စီးမျောခြင်း
မရောက်သေးတဲ့အနာဂတ်ကို ငါလှမ်းမျှော်ကြည့်တယ်
ငါဟာ သက်တန့်တွေလို မှုန်ဝါးဝါး အလင်းရောင်အောက်က ဒြဗ်မဟုတ်တဲ့ ပညတ်လေးတစ်ခု။
မနက်ဖြန်ကိုစိတ်နဲ့မှန်းပြီး ပုံဖော်ကြည့်တယ်
မိုးမျှော်နေသူလို့ မရေရာမှုတွေထဲက တစ်နေရာရာမှာ အစမ်းသတ်ခံရဖို့ နောက်ဆုံးလက်ကျန် အရွေးခံချင်တဲ့ သေးသေးမွှားမွှား နုံအအ သတ္တဝါတစ်ကောင်။
ရှေ့ခရီးရဲ့လမ်းကြောင်းနဲ့ မှတ်တိုင်ကို အတည်တကျရွေးကြည့်တယ်
အကောင်အထည်မပေါ်ဘဲ ရေစက်လေးတစ်ပွင့် ပင်လယ်ထဲပြေးဝင်နေသလို အစဉ်အလာရေစီးကြောင်းအတိုင်း စီးမျောနေရတာကလွဲလို့ ငါဟာ တွေဝေနေဆဲလူတစ်ဦး။
သို့သော်လည်းလေ မနက်ဖြန်တိုင်းမှာ ငါမှတ်တမ်းတင်ချင်သေးတယ်။ ရှင်သန်မှုအရသာနဲ့အနှစ်သာရကို နားမလည်သည့်တိုင် ငါဟာလေ ဖြူစင်ချင်သေးတယ်။
Nandiya Bhikkhu
13.9.2018 10:30:00 PM
ငါဟာ သက္တန္႔ေတြလို မႈန္ဝါးဝါး အလင္းေရာင္ေအာက္က ျဒဗ္မဟုတ္တဲ့ ပညတ္ေလးတစ္ခု။
မနက္ျဖန္ကိုစိတ္နဲ႔မွန္းၿပီး ပုံေဖာ္ၾကည့္တယ္
မိုးေမွ်ာ္ေနသူလို႔ မေရရာမႈေတြထဲက တစ္ေနရာရာမွာ အစမ္းသတ္ခံရဖို႔ ေနာက္ဆုံးလက္က်န္ အေ႐ြးခံခ်င္တဲ့ ေသးေသးမႊားမႊား ႏုံအအ သတၱဝါတစ္ေကာင္။
ေရွ႕ခရီးရဲ႕လမ္းေၾကာင္းနဲ႔ မွတ္တိုင္ကို အတည္တက်ေ႐ြးၾကည့္တယ္
အေကာင္အထည္မေပၚဘဲ ေရစက္ေလးတစ္ပြင့္ ပင္လယ္ထဲေျပးဝင္ေနသလို အစဥ္အလာေရစီးေၾကာင္းအတိုင္း စီးေမ်ာေနရတာကလြဲလို႔ ငါဟာ ေတြေဝေနဆဲလူတစ္ဦး။
သို႔ေသာ္လည္းေလ မနက္ျဖန္တိုင္းမွာ ငါမွတ္တမ္းတင္ခ်င္ေသးတယ္။ ရွင္သန္မႈအရသာနဲ႔အနွစ္သာရကို နားမလည္သည့္တိုင္ ငါဟာေလ ျဖဴစင္ခ်င္ေသးတယ္။
Nandiya Bhikkhu
13.9.2018 10:30:00 PM
No comments:
Post a Comment