ဘီလူးချောင်းပြောသောနေ့တစ်နေ့ အခန်း(၃)
စာသင်တိုက်
စာသင်တိုက်လို့ပြောရင် စာအံ့ကျောင်းထဲမှာချထားပေးသည့်နေရာမှာညီညာစွာ စာကျက်နေသည့် စာသင်သားတွေကိုမြင်ယောင်နေပါသည်။ အချိန်က ၁၃၆၁-ခုနှစ်မို့ ရှင်ကဝိဓဇ၊ ရှင်ဝိမလ၊ ရှင်တေဇောဘာ သတို့က မွေတော်ကျောင်းမှာနောက်ဆုံးနှစ်ဖြစ်မည်ဆိုတာကို သူတို့ကိုယ်တိုင်လည်းကြိုမသိခဲ့ကြဘူး။ တစ် ကျောင်းလုံးပေါင်းမှ သံဃာတော်အရေအတွက်ကငါးဆယ်လောက်သာရှိသည့်အတွက် တစ်ကျောင်းလုံးသိ ကြ၊ ခင်ကြပေမယ့်ဒီနှစ်မှာတော့သူတို့လေးပါးကအမြဲလိုလိုတတွဲတွဲဖြစ်လေ့ရှိပါသည်။ အသက်ကလည်းတူ၊ အတန်းကလည်းတူ၊ စာစိတ်ဝင်စားတဲ့ဝါသနာတွေကလည်းတူနေကြသည်ဖြစ်လို့ဖြစ်ပါသည်။
အသက်က(၁၃)နှစ်၊ အတန်းက ဒုတိယတန်း။ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တွေမှာအခြေခံစာကို သင်ပေးသည့်ပုံစံက အောက်ပြည်ကသင်တဲ့ပုံစံအနည်းငယ်ကွဲပြားပါသည်။ အောက်ပြည်တွေမှာသင်တဲ့ပုံစံ က ပထမအငယ်တန်းကိုမတက်ခင် အခြေပြုမူလတန်းသင်ရပါသည်။ အချို့သောကျောင်းတိုက်တွေမှာ အခြေပြုမူလတန်းစာမနိုင်သည့်ကလေးတွေအတွက် မူကြိုတန်းဆိုသည့်အတန်းကိုသင်ရပါသည်။ ရှမ်းပြည် ကယားပြည်တွေမှာက အခြေပြုမူလတန်းစာကိုဘဲသုံးတန်းခွဲလိုက်ပါသည်။ ၎င်းကိုပင် မူလတန်း၊ ပထမ တန်း၊ ဒုတိယတန်းလို့ သုံးတန်းခွဲလိုက်ပါသည်။ သို့သော် ပြည်နယ်အလိုက်မူလတန်းမှာ အခြေခံကျမည် လိုအပ်မည်ထင်သည့်စာတွေထပ်ဖြည့်ကြတာရှိပါသည်။ တချို့ပြည်နယ်တွေမှာ ပရိတ်ကြီး၊ တချို့ကသိင်္ဂါ လောဝါဒ၊ တချို့ကလောကနီတိစသည်ဖြည့်စွက်ကြပါသည်။ မွေတော်ကျောင်းမှာနေတာသုံးနှစ်ရှိပြီမို့ ရှင်ကဝိဓဇတို့အဖွဲ့က ဒုတိယတန်းရောက်နေပြီ၊ အခြေပြုမူလတန်းဆိုသည့် အစိုးရစာမေးပွဲကိုဝင်ပြီးဖြေဆို ရမည့်နှစ်လည်းဖြစ်ပါသည်။ အဲဒီအချိန်ကမွေတော်ကျောင်းမှာ အတန်းကလည်းလေးတန်းပဲရှိပါသည်။
စာချ ဘုန်းကြီးလည်းလေးပါးရှိပါသည်။ မူလတန်းစာချဘုန်းကြီးက ဦးဝဏ္ဏပါလ၊ ပထမတန်းစာချဘုန်းကြီးက ဦးဣန္ဒာစက္က၊ ဒုတိယတန်းစာချဘုန်းကြီးက ဦးစရဏ၊ အငယ်တန်းစာချဘုန်းကြီးက ဆရာတော်ပင်ဖြစ်ပါ သည်။ ဒုတိယတန်းဖြစ်သည့်အတွက် ဒီနှစ်ဦးစရဏဆီမှာ စာလိုက်ကြရပါသည်။ ဦးစရဏကရှမ်းလူမျိုးဖြစ် လို့ “ရှမ်းဦိးဇင်း”လို့ပဲတစ်ကျောင်းလုံးကအလွယ်ခေါ်ကြလေသည်။ ရှမ်းဦးဇင်းလည်း တစ်ခါတစ်လေစာမရ ရင် ရိုက်တတ်သည်။ သူရိုက်လျှင် ရိုက်မည့်အကြောင်းအရာကိုကြိုပြောသည်။ ပြီးတော့ အပြုံးကမပျက်။ တပည့်တွေနဲ့ခင်မင်မှုကလည်းပုံးစံမပျက်။ ထို့ကြောင့်ရှမ်းဦးဇင်းရိုက်လို့နာသည့်တိုင် ဘယ်သူကမှစိတ်ဆိုး တာမရှိကြဘူး။ ဒီနှစ်မှာဒုတိယတန်းက စာသင်သား (၁၃)ပါးရှိပါသည်။ တစ်ခါတစ်လေ ရှမ်းဦးဇင်းကစာသင် ခန်းထဲမှာ အတည်လိုလို အပျက်လိုလို မတည်မကျပြောတဲ့စကားတွေလည်းရှိသည်။ အဲလိုစကားတွေမိန့်ပြီ ဆိုရင် အားလပ်ချိန်တွေမှာ စာသင်သားတွေအချင်းချင်းပြန်ပြောကြလေ့ရှိသည်။ တစ်ခါကဆိုရင် ရှမ်းဦးဇင်း က သမုစ္စည်းပိုင်းသင်ရင်း မေတ္တာပို့သည့်အကြောင်းကိုစာဝါမှာစကားစပ်ပြီးပြောမိသွားသည်။ ပြောပြီးတော့ သူသိတဲ့ဖြစ်ရပ်တချို့ကိုပြောပြသည်။ ဖြစ်ရပ်တစ်ခုကဆိုရင် ဆန်းပုံကတစ်မျိုးထပ်ဆန်းတာရှိသေးသည်။
“မနှစ်တုန်းက စည်ကားရပ်ကွက်က အပျိုမလေးတစ်ယောက်ကို စျေးကုန်းကလူပျိုလေးတစ် ယောက်က တစ်ဘက်သတ်ကြိုက်နေတာ၊ ကြိုက်သာကြိုက်တာ စကားမပြောရဲဘူး။ မချစ်သေးတဲ့လူတွေ သာ လျှောက်ပြောရဲပေမယ့် တကယ်ချစ်တဲ့သူတွေကမပြောရဲဘူး၊ ဒါကလူငယ်တွေရဲ့သဘာဝပဲ။ မပြောရဲ တော့ဘာလုပ်လဲဆိုတော့ သူ့ကိုပြန်ချစ်အောင်ဆိုပြီး ကောင်လေးကမေတ္တာသုတ်ကိုအလွတ်ကျက်သည်။ ပြီးတော့ဘုရားရှိခိုးလာသည်။ ဘုရားရှိခိုးပြီးသူချစ်နေတဲ့ကောင်မလေးကို ရည်မှန်းပြီး ညတိုင်းလိုလိုမေတ္တာ သုတ်ရွတ်လေသည်။ မေတ္တာပို့လေသည်။ နှစ်လသုံးလကြာတော့ ကောင်မလေးကိုစကားစပြောသည်။ ခင်မင်ပြီးတော့သူ့အချစ်ကိုပြောပြသည်။ သူတို့ချစ်သွားကြသည်။ ဒီနှစ်မှာဘဲ သူတို့လက်ထပ်သွားကြတယ်” ဟုမိန့်လေသည်။ ဇာတ်လမ်းကိုတော့စိတ်ဝင်စားစွာနားထောင်ကြသည်။ ဘယ်သူမှလဲမေးခွန်းတွေပြန်မမေး ကြ။ ကျေနပ်တယ်၊ မကျေနပ်ဘူးဆိုသည့်မျက်နှာလည်း ဘယ်သူမှမပြကြ။ သေချာတာတစ်ခုကတော့ ဟုတ်သလား၊ မဟုတ်သလားဆိုတာကို ဘယ်သူမှမသိလို့ဖြစ်သည်။ ဘုန်းကြီးလည်းခပ်တည်တည်နဲ့ ပြောတော့ ရီစရာလား၊ အတည်လား ဘယ်သူမှမဝေခွဲနိုင်ဘူးဖြစ်နေရှာသည်။
“ဟေ့ ရှင်ကဝိဓဇ၊ ရှမ်းဦးဇင်းမိန့်တဲ့ စျေးကုန်းမေတ္တာသုတ်အကြောင်းကို အရှင်ဘုရားဘယ်လိုထင် သလဲ” ရှင်ဝိမလမေးသည်။
“တပည့်တော်လည်း တွေဝေနေတာ၊ မေတ္တာသုတ်နဲ့ကမေတ္တာနဲ့ သူတို့သမီးရည်းစာကိစ္စနဲ့က ဘာဆိုင်လို့လဲ၊ မေတ္တာချင်းမှမတူတာ” ရှင်ကဝိဓဇ ဖြေသည်။
“ဆိုင်အောင်တွေးရင်တော့ဆိုင်တယ်၊ မဆိုင်အောင်တွေးရင်တော့ မဆိုင်ဘူး” ဟု ရှင်သူရိယဝင် ပြောသည်။
“တရားဟောဦးမလို့လား” ရှင်တေဇောဘာသပြောသည်။ ရှင်တေဇောဘာသရှေ့မှာ တစ်ခုခုကို ကောက်ချက်မချလိုက်နဲ့ ဓမ္မကထိကတင်မြှောက်ခံရမည်။
“မဟုတ်မှလွဲရော အတန်းထဲမှာ ကိုရင်တစ်ပါးပါးကစိတ်ဖောက်နေလို့၊ ဘုန်းကြီးကရွက်နေသလား မသိဘူး”
“ဘာဆိုင်လို့လဲ၊ ရွက်စရာလား၊ ရွက်စရာကရှားလို့ ဒီလိုရွက်ပါ့မလား”
“လျှပ်တစ်ပြတ်ပြောရတာမို့၊ စပ်မိစပ်ရာပြောမိသွားတာဖြစ်မယ်၊ သိပ်တော့မဆိုင်ပါဘူး၊ ခေါင်းကိုက် ခံနေလို့ကောဘာထူးမလဲ၊ ဘီလူးချောင်းထဲကိုပဲမျှောချရမယ်”
ရှင်သူရိယကို ပြန်မေးကြသည်။
“ရှင်သူရိယ ဘယ်လိုဆိုင်ပြီး၊ ဘယ်လိုမဆိုင်တာလဲ ပြောပါဦး”
“သူတို့အချစ်တွေက ခင်မင်မှုကနေစတာပဲမဟုတ်လား၊ ခင်မင်ဖို့ကဒီမေတ္တာနဲ့ဆိုင်တာပါပဲလေ”
“ဒီလိုဆိုတော့လည်း ဟုတ်သားပဲ”
“မဆိုင်တာကရော”
“မဆိုင်တာကတော့ ရှင်းနေတာပဲ၊ (၅၂၈) နဲ့ (၁၅၀၀)က မေတ္တာနဲ့ကိလေသာပဲလေ”
“ဘုန်းကြီးက တကယ့်မေတ္တာနဲ့ လူတွေပြောတဲ့မေတ္တာကို ပြောပြချင်လို့ မေးခွန်းထုတ်ဖို့လှည့်ကွက် ဆင်တာ ဖြစ်နေမလား” ဟု ရှင်ကဝိဓဇက ထင်မြင်ချက်ကိုပြောသည်။
“ဖြစ်နိုင်တယ်၊ ဒီလိုပဲဖြစ်လိမ့်မယ်”
သမုစ္စည်းပိုင်း သင်ကြားချက်ထဲမှာ စာချဘုန်းကြီးမွေးပေးထားတဲ့မီးနဲ့ ဘီလူးချောင်းဘေးမှာ ခေါင်းစားနေကြလေသည်။ အတွေးတွေကလေးနက်သလိုလိုရှိပါသည်။ သို့သော်ပေါ့ပါးပါသည်။ ရေစီး ကြောင်း၏တိုက်စားမှုအောက်မှာ အတွေးတွေရွက်လွင့်ကြည့်သည်။ လျင်မြန်စွာစီးမျှောလေသည်။ ဘီလူး ချောင်းနဲ့အပြိုင် စာသင်တိုက်ရေစီးကြောင်းထဲသူတို့ထပ်စီးမျှောလိုက်သည်။ ဒီလိုနဲ့စာမေးပွဲကမ်းစပ်သို့ နီးသထက်နီးလာလေသည်။ ချောင်းဘေးကနေသူတို့ပြောသည့်စကားတွေကို နေ့တိုင်းကြားနေရလို့ သူတို့ဘယ်လိုပျော်ကြသည်ဆိုသည်ကို ဘီလူးချောင်းကသိလိမ့်မည်ထင်သည်။ ထိုအကြောင်းကို တစ်နေ့ နေ့မှာ ဘီလူးချောင်းကပြန်ပြောပြလိမ့်မည်လို့ ယုံကြည်မိပါသည်။
ဆက်ရန်
အရှင်နန္ဒိယ(ဖယ်ခုံ
ဘီလူးေခ်ာင္းေျပာေသာေန႔တစ္ေ န႔ အခန္း(၃)
စာသင္တိုက္
စာသင္္တိုက္လို႔ေျပာရင္ စာအံ့ေက်ာင္းထဲမွာခ်ထားေပးသ ည့္ေနရာမွာညီညာစြာ စာက်က္ေနသည့္ စာသင္သားေတြကိုျမင္ေယာင္ေနပ ါသည္။ အခ်ိန္က ၁၃၆၁-ခုုႏွစ္မို႔ ရွင္ကဝိဓဇ၊ ရွင္ဝိမလ၊ ရွင္ေတေဇာဘာ သတို႔က ေမြေတာ္ေက်ာင္းမွာေနာက္ဆုံး ႏွစ္ျဖစ္မည္ဆိုတာကို သူတို႔ကိုယ္တိုင္လည္းႀကိဳမသ ိခဲ့ၾကဘူး။ တစ္ ေက်ာင္းလုံးေပါင္းမွ သံဃာေတာ္အေရအတြက္ကငါးဆယ္ေလာ က္သာရွိသည့္အတြက္ တစ္ေက်ာင္းလုံးသိ ၾက၊ ခင္ၾကေပမယ့္ဒီႏွစ္မွာေတာ့သူ တို႔ေလးပါးကအၿမဲလိုလိုတတြဲတ ြဲျဖစ္ေလ့ရွိပါသည္။ အသက္ကလည္းတူ၊ အတန္းကလည္းတူ၊ စာစိတ္ဝင္စားတဲ့ဝါသနာေတြကလည ္းတူေနၾကသည္ျဖစ္လို႔ျဖစ္ပါသ ည္။
အသက္က(၁၃)ႏွစ္၊ အတန္းက ဒုတိယတန္း။ ရွမ္းျပည္နယ္၊ ကယားျပည္နယ္ေတြမွာအေျခခံစာက ို သင္ေပးသည့္ပုံစံက ေအာက္ျပည္ကသင္တဲ့ပုံစံအနည္း ငယ္ကြဲျပားပါသည္။ ေအာက္ျပည္ေတြမွာသင္တဲ့ပုံစံ က ပထမအငယ္တန္းကိုမတက္ခင္ အေျချပဳမူလတန္းသင္ရပါသည္။ အခ်ိဳ႕ေသာေက်ာင္းတိုက္ေတြမွ ာ အေျချပဳမူလတန္းစာမႏိုင္သည့္ ကေလးေတြအတြက္ မူႀကိဳတန္းဆိုသည့္အတန္းကိုသ င္ရပါသည္။ ရွမ္းျပည္ ကယားျပည္ေတြမွာက အေျချပဳမူလတန္းစာကိုဘဲသုံးတ န္းခြဲလုိက္ပါသည္။
၎ကိုပင္ မူလတန္း၊ ပထမ တန္း၊ ဒုတိယတန္းလို႔ သုံးတန္းခြဲလုိက္ပါသည္။
သို႔ေသာ္ ျပည္နယ္အလိုက္မူလတန္းမွာ အေျခခံက်မည္ လိုအပ္မည္ထင္သည့္စာေတြထပ္ျဖ ည့္ၾကတာရွိပါသည္။ တခ်ိဳ႕ျပည္နယ္ေတြမွာ ပရိတ္ႀကီး၊ တခ်ိဳ႕ကသိဂၤါ ေလာဝါဒ၊ တခ်ိဳ႕ကေလာကနီတိစသည္ျဖည့္စြ က္ၾကပါသည္။ ေမြေတာ္ေက်ာင္းမွာေနတာသုံးႏ ွစ္ရွိၿပီမို႔ ရွင္ကဝိဓဇတို႔အဖြဲ႕က ဒုတိယတန္းေရာက္ေနၿပီ၊ အေျချပဳမူလတန္းဆိုသည့္ အစိုးရစာေမးပြဲကိုဝင္ၿပီးေျ ဖဆို ရမည့္ႏွစ္လည္းျဖစ္ပါသည္။ အဲဒီအခ်ိန္ကေမြေတာ္ေက်ာင္းမ ွာ အတန္းကလည္းေလးတန္းပဲရွိပါသည ္။
စာခ် ဘုန္းႀကီးလည္းေလးပါးရွိပါသည ္။
မူလတန္းစာခ်ဘုန္းႀကီးက ဦးဝဏၰပါလ၊ ပထမတန္းစာခ်ဘုန္းႀကီးက ဦးဣႏၵာစကၠ၊
ဒုတိယတန္းစာခ်ဘုန္းႀကီးက ဦးစရဏ၊ အငယ္တန္းစာခ်ဘုန္းႀကီးက ဆရာေတာ္ပင္ျဖစ္ပါ
သည္။ ဒုတိယတန္းျဖစ္သည့္အတြက္ ဒီႏွစ္ဦးစရဏဆီမွာ စာလိုက္ၾကရပါသည္။
ဦးစရဏကရွမ္းလူမ်ိဳးျဖစ္ လို႔ “ရွမ္းဦိးဇင္း”လို႔ပဲတစ္ေက ်ာင္းလုံးကအလြယ္ေခၚၾကေလသည္။ ရွမ္းဦးဇင္းလည္း တစ္ခါတစ္ေလစာမရ ရင္ ႐ုိက္တတ္သည္။ သူ႐ိုက္လွ်င္ ႐ိုက္မည့္အေၾကာင္းအရာကိုႀကိ ဳေျပာသည္။ ၿပီးေတာ့ အၿပဳံးကမပ်က္။ တပည့္ေတြနဲ႔ခင္မင္မႈကလည္းပု ံးစံမပ်က္။ ထို႔ေၾကာင့္ရွမ္းဦးဇင္း႐ုိ က္လို႔နာသည့္တိုင္
ဘယ္သူကမွစိတ္ဆိုး တာမရွိၾကဘူး။ ဒီႏွစ္မွာဒုတိယတန္းက စာသင္သား
(၁၃)ပါးရွိပါသည္။ တစ္ခါတစ္ေလ ရွမ္းဦးဇင္းကစာသင္ ခန္းထဲမွာ အတည္လိုလို
အပ်က္လိုလို မတည္မက်ေျပာတဲ့စကားေတြလည္းရ ွိသည္။ အဲလိုစကားေတြမိန္႔ၿပီ ဆိုရင္ အားလပ္ခ်ိန္ေတြမွာ စာသင္သားေတြအခ်င္းခ်င္းျပန္ ေျပာၾကေလ့ရွိသည္။ တစ္ခါကဆိုရင္ ရွမ္းဦးဇင္း က သမုစၥည္းပိုင္းသင္ရင္း ေမတၱာပို႔သည့္အေၾကာင္းကိုစာ ဝါမွာစကားစပ္ၿပီးေျပာမိသြား သည္။ ေျပာၿပီးေတာ့ သူသိတဲ့ျဖစ္ရပ္တခ်ိဳ႕ကိုေျပ ာျပသည္။ ျဖစ္ရပ္တစ္ခုကဆိုရင္ ဆန္းပုံကတစ္မ်ိဳးထပ္ဆန္းတာရ ွိေသးသည္။
“မႏွစ္တုန္းက စည္ကားရပ္ကြက္က အပ်ိဳမေလးတစ္ေယာက္ကို ေစ်းကုန္းကလူပ်ိဳေလးတစ္ ေယာက္က တစ္ဘက္သတ္ႀကိဳက္ေနတာ၊ ႀကိဳက္သာႀကိဳက္တာ စကားမေျပာရဲဘူူး။ မခ်စ္ေသးတဲ့လူေတြ သာ ေလွ်ာက္ေျပာရဲေပမယ့္ တကယ္ခ်စ္တဲ့သူေတြကမေျပာရဲဘူ း၊ ဒါကလူငယ္ေတြရဲ႕သဘာဝပဲ။ မေျပာရဲ ေတာ့ဘာလုပ္လဲဆိုေတာ့ သူ႔ကိုျပန္ခ်စ္ေအာင္ဆိုၿပီး ေကာင္ေလးကေမတၱာသုုတ္ကိုအလြတ ္က်က္သည္။ ၿပီးေတာ့ဘုရားရွိခိုးလာသည္။ ဘုရားရွိခိုးၿပီးသူခ်စ္ေနတဲ ့ေကာင္မေလးကို
ရည္မွန္းၿပီး ညတိုင္းလိုလိုေမတၱာ သုတ္ရြတ္ေလသည္။ ေမတၱာပို႔ေလသည္။
ႏွစ္လသုံးလၾကာေတာ့ ေကာင္မေလးကိုစကားစေျပာသည္။ ခင္မင္ၿပီးေတာ့သူ႔အခ်စ္ကိုေ ျပာျပသည္။ သူတို႔ခ်စ္သြားၾကသည္။ ဒီႏွစ္မွာဘဲ သူတို႔လက္ထပ္သြားၾကတယ္” ဟုမိန္႔ေလသည္။ ဇာတ္လမ္းကိုေတာ့စိတ္ဝင္စားစ ြာနားေထာင္ၾကသည္။ ဘယ္သူမွလဲေမးခြန္းေတြျပန္မေ မး ၾက။ ေက်နပ္တယ္၊ မေက်နပ္ဘူးဆိုုသည့္မ်က္ႏွာလ ည္း ဘယ္သူမွမျပၾက။ ေသခ်ာတာတစ္ခုကေတာ့ ဟုတ္သလား၊ မဟုတ္သလားဆိုတာကို ဘယ္သူမွမသိလို႔ျဖစ္သည္။ ဘုုန္းႀကီးလည္းခပ္တည္တည္နဲ႔ ေျပာေတာ့ ရီစရာလား၊ အတည္လား ဘယ္သူမွမေဝခြဲႏိုင္ဘူးျဖစ္ေ နရွာသည္။
“ေဟ့ ရွင္ကဝိဓဇ၊ ရွမ္းဦးဇင္းမိန္႔တဲ့ ေစ်းကုန္းေမတၱာသုုတ္အေၾကာင္ းကို အရွင္ဘုရားဘယ္လုိထင္ သလဲ” ရွင္ဝိမလေမးသည္။
“တပည့္ေတာ္လည္း ေတြေဝေနတာ၊ ေမတၱာသုုတ္နဲ႔ကေမတၱာနဲ႔ သူတို႔သမီးရည္းစာကိစၥနဲ႔က ဘာဆိုင္လို႔လဲ၊ ေမတၱာခ်င္းမွမတူတာ” ရွင္ကဝိဓဇ ေျဖသည္။
“ဆိုင္ေအာင္ေတြးရင္ေတာ့ဆိုင ္တယ္၊ မဆိုင္ေအာင္ေတြးရင္ေတာ့ မဆိုင္ဘူး” ဟု ရွင္သူရိယဝင္ ေျပာသည္။
“တရားေဟာဦးမလို႔လား” ရွင္ေတေဇာဘာသေျပာသည္။ ရွင္ေတေဇာဘာသေရွ႕မွာ တစ္ခုခုကို ေကာက္ခ်က္မခ်လိုက္နဲ႔ ဓမၼကထိကတင္ေျမွာက္ခံရမည္။
“မဟုတ္မွလြဲေရာ အတန္းထဲမွာ ကိုရင္တစ္ပါးပါးကစိတ္ေဖာက္ေ နလို႔၊ ဘုန္းႀကီးကရြက္ေနသလား မသိဘူး”
“ဘာဆိုင္လို႔လဲ၊ ရြက္စရာလား၊ ရြက္စရာကရွားလို႔ ဒီလိုရြက္ပါ့မလား”
“လွ်ပ္တစ္ျပတ္ေျပာရတာမို႔၊ စပ္မိစပ္ရာေျပာမိသြားတာျဖစ္ မယ္၊ သိပ္ေတာ့မဆိုင္ပါဘူး၊ ေခါင္းကိုက္ ခံေနလို႔ေကာဘာထူးမလဲ၊ ဘီလူူးေခ်ာင္းထဲကိုပဲေမွ်ာခ ်ရမယ္”
ရွင္သူရိယကို ျပန္ေမးၾကသည္။
“ရွင္သူရိယ ဘယ္လိုဆိုင္ၿပီး၊ ဘယ္လိုမဆိုင္တာလဲ ေျပာပါဦး”
“သူတို႔အခ်စ္ေတြက ခင္မင္မႈကေနစတာပဲမဟုတ္လား၊ ခင္မင္ဖို႔ကဒီေမတၱာနဲ႔ဆိုင္ တာပါပဲေလ”
“ဒီလိုဆိုေတာ့လည္း ဟုတ္သားပဲ”
“မဆိုင္တာကေရာ”
“မဆိုင္တာကေတာ့ ရွင္းေနတာပဲ၊ (၅၂၈) နဲ႔ (၁၅၀၀)က ေမတၱာနဲ႔ကိေလသာပဲေလ”
“ဘုန္းႀကီးက တကယ့္ေမတၱာနဲ႔ လူေတြေျပာတဲ့ေမတၱာကို ေျပာျပခ်င္လို႔ ေမးခြန္းထုတ္ဖို႔လွည့္ကြက္ ဆင္တာ ျဖစ္ေနမလား” ဟု ရွင္ကဝိဓဇက ထင္ျမင္ခ်က္ကိုေျပာသည္။
“ျဖစ္ႏိုင္တယ္၊ ဒီလိုပဲျဖစ္လိမ့္မယ္”
သမုစၥည္းပိုင္း သင္ၾကားခ်က္ထဲမွာ စာခ်ဘုန္းႀကီးေမြးေပးထားတဲ့ မီးနဲ႔ ဘီလူးေခ်ာင္းေဘးမွာ ေခါင္းစားေနၾကေလသည္။ အေတြးေတြကေလးနက္သလိုလိုရွိပ ါသည္။ သို႔ေသာ္ေပါ့ပါးပါသည္။ ေရစီး ေၾကာင္း၏တိုက္စားမႈေအာက္မွာ အေတြးေတြရြက္လြင့္ၾကည့္သည္။ လ်င္ျမန္စြာစီးေမွ်ာေလသည္။ ဘီလူး ေခ်ာင္းနဲ႔အၿပိဳင္ စာသင္တိုက္ေရစီးေၾကာင္းထဲသူ တို႔ထပ္စီးေမွ်ာလိိုက္သည္။ ဒီလိုနဲ႔စာေမးပြဲကမ္းစပ္သို ႔ နီးသထက္နီးလာေလသည္။ ေခ်ာင္းေဘးကေနသူတို႔ေျပာသည္ ့စကားေတြကို ေန႔တိုင္းၾကားေနရလို႔ သူတို႔ဘယ္လိုေပ်ာ္ၾကသည္ဆိုသ ည္ကို ဘီလူးေခ်ာင္းကသိလိမ့္မည္ထင္ သည္။ ထိုအေၾကာင္းကို တစ္ေန႔ ေန႔မွာ ဘီလူးေခ်ာင္းကျပန္ေျပာျပလိမ ့္မည္လို႔ ယုံၾကည္မိပါသည္။
စာသင္တိုက္
စာသင္္တိုက္လို႔ေျပာရင္ စာအံ့ေက်ာင္းထဲမွာခ်ထားေပးသ
အသက္က(၁၃)ႏွစ္၊ အတန္းက ဒုတိယတန္း။ ရွမ္းျပည္နယ္၊ ကယားျပည္နယ္ေတြမွာအေျခခံစာက
စာခ် ဘုန္းႀကီးလည္းေလးပါးရွိပါသည
“မႏွစ္တုန္းက စည္ကားရပ္ကြက္က အပ်ိဳမေလးတစ္ေယာက္ကို ေစ်းကုန္းကလူပ်ိဳေလးတစ္ ေယာက္က တစ္ဘက္သတ္ႀကိဳက္ေနတာ၊ ႀကိဳက္သာႀကိဳက္တာ စကားမေျပာရဲဘူူး။ မခ်စ္ေသးတဲ့လူေတြ သာ ေလွ်ာက္ေျပာရဲေပမယ့္ တကယ္ခ်စ္တဲ့သူေတြကမေျပာရဲဘူ
“ေဟ့ ရွင္ကဝိဓဇ၊ ရွမ္းဦးဇင္းမိန္႔တဲ့ ေစ်းကုန္းေမတၱာသုုတ္အေၾကာင္
“တပည့္ေတာ္လည္း ေတြေဝေနတာ၊ ေမတၱာသုုတ္နဲ႔ကေမတၱာနဲ႔ သူတို႔သမီးရည္းစာကိစၥနဲ႔က ဘာဆိုင္လို႔လဲ၊ ေမတၱာခ်င္းမွမတူတာ” ရွင္ကဝိဓဇ ေျဖသည္။
“ဆိုင္ေအာင္ေတြးရင္ေတာ့ဆိုင
“တရားေဟာဦးမလို႔လား” ရွင္ေတေဇာဘာသေျပာသည္။ ရွင္ေတေဇာဘာသေရွ႕မွာ တစ္ခုခုကို ေကာက္ခ်က္မခ်လိုက္နဲ႔ ဓမၼကထိကတင္ေျမွာက္ခံရမည္။
“မဟုတ္မွလြဲေရာ အတန္းထဲမွာ ကိုရင္တစ္ပါးပါးကစိတ္ေဖာက္ေ
“ဘာဆိုင္လို႔လဲ၊ ရြက္စရာလား၊ ရြက္စရာကရွားလို႔ ဒီလိုရြက္ပါ့မလား”
“လွ်ပ္တစ္ျပတ္ေျပာရတာမို႔၊ စပ္မိစပ္ရာေျပာမိသြားတာျဖစ္
ရွင္သူရိယကို ျပန္ေမးၾကသည္။
“ရွင္သူရိယ ဘယ္လိုဆိုင္ၿပီး၊ ဘယ္လိုမဆိုင္တာလဲ ေျပာပါဦး”
“သူတို႔အခ်စ္ေတြက ခင္မင္မႈကေနစတာပဲမဟုတ္လား၊ ခင္မင္ဖို႔ကဒီေမတၱာနဲ႔ဆိုင္
“ဒီလိုဆိုေတာ့လည္း ဟုတ္သားပဲ”
“မဆိုင္တာကေရာ”
“မဆိုင္တာကေတာ့ ရွင္းေနတာပဲ၊ (၅၂၈) နဲ႔ (၁၅၀၀)က ေမတၱာနဲ႔ကိေလသာပဲေလ”
“ဘုန္းႀကီးက တကယ့္ေမတၱာနဲ႔ လူေတြေျပာတဲ့ေမတၱာကို ေျပာျပခ်င္လို႔ ေမးခြန္းထုတ္ဖို႔လွည့္ကြက္ ဆင္တာ ျဖစ္ေနမလား” ဟု ရွင္ကဝိဓဇက ထင္ျမင္ခ်က္ကိုေျပာသည္။
“ျဖစ္ႏိုင္တယ္၊ ဒီလိုပဲျဖစ္လိမ့္မယ္”
သမုစၥည္းပိုင္း သင္ၾကားခ်က္ထဲမွာ စာခ်ဘုန္းႀကီးေမြးေပးထားတဲ့
ဆက္ရန္
အရွင္နႏၵိယ(ဖယ္ခုံ)
No comments:
Post a Comment