Friday, September 28, 2018

နှင်းဆီပန်းပန်သောကောင်မလေး အခန်း (၂)

နှင်းဆီပန်းပန်သောကောင်မလေး အခန်း (၂) 

(၁)
မျက်စိဖွင့်လိုက်တာနဲ့မြင်တွေ့ရတဲ့အရာတွေက အနက်ရောင်တွေပြည့်နှက်နေသည့်လောကကြီးပါပဲ။ အနက်ရောင်နဲ့ ဖုံးလွှမ်းထားတဲ့ တိုက်ကြီးတစ်လုံးထဲက အနက်ရောင်ဆံပင်ရှည်ကို ဖားလျားချထားသည့် မိန်းကလေးတစ်ဦး၊ ပြတင်း ပေါက်ဝ ထိုင်ခုံပေါ်မှာထိုင်နေသည်။ ထိုင်နေသည့်ဆံပင်ရှည်ရှည် မိန်းကလေး တစ်ဦးက မလှုပ်မယှက်ငြိမ်သက်နေသလို လောကကြီးတစ်ခုလုံးကလည်း တိတ်ဆိတ်နေသည်။ ဦးခေါင်း တစ်ခုလုံးမှာဆံပင်တွေဖားလျားချထားလို့ မျက်နှာမမြင်ရဘဲ ပြတင်းပေါက်ဘက်မျက်နှာမူနေသည့် မိန်းကလေးသည် သန်းခေါင်ယံကျော်သည့်အထိ ထိုင်နေလျက်ပင်။ အပ်ကလေး တစ်ချောင်းကျလျှင်ပင် အသံကျယ်လောင်စွာကြားနေရမည့်အချိန်မျိုးမှာ တစ်ခုတည်းသော အသံသည်သဲသဲကလေး ကြားနေရ သည်။ ထိုအသံမှာ ထိုင်နေတဲ့မိန်းကလေးရဲ့ အသက်ရှုသံပင်ဖြစ်ပါသည်။ ထိုညသည် လကွယ်ညဖြစ်ပါ သည်။ လကွယ်ညရဲ့အင်အားက တိတ်ဆိတ်ငြိမ်သက်ခြင်းနဲ့အတူ မှောင်မိုက်ခြင်း အင်္ဂါလက္ခဏာတွေနဲ့ လည်းပြည့်စုံနေသည်မို့ အမှောင်ထဲမှာထိုင်နေသည့်မိန်းကလေးအတွက်လည်း သက်တောင့်သက်သာ ရှိသည်။ အရုပ်မဟုတ်သောထိုသက်ရှိ မိန်းကလေးသည် ငြိမ်သက်စွာပင် လကွယ်ညမှာ အမှောင်တွေကို အဖော်ပြုနေသည်။ တစ်ခါတစ်ခါလေရှုးကလေးတိုက်ခတ်လာလျှင် မိန်းကလေးရဲ့ဆံပင်တွေက လေနဲ့အတူ ခန္ဓာကိုယ်ရဲ့ နောက်ဘက်ကို ယိမ်းပြီး မိန်းကလေးရဲ့မျက်နှာသည် တစ်ချက်တစ်ချက် ပေါ်ထွက်လာသည်။ သို့သော်လည်း မျက်နှာကအောက်ငုတ်ထားသည်မို့ ဘက်သူဘက်ဝါမှန်းသိဖို့ ခက်ခဲနေဆဲပင်။ လကွယ်ညရဲ့အမိုက်မှောင်ကလည်း ထပ်ဖုံးအုပ်ထားသေးသည်မို့ တစ်စုံတစ်ဦးက ကြည့်ခဲ့ရင်တောင် မည်သူမှတွေ့လိမ့်မည်မဟုတ်ပါ။ တိတ်ဆိတ်နေသောအချိန်ကာလတွေမှာ အဖော်မဲ့အထီးကျန်နေသူ အတွက် ပိုပြီး အားငယ်စေသည်။ တရားရှာနေသောရသေ့၊ ရဟန်းသူတော်စင်တွေအတွက်တော့ ပိုပြီး မွေ့လျှော်ဖွယ်ကောင်းသည်။ ထိုင်နေသောထိုမိန်းကလေးသည် တရားရှာနေသည့်ရသေ့၊ ရဟန်းမဟုတ် သည့်အတွက် တရားနဲ့မွေ့လျှော်နေသည်တော့ ဟုတ်မည်မထင်။ သို့တစေ အထီးကျန်နေသည်လည်း မဟုတ်တန်ရာ။ သို့သော်လည်း တစ်ယောက်တည်း၊ အမှောင်ထဲ၊ ထိုင်နေဆဲ၊ ငြိမ်နေဆဲပါဘဲ။ ခဏကြာသော် ငြိမ်နေသည့်မိန်းကလေးသည်လှုပ်ရှားလာသည်။ လက်နှစ်ဘက်ကိုမြောက်ပြီး ခေါင်းကို ပွတ်နေသည်။ ဆံပင်တွေကို ကိုင်သည်။ ဆံပင်ကခြောက်နေပြီ ဆိုသည့်အသိနဲ့ ဖားလျားချထား သည့်ဆံပင်တွေကို ပြန်စည်းလိုက်သည်။ ထိုညခေါင်းလျှော်တာနောက်ကျသွားလို့ ဆံပင်ကစိုနေလို့ ပြတင်းပေါက်ဝမှာထိုင်ပြီး လေညှင်းခံနေခြင်းဖြစ်သည်။ လူသံ တိတ်နေချိန် အဆောင်ထဲမှာ တစ်ယောက် တည်း ထိုင်နေတတ်သည့်အကျင့်သည် ထိုမိန်းကလေးအတွက် နေသားကျနေ သောအကျင့်တစ်ခုလည်း ဖြစ်ပါသည်။ ထိုမိန်းကလေးသည် အခြားသူမဟုတ်ပါ။ နန်းခမ်းယွန်းပင်ဖြစ်ပါသည်။ လကွယ်ညကို အတိတ်နိမိတ် မကောင်းခြင်း၊ ကံဆိုးခြင်း၊ ကြေကွဲရခြင်း စသည့်အမှတ်သင်္ကေတတို့ဖြင့် ပြောဆို သတ်မှတ်နေကြပေမယ့် ထိုစကားများကို နန်းခမ်းယွန်းတစ်ယောက် လျစ်လျူရှုထားနိုင်သည်။ လကွယ်ညရဲ့ တိတ်ဆိတ်ငြိမ်သက်မှုကိုတော့ သူမ ကြိုက်နှစ်သက်မိသည်။ လကွယ်ညကိုနှစ်သက်ခြင်းတစ်ခုတည်းနဲ့ ထိုင်နေခြင်းတော့ မဟုတ်ပါ၊ လေညှင်းခံရင်း နေ့ခင်းကဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြန်လည် ဆင်ခြင်စဉ်းစားသုံးသပ်ကာ ငြိမ်သက်နေခြင်း ဖြစ်ပါသည်။

“ခမ်းယွန်း မင်းဘာလို့ဒီလိုစာတွေဖတ်ရတာလဲ၊ ဒီစာတွေက အားငယ်တတ်တဲ့သူတွေအတွက်ရေးတဲ့ စာတွေဘဲ၊ ကိုယ့်ကို သားကောင်ဖြစ်စေတဲ့စာတွေပါ၊ ဒီလိုစာမျိုးတွေသိပ်မဖတ်နဲ့၊ ဘဝအတွက် ရုန်းကန်လှုပ်ရှားနေတဲ့ အချိန်မျိုးမှာ ကိုယ့်အတွက်ခွန်အားဖြစ်စေမယ့်စာတွေများများဖတ်ပါ။ ဒီလိုစာတွေက သူတစ်ပါးကို နားလည်ပေးနိုင်ဖို့၊ စာနာပေးနိုင်ဖို့ အတွက်ဘဲ ဖတ်ချင်ဖတ်ပါ၊ ကိုယ့်ရဲ့လက်သုံးစကား အဖြစ်ဆုပ်ကိုင်မထားနဲ့၊ ဒါတွေက အားငယ်တတ်တဲ့သူတွေရဲ့ လက်သုံးစကားပါ၊ မင်း အားငယ်တတ်တဲ့ စိတ်တွေမမွေးမိအောင်သတိထားပါ၊ မင်းက စိတ်ဓာတ်ခိုင်ခံ့တဲ့မိန်းကလေး တစ်ဦးပါ”
ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေတဲ့လကွယ်ညမှာ နန်းခမ်းယွန်းရဲ့နားထဲတွင် ဒီစကားကပဲ့တင်ထပ်နေ လျက်ပင်။ နေ့ခင်းတုန်းက အလုပ်ကို နေ့တစ်ပိုင်းခွင့်ယူလိုက်ပြီး မရောက်တာကြပြီဖြစ်သည့် အစ်ကိုဦးဇင်း ဆီမှာသွားတော့ အင်တာနက်ပေါ်က ကြိုက်လို့ ကော်ပီကူးထားတဲ့စာသားကိုပြသောအခါ ဦးဇင်းက ဒီလိုပြန်ဆုံးမလိုက်သော စကားဖြစ်ပါသည်။

“ဆောရီးပါ၊ တောင်းပန်ပါတယ်ဆိုတဲ့စကားနဲ့ ခံခဲ့ရတဲ့အကြိမ်လည်းများလှပြီ။
နောက်တစ်ခါမလုပ်တော့ပါဘူး ဆိုတဲ့စကားနဲ့ အလိမ်ခံရတာလည်း များလှပြီ။
နောက်ကျသွားလို့ခွင့်လွတ်ပါဆိုတဲ့စကားနဲ့ စောင့်နေရတဲ့အချိန်တွေလည်းများလှပြီ။
မိတ်ဆွေ သင့်မှာစာနာစိတ်ရှိရင် ကျုပ်ကိုသနားပါ” ဆိုသည့်စာသားလေးပင်။

စာကလေးတစ်ပုဒ်၊ တစ်ပိုဒ်၊ တစ်ကြောင်း၊ တစ်လုံးရဲ့တွန်းအားက လူတွေရဲ့အတွေးအမြင်၊ စိတ်ဓာတ် အနေ အထား တွေကိုပြောင်းလဲစေနိုင်သည်။ အထူးသဖြင့် ဆယ်ကျော်သက်၊ လူငယ်အရွယ်တွေမှာ စွဲလမ်းမိတဲ့ စာတွေဟာ လူ့ဘဝ တစ်ခုလုံးယုံကြည်မှုတွေ ပုံသွင်းလာနိုင်သည့်အထိဖြစ်လာတတ်သည်။ အချို့စာတွေမှာဆိုရင် နိုင်ငံရေးဆိုတဲ့စာလုံးတွေ မသုံးဘဲ သူတို့လိုချင်သည့်နိုင်ငံရေးအတွေးအခေါ်တွေ ထည့်ပေးလိုက်သည်လည်း အများကြီးရှိပါသည်။ ထိုမိုင်းတွေမမိ အောင် စာဖတ်ရင်လည်း သတိကြီးကြီး ထားရပါမည်။ ဦးဇင်းရဲ့စာပေလွှမ်းမိုးမှုသြဝါဒတွေခံယူပြီး ပြန်လာသည့်လမ်း တစ်လျောက်မှာလည်း အဲဒီစကားပဲ နားထဲမှာ ပဲ့တင်ထပ်နေသည်။

လမ်းမှာလမ်းလျှောက်ရင်းတွေ့ခဲ့ရသည့် နောက်မြင်ကွင်းတစ်ခုက အမျိုးသမီးကြီးတစ်ယောက်၊ ခွက်တစ်လုံး ကိုင်ပြီး တောင်းစားနေသည်။ “သနားပါရှင့်၊ ကျွန်မကလေးထမင်းမစားရသေးလို့ပါ၊ စားစရာတကယ်မရှိလို့ ပါရှင်၊ သားတို့ သမီးတို့ အစ်ကိုတို့ အစ်မတို့ သနားကြပါဦးရှင့်” ဟုအော်နေသည်။

လက်မှာပိုက်ထားသည့်ကလေးက အစာဝဝလင်လင်မစားရလို့ပိန်ပြီး အရိုးပြိုင်းပြိုင်းထနေသည်၊ ကလေးက ပါးစပ်ဟနေပြီး မျက်စိမှေးမှေးနဲ့ သူ့အမေမျက်နှာကိုစိုက်ကြည့်နေသည်။ “စားစရာတစ်ခုခုကိုပေးပါ” ပြောနေသည့် မျက်လုံးကလေးတွေက အမေတင်မက ဘေးကလူတွေလည်း ဖတ်လို့ရသည်။ ကလေးကို သနားလို့ ခဏရပ်ပြီး သေချာကြည့်မိလိုက်သည်။ ကြည့်နေရင်းနဲ့ပင် ကလေးကဆန့်ငင်ဆန့်ငင်ဖြစ် လာသည်။ စကားပြောဖို့အားယူနေသည်။ “သား ဘာဖြစ်တာလဲ” လို့ အမေကမေးသည်။ “ခဏစောင့်ပါ သားရယ် စားရမယ်” လို့ပြောသည်။ ကလေးက အားယူနေပေမယ့် စကားဆက်မပြော နိုင်ပေ။ အသက်ရှု တာ ခပ်ပြင်းပြင်းဖြစ်လာသည်။ ပြင်းပြီးတော့ ရှုရှိုက်နေတဲ့အသက်တွေ အားပျော့လာသည်။ အမေက ကြည့်ရင်းနဲ့ “သား သား” ဟုအော်ခေါ်သည်။ ကလေးက အသက်ပင်ထပ်မရှုနိုင်တော့ပေ။ အမေကအစာမစားရလို့ ငိုဖို့တောင် အားမရှိတော့သည့်ပမာ မျက်ရည်မထွက်၊ အသံမထွက်ဘဲ ကလေးကို ပွေ့ဖက်ပြီး ငိုနေသည်။ မကြာခင်မှာဘဲ လမ်းဘေးက စျေးသည်တွေ ဝိုင်းအုံလာကြသည်။ အဲဒီမြင်ကွင်းကို ကြည့်ပြီးဘာလုပ်ရမှန်း မသိဘဲ နန်းခမ်းယွန်း ကြက်သေသေသွားလေသည်။ ကိုယ့်ရှေ့က စားစရာမရှိလို့ လမ်းဘေးမှာဘဲအသက်ထွက်သွားတဲ့ ကလေးတစ်ယောက်ပုံရိပ်၊ ဘယ်တုန်းက မှ မမြင်ခဲ့ဖူးသည့်ပုံရိပ်။ ဘာမှလုပ်မပေးနိုင်တာနဲ့ အပြန်လမ်းအတိုင်းဘဲ ဆက်လျှောက်နေရသည်။ မျက်လုံးထဲမှာတော့ ကလေးလေး ရော၊ ငိုနေတဲ့အမေကိုရော မြင်ယောင်နေဆဲ။

ပန်းရောင်းသည့်ယောင်္ကျားလေးတစ်ယောက်၊လက်ပေါ်မှာ ပန်းကုံးတွေအပြည့်နဲ့၊ ဟိုဘက် လမ်းဘေး ပလက်ဖောင်းပေါ် ရပ်နေသည်။ ကားမောင်းသူတွေ ပန်းဝယ်နေကျမို့ ကားအလာကို ယောင်္ကျားလေးက စောင့်နေသည်။ ထိုမြင်ကွင်းသည် နေ့တိုင်းမြင်နေကျမြင်ကွင်း တစ်ခုဖြစ်သည်။ မြင်နေကျမြင်ကွင်းထဲကနေ ထူးသွားတာလေးတစ်ခုကတော့ သူ့အသိလား၊ သူ့ညီမလား၊ အစ်မလား ထင်ရသည့် ဘဝတူပန်းရောင်း သည့်မိန်းကလေးတစ်ယောက်က ပန်းကုံးတွေလက်ထဲအပြည့်နဲ့ ဒီဘက်ပလက်ဖောင်းပေါ်ကနေ ဟိုဘက်ပလက်ဖောင်းပေါ်ကယောင်္ကျားလေးကိုလှမ်းခေါ်သည်။ ယောင်္ကျားလေးကလည်း မိန်းကလေး ရှိရာဆီ ဦးတည်ကာ ကားလမ်းကိုဖြတ်ပြီး ပြေးလာသည်။ ကားလမ်းဖြတ်နေစဉ်မှာဘဲ မထင်မှတ်သည့် အရှိုန်ပြင်းပြင်းနဲ့မောင်းလာသည့် ကားတစ်စီးက ယောင်္ကျားလေးဆီပြေးဝင်လာသည်။ ယောင်္ကျားလေးက လည်း ကားကိုဖြတ်ခနဲ့လှမ်းမြင်လိုက်ပြီး ကြောက်အားလန့်အားနဲ့ ရှေ့ဘက်ကိုဘဲ လျင်မြန်စွာ ဆက်ပြေး လိုက်သည်။ ကားမောင်းသည့်လူကြီးလည်း လျင်မြန်စွာဘဲ ဘရိတ်အုပ်လိုက်သည်။ ဘရိတ်အုပ် လိုက်ပေမယ့် အရှိုန်ပြင်းသောကားသည် လမ်းဖြတ်ကူးနေသောယောင်္ကျားလေးကို ဝင်တိုက်နှင့်နေပြီ။ ကားရဲ့ဆောင့်အားကြောင့် ယောင်္ကျားလေးကကားရှေ့ခပ်လှမ်းလှမ်းမှာ လဲကျသွားသည်။ ကားနဲ့မျက်နှာ ချင်းဆိုင်မှာ အရှိုန်နဲ့မောင်းနှင်လာသည့် ဆိုင်ကယ်ကလည်း လျင်မြန်စွာဘဲ အရေးပေါ်ဘရိတ်အုပ်နေသည်။ သို့သော်လည်း မောင်းလာသည့်အရှိုန်က သိပ်မြန်တာကြောင့် ဘရိတ်အုပ်ပြီး သောအချိန်မှာ ယောင်္ကျားလေးရဲ့လည်ပင်းကို ကြိတ်မိလျက်သားဖြစ်နေပြီ။ လျင်မြန်စွာ လှုပ်ရှားနေသော ထိုအခိုက် အတန့်တွေမှာ အားလုံးကလက်လွန်ခြေလွန်ဖြစ်ကြကုန်ပြီ။ လဲကျနေသောယောင်္ကျားလေး၏ ခန္ဓာကိုယ် သည် သွေးများဖြင့်ပေကျံနေသည်။ ပါးစပ်ကလည်းဟနေသည်၊ ပါးစပ်ထဲက ငုံထားသည့်ကွမ်းယာလည်း အပြင်ဘက်ကား လမ်းမပေါ် လိမ့်ကျလာသည်။ ကွမ်းသွေးနဲ့အတူ ပါးစပ်ထဲကအနီရဲရဲ သွေးတွေက အပြင်ဘက်ကို စီးဆင်းလာသည်။ လက်တွေကလည်း ခန္ဓာကိုယ်အောက်ခေါက်နေသဖြင့် ထလို့မရပေ။ ကားတိုက်လို့လဲကျသွားသည့်ခန္ဓာကိုယ်ကို ဆိုင်ကယ်က လည်ပင်းဝင်ကြိတ်ထားသည့်အတွက် ကြက်သေ သေနေသည့်ယောင်္ကျားလေးက သူ့ကိုသူ ဘာတွေဖြစ်လို့ဖြစ်နေမှန်း တောင်သိတော့မှာမဟုတ်ပါဘူး။ ကတ္တရာလမ်းနဲ့ဆောင့်လိုက်လို့ ကွဲအက်နေသည့်ဦးခေါင်းကလည်း သွေးတွေ စီးကျလာပြီ၊ ခြေထောက်တွေ ကလည်းသွေးတွေနဲ့စိုရွဲနေပြီ။ ယောင်္ကျားလေးက အသက်မထွက်သေးဘဲ ဆန့်ငင်ဆန့်ငင် ဖြစ်နေရှာသည်။ ရှုရှိုက်နေတဲ့နှာခေါင်းထဲကလေတွေလည်း သွေးတွေနဲ့ပြည့်ကြပ်နေသည်။ ကားမောင်းသည့် လူကြီးလည်း ကားထဲကထွက်လာသည်။ ဆိုင်ကယ်မောင်းသည့်လူကြီးကလည်း ဆိုင်ကယ်ပေါ်က ဆင်းလာသည်။ ယောင်္ကျားလေးကိုလှမ်းခေါ်သည့်မိန်းကလေးက ကြက်သေသေနေပြီး ရှေ့သွားရမလိုလို၊ နောက်ဆုတ်ရ မလိုလိုနဲ့ ဘာလုပ်ရမှန်းမသိဘဲ မတ်တတ်ရပ်ရာကနေ မေ့ပြီးလဲကျသည်။ လမ်းဘေးကလူတွေဝိုင်းအုံ လာနေသည်။ ထိုမြင်ကွင်းသည် တကယ်လိုလို အိပ်မက်လိုလို အရှင်လတ်လတ် နန်းခမ်းယွန်းရဲ့ မျက်စိရှေ့မှာ ဖြစ်ပျက်နေသည်။ နန်းခမ်းယွန်းသည် အပြန်လမ်းတစ်လျှောက်မှာ အဲဒီပုံရိပ်တွေပဲမြင် ယောင်နေပြီး အဆောင်ကို ဘယ်လိုပြန်ပြီး ဘယ်လိုရောက်မှန်း မသိဘဲ သတိရသောအချိန် အဆောင်ထဲပြန်ရောက်နေပြီဖြစ်သည်။

ထိုမြင်ကွင်းများက တစ်ရက်တည်းနဲ့မြင်လိုက်ရသည့်အတွက် အ့့ံ့သြ၍မဆုံးဖြစ်နေသည်။ မြင်ပြီးတဲ့အချိန်က စပြီး တစ်ညနေ လုံးလုံး အဲဒီအဖြစ်အပျက်တွေကိုပဲ သတိရနေသည်။ ညရောက်သည့်အထိ အိပ်မရဘဲ မြင်ယောင်နေသည်။ ကြောက်စိတ်မရှိပေမယ့် မေ့ဖျောက်လို့မရသည့်အထိ စိတ်ထဲစွဲနေသည်။ လကွယ်ည အမှောင်ထဲမှာ ထိုအကြောင်းကိုတွေးရင်း နန်းခမ်းယွန်း တစ်ယောက် ရင်ထဲပိုမောလာသည်။ အသက်ရှု ပိုကြပ်နေသလိုထင်ရသည်။ “သူတို့တွေလည်း ငါတို့လိုဘဲ ရှေ့ရေးအတွက် စိုးရိမ်နေတဲ့ လူတွေဖြစ်မှာဘဲ။ သေသွားသောနှစ်ယောက်လုံးသည် စားဝတ်နေရေးအတွက် ရုန်းကန်ရင်း သေသွားသည့် သူတွေပင် ဖြစ်သည်။ ငါလည်းရုန်းကန်နေရသည့်သူပါပဲ” ဟု တွေးသည်။ ရတနာပုံတက္ကသိုလ်ကျောင်းသူတစ်ဦး အမျိုးသမီးဆောင်ပေါ်က လကွယ်ညကိုအဖော်ပြုရင်း သန်းခေါင်ယံကို ဖြတ်ကျော်နေသည်။ ထိတ်လန့်စရာ အာရုံတွေနဲ့ မှောင်မိုက်နေတဲ့ညတွေမှာတောင် သူမ မကြောက်မရွံ့ဘဲ ဖြတ်သန်းခဲ့သည်။ ညရဲ့မှောင်မိုက် ခြင်းသည် အတွေးများကို လေးနက်အောင် အားပြုပေးနေသည်။ ညနက်လေလေ အမှောင်က ပိုကြီး စိုးလေလေဖြစ်လာသည်။ အမှောင်ကျလာလေလေ အတွေးတွေကပိုလေးနက်လေလေ ဖြစ်လာသည်။ အမှောင်ကျသောဘဝများဟာ လေးနက်တဲ့ဘဝတွေဖြစ်လာသည်ဟု နန်းခမ်းယွန်းတစ်ယောက် ယုံကြည် နေပြီ။

(၂)
“ဘဝရဲ့အဓိပ္ပါယ်” လို့ပြောလိုက်တဲ့စကားလုံးများဟာ လူတွေရဲ့အလုပ်တွေနဲ့ပဲတိုင်းတာနေကြတာ များပါ သည်။ အထူးသဖြင့်ပိုက်ဆံများများရသည့်အလုပ်ဆိုလျှင် အခြားအလုပ်တွေထက်ပိုပြီးအဓိပ္ပါယ်ရှိသယောင် ပြောနေကြသည်။ တက္ကသိုလ်ကျောင်းသားတွေကို အားပေးတိုက်တွန်းစကားတွေပြောတဲ့အခါတွေမှာလည်း ဒီအတိုင်းပဲပြောနေကြသည်။ ပညာတတ်အောင်ကြိုးစား၊ ပညာတတ်မှကောင်းကောင်းနေရမည်၊ အဆင့်မြင့်မြင့်နေရမည်။ အရိပ်ထဲမှာအလုပ်လုပ်ရမည်။ ဦးလေးတို့ အဒေါ်တို့က ပညာမတတ်လို့ အလုပ်ကြမ်းလုပ်ရတယ် စသည်ဖြင့်ပြောကြသည်။ ဒီလိုနဲ့ပဲကြိုးစားလိုက်ရတာ ဖတ်ဖတ်ကိုမောလို့။ သူတို့ပြောသည့်အတိုင်းဆိုရင် တက္ကသိုလ်တက်ပြီးရင် အလုပ်ကြမ်းတွေ လုပ်လို့မရတော့ဘူး။ ကျောင်းသား တိုင်းကို ဆရာဝန်ဖြစ်ခိုင်းလိုက်၊ အင်ဂျင်နီယာဖြစ်ခိုင်းလိုက်၊ ကျောင်းဆရာဖြစ်ခိုင်းလိုက်၊ ရုံးစာရေးဖြစ်ခိုင်း လိုက် စည်းရုံးလိုက်ကြတာ။ ဝါသနာပါတာ၊ မပါတာ စိတ်မဝင်စားဘူး၊ သူတို့ဖြစ်ခိုင်းတဲ့အထဲက တစ်ခုခုမဖြစ်လို့ကတော့ တက္ကသိုလ်ကျောင်းသူကျောင်းသားများ အသုံးမကျတဲ့သူဖြစ်ရတော့မှာ။ ဒီလိုနဲ့ကျောင်းသားများ အတန်းကြီးလာလေလေ ဖိအားပိုများလေလေဖြစ်လာကြသည်။ လုပ်ချင်တဲ့အလုပ်နဲ့ လုပ်ရမည့်အလုပ်တွေ တစ်ထပ်ထဲကျနေသည့်လူတွေကတော့ ပျော်ကြတာပေါ့။ ကိုယ့်ဝါသနာကို လျစ်လျူရှုထားရတဲ့ကျောင်းသားတွေကတော့ စိတ်ပျက်စရာအနာဂတ်တွေ ဖြစ်လာ သည်။

နန်းခမ်းယွန်းရဲ့ဘဝထဲမှာသက်တောင့်သက်သာ အပူပင်ကင်းစွာရှင်သန်နေရတဲ့အချိန်လို့ပြောလိုက်ရင် အခြေခံ ပညာရေးသင်ယူခဲ့သည့်ကျောင်းသားဘဝ ဖြစ်ပါလိမ့်မည်။ အဲဒီအချိန်တုန်းကတော့ အေးအေး ဆေးဆေး သက်သက် သာသာပါပဲ။ သူများတွေနေ့မအား ညမနားစာတွေကျက်နေသည့်အချိန်မှာ နန်းခမ်းယွန်းက ပုံမှန်အိပ်၊ ပုံမှန်စား။ ဘဝက ပေါ့ပေါ့ ပါးပါးလေးရှိသည်။ သူများတွေစာမေးပွဲ ကျနေကြသော်လည်း နန်းခမ်းယွန်းကတော့ အေးအေးဆေးဆေး အောင်သွား လေသည်။ အရမ်းကြိုးစား သူမဟုတ်တော့ ထိပ်ဆုံးက ပထမ၊ ဒုတိယ စာရင်းဝင်ထဲမပါပါ။ သို့သော် ပုံမှန်လေးတော့ အောင်မှတ် ရသည်။ ဆယ်တန်းဖြေတုန်းကဆိုရင် အစ်ကိုက အမြဲကူပေးတော့ အေးအေးဆေးဆေးပဲ အောင်သွားခဲ့ သည်။ ဆယ်တန်းအောင်ပြီးတဲ့အထိ ဘဝကပေါ့ပါးသည်။ လွတ်လပ်သည်။ လုံခြုံသည်။ နွေးထွေးသည်။ ကျေနပ်စရာကောင်း သည်။

ဆယ်တန်းအောင်ပြီးတက္ကသိုလ်တက်တော့မည်လုပ်တော့မှ အဖေထံကမကြားဖူးခဲ့တဲ့ အားမလို့အားမရ ဖြစ်နေတဲ့စကား ကြားခဲ့ရသည်။ “ဆယ်တန်းမှာအောင်မှတ်နည်းလို့ ညံ့တယ်” ဟုဆိုသည်။ မကြာခဏ ပြောနေတော့ အဲဒီအတွက် စိတ်မကောင်းဖြစ်ခဲ့ ရသည်။ ကျောင်းပြီးအောင်တော့ထားမည် ဟုဆိုကာ ငွေလိုနေသောအချိန် ခြံတွေရောင်းပြီး သားသမီးတွေကို ထောက်ပံ့ သည်။ အဖေအမေတို့ရဲ့စေတနာ တွေကိုကြည့်ပြီး စာပိုကြိုးစားရမည့်တာဝန်က ရှိလာပါတော့သည်။ ကိုယ့်အောက်ကညီမလေးနှစ်ယောက် လည်း ကျောင်းတက်နေသေးတော့ စာမေးပွဲတစ်နှစ်လောက်ကျသွားရင် မိဘတွေပိုပြီးပင်ပန်းရမည်၊ စိတ်လည်း ပိုဆင်းရဲရမည်။ ဒါတွေကိုလည်း သတိထားနေရသည်။ ရွာပြန်ရောက်တိုင်း ရွာသားများက “စာကြိုးစားနော်၊ ပညာတတ်ကြီးဖြစ်ရင် ရွာအတွက်လည်းဂုဏ်ရှိတယ်၊ မိဘလည်း စ်ိတ်ချမ်းသာရတယ်” လို့ မကြာခဏ အားပေးကြသည်။ သူတို့အားပေးစကားသံကိုကြားရလျှင် စာသင်ရတာပျော်လာသည်။ ကျောင်းတက်တုန်းက ညစ်ခဲ့တဲ့စိတ်တွေတောင် အကုန်ပျောက်ကုန်သည်။ ကျောင်းဖွင့်မည့်ရက်ကို မျှော်ရသည်။

တစ်ချိန်းတုန်းကထင်ခဲ့ရသည်ပျော်စရာများသည် အရည်ပျော်နေပြီ။ စိတ်ကူးနဲ့ပျော်နေသူထက် လက်တွေ့ ဘဝက ဘယ်လိုရှိတယ်ဆိုတာကို သိချင်စိတ်တွေပိုများလာသည်။ တက္ကသိုလ်ကျောင်းသားဘဝသည် အပြင်ဘက်ကကြည့်လျှင် ပျော်စရာတွေနဲ့ပြည့်နှက်နေသည့်နေရာဖြစ်ပါသည်။ အတွင်းမှာတော့ အပြင်က အထင်နဲ့ကွာခြားသည်။ စာတကယ်ကြိုးစား သူလည်းရှိသည်။ အပျော်သဘော အပျင်းပြေကျောင်း တက်သူလည်းရှိသည်။ ပိုက်ဆံဖြုန်းသူ၊ အဖော်တွေနဲ့အချိန်ဖြုန်းသူ၊ ကြင်ယာရှာသူ၊ အပျင်းကြီးသူ၊ တစ်ဇွတ်ထိုးနိုင်သူ၊ သဘောထားကြီးသူ၊ သူတစ်ပါးကိုနားလည်တတ်သူ၊ ကိုယ်ချင်းစာ တတ်သူ၊ သူတစ်ပါးနဲ့အဆင်ပြေအောင်ပေါင်းတတ်သူ စသည်ဖြင့် စရိုက်ပေါင်းစုံ လူပေါင်းစုံတွေစုဝေးနေတဲ့ နေရာမှာမို့ ပျော်စရာဆိုတာထက် သင်ယူစရာလို့ပြောရင်ပိုသင့်တော်ပါလိမ့်မည်။ ကိုယ့်မျက်စိရှေ့မှာဘဲ အောင်မြင်နေတဲ့သူတွေ ရှိသလို အချိန်မတန်သေးဘဲ ပျက်စီးနေကြသည့်ကျောင်းသားတွေလည်း မြင်တွေ့နေရပါတယ်။

အခုဓာတ်ဆီဆိုင်မှာအတူတူအလုပ်လုပ်နေကျတဲ့မိန်းကလေးတွေလည်း ကျောင်းပိတ်ချိန် အလုပ်ဝင်နေကြ တဲ့ တက္ကသိုလ် ကျောင်းသူတွေ။ ကိုယ့်ဒူးကိုယ်ချွန်တဲ့သူတွေဖြစ်ပါသည်။ အလုပ်ချင်းတူပေမယ့် အမြင် မတူတာတွေလည်း အများကြီးပါပဲ။ ဟိုတစ်နေ့တုန်းကပြောကြတဲ့စကားတွေဆိုရင် ဆရာဝန်လုပ်တဲ့သူက ဘယ်လောက်တော်တယ်။ ဆရာဝန်မလုပ်နိုင်တဲ့သူ တွေက ဘယ်လိုညာလိုစသည်ဖြင့် အလုပ်ကိုလူတွေရဲ့ အဆင့်အတန်းနဲ့ နှိုင်းယှဉ်လွန်းအားကြီးတယ်။ အောက်ခြေလူတန်း စားတွေကို အဆင့်အတန်းမရှိတဲ့ လူတန်းစားဆိုတဲ့အမြင်မျိုးတွေ ဖြစ်နေတယ်။ ဒီလိုအတွေးတွေက ဘယ်သူတွေပုံသွင်း ပေးလိုက်သလဲ မသိဘူး။ ဒါမျိုးကို နန်းခမ်းယွန်းက “ဘူး” ခံငြင်းသည်။

ဘယ်တုန်းက စခဲ့မှန်းမသိ အခုထိအရိုးစွဲနေသည့်အမှားတစ်ခုကတော့ အလုပ်နဲ့ပတ်သက်ပြီး ဟိုအလုပ်က မြင့် သည်၊ ဒီအလုပ်ကနှိပ်သည်ဟု ထင်သောအယူအဆပင်ဖြစ်ပါသည်။ တကယ်တော့မြင့်သည်၊ နှိပ်သည်ဆိုသည်မှာ လုပ်နေ သောအလုပ်ထဲမှာသာရှိပါသည်။ အခြားအလုပ်နဲ့နှိုင်းယှဉ်ပြီး မြင့်သည်၊ နှိပ်သည် ဆိုသည့်အမြင်မျိုးတော့ မရှိသင့်ပါ။ စာရေးဆရာအလုပ်နဲ့စီးပွားရေးလုပ်ငန်းအလုပ်တို့ကို ယှဉ်ပြီး စာရေးဆရာအလုပ်ကပိုမြင့်သည်။ စီးပွားရေးအလုပ်က ပိုမြင့် သည် စသည်ဖြင့်မနှိုင်းယှဉ်သင့်ပါ။ သူ့နေရာနဲ့သူ မြင့်သည်ချဉ်းဖြစ်ပါသည်။ သူ့နေရာနဲ့သူ လိုအပ်နေကြပါသည်။ ဒါတွေကို နားလည်ရမည်။

စာရေးဆရာလုပ်ရင် ဘယ်စာရေးဆရာကဘယ်လောက်ရေးနိုင်တယ်၊ တွေးနိုင်တယ်၊ ဘယ်လိုမြင်နိုင်တယ်၊ သူရေးသည့် စာက ဘယ်လိုအကျိုးတက်ရောက်မှုရှိသည်စသည်ဖြင့်စဉ်းစားရပါမည်။ စာရေးဆရာတိုင်းမှာလည်း ဒီလိုအမြင်မျိုး ဒီလို အတွေးမျိုးရှိချင်မှရှိမည်။ စာရေးဆရာအဆင့်အတန်းကို ခွဲခြားချင်ရင် စာရေးဆရာအချင်းချင်းဘဲ နှိုင်းယှဉ်ရပါမည်။ ဒါမှဘဲ ဘယ်သူကစာရေးဆရာပီသတယ် စသည်ဖြင့် ခွဲခြားလို့ရတာပေါ့။ စီးပွားရေးသမားများကို အဆင့်အတန်းခွဲချင်ရင်လည်း ထိုအတူပင်။ စီးပွားရေးသမားအချင်းချင်းကိုပဲ နှိုင်းယှဉ်ရလိမ့်မည်။ ဘယ်သူကပိုပြီးစီးပွားရေးအမြင်ရှိသည်၊ ဘယ်သူက သိပ်မရှိဘူးစသည်ပေါ့။ အဓိကကတော့ ကိုယ်ဝါသနာပါတာကို ကိုယ်လုပ်ဖို့ပါပဲ။ ဒါမှလည်း ပျော်ရွှင်ရမှာပေါ့။ အလုပ်ကို အဆင့်အတန်း ခွဲနေရင် အထင်သေးခံရမှာကိုကြောက်တာနဲ့ပဲ လူတွေကိုယ်ဝါသနာပါတာကိုမလုပ်ရဲကြတော့ဘူး။

နန်းခမ်းယွန်းက သူ့အယူအဆကိုရှင်းပြသည်။ သို့သော်မည်သူကမှ လက်မခံပါ။ ဒီအသိုင်းအဝိုင်းထဲကလူတွေဖြစ်နေတော့ ဒီလူတွေသတ်မှတ်တဲ့အတိုင်းပဲ ကိုယ်လည်းခံနေရတယ်။ တက္ကသိုလ်ကျောင်းသူတွေအချင်းချင်းမို့ သဘောထားကွဲလွဲတာ ဘာမှပြဿနာမရှိ၊ အပြင်လူနဲ့ဆိုရင်တော့ ဘယ်လိုဖြစ်မလဲ မပြောတတ်ပါ။ နားလည်ရခက်သောပတ်ဝန်းကျင်ကြားမှာ ဖြတ်သန်းလာခဲ့ရသည်။ ဒီလိုအယူအဆမတူတဲ့သူနဲ့ရော၊ ကိုယ်လက်မခံချင်ပေမယ့် ပတ်ဝန်းကျင်ရဲ့သတ်မှတ်ချက် တွေနဲ့ရော ပခုံးချင်းယှဉ်ပြီး နေတတ်လာခဲ့ပါပြီ။ အတူတူနေနေကြပေမယ့် ရှင်သန်ပုံချင်းမတူကြတာကို ပိုပြီးနားလည်လာသည်။

(၃)
အချိန်က ညနေ(၆)နာရီ၊ ကျောက်တော်ကြီးဘုရားမှာဘုရားပန်းကပ်ပြီး စေတီရင်ပြင်မှာစကားပြောကြသည်။ နန်းခမ်းယွန်းနဲ့ ချယ်ရီမေတို့ဖြစ်သည်။ တိုင်ပင်ဖော်တိုင်ပင်ဘက်တွေဖြစ်ကြသည်။ ချယ်ရီမေက ကျောင်းပြီးရင် သူနာပြုဆရာဝန် လုပ်မယ်လို့မှန်းထားသည်။ နန်းခမ်းယွန်းက ကျောင်းဆရာမ လုပ်ဖို့မှန်းထားကြသည်။ ဘာမသိညာမသိနဲ့ တက္ကသိုလ်တက်ရမယ်ဆိုလို့တက်လိုက်တာ ကိုယ်ဘာဝါသနာပါမှန်း နှစ်ယောက်လုံးမသိခဲ့ကြဘူး။ ပတ်ဝန်းကျင်ကလည်း ရွေးချယ်ခွင့် မပေးကြဘူး။ အမှတ်မီရာ ရှေးဟောင်းသုတေသန (Archaeology) မေဂျာကို ရွေးလိုက်ကြသည်။ အခုတော့မှ မထူးတော့ပါ၊ မိဘလည်းစိတ်ချမ်းသာအောင် ဘွဲ့တစ်ခုအရင်ယူပြီး ဝါသနာပါရာဆက်လုပ်ကြဖို့စဉ်းစားထားကြသည်။
“ယွန်း၊ ဘာလို့ကျောင်းဆရာမဖြစ်ချင်တာလဲ၊ အခြားအလုပ်ကိုဘာလို့မရွေးချယ်ချင်တာလဲ”
“ကျောင်းဆရာမကိုဖြစ်ချင်တာက ကလေးတွေကိုစာသင်ပေးချင်တဲ့စိတ်ကြောင့်ဘဲဖြစ်မယ်ထင်တယ်၊ ကလေး တွေကို ချစ်တယ်၊ သူတို့လေးတွေကဖြူစင်တယ်၊ ရိုးသားတယ်၊ ကောက်ကျစ်မှုကင်းတယ် လို့မြင်တယ်၊ ဒီလိုလူတွေနဲ့ အလုပ်လုပ်ရင်စိတ်လည်းချမ်းသာမယ်လို့ထင်တယ်။ ကိုယ့်ရဲ့စေတနာတွေကောင်းရင်ကောင်းသလောက် ကလေးတွေ ဘက်ကလည်း ပညာဆည်းပူးရတာ နွေးထွေးမှုရှိမယ်၊ ပျော်ရွှင်မယ်၊ နှစ်ဘက်လုံးစိတ်ချမ်းသာကြမယ် လို့ခံယူမိလို့ ကျောင်းဆရာမဘဝကို ရွေးချယ်ချင်တာ။ ငါတွေ့ဖူးတဲ့ဆရာတွေတချို့၊ အထူးသဖြင့်ရွာဘက်တွေမှာဆိုရင် စာမရတဲ့ ကလေးတွေကို ရိုက်ပြီးဆုံးမကြတော့ ကလေးတွေက စာကိုကြောက်သွားကြတယ်။ ဆရာကိုလည်း ကြောက်ကြတယ်။ စာဆက်မသင်ချင်ကြတော့ဘူး၊ ငယ်ငယ်ကလေးနဲ့ကျောင်းထွက်လိုက်ကြတဲ့ကလေးတွေကိုမြင်ရင် ရင်ထဲစို့နှင့်သည့်အထိ ခံစားရတယ်။ ကျောင်းထွက်ပြီးလေလွင့်နေတဲ့ကလေးတွေကိုမြင်ရလေလေ အဖြူအစိမ်းဝတ်စုံဝတ်တဲ့ဆရာမဘဝကို ပိုမက်မောလေလေပဲ။ အခြား စက်ချုပ်တာတို့ ဆိုင်လေးဖွင့်ပြီးစျေးရောင်းတာလဲ ဝါသနာပါပါတယ်၊ အဲဒီအလုပ်တွေက မိဘတွေသိပ်မကြိုက်ဘူးထင်လို့။ ကျောင်းဆရာမကိုတော့ မိဘတွေလည်းကြိုက်ကြတယ်လေ၊ နှစ်ဘက်လုံးစိတ်ချမ်းသာ ရမယ်ထင်လို့ပါ။ နင်ကော ဘာလို့ သူနာပြုဖြစ်ချင်ရတာလဲ၊ ပြောပါဦး”

“အဓိကကတော့ သူတစ်ပါးအသက်ကယ်ချင်လို့ပေါ့ဟာ၊ ဒီဆန္ဒက မနှစ်ကမှဖြစ်တာ၊ မနှစ်တုန်းကပေါ့၊ ငါတို့ရွာမှာ သားဖွားဆရာမမရှိတော့ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက် ဆေးရုံသွားတက်တာ၊ ရွာက ဆေးရုံနဲ့လည်းဝေးတော့ ဆေးရုံ မရောက်ခင် လမ်းမှာဘဲကလေးပျက်ကျသွားတယ်၊ ဆေးရုံရောက်တော့ မိခင်လည်း ဆုံးသွားတယ်။ အဲဒါနဲ့ ဆရာဝန်က “ရွာမှာသားဖွားဆရာမသာရှိရင်ဒီလိုဖြစ်မှာမဟုတ်ဘူး” လို့ ဆိုတယ်။ အဲဒီတုန်းက “ငါသာသားဖွားဆရာမဖြစ်ရင် ကောင်းမှာပဲ” လို့ တွေးမိတယ်။ ဒါပေမယ့် ငါဆရာဝန်ဖြစ်နိုင်လောက်တဲ့ အခြေအနေတွေ မရှိဘူးဆိုတာငါသိတယ်။ ဒါပေမယ့် သူနာပြု ဆရာမလောက်တော့ ဖြစ်ချင်တယ်။ အဲဒါကြောင့်ပါ။ အခုတော့ နင့်လိုပဲ မိဘစ်ိတ်ချမ်းသာအောင် ဒီဘွဲ့လေးတော့ အရင်ယူထားရဦးမယ်”

သူငယ်ချင်းကျောင်းသူနှစ်ဦးသည် တစ်ဦးကိုတစ်ဦးလေးစားမှုအပြည့်ပါတဲ့မျက်နှာတွေနဲ့ အပြန်အလှန် ပြုံးပြပြီး စကားတွေပြောကြသည်။ စကားပြောကောင်းတုန်းမန္တလေးမြို့ရဲ့ကောင်းကင်ကြီးမှာ မိုးတွေရွာချသည်။ နှစ်ဦးလုံး မိုးရေထဲမှာ တဖြေးဖြေးနဲ့ လမ်းလျှောက်ရင်း ရတနာပုံတက္ကသိုလ်ရဲ့အမျိုးသမီးဆောင်ဆီသို့ ဦးတည်ကြသည်။ မိုးရွာလို့ထီးတွေကိုယ်စီနဲ့ဆောင်းကြသည်။ ထီးမပါတဲ့သူများအရိပ်ရှိရာအပြေးလှမ်းကြသည်။ သူတို့နှစ်ဦးကတော့ ထီးမပါဘဲ တည်ငြိမ်စွာပင် လျှောက်လှမ်းသည်။ ဦးပိန်တံတား ကနေ ဆိုင်ကယ်နဲ့ပြန်လာသည့် မျိုးမင်းအောင်က သူတို့ရှေ့ဆိုင်ကယ်ရပ်ပြီး “ဆိုင်ကယ်ပေါ်တက်လိုက်” လို့ပြောသည်။ နှစ်ယောက်လုံးငြင်းသည်၊ “လမ်းလျှောက်ပါရစေ” ဟုဆိုသည်။
မျိုးမင်းအောင်က အံ့သြစွာကြည့်ပြီး “ဒီလောက်မိုးတွေရွာနေတာကို ဖျားမှာမကြောက်ဘူးလား၊ မိုးချိန်းနေတာ ကော မကြားဘူးလား၊ မကြောက်ကြဘူးလား” ဟုမေးသည်။
“ကြောက်စရာလား၊ သူ့ဟာသူချိန်းတာ ဘာဖြစ်လဲ၊ ကိုယ့်လမ်းကိုလျှောက်နေတာ ဘာမှကြောက်စရာမရှိဘူး” ဟုပြန်ပြောသည်။

“ခမ်းယွန်း၊ မင်းတို့က မိန်းကလေးကော စစ်ကြရဲ့လား” ဟုပြောလေသည်။
မိန်းကလေးနှစ်ယောက်လုံးရယ်ပြီး “ဘာဖြစ်လို့လဲ” လို့ပြန်မေးသည်။
“ဘာဖြစ်ရမလဲ၊ မိုးချိန်းသံကြားရင် မိန်းကလေးတွေက သေလုနီးပါးကြောက်နေကြတာလေ၊ မင်းတို့က မကြောက်လို့ပေါ့၊ မင်းတို့က ယောင်္ကျားချာတွေများလား” ဟုအားမနာပါးမနာပြောရှာသည်။
“စစ်တာပေါ့၊ မိန်းကလေးစစ်တဲ့သူတွေပဲ မိုးထဲလမ်းလျှောက်ရဲတာ၊ မလျှောက်ရဲသူတွေကမှ မစစ်တာ” ဟု ရယ်ပြီးပြန်ပြောသည်။ မလိုက်မှန်းသိတော့ ပခုံးတစ်ချက်တွန့်ပြီး တစ်ယောက်တည်း ဆိုင်ကယ်နှင့်ထွက်သွားသည်။

တကယ်တော့ သူတို့နှစ်ယောက်ဟာ မကြောက်တတ်သူတွေမဟုတ်ပါဘူး။ အမှတ်တမဲ့ဖြစ်တဲ့ကြောက်လန့်စရာ၊ တုန်လှုပ်ဖွယ်ရာတွေရော ဘဝနဲ့ချီပြီးဖြစ်နေတဲ့ ရင်နှင့်စရာ၊ မရှုစိမ့်စရာတွေရော များစွာရင်ဆိုင်ခဲ့ဖူးသည့်သူတွေ ဖြစ်ပါ သည်။ ဘဝအတွေ့အကြုံကပေးတဲ့သင်္ခန်းစာများ၊ မြင်ရတွေ့ရတဲ့အဖြစ်အပျက်များကပြောပြသောလောကကြီးအကြောင်း အရာများ၊ လေ့လာဖူးခဲ့သည့် ဘဝဒဿနများလည်းရှိထားသူတွေမို့ပါ။ ထိုအရာများကို ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားနေ သောမိန်းကလေးတို့အတွက် မိုးရွာတာလောက်၊ မိုးကြိုးထစ်ချုံးတာ လောက်ကတော့ ဘာမှမပြောလောက်ဘူး ဆိုတာကို ကိုမျိုးမင်းအောင် သိမည်ထင်ပါသည်။ တိတ်ဆိတ်နေတဲ့လမိုက်ညကိုလည်း အဖော်ပြုနေနိုင်သည့်သူတွေပါ၊ သို့သော် အထီးကျန်နေသူတွေတော့ မဟုတ်ဘူး။ နားလည်ရခက်တဲ့ပတ်ဝန်းကျင်မှာ ဖြတ်သန်းလာခဲ့သည့်သူတွေပါ။ ဒါပေမယ့် ဘယ်ပတ်ဝန်းကျင်ကိုမှ အရွက်မတိုက်ဘူး။ ကိုယ့်ရည်ရွယ်ချက်အတိုင်း ဦးတည်ပြီး ဘယ်လိုအခြေအနေမျိုးမဆို အလိုက်သင့်အဆင်ပြေအောင် နေတတ်သည့်သူတွေပါ။ ဘဝပေးအခြေအနေကိုက ဒီလိုနေမှ အဆင်ပြေမည့်ဘဝပါ။

ဘဝသည် ခရေပန်းလိုကြွေလည်းမွှေး၊ ဝေလည်းမွှေးသောဘဝလည်းရှိပါသည်။ စံပယ်ပန်းလို အပြစ်အနာအဆာ မရှိ လှချင်တိုင်းလှ၊ မွှေးချင်တိုင်းမွှေးသောဘဝလည်းရှိပါသည်။ သဇင်လို တော်ဝင်ပန်းလို့ သတ်မှတ်ခံရတဲ့ဘဝမျိုးလည်းရှိ သည်။ အဆင်းလည်းမလှ၊ အနံ့လည်းမမွှေးလို့ လူတကာမကြိုက်သည့် လမ်းဘေးပန်းလိုဘဝလည်း ရှိပါသည်။ သူတ်ို့နှစ် ယောက်ရဲ့ဘဝသည် နှင်းဆီပန်းလိုဘဝမျိုးဖြစ်ပါသည်။ နှင်းဆီသည် ဆူးတွေနဲ့ပြည့်နှက်နေသည်။ ကိုယ်တိုင်အတံမှာ လည်း ဆူးရှိသည်။ ဘေးကကပ်လျက်ရှိနေသောအပင်မှာလည်း ဆူးတွေရှိသည်။ ထိုဆူးကြားမှထိုးထွက်ပြီး ဖူးပွင့်ရဲတဲ့ သတ္တိရှိသည်။ ထိုဆူးတွေကြားကဖူးပွင့်လာသည့်နှင်းဆီပန်းတစ်ပွင့်သည် လှပတင့်တယ်စွာ ပွင့်ချပ်လွှာများနဲ့ ဝေဆာနေ သည်။ သူတို့နှစ်ယောက်ရဲ့ဘဝသည်လည်း နှင်းဆီလိုပင်။ ကိုယ့်ဒူးကိုယ်ချွန်နိုင်မှ လှပသည့်ဘဝတွေဖြစ်ပါသည်။

အစာငတ်လို့သေသွားတဲ့ကလေး၊ ကားတိုက်လို့သေသွားသည့် ပန်းသည်၊ စာကိုကြောက်လို့ လေလွင့်နေသည့် ကလေးများ၊ သားဖွားဆရာမမရှိလို့ သေသွားရသည့် ကိုယ်ဝန်သည်သားအမိ၊ နောက်ပတ်ဝန်းကျင်ရဲ့ ဖိအား၊ သတ်မှတ် ချက်၊ အန္တရာယ်များ၊ အခွင့်အလမ်းများ၊ အတွေးအမြင်များစသည့်အရာများသည် သူတို့ကိုယ်တွေ့လောကဓံရဲ့အစ ဖြစ်လာသည်။ ထိုလောကဓံကြားမှာ သူတို့ရပ်တည်လာရသည်၊ ထိုးထွက်သွားရမည်၊ ဖူးပွင့်ရဦးမည်၊ လောကကကြီးကို အလှဆင်မည်။ ဒါကို သူတို့ ကောင်းကောင်းနားလည်သည်။ နှင်းဆီပန်းကိုသူတို့ကြိုက်သည်။ ပန်းပန်မည်ဆိုရင်တောင် နှင်းဆီပန်းကိုဘဲ ရွေးပန်သည့် မိန်းကလေးများဖြစ်သည်။ သူတို့ဘဝကို နှင်းဆီပန်းများဖြင့် ကိုယ်စားပြုချင်သည့် ကောင်မလေးတွေဖြစ်ပါသည်။ သူတို့သည် နှင်းဆီပန်း ပန်သည့်ကောင်မလေးများဖြစ်ကြပါသည်။

ခွန်နေဝင်းအောင် (ဖယ်ခုံ)
10.10.2017 5:50:00 PM

(မှတ်ချက်။ ။ ရတနာပုံတက္ကသိုလ်ကျောင်းသူ နန်းရွှေခမ်း (တောင်မဲသင်း၊ ပင်လောင်း) အကြောင်းကို မှီငြမ်း၍ ရေးထားပါသည်) ။ 



ႏွွင္းဆီပန္းပန္ေသာေကာင္မေလး အခန္း (၂) 



(၁)
မ်က္စိဖြင့္လိုက္တာနဲ႔ျမင္ေတြ႔ရတဲ့အရာေတြက အနက္ေရာင္ေတြျပည့္ႏွက္ေနသည့္ေလာကႀကီးပါပဲ။ အနက္ေရာင္နဲ႔ ဖုံးလႊမ္းထားတဲ့ တိုက္ႀကီးတစ္လုံးထဲက အနက္ေရာင္ဆံပင္ရွည္ကို ဖားလ်ားခ်ထားသည့္ မိန္းကေလးတစ္ဦး၊ ျပတင္း ေပါက္ဝ ထိုင္ခုံေပၚမွာထိုင္ေနသည္။ ထိုင္ေနသည့္ဆံပင္ရွည္ရွည္ မိန္းကေလး တစ္ဦးက မလႈပ္မယွက္ၿငိမ္သက္ေနသလို ေလာကႀကီးတစ္ခုလုံးကလည္း တိတ္ဆိတ္ေနသည္။ ဦးေခါင္း တစ္ခုလုံးမွာဆံပင္ေတြဖားလ်ားခ်ထားလို႔ မ်က္ႏွာမျမင္ရဘဲ ျပတင္းေပါက္ဘက္မ်က္ႏွာမူေနသည့္ မိန္းကေလးသည္ သန္းေခါင္ယံေက်ာ္သည့္အထိ ထိုင္ေနလ်က္ပင္။ အပ္ကေလး တစ္ေခ်ာင္းက်လွ်င္ပင္ အသံက်ယ္ေလာင္စြာၾကားေနရမည့္အခ်ိန္မ်ိဳးမွာ တစ္ခုတည္းေသာ အသံသည္သဲသဲကေလး ၾကားေနရ သည္။ ထိုအသံမွာ ထိုင္ေနတဲ့မိန္းကေလးရဲ႕ အသက္႐ႈသံပင္ျဖစ္ပါသည္။ ထိုညသည္ လကြယ္ညျဖစ္ပါ သည္။ လကြယ္ညရဲ႕အင္အားက တိတ္ဆိတ္ၿငိမ္သက္ျခင္းနဲ႔အတူ ေမွာင္မိုက္ျခင္း အဂၤါလကၡဏာေတြနဲ႔ လည္းျပည့္စုံေနသည္မို႔ အေမွာင္ထဲမွာထိုင္ေနသည့္မိန္းကေလးအတြက္လည္း သက္ေတာင့္သက္သာ ရွိသည္။ အ႐ုပ္မဟုတ္ေသာထိုသက္ရွိ မိန္းကေလးသည္ ၿငိမ္သက္စြာပင္ လကြယ္ညမွာ အေမွာင္ေတြကို အေဖာ္ျပဳေနသည္။ တစ္ခါတစ္ခါေလ႐ႈးကေလးတိုက္ခတ္လာလွ်င္ မိန္းကေလးရဲ႕ဆံပင္ေတြက ေလနဲ႔အတူ ခႏၶာကိုယ္ရဲ႕ ေနာက္ဘက္ကို ယိမ္းၿပီး မိန္းကေလးရဲ႕မ်က္ႏွာသည္ တစ္ခ်က္တစ္ခ်က္ ေပၚထြက္လာသည္။ သို႔ေသာ္လည္း မ်က္ႏွာကေအာက္ငုတ္ထားသည္မို႔ ဘက္သူဘက္ဝါမွန္းသိဖို႔ ခက္ခဲေနဆဲပင္။ လကြယ္ညရဲ႕အမိုက္ေမွာင္ကလည္း ထပ္ဖုံးအုပ္ထားေသးသည္မို႔ တစ္စုံတစ္ဦးက ၾကည့္ခဲ့ရင္ေတာင္ မည္သူမွေတြ႔လိမ့္မည္မဟုတ္ပါ။ တိတ္ဆိတ္ေနေသာအခ်ိန္ကာလေတြမွာ အေဖာ္မဲ့အထီးက်န္ေနသူ အတြက္ ပိုၿပီး အားငယ္ေစသည္။ တရားရွာေနေသာရေသ့၊ ရဟန္္းသူေတာ္စင္ေတြအတြက္ေတာ့ ပိုၿပီး ေမြ႕ေလွ်ာ္ဖြယ္ေကာင္းသည္။ ထိုင္ေနေသာထိုမိန္းကေလးသည္ တရားရွာေနသည့္ရေသ့၊ ရဟန္းမဟုတ္ သည့္အတြက္ တရားနဲ႔ေမြ႕ေလွ်ာ္ေနသည္ေတာ့ ဟုတ္မည္မထင္။ သို႔တေစ အထီးက်န္ေနသည္လည္း မဟုတ္တန္ရာ။ သို႔ေသာ္လည္း တစ္ေယာက္တည္း၊ အေမွာင္ထဲ၊ ထိုင္ေနဆဲ၊ ၿငိမ္ေနဆဲပါဘဲ။ ခဏၾကာေသာ္ ၿငိမ္ေနသည့္မိန္းကေလးသည္လႈပ္ရွားလာသည္။ လက္ႏွစ္ဘက္ကိုေျမာက္ၿပီး ေခါင္းကို ပြတ္ေနသည္။ ဆံပင္ေတြကို ကိုင္သည္။ ဆံပင္ကေျခာက္ေနၿပီ ဆိုသည့္အသိနဲ႔ ဖားလ်ားခ်ထား သည့္ဆံပင္ေတြကို ျပန္စည္းလိုက္သည္။ ထိုညေခါင္းေလွ်ာ္တာေနာက္က်သြားလို႔ ဆံပင္ကစိုေနလို႔ ျပတင္းေပါက္ဝမွာထိုင္ၿပီး ေလညွင္းခံေနျခင္းျဖစ္သည္။ လူသံ တိတ္ေနခ်ိန္ အေဆာင္ထဲမွာ တစ္ေယာက္ တည္း ထိုင္ေနတတ္သည့္အက်င့္သည္ ထိုမိန္းကေလးအတြက္ ေနသားက်ေန ေသာအက်င့္တစ္ခုလည္း ျဖစ္ပါသည္။ ထိုမိန္းကေလးသည္ အျခားသူမဟုတ္ပါ။ နန္းခမ္းယြန္းပင္ျဖစ္ပါသည္။ လကြယ္ညကို အတိတ္နိမိတ္ မေကာင္းျခင္း၊ ကံဆိုးျခင္း၊ ေၾကကြဲရျခင္း စသည့္အမွတ္သေကၤတတို႔ျဖင့္ ေျပာဆို သတ္မွတ္ေနၾကေပမယ့္ ထိုစကားမ်ားကို နန္းခမ္းယြန္းတစ္ေယာက္ လ်စ္လ်ဴ႐ႈထားႏိုင္သည္။ လကြယ္ညရဲ႕ တိတ္ဆိတ္ၿငိမ္သက္မႈကိုေတာ့ သူမ ႀကိဳက္ႏွစ္သက္မိသည္။ လကြယ္ညကိုႏွစ္သက္ျခင္းတစ္ခုတည္းနဲ႔ ထိုင္ေနျခင္းေတာ့ မဟုတ္ပါ၊ ေလညွင္းခံရင္း ေန႔ခင္းကျဖစ္ပ်က္ခဲ့သည့္ အေၾကာင္းအရာမ်ားကို ျပန္လည္ ဆင္ျခင္စဥ္းစားသုံးသပ္ကာ ၿငိမ္သက္ေနျခင္း ျဖစ္ပါသည္။

“ခမ္းယြန္း မင္းဘာလို႔ဒီလိုစာေတြဖတ္ရတာလဲ၊ ဒီစာေတြက အားငယ္တတ္တဲ့သူေတြအတြက္ေရးတဲ့ စာေတြဘဲ၊ ကိုယ့္ကို သားေကာင္ျဖစ္ေစတဲ့စာေတြပါ၊ ဒီလိုစာမ်ိဳးေတြသိပ္မဖတ္နဲ႔၊ ဘဝအတြက္ ႐ုန္းကန္လႈပ္ရွားေနတဲ့ အခ်ိန္မ်ိဳးမွာ ကိုယ့္အတြက္ခြန္အားျဖစ္ေစမယ့္စာေတြမ်ားမ်ားဖတ္ပါ။ ဒီလိုစာေတြက သူတစ္ပါးကို နားလည္ေပးႏိုင္ဖို႔၊ စာနာေပးႏိုင္ဖို႔ အတြက္ဘဲ ဖတ္ခ်င္ဖတ္ပါ၊ ကိုယ့္ရဲ႕လက္သုံးစကား အျဖစ္ဆုပ္ကိုင္မထားနဲ႔၊ ဒါေတြက အားငယ္တတ္တဲ့သူေတြရဲ႕ လက္သုံးစကားပါ၊ မင္း အားငယ္တတ္တဲ့ စိတ္ေတြမေမြးမိေအာင္သတိထားပါ၊ မင္းက စိတ္ဓာတ္ခိုင္ခံ့တဲ့မိန္းကေလး တစ္ဦးပါ”
ပတ္ဝန္းက်င္တစ္ခုလုံးတိတ္ဆိတ္ေနတဲ့လကြယ္ညမွာ နန္းခမ္းယြန္းရဲ႕နားထဲတြင္ ဒီစကားကပဲ့တင္ထပ္ေန လ်က္ပင္။ ေန႔ခင္းတုန္းက အလုပ္ကို ေန႔တစ္ပိုင္းခြင့္ယူလိုက္ၿပီး မေရာက္တာၾကၿပီျဖစ္သည့္ အစ္ကိုဦးဇင္း ဆီမွာသြားေတာ့ အင္တာနက္ေပၚက ႀကိဳက္လို႔ ေကာ္ပီကူးထားတဲ့စာသားကိုျပေသာအခါ ဦးဇင္းက ဒီလိုျပန္ဆုံးမလိုက္ေသာ စကားျဖစ္ပါသည္။

“ေဆာရီးပါ၊ ေတာင္းပန္ပါတယ္ဆိုတဲ့စကားနဲ႔ ခံခဲ့ရတဲ့အႀကိမ္လည္းမ်ားလွၿပီ။
ေနာက္တစ္ခါမလုပ္ေတာ့ပါဘူး ဆိုတဲ့စကားနဲ႔ အလိမ္ခံရတာလည္း မ်ားလွၿပီ။
ေနာက္က်သြားလို႔ခြင့္လြတ္ပါဆိုတဲ့စကားနဲ႔ ေစာင့္ေနရတဲ့အခ်ိန္ေတြလည္းမ်ားလွၿပီ။
မိတ္ေဆြ သင့္မွာစာနာစိတ္ရွိရင္ က်ဳပ္ကိုသနားပါ” ဆိုသည့္စာသားေလးပင္။

စာကေလးတစ္ပုဒ္၊ တစ္ပိုဒ္၊ တစ္ေၾကာင္း၊ တစ္လုံးရဲ႕တြန္းအားက လူေတြရဲ႕အေတြးအျမင္၊ စိတ္ဓာတ္ အေန အထား ေတြကိုေျပာင္းလဲေစႏုိင္သည္။ အထူးသျဖင့္ ဆယ္ေက်ာ္သက္၊ လူငယ္အရြယ္ေတြမွာ စြဲလမ္းမိတဲ့ စာေတြဟာ လူ႔ဘဝ တစ္ခုလုံးယုံၾကည္မႈေတြ ပုံသြင္းလာႏိုင္သည့္အထိျဖစ္လာတတ္သည္။ အခ်ိဳ႕စာေတြမွာဆိုရင္ ႏိုင္ငံေရးဆိုတဲ့စာလုံးေတြ မသုံးဘဲ သူတို႔လိုခ်င္သည့္ႏိုင္ငံေရးအေတြးအေခၚေတြ ထည့္ေပးလုိက္သည္လည္း အမ်ားႀကီးရွိပါသည္။ ထိုမိုင္းေတြမမိ ေအာင္ စာဖတ္ရင္လည္း သတိႀကီးႀကီး ထားရပါမည္။ ဦးဇင္းရဲ႕စာေပလႊမ္းမိုးမႈၾသဝါဒေတြခံယူၿပီး ျပန္လာသည့္လမ္း တစ္ေလ်ာက္မွာလည္း အဲဒီစကားပဲ နားထဲမွာ ပဲ့တင္ထပ္ေနသည္။

လမ္းမွာလမ္းေလွ်ာက္ရင္းေတြ႔ခဲ့ရသည့္ ေနာက္ျမင္ကြင္းတစ္ခုက အမ်ိဳးသမီးႀကီးတစ္ေယာက္၊ ခြက္တစ္လုံး ကိုင္ၿပီး ေတာင္းစားေနသည္။ “သနားပါရွင့္၊ ကၽြန္မကေလးထမင္းမစားရေသးလို႔ပါ၊ စားစရာတကယ္မရွိလို႔ ပါရွင္၊ သားတို႔ သမီးတို႔ အစ္ကိုတို႔ အစ္မတို႔ သနားၾကပါဦးရွင့္” ဟုေအာ္ေနသည္။

လက္မွာပိုက္ထားသည့္ကေလးက အစာဝဝလင္လင္မစားရလို႔ပိန္ၿပီး အ႐ုိးၿပိဳင္းၿပိဳင္းထေနသည္၊ ကေလးက ပါးစပ္ဟေနၿပီး မ်က္စိေမွးေမွးနဲ႔ သူ႔အေမမ်က္ႏွာကိုစိုက္ၾကည့္ေနသည္။ “စားစရာတစ္ခုခုကိုေပးပါ” ေျပာေနသည့္ မ်က္လုံးကေလးေတြက အေမတင္မက ေဘးကလူေတြလည္း ဖတ္လို႔ရသည္။ ကေလးကို သနားလို႔ ခဏရပ္ၿပီး ေသခ်ာၾကည့္မိလိုက္သည္။ ၾကည့္ေနရင္းနဲ႔ပင္ ကေလးကဆန္႔ငင္ဆန္႔ငင္ျဖစ္ လာသည္။ စကားေျပာဖို႔အားယူေနသည္။ “သား ဘာျဖစ္တာလဲ” လို႔ အေမကေမးသည္။ “ခဏေစာင့္ပါ သားရယ္ စားရမယ္” လို႔ေျပာသည္။ ကေလးက အားယူေနေပမယ့္ စကားဆက္မေျပာ ႏိုင္ေပ။ အသက္႐ႈ တာ ခပ္ျပင္းျပင္းျဖစ္လာသည္။ ျပင္းၿပီးေတာ့ ႐ႈ႐ႈိက္ေနတဲ့အသက္ေတြ အားေပ်ာ့လာသည္။ အေမက ၾကည့္ရင္းနဲ႔ “သား သား” ဟုေအာ္ေခၚသည္။ ကေလးက အသက္ပင္ထပ္မ႐ႈႏိုင္ေတာ့ေပ။ အေမကအစာမစားရလို႔ ငိုဖို႔ေတာင္ အားမရွိေတာ့သည့္ပမာ မ်က္ရည္မထြက္၊ အသံမထြက္ဘဲ ကေလးကို ေပြ႔ဖက္ၿပီး ငိုေနသည္။ မၾကာခင္မွာဘဲ လမ္းေဘးက ေစ်းသည္ေတြ ဝိုင္းအုံလာၾကသည္။ အဲဒီျမင္ကြင္းကို ၾကည့္ၿပီးဘာလုပ္ရမွန္း မသိဘဲ နန္းခမ္းယြန္း ၾကက္ေသေသသြားေလသည္။ ကိုယ့္ေရွ႕က စားစရာမရွိလို႔ လမ္းေဘးမွာဘဲအသက္ထြက္သြားတဲ့ ကေလးတစ္ေယာက္ပုံရိပ္၊ ဘယ္တုန္းက မွ မျမင္ခဲ့ဖူးသည့္ပုံရိပ္။ ဘာမွလုပ္မေပးႏိုင္တာနဲ႔ အျပန္လမ္းအတိုင္းဘဲ ဆက္ေလွ်ာက္ေနရသည္။ မ်က္လုံးထဲမွာေတာ့ ကေလးေလး ေရာ၊ ငိုေနတဲ့အေမကိုေရာ ျမင္ေယာင္ေနဆဲ။

ပန္းေရာင္းသည့္ေယာက်ၤားေလးတစ္ေယာက္၊လက္ေပၚမွာ ပန္းကုံးေတြအျပည့္နဲ႔၊ ဟိုဘက္ လမ္းေဘး ပလက္ေဖာင္းေပၚ ရပ္ေနသည္။ ကားေမာင္းသူေတြ ပန္းဝယ္ေနက်မို႔ ကားအလာကို ေယာကၤ်ားေလးက ေစာင့္ေနသည္။ ထိုျမင္ကြင္းသည္ ေန႔တိုင္းျမင္ေနက်ျမင္ကြင္း တစ္ခုျဖစ္သည္။ ျမင္ေနက်ျမင္ကြင္းထဲကေန ထူးသြားတာေလးတစ္ခုကေတာ့ သူ႔အသိလား၊ သူ႔ညီမလား၊ အစ္မလား ထင္ရသည့္ ဘဝတူပန္းေရာင္း သည့္မိန္းကေလးတစ္ေယာက္က ပန္းကုံးေတြလက္ထဲအျပည့္နဲ႔ ဒီဘက္ပလက္ေဖာင္းေပၚကေန ဟိုဘက္ပလက္ေဖာင္းေပၚကေယာကၤ်ားေလးကိုလွမ္းေခၚသည္။ ေယာကၤ်ားေလးကလည္း မိန္းကေလး ရွိရာဆီ ဦးတည္ကာ ကားလမ္းကိုျဖတ္ၿပီး ေျပးလာသည္။ ကားလမ္းျဖတ္ေနစဥ္မွာဘဲ မထင္မွတ္သည့္ အ႐ႈိန္ျပင္းျပင္းနဲ႔ေမာင္းလာသည့္ ကားတစ္စီးက ေယာကၤ်ားေလးဆီေျပးဝင္လာသည္။ ေယာကၤ်ားေလးက လည္း ကားကိုျဖတ္ခနဲ႔လွမ္းျမင္လိုက္ၿပီး ေၾကာက္အားလန္႔အားနဲ႔ ေရွ႕ဘက္ကိုဘဲ လ်င္ျမန္္စြာ ဆက္ေျပး လိုက္သည္။ ကားေမာင္းသည့္လူႀကီးလည္း လ်င္ျမန္စြာဘဲ ဘရိတ္အုပ္လိုက္သည္။ ဘရိတ္အုပ္ လိုက္ေပမယ့္ အ႐ႈိန္ျပင္းေသာကားသည္ လမ္းျဖတ္ကူးေနေသာေယာကၤ်ားေလးကို ဝင္တိုက္ႏွင့္ေနၿပီ။ ကားရဲ႕ေဆာင့္အားေၾကာင့္ ေယာကၤ်ားေလးကကားေရွ႕ခပ္လွမ္းလွမ္းမွာ လဲက်သြားသည္။ ကားနဲ႔မ်က္ႏွာ ခ်င္းဆိုင္မွာ အ႐ႈိန္နဲ႔ေမာင္းႏွင္လာသည့္ ဆိုင္ကယ္ကလည္း လ်င္ျမန္စြာဘဲ အေရးေပၚဘရိတ္အုပ္ေနသည္။ သို႔ေသာ္လည္း ေမာင္းလာသည့္အ႐ႈိန္က သိပ္ျမန္တာေၾကာင့္ ဘရိတ္အုပ္ၿပီး ေသာအခ်ိန္မွာ ေယာကၤ်ားေလးရဲ႕လည္ပင္းကို ႀကိတ္မိလ်က္သားျဖစ္ေနၿပီ။ လ်င္ျမန္စြာ လႈပ္ရွားေနေသာ ထိုအခိုက္ အတန္႔ေတြမွာ အားလုံးကလက္လြန္ေျခလြန္ျဖစ္ၾကကုန္ၿပီ။ လဲက်ေနေသာေယာကၤ်ားေလး၏ ခႏၶာကိုယ္ သည္ ေသြးမ်ားျဖင့္ေပက်ံေနသည္။ ပါးစပ္ကလည္းဟေနသည္၊ ပါးစပ္ထဲက ငုံထားသည့္ကြမ္းယာလည္း အျပင္ဘက္ကား လမ္းမေပၚ လိမ့္က်လာသည္။ ကြမ္းေသြးနဲ႔အတူ ပါးစပ္ထဲကအနီရဲရဲ ေသြးေတြက အျပင္ဘက္ကို စီးဆင္းလာသည္။ လက္ေတြကလည္း ခႏၶာကိုယ္ေအာက္ေခါက္ေနသျဖင့္ ထလို႔မရေပ။ ကားတိုက္လို႔လဲက်သြားသည့္ခႏၶာကိုယ္ကို ဆိုင္ကယ္က လည္ပင္းဝင္ႀကိတ္ထားသည့္အတြက္ ၾကက္ေသ ေသေနသည့္ေယာကၤ်ားေလးက သူ႔ကိုသူ ဘာေတြျဖစ္လို႔ျဖစ္ေနမွန္း ေတာင္သိေတာ့မွာမဟုတ္ပါဘူး။ ကတၱရာလမ္းနဲ႔ေဆာင့္လိုက္လို႔ ကြဲအက္ေနသည့္ဦးေခါင္းကလည္း ေသြးေတြ စီးက်လာၿပီ၊ ေျခေထာက္ေတြ ကလည္းေသြးေတြနဲ႔စိုရြဲေနၿပီ။ ေယာကၤ်ားေလးက အသက္မထြက္ေသးဘဲ ဆန္႔ငင္ဆန္႔ငင္ ျဖစ္ေနရွာသည္။ ႐ႈ႐ႈိက္ေနတဲ့ႏွာေခါင္းထဲကေလေတြလည္း ေသြးေတြနဲ႔ျပည့္ၾကပ္ေနသည္။ ကားေမာင္းသည့္ လူႀကီးလည္း ကားထဲကထြက္လာသည္။ ဆိုင္ကယ္ေမာင္းသည့္လူႀကီးကလည္း ဆိုင္ကယ္ေပၚက ဆင္းလာသည္။ ေယာကၤ်ားေလးကိုလွမ္းေခၚသည့္မိန္းကေလးက ၾကက္ေသေသေနၿပီး ေရွ႕သြားရမလိုလို၊ ေနာက္ဆုတ္ရ မလိုလိုနဲ႔ ဘာလုပ္ရမွန္းမသိဘဲ မတ္တတ္ရပ္ရာကေန ေမ့ၿပီးလဲက်သည္။ လမ္းေဘးကလူေတြဝိုင္းအုံ လာေနသည္။ ထိုျမင္ကြင္းသည္ တကယ္လိုလို အိပ္မက္လိုလို အရွင္လတ္လတ္ နန္းခမ္းယြန္းရဲ႕ မ်က္စိေရွ႕မွာ ျဖစ္ပ်က္ေနသည္။ နန္းခမ္းယြန္းသည္ အျပန္လမ္းတစ္ေလွ်ာက္မွာ အဲဒီပုံရိပ္ေတြပဲျမင္ ေယာင္ေနၿပီး အေဆာင္ကို ဘယ္လိုျပန္ၿပီး ဘယ္လိုေရာက္မွန္း မသိဘဲ သတိရေသာအခ်ိန္ အေဆာင္ထဲျပန္ေရာက္ေနၿပီျဖစ္သည္။

ထိုျမင္ကြင္းမ်ားက တစ္ရက္တည္းနဲ႔ျမင္လိုက္ရသည့္အတြက္ အ့့့ံၾသ၍မဆုံးျဖစ္ေနသည္။ ျမင္ၿပီးတဲ့အခ်ိန္က စၿပီး တစ္ညေန လုံးလုံး အဲဒီအျဖစ္အပ်က္ေတြကိုပဲ သတိရေနသည္။ ညေရာက္သည့္အထိ အိပ္မရဘဲ ျမင္ေယာင္ေနသည္။ ေၾကာက္စိတ္မရွိေပမယ့္ ေမ့ေဖ်ာက္လို႔မရသည့္အထိ စိတ္ထဲစြဲေနသည္။ လကြယ္ည အေမွာင္ထဲမွာ ထိုအေၾကာင္းကိုေတြးရင္း နန္းခမ္းယြန္း တစ္ေယာက္ ရင္ထဲပိုေမာလာသည္။ အသက္႐ႈ ပိုၾကပ္ေနသလိုထင္ရသည္။ “သူတို႔ေတြလည္း ငါတို႔လိုဘဲ ေရွ႕ေရးအတြက္ စိုးရိမ္ေနတဲ့ လူေတြျဖစ္မွာဘဲ။ ေသသြားေသာႏွစ္ေယာက္လုံးသည္ စားဝတ္ေနေရးအတြက္ ႐ုန္းကန္ရင္း ေသသြားသည့္ သူေတြပင္ ျဖစ္သည္။ ငါလည္း႐ုန္းကန္ေနရသည့္သူပါပဲ” ဟု ေတြးသည္။ ရတနာပုံတကၠသိုလ္ေက်ာင္းသူတစ္ဦး အမ်ိဳးသမီးေဆာင္ေပၚက လကြယ္ညကိုအေဖာ္ျပဳရင္း သန္းေခါင္ယံကို ျဖတ္ေက်ာ္ေနသည္။ ထိတ္လန္႔စရာ အာ႐ုံေတြနဲ႔ ေမွာင္မိုက္ေနတဲ့ညေတြမွာေတာင္ သူမ မေၾကာက္မ႐ြံ႕ဘဲ ျဖတ္သန္းခဲ့သည္။ ညရဲ႕ေမွာင္မိုက္ ျခင္းသည္ အေတြးမ်ားကို ေလးနက္ေအာင္ အားျပဳေပးေနသည္။ ညနက္ေလေလ အေမွာင္က ပိုႀကီး စိုးေလေလျဖစ္လာသည္။ အေမွာင္က်လာေလေလ အေတြးေတြကပိုေလးနက္ေလေလ ျဖစ္လာသည္။ အေမွာင္က်ေသာဘဝမ်ားဟာ ေလးနက္တဲ့ဘဝေတြျဖစ္လာသည္ဟု နန္းခမ္းယြန္းတစ္ေယာက္ ယံုၾကည္ ေနၿပီ။


(၂)
“ဘဝရဲ႕အဓိပၸါယ္” လို႔ေျပာလိုက္တဲ့စကားလုံးမ်ားဟာ လူေတြရဲ႕အလုပ္ေတြနဲ႔ပဲတိုင္းတာေနၾကတာ မ်ားပါ သည္။ အထူးသျဖင့္ပိုက္ဆံမ်ားမ်ားရသည့္အလုပ္ဆိုလွ်င္ အျခားအလုပ္ေတြထက္ပိုၿပီးအဓိပၸါယ္ရွိသေယာင္ ေျပာေနၾကသည္။ တကၠသိုလ္ေက်ာင္းသားေတြကို အားေပးတိုက္တြန္းစကားေတြေျပာတဲ့အခါေတြမွာလည္း ဒီအတိုင္းပဲေျပာေနၾကသည္။ ပညာတတ္ေအာင္ႀကိဳးစား၊ ပညာတတ္မွေကာင္းေကာင္းေနရမည္၊ အဆင့္ျမင့္ျမင့္ေနရမည္။ အရိပ္ထဲမွာအလုပ္လုပ္ရမည္။ ဦးေလးတို႔ အေဒၚတို႔က ပညာမတတ္လို႔ အလုပ္ၾကမ္းလုပ္ရတယ္ စသည္ျဖင့္ေျပာၾကသည္။ ဒီလိုနဲ႔ပဲႀကိဳးစားလိုက္ရတာ ဖတ္ဖတ္ကိုေမာလို႔။ သူတို႔ေျပာသည့္အတိုင္းဆိုရင္ တကၠသိုလ္တက္ၿပီးရင္ အလုပ္ၾကမ္းေတြ လုပ္လို႔မရေတာ့ဘူး။ ေက်ာင္းသား တိုင္းကို ဆရာဝန္ျဖစ္ခိုင္းလိုက္၊ အင္ဂ်င္နီယာျဖစ္ခိုင္းလိုက္၊ ေက်ာင္းဆရာျဖစ္ခိုင္းလိုက္၊ ႐ုံးစာေရးျဖစ္ခိုင္း လိုက္ စည္း႐ုံးလိုက္ၾကတာ။ ဝါသနာပါတာ၊ မပါတာ စိတ္မဝင္စားဘူး၊ သူတို႔ျဖစ္ခိုင္းတဲ့အထဲက တစ္ခုခုမျဖစ္လို႔ကေတာ့ တကၠသိုလ္ေက်ာင္းသူေက်ာင္းသားမ်ား အသုံးမက်တဲ့သူျဖစ္ရေတာ့မွာ။ ဒီလိုနဲ႔ေက်ာင္းသားမ်ား အတန္းႀကီးလာေလေလ ဖိအားပိုမ်ားေလေလျဖစ္လာၾကသည္။ လုပ္ခ်င္တဲ့အလုပ္နဲ႔ လုပ္ရမည့္အလုပ္ေတြ တစ္ထပ္ထဲက်ေနသည့္လူေတြကေတာ့ ေပ်ာ္ၾကတာေပါ့။ ကိုယ့္ဝါသနာကို လ်စ္လ်ဴ႐ႈထားရတဲ့ေက်ာင္းသားေတြကေတာ့ စိတ္ပ်က္စရာအနာဂတ္ေတြ ျဖစ္လာ သည္။

နန္းခမ္းယြန္းရဲ႕ဘဝထဲမွာသက္ေတာင့္သက္သာ အပူပင္ကင္းစြာရွင္သန္ေနရတဲ့အခ်ိန္လို႔ေျပာလိုက္ရင္ အေျခခံ ပညာေရးသင္ယူခဲ့သည့္ေက်ာင္းသားဘဝ ျဖစ္ပါလိမ့္မည္။ အဲဒီအခ်ိန္တုန္းကေတာ့ ေအးေအး ေဆးေဆး သက္သက္ သာသာပါပဲ။ သူမ်ားေတြေန႔မအား ညမနားစာေတြက်က္ေနသည့္အခ်ိန္မွာ နန္းခမ္းယြန္းက ပုံမွန္အိပ္၊ ပုံမွန္စား။ ဘဝက ေပါ့ေပါ့ ပါးပါးေလးရွိသည္။ သူမ်ားေတြစာေမးပြဲ က်ေနၾကေသာ္လည္း နန္းခမ္းယြန္းကေတာ့ ေအးေအးေဆးေဆး ေအာင္သြား ေလသည္။ အရမ္းႀကိဳးစား သူမဟုတ္ေတာ့ ထိပ္ဆုံးက ပထမ၊ ဒုတိယ စာရင္းဝင္ထဲမပါပါ။ သိုိ႔ေသာ္ ပုံမွန္ေလးေတာ့ ေအာင္မွတ္ ရသည္။ ဆယ္တန္းေျဖတုန္းကဆိုရင္ အစ္ကိုက အၿမဲကူေပးေတာ့ ေအးေအးေဆးေဆးပဲ ေအာင္သြားခဲ့ သည္။ ဆယ္တန္းေအာင္ၿပီးတဲ့အထိ ဘဝကေပါ့ပါးသည္။ လြတ္လပ္သည္။ လုံၿခဳံသည္။ ေႏြးေထြးသည္။ ေက်နပ္စရာေကာင္း သည္။

ဆယ္တန္းေအာင္ၿပီးတကၠသိုလ္တက္ေတာ့မည္လုပ္ေတာ့မွ အေဖထံကမၾကားဖူူးခဲ့တဲ့ အားမလို႔အားမရ ျဖစ္ေနတဲ့စကား ၾကားခဲ့ရသည္။ “ဆယ္တန္းမွာေအာင္မွတ္နည္းလို႔ ညံ့တယ္” ဟုဆိုသည္။ မၾကာခဏ ေျပာေနေတာ့ အဲဒီအတြက္ စိတ္မေကာင္းျဖစ္ခဲ့ ရသည္။ ေက်ာင္းၿပီးေအာင္ေတာ့ထားမည္ ဟုဆိုကာ ေငြလိုေနေသာအခ်ိန္ ၿခံေတြေရာင္းၿပီး သားသမီးေတြကို ေထာက္ပံ့ သည္။ အေဖအေမတို႔ရဲ႕ေစတနာ ေတြကိုၾကည့္ၿပီး စာပိုႀကိဳးစားရမည့္တာဝန္က ရွိလာပါေတာ့သည္။ ကိုယ့္ေအာက္ကညီမေလးႏွစ္ေယာက္ လည္း ေက်ာင္းတက္ေနေသးေတာ့ စာေမးပြဲတစ္ႏွစ္ေလာက္က်သြားရင္ မိဘေတြပိုၿပီးပင္ပန္းရမည္၊ စိတ္လည္း ပိုဆင္းရဲရမည္။ ဒါေတြကိုလည္း သတိထားေနရသည္။ ရြာျပန္ေရာက္တိုင္း ရြာသားမ်ားက “စာႀကိဳးစားေနာ္၊ ပညာတတ္ႀကီးျဖစ္ရင္ ရြာအတြက္လည္းဂုဏ္ရွိတယ္၊ မိဘလည္း စိ္တ္ခ်မ္းသာရတယ္” လို႔ မၾကာခဏ အားေပးၾကသည္။ သူတို႔အားေပးစကားသံကိုၾကားရလွ်င္ စာသင္ရတာေပ်ာ္လာသည္။ ေက်ာင္းတက္တုန္းက ညစ္ခဲ့တဲ့စိတ္ေတြေတာင္ အကုန္ေပ်ာက္ကုန္သည္။ ေက်ာင္းဖြင့္မည့္ရက္ကို ေမွ်ာ္ရသည္။

တစ္ခ်ိန္းတုန္းကထင္ခဲ့ရသည္ေပ်ာ္စရာမ်ားသည္ အရည္ေပ်ာ္ေနၿပီ။ စိတ္ကူးနဲ႔ေပ်ာ္ေနသူထက္ လက္ေတြ႔ ဘဝက ဘယ္လိုရွိတယ္ဆိုတာကို သိခ်င္စိတ္ေတြပိုမ်ားလာသည္။ တကၠသိုလ္ေက်ာင္းသားဘဝသည္ အျပင္ဘက္ကၾကည့္လွ်င္ ေပ်ာ္စရာေတြနဲ႔ျပည့္ႏွက္ေနသည့္ေနရာျဖစ္ပါသည္။ အတြင္းမွာေတာ့ အျပင္က အထင္နဲ႔ကြာျခားသည္။ စာတကယ္ႀကိဳးစား သူလည္းရွိသည္။ အေပ်ာ္သေဘာ အပ်င္းေျပေက်ာင္း တက္သူလည္းရွိသည္။ ပိုက္ဆံျဖဳန္းသူ၊ အေဖာ္ေတြနဲ႔အခ်ိန္ျဖဳန္းသူ၊ ၾကင္ယာရွာသူ၊ အပ်င္းႀကီးသူ၊ တစ္ဇြတ္ထိုးႏိုင္သူ၊ သေဘာထားႀကီးသူ၊ သူတစ္ပါးကိုနားလည္တတ္သူ၊ ကိုယ္ခ်င္းစာ တတ္သူ၊ သူတစ္ပါးနဲ႔အဆင္ေျပေအာင္ေပါင္းတတ္သူ စသည္ျဖင့္ စရုိက္ေပါင္းစုံ လူေပါင္းစုံေတြစုေဝးေနတဲ့ ေနရာမွာမို႔ ေပ်ာ္စရာဆိုတာထက္ သင္ယူစရာလို႔ေျပာရင္ပိုသင့္ေတာ္ပါလိမ့္မည္။ ကိုယ့္မ်က္စိေရွ႕မွာဘဲ ေအာင္ျမင္ေနတဲ့သူေတြ ရွိသလို အခ်ိန္မတန္ေသးဘဲ ပ်က္စီးေနၾကသည့္ေက်ာင္းသားေတြလည္း ျမင္ေတြ႔ေနရပါတယ္။

အခုဓာတ္ဆီဆိုင္မွာအတူတူအလုပ္လုပ္ေနက်တဲ့မိန္းကေလးေတြလည္း ေက်ာင္းပိတ္ခ်ိန္ အလုပ္ဝင္ေနၾက တဲ့ တကၠသိုလ္ ေက်ာင္းသူေတြ။ ကိုယ့္ဒူးကိုယ္ခၽြန္တဲ့သူေတြျဖစ္ပါသည္။ အလုပ္ခ်င္းတူေပမယ့္ အျမင္ မတူတာေတြလည္း အမ်ားႀကီးပါပဲ။ ဟိုတစ္ေန႔တုန္းကေျပာၾကတဲ့စကားေတြဆိုရင္ ဆရာဝန္လုပ္တဲ့သူက ဘယ္ေလာက္ေတာ္တယ္။ ဆရာဝန္မလုပ္ႏိုင္တဲ့သူ ေတြက ဘယ္လိုညာလုိစသည္ျဖင့္ အလုပ္ကိုလူေတြရဲ႕ အဆင့္အတန္းနဲ႔ ႏိႈင္းယွဥ္လြန္းအားႀကီးတယ္။ ေအာက္ေျခလူတန္း စားေတြကို အဆင့္အတန္းမရွိတဲ့ လူတန္းစားဆိုတဲ့အျမင္မ်ိဳးေတြ ျဖစ္ေနတယ္။ ဒီလိုအေတြးေတြက ဘယ္သူေတြပုံသြင္း ေပးလိုက္သလဲ မသိဘူး။ ဒါမ်ိဳးကို နန္းခမ္းယြန္းက “ဘူး” ခံျငင္းသည္။

ဘယ္တုန္းက စခဲ့မွန္းမသိ အခုထိအ႐ိုးစြဲေနသည့္အမွားတစ္ခုကေတာ့ အလုပ္နဲ႔ပတ္သက္ၿပီး ဟိုအလုပ္က ျမင့္ သည္၊ ဒီအလုပ္ကႏွိပ္သည္ဟု ထင္ေသာအယူအဆပင္ျဖစ္ပါသည္။ တကယ္ေတာ့ျမင့္သည္၊ ႏွိပ္သည္ဆိုသည္မွာ လုပ္ေန ေသာအလုပ္ထဲမွာသာရွိပါသည္။ အျခားအလုပ္နဲ႔ႏႈိင္းယွဥ္ၿပီး ျမင့္သည္၊ ႏွိပ္သည္ ဆိုသည့္အျမင္မ်ိဳးေတာ့ မရွိသင့္ပါ။ စာေရးဆရာအလုပ္နဲ႔စီးပြားေရးလုပ္ငန္းအလုပ္တို႔ကို ယွဥ္ၿပီး စာေရးဆရာအလုပ္ကပိုျမင့္သည္။ စီးပြားေရးအလုပ္က ပိုျမင့္ သည္ စသည္ျဖင့္မႏႈိင္းယွဥ္သင့္ပါ။ သူ႔ေနရာနဲ႔သူ ျမင့္သည္ခ်ဥ္းျဖစ္ပါသည္။ သူ႔ေနရာနဲ႔သူ လိုအပ္ေနၾကပါသည္။ ဒါေတြကို နားလည္ရမည္။

စာေရးဆရာလုပ္ရင္ ဘယ္စာေရးဆရာကဘယ္ေလာက္ေရးႏိုင္တယ္၊ ေတြးႏိုင္တယ္၊ ဘယ္လိုျမင္ႏိုင္တယ္၊ သူေရးသည့္ စာက ဘယ္လိုအက်ိဳးတက္ေရာက္မႈရွိသည္စသည္ျဖင့္စဥ္းစားရပါမည္။ စာေရးဆရာတိုင္းမွာလည္း ဒီလိုအျမင္မ်ိဳး ဒီလို အေတြးမ်ိဳးရွိခ်င္မွရွိမည္။ စာေရးဆရာအဆင့္အတန္းကို ခြဲျခားခ်င္ရင္ စာေရးဆရာအခ်င္းခ်င္းဘဲ ႏႈိင္းယွဥ္ရပါမည္။ ဒါမွဘဲ ဘယ္သူကစာေရးဆရာပီသတယ္ စသည္ျဖင့္ ခြဲျခားလို႔ရတာေပါ့။ စီးပြားေရးသမားမ်ားကို အဆင့္အတန္းခြဲဲဲခ်င္ရင္လည္း ထိုအတူပင္။ စီးပြားေရးသမားအခ်င္းခ်င္းကိုပဲ ႏႈိင္းယွဥ္ရလိမ့္္္မည္။ ဘယ္သူကပိုၿပီးစီးပြားေရးအျမင္ရွိသည္၊ ဘယ္သူက သိပ္မရွိဘူူးစသည္ေပါ့။ အဓိကကေတာ့ ကိုယ္ဝါသနာပါတာကို ကုိယ္လုပ္ဖို႔ပါပဲ။ ဒါမွလည္း ေပ်ာ္ရႊင္ရမွာေပါ့။ အလုပ္ကို အဆင့္အတန္း ခြဲေနရင္ အထင္ေသးခံရမွာကိုေၾကာက္တာနဲ႔ပဲ လူေတြကိုယ္ဝါသနာပါတာကိုမလုပ္ရဲၾကေတာ့ဘူး။

နန္းခမ္းယြန္းက သူ႔အယူအဆကိုရွင္းျပသည္။ သို႔ေသာ္မည္သူကမွ လက္မခံပါ။ ဒီအသိုင္းအဝိုင္းထဲကလူေတြျဖစ္ေနေတာ့ ဒီလူေတြသတ္မွတ္တဲ့အတိုင္းပဲ ကိုယ္လည္းခံေနရတယ္။ တကၠသိုလ္ေက်ာင္းသူေတြအခ်င္းခ်င္းမို႔ သေဘာထားကြဲလြဲတာ ဘာမွျပႆနာမရွိ၊ အျပင္လူနဲ႔ဆိုရင္ေတာ့ ဘယ္လိုျဖစ္မလဲ မေျပာတတ္ပါ။ နားလည္ရခက္ေသာပတ္ဝန္းက်င္ၾကားမွာ ျဖတ္သန္းလာခဲ့ရသည္။ ဒီလိုအယူအဆမတူတဲ့သူနဲ႔ေရာ၊ ကုိယ္လက္မခံခ်င္ေပမယ့္ ပတ္ဝန္းက်င္ရဲ႕သတ္မွတ္ခ်က္ ေတြနဲ႔ေရာ ပခုံးခ်င္းယွဥ္ၿပီး ေနတတ္လာခဲ့ပါၿပီ။ အတူတူေနေနၾကေပမယ့္ ရွင္သန္ပုံခ်င္းမတူၾကတာကို ပိုၿပီးနားလည္လာသည္။


(၃)
အခ်ိန္က ညေန(၆)နာရီ၊ ေက်ာက္ေတာ္ႀကီးဘုရားမွာဘုရားပန္းကပ္ၿပီး ေစတီရင္ျပင္မွာစကားေျပာၾကသည္။ နန္းခမ္းယြန္းနဲ႔ ခ်ယ္ရီေမတို႔ျဖစ္သည္။ တိုင္ပင္ေဖာ္တိုင္ပင္ဘက္ေတြျဖစ္ၾကသည္။ ခ်ယ္ရီေမက ေက်ာင္းၿပီးရင္ သူနာျပဳဆရာဝန္ လုပ္မယ္လို႔မွန္းထားသည္။ နန္းခမ္းယြန္းက ေက်ာင္းဆရာမ လုပ္ဖို႔မွန္းထားၾကသည္။ ဘာမသိညာမသိနဲ႔ တကၠသိုလ္တက္ရမယ္ဆိုလို႔တက္လိုက္တာ ကိုယ္ဘာဝါသနာပါမွန္း ႏွစ္ေယာက္လုံးမသိခဲ့ၾကဘူး။ ပတ္ဝန္းက်င္ကလည္း ေရြးခ်ယ္ခြင့္ မေပးၾကဘူး။ အမွတ္မီရာ ေရွးေဟာင္းသုေတသန (Archaeology) ေမဂ်ာကို ေရြးလိုက္ၾကသည္။ အခုေတာ့မွ မထူးေတာ့ပါ၊ မိဘလည္းစိတ္ခ်မ္းသာေအာင္ ဘြဲ႕တစ္ခုအရင္ယူၿပီး ဝါသနာပါရာဆက္လုပ္ၾကဖို႔စဥ္းစားထားၾကသည္။
“ယြန္း၊ ဘာလို႔ေက်ာင္းဆရာမျဖစ္ခ်င္တာလဲ၊ အျခားအလုပ္ကိုဘာလို႔မေရြးခ်ယ္ခ်င္တာလဲ”
“ေက်ာင္းဆရာမကိုျဖစ္ခ်င္တာက ကေလးေတြကိုစာသင္ေပးခ်င္တဲ့စိတ္ေၾကာင့္ဘဲျဖစ္မယ္ထင္တယ္၊ ကေလး ေတြကို ခ်စ္တယ္၊ သူတို႔ေလးေတြကျဖဴစင္တယ္၊ ႐ိုးသားတယ္၊ ေကာက္က်စ္မႈကင္းတယ္ လို႔ျမင္တယ္၊ ဒီလိုလူေတြနဲ႔ အလုပ္လုပ္ရင္စိတ္လည္းခ်မ္းသာမယ္လို႔ထင္တယ္။ ကိုယ့္ရဲ႕ေစတနာေတြေကာင္းရင္ေကာင္းသေလာက္ ကေလးေတြ ဘက္ကလည္း ပညာဆည္းပူးရတာ ေႏြးေထြးမႈရွိမယ္၊ ေပ်ာ္ရႊင္မယ္၊ ႏွစ္ဘက္လုံးစိတ္ခ်မ္းသာၾကမယ္ လို႔ခံယူမိလို႔ ေက်ာင္းဆရာမဘဝကို ေရြးခ်ယ္ခ်င္တာ။ ငါေတြ႔ဖူးတဲ့ဆရာေတြတခ်ိဳ႕၊ အထူူးသျဖင့္ရြာဘက္ေတြမွာဆိုရင္ စာမရတဲ့ ကေလးေတြကို ႐ုိက္ၿပီးဆုံးမၾကေတာ့ ကေလးေတြက စာကိုေၾကာက္သြားၾကတယ္။ ဆရာကိုလည္း ေၾကာက္ၾကတယ္။ စာဆက္မသင္ခ်င္ၾကေတာ့ဘူး၊ ငယ္ငယ္ကေလးနဲ႔ေက်ာင္းထြက္လိုက္ၾကတဲ့ကေလးေတြကိုျမင္ရင္ ရင္ထဲစို႔ႏွင့္သည့္အထိ ခံစားရတယ္။ ေက်ာင္းထြက္ၿပီးေလလြင့္ေနတဲ့ကေလးေတြကိုျမင္ရေလေလ အျဖဴအစိမ္းဝတ္စုံဝတ္တဲ့ဆရာမဘဝကို ပိုမက္ေမာေလေလပဲ။ အျခား စက္ခ်ဳပ္တာတို႔ ဆိုင္ေလးဖြင့္ၿပီးေစ်းေရာင္းတာလဲ ဝါသနာပါပါတယ္၊ အဲဒီအလုပ္ေတြက မိဘေတြသိပ္မႀကိဳက္ဘူးထင္လို႔။ ေက်ာင္းဆရာမကိုေတာ့ မိဘေတြလည္းႀကိဳက္ၾကတယ္ေလ၊ ႏွစ္ဘက္လုံးစိတ္ခ်မ္းသာ ရမယ္ထင္လို႔ပါ။ နင္ေကာ ဘာလို႔ သူနာျပဳျဖစ္ခ်င္ရတာလဲ၊ ေျပာပါဦး”

“အဓိကကေတာ့ သူတစ္ပါးအသက္ကယ္ခ်င္လို႔ေပါ့ဟာ၊ ဒီဆႏၵက မႏွစ္ကမွျဖစ္တာ၊ မႏွစ္တုန္းကေပါ့၊ ငါတို႔ရြာမွာ သားဖြားဆရာမမရွိေတာ့ ကိုယ္ဝန္ေဆာင္မိခင္တစ္ေယာက္ ေဆး႐ုံသြားတက္တာ၊ ရြာက ေဆး႐ုံနဲ႔လည္းေဝးေတာ့ ေဆး႐ုံ မေရာက္ခင္ လမ္္းမွာဘဲကေလးပ်က္က်သြားတယ္၊ ေဆး႐ုံေရာက္ေတာ့ မိခင္လည္း ဆုံးသြားတယ္။ အဲဒါနဲ႔ ဆရာဝန္က “ရြာမွာသားဖြားဆရာမသာရွိရင္ဒီလိုျဖစ္မွာမဟုတ္ဘူး” လို႔ ဆိုတယ္။ အဲဒီတုန္းက “ငါသာသားဖြားဆရာမျဖစ္ရင္ ေကာင္းမွာပဲ” လို႔ ေတြးမိတယ္။ ဒါေပမယ့္ ငါဆရာဝန္ျဖစ္ႏိုင္ေလာက္တဲ့ အေျခအေနေတြ မရွိဘူးဆိုတာငါသိတယ္။ ဒါေပမယ့္ သူနာျပဳ ဆရာမေလာက္ေတာ့ ျဖစ္ခ်င္တယ္။ အဲဒါေၾကာင့္ပါ။ အခုေတာ့ နင့္လိုပဲ မိဘစိ္တ္ခ်မ္းသာေအာင္ ဒီဘြဲ႔ေလးေတာ့ အရင္ယူထားရဦးမယ္”

သူငယ္ခ်င္းေက်ာင္းသူႏွစ္ဦးသည္ တစ္ဦးကိုတစ္ဦးေလးစားမႈအျပည့္ပါတဲ့မ်က္ႏွာေတြနဲ႔ အျပန္အလွန္ ၿပဳံးျပၿပီး စကားေတြေျပာၾကသည္။ စကားေျပာေကာင္းတုန္းမႏၱေလးၿမိဳ႕ရဲ႕ေကာင္းကင္ႀကီးမွာ မိုးေတြရြာခ်သည္။ ႏွစ္ဦးလုံး မိုးေရထဲမွာ တေျဖးေျဖးနဲ႔ လမ္းေလွ်ာက္ရင္း ရတနာပုံတကၠသိုလ္ရဲ႕အမ်ိဳးသမီးေဆာင္ဆီသို႔ ဦးတည္ၾကသည္။ မိုးရြာလို႔ထီးေတြကိုယ္စီနဲ႔ေဆာင္းၾကသည္။ ထီးမပါတဲ့သူမ်ားအရိပ္ရွိရာအေျပးလွမ္းၾကသည္။ သူတို႔ႏွစ္ဦးကေတာ့ ထီးမပါဘဲ တည္ၿငိမ္စြာပင္ ေလွ်ာက္လွမ္းသည္။ ဦးပိန္တံတား ကေန ဆိုင္ကယ္နဲ႔ျပန္လာသည့္ မ်ိဳးမင္းေအာင္က သူတို႔ေရွ႕ဆိုင္ကယ္ရပ္ၿပီး “ဆိုင္ကယ္ေပၚတက္လုိက္” လို႔ေျပာသည္။ ႏွစ္ေယာက္လုံးျငင္းသည္၊ “လမ္းေလွ်ာက္ပါရေစ” ဟုဆိုသည္။
မ်ိဳးမင္းေအာင္က အံ့ၾသစြာၾကည့္ၿပီး “ဒီေလာက္မိုးေတြရြာေနတာကို ဖ်ားမွာမေၾကာက္ဘူးလား၊ မိုးခ်ိန္းေနတာ ေကာ မၾကားဘူးလား၊ မေၾကာက္ၾကဘူးလား” ဟုေမးသည္။
“ေၾကာက္စရာလား၊ သူ႔ဟာသူခ်ိန္းတာ ဘာျဖစ္လဲ၊ ကိုယ့္လမ္းကိုေလွ်ာက္ေနတာ ဘာမွေၾကာက္စရာမရွိဘူး” ဟုျပန္ေျပာသည္။

“ခမ္းယြန္း၊ မင္းတို႔က မိန္းကေလးေကာ စစ္ၾကရဲ႕လား” ဟုေျပာေလသည္။
မိန္းကေလးႏွစ္ေယာက္လုံးရယ္ၿပီး “ဘာျဖစ္လို႔လဲ” လို႔ျပန္ေမးသည္။
“ဘာျဖစ္ရမလဲ၊ မိုးခ်ိန္းသံၾကားရင္ မိန္းကေလးေတြက ေသလုနီးပါးေၾကာက္ေနၾကတာေလ၊ မင္းတို႔က မေၾကာက္လို႔ေပါ့၊ မင္းတို႔က ေယာကၤ်ားခ်ာေတြမ်ားလား” ဟုအားမနာပါးမနာေျပာရွာသည္။
“စစ္တာေပါ့၊ မိန္းကေလးစစ္တဲ့သူေတြပဲ မိုးထဲလမ္းေလွ်ာက္ရဲတာ၊ မေလွ်ာက္ရဲသူေတြကမွ မစစ္တာ” ဟု ရယ္ၿပီးျပန္ေျပာသည္။ မလိုက္မွန္းသိေတာ့ ပခုံးတစ္ခ်က္တြန႔္ၿပီး တစ္ေယာက္တည္း ဆိုင္ကယ္ႏွင့္ထြက္သြားသည္။

တကယ္ေတာ့ သူတို႔ႏွစ္ေယာက္ဟာ မေၾကာက္တတ္သူေတြမဟုတ္ပါဘူး။ အမွတ္တမဲ့ျဖစ္တဲ့ေၾကာက္လန႔္စရာ၊ တုန္လႈပ္ဖြယ္ရာေတြေရာ ဘဝနဲ႔ခ်ီၿပီးျဖစ္ေနတဲ့ ရင္ႏွင့္စရာ၊ မ႐ႈစိမ့္စရာေတြေရာ မ်ားစြာရင္ဆိုင္ခဲ့ဖူးသည့္သူေတြ ျဖစ္ပါ သည္။ ဘဝအေတြ႔အႀကဳံကေပးတဲ့သခၤန္းစာမ်ား၊ ျမင္ရေတြ႔ရတဲ့အျဖစ္အပ်က္မ်ားကေျပာျပေသာေလာကႀကီးအေၾကာင္း အရာမ်ား၊ ေလ့လာဖူးခဲ့သည့္ ဘဝဒႆနမ်ားလည္းရွိထားသူေတြမို႔ပါ။ ထိုအရာမ်ားကို ႀကံ႕ႀကံ႕ခံႏိုင္ေအာင္ ႀကိဳးစားေန ေသာမိန္းကေလးတို႔အတြက္ မိုးရြာတာေလာက္၊ မိုးႀကိဳးထစ္ခ်ဳံးတာ ေလာက္ကေတာ့ ဘာမွမေျပာေလာက္ဘူး ဆိုတာကို ကိုမ်ိဳးမင္းေအာင္ သိမည္ထင္ပါသည္။ တိတ္ဆိတ္ေနတဲ့လမိုက္ညကိုလည္း အေဖာ္ျပဳေနႏိုင္သည့္သူေတြပါ၊ သို႔ေသာ္ အထီးက်န္ေနသူေတြေတာ့ မဟုတ္ဘူး။ နားလည္ရခက္တဲ့ပတ္ဝန္းက်င္မွာ ျဖတ္သန္းလာခဲ့သည့္သူေတြပါ။ ဒါေပမယ့္ ဘယ္ပတ္ဝန္းက်င္ကိုမွ အရြက္မတိုက္ဘူး။ ကိုယ့္ရည္ရြယ္ခ်က္အတိုင္း ဦးတည္ၿပီး ဘယ္လိုအေျခအေနမ်ိဳးမဆို အလိုက္သင့္အဆင္ေျပေအာင္ ေနတတ္သည့္သူေတြပါ။ ဘဝေပးအေျခအေနကိုက ဒီလိုေနမွ အဆင္ေျပမည့္ဘဝပါ။

ဘဝသည္ ခေရပန္းလိုေၾကြလည္းေမႊး၊ ေဝလည္းေမႊးေသာဘဝလည္းရွိပါသည္။ စံပယ္ပန္းလို အျပစ္အနာအဆာ မရွိ လွခ်င္တိုင္းလွ၊ ေမႊးခ်င္တိုင္းေမႊးေသာဘဝလည္းရွိပါသည္။ သဇင္လို ေတာ္ဝင္ပန္းလို႔ သတ္မွတ္ခံရတဲ့ဘဝမ်ိဳးလည္းရွိ သည္။ အဆင္းလည္းမလွ၊ အနံ႔လည္းမေမႊးလို႔ လူတကာမႀကိဳက္သည့္ လမ္းေဘးပန္းလိုဘဝလည္း ရွိပါသည္။ သူတ္ို႔ႏွစ္ ေယာက္ရဲ႕ဘဝသည္ ႏွင္းဆီပန္းလိုဘဝမ်ိဳးျဖစ္ပါသည္။ ႏွင္းဆီသည္ ဆူးေတြနဲ႔ျပည့္ႏွက္ေနသည္။ ကုိယ္တိုင္အတံမွာ လည္း ဆူးရွိသည္။ ေဘးကကပ္လ်က္ရွိေနေသာအပင္မွာလည္း ဆူးေတြရွိသည္။ ထိုဆူးၾကားမွထိုးထြက္ၿပီး ဖူးပြင့္ရဲတဲ့ သတိၱရွိသည္။ ထိုဆူးေတြၾကားကဖူးပြင့္လာသည့္ႏွင္းဆီပန္းတစ္ပြင့္သည္ လွပတင့္တယ္စြာ ပြင့္ခ်ပ္လႊာမ်ားနဲ႔ ေဝဆာေန သည္။ သူတို႔ႏွစ္ေယာက္ရဲ႕ဘဝသည္လည္း ႏွင္းဆီလိုပင္။ ကုိယ့္ဒူးကိုယ္ခၽြန္ႏိုင္မွ လွပသည့္ဘဝေတြျဖစ္ပါသည္။

အစာငတ္လို႔ေသသြားတဲ့ကေလး၊ ကားတိုက္လို႔ေသသြားသည့္ ပန္းသည္၊ စာကိုေၾကာက္လို႔ ေလလြင့္ေနသည့္ ကေလးမ်ား၊ သားဖြားဆရာမမရွိလို႔ ေသသြားရသည့္ ကုိယ္ဝန္သည္သားအမိ၊ ေနာက္ပတ္ဝန္းက်င္ရဲ႕ ဖိအား၊ သတ္မွတ္ ခ်က္၊ အႏၱရာယ္မ်ား၊ အခြင့္အလမ္းမ်ား၊ အေတြးအျမင္မ်ားစသည့္အရာမ်ားသည္ သူတို႔ကိုယ္ေတြ႔ေလာကဓံရဲ႕အစ ျဖစ္လာသည္။ ထိုေလာကဓံၾကားမွာ သူတို႔ရပ္တည္လာရသည္၊ ထိုးထြက္သြားရမည္၊ ဖူးပြင့္ရဦးမည္၊ ေလာကကႀကီးကို အလွဆင္မည္။ ဒါကို သူူတို႔ ေကာင္းေကာင္းနားလည္သည္။ ႏွင္းဆီပန္းကိုသူတို႔ႀကိိဳက္သည္။ ပန္းပန္မည္ဆိုရင္ေတာင္ ႏွင္းဆီပန္းကိုဘဲ ေရြးပန္သည့္ မိန္းကေလးမ်ားျဖစ္သည္။ သူတို႔ဘဝကို ႏွင္းဆီပန္းမ်ားျဖင့္ ကိုယ္စားျပဳခ်င္သည့္ ေကာင္မေလးေတြျဖစ္ပါသည္။ သူတို႔သည္ ႏွင္းဆီပန္း ပန္သည့္ေကာင္မေလးမ်ားျဖစ္ၾကပါသည္။


ခြန္ေနဝင္းေအာင္ (ဖယ္ခုံ)
10.10.2017 5:50:00 PM


(မွတ္ခ်က္။ ။ ရတနာပုံတကၠသိုလ္ေက်ာင္းသူ နန္းေရႊခမ္း (ေတာင္မဲသင္း၊ ပင္ေလာင္း) အေၾကာင္းကို မွီျငမ္း၍ ေရးထားပါသည္) ။ ။


No comments:

Post a Comment