ပြန်ရိတ်သိမ်းမယ့် ဇာတ်လမ်းလေးတစ်ချို့နဲ့ ပြန်သိမ်းဆည်းမယ်အမှတ်တရတစ်ချို့တွေဘဲ ဝန်ထုပ်ဝန်ပိုးရှိတာပါ
ပြန်အန်ချမယ့်အလွမ်းတွေနဲ့ ပြန်ဖြန့်ပေးမယ့်ပျော်ရွှင်မှုတွေကတော့ ဆုပ်ကိုင်မထားတဲ့အတွက် လမ်းသင့်လို့ရလိုက်တဲ့ လွတ်လပ်မှုလက်ဆောင်တစ်ခုလိုပါဘဲ
အကဲခက်ပြီးထင်မြင်ချက်တွေအမျိုးမျိုးပေးနေကြတဲ့ အရိပ်အောက်က နေထိုင်ခြင်းအနုပညာတွေသင်ပေးသွားတဲ့ ဝန်းကျင်ကို မှီခိုခွင့်လေးရလိုက်လို့ တစ်ဦးတည်းဖြစ်နေလည်း ပျော်နေပါတယ်
ဖယောင်းတိုင်တစ်တိုင်ဖြစ်စေ ဆီမီးလေးတစ်ခွက်ဖြစ်စေ သူ့ရဲ့ကိုယ်ပိုင်အလင်းဓာတ်လေးတွေကို ကိုယ်အသိအမှတ်ပြုတယ်
သူ့တို့တွေအားတက်ဖို့အတွက် အလင်းဓာတ်သေးသေးလေးတွေကို စုပေးလိုက်ချင်တာလည်း ကိုယ့်ဝါသနာပါဘဲ
စူးရှရှလင်းအားတွေရှိတဲ့နေရာကိုလှည့်မကြည့်မိတာက မှုန်ဝါးဝါးအလင်းလေးတွေကို ဂရုစိုက်ပေးချင်လို့ပါ
Nandiya Bhikkhu
24.10.2018 9:20:00 PM
ျပန္အန္ခ်မယ့္အလြမ္းေတြနဲ႔ ျပန္ျဖန္႔ေပးမယ့္ေပ်ာ္ရႊင္မႈေတြကေတာ့ ဆုပ္ကိုင္မထားတဲ့အတြက္ လမ္းသင့္လို႔ရလိုက္တဲ့ လြတ္လပ္မႈလက္ေဆာင္တစ္ခုလိုပါဘဲ
အကဲခက္ၿပီးထင္ျမင္ခ်က္ေတြအမ်ိဳးမ်ိဳးေပးေနၾကတဲ့ အရိပ္ေအာက္က ေနထိုင္ျခင္းအႏုပညာေတြသင္ေပးသြားတဲ့ ဝန္းက်င္ကို မွီခိုခြင့္ေလးရလိုက္လို႔ တစ္ဦးတည္းျဖစ္ေနလည္း ေပ်ာ္ေနပါတယ္
ဖေယာင္းတိုင္တစ္တိုင္ျဖစ္ေစ ဆီမီးေလးတစ္ခြက္ျဖစ္ေစ သူ႔ရဲ႕ကိုယ္ပိုင္အလင္းဓာတ္ေလးေတြကို ကိုယ္အသိအမွတ္ျပဳတယ္
သူ႔တို႔ေတြအားတက္ဖို႔အတြက္ အလင္းဓာတ္ေသးေသးေလးေတြကို စုေပးလိုက္ခ်င္တာလည္း ကိုယ့္ဝါသနာပါဘဲ
စူးရွရွလင္းအားေတြရွိတဲ့ေနရာကိုလွည့္မၾကည့္မိတာက မႈန္ဝါးဝါးအလင္းေလးေတြကို ဂရုစိုက္ေပးခ်င္လို႔ပါ
Nandiya Bhikkhu
24.10.2018 9:20:00 PM
https://m.facebook.com/story.php?story_fbid=2287505531477481&id=100006541690260
No comments:
Post a Comment