Sunday, March 3, 2019

ငါ့လောကကြီး


ကိုယ်နားဆင်ဖို့အတွက် 
အလိုက်တသိတေးဆိုပေးတဲ့ ကျေးငှက်လေးတွေရှိတယ် 

ကိုယ်လိုအပ်မယ်ထင်လို့ 
အလိုက်တသိ ရွာချပေးတဲ့ မိုးစက်လေးတွေရှိတယ် 

ချွေးအရမ်းထွက်နေချိန် 
အလိုက်တသိ တိုက်ခတ်ပေးတဲ့ လေညှင်းလေးတွေရှိတယ် 

အပူချိန်တွေမြင့်နေချိန်မှာ 
အလိုက်တသိ ကာထားပေးတဲ့ တိမ်တိုက်လေးတွေ ရှိတယ် 

ကိုယ်ချမ်းနေချိန် ပူနေချိန် 
အလိုက်တသိထွက်လာပေးတဲ့ နေမင်းကြီး နဲ့ လမင်းလေးလည်း ရှိတယ်။ 

ကိုယ့်ဘက်မှာ 
အမြဲရပ်တည်ပေးတဲ့ လောကကြီးလည်းရှိတယ်။ 

ငါ့မှာ ဘာမှထပ်တောင်းဆိုစရာ မရှိတော့ပြီ။

Nandiya Bhikkhu







ကိုယ့်ဘက်မှာ 


Image may contain: bird and plant

No comments:

Post a Comment