမ္းအစြန္းမေရာက္ဖို႔က်န္သည့္တစ္ဘက္က ဆန္႔က်င္ဘက္အရာတစ္ခုခုနဲ႔ ထိန္းညွိေပးရ တာေပါ့။ ႏွိမ့္ခ်တာဟာလည္း ေအာက္က်ေနာက္က်မျဖစ္ေအာင္၊ ယံုၾကည္မႈဆိုတာဟာလည္း မေထမဲ့ျမင္ အဆင့္ထိကိုမဆိုလိုပါ။ ႏွိမ့္ခ်မႈနဲ႔ယုံၾကည္မႈ မညီမွ်ရင္အစြန္းတစ္ဘက္ဘက္ကိုေရာက္သြားတတ္တာေပါ့။
(ဘုရားေဟာတရားနဲ႔ဆိုရင္ပိုထင္ရွားတာေပါ့၊ အစြန္းႏွစ္ဘက္မေရာက္ဖို႔၊ မဇၥ်ိမပဋိပဒါက်ဖို႔။ ေနာက္ သဒၶါနဲ႔ပညာ၊ ဝီရိယနဲ႔သမာဓိ ညီမွ်ဖို႔ သတိနဲ႔ထိန္းဖို႔စသည္ေပါ့။ ဘုရားေဟာတိုက္ရုိက္တရားေတာ္မ်ားကို ေနာက္မွညွိမည္။ အခုစာသည္ လူမႈေလာကထဲ၌သုံးေနၾကေသာအသုံးအႏႈန္းမ်ားကိုပင္ အဓိကထားေဖာ္ျပပါသည္။ ဘက္လိုခ်ိတ္ဆက္မည္၊ ဆက္စပ္မည္စသည္မ်ားကို စာဖတ္သူမ်ားပိုသိၾကမည္ထင္ပါသည္။)
တစ္ခ်ဳိ႕ဆိုရင္အမ်ိဳးသမီးမ်ားစြမ္းရည္ျဖင့္ဖို႔ဆိုၿပီးေတာ့ အမ်ိဳးသမီးမ်ားကိုေခၚၿပီး စက္ခ်ဳပ္သင္ေပးလိုက္တယ္၊ စက္ခ်ဳပ္တတ္ေတာ့ သူတို႔လုပ္ေနတဲ့အိမ္မႈကိစၥအျပင္ စက္လည္းခ်ဳပ္ရေတာ့ ပိုၿပီးပင္ပန္းလာတယ္။ ေတြးတတ္ေခၚတတ္၊ ႀကံစည္တတ္၊ ဆုံးျဖတ္တတ္တဲ့့့့ အရည္အခ်င္းေတြက ရွိမလာဘူး။ စြမ္းရည္ျမင့္ဆိုသည့္ေနရာမွာ Critical thinking စြမ္းရည္လည္းပါသင့္တယ္။ ဒါမ်ိဳးေတြကိုျမင္ၿပီးေတာ့ အေျမာ္အျမင္ရွိရွိနဲ႔ ေမတၱာေတြ၊က႐ုဏာေတြကိုအေကာင္အထည္ေဖာ္သင့္တယ္။
ဘယ္လိုပင္ျဖစ္ပါေစ၊ ျပႆနာကိုေျဖရွင္းေသာေနရာ၌ အေျမာ္အျမင္ရွိဖို႔လိုသည္။ အၾကမ္းမဖက္မိဖို႔ လိုသည္။ တစ္ဘက္ဘက္ကိုမထိခိုက္ဖို႔လိုသည္။ Conflict Transformation လို႔ေခၚတဲ့ ျပႆနာအသြင္ေျပာင္းသည့္ေနရာမွာလည္း ေျပလည္သြားသည့္အထိေရာက္ဖို႔လိုသည္။ စားေသာက္ဆိုင္ ထဲက ယဥ္ေက်းမႈမတူညီမွ်ကအေျခခံေသာျပႆနာသည္ ႏွစ္ဦးႏွစ္ဖက္ၾကားမွာ တင္းမာမႈေတြျဖစ္လာ ခဲ့သည္။ သို႔ေသာ္သူတို႔သည္ ရင္းႏွီးခင္ျမင္ေသာအဆင့္သို႔ေရာက္ေအာင္ တစ္ေယာက္ကိုတစ္ေယာက္ နားေထာင္ ၾကသည္၊ ဝန္ခံၾကသည္၊ တာဝန္ယူၾကသည္၊ ေဆြးေႏြးၾကသည္။ ေလးစားၾကသည္။ ျပႆနာကိုခဏတန္႔ထား႐ုံပင္မဟုတ္ဘဲ ေျပလည္သြားသည့္အထိ အသြင္ေျပာင္းသည္။
ဆရာဘိုဦးေဆာင္ေသာေဆြးေႏြးဝိုင္းျဖစ္ပါသည္။ ၂၃.၉.၂၀၁၇ မြန္းလြဲပိုင္းျဖစ္ပါသည္။ ျမတ္စြာဘုရားေဟာ ပါဠိေတာ္ထဲက ၿငိမ္းခ်မ္းေရးရာနဲ႔သက္ဆိုင္ေသာအဆိုအမိန္႔မ်ား အေၾကာင္းအရာမ်ား သာဓကမ်ား ဝတၱဳမ်ား တရားေတာ္မ်ားကို ထုတ္ႏႈတ္ေသာအလုပ္႐ုံေဆြးေႏြးပြဲျဖစ္ပါသည္။ ျပင္ပလူမႈေလာကထဲက ၿငိမ္းခ်မ္ေရး ဆိုင္ရာအယူအဆမ်ားနဲ႔ ခ်ိတ္ဆက္ႏိုင္ေအာင္ ဆရာဘုိကလူမႈေလာကထဲက ၿငိမ္းခ်မ္းေရးအယူအဆမ်ားကို ဦးေဆာင္၍ေဆြးေႏြးျခင္းျဖစ္ပါသည္။
ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္လို႔ ျပင္ပကသင္တန္းေတြမွာေတာ့ ေခါင္းစဥ္အမ်ိဳးမ်ိဳးနဲ႔ေပးၾကပါသည္။ မည္သို႔ပင္ ဆိုေစကာမူ ေခါင္းစဥ္မ်ားထက္ အႏွစ္သာရကအေရးႀကီးတာမို႔ ဒီဥပမာကေလးနဲ႔ အခ်ိန္တိုအတြင္းမွာ ၿငိမ္းခ်မ္းေရးဆိုတဲ့ ျမင္ကြင္းေလး၊ ျပႆနာေျဖရွင္းပုံ႐ုပ္လုံးေလး၊ ပတ္သက္ဆက္ႏႊယ္သည့္အျခားေသာ အေျခအေနအမ်ိဳးမ်ိဳးမ်ားကိုျမင္ေလရပါသည္။ သီအိုရီသက္သက္ေျပာေနတာမဟုတ္ဘဲ လက္ေတြ႔ဘဝနဲ႔ ခ်ိတ္ဆက္ျပတာေလးျဖစ္သည္။ ၿငိမ္းခ်မ္းေရးဆိုသည့္စကားလုံးသည္ ႀကီးလြန္းေနမွန္းသိေသာ္လည္း ရင္ခုန္မိသြားသည္။
ထိုအေၾကာင္းကိုေတာ့ ၿပီးခဲ့ပါၿပီ။ ကိုးရီးယားအမ်ိဳးသမီးကေတာ့ မသိလိုက္ဘူးထင္ပါသည္။ သို႔ေသာ္ ဒီလိုဇာတ္လမ္းေလးၾကားရေတာ့လည္း အားရခဲ့ပါသည္။ အဲဒီညမွာ စာအုပ္ထဲကစာေတြ အျပင္ခုန္ ထြက္လာ ေအာင္ အႀကိတ္အနယ္ ႀကိဳးပမ္းၾကသည္ကိုေတြ႔႔ရပါသည္။ ဇာတ္လမ္းထဲကေတာ့ စားေသာက္ဆိုင္ထဲ စားၾကေသာက္ၾကရင္း ေျပာၾကတာပါ။ နားေထာင္တဲ့သူေတြက ေကာ္ဖီေလး ေဖ်ာ္ေသာက္ဖို႔ေတာင္ ေမ့ေနၾကတယ္။ ဒါေပမယ့္ အဲဒီအဝန္းအဝိုင္းတစ္ခုလုံး အသက္ဝင္ခဲ့ပါသည္။ စာအုပ္ပုံေဘးက ေရးခဲ့တဲ့စာေတြ ၿငိမ္းခ်မ္းေရးအတြက္ တစ္ေထာင့္တစ္ေနရာမွာ အေထာက္အကူ ျပဳႏိုင္ပါေစ။
မွားတာရွိရင္ ျပဳျပင္ေပးပါဦးလို႔
Nandiya Bhikkhu
အရွင္နႏၵိယ (ဖယ္ခုံ)

No comments:
Post a Comment