Sunday, September 30, 2018

ရှေ့ပြေးစိတ်

ဘယ်ကစရမလဲလို့စဉ်းစားနေခိုက် ငါကရှေ့ရောက်နှင့်နေပြီ
ဘယ်အချိန်မှာ ဘာလုပ်ရင်ကောင်းမလဲလို့ စဉ်းစားနေတုန်း လူ့ဘဝသက်တမ်း တစ်ဝက်လောက်က ကျိုးသွားလေပြီ

ဒဏ်ရာတို့မာယာတို့ဆိုတာရော
အတ္တတို့မာနတို့ဆိုတာရော
ရောထွေးနေတဲ့ ဒီပန်းချီကားကို ငါတို့နှစ်သက်ခဲ့ကြတာလေ
မဆုံးနိုင်တဲ့ခရီးကိုဆက်လျှောက်ရင်း
မပြီးနိုင်တဲ့မျှော်လင့်ချက်တွေနဲ့ ဆက်ပြီးရှင်သန်နေကြရဦးမှာ 

ခရီးလမ်းတစ်ဝက်မှာ မောလို့အနားယူရမယ့်အချိန်မှာတော့
အရိပ်ကောင်းကောင်းလေးအောက်မှာ ရေအေးအေးလေးတစ်ခွက်လောက်တော့ သောက်ချင်တယ်။

ကိုယ့်တို့ရဲ့ ဒဏ်ရာနဲ့အနာတွေကို အဲဒီအချိန်ကျမှ ဟာသလုပ်ပြီး အတူတူရယ်မောကြတာပေါ့။

Nandiya Bhikkhu
3.9.2018 9:05:00 PM



ဘယ္ကစရမလဲလို႔စဥ္းစားေနခိုက္ ငါကေရွ႕ေရာက္နွင့္ေနၿပီ
ဘယ္အခ်ိန္မွာ ဘာလုပ္ရင္ေကာင္းမလဲလို႔ စဥ္းစားေနတုန္း လူ႔ဘဝသက္တမ္း တစ္ဝက္ေလာက္က က်ိဳးသြားေလၿပီ

ဒဏ္ရာတို႔မာယာတို႔ဆိုတာေရာ
အတၱတို႔မာနတို႔ဆိုတာေရာ
ေရာေထြးေနတဲ့ ဒီပန္းခ်ီကားကို ငါတို႔နွစ္သက္ခဲ့ၾကတာေလ
မဆုံးနိုင္တဲ့ခရီးကိုဆက္ေလွ်ာက္ရင္း
မၿပီးနိုင္တဲ့ေမွ်ာ္လင့္ခ်က္ေတြနဲ႔ ဆက္ၿပီးရွင္သန္ေနၾကရဦးမွာ 


ခရီးလမ္းတစ္ဝက္မွာ ေမာလို႔အနားယူရမယ့္အခ်ိန္မွာေတာ့
အရိပ္ေကာင္းေကာင္းေလးေအာက္မွာ ေရေအးေအးေလးတစ္ခြက္ေလာက္ေတာ့ ေသာက္ခ်င္တယ္။

ကိုယ့္တို႔ရဲ႕ ဒဏ္ရာနဲ႔အနာေတြကို အဲဒီအခ်ိန္က်မွ ဟာသလုပ္ၿပီး အတူတူရယ္ေမာၾကတာေပါ့။

Nandiya Bhikkhu
3.9.2018 9:05:00 PM

ဘီလူးချောင်းပြောသောနေ့တစ်နေ့ အခန်း(၆) နိဂုံး


ဘီလူးချောင်းပြောသောနေ့တစ်နေ့ အခန်း(၆) နိဂုံး

မျိုးဆက်သစ်တို့ပုံရိပ်

၁၃၇၆-ခုနှစ်၊ နှစ်ပေါင်း (၁၅)နှစ်ကြာသောအခါ အရှင်သူရိယသည်မွေတော်ကျောင်းကိုပြန်ရောက် လာပါသည်၊ ဟိုတုန်းကအကြောင်းလေးကိုသတိရတော့ မိမိကိုယ်ကိုပြန်ပြုံးပြတာကလွဲလို့ ဘာမှမသတ်နိုင် ပေ။ ကိုရင်လေးဘဝ (၁၃)နှစ်အရွယ်နဲ့ အခုရဟန်းဘဝ (၂၈)အရွယ်တို့ရဲ့ အခြေအနေတွေက အများကြီးကို ကွားခြားလေပါပြီ။ ပြောင်းလဲလာခဲ့လေပြီ။ အခုဆရာတော်ကြီးလည်းမရှိတော့ပါ။ ဟိုတုန်းကစာချဘုန်းကြီး တွေလည်း ဒီကျောင်းမှာမဟုတ်တော့ပါ။ အရာရာအားလုံးပြောင်းလဲနေသည်။ မပြောင်းလဲသေးသည်က အရှေ့ဘက်ကဘီလူးချောင်းပဲရှိမည်။ ဒါကသာမာန်မျက်စိနဲ့ကြည့်လို့ပါ၊ တရားမျက်စိနဲ့ကြည့်လိုက်ရင်တော့ သူကလည်းပြောင်းလဲနေပါပြီ။ အရင်တုန်းကရေစီးကြောင်းတွေကတော့ ဟိုးအဝေးကိုရောက်နေပါပြီ၊ အသစ်အသစ်သောရေစီးကြောင်းတွေ ဆက်လက်စီးဆင်းနေလို့သာ ဒီချောင်းကဆက်လက်ရပ်တည်နိုင် တာပါ။ တကယ်တမ်းတော့သူလည်းပြောင်းလဲလေပါပြီ။ 

ကျောင်းတိုက်ကိုဆက်လက်ထိန်းသိမ်းနေသည့်ငယ်သူငယ်ချင်းများနှင့် ပြန်တွေ့တော့ ပြောမကုန် နိုင်သည့်စကားတွေကို ပြောကြသည်။ အရှင်အဂ္ဂဝံသ၊ အရှင်ခေမာစာရ၊ အရှင်ဣန္ဒာဝံသ၊ အရှင်ကေလာသ တို့ဖြစ်ပါသည်။ ရှင်ကဝိဓဇတို့၊ ရှင်တေဇောဘာသတို့၊ ရှင်ဝိမလတို့အကြောင်းကိုလည်း ပြောဖြစ်သည်။ အရှင်ကဝိဓဇက အဘိဝံသစာမေးပွဲဖြေနေသည်။ အရှင်တေဇောဘာသက ဖားအောက်တရားစခန်းမှာဖြစ် သည်။ အရှင်ဝိမလကတော့ တောင်ကျောင်းကြီးမှာ စာချဘုန်းကြီးဖြစ်နေသည်။ ပအိုဝ်းစာပေ တိပိဋကဘာ သာပြန်သည့်အဖွဲ့မှာလည်းပါသည်။ တစ်ပါးတစ်နေရာစီရောက်နေကြပြီပဲ။ မိမိကတော့ ကျမ်းပြီးပြီးမကြာ ခင်သီရိလင်္ကာသို့ ရောက်နေသည်မို့ အခုမှဘဲဒီကိုပြန်ရောက်တော့ ဒီအကြောင်းတွေကိုဘာမှမသိလိုက်ရ ဘူး။ သူတို့ကလည်းဒီကျောင်းကို လမ်းကြုံရင်ဝင်လာလေ့ရှိတယ်လို့သိရပါသည်။ တကယ်တော့ ဒီကျောင်း နဲ့စိမ်းသွားတာ သူတို့မဟုတ်ဘဲမိမိဖြစ်နေသည်။ 

စကားပြောပြီးတော့ ကျောင်းဝင်းထဲလမ်းလျှောက်ပြီး ဟိုဟို ဒီဒီလိုက်ကြည့်သည်။ စာအံ့ကျောင်းကျောင်းဆောင်ကြီးပေါ်တက်သွားသည်။ ကျောင်းဆောင်ကြီးရဲ့ရှေ့ တည့်တည့်မှာက ရေချိုးကန်ကြီးပေါ်လာလေပြီ။ ရေကန်ကိုလည်း သွားကြည့်သည်။ ရေကန်ဘေးဘယ်ပတ် ပတ်လည်ကိုလည်း လိုက်ကြည့်သည်။ အရိပ်ရစက္ကူပန်းပင်ကိုတော့ မတွေ့တော့ပါ။ ရေကန်ရဲ့အရှေ့ဘက် မှာ နှင်းဆီပင်တစ်ပင်ရှားရှားပါးပါးတွေ့ရသည်။ မလှမ်းမကမ်းမှာ ကိုရင်လေးတစ်ပါးနှင်းဆီပန်းကိုစိုက်ကြည့် နေသည်။ အဲဒါကိုမြင်တော့ အရှင်သူရိယပြုံးမိလျက်သားဖြစ်သွား ပါသည်။ အပေါ်ပြန်တက်ပြီး မွေတော် ဘုရားစေတီကိုပတ်ကြည့်သည်။ အဆောက်အဦးတစ်ချို့ပိုလာသည် ကိုတွေ့ရသည်။ နာရီဝက်ကျော်ကျော် လောက်ကြာတော့ဘီလူးချောင်းဆီကိုဆင်းကြည့်သည် ကိုရင်လေး လေးပါး ချောင်းရဲ့မလှမ်းမကမ်းမှာ စကားပြောကြသည်ကိုတွေ့ရသည်။ ထိုကိုရင်လေးတွေကိုစကားပြော ကြည့်ဖို့ အနီးကပ်လမ်းလျှောက်သွား သည်။ အနီးရောက်တော့ ကိုရင်လေးပါးထဲမှာစောစောကနှင်းဆီပန်းကို စိုက်ကြည့်နေသည့်ကိုရင်လေး လည်းပါနေသည်။ အဲဒါကိုမြင်တော့ မျက်နှာကအလိုလိုပြုံးမိလျက်သားဖြစ်သွားသည်။ စကာ်းမပြောတော့ ဘဲ ဘီလူးချောင်းဘက်ကိုဘဲမျက်နှာမူလိုက်သည်။ ဘယ်လိုဝမ်းသာလို့ ဝမ်းသာမှန်းမသိပီတိလှိုင်းတွေ ရင်ထဲအထပ်ထပ်ရိုက်ခတ်နေသည်။ ပီတိလှိုင်းတွေနဲ့အပြိုင်ဘီလူးချောင်းထဲက ရေးစီးကြောင်းတွေလည်း ပိုထန်လာသလိုလိုမြင်မိသည်။ “ဒါကဘီလူးချောင်းပြောသောနေ့တစ်နေ့ပဲလား”ဟု တွေးမိသွားသည်။ 

တစ်ချိန်ကဘီလူးချောင်ဘေးမှာရောက်သွားရင် သူငယ်ချင်းတွေကိုသတိရလို့ဝမ်းနည်းမိပါသည်။ အခုမျိုးဆက်သစ်ကိုရင်လေးတွေရဲ့ပုံတူပုံရိပ်လေးတွေကိုမြင်တော့ ဘီလူးချောင်းကိုကျေးဇူးတင်သည်။ “ဘီလူးချောင်းရှိရင် ဒီပုံရိပ်လည်းထပ်ရှိဦးမည်။ ဘီလူးချောင်းရှိရင်စာသင်တိုက်လည်းရှိဦးမည်၊ ဘီလူးချောင်း ရှိရင် ကိုရင်လေးတွေလည်းရှိဦးမည်။ ဘီလူးချောင်းရှိရင် စားမေးပွဲရှိဦးမည်။ ဘီလူးချောင်းရှိရင် ဒီသာသနာ လည်း ရှိဦးမည်” ဟုရင်ထဲက စကားလုံးများစီတန်းပြီးပေါ်ထွက်လာသည်။ ဘီလူးချောင်းကိုရင်ထပ်ဖွင့်ချင်သည်။ သို့သော် သတိထားရသည်။ တော်ကြာ ဟိုကိုယ် တော်က တစ်ပါးတည်းလည်း စကားပြောနေတယ်လို့ထင်ရင် ဒုက္ခ။

“ဘီလူးချောင်းရေ ဒီလိုပုံရိပ်တွေကို ဖန်တီးပေးလို့သင်ကတာဝန်ကျေတယ်၊ ဦးဇင်းရဲ့သူငယ်ချင်းတွေကို မပြောပြရင်တောင် သင်ကတာဝန်ကျေ ပါပြီ၊ အရာရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်”
အတွေးကမဆုံးသေးဘူး ဖုန်းထမြည်လို့ကိုင်လိုက်ရသည်။ အရှင်အဂ္ဂဝံသထံကဖုန်းဖြစ်ပါသည်။
“ဟလို”
“သူရိယလား”
“မှန်ပါဘုရား”
“ဘယ်ရောက်နေလဲ”
“ဘီလူးချောင်းဘေးမှာ”
“ဒီမှာ အာဂန္တုရောက်နေတယ်၊ အရှင်ဘုရားနဲ့မိတ်ဆင်ပေးမလို့၊ အပေါ်ကိုတက်လာခဲ့ပါ”
“ဘယ်သူများလဲ”
“အပေါ်ရောက်မှမေးပါ၊ မြန်မြန်လုပ်နော်၊ အရေးကြီးတယ်”
“မှန်ပါ့ဘုရား”
ဖုန်းပိတ်ပြီး အပေါ်ကိုတက်လာခဲ့သည်။ တစ်ခုတွေးမိသည် “လွန်ခဲ့သည့် (၁၅)နှစ်လောက်တုန်းက ဒီလိုသာဖုန်းကိုလွယ်လွယ်နဲ့သုံးလို့ရလျှင် ပြဿနာကရှင်းလို့လွယ်လိမ့်မည်၊ အခြေအနေတွေလည်းတစ်မျိုး တစ်ဖုံပြောင်းလဲသွားပါလိမ့်မည်”
အပေါ်ရောက်တော့အာဂန္တုက အရှင်သုစိတ္တဖြစ်သည်။ သူ့နောက်မှာ ဦးဇင်းသုံးပါးပါပါသည်။ မျက်နှာပေါ်မှာ အပြုံးတွေကိုယ်စီနဲ့ဖြစ်နေကြသည်။ သေသေချာချာ ကြည့်လိုက်တော့ သူတို့ကြီးဖြစ်နေပါ သည်။ ကိုယ်လည်းပြုံးမိလျက်သားဖြစ်သွားပါသည်။ 

“ဘယ်သူများလည်းလို့၊ စကားကြီးစကားကျယ်ပြောတတ်သည့်အဖွဲ့ပါလား”
“လွန်ခဲ့သည့် (၁၅)နှစ်လောက်တုန်းက ဒီလိုသာဖုန်းကိုလွယ်လွယ်နဲ့သုံးလို့ရလျှင်” ဆိုသည့်အတွေးကို တွေးမိသောအချိန်က တော်တော်နောက်ကျသွားပြီဆိုတာကိုသိလိုက်ရပါသည်။ အရှင်သုစိတ္တပါနေပြီမို့ ရှင်းပြစရာလည်းမလိုတော့ပေ။ ထိုအကြောင်းကို ဘီလူးချောင်းကပြောပြလိုက်တာလား၊ အရှင်သုစိတ္တကရှင်းပြလိုက်တာလား။ ဒါဆိုရင် ဘီလူးချောင်းပြောသောနေ့တစ်နေ့က ပြီးသွားခဲ့တာကြာပြီလား။ ဒီအတွေးတွေနဲ့ စောစောကအပြုံးပေါ်ကို အပြုံးတစ်ခုထပ်ဆင့်လိုက်သည်ကို မိမိကိုယ်တိုင်ပဲ သိပါလိမ့်မည်။ 

ပြီးပါပြီ။

အရှင်နန္ဒိယ(ဖယ်ခုံ) 





ဘီလူးေခ်ာင္းေျပာေသာေန႔တစ္ေန႔ အခန္း(၆) နိဂုံး

မ်ိဳးဆက္သစ္တို႔ပုံရိပ္

၁၃၇၆-ခုႏွစ္၊ ႏွစ္ေပါင္း (၁၅)ႏွစ္ၾကာေသာအခါ အရွင္သူရိယသည္ေမြေတာ္ေက်ာင္းကိုျပန္ေရာက္ လာပါသည္၊ ဟိုတုန္းကအေၾကာင္းေလးကိုသတိရေတာ့ မိမိကိုယ္ကိုျပန္ၿပဳံးျပတာကလြဲလို႔ ဘာမွမသတ္ႏိုင္ ေပ။ ကိုရင္ေလးဘဝ (၁၃)ႏွစ္အရြယ္နဲ႔ အခုရဟန္းဘဝ (၂၈)အရြယ္တို႔ရဲ႕ အေျခအေနေတြက အမ်ားႀကီးကို ကြားျခားေလပါၿပီ။ ေျပာင္းလဲလာခဲ့ေလၿပီ။ အခုဆရာေတာ္ႀကီးလည္းမရွိေတာ့ပါ။ ဟိုတုန္းကစာခ်ဘုန္းႀကီး ေတြလည္း ဒီေက်ာင္းမွာမဟုတ္ေတာ့ပါ။ အရာရာအားလုံးေျပာင္းလဲေနသည္။ မေျပာင္းလဲေသးသည္က အေရွ႕ဘက္ကဘီလူးေခ်ာင္းပဲရွိမည္။ ဒါကသာမာန္မ်က္စိနဲ႔ၾကည့္လို႔ပါ၊ တရားမ်က္စိနဲ႔ၾကည့္လိုက္ရင္ေတာ့ သူကလည္းေျပာင္းလဲေနပါၿပီ။ အရင္တုန္းကေရစီးေၾကာင္းေတြကေတာ့ ဟိုးအေဝးကိုေရာက္ေနပါၿပီ၊ အသစ္အသစ္ေသာေရစီးေၾကာင္းေတြ ဆက္လက္စီးဆင္းေနလို႔သာ ဒီေခ်ာင္းကဆက္လက္ရပ္တည္ႏိုင္ တာပါ။ တကယ္တမ္းေတာ့သူလည္းေျပာင္းလဲေလပါၿပီ။ 

ေက်ာင္းတိုက္ကိုဆက္လက္ထိန္းသိမ္းေနသည့္ငယ္သူငယ္ခ်င္းမ်ားႏွင့္ ျပန္ေတြ႔ေတာ့ ေျပာမကုန္ ႏိုင္သည့္စကားေတြကို ေျပာၾကသည္။ အရွင္အဂၢဝံသ၊ အရွင္ေခမာစာရ၊ အရွင္ဣႏၵာဝံသ၊ အရွင္ေကလာသ တို႔ျဖစ္ပါသည္။ ရွင္ကဝိဓဇတို႔၊ ရွင္ေတေဇာဘာသတို႔၊ ရွင္ဝိမလတိုိ႔အေၾကာင္းကိုလည္း ေျပာျဖစ္သည္။ အရွင္ကဝိဓဇက အဘိဝံသစာေမးပြဲေျဖေနသည္။ အရွင္ေတေဇာဘာသက ဖားေအာက္တရားစခန္းမွာျဖစ္ သည္။ အရွင္ဝိမလကေတာ့ ေတာင္ေက်ာင္းႀကီးမွာ စာခ်ဘုန္းႀကီးျဖစ္ေနသည္။ ပအိုဝ္းစာေပ တိပိဋကဘာ သာျပန္သည့္အဖြဲ႕မွာလည္းပါသည္။ တစ္ပါးတစ္ေနရာစီေရာက္ေနၾကၿပီပဲ။ မိမိကေတာ့ က်မ္းၿပီးၿပီးမၾကာ ခင္သီရိလကၤာသို႔ ေရာက္ေနသည္မို႔ အခုမွဘဲဒီကိုုျပန္ေရာက္ေတာ့ ဒီအေၾကာင္းေတြကိုဘာမွမသိလိုက္ရ ဘူး။ သူတို႔ကလည္းဒီေက်ာင္းကို လမ္းႀကဳံရင္ဝင္လာေလ့ရွိတယ္လို႔သိရပါသည္။ တကယ္ေတာ့ ဒီေက်ာင္း နဲ႔စိမ္းသြားတာ သူတို႔မဟုတ္ဘဲမိမိျဖစ္ေနသည္။ 


စကားေျပာၿပီးေတာ့ ေက်ာင္းဝင္းထဲလမ္းေလွ်ာက္ၿပီး ဟိုဟို ဒီဒီလိုက္ၾကည့္သည္။ စာအ့ံေက်ာင္းေက်ာင္းေဆာင္ႀကီးေပၚတက္သြားသည္။ ေက်ာင္းေဆာင္ႀကီးရဲ႕ေရွ႕ တည့္တည့္မွာက ေရခ်ိဳးကန္ႀကီးေပၚလာေလၿပီ။ ေရကန္ကိုလည္း သြားၾကည့္သည္။ ေရကန္ေဘးဘယ္ပတ္ ပတ္လည္ကိုလည္း လိုက္ၾကည့္သည္။ အရိပ္ရစကၠဴပန္းပင္ကိုေတာ့ မေတြ႔ေတာ့ပါ။ ေရကန္ရဲ႕အေရွ႕ဘက္ မွာ ႏွင္းဆီပင္တစ္ပင္ရွားရွားပါးပါးေတြ႔ရသည္။ မလွမ္းမကမ္းမွာ ကိုရင္ေလးတစ္ပါးႏွင္းဆီပန္းကိုစိုက္ၾကည့္ ေနသည္။ အဲဒါကိုျမင္ေတာ့ အရွင္သူရိယၿပဳံးမိလ်က္သားျဖစ္သြား ပါသည္။ အေပၚျပန္တက္ၿပီး ေမြေတာ္ ဘုရားေစတီကိုပတ္ၾကည့္သည္။ အေဆာက္အဦးတစ္ခ်ိဳ႕ပိုလာသည္ ကိုေတြ႔ရသည္။ နာရီဝက္ေက်ာ္ေက်ာ္ ေလာက္ၾကာေတာ့ဘီလူးေခ်ာင္းဆီကိုဆင္းၾကည့္သည္ ကိုရင္ေလး ေလးပါး ေခ်ာင္းရဲ႕မလွမ္းမကမ္းမွာ စကားေျပာၾကသည္ကိုေတြ႔ရသည္။ ထိုကိုရင္ေလးေတြကိုစကားေျပာ ၾကည့္ဖို႔ အနီးကပ္လမ္းေလွ်ာက္သြား သည္။ အနီးေရာက္ေတာ့ ကိုရင္ေလးပါးထဲမွာေစာေစာကႏွင္းဆီပန္းကို စိုက္ၾကည့္ေနသည့္ကိုရင္ေလး လည္းပါေနသည္။ အဲဒါကိုျမင္ေတာ့ မ်က္ႏွာကအလိုလိုၿပဳံးမိလ်က္သားျဖစ္သြားသည္။ စကား္မေျပာေတာ့ ဘဲ ဘီလူးေခ်ာင္းဘက္ကိုဘဲမ်က္ႏွာမူလိုက္သည္။ ဘယ္လိုဝမ္းသာလို႔ ဝမ္းသာမွန္းမသိပီတိလႈိင္းေတြ ရင္ထဲအထပ္ထပ္႐ိုက္ခတ္ေနသည္။ ပီတိလႈိင္းေတြနဲ႔အၿပိဳင္ဘီလူူးေခ်ာင္းထဲက ေရးစီးေၾကာင္းေတြလည္း ပိုထန္လာသလိုလိုျမင္မိသည္။ “ဒါကဘီလူးေခ်ာင္းေျပာေသာေန႔တစ္ေန႔ပဲလား”ဟု ေတြးမိသြားသည္။ 


တစ္ခ်ိန္ကဘီလူးေခ်ာင္ေဘးမွာေရာက္သြားရင္ သူငယ္ခ်င္းေတြကိုသတိရလုိ႔ဝမ္းနည္းမိပါသည္။ အခုမ်ိဳးဆက္သစ္ကိုရင္ေလးေတြရဲ႕ပုံတူပုံရိပ္ေလးေတြကိုျမင္ေတာ့ ဘီလူးေခ်ာင္းကိုေက်းဇူးတင္သည္။ “ဘီလူးေခ်ာင္းရွိရင္ ဒီပုံရိပ္လည္းထပ္ရွိဦးမည္။ ဘီလူးေခ်ာင္းရွိရင္စာသင္တိုက္လည္းရွိဦးမည္၊ ဘီလူးေခ်ာင္း ရွိရင္ ကိုရင္ေလးေတြလည္းရွိဦးမည္။ ဘီလူးေခ်ာင္းရွိရင္ စားေမးပြဲရွိဦးမည္။ ဘီလူးေခ်ာင္းရွိရင္ ဒီသာသနာ လည္း ရွိဦးမည္” ဟုရင္ထဲက စကားလုံးမ်ားစီတန္းၿပီးေပၚထြက္လာသည္။ ဘီလူးေခ်ာင္းကိုရင္ထပ္ဖြင့္ခ်င္သည္။ သို႔ေသာ္ သတိထားရသည္။ ေတာ္ၾကာ ဟိုကိုယ္ ေတာ္က တစ္ပါးတည္းလည္း စကားေျပာေနတယ္လို႔ထင္ရင္ ဒုကၡ။


“ဘီလူးေခ်ာင္းေရ ဒီလိုပုံရိပ္ေတြကို ဖန္တီးေပးလို႔သင္ကတာဝန္ေက်တယ္၊ ဦးဇင္းရဲ႕သူငယ္ခ်င္းေတြကို မေျပာျပရင္ေတာင္ သင္ကတာဝန္ေက် ပါၿပီ၊ အရာရာအားလုံးအတြက္ ေက်းဇူးတင္ပါတယ္”
အေတြးကမဆုံးေသးဘူး ဖုန္းထျမည္လို႔ကိုင္လိုက္ရသည္။ အရွင္အဂၢဝံသထံကဖုန္းျဖစ္ပါသည္။
“ဟလို”
“သူရိယလား”
“မွန္ပါဘုရား”
“ဘယ္ေရာက္ေနလဲ”
“ဘီလူးေခ်ာင္းေဘးမွာ”
“ဒီမွာ အာဂႏၱဳေရာက္ေနတယ္၊ အရွင္ဘုရားနဲ႔မိတ္ဆင္ေပးမလို႔၊ အေပၚကိုတက္လာခဲ့ပါ”
“ဘယ္သူမ်ားလဲ”
“အေပၚေရာက္မွေမးပါ၊ ျမန္ျမန္လုပ္ေနာ္၊ အေရးႀကီးတယ္”
“မွန္ပါ့ဘုရား”
ဖုန္းပိတ္ၿပီး အေပၚကိုတက္လာခဲ့သည္။ တစ္ခုေတြးမိသည္ “လြန္ခဲ့သည့္ (၁၅)ႏွစ္ေလာက္တုန္းက ဒီလိုသာဖုန္းကိုလြယ္လြယ္နဲ႔သုံးလို႔ရလွ်င္ ျပႆနာကရွင္းလို႔လြယ္လိမ့္မည္၊ အေျခအေနေတြလည္းတစ္မ်ိဳး တစ္ဖုံေျပာင္းလဲသြားပါလိမ့္မည္”
အေပၚေရာက္ေတာ့အာဂႏၱဳက အရွင္သုစိတၱျဖစ္သည္။ သူ႔ေနာက္မွာ ဦးဇင္းသုံးပါးပါပါသည္။ မ်က္ႏွာေပၚမွာ အၿပဳံးေတြကိုယ္စီနဲ႔ျဖစ္ေနၾကသည္။ ေသေသခ်ာခ်ာ ၾကည့္လိုက္ေတာ့ သူတို႔ႀကီးျဖစ္ေနပါ သည္။ ကိုယ္လည္းၿပဳံးမိလ်က္သားျဖစ္သြားပါသည္။ 


“ဘယ္သူမ်ားလည္းလို႔၊ စကားႀကီးစကားက်ယ္ေျပာတတ္သည့္အဖြဲ႔ပါလား”
“လြန္ခဲ့သည့္ (၁၅)ႏွစ္ေလာက္တုန္းက ဒီလိုသာဖုန္းကိုလြယ္လြယ္နဲ႔သုံးလို႔ရလွ်င္” ဆိုသည့္အေတြးကို ေတြးမိေသာအခ်ိန္က ေတာ္ေတာ္ေနာက္က်သြားၿပီဆိုတာကိုသိလိုက္ရပါသည္။ အရွင္သုစိတၱပါေနၿပီမို႔ ရွင္းျပစရာလည္းမလိုေတာ့ေပ။ ထိုအေၾကာင္းကို ဘီလူးေခ်ာင္းကေျပာျပလိုက္တာလား၊ အရွင္သုစိတၱကရွင္းျပလိုက္တာလား။ ဒါဆိုရင္ ဘီလူးေခ်ာင္းေျပာေသာေန႔တစ္ေန႔က ၿပီးသြားခဲ့တာၾကာၿပီလား။ ဒီအေတြးေတြနဲ႔ ေစာေစာကအၿပဳံးေပၚကို အၿပဳံးတစ္ခုထပ္ဆင့္လိုက္သည္ကို မိမိကိုယ္တိုင္ပဲ သိပါလိမ့္မည္။ 















ၿပီးပါၿပီ။

အရွင္နႏၵိယ(ဖယ္ခုံ)


ဘီလူးချောင်းပြောသောနေ့တစ်နေ့ အခန်း(၅)

ဘီလူးချောင်းပြောသောနေ့တစ်နေ့ အခန်း(၅)

တစ်ပါးတစ်ကြောင်းပြောင်းကြကုန်ပြီ

ရှင်သူရိယ နယုန်လရောက်လို့မွေတော်ကျောင်းပြန်ရောက်လာသောအချိန် အခြေပြု(ဒုတိယ)တန်း မှာစာသင်သားအသစ်တွေဘဲများနေသည်ကိုသတိထားမိသည်။ စာသင်သားအဟောင်းတွေကကျောင်း ပြောင်းကုန်ပြီဖြစ်သည်။ ရှင်ကဝိဓဇက ရန်ကုန်၊ဝိသုဒ္ဓါရုံကျောင်းမှာပြောင်းသည်။ ရှင်တေဇောဘာသက တောင်ကြီး၊ အေးစေတီကျောင်းကိုပြောင်းသည်။ ရှင်ဝိမလကတော့ ဆီဆိုင်၊ ဇဝနာရာမစာသင်တိုက်မှာ ပြောင်းရွေ့သည်။ အခြားသောကိုရင်တွေက လွိုင်ကော်၊ရွှေတောင်ကျောင်း၊ဥတ္တရာရုံကျောင်းမှာပြောင်းရွေ့ သွားတာလဲရှိသည်။ အစိုးရစာမေးပွဲအောင်စာရင်းထွက်တော့ မွေတော်ကျောင်းမှာတစ်ပါးမှမအောင်သော နှစ်တစ်နှစ်ဖြစ်သည်။ အခြေပြု(ဒုတိယ)တန်းမှာ အဟောင်းလေးပါး၊ ငါးပါးနဲ့အသစ်အပါးနှစ်ဆယ်နဲ့ စာသင် သားအပါးနှစ်ဆယ်ကျော်ရှိလာပါပြီ၊ ပျော်ဖို့လည်းပိုကောင်းပါသည်။ မပျော်နိုင်တာရှင်သူရိယတစ်ပါးဘဲရှိ မည်ထင်သည်။ သူငယ်ချင်းတွေကိုသတိရနေသောကြောင့်ဖြစ်သည်။

“သူတို့တတွေပြန်လာကြမည်ထင်ပြီးပြန်လာခဲ့တာ၊ အခုတော့ထင်သလိုမဟုတ်ဘူး၊ ဒီလိုမှန်းသိရင် ငါလည်းကျောင်းပြောင်းပါတယ်”ဟုခဏခဏပြောနေပါသည်။ နောကအစာမကျေသည့် အကြောင်းအရာ တစ်ခုက “ရှင်ကဝိဓဇက ဘာလို့ရှင်တေဇောဘာသကို ခဲလုံးနဲ့ပစ်ရတာလဲ၊ ဘာမဟုတ်တဲ့ပြဿနာလေး၊ အဆင်မပြေတာလေးတစ်ခုလေးနဲ့ ခဲလုံးနဲ့ပစ်ရလောက်အောင်အငြိုးအတေးတွေထားရသလား၊သူငယ်ချင်း အချင်းချင်းဘဲကို နားမလည်နိုင်ဘူးလား၊ စိတ်ဓာတ်ကတော်တော်ညံ့တာပဲ” ဆိုသည့်စကားကိုခဏခဏ ပြောလေသည်။ 

ကြားဖန်များလာတော့ရှင်သုစိတ္တလည်းမနေနိုင်တာနဲ့ဝင်ရှင်းပြလိုက်သည်။ “အဲဒီခဲလုံးက ရှင်ကဝိ ဓဇကပစ်တာမဟုတ်ဘူး၊ ရှင်ဣန္ဒာဝုဓကပစ်တာ၊ ရှင်တေဇောဘာသကိုပစ်တာမဟုတ်ဘူး၊ တပည့်တော်ကို ပစ်တာ၊ ရှင်တေဇောဘာသနားမှာတပည့်တော်ရှိတယ်လေ၊ တပည့်တော်ဆီပစ်တဲ့ခဲလုံးက ရှင်တေဇောဘာ သလက်ကိုထိသွားတာပါ”
“ရှင်ဣန္ဒာဝုဓက ဘာလို့ပစ်တာလဲ”
“တပည့်တော်နဲ့သူနဲ့က ခဲလုံးနဲ့ပစ်ကစားနေကျပဲလေ၊ တပည့်တော်လည်းသူ့ကိုအဝေးကနေလှမ်း ပစ်ပြီးစတာပဲလေ၊ သူလည်းတပည့်တော်ကိလှမ်းပစ်ပြီးစတာ၊ ခဲလုံးကလည်းအကြီးမဟုတ်ပါဘူး၊ သေးသေး လေးပါ၊ အဝေးကလာတဲ့အရှိုန်နဲ့ဆိုတော့ နည်းနည်းတော့နာတာပေါ့၊ အမှတ်တမဲ့မို့ လန့်ပြီးရှင်တေဇောဘာ သက ဓာတ်ဗူးကိုလွှတ်ချမိသွားတာပါ”
“ဒါဆိုရင်အဲဒီညအရှင်ဘုရားကဘာဖြစ်လို့မပြောတာလဲ”
“ပြောမလို့ပါ၊ ရှင်ဣန္ဒာဝုဓကပစ်ပြီးထွက်သွားတာလေ၊ သူ့ကိုမတွေ့တော့တာနဲ့မပြောဖြစ်တာ၊ သူပစ်တာလို့စိတ်ထဲကတော့ထင်ပြီးသား၊ နောက်ရှင်ဝိမလကလည်း ရှင်ကဝိဓဇပစ်တာလို့ပြောတော့ တပည့်တော်လည်း ရှင်ဣန္ဒာဝုဓကိုမမြင်လိုက်ရတာနဲ့ ရှင်ကဝိဓဇများဖြစ်နေမလားလို့တွေးမိလို့ မပြောဘဲ နေလိုက်တာ၊ အရှင်ဘုရားတို့လည်းတပည့်တော်တို့လိုပဲခင်နေကြတာဘဲဟာ၊ တပည့်တို့လို ဆော့ကြတာ လို့ပဲထင်တာပေါ့။ အဲဒီအချိန်တုန်းက စာမေးပွဲဖြေဖို့ဘဲအာရုံစိုက်နေတော့ ခဲလုံးအကြောင်းကိုဂရုမစိုက်မိ ဘူး၊ စာမေးပွဲပြီးနှစ်ရက်သုံးရက်ကြာမှ စကားစပ်မိလို့ ရှင်ဣန္ဒာဝုဓကပြောပြလို့သိလိုက်တာ၊ အဲဒီအချိန်မှာ အရှင်ဘုရားတို့မရှိတော့ဘူး၊ ရွာပြန်ကုန်ပြီလေ၊ ရှင်တေဇောဘာသတို့ ကျောင်းပြောင်းဖို့ ပစ္စည်းလာယူတဲ့အ ချိန်မှာလည်း တပည့်တော်တို့မှမရှိတော့တာ၊ ရွာပြန်ရောက်ကုန်ပြီလေ”
“ဒါဆိုရင်ရှင်ဝိမလပြောသလို ရှင်ကဝိဓဇပစ်တာမဟုတ်ဘူးပေါ့”
“မဟုတ်ဘူး၊ ရှင်ကဝိဓဇကဘာမှမသိဘူး”
အဲဒီအဖြေကိုသိလိုက်ရသည့်အခါ အချိန်ကနှောင်းကုန်ပြီဆိုတာသိလိုက်ရပါသည်။ အချိန်ကာလ ကကြာသွားလို့သွေးအေးနေပြီဖြစ်တဲ့ဖြစ်ရပ်လေးမို့ စိတ်တိုဖို့၊ ရှင်သုစိတ္တကိုအပြစ်တင်ဖို့လည်း မလုပ်ချင် တော့ဘူး။ သေချာအောင် ရှင်ဣန္ဒာဝုဓကိုသွားမေးကြည့်သည်။ ရှင်ဣန္ဒာဝုဓကလည်း ရှင်သုစိတ္တဖြေသည့် အတိုင်းပင်ဖြေပါသည်။ 

ရှင်တေဇောဘာသနဲ့ရှင်ဝိမလတို့ကတော့ ရှင်ကဝိဓဇကိုအထင်တွေလွှဲကုန်ပြီ၊ ငါလည်းအထင်လွှဲခဲ့ တာပဲ။ ဒါတွေကို ရှင်ကဝိဓဇကဘာမှမသိရှာပါလား။ ငါတို့ကိုအစစအရာရာ ကူညီခဲ့သည့်ရှင်ကဝိဓဇ အခု တော့အထင်လွှဲခံလိုက်ရပြီ၊ ဒီအကြောင်းကိုငါဘယ်လိုပြောပြရမလဲ။ ရှင်ဝိမလရှိရာဆီဆိုင်ကိုလည်းမရောက် ဖူး၊ ရှင်တေဇောဘာသရှိရာတောင်ကြီးကိုလည်းမရောက်ဖူး၊ ရှင်ကဝိဓဇရှိရာ ရန်ကုန်ဆိုရင်ပိုလို့တောင်ဝေး ဦးမယ်။ မတတ်နိုင်ဘူးလေ၊ အကယ်၍ငါသာသူတို့လိုကျောင်းပြောင်းသွားရင် ဒီအဖြေမှန်ကိုငါလည်းသိရမှာ မဟုတ်ဘူး။ ငါကျောင်းမပြောင်းခဲ့တာတော်သေးတာပေါ့။ တစ်နေ့နေ့တော့သူတို့နဲ့ထပ်တွေ့ဦးမှာပါ။ 

ဒီအဖြေမှန်ကိုသိရပြီးနောက်ပိုင်းရှင်သူရိယသည် သူတို့ကိုပိုပြီးသတိရလေသည်။ သူစံနေကျနေရာ ဖြစ်သည့် ပန်းပင်အောက်ထိုင်ခုံပေါ်နဲ့ ရေသိမ်ပေါ်ကတိုင်ကိုမှီပြီးစကားပြောလေသည်။ “စာမေးပွဲကိုမဲနေလို့ ငါတို့တတွေအဖြေမရှာခဲ့ကြဘူး၊ ခင်မင်မှုတွေပျက်စီးသွားတယ်။ စာမေးပွဲကငါတို့ရဲ့ခင်မင်မှုကိုဖျက်ဆီးနေ တယ်။ ဒီစာမေးပွဲအတွက်နဲ့ငါတို့ကအခြားဘာကိုမှမမြင်တော့ဘူး၊ မသိတော့ဘူး”လို့ဆိုပြီးစာမေးပွဲကိုလည်း အပြစ်မြင်တတ်လာလေသည်။ 

“ရှင်တေဇောဘာသရယ် တစ်ခုခုဆိုရင်အရှင်ဘုရားက ပြဿနာရှာနေကျလူမဟုတ်ဘူးလား၊ အ သေးအမွှားကိစ္စတွေတောင် ပုံကြီးချဲ့တတ်သူမဟုတ်ဘူးလား၊ အရှင်ဘုရားပြဿနာရှာတိုင်း ရှင်ကဝိဓဇက အဖြေရှာပေး၊ ဖြေရှင်းပေးနေကြပဲလေ မဟုတ်ဘူးလား၊ အဲဒီညကဘာဖြစ်လို့ပြဿနာမရှာတာလဲ၊ အကယ် ၍ အရှင်ဘုရားသာပြဿနာထရှာလိုက်ရင် ပြဿနာကဖြေရှင်းပြီးသားဖြစ်သွားမယ်လေ၊ ဘာဖြစ်လို့နှုတ် ပိတ်နေရတာလဲ၊ အခုတော့သွားပြီ၊ လွန်ကုန်ပြီ၊ ဟိုအဝေးကိုရောက်သွားကြပြီ” 

“ရှင်ဝိမလရယ်၊ အရှင်ဘုရားကပြဿနာရှာတတ်သူမဟုတ်ပါဘူး၊ ပြဿနာကြီးကြီးမားမားဖြစ်ရင် တောင် ရီစရာပြောပြီးပြဿနာကိုသေးစေတတ်သူတစ်ဦးပါ၊ ဘာဖြစ်လို့ အဲဒီညမှာ ရှင်ကဝိဓဇလက်ချက်ဖြစ် မယ်လို့ ကောက်ချက်ချနေရတာလဲ။ ပစ်သူကိုသေချာမသိဘဲနဲ့ ဘာဖြစ်လို့တစ်ဘက်သတ်ပြောရလောက် အောင် ဆင်ခြင်တုန်တရားမရှိတော့တာလဲ၊ အခုအဲဒီအဖြေကိုတပည့်တော်သိနေပြီ၊ ဒါပေမယ့် ပြောပြဖို့ အရှင်ဘုရားတို့မရှိကြတော့ဘူး၊ ဟိုအဝေးကြီးကိုရောက်သွားကြပြီ” 

“ရှင်ကဝိဓဇ၊ ပညာရှင်ကြီး၊ ဣနြေ္ဒရှင်ကြီးလုပ်နေတုန်းဘဲလား၊ အားလုံးရဲ့အထင်လွဲမှုကိုခံနေရပြီ၊ အဲဒါအရှင်ဘုရားကိုအရှင်ဘုရားသိရဲ့လား၊ ဖော်ရွေတဲ့သူကြီး၊ ကူညီတတ်တဲ့သူကြီး အဲဒီညကဘာဖြစ်လို့ မဖော်ရွေနိုင်တာလဲ၊ စာမေးပွဲကအရေးကြီးလွန်းလို့လား၊ ဘာဖြစ်သေးလဲ၊ စာမေးပွဲက သူငယ်ချင်းတွေရဲ့ ခင်မင်မှုကိုလှဲပစ်လိုက်ပြီ၊ သိရဲ့လား။ အရှင်ဘုရားမသိသေးတဲ့ အရှင်ဘုရားအကြောင်းကို တပည့်တော် ပြောပြချင်သေးတယ်။ ဘယ်အချိန်မှာ တပည့်တော်နဲ့တွေနိုင်မလဲ” 

ဖြစ်နေကျပြဿနာလေးတစ်ခုကနေ မထင်ထားသည့်အထင်လွဲမှုက နာကျဉ်းမှုတစ်ခုအသွင်ဆောင် လာလေသည်။ ထိုအဖြစ်အပျက်ကိုရှင်သုစိတ္တဖွင့်ပြောလိုက်လို့ တစ်ကျောင်းလုံးသိသွားလေပြီ၊ သို့သော် ဒါကသာမာန်အဖြစ်အပျက်လေးတစ်ခုမို့ ဘယ်သူကမှအလေးမထားကြပါ။ သို့သော်ခွဲခွာချိန်မှာတောင် နှုတ်မဆက်လိုက်နိုင်သည့်ရှင်သူရိယမှာတော့ နောင်တတွေနဲ့ပူဆွေးနေရှာပါသည်။ စိတ်ညစ်နေသောအချိန် တစ်ပါးတည်းနေတတ်သည့်ရှင်သူရိယသည် ဘီလူးချောင်းကသူ့ရဲ့အဖော်ဖြစ်နေရရှာပါသည်။ အဲဒီနှစ်မှာပဲ စာမေးပွဲဖြေပြီးသူလည်းဘီလူးချောင်းကိုနှုတ်ဆက်ခဲ့ပါသည်။ “ဘီလူးချောင်းရယ် သွားပါတော့မယ်၊ ငါတို့ရဲ့ ရင်ထဲကစကားတွေကို ဖွင့်အန်ထုတ်ခဲ့တာလည်းများလှပါပြီ၊ ငါတို့ပြောချင်သည့်စကားကို ဘီလူးချောင်းက အသိဆုံးဖြစ်ပါလိမ့်မည်။ အကယ်၍ငါ့သူငယ်ချင်းတွေပြန်လာရင် ငါတို့ရဲ့ရင်ဖွင့်သံကို ပြောပြပေးပါလို့ မှာခဲ့ချင်ပါသည်၊ ငါတို့သူငယ်ချင်းတွေလည်း ဘီလူးချောင်းပြောမည့်နေ့တစ်နေ့ကို စောင့်နေပါတယ်”

ဆက်ရန် 
အရှင်နန္ဒိယ(ဖယ်ခုံ)



ဘီလူးေခ်ာင္းေျပာေသာေန႔တစ္ေန႔ အခန္း(၅)

တစ္ပါးတစ္ေၾကာင္းေျပာင္းၾကကုန္ၿပီ

ရွင္သူရိယ နယုုန္လေရာက္လို႔ေမြေတာ္ေက်ာင္းျပန္ေရာက္လာေသာအခ်ိန္ အေျချပဳ(ဒုတိယ)တန္း မွာစာသင္သားအသစ္ေတြဘဲမ်ားေနသည္ကိုသတိထားမိသည္။ စာသင္သားအေဟာင္းေတြကေက်ာင္း ေျပာင္းကုန္ၿပီျဖစ္သည္။ ရွင္ကဝိဓဇက ရန္ကုန္၊ဝိသုဒၶါ႐ုံေက်ာင္းမွာေျပာင္းသည္။ ရွင္ေတေဇာဘာသက ေတာင္ႀကီး၊ ေအးေစတီေက်ာင္းကိုေျပာင္းသည္။ ရွင္ဝိမလကေတာ့ ဆီဆိုင္၊ ဇဝနာရာမစာသင္တိုက္မွာ ေျပာင္းေရြ႕သည္။ အျခားေသာကိုရင္ေတြက လြိဳင္ေကာ္၊ေရႊေတာင္ေက်ာင္း၊ဥတၱရာ႐ုံေက်ာင္းမွာေျပာင္းေရြ႕ သြားတာလဲရွိသည္။ အစိုးရစာေမးပြဲေအာင္စာရင္းထြက္ေတာ့ ေမြေတာ္ေက်ာင္းမွာတစ္ပါးမွမေအာင္ေသာ ႏွစ္တစ္ႏွစ္ျဖစ္သည္။ အေျချပဳ(ဒုတိယ)တန္းမွာ အေဟာင္းေလးပါး၊ ငါးပါးနဲ႔အသစ္အပါးႏွစ္ဆယ္နဲ႔ စာသင္ သားအပါးႏွစ္ဆယ္ေက်ာ္ရွိလာပါၿပီ၊ ေပ်ာ္ဖို႔လည္းပိုေကာင္းပါသည္။ မေပ်ာ္ႏိုင္တာရွင္သူရိယတစ္ပါးဘဲရွိ မည္ထင္သည္။ သူငယ္ခ်င္းေတြကိုသတိရေနေသာေၾကာင့္ျဖစ္သည္။

“သူတို႔တေတြျပန္လာၾကမည္ထင္ၿပီးျပန္လာခဲ့တာ၊ အခုုေတာ့ထင္သလိုမဟုတ္ဘူး၊ ဒီလိုမွန္းသိရင္ ငါလည္းေက်ာင္းေျပာင္းပါတယ္” ဟုခဏခဏေျပာေနပါသည္။ ေနာကအစာမေက်သည့္ အေၾကာင္းအရာ တစ္ခုက “ရွင္ကဝိဓဇက ဘာလို႔ရွင္ေတေဇာဘာသကို ခဲလုံးနဲ႔ပစ္ရတာလဲ၊ ဘာမဟုတ္တဲ့ျပႆနာေလး၊ အဆင္မေျပတာေလးတစ္ခုေလးနဲ႔ ခဲလုံးနဲ႔ပစ္ရေလာက္ေအာင္အၿငိဳးအေတးေတြထားရသလား၊သူငယ္ခ်င္း အခ်င္းခ်င္းဘဲကို နားမလည္ႏိုင္ဘူးလား၊ စိတ္ဓာတ္ကေတာ္ေတာ္ညံ့တာပဲ” ဆိုသည့္စကားကိုခဏခဏ ေျပာေလသည္။ 


ၾကားဖန္မ်ားလာေတာ့ရွင္သုစိတၱလည္းမေနႏိုင္တာနဲ႔ဝင္ရွင္းျပလိုက္သည္။ “အဲဒီခဲလုံးက ရွင္ကဝိ ဓဇကပစ္တာမဟုတ္ဘူး၊ ရွင္ဣႏၵာဝုဓကပစ္တာ၊ ရွင္ေတေဇာဘာသကိုပစ္တာမဟုတ္ဘူး၊ တပည့္ေတာ္ကို ပစ္တာ၊ ရွင္ေတေဇာဘာသနားမွာတပည့္ေတာ္ရွိတယ္ေလ၊ တပည့္ေတာ္ဆီပစ္တဲ့ခဲလုံးက ရွင္ေတေဇာဘာ သလက္ကိုထိသြားတာပါ”
“ရွင္ဣႏၵာဝုဓက ဘာလို႔ပစ္တာလဲ”
“တပည့္ေတာ္နဲ႔သူနဲ႔က ခဲလုံးနဲ႔ပစ္ကစားေနက်ပဲေလ၊ တပည့္ေတာ္လည္းသူ႔ကိုအေဝးကေနလွမ္း ပစ္ၿပီးစတာပဲေလ၊ သူလည္းတပည့္ေတာ္ကိလွမ္းပစ္ၿပီးစတာ၊ ခဲလုံးကလည္းအႀကီးမဟုတ္ပါဘူး၊ ေသးေသး ေလးပါ၊ အေဝးကလာတဲ့အ႐ႈိန္နဲ႔ဆိုေတာ့ နည္းနည္းေတာ့နာတာေပါ့၊ အမွတ္တမဲ့မို႔ လန္႔ၿပီးရွင္ေတေဇာဘာ သက ဓာတ္ဗူူးကိုလႊတ္ခ်မိသြားတာပါ”
“ဒါဆိုရင္အဲဒီညအရွင္ဘုရားကဘာျဖစ္လို႔မေျပာတာလဲ”
“ေျပာမလို႔ပါ၊ ရွင္ဣႏၵာဝုဓကပစ္ၿပီးထြက္သြားတာေလ၊ သူ႔ကိုမေတြ႔ေတာ့တာနဲ႔မေျပာျဖစ္တာ၊ သူပစ္တာလို႔စိတ္ထဲကေတာ့ထင္ၿပီးသား၊ ေနာက္ရွင္ဝိမလကလည္း ရွင္ကဝိဓဇပစ္တာလို႔ေျပာေတာ့ တပည့္ေတာ္လည္း ရွင္ဣႏၵာဝုဓကိုမျမင္လိုက္ရတာနဲ႔ ရွင္ကဝိဓဇမ်ားျဖစ္ေနမလားလို႔ေတြးမိလို႔ မေျပာဘဲ ေနလိုက္တာ၊ အရွင္ဘုရားတို႔လည္းတပည့္ေတာ္တို႔လိုပဲခင္ေနၾကတာဘဲဟာ၊ တပည့္တို႔လို ေဆာ့ၾကတာ လို႔ပဲထင္တာေပါ့။ အဲဒီအခ်ိန္တုန္းက စာေမးပြဲေျဖဖို႔ဘဲအာ႐ုံစိုက္ေနေတာ့ ခဲလုံးအေၾကာင္းကိုဂ႐ုမစိုက္မိ ဘူး၊ စာေမးပြဲၿပီးႏွစ္ရက္သုံးရက္ၾကာမွ စကားစပ္မိလို႔ ရွင္ဣႏၵာဝုဓကေျပာျပလို႔သိလိုက္တာ၊ အဲဒီအခ်ိန္မွာ အရွင္ဘုရားတို႔မရွိေတာ့ဘူး၊ ရြာျပန္ကုန္ၿပီေလ၊ ရွင္ေတေဇာဘာသတိုိ႔ ေက်ာင္းေျပာင္းဖို႔ ပစၥည္းလာယူတဲ့အ ခ်ိန္မွာလည္း တပည့္ေတာ္တို႔မွမရွိေတာ့တာ၊ ရြာျပန္ေရာက္ကုန္ၿပီေလ”
“ဒါဆိုရင္ရွင္ဝိမလေျပာသလို ရွင္ကဝိဓဇပစ္တာမဟုတ္ဘူးေပါ့
“မဟုတ္ဘူး၊ ရွင္ကဝိဓဇကဘာမွမသိဘူး”
အဲဒီအေျဖကိုသိလိုက္ရသည့္အခါ အခ်ိန္ကေႏွာင္းကုန္ၿပီဆိုတာသိလုိက္ရပါသည္။ အခ်ိန္ကာလ ကၾကာသြားလို႔ေသြးေအးေနၿပီျဖစ္တဲ့ျဖစ္ရပ္ေလးမို႔ စိတ္တိုဖို႔၊ ရွင္သုစိတၱကိုအျပစ္တင္ဖို႔လည္း မလုပ္ခ်င္ ေတာ့ဘူး။ ေသခ်ာေအာင္ ရွင္ဣႏၵာဝုဓကိုသြားေမးၾကည့္သည္။ ရွင္ဣႏၵာဝုဓကလည္း ရွင္သုစိတၱေျဖသည့္ အတိုင္းပင္ေျဖပါသည္။ 


ရွင္ေတေဇာဘာသနဲ႔ရွင္ဝိမလတို႔ကေတာ့ ရွင္ကဝိဓဇကိုအထင္ေတြလႊဲကုန္ၿပီ၊ ငါလည္းအထင္လႊဲခဲ့ တာပဲ။ ဒါေတြကို ရွင္ကဝိဓဇကဘာမွမသိရွာပါလား။ ငါတို႔ကိုအစစအရာရာ ကူညီခဲ့သည့္ရွင္ကဝိဓဇ အခု ေတာ့အထင္လႊဲခံလိုက္ရၿပီ၊ ဒီအေၾကာင္းကိုငါဘယ္လိုေျပာျပရမလဲ။ ရွင္ဝိမလရွိရာဆီဆိုင္ကိုလည္းမေရာက္ ဖူး၊ ရွင္ေတေဇာဘာသရွိရာေတာင္ႀကီးကိုလည္းမေရာက္ဖူး၊ ရွင္ကဝိဓဇရွိရာ ရန္ကုန္ဆိုရင္ပိုလို႔ေတာင္ေဝး ဦးမယ္။ မတတ္ႏိုင္ဘူးေလ၊ အကယ္၍ငါသာသူတို႔လိုေက်ာင္းေျပာင္းသြားရင္ ဒီအေျဖမွန္ကိုငါလည္းသိရမွာ မဟုတ္ဘူး။ ငါေက်ာင္းမေျပာင္းခဲ့တာေတာ္ေသးတာေပါ့။ တစ္ေန႔ေန႔ေတာ့သူတို႔နဲ႔ထပ္ေတြ႕ဦးမွာပါ။ 


ဒီအေျဖမွန္ကိုသိရၿပီးေနာက္ပိုင္းရွင္သူရိယသည္ သူတို႔ကိုုပိုၿပီးသတိရေလသည္။ သူစံေနက်ေနရာ ျဖစ္သည့္ ပန္းပင္ေအာက္ထိုင္ခုံေပၚနဲ႔ ေရသိမ္ေပၚကတိုင္ကိုမီွၿပီးစကားေျပာေလသည္။ “စာေမးပြဲကိုမဲေနလို႔ ငါတို႔တေတြအေျဖမရွာခဲ့ၾကဘူး၊ ခင္မင္မႈေတြပ်က္စီးသြားတယ္။ စာေမးပြဲကငါတို႔ရဲ႕ခင္မင္မႈကိုဖ်က္ဆီးေန တယ္။ ဒီစာေမးပြဲအတြက္နဲ႔ငါတို႔ကအျခားဘာကိုမွမျမင္ေတာ့ဘူး၊ မသိေတာ့ဘူး”လို႔ဆိုၿပီးစာေမးပြဲကိုလည္း အျပစ္ျမင္တတ္လာေလသည္။ 


“ရွင္ေတေဇာဘာသရယ္ တစ္ခုခုဆိုရင္အရွင္ဘုရားက ျပႆနာရွာေနက်လူမဟုတ္ဘူးလား၊ အ ေသးအမႊားကိစၥေတြေတာင္ ပုံႀကီးခ်ဲ႕တတ္သူမဟုတ္ဘူးလား၊ အရွင္ဘုရားျပႆနာရွာတိုင္း ရွင္ကဝိဓဇက အေျဖရွာေပး၊ ေျဖရွင္းေပးေနၾကပဲေလ မဟုုတ္ဘူူးလား၊ အဲဒီညကဘာျဖစ္လို႔ျပႆနာမရွာတာလဲ၊ အကယ္ ၍ အရွင္ဘုရားသာျပႆနာထရွာလိုက္ရင္ ျပႆနာကေျဖရွင္းၿပီးသားျဖစ္သြားမယ္ေလ၊ ဘာျဖစ္လို႔ႏႈတ္ ပိတ္ေနရတာလဲ၊ အခုေတာ့သြားၿပီ၊ လြန္ကုန္ၿပီ၊ ဟိုအေဝးကိုေရာက္သြားၾကၿပီ” 


“ရွင္ဝိမလရယ္၊ အရွင္ဘုရားကျပႆနာရွာတတ္သူမဟုတ္ပါဘူး၊ ျပႆနာႀကီးႀကီးမားမားျဖစ္ရင္ ေတာင္ ရီစရာေျပာၿပီးျပႆနာကိုေသးေစတတ္သူတစ္ဦးပါ၊ ဘာျဖစ္လို႔ အဲဒီညမွာ ရွင္ကဝိဓဇလက္ခ်က္ျဖစ္ မယ္လို႔ ေကာက္ခ်က္ခ်ေနရတာလဲ။ ပစ္သူကိုေသခ်ာမသိဘဲနဲ႔ ဘာျဖစ္လို႔တစ္ဘက္သတ္ေျပာရေလာက္ ေအာင္ ဆင္ျခင္တုန္တရားမရွိေတာ့တာလဲ၊ အခုအဲဒီအေျဖကိုတပည့္ေတာ္သိေနၿပီ၊ ဒါေပမယ့္ ေျပာျပဖို႔ အရွင္ဘုရားတို႔မရွိၾကေတာ့ဘူး၊ ဟိုအေဝးႀကီးကိုေရာက္သြားၾကၿပီ” 


“ရွင္ကဝိဓဇ၊ ပညာရွင္ႀကီး၊ ဣေျႏၵရွင္ႀကီးလုပ္ေနတုန္းဘဲလား၊ အားလုံးရဲ႕အထင္လြဲမႈကိုခံေနရၿပီ၊ အဲဒါအရွင္ဘုရားကိုအရွင္ဘုရားသိရဲ႕လား၊ ေဖာ္ေရြတဲ့သူႀကီး၊ ကူညီတတ္တဲ့သူႀကီး အဲဒီညကဘာျဖစ္လို႔ မေဖာ္ေရြႏိုင္တာလဲ၊ စာေမးပြဲကအေရးႀကီးလြန္းလို႔လား၊ ဘာျဖစ္ေသးလဲ၊ စာေမးပြဲက သူငယ္ခ်င္းေတြရဲ႕ ခင္မင္မႈကိုလွဲပစ္လိုက္ၿပီ၊ သိရဲ႕လား။ အရွင္ဘုရားမသိေသးတဲ့ အရွင္ဘုရားအေၾကာင္းကို တပည့္ေတာ္ ေျပာျပခ်င္ေသးတယ္။ ဘယ္အခ်ိန္မွာ တပည့္ေတာ္နဲ႔ေတြႏိုင္မလဲ” 


ျဖစ္ေနက်ျပႆနာေလးတစ္ခုကေန မထင္ထားသည့္အထင္လြဲမႈက နာက်ဥ္းမႈတစ္ခုအသြင္ေဆာင္ လာေလသည္။ ထိုအျဖစ္အပ်က္ကိုရွင္သုစိတၱဖြင့္ေျပာလိုက္လို႔ တစ္ေက်ာင္းလုံးသိသြားေလၿပီ၊ သို႔ေသာ္ ဒါကသာမာန္အျဖစ္အပ်က္ေလးတစ္ခုမို႔ ဘယ္သူကမွအေလးမထားၾကပါ။ သို႔ေသာ္ခြဲခြာခ်ိန္မွာေတာင္ ႏႈတ္မဆက္လိုက္ႏိုင္သည့္ရွင္သူရိယမွာေတာ့ ေနာင္တေတြနဲ႔ပူူေဆြးေနရွာပါသည္။ စိတ္ညစ္ေနေသာအခ်ိန္ တစ္ပါးတည္းေနတတ္သည့္ရွင္သူရိယသည္ ဘီလူးေခ်ာင္းကသူ႔ရဲ႕အေဖာ္ျဖစ္ေနရရွာပါသည္။ အဲဒီႏွစ္မွာပဲ စာေမးပြဲေျဖၿပီးသူလည္းဘီလူးေခ်ာင္းကိုႏႈတ္ဆက္ခဲ့ပါသည္။ “ဘီလူးေခ်ာင္းရယ္ သြားပါေတာ့မယ္၊ ငါတုိ႔ရဲ႕ ရင္ထဲကစကားေတြကို ဖြင့္အန္ထုတ္ခဲ့တာလည္းမ်ားလွပါၿပီ၊ ငါတို႔ေျပာခ်င္သည့္စကားကို ဘီလူးေခ်ာင္းက အသိဆုံးျဖစ္ပါလိမ့္မည္။ အကယ္၍ငါ့သူငယ္ခ်င္းေတြျပန္လာရင္ ငါတို႔ရဲ႕ရင္ဖြင့္သံကို ေျပာျပေပးပါလို႔ မွာခဲ့ခ်င္ပါသည္၊ ငါတို႔သူငယ္ခ်င္းေတြလည္း ဘီလူးေခ်ာင္းေျပာမည့္ေန႔တစ္ေန႔ကို ေစာင့္ေနပါတယ္”






ဆက္ရန္ 
အရွင္နႏၵိယ(ဖယ္ခုံ)

ဘီလူးချောင်းပြောသောနေ့တစ်နေ့ အခန်း(၄)

ဘီလူးချောင်းပြောသောနေ့တစ်နေ့ အခန်း(၄)

စာမေးပွဲ

စာမေးပွဲက တစ်ပေါင်းလ လဆန်းပိုင်းမှာကျင်းပပါသည်။ စာမေးပွဲသည် နောက်အတန်းကိုတက်ဖို့ ပေါင်းကူးပေးသည့်အရာတစ်ခုဖြစ်သည်ကို စာသင်သားတိုင်းနားလည်ကြပါသည်။ သို့သော်သူတို့မှာ ယုံကြည်မှုကိုယ်စီရှိကြပါသည်။ စာမေးပွဲနီးလာသည်မို့စာပိုလုပ်ကြတယ်လို့ သူတို့လေးပါးကြားမှာ ပိုကျိုးစား တာမျိုးမရှိဘူး၊ ပုံမှန်အတိုင်းပဲဖြစ်သည်။ သူတို့ကပုံမှန်သွားနေသလိုပဲ ရှင်တေဇောဘာသကလည်းပုံမှန် အတိုင်း ဖျားပေးနေလျက်ရှိပါသည်။ သူတို့သုံးဦးကဒိုင်ခံပြုစုပေးသည်။ ထိုကိုပြဿနာလို့သူတို့မထင်ကြပါ ဘူး။ သူတို့ကြားမှာဒါက လုပ်ရိုးလုပ်စဉ်အလုပ်တစ်ခုဖြစ်သွားလေပြီ။ ဆွမ်းစားကျောင်းဝေယျာဝေစ္စအလှည့် မကျသည့်နေ့တွေဆိုရင် နေ့ဆွမ်းစားပြီးအနားမယူခင်နာရီဝက် သို့မဟုတ် လေးဆယ့်ငါးမိနစ်ဝန်းကျင် လောက်မှာသူတို့အဖွဲ့ ရုပ်တွက်လေ့ရှိသည်၊ ရုပ်မတွက်ရင် ပုစ္ဆာတိုက်ကြပါသည်။
စာအံကျောင်းပေါ် ရှင်တေဇောဘာသက ပုစ္ဆာဟောင်းတွေကြည့်နေသည်။ ထိုအချိန်ရှင်ကဝိဓဇ ရောက်လာသည်။ 

“ဘာတွေထူးသေးလဲ”
“ဘာမှမထူးပါဘူး၊ ပုစ္ဆာတွေကသိပ်မခက်သလိုပဲ”
ရှင်ကဝိဓဇ ကြည့်ပြီးသားတွေလိုက်ကြည့်သည်။ “တေဇော ထူးသလိုလိုတော့ရှိတယ် ဒီမှာ”
“ဘာတွေထူးလို့လဲ”
“ဒီမှာ ဓာတ်ပစ္စည်းခွဲတာ ဘယ်သူကအဖြေပေးထားတာလဲ၊ ကေလာယတိ ကို ကိလဓာတ်၊ ဂိလာယတိကိုဂိလဓာတ်တဲ့ အလွယ်တကူတွေလျှောက်လုပ်နေလို့”
“မဟုတ်လို့လား၊ ဒါဆိုဘာဓာတ်လဲ”
“ဒီပြယှဂ်တွေက ဧကာရန္တဓာတ်တွေလေ၊ ကေလာယတိက ကေလေဓာတ်၊ ဂိလာယတိက ဂိလေဓာတ်ပါ၊ ဓာတုဿန္တောလောပေါ နေကဿရဿသုတ်ရဲ့ ကွစိသဒ္ဒါကတာမြစ်ထားတဲ့ပြယှဂ် တွေလေ၊ ဓာတ်အဆုံးဧသရတွေကိုလည်းမချေရတဲ့ယှဂ်တွေလေ”
“အေ ဟုတ်သားပဲ၊ ဘယ်သူဖြေထာလဲမသိဘူး၊ တပည့်တော်လည်းသတိမထားမိဘူး၊ ဒီတိုင်းပဲ ဖတ်သွားတာ”
သူတို့ဝိုင်းကအခြားအတန်းဖော်တွေရော ခုနှစ်ပါးလောက်ပုစ္ဆာတိုက်နေတုန်း၊ ရှမ်းဦးဇင်းရောက်လာ သည်။ သူတို့ပြောဆိုဆွေးနွေးနေသည့်အသံကိုကြားလေသည်။ ပြုံးပြီးဝင်ပြောလေသည်။
“သယ်ဟုတ်ပါလား၊ စာတွေမြင်သားပဲ၊ စကားကြီးစကားကျယ်ပြောသည့်ကိုရင်တွေ ဒီနှစ်မအောင် ရင် တွေ့မယ်နော်၊ နောက်နှစ်ကြမ်းမယ် လုပ်ထား”
“အေးဆေးပါဘုရား၊ နောက်နှစ်ဘုန်းကြီးနဲ့မတွေ့ချင်တော့ဘူး၊ အပြတ်ရှင်းတော့မယ်ဘုရား”
“အေ ပြောထား၊ မအောင်ရင်တုတ်နဲ့တွေမယ်နော်”
ပြောရင်းနဲ့ပဲ ဘုရားအနောက်ခန်းဆီဝင်သွားလေသည်။ ဆရာနဲ့တပည့်ပြောနေကျစကားပင်ဖြစ် သည်။ အပေါ်ယံကြည့်လျှင်ပေါ့ပျက်ပျက်စကားပင်ဖြစ်သည်။ သို့သော်ဒီစကားတို့နဲ့ဆရာနဲ့တပည့်ကြားမှာ ရင်းနှီးမှုပေါင်းကူးတစ်ခုအဖြစ်သူတို့အသုံးပြုကြလေသည်။ ဆရာနဲ့တပည့်၊ မိဘနဲ့သားသမီး၊ လူငယ်နဲ့လူကြီး ကြားတွေမှာဒီလိုစကားတွေ၊ရင်းနှီးမှုယဉ်ကျေးမှုတွေ တည်ဆောက်ဖို့လူကြီးတွေ စကားရှာပြီး ကမ်းလှမ်း ပြောလေ့ရှိကြပါသည်။ လူငယ်တွေလည်းဒီလိုစကားကိုလှိုက်လှိုက်လှဲလှဲတုန့်ပြန်ဖို့အသင့်ရှိနေပါသည်။ ဒါကတောင်တန်းပေါ်ကယဉ်ကျေးမှုတစ်ခုပင်ဖြစ်ပါသည်။ 

စာမေးပွဲအောင်စာရင်းထွက်လာတော့ ဒုတိယတန်းတစ်တန်းလုံးမှာ(၆)ပါးသာအောင်ပါသည်။ မွေတော်ကျောင်းမှာနှစ်ပါးသာအောင်လေသည်။ ရှင်သုန္ဒရနဲ့ရှင်သုစိတ္တတို့ဖြစ်ပါသည်။ သူတို့လေးပါးလုံးကျ သွားကြပါသည်။ လေ့ကျင့်ခဏ်းစာမေးပွဲတွေအပါအဝင်ဘယ်စာမေးပွဲကိုမှမကျခဲ့ဖူးသည့် သူတို့လေးပါးလုံး အခုတော့အတူတူကျကြပါသည်။ အတူတူကျလို့လားမသိဘူး၊ ဘယ်လိုမှမခံစားရဘူး။ စာမေးပွဲကျနေကျ ဖြစ်သည့်စာသင်သားတွေလို မျက်နှာတွေကပုံမှန်အတိုင်းပင်၊ တော်တော်ရင့်ကျက်နေကြပါသည်။ ဘယ်လို ဖြစ်လို့ဖြစ်မှန်းမသိ စာမေးပွဲကမထင်ဘဲကျသွားလေသည်။ စာမေးပွဲပြီးတော့ညဘုရာရှိခိုးအပြီးမှာ ဆရာတော်ကသြဝါဒပေးသည်။ “အခြေပြုတန်း(ဒုတိယတန်း)ကကိုရင်တွေတော်တော်ညံ့တယ်၊အသုံးကိုမကျဘူး”ဟုမိန့်လေသည်။ သြဝါဒ ပေးသည့်အထဲမှာဥပမာပါမိန့်လေသည်။ “စွာစွာနဲ့ကိုရင်တွေတစ်ပါးမှမအောင်ဘူး၊ လေပဲကျယ်နေတယ်၊ ဘာမှမဟုတ်ကြဘူး။ ရှင်သုန္ဒရကိုကြည့်ပါလား တိတ်တိတ်လေးနဲ့စာမေးပွဲအောင်သွားတယ်။ လေလည်ရင် အသံကျယ်တဲ့လေကအနံ့မရှိဘူး၊ အသံမကြားတဲ့လေက အနံ့ကပိုနံတယ်။ အဲဒီလိုပဲ ဒီနှစ်အခြေပြုတန်းက ကိုရင်တွေက အသံကျယ်တဲ့လေနဲ့အသံတိတ်လေတွေပဲ” ဟုမိန့်လေသည်။ ဘုရားဝတ်တက်ပြီး သြဝါဒ ပေးတာလည်းပြီးပြီမို့ အောက်ဆင်းသွားသည့်အခါ ငိုအားထက်ရီအားကပိုသန်လေသည်။ 

မြို့နယ်စာမေးပွဲမအောင်ပေမယ့် အစိုးရစာမေးပွဲအောင်ရင်အတန်းတက်ရမှာမို့ အစိုးရစာမေးပွဲ အတွက် လေးပါးလုံးစာပိုကျိုးစားလာကြသည်။ စာပိုကျိုးစားကြသဖြင့် အရင်လိုနားနားနေနေပေါက်တတ် ကရစကားတွေလည်း သိပ်မပြောဖြစ်တော့ဘူး။ နောက်တစ်ခုထူးခြားတာကတော့ ရှင်တေဇောဘာသ လည်း မဖျားတော့ဘူး၊ နေ့ရောညပါ တစာစာဖြစ်နေရှာပါပြီ။ ရှင်တေဇောဘာသမဖျားတော့လို့ သူတို့လေး ပါးသီးသန့်တွေ့သည့်အချိန်လည်း သိပ်မရှိသလိုဖြစ်သွားလေသည်။ အစိုးရစာမေးပွဲကို ဖယ်ခုံမြို့၊ နတ်တော ကျောင်းမှာဖြေရပါသည်။ အဖွဲ့လိုက်ကားနဲ့သွားကြ၍ ပျော်ပျော်ပါးပါးနဲ့သွားကြပါသည်။ နတ်တောကျောင်း ရောက်တော့ ကျောင်းတိုက်ကြီးအပေါ်ထပ်မှာစာဖြေရပါသည်။ ကျောင်းတိုက်၏အောက်ထပ်မှာအိပ်ရပါ သည်။ ကိုယ့်စာကိုယ်ကျက်ပြီးနေကြသည်။ ညနေဆိုရင် ရေနွေးလာကပ်သည့်ဝေယျာဝါစ္စအဖွဲ့လည်းရှိပါ သည်။ စာကျက်ရင်းဗိုက်ဆာနေလျှင် ထန်းလျက်ခဲထဘုန်းပေး၊ ရေနွေးလေးသောက်ကြ၍ စာသင်သားများ အတွက် အဆင်ပြေသွားလေပါသည်။ 

သင်္ဂြု ိဟ်ဖြေဆိုပြီးသည့်ည၊ မနက်ဖြန်တိကမာတိကာ(ညဝါ)ဖြေဖို့စာကြည့်ရင်း ရေနွေးသောက်ရင်း နဲ့ အမှတ်မထင်ဖြစ်ရပ်လေးတစ်ခုထဖြစ်သွားပါသည်။ ရှင်တေဇောဘာသက တိတ်မုတ်ထုတ်ရသည့်တိတ် တွေကိုမေးလေသည်။
ရှင်ကဝိဓဇကလည်း စာကြည့်နေ၍ “မသိဘူးကွာ၊ ကိုယ့်ဟာကိုယ်ရှာကြည့်”ဟုပြောလေသည်။
ကြားထဲကနေရှင်ဝိမလကလည်းဝင်ပြောလေသည် “ဒါလေးမေးတာကို ဘာဖြစ်လို့ပေနေတာလဲ၊ ဖြေလိုက် တာမဟုတ်ဘူး”
“မဖြေချင်လို့ကွာ” လို့ ရှင်ကဝိဓဇကပြောသည်။
“အသာနေစမ်းပါ၊ ကိုယ်စာကိုယ်ကြည့်နေ၊ ဘာလို့စကားတွေလာများနေတာတုန်း” ဟု ရှင်သူရိယဝင် ပြောသည်။ 

“ဘာဖြစ်နေတာလဲ၊ တစ်ပါးတည်းဘေးထွက်ချင်နေတာလား” ဟုတေဇောဘာသပြောလေသည်။ ဘယ်သူ ကဘာစကားမှထပ်မပြောဘဲ တိတ်ဆိတ်စွာပင် စာဆက်ကြည့်နေကြပါသည်။ ရှင်တေဇောဘာသကရေနွေး ထသောက်လေသည်။ ထိုအချိန်ရှင်ကဝိဓဇက ကျင်ငယ်စွန့်ဖို့ထွက်သွားသည်။ ရှင်ကဝိဓဇထွက်သွားပြီးအ လွန်မှာပဲ ရှင်ကဝိဓဇထွက်သွားသည့်တံခါးပေါက်ဘက်ကနေ ခဲလုံးတစ်လုံးရောက်လာပြီး ရှင်တေဇောဘာ သလက်တွင်ကိုင်ထားသည့်ဓာတ်ဗူးကိုလာထိလေသည်။ ရှင်တေဇောဘာသသည် ရောက်လာသည့်ခဲလုံး ကိုမြင်ပါသည်။ အနီးကပ်ရောက်မှမြင်သည်ဖြစ်၍ တိမ်းရှောင်ချိန်မရလိုက်ပါ။ကိုင်ထားသည့်ဓာတ်ဗူးကို ထိမည်ကိုသိသည့်အတွက် ဓာတ်ဗူးကိုလှည့်လိုက်သည်။ လှည့်လိုက်သည့်အခါ ခဲလုံးသည် ရှင်တေဇောဘာ သ၏လက်ကိုလာထိလေသည်။ ခဲလုံးအရှိုန်ကသိပ်ပြင်းနေလို့ ဓာတ်ဗူးလွတ်ကျသွားပါသည်။ ဓာတ်ဗူးက အောက်ကျသွား၍ ရေနွေးတွေလျှံထွက်သွားလေသည်။ ရှင်ဝိမလက ကဗျာကယာနဲ့ထပြီး “ဘာဖြစ်တာလဲ” လို့ ပြောပြီး ဓာတ်ဗူးကိုကောက်သည်။ အထဲကဓာတ်မှန်တွေကကွဲနေပြီ။ “ဘယ်လိုလုပ်မလဲ” လို့ပဲပြောကြ လေသည်။ ရှင်ကဝိဓဇက တော်တော်နဲ့ပြန်ရောက်မလာ။ ရှင်ဝိမလကတော့ “ဒါကရှင်ကဝိဓဇရဲ့လက်ချက် ပဲ” ဟုကောက်ချက်ချသည်။ ရှင်တေဇောဘာသကတော့ ဘာမှမပြော။ ခဲလုံးထိသည့်လက်ကိုပဲကြည့်ပြီးငြိမ် နေရှာသည်။ ရှင်သူရိယက “ဘာဖြစ်သေးလဲ၊ ဆေးခန်းသွားရမလား” လို့မေးလေသည်။ ဆေးခန်းသွားရ လောက်အောင်လည်း ဒဏ်ရာကမပြင်းထန်သည်မို့ဘာမှစိုးရိမ်စရာမရှိပေ။ သို့သော် စိုးရိမ်စရာတစ်ခုက တော့ရှိသည်။ ဓာတ်ဘူးထဲကဓာတ်မှန်တွေကွဲသွားပြီ။ ဘယ်လိုလုပ်ကြမလဲ။ မွေတော်ကျောင်းကကိုရင်တွေ လုပ်လို့ကွဲသွားတယ်ဆိုရင်ကျောင်းတိုက်နာမည်ပျက်သွားဦးမယ်။ ဒီသတင်းကိုဆရာတော်သိသွားရင်အပြစ် ပေးခံရဦးမည်။ ထိုအကြောင်းကိုပဲအပ်ကြောင်းထပ်နေအောင်ပြောနေကြသည်။ ဘာမှလည်းမလုပ်တတ်။ ဓာတ်ဘူးအသစ်ထပ်ဝယ်ဖို့လည်း ငွေကမရှိ။ အရှင်ပညာဝံသကအကြံပေးသည်။ သူကဖယ်ခုံသား၊ သူ့ကိုပို အားကိုးချင်ကြသည်။ ဓာတ်ဗူးထဲကဓာတ်မှန်တွေလှဲလို့ရသည့်အကြောင်းပြောသည်။ ဓာတ်ဗူးရောင်းသည့် ဆိုင်တွေမှာ လှဲလို့ရနိုင်သည့်အကြောင်းပြောသည်။ ထိုအကြံကိုရသည်နှင့်ရှိသမျှငွေလေးယူပြီး ဖယ်ခုံမြို့ထဲ သွားကြသည်။ ထိုအချိန်ထိရှင်ကဝိဓဇကပြန်မလာသေး။ ဓာတ်ဗူးဆိုင်လိုက်ရှာသည်၊ ကံကောင်းစွာပင်ကား ဂိတ်နားကဆိုင်တစ်ဆိုင်မှာသွားတွေ့သည်။ တစ်ထောင့်ငါးရာပေးရပါသည်။ ငွေအားလုံးပေါင်းမှ တစ်ထောင်ခုနှစ်ရာပဲရှိသည်။ မြန်မြန်ပြီးမြန်မြန်အေးတာပဲတွေးပြီး တောင်းသမျှပေးလိုက်လေသည်။ 

ဓာတ်မှန်ကရပေမယ့် ဓာတ်ဗူးထဲမှာ နည်းနည်းတော့ချောင်နေပါသည်။ကျောင်းပြန်ရောက်တော့ (၉)နာရီ တောင်ထိုးတော့မှာ၊ ကံကောင်းတာတစ်ခုက ရှစ်နာရီခွဲလာသိမ်းနေကျ ဝေယျာဝါစ္စလုပ်သားတွေက ဒီည နောက်ကျနေသည်။ (၉)နာရီကျော်ကျော်မှာလာသိမ်းသွားလေသည်။ (၉)နာရီခွဲမှဘဲရှင်ကဝိဓဇက ဘယ်က မှန်းမသိရောက်လာလေသည်။ ခပ်တည်တည်နဲ့ပြန်လာကာ ဘယ်သူကိုမှအလေးမထားဘဲသူ့စာသူကြည့် နေသည်။ အားလုံးကသူပစ်လိုက်လို့ဒီလိုဖြစ်သည်ဟုထင်ကြပါသည်။ သူများကျောင်းထဲရောက်နေသည်မို့ စကားမများချင်၊ ရန်မဖြစ်ချင်ကြတာနဲ့ ဘယ်သူမှလည်းဒီအကြောင်းတွေကို အရေးလုပ်ပြီးမပြောကြဘူး။ ထိုညသည်တိတ်ဆိတ်စွာပင်စာကြည့်ကြလေသည်။ တိကမာတိကာ(ညဝါ)မို့ ဦးနှောက်ကိုကစားကြသည်။ ဘယ်သူကမှအော်မကျက်ကြဘူး။ ထိုညသည် တရားခံကဘယ်သူလဲဆိုတာကိုမရှာဘဲ ဓာတ်ဗူးပြဿနာကို တိတ်ဆိတ်စွာသူတို့ဖြေရှင်းကြလေသည်။ ထိုပြဿနာကိုသူတို့ထဲကကိုရင်တွေကလွဲလို့ ဝေယျဝါစ္စလုပ်တဲ့ သူတောင်မသိကြဘူး။ တရားခံကိုမရှာခြင်းသည် တရားခံကိုအရေးမထားလို့ဆိုသည်ကို နောက်တစ်နေ့ကျမှ သိရပါသည်။ ရှင်ကဝိဓဇကို စကားပြောနေကျလူတွေတောင်သိပ်မပြောကြတော့ပေ။ သူကလည်း ဣနြေ္ဒ တစ်ပိဿာလောက်ရှိသည့်မျက်နှာနဲ့နေနေပါသည်။ စာမေးပွဲဖြေလို့ပြီးပြီးချင်း ရှင်တေဇောဘာသက မွေ တော်ကျောင်းကိုမပြန်တော့ဘဲ ရှင်ဝိမလ၊ ရှင်ခေမာစာရတို့နဲ့အတူပင်လောင်းကိုလိုက်သွားလေသည်။ ရှင်ခေမာစာရကိုလာကြိုသည့်ကားနဲ့လိုက်သွားလေသည်။ ရှင်ကဝိဓဇကစာမေးပွဲဖြေတာ နောက်ဆုံးမှပြီး သည်။ စာမေးပွဲပြီးတော့မွေတော်ပြန်မယ့်ကားနဲ့ ကိုရင်တွေအားလုံးကစောင့်နေကြပြီ။ ရှင်ကဝိဓဇက ပျာတိ ပျာယာနဲ့ပစ္စည်းတွေသိမ်းပြီးကားပေါ်တက်လိုက်လေသည်။ မွေတော်ကျောင်းရောက်တော့မိုးချုပ်သွားပြီ။ ဆရာတော်ကိုကန်တော့မှပဲ ရှင်တေဇောဘာသနဲ့ရှင်ဝိမလတို့ကပြန်သွားပြီလို့သိလိုက်ရသည်။ ပင်ပန်းကြ တာနဲ့အစောကြီးအိပ်ရာဝင်ကြသည်။ 

ရှင်သူရိယကနောက်တစ်နေ့အစောကြီးထပြီးတောင်ကြီးတက်သွားလေသည်။ အရုဏ်ဆွမ်းစားပြီး သည့်နောက် ရှင်ကဝိဓဇသည် ရှင်တေဇောဘာသ၊ ရှင်သူရိယ၊ ရှင်ဝိမလတို့မရှိတော့သည်ကိုသိသောအခါ အရိပ်ရပန်းပင်ကြီးအောက်တွင်တစ်ပါးတည်းထိုင်ကာ ဘီလူးချောင်းကိုလှမ်းကြည့်လေသည်။ စိတ်ထဲက တစ်ခုခုတော့ဟာနေသလိုခံစားရသည်။ အစိုးရစာမေးပွဲဖြေမှသူငယ်ချင်းတွေနဲ့ပိုစိမ်းသွားသလိုခံစာရသည်။ အခုသူတို့ပြန်သွားတော့လည်းတစ်ဦးမှသူ့ကိုနုတ်ဆက်မသွားကြဘူး။ အချိန်မရရင်တောင် တစ်ပါးပါးဆီမှာ တစ်ခုခုတော့ပြောခဲ့သင့်တာပေါ့ဟုစဉ်းစားမိသည်။ စာမေးပွဲပြီးပြီဖြစ်လို့ ဘာစာကျက်စရာမရှိတော့သည့် အခါ အလုပ်လက်မဲ့သူလိုယောက်ချာချာဖြစ်နေပါသည်။ ဘီလူးချောင်းဆီဆင်းသွားသည်၊ ရှင်တေဇောဘာ သ အားရပါးရရေကစားနေသည်ကိုမြင်ယောင်မိသည်။ ရေသိမ်တိုင်ကိုမှီပြီး ရေကသိုဏ်းရှုနေသလို တစ်ဦး တည်းတွေးတတ်သည့်ရှင်သူရိယနေရာကိုလည်းသွားထိုင်ကြည့်သည်။ ဘီလူးချောင်းရဲ့ဟိုဘက်ကမ်းမှာ ကြည့်ပြီး ပြောချင်တာတွေလျှောက်ပြောတတ်သည့်ရှင်ဝိမလကိုလည်းသတိရလေသည်။ တစ်ဦးတည်းမို့ ဘယ်သူကိုမှငဲ့စရာမလိုဘဲ ဘီလူးချောင်းဘေးမှာ အတွေးများကိုဖြုန်းတီးနေပါသည်။ ရေချိုးရာကွပ်ပျပ်၊ သစ်သားခုံပေါ်ထိုင်ပြီးဘီလူးချောင်းရေနဲ့ခြေတွေ၊လက်တွေကိုဆေးပြီး စကားတစ်ခွန်းပြောခဲ့လိုက်သည်။ “ဘီလူးချောင်းရေ မနက်ဖြန်ကိုရင်ရွာပြန်တော့မယ်၊ နုတ်ဆက်ပါတယ်နော်”

ဆက်ရန် 
အရှင်နန္ဒိယ(ဖယ်ခုံ)



ဘီလူးေခ်ာင္းေျပာေသာေန႔တစ္ေန႔ အခန္း(၄)

စာေမးပြဲ

စာေမးပြဲက တစ္ေပါင္းလ လဆန္းပိုင္းမွာက်င္းပပါသည္။ စာေမးပြဲသည္ ေနာက္အတန္းကိုတက္ဖို႔ ေပါင္းကူးေပးသည့္အရာတစ္ခုျဖစ္သည္ကို စာသင္သားတိုင္းနားလည္ၾကပါသည္။ သို႔ေသာ္သူတို႔မွာ ယုံၾကည္မႈကိုယ္စီရွိၾကပါသည္။ စာေမးပြဲနီးလာသည္မို႔စာပိုလုပ္ၾကတယ္လို႔ သူတို႔ေလးပါးၾကားမွာ ပိုက်ိဳးစား တာမ်ိဳးမရွိဘူး၊ ပုံမွန္အတိုင္းပဲျဖစ္သည္။ သူတို႔ကပုံမွန္သြားေနသလိုပဲ ရွင္ေတေဇာဘာသကလည္းပုံမွန္ အတိုင္း ဖ်ားေပးေနလ်က္ရွိပါသည္။ သူတို႔သုံးဦးကဒိုင္ခံျပဳစုေပးသည္။ ထိုကိုျပႆနာလို႔သူတို႔မထင္ၾကပါ ဘူး။ သူတို႔ၾကားမွာဒါက လုပ္႐ုိးလုပ္စဥ္အလုပ္တစ္ခုျဖစ္သြားေလၿပီ။ ဆြမ္းစားေက်ာင္းေဝယ်ာေဝစၥအလွည့္ မက်သည့္ေန႔ေတြဆိုရင္ ေန႔ဆြမ္းစားၿပီးအနားမယူခင္နာရီဝက္ သို႔မဟုတ္ ေလးဆယ့္ငါးမိနစ္ဝန္းက်င္ ေလာက္မွာသူတို႔အဖြဲ႔ ႐ုပ္တြက္ေလ့ရွိသည္၊ ႐ုပ္မတြက္ရင္ ပုစၦာတိုက္ၾကပါသည္။
စာအံေက်ာင္းေပၚ ရွင္ေတေဇာဘာသက ပုစၦာေဟာင္းေတြၾကည့္ေနသည္။ ထိုအခ်ိန္ရွင္ကဝိဓဇ ေရာက္လာသည္။ 


“ဘာေတြထူူးေသးလဲ”
“ဘာမွမထူးပါဘူး၊ ပုစၦာေတြကသိပ္မခက္သလိုပဲ”
ရွင္ကဝိဓဇ ၾကည့္ၿပီးသားေတြလိုက္ၾကည့္သည္။ “ေတေဇာ ထူးသလိုလိုေတာ့ရွိတယ္ ဒီမွာ”
“ဘာေတြထူးလို႔လဲ”
“ဒီမွာ ဓာတ္ပစၥည္းခြဲတာ ဘယ္သူကအေျဖေပးထားတာလဲ၊ ေကလာယတိ ကို ကိလဓာတ္၊ ဂိလာယတိကိုဂိလဓာတ္တဲ့ အလြယ္တကူေတြေလွ်ာက္လုပ္ေနလို႔”
“မဟုတ္လို႔လား၊ ဒါဆိုဘာဓာတ္လဲ”
“ဒီျပယွဂ္ေတြက ဧကာရႏၱဓာတ္ေတြေလ၊ ေကလာယတိက ေကေလဓာတ္၊ ဂိလာယတိက ဂိေလဓာတ္ပါ၊ ဓာတုႆေႏၱာေလာေပါ ေနကႆရႆသုတ္ရဲ႕ ကြစိသဒၵါကတာျမစ္ထားတဲ့ျပယွဂ္ ေတြေလ၊ ဓာတ္အဆုံးဧသရေတြကိုလည္းမေခ်ရတဲ့ယွဂ္ေတြေလ”
“ေအ ဟုတ္သားပဲ၊ ဘယ္သူေျဖထာလဲမသိဘူး၊ တပည့္ေတာ္လည္းသတိမထားမိဘူး၊ ဒီတိုင္းပဲ ဖတ္သြားတာ”
သူတို႔ဝိုင္းကအျခားအတန္းေဖာ္ေတြေရာ ခုႏွစ္ပါးေလာက္ပုစၦာတိုက္ေနတုန္း၊ ရွမ္းဦးဇင္းေရာက္လာ သည္။ သူတို႔ေျပာဆိုေဆြးေႏြးေနသည့္အသံကိုၾကားေလသည္။ ၿပဳံးၿပီးဝင္ေျပာေလသည္။
“သယ္ဟုတ္ပါလား၊ စာေတြျမင္သားပဲ၊ စကားႀကီးစကားက်ယ္ေျပာသည့္ကိုရင္ေတြ ဒီႏွစ္မေအာင္ ရင္ ေတြ႔မယ္ေနာ္၊ ေနာက္ႏွစ္ၾကမ္းမယ္ လုပ္ထား”
“ေအးေဆးပါဘုရား၊ ေနာက္ႏွစ္ဘုန္းႀကီးနဲ႔မေတြ႔ခ်င္ေတာ့ဘူး၊ အျပတ္ရွင္းေတာ့မယ္ဘုရား”
“ေအ ေျပာထား၊ မေအာင္ရင္တုတ္နဲ႔ေတြမယ္ေနာ္
ေျပာရင္းနဲ႔ပဲ ဘုရားအေနာက္ခန္းဆီဝင္သြားေလသည္။ ဆရာနဲ႔တပည့္ေျပာေနက်စကားပင္ျဖစ္ သည္။ အေပၚယံၾကည့္လွ်င္ေပါ့ပ်က္ပ်က္စကားပင္ျဖစ္သည္။ သို႔ေသာ္ဒီစကားတို႔နဲ႔ဆရာနဲ႔တပည့္ၾကားမွာ ရင္းႏွီးမႈေပါင္းကူးတစ္ခုအျဖစ္သူတို႔အသုံးျပဳၾကေလသည္။ ဆရာနဲ႔တပည့္၊ မိဘနဲ႔သားသမီး၊ လူငယ္နဲ႔လူႀကီး ၾကားေတြမွာဒီလုိစကားေတြ၊ရင္းႏွီးမႈယဥ္ေက်းမႈေတြ တည္ေဆာက္ဖို႔လူႀကီးေတြ စကားရွာၿပီး ကမ္းလွမ္း ေျပာေလ့ရွိၾကပါသည္။ လူငယ္ေတြလည္းဒီလိုစကားကိုလႈိက္လႈိက္လွဲလွဲတုန္႔ျပန္ဖို႔အသင့္ရွိေနပါသည္။ ဒါကေတာင္တန္းေပၚကယဥ္ေက်းမႈတစ္ခုပင္ျဖစ္ပါသည္။ 


စာေမးပြဲေအာင္စာရင္းထြက္လာေတာ့ ဒုတိယတန္းတစ္တန္းလုံးမွာ(၆)ပါးသာေအာင္ပါသည္။ ေမြေတာ္ေက်ာင္းမွာႏွစ္ပါးသာေအာင္ေလသည္။ ရွင္သုႏၵရနဲ႔ရွင္သုစိတၱတို႔ျဖစ္ပါသည္။ သူတို႔ေလးပါးလုံးက် သြားၾကပါသည္။ ေလ့က်င့္ခဏ္းစာေမးပြဲေတြအပါအဝင္ဘယ္စာေမးပြဲကိုမွမက်ခဲ့ဖူးသည့္ သူတို႔ေလးပါးလုံး အခုေတာ့အတူတူက်ၾကပါသည္။ အတူတူက်လို႔လားမသိဘူး၊ ဘယ္လိုမွမခံစားရဘူး။ စာေမးပြဲက်ေနက် ျဖစ္သည့္စာသင္သားေတြလို မ်က္ႏွာေတြကပုံမွန္အတိုင္းပင္၊ ေတာ္ေတာ္ရင့္က်က္ေနၾကပါသည္။ ဘယ္လို ျဖစ္လို႔ျဖစ္မွန္းမသိ စာေမးပြဲကမထင္ဘဲက်သြားေလသည္။ စာေမးပြဲၿပီးေတာ့ညဘုရာရွိခိုးအၿပီးမွာ ဆရာေတာ္ကၾသဝါဒေပးသည္။ “အေျချပဳတန္း(ဒုတိယတန္း)ကကိုရင္ေတြေတာ္ေတာ္ညံ့တယ္၊အသုံးကိုမက်ဘူး”ဟုမိန္႔ေလသည္။ ၾသဝါဒ ေပးသည့္အထဲမွာဥပမာပါမိန္႔ေလသည္။ “စြာစြာနဲ႔ကိုရင္ေတြတစ္ပါးမွမေအာင္ဘူး၊ ေလပဲက်ယ္ေနတယ္၊ ဘာမွမဟုတ္ၾကဘူး။ ရွင္သုႏၵရကိုၾကည့္ပါလား တိတ္တိတ္ေလးနဲ႔စာေမးပြဲေအာင္သြားတယ္။ ေလလည္ရင္ အသံက်ယ္တဲ့ေလကအနံ႔မရွိဘူး၊ အသံမၾကားတဲ့ေလက အနံ႔ကပိုနံတယ္။ အဲဒီလိုပဲ ဒီႏွစ္အေျချပဳတန္းက ကိုရင္ေတြက အသံက်ယ္တဲ့ေလနဲ႔အသံတိတ္ေလေတြပဲ” ဟုမိန္႔ေလသည္။ ဘုရားဝတ္တက္ၿပီး ၾသဝါဒ ေပးတာလည္းၿပီးၿပီမို႔ ေအာက္ဆင္းသြားသည့္အခါ ငိုအားထက္ရီအားကပိုသန္ေလသည္။ 


ၿမိဳ႕နယ္စာေမးပြဲမေအာင္ေပမယ့္ အစိုးရစာေမးပြဲေအာင္ရင္အတန္းတက္ရမွာမို႔ အစိုးရစာေမးပြဲ အတြက္ ေလးပါးလုံးစာပိုက်ိဳးစားလာၾကသည္။ စာပိုက်ိဳးစားၾကသျဖင့္ အရင္လိုနားနားေနေနေပါက္တတ္ ကရစကားေတြလည္း သိပ္မေျပာျဖစ္ေတာ့ဘူး။ ေနာက္တစ္ခုထူးျခားတာကေတာ့ ရွင္ေတေဇာဘာသ လည္း မဖ်ားေတာ့ဘူး၊ ေန႔ေရာညပါ တစာစာျဖစ္ေနရွာပါၿပီ။ ရွင္ေတေဇာဘာသမဖ်ားေတာ့လို႔ သူတို႔ေလး ပါးသီးသန္႔ေတြ႕သည့္အခ်ိန္လည္း သိပ္မရွိသလိုျဖစ္သြားေလသည္။ အစိုးရစာေမးပြဲကို ဖယ္ခုံၿမိဳ႕၊ နတ္ေတာ ေက်ာင္းမွာေျဖရပါသည္။ အဖြဲ႔လိုက္ကားနဲ႔သြားၾက၍ ေပ်ာ္ေပ်ာ္ပါးပါးနဲ႔သြားၾကပါသည္။ နတ္ေတာေက်ာင္း ေရာက္ေတာ့ ေက်ာင္းတိုက္ႀကီးအေပၚထပ္မွာစာေျဖရပါသည္။ ေက်ာင္းတိုက္၏ေအာက္ထပ္မွာအိပ္ရပါ သည္။ ကိုယ့္စာကိုယ္က်က္ၿပီးေနၾကသည္။ ညေနဆိုရင္ ေရေႏြြးလာကပ္သည့္ေဝယ်ာဝါစၥအဖြဲ႕လည္းရွိပါ သည္။ စာက်က္ရင္းဗိုက္ဆာေနလွ်င္ ထန္းလ်က္ခဲထဘုန္းေပး၊ ေရေႏြးေလးေသာက္ၾက၍ စာသင္သားမ်ား အတြက္ အဆင္ေျပသြားေလပါသည္။ 


သၿဂၤဳ ိဟ္ေျဖဆိုၿပီးသည့္ည၊ မနက္ျဖန္တိကမာတိကာ(ညဝါ)ေျဖဖို႔စာၾကည့္ရင္း ေရေႏြးေသာက္ရင္း နဲ႔ အမွတ္မထင္ျဖစ္ရပ္ေလးတစ္ခုထျဖစ္သြားပါသည္။ ရွင္ေတေဇာဘာသက တိတ္မုတ္ထုတ္ရသည့္တိတ္ ေတြကိုေမးေလသည္။
ရွင္ကဝိဓဇကလည္း စာၾကည့္ေန၍ “မသိဘူးကြာ၊ ကိုယ့္ဟာကိုယ္ရွာၾကည့္”ဟုေျပာေလသည္။
ၾကားထဲကေနရွင္ဝိမလကလည္းဝင္ေျပာေလသည္ “ဒါေလးေမးတာကို ဘာျဖစ္လို႔ေပေနတာလဲ၊ ေျဖလိုက္ တာမဟုတ္ဘူး”
“မေျဖခ်င္လို႔ကြာ” လို႔ ရွင္ကဝိဓဇကေျပာသည္။
“အသာေနစမ္းပါ၊ ကိုယ္စာကိုယ္ၾကည့္ေန၊ ဘာလို႔စကားေတြလာမ်ားေနတာတုန္း” ဟု ရွင္သူရိယဝင္ ေျပာသည္။ 


“ဘာျဖစ္ေနတာလဲ၊ တစ္ပါးတည္းေဘးထြက္ခ်င္ေနတာလား” ဟုေတေဇာဘာသေျပာေလသည္။ ဘယ္သူ ကဘာစကားမွထပ္မေျပာဘဲ တိတ္ဆိတ္စြာပင္ စာဆက္ၾကည့္ေနၾကပါသည္။ ရွင္ေတေဇာဘာသကေရေႏြး ထေသာက္ေလသည္။ ထိုအခ်ိန္ရွင္ကဝိဓဇက က်င္ငယ္စြန္႔ဖို႔ထြက္သြားသည္။ ရွင္ကဝိဓဇထြက္သြားၿပီးအ လြန္မွာပဲ ရွင္ကဝိဓဇထြက္သြားသည့္တံခါးေပါက္ဘက္ကေန ခဲလုံးတစ္လုံးေရာက္လာၿပီး ရွင္ေတေဇာဘာ သလက္တြင္ကိုင္ထားသည့္ဓာတ္ဗူးကိုလာထိေလသည္။ ရွင္ေတေဇာဘာသသည္ ေရာက္လာသည့္ခဲလုံး ကိုျမင္ပါသည္။ အနီးကပ္ေရာက္မွျမင္သည္ျဖစ္၍ တိမ္းေရွာင္ခ်ိန္မရလိုက္ပါ။ ကိုင္ထားသည့္ဓာတ္ဗူးကို ထိမည္ကိုသိသည့္အတြက္ ဓာတ္ဗူးကိုလွည့္လိုက္သည္။ လွည့္လိုက္သည့္အခါ ခဲလုံးသည္ ရွင္ေတေဇာဘာ သ၏လက္ကိုလာထိေလသည္။ ခဲလုံးအ႐ႈိန္ကသိပ္ျပင္းေနလို႔ ဓာတ္ဗူးလြတ္က်သြားပါသည္။ ဓာတ္ဗူးက ေအာက္က်သြား၍ ေရေႏြးေတြလွ်ံထြက္သြားေလသည္။ ရွင္ဝိမလက ကဗ်ာကယာနဲ႔ထၿပီး “ဘာျဖစ္တာလဲ” လို႔ ေျပာၿပီး ဓာတ္ဗူးကိုေကာက္သည္။ အထဲကဓာတ္မွန္ေတြကကြဲေနၿပီ။ “ဘယ္လိုလုပ္မလဲ” လို႔ပဲေျပာၾက ေလသည္။ ရွင္ကဝိဓဇက ေတာ္ေတာ္နဲ႔ျပန္ေရာက္မလာ။ ရွင္ဝိမလကေတာ့ “ဒါကရွင္ကဝိဓဇရဲ႕လက္ခ်က္ ပဲ” ဟုေကာက္ခ်က္ခ်သည္။ ရွင္ေတေဇာဘာသကေတာ့ ဘာမွမေျပာ။ ခဲလုံးထိသည့္လက္ကိုပဲၾကည့္ၿပီးၿငိမ္ ေနရွာသည္။ ရွင္သူရိယက “ဘာျဖစ္ေသးလဲ၊ ေဆးခန္းသြားရမလား” လို႔ေမးေလသည္။ ေဆးခန္းသြားရ ေလာက္ေအာင္လည္း ဒဏ္ရာကမျပင္းထန္သည္မို႔ဘာမွစိုးရိမ္စရာမရွိေပ။ သို႔ေသာ္ စိုးရိမ္စရာတစ္ခုက ေတာ့ရွိသည္။ ဓာတ္ဘူးထဲကဓာတ္မွန္ေတြကြဲသြားၿပီ။ ဘယ္လိုလုပ္ၾကမလဲ။ ေမြေတာ္ေက်ာင္းကကိုရင္ေတြ လုုပ္လို႔ကြဲသြားတယ္ဆိုရင္ေက်ာင္းတိုက္နာမည္ပ်က္သြားဦးမယ္။ ဒီသတင္းကိုဆရာေတာ္သိသြားရင္အျပစ္ ေပးခံရဦးမည္။ ထိုအေၾကာင္းကိုပဲအပ္ေၾကာင္းထပ္ေနေအာင္ေျပာေနၾကသည္။ ဘာမွလည္းမလုပ္တတ္။ ဓာတ္ဘူးအသစ္ထပ္ဝယ္ဖို႔လည္း ေငြကမရွိ။ အရွင္ပညာဝံသကအႀကံေပးသည္။ သူကဖယ္ခုံသား၊ သူ႔ကိုပို အားကိုးခ်င္ၾကသည္။ ဓာတ္ဗူးထဲကဓာတ္မွန္ေတြလဲွလို႔ရသည့္အေၾကာင္းေျပာသည္။ ဓာတ္ဗူးေရာင္းသည့္ ဆိုင္ေတြမွာ လွဲလို႔ရႏိုင္သည့္အေၾကာင္းေျပာသည္။ ထိုအႀကံကိုရသည္ႏွင့္ရွိသမွ်ေငြေလးယူၿပီး ဖယ္ခုံၿမိဳ႕ထဲ သြားၾကသည္။ ထိုအခ်ိန္ထိရွင္ကဝိဓဇကျပန္မလာေသး။ ဓာတ္ဗူးဆိုင္လိုက္ရွာသည္၊ ကံေကာင္းစြာပင္ကား ဂိတ္နားကဆိုင္တစ္ဆိုင္မွာသြားေတြ႔သည္။ တစ္ေထာင့္ငါးရာေပးရပါသည္။ ေငြအားလုံးေပါင္းမွ တစ္ေထာင္ခုႏွစ္ရာပဲရွိသည္။ ျမန္ျမန္ၿပီးျမန္ျမန္ေအးတာပဲေတြးၿပီး ေတာင္းသမွ်ေပးလိုက္ေလသည္။ 


ဓာတ္မွန္ကရေပမယ့္ ဓာတ္ဗူးထဲမွာ နည္းနည္းေတာ့ေခ်ာင္ေနပါသည္။ ေက်ာင္းျပန္ေရာက္ေတာ့ (၉)နာရီ ေတာင္ထိုးေတာ့မွာ၊ ကံေကာင္းတာတစ္ခုက ရွစ္နာရီခြဲလာသိမ္းေနက် ေဝယ်ာဝါစၥလုပ္သားေတြက ဒီည ေနာက္က်ေနသည္။ (၉)နာရီေက်ာ္ေက်ာ္မွာလာသိမ္းသြားေလသည္။ (၉)နာရီခြဲမွဘဲရွင္ကဝိဓဇက ဘယ္က မွန္းမသိေရာက္လာေလသည္။ ခပ္တည္တည္နဲ႔ျပန္လာကာ ဘယ္သူကိုမွအေလးမထားဘဲသူ႔စာသူၾကည့္ ေနသည္။ အားလုံးကသူပစ္လိုက္လို႔ဒီလိုျဖစ္သည္ဟုထင္ၾကပါသည္။ သူမ်ားေက်ာင္းထဲေရာက္ေနသည္မို႔ စကားမမ်ားခ်င္၊ ရန္မျဖစ္ခ်င္ၾကတာနဲ႔ ဘယ္သူမွလည္းဒီအေၾကာင္းေတြကို အေရးလုပ္ၿပီးမေျပာၾကဘူး။ ထိုညသည္တိတ္ဆိတ္စြာပင္စာၾကည့္ၾကေလသည္။ တိကမာတိကာ(ညဝါ)မို႔ ဦးေႏွာက္ကိုကစားၾကသည္။ ဘယ္သူကမွေအာ္မက်က္ၾကဘူး။ ထိုညသည္ တရားခံကဘယ္သူလဲဆိုတာကိုမရွာဘဲ ဓာတ္ဗူးျပႆနာကို တိတ္ဆိတ္စြာသူတို႔ေျဖရွင္းၾကေလသည္။ ထိုျပႆနာကိုသူတို႔ထဲကကိုရင္ေတြကလြဲလို႔ ေဝယ်ဝါစၥလုပ္တဲ့ သူေတာင္မသိၾကဘူး။ တရားခံကိုမရွာျခင္းသည္ တရားခံကိုအေရးမထားလို႔ဆိုသည္ကို ေနာက္တစ္ေန႔က်မွ သိရပါသည္။ ရွင္ကဝိဓဇကို စကားေျပာေနက်လူေတြေတာင္သိပ္မေျပာၾကေတာ့ေပ။ သူကလည္း ဣေျႏၵ တစ္ပိႆာေလာက္ရွိသည့္မ်က္ႏွာနဲ႔ေနေနပါသည္။ စာေမးပြဲေျဖလို႔ၿပီးၿပီးခ်င္း ရွင္ေတေဇာဘာသက ေမြ ေတာ္ေက်ာင္းကိုမျပန္ေတာ့ဘဲ ရွင္ဝိမလ၊ ရွင္ေခမာစာရတို႔နဲ႔အတူပင္ေလာင္းကိုလိုက္သြားေလသည္။ ရွင္ေခမာစာရကိုလာႀကိဳသည့္ကားနဲ႔လို္က္သြားေလသည္။ ရွင္ကဝိဓဇကစာေမးပြဲေျဖတာ ေနာက္ဆုံးမွၿပီး သည္။ စာေမးပြဲၿပီးေတာ့ေမြေတာ္ျပန္မယ့္ကားနဲ႔ ကိုရင္ေတြအားလုံးကေစာင့္ေနၾကၿပီ။ ရွင္ကဝိဓဇက ပ်ာတိ ပ်ာယာနဲ႔ပစၥည္းေတြသိမ္းၿပီးကားေပၚတက္လိုက္ေလသည္။ ေမြေတာ္ေက်ာင္းေရာက္ေတာ့မိုးခ်ဳပ္သြားၿပီ။ ဆရာေတာ္ကိုကန္ေတာ့မွပဲ ရွင္ေတေဇာဘာသနဲ႔ရွင္ဝိမလတို႔ကျပန္သြားၿပီလို႔သိလိုုက္ရသည္။ ပင္ပန္းၾက တာနဲ႔အေစာႀကီးအိပ္ရာဝင္ၾကသည္။ 

ရွင္သူရိယကေနာက္တစ္ေန႔အေစာႀကီးထၿပီးေတာင္ႀကီးတက္သြားေလသည္။ အ႐ုဏ္ဆြမ္းစားၿပီး သည့္ေနာက္ ရွင္ကဝိဓဇသည္ ရွင္ေတေဇာဘာသ၊ ရွင္သူရိယ၊ ရွင္ဝိမလတိို႔မရွိေတာ့သည္ကိုသိေသာအခါ အရိပ္ရပန္းပင္ႀကီးေအာက္တြင္တစ္ပါးတည္းထိုင္ကာ ဘီလူးေခ်ာင္းကိုလွမ္းၾကည့္ေလသည္။ စိတ္ထဲက တစ္ခုခုေတာ့ဟာေနသလိုခံစားရသည္။ အစိုးရစာေမးပြဲေျဖမွသူငယ္ခ်င္းေတြနဲ႔ပိုစိမ္းသြားသလိုခံစာရသည္။ အခုသူတို႔ျပန္သြားေတာ့လည္းတစ္ဦးမွသူ႔ကိုႏုတ္ဆက္မသြားၾကဘူး။ အခ်ိန္မရရင္ေတာင္ တစ္ပါးပါးဆီမွာ တစ္ခုခုေတာ့ေျပာခဲ့သင့္တာေပါ့ဟုစဥ္းစားမိသည္။ စာေမးပြဲၿပီးၿပီျဖစ္လို႔ ဘာစာက်က္စရာမရွိေတာ့သည့္ အခါ အလုပ္လက္မဲ့သူလိုေယာက္ခ်ာခ်ာျဖစ္ေနပါသည္။ ဘီလူးေခ်ာင္းဆီဆင္းသြားသည္၊ ရွင္ေတေဇာဘာ သ အားရပါးရေရကစားေနသည္ကိုျမင္ေယာင္မိသည္။ ေရသိမ္တိုင္ကိုမွီၿပီး ေရကသိုဏ္း႐ႈေနသလို တစ္ဦး တည္းေတြးတတ္သည့္ရွင္သူရိယေနရာကိုလည္းသြားထိုင္ၾကည့္သည္။ ဘီလူူးေခ်ာင္းရဲ႕ဟိုဘက္ကမ္းမွာ ၾကည့္ၿပီး ေျပာခ်င္တာေတြေလွ်ာက္ေျပာတတ္သည့္ရွင္ဝိမလကိုလည္းသတိရေလသည္။ တစ္ဦးတည္းမို႔ ဘယ္သူကိုမွငဲ့စရာမလိုဘဲ ဘီလူးေခ်ာင္းေဘးမွာ အေတြးမ်ားကိုျဖဳန္းတီးေနပါသည္။ ေရခ်ိဳးရာကြပ္ပ်ပ္၊ သစ္သားခုံေပၚထိုင္ၿပီးဘီလူးေခ်ာင္းေရနဲ႔ေျခေတြ၊လက္ေတြကိုေဆးၿပီး စကားတစ္ခြန္းေျပာခဲ့လိုက္သည္။ “ဘီလူးေခ်ာင္းေရ မနက္ျဖန္ကိုရင္ရြာျပန္ေတာ့မယ္၊ ႏုတ္ဆက္ပါတယ္ေနာ္”





ဆက္ရန္ 
အရွင္နႏၵိယ(ဖယ္ခုံ)

ဘီလူးချောင်းပြောသောနေ့တစ်နေ့ အခန်း(၃)

ဘီလူးချောင်းပြောသောနေ့တစ်နေ့ အခန်း(၃)

စာသင်တိုက်

စာသင်တိုက်လို့ပြောရင် စာအံ့ကျောင်းထဲမှာချထားပေးသည့်နေရာမှာညီညာစွာ စာကျက်နေသည့် စာသင်သားတွေကိုမြင်ယောင်နေပါသည်။ အချိန်က ၁၃၆၁-ခုနှစ်မို့ ရှင်ကဝိဓဇ၊ ရှင်ဝိမလ၊ ရှင်တေဇောဘာ သတို့က မွေတော်ကျောင်းမှာနောက်ဆုံးနှစ်ဖြစ်မည်ဆိုတာကို သူတို့ကိုယ်တိုင်လည်းကြိုမသိခဲ့ကြဘူး။ တစ် ကျောင်းလုံးပေါင်းမှ သံဃာတော်အရေအတွက်ကငါးဆယ်လောက်သာရှိသည့်အတွက် တစ်ကျောင်းလုံးသိ ကြ၊ ခင်ကြပေမယ့်ဒီနှစ်မှာတော့သူတို့လေးပါးကအမြဲလိုလိုတတွဲတွဲဖြစ်လေ့ရှိပါသည်။ အသက်ကလည်းတူ၊ အတန်းကလည်းတူ၊ စာစိတ်ဝင်စားတဲ့ဝါသနာတွေကလည်းတူနေကြသည်ဖြစ်လို့ဖြစ်ပါသည်။ 

အသက်က(၁၃)နှစ်၊ အတန်းက ဒုတိယတန်း။ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တွေမှာအခြေခံစာကို သင်ပေးသည့်ပုံစံက အောက်ပြည်ကသင်တဲ့ပုံစံအနည်းငယ်ကွဲပြားပါသည်။ အောက်ပြည်တွေမှာသင်တဲ့ပုံစံ က ပထမအငယ်တန်းကိုမတက်ခင် အခြေပြုမူလတန်းသင်ရပါသည်။ အချို့သောကျောင်းတိုက်တွေမှာ အခြေပြုမူလတန်းစာမနိုင်သည့်ကလေးတွေအတွက် မူကြိုတန်းဆိုသည့်အတန်းကိုသင်ရပါသည်။ ရှမ်းပြည် ကယားပြည်တွေမှာက အခြေပြုမူလတန်းစာကိုဘဲသုံးတန်းခွဲလိုက်ပါသည်။ ၎င်းကိုပင် မူလတန်း၊ ပထမ တန်း၊ ဒုတိယတန်းလို့ သုံးတန်းခွဲလိုက်ပါသည်။ သို့သော် ပြည်နယ်အလိုက်မူလတန်းမှာ အခြေခံကျမည် လိုအပ်မည်ထင်သည့်စာတွေထပ်ဖြည့်ကြတာရှိပါသည်။ တချို့ပြည်နယ်တွေမှာ ပရိတ်ကြီး၊ တချို့ကသိင်္ဂါ လောဝါဒ၊ တချို့ကလောကနီတိစသည်ဖြည့်စွက်ကြပါသည်။ မွေတော်ကျောင်းမှာနေတာသုံးနှစ်ရှိပြီမို့ ရှင်ကဝိဓဇတို့အဖွဲ့က ဒုတိယတန်းရောက်နေပြီ၊ အခြေပြုမူလတန်းဆိုသည့် အစိုးရစာမေးပွဲကိုဝင်ပြီးဖြေဆို ရမည့်နှစ်လည်းဖြစ်ပါသည်။ အဲဒီအချိန်ကမွေတော်ကျောင်းမှာ အတန်းကလည်းလေးတန်းပဲရှိပါသည်။ 

စာချ ဘုန်းကြီးလည်းလေးပါးရှိပါသည်။ မူလတန်းစာချဘုန်းကြီးက ဦးဝဏ္ဏပါလ၊ ပထမတန်းစာချဘုန်းကြီးက ဦးဣန္ဒာစက္က၊ ဒုတိယတန်းစာချဘုန်းကြီးက ဦးစရဏ၊ အငယ်တန်းစာချဘုန်းကြီးက ဆရာတော်ပင်ဖြစ်ပါ သည်။ ဒုတိယတန်းဖြစ်သည့်အတွက် ဒီနှစ်ဦးစရဏဆီမှာ စာလိုက်ကြရပါသည်။ ဦးစရဏကရှမ်းလူမျိုးဖြစ် လို့ “ရှမ်းဦိးဇင်း”လို့ပဲတစ်ကျောင်းလုံးကအလွယ်ခေါ်ကြလေသည်။ ရှမ်းဦးဇင်းလည်း တစ်ခါတစ်လေစာမရ ရင် ရိုက်တတ်သည်။ သူရိုက်လျှင် ရိုက်မည့်အကြောင်းအရာကိုကြိုပြောသည်။ ပြီးတော့ အပြုံးကမပျက်။ တပည့်တွေနဲ့ခင်မင်မှုကလည်းပုံးစံမပျက်။ ထို့ကြောင့်ရှမ်းဦးဇင်းရိုက်လို့နာသည့်တိုင် ဘယ်သူကမှစိတ်ဆိုး တာမရှိကြဘူး။ ဒီနှစ်မှာဒုတိယတန်းက စာသင်သား (၁၃)ပါးရှိပါသည်။ တစ်ခါတစ်လေ ရှမ်းဦးဇင်းကစာသင် ခန်းထဲမှာ အတည်လိုလို အပျက်လိုလို မတည်မကျပြောတဲ့စကားတွေလည်းရှိသည်။ အဲလိုစကားတွေမိန့်ပြီ ဆိုရင် အားလပ်ချိန်တွေမှာ စာသင်သားတွေအချင်းချင်းပြန်ပြောကြလေ့ရှိသည်။ တစ်ခါကဆိုရင် ရှမ်းဦးဇင်း က သမုစ္စည်းပိုင်းသင်ရင်း မေတ္တာပို့သည့်အကြောင်းကိုစာဝါမှာစကားစပ်ပြီးပြောမိသွားသည်။ ပြောပြီးတော့ သူသိတဲ့ဖြစ်ရပ်တချို့ကိုပြောပြသည်။ ဖြစ်ရပ်တစ်ခုကဆိုရင် ဆန်းပုံကတစ်မျိုးထပ်ဆန်းတာရှိသေးသည်။ 

“မနှစ်တုန်းက စည်ကားရပ်ကွက်က အပျိုမလေးတစ်ယောက်ကို စျေးကုန်းကလူပျိုလေးတစ် ယောက်က တစ်ဘက်သတ်ကြိုက်နေတာ၊ ကြိုက်သာကြိုက်တာ စကားမပြောရဲဘူး။ မချစ်သေးတဲ့လူတွေ သာ လျှောက်ပြောရဲပေမယ့် တကယ်ချစ်တဲ့သူတွေကမပြောရဲဘူး၊ ဒါကလူငယ်တွေရဲ့သဘာဝပဲ။ မပြောရဲ တော့ဘာလုပ်လဲဆိုတော့ သူ့ကိုပြန်ချစ်အောင်ဆိုပြီး ကောင်လေးကမေတ္တာသုတ်ကိုအလွတ်ကျက်သည်။ ပြီးတော့ဘုရားရှိခိုးလာသည်။ ဘုရားရှိခိုးပြီးသူချစ်နေတဲ့ကောင်မလေးကို ရည်မှန်းပြီး ညတိုင်းလိုလိုမေတ္တာ သုတ်ရွတ်လေသည်။ မေတ္တာပို့လေသည်။ နှစ်လသုံးလကြာတော့ ကောင်မလေးကိုစကားစပြောသည်။ ခင်မင်ပြီးတော့သူ့အချစ်ကိုပြောပြသည်။ သူတို့ချစ်သွားကြသည်။ ဒီနှစ်မှာဘဲ သူတို့လက်ထပ်သွားကြတယ်” ဟုမိန့်လေသည်။ ဇာတ်လမ်းကိုတော့စိတ်ဝင်စားစွာနားထောင်ကြသည်။ ဘယ်သူမှလဲမေးခွန်းတွေပြန်မမေး ကြ။ ကျေနပ်တယ်၊ မကျေနပ်ဘူးဆိုသည့်မျက်နှာလည်း ဘယ်သူမှမပြကြ။ သေချာတာတစ်ခုကတော့ ဟုတ်သလား၊ မဟုတ်သလားဆိုတာကို ဘယ်သူမှမသိလို့ဖြစ်သည်။ ဘုန်းကြီးလည်းခပ်တည်တည်နဲ့ ပြောတော့ ရီစရာလား၊ အတည်လား ဘယ်သူမှမဝေခွဲနိုင်ဘူးဖြစ်နေရှာသည်။ 

“ဟေ့ ရှင်ကဝိဓဇ၊ ရှမ်းဦးဇင်းမိန့်တဲ့ စျေးကုန်းမေတ္တာသုတ်အကြောင်းကို အရှင်ဘုရားဘယ်လိုထင် သလဲ” ရှင်ဝိမလမေးသည်။
“တပည့်တော်လည်း တွေဝေနေတာ၊ မေတ္တာသုတ်နဲ့ကမေတ္တာနဲ့ သူတို့သမီးရည်းစာကိစ္စနဲ့က ဘာဆိုင်လို့လဲ၊ မေတ္တာချင်းမှမတူတာ” ရှင်ကဝိဓဇ ဖြေသည်။
“ဆိုင်အောင်တွေးရင်တော့ဆိုင်တယ်၊ မဆိုင်အောင်တွေးရင်တော့ မဆိုင်ဘူး” ဟု ရှင်သူရိယဝင် ပြောသည်။
“တရားဟောဦးမလို့လား” ရှင်တေဇောဘာသပြောသည်။ ရှင်တေဇောဘာသရှေ့မှာ တစ်ခုခုကို ကောက်ချက်မချလိုက်နဲ့ ဓမ္မကထိကတင်မြှောက်ခံရမည်။
“မဟုတ်မှလွဲရော အတန်းထဲမှာ ကိုရင်တစ်ပါးပါးကစိတ်ဖောက်နေလို့၊ ဘုန်းကြီးကရွက်နေသလား မသိဘူး”
“ဘာဆိုင်လို့လဲ၊ ရွက်စရာလား၊ ရွက်စရာကရှားလို့ ဒီလိုရွက်ပါ့မလား”
“လျှပ်တစ်ပြတ်ပြောရတာမို့၊ စပ်မိစပ်ရာပြောမိသွားတာဖြစ်မယ်၊ သိပ်တော့မဆိုင်ပါဘူး၊ ခေါင်းကိုက် ခံနေလို့ကောဘာထူးမလဲ၊ ဘီလူးချောင်းထဲကိုပဲမျှောချရမယ်”
ရှင်သူရိယကို ပြန်မေးကြသည်။ 

“ရှင်သူရိယ ဘယ်လိုဆိုင်ပြီး၊ ဘယ်လိုမဆိုင်တာလဲ ပြောပါဦး”
“သူတို့အချစ်တွေက ခင်မင်မှုကနေစတာပဲမဟုတ်လား၊ ခင်မင်ဖို့ကဒီမေတ္တာနဲ့ဆိုင်တာပါပဲလေ”
“ဒီလိုဆိုတော့လည်း ဟုတ်သားပဲ”
“မဆိုင်တာကရော”
“မဆိုင်တာကတော့ ရှင်းနေတာပဲ၊ (၅၂၈) နဲ့ (၁၅၀၀)က မေတ္တာနဲ့ကိလေသာပဲလေ”
“ဘုန်းကြီးက တကယ့်မေတ္တာနဲ့ လူတွေပြောတဲ့မေတ္တာကို ပြောပြချင်လို့ မေးခွန်းထုတ်ဖို့လှည့်ကွက် ဆင်တာ ဖြစ်နေမလား” ဟု ရှင်ကဝိဓဇက ထင်မြင်ချက်ကိုပြောသည်။
“ဖြစ်နိုင်တယ်၊ ဒီလိုပဲဖြစ်လိမ့်မယ်”
သမုစ္စည်းပိုင်း သင်ကြားချက်ထဲမှာ စာချဘုန်းကြီးမွေးပေးထားတဲ့မီးနဲ့ ဘီလူးချောင်းဘေးမှာ ခေါင်းစားနေကြလေသည်။ အတွေးတွေကလေးနက်သလိုလိုရှိပါသည်။ သို့သော်ပေါ့ပါးပါသည်။ ရေစီး ကြောင်း၏တိုက်စားမှုအောက်မှာ အတွေးတွေရွက်လွင့်ကြည့်သည်။ လျင်မြန်စွာစီးမျှောလေသည်။ ဘီလူး ချောင်းနဲ့အပြိုင် စာသင်တိုက်ရေစီးကြောင်းထဲသူတို့ထပ်စီးမျှောလိုက်သည်။ ဒီလိုနဲ့စာမေးပွဲကမ်းစပ်သို့ နီးသထက်နီးလာလေသည်။ ချောင်းဘေးကနေသူတို့ပြောသည့်စကားတွေကို နေ့တိုင်းကြားနေရလို့ သူတို့ဘယ်လိုပျော်ကြသည်ဆိုသည်ကို ဘီလူးချောင်းကသိလိမ့်မည်ထင်သည်။ ထိုအကြောင်းကို တစ်နေ့ နေ့မှာ ဘီလူးချောင်းကပြန်ပြောပြလိမ့်မည်လို့ ယုံကြည်မိပါသည်။

ဆက်ရန် 
အရှင်နန္ဒိယ(ဖယ်ခုံ




ဘီလူးေခ်ာင္းေျပာေသာေန႔တစ္ေန႔ အခန္း(၃)

စာသင္တိုက္

စာသင္္တိုက္လို႔ေျပာရင္ စာအံ့ေက်ာင္းထဲမွာခ်ထားေပးသည့္ေနရာမွာညီညာစြာ စာက်က္ေနသည့္ စာသင္သားေတြကိုျမင္ေယာင္ေနပါသည္။ အခ်ိန္က ၁၃၆၁-ခုုႏွစ္မို႔ ရွင္ကဝိဓဇ၊ ရွင္ဝိမလ၊ ရွင္ေတေဇာဘာ သတို႔က ေမြေတာ္ေက်ာင္းမွာေနာက္ဆုံးႏွစ္ျဖစ္မည္ဆိုတာကို သူတို႔ကိုယ္တိုင္လည္းႀကိဳမသိခဲ့ၾကဘူး။ တစ္ ေက်ာင္းလုံးေပါင္းမွ သံဃာေတာ္အေရအတြက္ကငါးဆယ္ေလာက္သာရွိသည့္အတြက္ တစ္ေက်ာင္းလုံးသိ ၾက၊ ခင္ၾကေပမယ့္ဒီႏွစ္မွာေတာ့သူတို႔ေလးပါးကအၿမဲလိုလိုတတြဲတြဲျဖစ္ေလ့ရွိပါသည္။ အသက္ကလည္းတူ၊ အတန္းကလည္းတူ၊ စာစိတ္ဝင္စားတဲ့ဝါသနာေတြကလည္းတူေနၾကသည္ျဖစ္လို႔ျဖစ္ပါသည္။ 

အသက္က(၁၃)ႏွစ္၊ အတန္းက ဒုတိယတန္း။ ရွမ္းျပည္နယ္၊ ကယားျပည္နယ္ေတြမွာအေျခခံစာကို သင္ေပးသည့္ပုံစံက ေအာက္ျပည္ကသင္တဲ့ပုံစံအနည္းငယ္ကြဲျပားပါသည္။ ေအာက္ျပည္ေတြမွာသင္တဲ့ပုံစံ က ပထမအငယ္တန္းကိုမတက္ခင္ အေျချပဳမူလတန္းသင္ရပါသည္။ အခ်ိဳ႕ေသာေက်ာင္းတိုက္ေတြမွာ အေျချပဳမူလတန္းစာမႏိုင္သည့္ကေလးေတြအတြက္ မူႀကိဳတန္းဆိုသည့္အတန္းကိုသင္ရပါသည္။ ရွမ္းျပည္ ကယားျပည္ေတြမွာက အေျချပဳမူလတန္းစာကိုဘဲသုံးတန္းခြဲလုိက္ပါသည္။ ၎ကိုပင္ မူလတန္း၊ ပထမ တန္း၊ ဒုတိယတန္းလို႔ သုံးတန္းခြဲလုိက္ပါသည္။ သို႔ေသာ္ ျပည္နယ္အလိုက္မူလတန္းမွာ အေျခခံက်မည္ လိုအပ္မည္ထင္သည့္စာေတြထပ္ျဖည့္ၾကတာရွိပါသည္။ တခ်ိဳ႕ျပည္နယ္ေတြမွာ ပရိတ္ႀကီး၊ တခ်ိဳ႕ကသိဂၤါ ေလာဝါဒ၊ တခ်ိဳ႕ကေလာကနီတိစသည္ျဖည့္စြက္ၾကပါသည္။ ေမြေတာ္ေက်ာင္းမွာေနတာသုံးႏွစ္ရွိၿပီမို႔ ရွင္ကဝိဓဇတို႔အဖြဲ႕က ဒုတိယတန္းေရာက္ေနၿပီ၊ အေျချပဳမူလတန္းဆိုသည့္ အစိုးရစာေမးပြဲကိုဝင္ၿပီးေျဖဆို ရမည့္ႏွစ္လည္းျဖစ္ပါသည္။ အဲဒီအခ်ိန္ကေမြေတာ္ေက်ာင္းမွာ အတန္းကလည္းေလးတန္းပဲရွိပါသည္။ 


စာခ် ဘုန္းႀကီးလည္းေလးပါးရွိပါသည္။ မူလတန္းစာခ်ဘုန္းႀကီးက ဦးဝဏၰပါလ၊ ပထမတန္းစာခ်ဘုန္းႀကီးက ဦးဣႏၵာစကၠ၊ ဒုတိယတန္းစာခ်ဘုန္းႀကီးက ဦးစရဏ၊ အငယ္တန္းစာခ်ဘုန္းႀကီးက ဆရာေတာ္ပင္ျဖစ္ပါ သည္။ ဒုတိယတန္းျဖစ္သည့္အတြက္ ဒီႏွစ္ဦးစရဏဆီမွာ စာလိုက္ၾကရပါသည္။ ဦးစရဏကရွမ္းလူမ်ိဳးျဖစ္ လို႔ “ရွမ္းဦိးဇင္း”လို႔ပဲတစ္ေက်ာင္းလုံးကအလြယ္ေခၚၾကေလသည္။ ရွမ္းဦးဇင္းလည္း တစ္ခါတစ္ေလစာမရ ရင္ ႐ုိက္တတ္သည္။ သူ႐ိုက္လွ်င္ ႐ိုက္မည့္အေၾကာင္းအရာကိုႀကိဳေျပာသည္။ ၿပီးေတာ့ အၿပဳံးကမပ်က္။ တပည့္ေတြနဲ႔ခင္မင္မႈကလည္းပုံးစံမပ်က္။ ထို႔ေၾကာင့္ရွမ္းဦးဇင္း႐ုိက္လို႔နာသည့္တိုင္ ဘယ္သူကမွစိတ္ဆိုး တာမရွိၾကဘူး။ ဒီႏွစ္မွာဒုတိယတန္းက စာသင္သား (၁၃)ပါးရွိပါသည္။ တစ္ခါတစ္ေလ ရွမ္းဦးဇင္းကစာသင္ ခန္းထဲမွာ အတည္လိုလို အပ်က္လိုလို မတည္မက်ေျပာတဲ့စကားေတြလည္းရွိသည္။ အဲလိုစကားေတြမိန္႔ၿပီ ဆိုရင္ အားလပ္ခ်ိန္ေတြမွာ စာသင္သားေတြအခ်င္းခ်င္းျပန္ေျပာၾကေလ့ရွိသည္။ တစ္ခါကဆိုရင္ ရွမ္းဦးဇင္း က သမုစၥည္းပိုင္းသင္ရင္း ေမတၱာပို႔သည့္အေၾကာင္းကိုစာဝါမွာစကားစပ္ၿပီးေျပာမိသြားသည္။ ေျပာၿပီးေတာ့ သူသိတဲ့ျဖစ္ရပ္တခ်ိဳ႕ကိုေျပာျပသည္။ ျဖစ္ရပ္တစ္ခုကဆိုရင္ ဆန္းပုံကတစ္မ်ိဳးထပ္ဆန္းတာရွိေသးသည္။ 

“မႏွစ္တုန္းက စည္ကားရပ္ကြက္က အပ်ိဳမေလးတစ္ေယာက္ကို ေစ်းကုန္းကလူပ်ိဳေလးတစ္ ေယာက္က တစ္ဘက္သတ္ႀကိဳက္ေနတာ၊ ႀကိဳက္သာႀကိဳက္တာ စကားမေျပာရဲဘူူး။ မခ်စ္ေသးတဲ့လူေတြ သာ ေလွ်ာက္ေျပာရဲေပမယ့္ တကယ္ခ်စ္တဲ့သူေတြကမေျပာရဲဘူး၊ ဒါကလူငယ္ေတြရဲ႕သဘာဝပဲ။ မေျပာရဲ ေတာ့ဘာလုပ္လဲဆိုေတာ့ သူ႔ကိုျပန္ခ်စ္ေအာင္ဆိုၿပီး ေကာင္ေလးကေမတၱာသုုတ္ကိုအလြတ္က်က္သည္။ ၿပီးေတာ့ဘုရားရွိခိုးလာသည္။ ဘုရားရွိခိုးၿပီးသူခ်စ္ေနတဲ့ေကာင္မေလးကို ရည္မွန္းၿပီး ညတိုင္းလိုလိုေမတၱာ သုတ္ရြတ္ေလသည္။ ေမတၱာပို႔ေလသည္။ ႏွစ္လသုံးလၾကာေတာ့ ေကာင္မေလးကိုစကားစေျပာသည္။ ခင္မင္ၿပီးေတာ့သူ႔အခ်စ္ကိုေျပာျပသည္။ သူတို႔ခ်စ္သြားၾကသည္။ ဒီႏွစ္မွာဘဲ သူတို႔လက္ထပ္သြားၾကတယ္” ဟုမိန္႔ေလသည္။ ဇာတ္လမ္းကိုေတာ့စိတ္ဝင္စားစြာနားေထာင္ၾကသည္။ ဘယ္သူမွလဲေမးခြန္းေတြျပန္မေမး ၾက။ ေက်နပ္တယ္၊ မေက်နပ္ဘူးဆိုုသည့္မ်က္ႏွာလည္း ဘယ္သူမွမျပၾက။ ေသခ်ာတာတစ္ခုကေတာ့ ဟုတ္သလား၊ မဟုတ္သလားဆိုတာကို ဘယ္သူမွမသိလို႔ျဖစ္သည္။ ဘုုန္းႀကီးလည္းခပ္တည္တည္နဲ႔ ေျပာေတာ့ ရီစရာလား၊ အတည္လား ဘယ္သူမွမေဝခြဲႏိုင္ဘူးျဖစ္ေနရွာသည္။ 


“ေဟ့ ရွင္ကဝိဓဇ၊ ရွမ္းဦးဇင္းမိန္႔တဲ့ ေစ်းကုန္းေမတၱာသုုတ္အေၾကာင္းကို အရွင္ဘုရားဘယ္လုိထင္ သလဲ” ရွင္ဝိမလေမးသည္။
“တပည့္ေတာ္လည္း ေတြေဝေနတာ၊ ေမတၱာသုုတ္နဲ႔ကေမတၱာနဲ႔ သူတို႔သမီးရည္းစာကိစၥနဲ႔က ဘာဆိုင္လို႔လဲ၊ ေမတၱာခ်င္းမွမတူတာ” ရွင္ကဝိဓဇ ေျဖသည္။
“ဆိုင္ေအာင္ေတြးရင္ေတာ့ဆိုင္တယ္၊ မဆိုင္ေအာင္ေတြးရင္ေတာ့ မဆိုင္ဘူး” ဟု ရွင္သူရိယဝင္ ေျပာသည္။
“တရားေဟာဦးမလို႔လား” ရွင္ေတေဇာဘာသေျပာသည္။ ရွင္ေတေဇာဘာသေရွ႕မွာ တစ္ခုခုကို ေကာက္ခ်က္မခ်လိုက္နဲ႔ ဓမၼကထိကတင္ေျမွာက္ခံရမည္။
“မဟုတ္မွလြဲေရာ အတန္းထဲမွာ ကိုရင္တစ္ပါးပါးကစိတ္ေဖာက္ေနလို႔၊ ဘုန္းႀကီးကရြက္ေနသလား မသိဘူး”
“ဘာဆိုင္လို႔လဲ၊ ရြက္စရာလား၊ ရြက္စရာကရွားလို႔ ဒီလိုရြက္ပါ့မလား”
“လွ်ပ္တစ္ျပတ္ေျပာရတာမို႔၊ စပ္မိစပ္ရာေျပာမိသြားတာျဖစ္မယ္၊ သိပ္ေတာ့မဆိုင္ပါဘူး၊ ေခါင္းကိုက္ ခံေနလို႔ေကာဘာထူးမလဲ၊ ဘီလူူးေခ်ာင္းထဲကိုပဲေမွ်ာခ်ရမယ္”
ရွင္သူရိယကို ျပန္ေမးၾကသည္။ 


“ရွင္သူရိယ ဘယ္လိုဆိုင္ၿပီး၊ ဘယ္လိုမဆိုင္တာလဲ ေျပာပါဦး”
“သူတို႔အခ်စ္ေတြက ခင္မင္မႈကေနစတာပဲမဟုတ္လား၊ ခင္မင္ဖို႔ကဒီေမတၱာနဲ႔ဆိုင္တာပါပဲေလ”
“ဒီလိုဆိုေတာ့လည္း ဟုတ္သားပဲ”
“မဆိုင္တာကေရာ”
“မဆိုင္တာကေတာ့ ရွင္းေနတာပဲ၊ (၅၂၈) နဲ႔ (၁၅၀၀)က ေမတၱာနဲ႔ကိေလသာပဲေလ”
“ဘုန္းႀကီးက တကယ့္ေမတၱာနဲ႔ လူေတြေျပာတဲ့ေမတၱာကို ေျပာျပခ်င္လို႔ ေမးခြန္းထုတ္ဖို႔လွည့္ကြက္ ဆင္တာ ျဖစ္ေနမလား” ဟု ရွင္ကဝိဓဇက ထင္ျမင္ခ်က္ကိုေျပာသည္။
“ျဖစ္ႏိုင္တယ္၊ ဒီလိုပဲျဖစ္လိမ့္မယ္”
သမုစၥည္းပိုင္း သင္ၾကားခ်က္ထဲမွာ စာခ်ဘုန္းႀကီးေမြးေပးထားတဲ့မီးနဲ႔ ဘီလူးေခ်ာင္းေဘးမွာ ေခါင္းစားေနၾကေလသည္။ အေတြးေတြကေလးနက္သလိုလိုရွိပါသည္။ သို႔ေသာ္ေပါ့ပါးပါသည္။ ေရစီး ေၾကာင္း၏တိုက္စားမႈေအာက္မွာ အေတြးေတြရြက္လြင့္ၾကည့္သည္။ လ်င္ျမန္စြာစီးေမွ်ာေလသည္။ ဘီလူး ေခ်ာင္းနဲ႔အၿပိဳင္ စာသင္တိုက္ေရစီးေၾကာင္းထဲသူတို႔ထပ္စီးေမွ်ာလိိုက္သည္။ ဒီလိုနဲ႔စာေမးပြဲကမ္းစပ္သို႔ နီးသထက္နီးလာေလသည္။ ေခ်ာင္းေဘးကေနသူတို႔ေျပာသည့္စကားေတြကို ေန႔တိုင္းၾကားေနရလို႔ သူတို႔ဘယ္လိုေပ်ာ္ၾကသည္ဆိုသည္ကို ဘီလူးေခ်ာင္းကသိလိမ့္မည္ထင္သည္။ ထိုအေၾကာင္းကို တစ္ေန႔ ေန႔မွာ ဘီလူးေခ်ာင္းကျပန္ေျပာျပလိမ့္မည္လို႔ ယုံၾကည္မိပါသည္။





ဆက္ရန္ 
အရွင္နႏၵိယ(ဖယ္ခုံ)

ဘီလူးချောင်းပြောသောနေ့တစ်နေ့ အခန်း(၂)

ဘီလူးချောင်းပြောသောနေ့တစ်နေ့ အခန်း(၂)

စာသင်သား

စာသင်သားဟူသည် ပညာကိုဆည်းပူးလေ့လာသူတွေပင်ဖြစ်သည်ဟုအကြမ်းဖျဉ်းသတ်မှတ်ကြ လေသည်။ ကံတစ်ရာဖေးမမှုတွေမတူညီလို့ဘဲပြောပြော စာသင်သားအချင်းချင်းမှာလည်း ကွဲပြားသော အခြေအနေများစွာရှိပါသည်။ အထူးသဖြင့် ပရိယတ္တိစာပေသင်ယူကြသည့်စာသင်သားကိုရင်တွေဆိုရင် အများစုကတောအရပ်ကလာသည့်ကလေးများဖြစ်ကြပါသည်။ ထိုကလေးများသည် ရာသီဥတုအခက်အခဲ၊ ပတ်ဝန်းကျင်အခက်အခဲမျိုးစုံကို ခံနိုင်ရည်ရှိကြတာများပါသည်။ ကိုရင်ကဝိဓဇဆိုရင် ကျန်းမာရေးလည်း တောင်တောင်မည်။ အနာစည်းခေါင်းဆိုးသည်ကိုပင်မတွေ့ရသလောက်ပင်ဖြစ်သည်။ ကျန်းမာရေးကောင်း သလိုဉာဏ်ကလည်းကောင်းတယ်။ စိတ်သဘောထားလည်းကောင်းတယ်။ အပြစ်တစ်ခုခုတွေ့ရင်လည်း ရင်ဆိုင်တယ်၊ ခေါင်းမရှောင်ဘူး။ အားလုံးကလည်းလေးစားကြတယ်။ သူကိုတစ်ဦးဦးက အနိုင်ကျင့်တာ အလွန်အကဲစတာ ရန်လာတွေ့တာ သိပ်မရှိဘူး။ လူတိုင်းကလည်းသဘောကျကြတယ်။ 

ကိုရင်သူရိယဆိုရင်ဉာဏ်ကအကောင်းကြီးတော့မဟုတ်ဘူး၊ အသင့်အတင့်။ စာမေးပွဲကျတာ၊ ဒဏ်လုပ်ရတာတွေလည်းသိပ်မရှိဘူး။ သူများကိုစာရှင်းပြတာတွေသိပ်မလုပ်တတ်ဘူး။ သူများကိုတော့ ရန်မရှာတတ်ဘူး၊ ဒါပေမယ့် ဒေါသထွက်လွယ်တယ်။ တစ်ခုခုဆိုရင်စိတ်ညစ်တတ်တယ်။ စိတ်ညစ်ရင် တစ်ပါးတည်းနေတတ်တယ်။ မွေတော်ကျောင်းကြီးရဲ့အရှေ့ဘက်မှာအရိပ်ရပန်းပင်အကြီးတွေရှိတယ်၊ နှင်းဆီပင်တွေလည်းရှိတယ်၊ တစ်ခါတစ်လေစိတ်ညစ်ရင် ပန်းပင်အောက်ကထိုင်ခုံပေါ်ထိုင်ပြီး နှင်းဆီပင် တွေကိုစိုက်ကြည့်တတ်တယ်။ အဝေးကနေကြည့်ရင် နှင်းဆီပင်တွေနဲ့စကားပြောနေသလားထင်ရတယ်။
ရှင်တေဇောဘာသဆိုရင်ခဏခဏဖျားတာတစ်လမှာ နှစ်ခါလား၊ သုံးခါလားဖျားလေ့ရှိတယ်။ သူ့ အတွက်ဆွမ်းစားကျောင်းမှာ ဂိလာနဆွမ်းခဏခဏသွားယူပေးနေရလို့တစ်ခါတစ်လေဆွမ်းစားကျောင်း ဘုန်းကြီးက ဂိလာနဆွမ်းလို့ပြောရင် တေဇောလားလို့ တန်းမေးတာမျိုးနဲ့ ကြုံရတယ်။ မဖျားရရင်မနေနိုင် ဘူးလို့ပြောရလောက်အောင် တစ်ခါတစ်ရံကြံကြံဖန်ဖန် ရှာကြံပြီးဖျားနေတာလို့ထင်မယ်ဆိုလည်းထင်စရာပင်။ 

“ရှင်တေဇောဘာသ ဘာဖြစ်တာလဲဘုရား”
“နေမကောင်းဘူးဘုရား”
“ဖျားနေပြီလား”
“ဖျားနေသလား ဘာလား မသိဘူး နေလို့မကောင်းဘူး”
“ဆွမ်းကောသွားစားနိုင်လား ဆွမ်းစားကျောင်းကို”
“မစားနိုင်လောက်ဘူး ခေါင်းကအရမ်းမူးနေလို့”
“ဘာဖြစ်နေလဲလို့ ဘယ်တုန်းကဖြစ်တာလဲ”
“ဖြစ်တာကတော့ မနေ့ညနေကတည်းက ပေနေကြည့်သေးတယ် ဒီိမနက်အိပ်ရာထတော့ မထနိုင်တော့ဘူး”
“မနေ့ညနေရေချိုးသေးလား”
“မချိုးပါဘူး၊ မနေ့ နှစ်နာရီလောက်တုန်းက ဘုရားစေတီအရှေ့ဘက်မုခ်မှာ ဘုရားပုံတစ်ပုံသွား ယူလိုက်လို့လားမသိဘူး”
“ဘာလို့သွားယူနေတာလဲ၊ ဘာလုပ်မလို့လဲ”
“ပူဇော်ဖို့ပါ၊ တပည့်တော်က အမြဲနေမကောင်းဖြစ်နေလို့၊ အိပ်ရာပေါ်ဘုရားပုံအမြဲပူဇော်ရင် ပိုပြီးနေ ကောင်းမလားလို့ သွားယူတာ”
“ဖြစ်ရလေ၊ ဂုဏ်တော်တွေပွားလိုက်စမ်းပါ”
“တပည့်တော်လည်းသိတာပေါ့၊ မနေ့က ဘုရားပုံတွေ့လို့ ကြံမိကြံရာကြံကြည့်တာပါ”
“ကောင်းလိုက်တဲ့အကြံ၊ နောက်တစ်ခါထပ်ကြံဦး”
အဲဒီနေ့ကလည်း ရှင်သူရိယကဆွမ်းသွားယူပေးလိုက်ပါသည်။ ရှင်တေဇောဘာသက စေတီ တော်ရဲ့အရှေ့ဘက်မုခ်မှာဘုရားပုံပြန်ထားမှာဖြစ်လို့ ပြန်ပြီးတောင်းပန်တဲ့အနေနဲ့ဆီမီးရောသွားပူဇော်မယ် တဲ့၊ ရှင်သူရိယကို နဝကမ္မငါးကျပ်ပေးပြီး မြို့မကအိမ်ဆိုင်တစ်ဆိုင်မှာ ဖယောင်းတိုင်သွားဝယ်ခိုင်းပါသည်။ 

သူရိယကလည်း သူသိပ်မအားဘူးလို့ဆိုပြီးရှင်ကဝိဓဇကိုသွားဝယ်ခိုင်းပါသည်။ ရှင်ကဝိဓဇက တစ်ခါတည်း သွားမဝယ်ဘဲ
“လာပြန်ပြီး၊ ဘုရားကိုအရှင်ဘုရားတို့ဘာတွေလုပ်ဦးမလို့လဲ၊ နတ်စင်ကိုပူဇော်သလိုဖြစ်မနေဘူး လား၊ ဒီလိုလုပ်စရာမလိုပါဘူး” လို့ပြောပြီး မလုပ်ဖို့တားလိုက်သေးသည်။ ရှင်တေဇောဘာသကလည်း “တရားဟောမနေနဲ့ ခဏလေးဘဲသွားဝယ်ရမှာကို ဘာဖြစ်နေတာလဲ” လို့ဆိုပြီး ငြင်းခုံကြသေးသည်။ နောက်ဆုံးတော့ ရှင်တေဇောဘာသအလိုတော်အတိုင်းပင် ရှင်ကဝိဓဇလည်းလိုက်လျှောလိုက်ရလေသည်။
ကိုရင်လေးပါးအဲဒီနေ့ပဲ ရှင်တေဇောဘာသရဲ့ ဆီမီးပူဇော်ပွဲအစီအစဉ်ကို အကောင်အထည်ဖော်ကြ သည်။ ရှင်တေဇောဘာသ၊ ရှင်ကဝိဓဇ၊ ရှင်သူရိယ၊ ရှင်ဝိမလတို့ဖြစ်ပါသည်။ ရှင်ဝိမလကထုံးစံအတိုင်း ပေါက်တတ်ကရတွေပြောလေ့ရှိသည်။ ဆီမီးပူဇော်ပြီးတော့ ရှင်ဝိမလက “ဒီနေ့ဘုရားလည်းကောင်းကောင်း မနေရလောက်ဘူး၊ ရှင်တေဇောဘာသကို ပြန်ကြည့်ဖိုိ့ိနိဗ္ဗာန်ကနေခဏပြန်လာဦးမယ်ထင်တယ်” လို့ဆိုလေ သည်။ အပြန်လမ်းမှာဟာသတွေဖြစ်နဲ့ရီပြီးပြန်လာကြရသည်။ 

“ဒီကိစ္စကဘုရားနဲ့မဆိုင်လောက်ဘူး၊ နတ်ကိုင်တာဖြစ်မယ်”
“ဟုတ်မယ်၊ နတ်တွေအိပ်မက်ပေးတဲ့ခေတ်မဟုတ်တော့ဘူး၊ ကိုင်တဲ့ခေတ်ဖြစ်သွားပြီ”
“ကိုင်တာလည်းသူ့အချိန်နဲ့သူပဲကိုင်နိုင်တာ၊ သီတင်းကျွတ်၊ တန်ဆောင်မုန်းလတွေဆိုရင်သူတို့ မကိုင်နိုင်ဘူး”
“ဘာဖြစ်လို့လဲ”
“ဆီမီးထွန်းပွဲ၊ တန်ဆောင်တိုင်ပွဲရှိတယ်လေ၊ အဲဒီအချိန်တွေဆိုရင် ပူလွန်းလို့ဒီမှာမနေနိုင်ကြဘူး”
“အော် အဲလိုလား၊ အဲဒါဆိုရင် သီတင်းကျွတ်ကျမှ ရှင်တေဇောအတွက်ဘုရားပုံတစ်ပုံယူပေးမယ်”
အပြန်မှာ မျက်နှာမိုးခေါင်လို့ခြောက်ကပ်ကပ်ဖြစ်နေသည့်ရှင်တေဇောဘာသက သီတင်းသုံးဖော် (သူငယ်ချင်း) သုံးပါး၏ ပေါက်တတ်ကရစကားတွေနဲ့ မပြုံးချင်ပြုံးချင်နဲ့ပြုံးရင်းပျော်မိလေသည်။ အဲဒီညမှာ ရှင်တေဇောဘာသရဲ့အဖျားလည်းသက်သာသွားလေသည်။ ဘယ်သူမှအထူးအဆန်းတစ်ခုလိုမမြင်ကြဘူး။ ဆီမီးပူဇော်လို့ ပျောက်သွားတယ်လို့လည်း ဘယ်သူမှမပြောကြဘူး။ တိုက်ဆိုင်လို့ပါ ဆိုသည့်စကားလည်း ဘယ်သူမှမပြောကြဘူး။ ခဏခဏနေမကောင်းဖြစ်ပြီး တစ်ရက်နှစ်ရက်အတွင်း ပျောက်တတ်လေ့ရှိလို့ဖြစ်ပါ သည်။ ထိုအကြောင်းကိုသိရသောအခါ စာသင်ရင်းစာချဘုန်းကြီးက ရှုးကြောင်ကြောင်အလုပ်တွေလုပ်သည် ဟုပြောလေသည်။ ပြောရင်ခံလည်းခံရရုံကလွဲလို့ သူတို့ဘာမှမသတ်နိုင်ပါ။ 

တစ်နေ့ကိုပုံမှန်နှစ်ကြိမ်လောက်ရေချိုးကြသည်၊ မနက်ပိုင်းနေ့ဆွမ်းမဘုန်းပေးမှီနဲ့ ညနေလေးနာရီ ကျော်ကျော် စာအံ့ကျောင်းကဆင်းသည့်အချိန်ဖြစ်သည်။ ဆောင်းရာသီဆိုရင် တစ်နေ့ကိုတစ်ကြိမ်လောက် သာရေကိုသပ္ပါယ်ကြပါသည်။ စာသင်သားကိုရင်တွေကိုတော့ ဘီလူးချောင်းမှာရေချိုးရပါသည်။ ကိုရင်တွေ လည်း ဘီလူးချောင်းမှာဘဲချိုးချင်ကြပါသည်။ ကိုရင်လေးတွေတစ်ချို့ကအဖွဲ့လိုက်ချိုးတတ်သလို တစ်ဦး တည်းချိုးကြသည်လည်းရှိပါသည်။ နှစ်ပါး သို့မဟုတ်သုံးပါး ကွပ်ပျပ်ပေါ်ထိုင်စကားပြောပြီး ရေမကူးဘဲရေ ခွက်နဲ့ခတ်ချိုးကြတာလည်းရှိသည်။ ရေချိုးသည့်အချိန်ဆိုရင် ရေသိမ်အနီးနားတစ်ဝိုင်မှာ ကိုရင်လေးတွေပဲ ပြည့်ကြပ်နေသည်။ ရှင်ကဝိဓဇကရေချိုးရင်အချိန်ဆွဲလေ့မရှိ၊ ခဏလေးနဲ့ပြီးသည်။ ရေထဲလိုက်တမ်းကစား ရင်တောင် အလွန်ဆုံးနာရီဝက်ကျော်လေ့မရှိဘူး။ အကြာဆုံးကရှင်တေဇောဘာသ၊ အပျော်ကလည်းမက် လိုက်တာ ရေကူးနေရရင်အချိန်တွေကုန်လို့ကုန်မှန်းမသိ၊ အတူနေသီတင်းသုံးဖော်တွေ ရေချိုးပြီးလို့သင်္ကန်း တောင်လှဲပြီးနေပြီ သူကရေထဲကမထွက်သေးဘူး။ ရှင်ကဝိဓဇက ခဏခဏသတိပေးသည်။

“ရှင်တေဇောဘာသ ထွက်တော့။ ထပ်ဖျားနေဦးမယ်၊ ဆေးရုံတက်ချင်နေတာလား”
“ထားလိုက်ပါ၊ ခံချင်လည်းနေပေါ့” ရှင်သူရိယကဝင်ပြောသည်။
တကယ်ဖြစ်ရင်တော့ သူတို့လည်းအငြိမ်ိမနေရပါ။ ဆွမ်းယူပေးရ၊ လိုအပ်ရင်ဆေးခန်း လိုက်ပို့ရ၊ တစ်ခါတစ်လေသင်္ကန်းပါလျှော်ပေးရတာတွေရှိသည်။
“ခဏခဏဖျားတာလည်းသူပဲ၊ ကျန်းမာရေးဂရုမစိုက်သည်လည်းသူပဲ၊ ရေအလွန်အကျွံချိုးတာလဲ သူလဲ၊ ညနေအချိန်ရေမချိုးနဲ့ပြောလည်းချိုးနေတာသူပဲ၊ အစားအသောက်မဆင်ခြင်တာလည်းသူပဲ” ရှင်ဝိမ လကဝင်ပြောသည်။
“မဖျားတော့ဘူး စိတ်ချ၊ ဒီအချိန်ကစပြီး ဘယ်တော့မှမဖျားတော့ဘူး” ရှင်တေဇောကသင်္ကန်းလှဲ ရင်းပြောသည်။
“ဘယ်တော့မှမဖျားတော့ဘူးလို့တောင်ပြောနိုင်တာလား”
“ပြောနိုင်တာပေါ့၊ ဒီနေရာမှာလျို့ဝှက်ချက်တစ်ခုရှိတယ်လေ၊ ဒါတွေကိုသိလို့ တပည့်တော်ပြောနိုင် တာ၊ အဲဒါဘာလဲသိလား”
“မသိဘူး၊ ပြောကြည့်လေ”
“ဘီလူးချောင်းကရေနဲ့ချိုးတားဖြစ်လို့၊ ဘီလူးချောင်းရေက ဘယ်တော့မှအဖျားကိုမပေးဘူး၊ ဒါကလျို့ဝှက်ချက်ပဲ”
တစ်ပါးမျက်နှာကို တစ်ပါးကြည့်ကာ ရှင်တေဇောဘာသကိုထားခဲ့ပြီး တက်သွားကြလေသည်။

ဆက်ရန် 
အရှင်နန္ဒိယ(ဖယ်ခုံ) 




ဘီလူးေခ်ာင္းေျပာေသာေန႔တစ္ေန႔ အခန္း(၂)

စာသင္သား

စာသင္သားဟူသည္ ပညာကိုဆည္းပူးေလ့လာသူေတြပင္ျဖစ္သည္ဟုအၾကမ္းဖ်ဥ္းသတ္မွတ္ၾက ေလသည္။ ကံတစ္ရာေဖးမမႈေတြမတူညီလို႔ဘဲေျပာေျပာ စာသင္သားအခ်င္းခ်င္းမွာလည္း ကြဲျပားေသာ အေျခအေနမ်ားစြာရွိပါသည္။ အထူးသျဖင့္ ပရိယတၱိစာေပသင္ယူၾကသည့္စာသင္သားကိုုရင္ေတြဆိုရင္ အမ်ားစုကေတာအရပ္ကလာသည့္ကေလးမ်ားျဖစ္ၾကပါသည္။ ထိုကေလးမ်ားသည္ ရာသီဥတုအခက္အခဲ၊ ပတ္ဝန္းက်င္အခက္အခဲမ်ိဳးစုံကို ခံႏိုင္ရည္ရွိၾကတာမ်ားပါသည္။ ကိုရင္ကဝိဓဇဆိုရင္ က်န္းမာေရးလည္း ေတာင္ေတာင္မည္။ အနာစည္းေခါင္းဆိုးသည္ကိုပင္ မေတြ႔ရသေလာက္ပင္ျဖစ္သည္။ က်န္းမာေရးေကာင္း သလိုဉာဏ္ကလည္းေကာင္းတယ္။ စိတ္သေဘာထားလည္းေကာင္းတယ္။ အျပစ္တစ္ခုခုေတြ႔ရင္လည္း ရင္ဆိုင္တယ္၊ ေခါင္းမေရွာင္ဘူး။ အားလုံးကလည္းေလးစားၾကတယ္။ သူကိုတစ္ဦးဦးက အႏိုင္က်င့္တာ အလြန္အကဲစတာ ရန္လာေတြ႔တာ သိပ္မရွိဘူး။ လူတိုင္းကလည္းသေဘာက်ၾကတယ္။ 

ကိုရင္သူရိယဆိုရင္ဉာဏ္ကအေကာင္းႀကီးေတာ့မဟုတ္ဘူး၊ အသင့္အတင့္။ စာေမးပြဲက်တာ၊ ဒဏ္လုပ္ရတာေတြလည္းသိပ္မရွိဘူး။ သူမ်ားကိုစာရွင္းျပတာေတြသိပ္မလုပ္တတ္ဘူး။ သူမ်ားကိုေတာ့ ရန္မရွာတတ္ဘူး၊ ဒါေပမယ့္ ေဒါသထြက္လြယ္တယ္။ တစ္ခုခုဆိုရင္စိတ္ညစ္တတ္တယ္။ စိတ္ညစ္ရင္ တစ္ပါးတည္းေနတတ္တယ္။ ေမြေတာ္ေက်ာင္းႀကီးရဲ႕အေရွ႕ဘက္မွာအရိပ္ရပန္းပင္အႀကီးေတြရွိတယ္၊ ႏွင္းဆီပင္ေတြလည္းရွိတယ္၊ တစ္ခါတစ္ေလစိတ္ညစ္ရင္ ပန္းပင္ေအာက္ကထိုင္ခုံေပၚထိုင္ၿပီး ႏွင္းဆီပင္ ေတြကိုစိုက္ၾကည့္တတ္တယ္။ အေဝးကေနၾကည့္ရင္ ႏွင္းဆီပင္ေတြနဲ႔စကားေျပာေနသလားထင္ရတယ္။
ရွင္ေတေဇာဘာသဆိုရင္ခဏခဏဖ်ားတာတစ္လမွာ ႏွစ္ခါလား၊ သုံးခါလားဖ်ားေလ့ရွိတယ္။ သူ႔ အတြက္ဆြမ္းစားေက်ာင္းမွာ ဂိလာနဆြမ္းခဏခဏသြားယူေပးေနရလို႔တစ္ခါတစ္ေလဆြမ္းစားေက်ာင္း ဘုန္းႀကီးက ဂိလာနဆြမ္းလို႔ေျပာရင္ ေတေဇာလားလို႔ တန္းေမးတာမ်ိဳးနဲ႔ ႀကဳံရတယ္။ မဖ်ားရရင္မေနႏိုင္ ဘူးလို႔ေျပာရေလာက္ေအာင္ တစ္ခါတစ္ရံႀကံႀကံဖန္ဖန္ ရွာႀကံၿပီးဖ်ားေနတာလို႔ထင္မယ္ဆိုလည္းထင္စရာပင္။ 


“ရွင္ေတေဇာဘာသ ဘာျဖစ္တာလဲဘုရား”
“ေနမေကာင္းဘူးဘုရား”
“ဖ်ားေနၿပီလား”
“ဖ်ားေနသလား ဘာလား မသိဘူး ေနလို႔မေကာင္းဘူး”
“ဆြမ္းေကာသြားစားႏိုင္လား ဆြမ္းစားေက်ာင္းကို”
“မစားႏိုင္ေလာက္ဘူး ေခါင္းကအရမ္းမူးေနလို႔”
“ဘာျဖစ္ေနလဲလို႔ ဘယ္တုန္းကျဖစ္တာလဲ”
“ျဖစ္တာကေတာ့ မေန႔ညေနကတည္းက ေပေနၾကည့္ေသးတယ္ ဒီိမနက္အိပ္ရာထေတာ့ မထႏိုင္ေတာ့ဘူး”
“မေန႔ညေနေရခ်ိဳးေသးလား”
“မခ်ိဳးပါဘူး၊ မေန႔ ႏွစ္နာရီေလာက္တုန္းက ဘုရားေစတီအေရွ႕ဘက္မုခ္မွာ ဘုရားပုံတစ္ပုံသြား ယူလို္က္လို႔လားမသိဘူး”
“ဘာလို႔သြားယူေနတာလဲ၊ ဘာလုပ္မလို႔လဲ”
“ပူေဇာ္ဖို႔ပါ၊ တပည့္ေတာ္က အၿမဲေနမေကာင္းျဖစ္ေနလို႔၊ အိပ္ရာေပၚဘုရားပုံအၿမဲပူေဇာ္ရင္ ပိုၿပီးေန ေကာင္းမလားလို႔ သြားယူတာ”
“ျဖစ္ရေလ၊ ဂုဏ္ေတာ္ေတြပြားလိုက္စမ္းပါ
“တပည့္ေတာ္လည္းသိတာေပါ့၊ မေန႔က ဘုရားပုံေတြ႔လို႔ ႀကံမိႀကံရာႀကံၾကည့္တာပါ”
“ေကာင္းလိုက္တဲ့အႀကံ၊ ေနာက္တစ္ခါထပ္ႀကံဦး”
အဲဒီေန႔ကလည္း ရွင္သူရိယကဆြမ္းသြားယူေပးလိုက္ပါသည္။ ရွင္ေတေဇာဘာသက ေစတီ ေတာ္ရဲ႕အေရွ႕ဘက္မုခ္မွာဘုရားပုံျပန္ထားမွာျဖစ္လို႔ ျပန္ၿပီးေတာင္းပန္တဲ့အေနနဲ႔ဆီမီးေရာသြားပူေဇာ္မယ္ တဲ့၊ ရွင္သူရိယကို နဝကမၼငါးက်ပ္ေပးၿပီး ၿမိဳ႕မကအိမ္ဆိုင္တစ္ဆိုင္မွာ ဖေယာင္းတိုင္သြားဝယ္ခိုင္းပါသည္။ 


သူရိယကလည္း သူသိပ္မအားဘူးလို႔ဆိုၿပီးရွင္ကဝိဓဇကိုသြားဝယ္ခိုင္းပါသည္။ ရွင္ကဝိဓဇက တစ္ခါတည္း သြားမဝယ္ဘဲ
“လာျပန္ၿပီး၊ ဘုရားကိုအရွင္ဘုရားတို႔ဘာေတြလုပ္ဦးမလို႔လဲ၊ နတ္စင္ကိုပူေဇာ္သလိုျဖစ္မေနဘူး လား၊ ဒီလိုလုပ္စရာမလိုပါဘူး” လို႔ေျပာၿပီး မလုပ္ဖို႔တားလိုက္ေသးသည္။ ရွင္ေတေဇာဘာသကလည္း “တရားေဟာမေနနဲ႔ ခဏေလးဘဲသြားဝယ္ရမွာကို ဘာျဖစ္ေနတာလဲ” လို႔ဆိုၿပီး ျငင္းခုံၾကေသးသည္။ ေနာက္ဆုံးေတာ့ ရွင္ေတေဇာဘာသအလိုေတာ္အတိုင္းပင္ ရွင္ကဝိဓဇလည္းလိုက္ေလွ်ာလိုက္ရေလသည္။
ကိုရင္ေလးပါးအဲဒီေန႔ပဲ ရွင္ေတေဇာဘာသရဲ႕ ဆီမီးပူေဇာ္ပဲြအစီအစဥ္ကို အေကာင္အထည္ေဖာ္ၾက သည္။ ရွင္ေတေဇာဘာသ၊ ရွင္ကဝိဓဇ၊ ရွင္သူရိယ၊ ရွင္ဝိမလတို႔ျဖစ္ပါသည္။ ရွင္ဝိမလကထုံးစံအတိုင္း ေပါက္တတ္ကရေတြေျပာေလ့ရွိသည္။ ဆီမီးပူေဇာ္ၿပီးေတာ့ ရွင္ဝိမလက “ဒီေန႔ဘုရားလည္းေကာင္းေကာင္း မေနရေလာက္ဘူး၊ ရွင္ေတေဇာဘာသကို ျပန္ၾကည့္ဖို႔ိိနိဗၺာန္ကေနခဏျပန္လာဦးမယ္ထင္တယ္” လို႔ဆိုေလ သည္။ အျပန္လမ္းမွာဟာသေတြျဖစ္နဲ႔ရီၿပီးျပန္လာၾကရသည္။ 



“ဒီကိစၥကဘုရားနဲ႔မဆိုင္ေလာက္ဘူူး၊ နတ္ကိုင္တာျဖစ္မယ္”
“ဟုတ္မယ္၊ နတ္ေတြအိပ္မက္ေပးတဲ့ေခတ္မဟုတ္ေတာ့ဘူး၊ ကိုင္တဲ့ေခတ္ျဖစ္သြားၿပီ”
“ကိုင္တာလည္းသူ႔အခ်ိန္နဲ႔သူပဲကိုင္ႏိုင္တာ၊ သီတင္းကၽြတ္၊ တန္ေဆာင္မုန္းလေတြဆိုရင္သူတို႔ မကိုင္ႏိုင္ဘူး”
“ဘာျဖစ္လို႔လဲ”
“ဆီမီးထြန္းပြဲ၊ တန္ေဆာင္တိုင္ပြဲရွိတယ္ေလ၊ အဲဒီအခ်ိန္ေတြဆိုရင္ ပူလြန္းလို႔ဒီမွာမေနႏိုင္ၾကဘူး”
“ေအာ္ အဲလိုလား၊ အဲဒါဆိုရင္ သီတင္းကၽြတ္က်မွ ရွင္ေတေဇာအတြက္ဘုရားပုံတစ္ပုံယူေပးမယ္”
အျပန္မွာ မ်က္ႏွာမိုးေခါင္လို႔ေျခာက္ကပ္ကပ္ျဖစ္ေနသည့္ရွင္ေတေဇာဘာသက သီတင္းသုံးေဖာ္ (သူငယ္ခ်င္း) သုံးပါး၏ ေပါက္တတ္ကရစကားေတြနဲ႔ မၿပဳံးခ်င္ၿပဳံးခ်င္နဲ႔ၿပဳံးရင္းေပ်ာ္မိေလသည္။ အဲဒီညမွာ ရွင္ေတေဇာဘာသရဲ႕အဖ်ားလည္းသက္သာသြားေလသည္။ ဘယ္သူမွအထူးအဆန္းတစ္ခုလိုမျမင္ၾကဘူး။ ဆီမီးပူေဇာ္လို႔ ေပ်ာက္သြားတယ္လို႔လည္း ဘယ္သူမွမေျပာၾကဘူး။ တိုက္ဆိုင္လို႔ပါ ဆိုသည့္စကားလည္း ဘယ္သူမွမေျပာၾကဘူး။ ခဏခဏေနမေကာင္းျဖစ္ၿပီး တစ္ရက္ႏွစ္ရက္အတြင္း ေပ်ာက္တတ္ေလ့ရွိလို႔ျဖစ္ပါ သည္။ ထိုအေၾကာင္းကိုသိရေသာအခါ စာသင္ရင္းစာခ်ဘုန္းႀကီးက ႐ႈးေၾကာင္ေၾကာင္အလုပ္ေတြလုပ္သည္ ဟုေျပာေလသည္။ ေျပာရင္ခံလည္းခံရ႐ုံကလြဲလို႔ သူတို႔ဘာမွမသတ္ႏိုင္ပါ။ 


တစ္ေန႔ကိုပုံမွန္ႏွစ္ႀကိမ္ေလာက္ေရခ်ိဳးၾကသည္၊ မနက္ပိုင္းေန႔ဆြမ္းမဘုန္းေပးမွီနဲ႔ ညေနေလးနာရီ ေက်ာ္ေက်ာ္ စာအံ့ေက်ာင္းကဆင္းသည့္အခ်ိန္ျဖစ္သည္။ ေဆာင္းရာသီဆိုရင္ တစ္ေန႔ကိုတစ္ႀကိမ္ေလာက္ သာေရကိုသပၸါယ္ၾကပါသည္။ စာသင္သားကိုရင္ေတြကိုေတာ့ ဘီလူူးေခ်ာင္းမွာေရခ်ိဳးရပါသည္။ ကိုရင္ေတြ လည္း ဘီလူးေခ်ာင္းမွာဘဲခ်ိဳးခ်င္ၾကပါသည္။ ကိုရင္ေလးေတြတစ္ခ်ိဳ႕ကအဖြဲ႔လိုက္ခ်ိဳးတတ္သလို တစ္ဦး တည္းခ်ိဳးၾကသည္လည္းရွိပါသည္။ ႏွစ္ပါး သို႔မဟုတ္သုံးပါး ကြပ္ပ်ပ္ေပၚထိုင္စကားေျပာၿပီး ေရမကူးဘဲေရ ခြက္နဲ႔ခတ္ခ်ိဳးၾကတာလည္းရွိသည္။ ေရခ်ိဳးသည့္အခ်ိန္ဆိုရင္ ေရသိမ္အနီးနားတစ္ဝိုင္မွာ ကိုရင္ေလးေတြပဲ ျပည့္ၾကပ္ေနသည္။ ရွင္ကဝိဓဇကေရခ်ိဳးရင္အခ်ိန္ဆြဲေလ့မရွိ၊ ခဏေလးနဲ႔ၿပီးသည္။ ေရထဲလိုက္တမ္းကစား ရင္ေတာင္ အလြန္ဆုံးနာရီဝက္ေက်ာ္ေလ့မရွိဘူး။ အၾကာဆုံးကရွင္ေတေဇာဘာသ၊ အေပ်ာ္ကလည္းမက္ လိုက္တာ ေရကူးေနရရင္အခ်ိန္ေတြကုန္လို႔ကုန္မွန္းမသိ၊ အတူေနသီတင္းသုံးေဖာ္ေတြ ေရခ်ိဳးၿပီးလို႔သကၤန္း ေတာင္လွဲၿပီးေနၿပီ သူကေရထဲကမထြက္ေသးဘူး။ ရွင္ကဝိဓဇက ခဏခဏသတိေပးသည္။


“ရွင္ေတေဇာဘာသ ထြက္ေတာ့။ ထပ္ဖ်ားေနဦးမယ္၊ ေဆး႐ုံတက္ခ်င္ေနတာလား”
“ထားလိုက္ပါ၊ ခံခ်င္လည္းေနေပါ့” ရွင္သူရိယကဝင္ေျပာသည္။
တကယ္ျဖစ္ရင္ေတာ့ သူတို႔လည္းအၿငိမ္ိမေနရပါ။ ဆြမ္းယူေပးရ၊ လိုအပ္ရင္ေဆးခန္း လိုက္ပို႔ရ၊ တစ္ခါတစ္ေလသကၤန္းပါေလွ်ာ္ေပးရတာေတြရွိသည္။
“ခဏခဏဖ်ားတာလည္းသူပဲ၊ က်န္းမာေရးဂ႐ုမစိုက္သည္လည္းသူပဲ၊ ေရအလြန္အကၽြံခ်ိဳးတာလဲ သူလဲ၊ ညေနအခ်ိန္ေရမခ်ိဳးနဲ႕ေျပာလည္းခ်ိဳးေနတာသူပဲ၊ အစားအေသာက္မဆင္ျခင္တာလည္းသူပဲ” ရွင္ဝိမ လကဝင္ေျပာသည္။
“မဖ်ားေတာ့ဘူး စိတ္ခ်၊ ဒီအခ်ိန္ကစၿပီး ဘယ္ေတာ့မွမဖ်ားေတာ့ဘူး” ရွင္ေတေဇာကသကၤန္းလွဲ ရင္းေျပာသည္။
“ဘယ္ေတာ့မွမဖ်ားေတာ့ဘူးလို႔ေတာင္ေျပာႏိုင္တာလား”
“ေျပာႏိုင္တာေပါ့၊ ဒီေနရာမွာလ်ိဳ႕ဝွက္ခ်က္တစ္ခုရွိတယ္ေလ၊ ဒါေတြကိုသိလို႔ တပည့္ေတာ္ေျပာႏုိင္ တာ၊ အဲဒါဘာလဲသိလား”
“မသိဘူး၊ ေျပာၾကည့္ေလ”
“ဘီလူးေခ်ာင္းကေရနဲ႔ခ်ိဳးတားျဖစ္လို႔၊ ဘီလူးေခ်ာင္းေရက ဘယ္ေတာ့မွအဖ်ားကိုမေပးဘူး၊ ဒါကလ်ိဳ႕ဝွက္ခ်က္ပဲ”
တစ္ပါးမ်က္ႏွာကို တစ္ပါးၾကည့္ကာ ရွင္ေတေဇာဘာသကိုထားခဲ့ၿပီး တက္သြားၾကေလသည္။





ဆက္ရန္ 
အရွင္နႏၵိယ(ဖယ္ခုံ)