Sunday, September 30, 2018

ဘီလူးချောင်းပြောသောနေ့တစ်နေ့ အခန်း(၃)

ဘီလူးချောင်းပြောသောနေ့တစ်နေ့ အခန်း(၃)

စာသင်တိုက်

စာသင်တိုက်လို့ပြောရင် စာအံ့ကျောင်းထဲမှာချထားပေးသည့်နေရာမှာညီညာစွာ စာကျက်နေသည့် စာသင်သားတွေကိုမြင်ယောင်နေပါသည်။ အချိန်က ၁၃၆၁-ခုနှစ်မို့ ရှင်ကဝိဓဇ၊ ရှင်ဝိမလ၊ ရှင်တေဇောဘာ သတို့က မွေတော်ကျောင်းမှာနောက်ဆုံးနှစ်ဖြစ်မည်ဆိုတာကို သူတို့ကိုယ်တိုင်လည်းကြိုမသိခဲ့ကြဘူး။ တစ် ကျောင်းလုံးပေါင်းမှ သံဃာတော်အရေအတွက်ကငါးဆယ်လောက်သာရှိသည့်အတွက် တစ်ကျောင်းလုံးသိ ကြ၊ ခင်ကြပေမယ့်ဒီနှစ်မှာတော့သူတို့လေးပါးကအမြဲလိုလိုတတွဲတွဲဖြစ်လေ့ရှိပါသည်။ အသက်ကလည်းတူ၊ အတန်းကလည်းတူ၊ စာစိတ်ဝင်စားတဲ့ဝါသနာတွေကလည်းတူနေကြသည်ဖြစ်လို့ဖြစ်ပါသည်။ 

အသက်က(၁၃)နှစ်၊ အတန်းက ဒုတိယတန်း။ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တွေမှာအခြေခံစာကို သင်ပေးသည့်ပုံစံက အောက်ပြည်ကသင်တဲ့ပုံစံအနည်းငယ်ကွဲပြားပါသည်။ အောက်ပြည်တွေမှာသင်တဲ့ပုံစံ က ပထမအငယ်တန်းကိုမတက်ခင် အခြေပြုမူလတန်းသင်ရပါသည်။ အချို့သောကျောင်းတိုက်တွေမှာ အခြေပြုမူလတန်းစာမနိုင်သည့်ကလေးတွေအတွက် မူကြိုတန်းဆိုသည့်အတန်းကိုသင်ရပါသည်။ ရှမ်းပြည် ကယားပြည်တွေမှာက အခြေပြုမူလတန်းစာကိုဘဲသုံးတန်းခွဲလိုက်ပါသည်။ ၎င်းကိုပင် မူလတန်း၊ ပထမ တန်း၊ ဒုတိယတန်းလို့ သုံးတန်းခွဲလိုက်ပါသည်။ သို့သော် ပြည်နယ်အလိုက်မူလတန်းမှာ အခြေခံကျမည် လိုအပ်မည်ထင်သည့်စာတွေထပ်ဖြည့်ကြတာရှိပါသည်။ တချို့ပြည်နယ်တွေမှာ ပရိတ်ကြီး၊ တချို့ကသိင်္ဂါ လောဝါဒ၊ တချို့ကလောကနီတိစသည်ဖြည့်စွက်ကြပါသည်။ မွေတော်ကျောင်းမှာနေတာသုံးနှစ်ရှိပြီမို့ ရှင်ကဝိဓဇတို့အဖွဲ့က ဒုတိယတန်းရောက်နေပြီ၊ အခြေပြုမူလတန်းဆိုသည့် အစိုးရစာမေးပွဲကိုဝင်ပြီးဖြေဆို ရမည့်နှစ်လည်းဖြစ်ပါသည်။ အဲဒီအချိန်ကမွေတော်ကျောင်းမှာ အတန်းကလည်းလေးတန်းပဲရှိပါသည်။ 

စာချ ဘုန်းကြီးလည်းလေးပါးရှိပါသည်။ မူလတန်းစာချဘုန်းကြီးက ဦးဝဏ္ဏပါလ၊ ပထမတန်းစာချဘုန်းကြီးက ဦးဣန္ဒာစက္က၊ ဒုတိယတန်းစာချဘုန်းကြီးက ဦးစရဏ၊ အငယ်တန်းစာချဘုန်းကြီးက ဆရာတော်ပင်ဖြစ်ပါ သည်။ ဒုတိယတန်းဖြစ်သည့်အတွက် ဒီနှစ်ဦးစရဏဆီမှာ စာလိုက်ကြရပါသည်။ ဦးစရဏကရှမ်းလူမျိုးဖြစ် လို့ “ရှမ်းဦိးဇင်း”လို့ပဲတစ်ကျောင်းလုံးကအလွယ်ခေါ်ကြလေသည်။ ရှမ်းဦးဇင်းလည်း တစ်ခါတစ်လေစာမရ ရင် ရိုက်တတ်သည်။ သူရိုက်လျှင် ရိုက်မည့်အကြောင်းအရာကိုကြိုပြောသည်။ ပြီးတော့ အပြုံးကမပျက်။ တပည့်တွေနဲ့ခင်မင်မှုကလည်းပုံးစံမပျက်။ ထို့ကြောင့်ရှမ်းဦးဇင်းရိုက်လို့နာသည့်တိုင် ဘယ်သူကမှစိတ်ဆိုး တာမရှိကြဘူး။ ဒီနှစ်မှာဒုတိယတန်းက စာသင်သား (၁၃)ပါးရှိပါသည်။ တစ်ခါတစ်လေ ရှမ်းဦးဇင်းကစာသင် ခန်းထဲမှာ အတည်လိုလို အပျက်လိုလို မတည်မကျပြောတဲ့စကားတွေလည်းရှိသည်။ အဲလိုစကားတွေမိန့်ပြီ ဆိုရင် အားလပ်ချိန်တွေမှာ စာသင်သားတွေအချင်းချင်းပြန်ပြောကြလေ့ရှိသည်။ တစ်ခါကဆိုရင် ရှမ်းဦးဇင်း က သမုစ္စည်းပိုင်းသင်ရင်း မေတ္တာပို့သည့်အကြောင်းကိုစာဝါမှာစကားစပ်ပြီးပြောမိသွားသည်။ ပြောပြီးတော့ သူသိတဲ့ဖြစ်ရပ်တချို့ကိုပြောပြသည်။ ဖြစ်ရပ်တစ်ခုကဆိုရင် ဆန်းပုံကတစ်မျိုးထပ်ဆန်းတာရှိသေးသည်။ 

“မနှစ်တုန်းက စည်ကားရပ်ကွက်က အပျိုမလေးတစ်ယောက်ကို စျေးကုန်းကလူပျိုလေးတစ် ယောက်က တစ်ဘက်သတ်ကြိုက်နေတာ၊ ကြိုက်သာကြိုက်တာ စကားမပြောရဲဘူး။ မချစ်သေးတဲ့လူတွေ သာ လျှောက်ပြောရဲပေမယ့် တကယ်ချစ်တဲ့သူတွေကမပြောရဲဘူး၊ ဒါကလူငယ်တွေရဲ့သဘာဝပဲ။ မပြောရဲ တော့ဘာလုပ်လဲဆိုတော့ သူ့ကိုပြန်ချစ်အောင်ဆိုပြီး ကောင်လေးကမေတ္တာသုတ်ကိုအလွတ်ကျက်သည်။ ပြီးတော့ဘုရားရှိခိုးလာသည်။ ဘုရားရှိခိုးပြီးသူချစ်နေတဲ့ကောင်မလေးကို ရည်မှန်းပြီး ညတိုင်းလိုလိုမေတ္တာ သုတ်ရွတ်လေသည်။ မေတ္တာပို့လေသည်။ နှစ်လသုံးလကြာတော့ ကောင်မလေးကိုစကားစပြောသည်။ ခင်မင်ပြီးတော့သူ့အချစ်ကိုပြောပြသည်။ သူတို့ချစ်သွားကြသည်။ ဒီနှစ်မှာဘဲ သူတို့လက်ထပ်သွားကြတယ်” ဟုမိန့်လေသည်။ ဇာတ်လမ်းကိုတော့စိတ်ဝင်စားစွာနားထောင်ကြသည်။ ဘယ်သူမှလဲမေးခွန်းတွေပြန်မမေး ကြ။ ကျေနပ်တယ်၊ မကျေနပ်ဘူးဆိုသည့်မျက်နှာလည်း ဘယ်သူမှမပြကြ။ သေချာတာတစ်ခုကတော့ ဟုတ်သလား၊ မဟုတ်သလားဆိုတာကို ဘယ်သူမှမသိလို့ဖြစ်သည်။ ဘုန်းကြီးလည်းခပ်တည်တည်နဲ့ ပြောတော့ ရီစရာလား၊ အတည်လား ဘယ်သူမှမဝေခွဲနိုင်ဘူးဖြစ်နေရှာသည်။ 

“ဟေ့ ရှင်ကဝိဓဇ၊ ရှမ်းဦးဇင်းမိန့်တဲ့ စျေးကုန်းမေတ္တာသုတ်အကြောင်းကို အရှင်ဘုရားဘယ်လိုထင် သလဲ” ရှင်ဝိမလမေးသည်။
“တပည့်တော်လည်း တွေဝေနေတာ၊ မေတ္တာသုတ်နဲ့ကမေတ္တာနဲ့ သူတို့သမီးရည်းစာကိစ္စနဲ့က ဘာဆိုင်လို့လဲ၊ မေတ္တာချင်းမှမတူတာ” ရှင်ကဝိဓဇ ဖြေသည်။
“ဆိုင်အောင်တွေးရင်တော့ဆိုင်တယ်၊ မဆိုင်အောင်တွေးရင်တော့ မဆိုင်ဘူး” ဟု ရှင်သူရိယဝင် ပြောသည်။
“တရားဟောဦးမလို့လား” ရှင်တေဇောဘာသပြောသည်။ ရှင်တေဇောဘာသရှေ့မှာ တစ်ခုခုကို ကောက်ချက်မချလိုက်နဲ့ ဓမ္မကထိကတင်မြှောက်ခံရမည်။
“မဟုတ်မှလွဲရော အတန်းထဲမှာ ကိုရင်တစ်ပါးပါးကစိတ်ဖောက်နေလို့၊ ဘုန်းကြီးကရွက်နေသလား မသိဘူး”
“ဘာဆိုင်လို့လဲ၊ ရွက်စရာလား၊ ရွက်စရာကရှားလို့ ဒီလိုရွက်ပါ့မလား”
“လျှပ်တစ်ပြတ်ပြောရတာမို့၊ စပ်မိစပ်ရာပြောမိသွားတာဖြစ်မယ်၊ သိပ်တော့မဆိုင်ပါဘူး၊ ခေါင်းကိုက် ခံနေလို့ကောဘာထူးမလဲ၊ ဘီလူးချောင်းထဲကိုပဲမျှောချရမယ်”
ရှင်သူရိယကို ပြန်မေးကြသည်။ 

“ရှင်သူရိယ ဘယ်လိုဆိုင်ပြီး၊ ဘယ်လိုမဆိုင်တာလဲ ပြောပါဦး”
“သူတို့အချစ်တွေက ခင်မင်မှုကနေစတာပဲမဟုတ်လား၊ ခင်မင်ဖို့ကဒီမေတ္တာနဲ့ဆိုင်တာပါပဲလေ”
“ဒီလိုဆိုတော့လည်း ဟုတ်သားပဲ”
“မဆိုင်တာကရော”
“မဆိုင်တာကတော့ ရှင်းနေတာပဲ၊ (၅၂၈) နဲ့ (၁၅၀၀)က မေတ္တာနဲ့ကိလေသာပဲလေ”
“ဘုန်းကြီးက တကယ့်မေတ္တာနဲ့ လူတွေပြောတဲ့မေတ္တာကို ပြောပြချင်လို့ မေးခွန်းထုတ်ဖို့လှည့်ကွက် ဆင်တာ ဖြစ်နေမလား” ဟု ရှင်ကဝိဓဇက ထင်မြင်ချက်ကိုပြောသည်။
“ဖြစ်နိုင်တယ်၊ ဒီလိုပဲဖြစ်လိမ့်မယ်”
သမုစ္စည်းပိုင်း သင်ကြားချက်ထဲမှာ စာချဘုန်းကြီးမွေးပေးထားတဲ့မီးနဲ့ ဘီလူးချောင်းဘေးမှာ ခေါင်းစားနေကြလေသည်။ အတွေးတွေကလေးနက်သလိုလိုရှိပါသည်။ သို့သော်ပေါ့ပါးပါသည်။ ရေစီး ကြောင်း၏တိုက်စားမှုအောက်မှာ အတွေးတွေရွက်လွင့်ကြည့်သည်။ လျင်မြန်စွာစီးမျှောလေသည်။ ဘီလူး ချောင်းနဲ့အပြိုင် စာသင်တိုက်ရေစီးကြောင်းထဲသူတို့ထပ်စီးမျှောလိုက်သည်။ ဒီလိုနဲ့စာမေးပွဲကမ်းစပ်သို့ နီးသထက်နီးလာလေသည်။ ချောင်းဘေးကနေသူတို့ပြောသည့်စကားတွေကို နေ့တိုင်းကြားနေရလို့ သူတို့ဘယ်လိုပျော်ကြသည်ဆိုသည်ကို ဘီလူးချောင်းကသိလိမ့်မည်ထင်သည်။ ထိုအကြောင်းကို တစ်နေ့ နေ့မှာ ဘီလူးချောင်းကပြန်ပြောပြလိမ့်မည်လို့ ယုံကြည်မိပါသည်။

ဆက်ရန် 
အရှင်နန္ဒိယ(ဖယ်ခုံ




ဘီလူးေခ်ာင္းေျပာေသာေန႔တစ္ေန႔ အခန္း(၃)

စာသင္တိုက္

စာသင္္တိုက္လို႔ေျပာရင္ စာအံ့ေက်ာင္းထဲမွာခ်ထားေပးသည့္ေနရာမွာညီညာစြာ စာက်က္ေနသည့္ စာသင္သားေတြကိုျမင္ေယာင္ေနပါသည္။ အခ်ိန္က ၁၃၆၁-ခုုႏွစ္မို႔ ရွင္ကဝိဓဇ၊ ရွင္ဝိမလ၊ ရွင္ေတေဇာဘာ သတို႔က ေမြေတာ္ေက်ာင္းမွာေနာက္ဆုံးႏွစ္ျဖစ္မည္ဆိုတာကို သူတို႔ကိုယ္တိုင္လည္းႀကိဳမသိခဲ့ၾကဘူး။ တစ္ ေက်ာင္းလုံးေပါင္းမွ သံဃာေတာ္အေရအတြက္ကငါးဆယ္ေလာက္သာရွိသည့္အတြက္ တစ္ေက်ာင္းလုံးသိ ၾက၊ ခင္ၾကေပမယ့္ဒီႏွစ္မွာေတာ့သူတို႔ေလးပါးကအၿမဲလိုလိုတတြဲတြဲျဖစ္ေလ့ရွိပါသည္။ အသက္ကလည္းတူ၊ အတန္းကလည္းတူ၊ စာစိတ္ဝင္စားတဲ့ဝါသနာေတြကလည္းတူေနၾကသည္ျဖစ္လို႔ျဖစ္ပါသည္။ 

အသက္က(၁၃)ႏွစ္၊ အတန္းက ဒုတိယတန္း။ ရွမ္းျပည္နယ္၊ ကယားျပည္နယ္ေတြမွာအေျခခံစာကို သင္ေပးသည့္ပုံစံက ေအာက္ျပည္ကသင္တဲ့ပုံစံအနည္းငယ္ကြဲျပားပါသည္။ ေအာက္ျပည္ေတြမွာသင္တဲ့ပုံစံ က ပထမအငယ္တန္းကိုမတက္ခင္ အေျချပဳမူလတန္းသင္ရပါသည္။ အခ်ိဳ႕ေသာေက်ာင္းတိုက္ေတြမွာ အေျချပဳမူလတန္းစာမႏိုင္သည့္ကေလးေတြအတြက္ မူႀကိဳတန္းဆိုသည့္အတန္းကိုသင္ရပါသည္။ ရွမ္းျပည္ ကယားျပည္ေတြမွာက အေျချပဳမူလတန္းစာကိုဘဲသုံးတန္းခြဲလုိက္ပါသည္။ ၎ကိုပင္ မူလတန္း၊ ပထမ တန္း၊ ဒုတိယတန္းလို႔ သုံးတန္းခြဲလုိက္ပါသည္။ သို႔ေသာ္ ျပည္နယ္အလိုက္မူလတန္းမွာ အေျခခံက်မည္ လိုအပ္မည္ထင္သည့္စာေတြထပ္ျဖည့္ၾကတာရွိပါသည္။ တခ်ိဳ႕ျပည္နယ္ေတြမွာ ပရိတ္ႀကီး၊ တခ်ိဳ႕ကသိဂၤါ ေလာဝါဒ၊ တခ်ိဳ႕ကေလာကနီတိစသည္ျဖည့္စြက္ၾကပါသည္။ ေမြေတာ္ေက်ာင္းမွာေနတာသုံးႏွစ္ရွိၿပီမို႔ ရွင္ကဝိဓဇတို႔အဖြဲ႕က ဒုတိယတန္းေရာက္ေနၿပီ၊ အေျချပဳမူလတန္းဆိုသည့္ အစိုးရစာေမးပြဲကိုဝင္ၿပီးေျဖဆို ရမည့္ႏွစ္လည္းျဖစ္ပါသည္။ အဲဒီအခ်ိန္ကေမြေတာ္ေက်ာင္းမွာ အတန္းကလည္းေလးတန္းပဲရွိပါသည္။ 


စာခ် ဘုန္းႀကီးလည္းေလးပါးရွိပါသည္။ မူလတန္းစာခ်ဘုန္းႀကီးက ဦးဝဏၰပါလ၊ ပထမတန္းစာခ်ဘုန္းႀကီးက ဦးဣႏၵာစကၠ၊ ဒုတိယတန္းစာခ်ဘုန္းႀကီးက ဦးစရဏ၊ အငယ္တန္းစာခ်ဘုန္းႀကီးက ဆရာေတာ္ပင္ျဖစ္ပါ သည္။ ဒုတိယတန္းျဖစ္သည့္အတြက္ ဒီႏွစ္ဦးစရဏဆီမွာ စာလိုက္ၾကရပါသည္။ ဦးစရဏကရွမ္းလူမ်ိဳးျဖစ္ လို႔ “ရွမ္းဦိးဇင္း”လို႔ပဲတစ္ေက်ာင္းလုံးကအလြယ္ေခၚၾကေလသည္။ ရွမ္းဦးဇင္းလည္း တစ္ခါတစ္ေလစာမရ ရင္ ႐ုိက္တတ္သည္။ သူ႐ိုက္လွ်င္ ႐ိုက္မည့္အေၾကာင္းအရာကိုႀကိဳေျပာသည္။ ၿပီးေတာ့ အၿပဳံးကမပ်က္။ တပည့္ေတြနဲ႔ခင္မင္မႈကလည္းပုံးစံမပ်က္။ ထို႔ေၾကာင့္ရွမ္းဦးဇင္း႐ုိက္လို႔နာသည့္တိုင္ ဘယ္သူကမွစိတ္ဆိုး တာမရွိၾကဘူး။ ဒီႏွစ္မွာဒုတိယတန္းက စာသင္သား (၁၃)ပါးရွိပါသည္။ တစ္ခါတစ္ေလ ရွမ္းဦးဇင္းကစာသင္ ခန္းထဲမွာ အတည္လိုလို အပ်က္လိုလို မတည္မက်ေျပာတဲ့စကားေတြလည္းရွိသည္။ အဲလိုစကားေတြမိန္႔ၿပီ ဆိုရင္ အားလပ္ခ်ိန္ေတြမွာ စာသင္သားေတြအခ်င္းခ်င္းျပန္ေျပာၾကေလ့ရွိသည္။ တစ္ခါကဆိုရင္ ရွမ္းဦးဇင္း က သမုစၥည္းပိုင္းသင္ရင္း ေမတၱာပို႔သည့္အေၾကာင္းကိုစာဝါမွာစကားစပ္ၿပီးေျပာမိသြားသည္။ ေျပာၿပီးေတာ့ သူသိတဲ့ျဖစ္ရပ္တခ်ိဳ႕ကိုေျပာျပသည္။ ျဖစ္ရပ္တစ္ခုကဆိုရင္ ဆန္းပုံကတစ္မ်ိဳးထပ္ဆန္းတာရွိေသးသည္။ 

“မႏွစ္တုန္းက စည္ကားရပ္ကြက္က အပ်ိဳမေလးတစ္ေယာက္ကို ေစ်းကုန္းကလူပ်ိဳေလးတစ္ ေယာက္က တစ္ဘက္သတ္ႀကိဳက္ေနတာ၊ ႀကိဳက္သာႀကိဳက္တာ စကားမေျပာရဲဘူူး။ မခ်စ္ေသးတဲ့လူေတြ သာ ေလွ်ာက္ေျပာရဲေပမယ့္ တကယ္ခ်စ္တဲ့သူေတြကမေျပာရဲဘူး၊ ဒါကလူငယ္ေတြရဲ႕သဘာဝပဲ။ မေျပာရဲ ေတာ့ဘာလုပ္လဲဆိုေတာ့ သူ႔ကိုျပန္ခ်စ္ေအာင္ဆိုၿပီး ေကာင္ေလးကေမတၱာသုုတ္ကိုအလြတ္က်က္သည္။ ၿပီးေတာ့ဘုရားရွိခိုးလာသည္။ ဘုရားရွိခိုးၿပီးသူခ်စ္ေနတဲ့ေကာင္မေလးကို ရည္မွန္းၿပီး ညတိုင္းလိုလိုေမတၱာ သုတ္ရြတ္ေလသည္။ ေမတၱာပို႔ေလသည္။ ႏွစ္လသုံးလၾကာေတာ့ ေကာင္မေလးကိုစကားစေျပာသည္။ ခင္မင္ၿပီးေတာ့သူ႔အခ်စ္ကိုေျပာျပသည္။ သူတို႔ခ်စ္သြားၾကသည္။ ဒီႏွစ္မွာဘဲ သူတို႔လက္ထပ္သြားၾကတယ္” ဟုမိန္႔ေလသည္။ ဇာတ္လမ္းကိုေတာ့စိတ္ဝင္စားစြာနားေထာင္ၾကသည္။ ဘယ္သူမွလဲေမးခြန္းေတြျပန္မေမး ၾက။ ေက်နပ္တယ္၊ မေက်နပ္ဘူးဆိုုသည့္မ်က္ႏွာလည္း ဘယ္သူမွမျပၾက။ ေသခ်ာတာတစ္ခုကေတာ့ ဟုတ္သလား၊ မဟုတ္သလားဆိုတာကို ဘယ္သူမွမသိလို႔ျဖစ္သည္။ ဘုုန္းႀကီးလည္းခပ္တည္တည္နဲ႔ ေျပာေတာ့ ရီစရာလား၊ အတည္လား ဘယ္သူမွမေဝခြဲႏိုင္ဘူးျဖစ္ေနရွာသည္။ 


“ေဟ့ ရွင္ကဝိဓဇ၊ ရွမ္းဦးဇင္းမိန္႔တဲ့ ေစ်းကုန္းေမတၱာသုုတ္အေၾကာင္းကို အရွင္ဘုရားဘယ္လုိထင္ သလဲ” ရွင္ဝိမလေမးသည္။
“တပည့္ေတာ္လည္း ေတြေဝေနတာ၊ ေမတၱာသုုတ္နဲ႔ကေမတၱာနဲ႔ သူတို႔သမီးရည္းစာကိစၥနဲ႔က ဘာဆိုင္လို႔လဲ၊ ေမတၱာခ်င္းမွမတူတာ” ရွင္ကဝိဓဇ ေျဖသည္။
“ဆိုင္ေအာင္ေတြးရင္ေတာ့ဆိုင္တယ္၊ မဆိုင္ေအာင္ေတြးရင္ေတာ့ မဆိုင္ဘူး” ဟု ရွင္သူရိယဝင္ ေျပာသည္။
“တရားေဟာဦးမလို႔လား” ရွင္ေတေဇာဘာသေျပာသည္။ ရွင္ေတေဇာဘာသေရွ႕မွာ တစ္ခုခုကို ေကာက္ခ်က္မခ်လိုက္နဲ႔ ဓမၼကထိကတင္ေျမွာက္ခံရမည္။
“မဟုတ္မွလြဲေရာ အတန္းထဲမွာ ကိုရင္တစ္ပါးပါးကစိတ္ေဖာက္ေနလို႔၊ ဘုန္းႀကီးကရြက္ေနသလား မသိဘူး”
“ဘာဆိုင္လို႔လဲ၊ ရြက္စရာလား၊ ရြက္စရာကရွားလို႔ ဒီလိုရြက္ပါ့မလား”
“လွ်ပ္တစ္ျပတ္ေျပာရတာမို႔၊ စပ္မိစပ္ရာေျပာမိသြားတာျဖစ္မယ္၊ သိပ္ေတာ့မဆိုင္ပါဘူး၊ ေခါင္းကိုက္ ခံေနလို႔ေကာဘာထူးမလဲ၊ ဘီလူူးေခ်ာင္းထဲကိုပဲေမွ်ာခ်ရမယ္”
ရွင္သူရိယကို ျပန္ေမးၾကသည္။ 


“ရွင္သူရိယ ဘယ္လိုဆိုင္ၿပီး၊ ဘယ္လိုမဆိုင္တာလဲ ေျပာပါဦး”
“သူတို႔အခ်စ္ေတြက ခင္မင္မႈကေနစတာပဲမဟုတ္လား၊ ခင္မင္ဖို႔ကဒီေမတၱာနဲ႔ဆိုင္တာပါပဲေလ”
“ဒီလိုဆိုေတာ့လည္း ဟုတ္သားပဲ”
“မဆိုင္တာကေရာ”
“မဆိုင္တာကေတာ့ ရွင္းေနတာပဲ၊ (၅၂၈) နဲ႔ (၁၅၀၀)က ေမတၱာနဲ႔ကိေလသာပဲေလ”
“ဘုန္းႀကီးက တကယ့္ေမတၱာနဲ႔ လူေတြေျပာတဲ့ေမတၱာကို ေျပာျပခ်င္လို႔ ေမးခြန္းထုတ္ဖို႔လွည့္ကြက္ ဆင္တာ ျဖစ္ေနမလား” ဟု ရွင္ကဝိဓဇက ထင္ျမင္ခ်က္ကိုေျပာသည္။
“ျဖစ္ႏိုင္တယ္၊ ဒီလိုပဲျဖစ္လိမ့္မယ္”
သမုစၥည္းပိုင္း သင္ၾကားခ်က္ထဲမွာ စာခ်ဘုန္းႀကီးေမြးေပးထားတဲ့မီးနဲ႔ ဘီလူးေခ်ာင္းေဘးမွာ ေခါင္းစားေနၾကေလသည္။ အေတြးေတြကေလးနက္သလိုလိုရွိပါသည္။ သို႔ေသာ္ေပါ့ပါးပါသည္။ ေရစီး ေၾကာင္း၏တိုက္စားမႈေအာက္မွာ အေတြးေတြရြက္လြင့္ၾကည့္သည္။ လ်င္ျမန္စြာစီးေမွ်ာေလသည္။ ဘီလူး ေခ်ာင္းနဲ႔အၿပိဳင္ စာသင္တိုက္ေရစီးေၾကာင္းထဲသူတို႔ထပ္စီးေမွ်ာလိိုက္သည္။ ဒီလိုနဲ႔စာေမးပြဲကမ္းစပ္သို႔ နီးသထက္နီးလာေလသည္။ ေခ်ာင္းေဘးကေနသူတို႔ေျပာသည့္စကားေတြကို ေန႔တိုင္းၾကားေနရလို႔ သူတို႔ဘယ္လိုေပ်ာ္ၾကသည္ဆိုသည္ကို ဘီလူးေခ်ာင္းကသိလိမ့္မည္ထင္သည္။ ထိုအေၾကာင္းကို တစ္ေန႔ ေန႔မွာ ဘီလူးေခ်ာင္းကျပန္ေျပာျပလိမ့္မည္လို႔ ယုံၾကည္မိပါသည္။





ဆက္ရန္ 
အရွင္နႏၵိယ(ဖယ္ခုံ)

ဘီလူးချောင်းပြောသောနေ့တစ်နေ့ အခန်း(၂)

ဘီလူးချောင်းပြောသောနေ့တစ်နေ့ အခန်း(၂)

စာသင်သား

စာသင်သားဟူသည် ပညာကိုဆည်းပူးလေ့လာသူတွေပင်ဖြစ်သည်ဟုအကြမ်းဖျဉ်းသတ်မှတ်ကြ လေသည်။ ကံတစ်ရာဖေးမမှုတွေမတူညီလို့ဘဲပြောပြော စာသင်သားအချင်းချင်းမှာလည်း ကွဲပြားသော အခြေအနေများစွာရှိပါသည်။ အထူးသဖြင့် ပရိယတ္တိစာပေသင်ယူကြသည့်စာသင်သားကိုရင်တွေဆိုရင် အများစုကတောအရပ်ကလာသည့်ကလေးများဖြစ်ကြပါသည်။ ထိုကလေးများသည် ရာသီဥတုအခက်အခဲ၊ ပတ်ဝန်းကျင်အခက်အခဲမျိုးစုံကို ခံနိုင်ရည်ရှိကြတာများပါသည်။ ကိုရင်ကဝိဓဇဆိုရင် ကျန်းမာရေးလည်း တောင်တောင်မည်။ အနာစည်းခေါင်းဆိုးသည်ကိုပင်မတွေ့ရသလောက်ပင်ဖြစ်သည်။ ကျန်းမာရေးကောင်း သလိုဉာဏ်ကလည်းကောင်းတယ်။ စိတ်သဘောထားလည်းကောင်းတယ်။ အပြစ်တစ်ခုခုတွေ့ရင်လည်း ရင်ဆိုင်တယ်၊ ခေါင်းမရှောင်ဘူး။ အားလုံးကလည်းလေးစားကြတယ်။ သူကိုတစ်ဦးဦးက အနိုင်ကျင့်တာ အလွန်အကဲစတာ ရန်လာတွေ့တာ သိပ်မရှိဘူး။ လူတိုင်းကလည်းသဘောကျကြတယ်။ 

ကိုရင်သူရိယဆိုရင်ဉာဏ်ကအကောင်းကြီးတော့မဟုတ်ဘူး၊ အသင့်အတင့်။ စာမေးပွဲကျတာ၊ ဒဏ်လုပ်ရတာတွေလည်းသိပ်မရှိဘူး။ သူများကိုစာရှင်းပြတာတွေသိပ်မလုပ်တတ်ဘူး။ သူများကိုတော့ ရန်မရှာတတ်ဘူး၊ ဒါပေမယ့် ဒေါသထွက်လွယ်တယ်။ တစ်ခုခုဆိုရင်စိတ်ညစ်တတ်တယ်။ စိတ်ညစ်ရင် တစ်ပါးတည်းနေတတ်တယ်။ မွေတော်ကျောင်းကြီးရဲ့အရှေ့ဘက်မှာအရိပ်ရပန်းပင်အကြီးတွေရှိတယ်၊ နှင်းဆီပင်တွေလည်းရှိတယ်၊ တစ်ခါတစ်လေစိတ်ညစ်ရင် ပန်းပင်အောက်ကထိုင်ခုံပေါ်ထိုင်ပြီး နှင်းဆီပင် တွေကိုစိုက်ကြည့်တတ်တယ်။ အဝေးကနေကြည့်ရင် နှင်းဆီပင်တွေနဲ့စကားပြောနေသလားထင်ရတယ်။
ရှင်တေဇောဘာသဆိုရင်ခဏခဏဖျားတာတစ်လမှာ နှစ်ခါလား၊ သုံးခါလားဖျားလေ့ရှိတယ်။ သူ့ အတွက်ဆွမ်းစားကျောင်းမှာ ဂိလာနဆွမ်းခဏခဏသွားယူပေးနေရလို့တစ်ခါတစ်လေဆွမ်းစားကျောင်း ဘုန်းကြီးက ဂိလာနဆွမ်းလို့ပြောရင် တေဇောလားလို့ တန်းမေးတာမျိုးနဲ့ ကြုံရတယ်။ မဖျားရရင်မနေနိုင် ဘူးလို့ပြောရလောက်အောင် တစ်ခါတစ်ရံကြံကြံဖန်ဖန် ရှာကြံပြီးဖျားနေတာလို့ထင်မယ်ဆိုလည်းထင်စရာပင်။ 

“ရှင်တေဇောဘာသ ဘာဖြစ်တာလဲဘုရား”
“နေမကောင်းဘူးဘုရား”
“ဖျားနေပြီလား”
“ဖျားနေသလား ဘာလား မသိဘူး နေလို့မကောင်းဘူး”
“ဆွမ်းကောသွားစားနိုင်လား ဆွမ်းစားကျောင်းကို”
“မစားနိုင်လောက်ဘူး ခေါင်းကအရမ်းမူးနေလို့”
“ဘာဖြစ်နေလဲလို့ ဘယ်တုန်းကဖြစ်တာလဲ”
“ဖြစ်တာကတော့ မနေ့ညနေကတည်းက ပေနေကြည့်သေးတယ် ဒီိမနက်အိပ်ရာထတော့ မထနိုင်တော့ဘူး”
“မနေ့ညနေရေချိုးသေးလား”
“မချိုးပါဘူး၊ မနေ့ နှစ်နာရီလောက်တုန်းက ဘုရားစေတီအရှေ့ဘက်မုခ်မှာ ဘုရားပုံတစ်ပုံသွား ယူလိုက်လို့လားမသိဘူး”
“ဘာလို့သွားယူနေတာလဲ၊ ဘာလုပ်မလို့လဲ”
“ပူဇော်ဖို့ပါ၊ တပည့်တော်က အမြဲနေမကောင်းဖြစ်နေလို့၊ အိပ်ရာပေါ်ဘုရားပုံအမြဲပူဇော်ရင် ပိုပြီးနေ ကောင်းမလားလို့ သွားယူတာ”
“ဖြစ်ရလေ၊ ဂုဏ်တော်တွေပွားလိုက်စမ်းပါ”
“တပည့်တော်လည်းသိတာပေါ့၊ မနေ့က ဘုရားပုံတွေ့လို့ ကြံမိကြံရာကြံကြည့်တာပါ”
“ကောင်းလိုက်တဲ့အကြံ၊ နောက်တစ်ခါထပ်ကြံဦး”
အဲဒီနေ့ကလည်း ရှင်သူရိယကဆွမ်းသွားယူပေးလိုက်ပါသည်။ ရှင်တေဇောဘာသက စေတီ တော်ရဲ့အရှေ့ဘက်မုခ်မှာဘုရားပုံပြန်ထားမှာဖြစ်လို့ ပြန်ပြီးတောင်းပန်တဲ့အနေနဲ့ဆီမီးရောသွားပူဇော်မယ် တဲ့၊ ရှင်သူရိယကို နဝကမ္မငါးကျပ်ပေးပြီး မြို့မကအိမ်ဆိုင်တစ်ဆိုင်မှာ ဖယောင်းတိုင်သွားဝယ်ခိုင်းပါသည်။ 

သူရိယကလည်း သူသိပ်မအားဘူးလို့ဆိုပြီးရှင်ကဝိဓဇကိုသွားဝယ်ခိုင်းပါသည်။ ရှင်ကဝိဓဇက တစ်ခါတည်း သွားမဝယ်ဘဲ
“လာပြန်ပြီး၊ ဘုရားကိုအရှင်ဘုရားတို့ဘာတွေလုပ်ဦးမလို့လဲ၊ နတ်စင်ကိုပူဇော်သလိုဖြစ်မနေဘူး လား၊ ဒီလိုလုပ်စရာမလိုပါဘူး” လို့ပြောပြီး မလုပ်ဖို့တားလိုက်သေးသည်။ ရှင်တေဇောဘာသကလည်း “တရားဟောမနေနဲ့ ခဏလေးဘဲသွားဝယ်ရမှာကို ဘာဖြစ်နေတာလဲ” လို့ဆိုပြီး ငြင်းခုံကြသေးသည်။ နောက်ဆုံးတော့ ရှင်တေဇောဘာသအလိုတော်အတိုင်းပင် ရှင်ကဝိဓဇလည်းလိုက်လျှောလိုက်ရလေသည်။
ကိုရင်လေးပါးအဲဒီနေ့ပဲ ရှင်တေဇောဘာသရဲ့ ဆီမီးပူဇော်ပွဲအစီအစဉ်ကို အကောင်အထည်ဖော်ကြ သည်။ ရှင်တေဇောဘာသ၊ ရှင်ကဝိဓဇ၊ ရှင်သူရိယ၊ ရှင်ဝိမလတို့ဖြစ်ပါသည်။ ရှင်ဝိမလကထုံးစံအတိုင်း ပေါက်တတ်ကရတွေပြောလေ့ရှိသည်။ ဆီမီးပူဇော်ပြီးတော့ ရှင်ဝိမလက “ဒီနေ့ဘုရားလည်းကောင်းကောင်း မနေရလောက်ဘူး၊ ရှင်တေဇောဘာသကို ပြန်ကြည့်ဖိုိ့ိနိဗ္ဗာန်ကနေခဏပြန်လာဦးမယ်ထင်တယ်” လို့ဆိုလေ သည်။ အပြန်လမ်းမှာဟာသတွေဖြစ်နဲ့ရီပြီးပြန်လာကြရသည်။ 

“ဒီကိစ္စကဘုရားနဲ့မဆိုင်လောက်ဘူး၊ နတ်ကိုင်တာဖြစ်မယ်”
“ဟုတ်မယ်၊ နတ်တွေအိပ်မက်ပေးတဲ့ခေတ်မဟုတ်တော့ဘူး၊ ကိုင်တဲ့ခေတ်ဖြစ်သွားပြီ”
“ကိုင်တာလည်းသူ့အချိန်နဲ့သူပဲကိုင်နိုင်တာ၊ သီတင်းကျွတ်၊ တန်ဆောင်မုန်းလတွေဆိုရင်သူတို့ မကိုင်နိုင်ဘူး”
“ဘာဖြစ်လို့လဲ”
“ဆီမီးထွန်းပွဲ၊ တန်ဆောင်တိုင်ပွဲရှိတယ်လေ၊ အဲဒီအချိန်တွေဆိုရင် ပူလွန်းလို့ဒီမှာမနေနိုင်ကြဘူး”
“အော် အဲလိုလား၊ အဲဒါဆိုရင် သီတင်းကျွတ်ကျမှ ရှင်တေဇောအတွက်ဘုရားပုံတစ်ပုံယူပေးမယ်”
အပြန်မှာ မျက်နှာမိုးခေါင်လို့ခြောက်ကပ်ကပ်ဖြစ်နေသည့်ရှင်တေဇောဘာသက သီတင်းသုံးဖော် (သူငယ်ချင်း) သုံးပါး၏ ပေါက်တတ်ကရစကားတွေနဲ့ မပြုံးချင်ပြုံးချင်နဲ့ပြုံးရင်းပျော်မိလေသည်။ အဲဒီညမှာ ရှင်တေဇောဘာသရဲ့အဖျားလည်းသက်သာသွားလေသည်။ ဘယ်သူမှအထူးအဆန်းတစ်ခုလိုမမြင်ကြဘူး။ ဆီမီးပူဇော်လို့ ပျောက်သွားတယ်လို့လည်း ဘယ်သူမှမပြောကြဘူး။ တိုက်ဆိုင်လို့ပါ ဆိုသည့်စကားလည်း ဘယ်သူမှမပြောကြဘူး။ ခဏခဏနေမကောင်းဖြစ်ပြီး တစ်ရက်နှစ်ရက်အတွင်း ပျောက်တတ်လေ့ရှိလို့ဖြစ်ပါ သည်။ ထိုအကြောင်းကိုသိရသောအခါ စာသင်ရင်းစာချဘုန်းကြီးက ရှုးကြောင်ကြောင်အလုပ်တွေလုပ်သည် ဟုပြောလေသည်။ ပြောရင်ခံလည်းခံရရုံကလွဲလို့ သူတို့ဘာမှမသတ်နိုင်ပါ။ 

တစ်နေ့ကိုပုံမှန်နှစ်ကြိမ်လောက်ရေချိုးကြသည်၊ မနက်ပိုင်းနေ့ဆွမ်းမဘုန်းပေးမှီနဲ့ ညနေလေးနာရီ ကျော်ကျော် စာအံ့ကျောင်းကဆင်းသည့်အချိန်ဖြစ်သည်။ ဆောင်းရာသီဆိုရင် တစ်နေ့ကိုတစ်ကြိမ်လောက် သာရေကိုသပ္ပါယ်ကြပါသည်။ စာသင်သားကိုရင်တွေကိုတော့ ဘီလူးချောင်းမှာရေချိုးရပါသည်။ ကိုရင်တွေ လည်း ဘီလူးချောင်းမှာဘဲချိုးချင်ကြပါသည်။ ကိုရင်လေးတွေတစ်ချို့ကအဖွဲ့လိုက်ချိုးတတ်သလို တစ်ဦး တည်းချိုးကြသည်လည်းရှိပါသည်။ နှစ်ပါး သို့မဟုတ်သုံးပါး ကွပ်ပျပ်ပေါ်ထိုင်စကားပြောပြီး ရေမကူးဘဲရေ ခွက်နဲ့ခတ်ချိုးကြတာလည်းရှိသည်။ ရေချိုးသည့်အချိန်ဆိုရင် ရေသိမ်အနီးနားတစ်ဝိုင်မှာ ကိုရင်လေးတွေပဲ ပြည့်ကြပ်နေသည်။ ရှင်ကဝိဓဇကရေချိုးရင်အချိန်ဆွဲလေ့မရှိ၊ ခဏလေးနဲ့ပြီးသည်။ ရေထဲလိုက်တမ်းကစား ရင်တောင် အလွန်ဆုံးနာရီဝက်ကျော်လေ့မရှိဘူး။ အကြာဆုံးကရှင်တေဇောဘာသ၊ အပျော်ကလည်းမက် လိုက်တာ ရေကူးနေရရင်အချိန်တွေကုန်လို့ကုန်မှန်းမသိ၊ အတူနေသီတင်းသုံးဖော်တွေ ရေချိုးပြီးလို့သင်္ကန်း တောင်လှဲပြီးနေပြီ သူကရေထဲကမထွက်သေးဘူး။ ရှင်ကဝိဓဇက ခဏခဏသတိပေးသည်။

“ရှင်တေဇောဘာသ ထွက်တော့။ ထပ်ဖျားနေဦးမယ်၊ ဆေးရုံတက်ချင်နေတာလား”
“ထားလိုက်ပါ၊ ခံချင်လည်းနေပေါ့” ရှင်သူရိယကဝင်ပြောသည်။
တကယ်ဖြစ်ရင်တော့ သူတို့လည်းအငြိမ်ိမနေရပါ။ ဆွမ်းယူပေးရ၊ လိုအပ်ရင်ဆေးခန်း လိုက်ပို့ရ၊ တစ်ခါတစ်လေသင်္ကန်းပါလျှော်ပေးရတာတွေရှိသည်။
“ခဏခဏဖျားတာလည်းသူပဲ၊ ကျန်းမာရေးဂရုမစိုက်သည်လည်းသူပဲ၊ ရေအလွန်အကျွံချိုးတာလဲ သူလဲ၊ ညနေအချိန်ရေမချိုးနဲ့ပြောလည်းချိုးနေတာသူပဲ၊ အစားအသောက်မဆင်ခြင်တာလည်းသူပဲ” ရှင်ဝိမ လကဝင်ပြောသည်။
“မဖျားတော့ဘူး စိတ်ချ၊ ဒီအချိန်ကစပြီး ဘယ်တော့မှမဖျားတော့ဘူး” ရှင်တေဇောကသင်္ကန်းလှဲ ရင်းပြောသည်။
“ဘယ်တော့မှမဖျားတော့ဘူးလို့တောင်ပြောနိုင်တာလား”
“ပြောနိုင်တာပေါ့၊ ဒီနေရာမှာလျို့ဝှက်ချက်တစ်ခုရှိတယ်လေ၊ ဒါတွေကိုသိလို့ တပည့်တော်ပြောနိုင် တာ၊ အဲဒါဘာလဲသိလား”
“မသိဘူး၊ ပြောကြည့်လေ”
“ဘီလူးချောင်းကရေနဲ့ချိုးတားဖြစ်လို့၊ ဘီလူးချောင်းရေက ဘယ်တော့မှအဖျားကိုမပေးဘူး၊ ဒါကလျို့ဝှက်ချက်ပဲ”
တစ်ပါးမျက်နှာကို တစ်ပါးကြည့်ကာ ရှင်တေဇောဘာသကိုထားခဲ့ပြီး တက်သွားကြလေသည်။

ဆက်ရန် 
အရှင်နန္ဒိယ(ဖယ်ခုံ) 




ဘီလူးေခ်ာင္းေျပာေသာေန႔တစ္ေန႔ အခန္း(၂)

စာသင္သား

စာသင္သားဟူသည္ ပညာကိုဆည္းပူးေလ့လာသူေတြပင္ျဖစ္သည္ဟုအၾကမ္းဖ်ဥ္းသတ္မွတ္ၾက ေလသည္။ ကံတစ္ရာေဖးမမႈေတြမတူညီလို႔ဘဲေျပာေျပာ စာသင္သားအခ်င္းခ်င္းမွာလည္း ကြဲျပားေသာ အေျခအေနမ်ားစြာရွိပါသည္။ အထူးသျဖင့္ ပရိယတၱိစာေပသင္ယူၾကသည့္စာသင္သားကိုုရင္ေတြဆိုရင္ အမ်ားစုကေတာအရပ္ကလာသည့္ကေလးမ်ားျဖစ္ၾကပါသည္။ ထိုကေလးမ်ားသည္ ရာသီဥတုအခက္အခဲ၊ ပတ္ဝန္းက်င္အခက္အခဲမ်ိဳးစုံကို ခံႏိုင္ရည္ရွိၾကတာမ်ားပါသည္။ ကိုရင္ကဝိဓဇဆိုရင္ က်န္းမာေရးလည္း ေတာင္ေတာင္မည္။ အနာစည္းေခါင္းဆိုးသည္ကိုပင္ မေတြ႔ရသေလာက္ပင္ျဖစ္သည္။ က်န္းမာေရးေကာင္း သလိုဉာဏ္ကလည္းေကာင္းတယ္။ စိတ္သေဘာထားလည္းေကာင္းတယ္။ အျပစ္တစ္ခုခုေတြ႔ရင္လည္း ရင္ဆိုင္တယ္၊ ေခါင္းမေရွာင္ဘူး။ အားလုံးကလည္းေလးစားၾကတယ္။ သူကိုတစ္ဦးဦးက အႏိုင္က်င့္တာ အလြန္အကဲစတာ ရန္လာေတြ႔တာ သိပ္မရွိဘူး။ လူတိုင္းကလည္းသေဘာက်ၾကတယ္။ 

ကိုရင္သူရိယဆိုရင္ဉာဏ္ကအေကာင္းႀကီးေတာ့မဟုတ္ဘူး၊ အသင့္အတင့္။ စာေမးပြဲက်တာ၊ ဒဏ္လုပ္ရတာေတြလည္းသိပ္မရွိဘူး။ သူမ်ားကိုစာရွင္းျပတာေတြသိပ္မလုပ္တတ္ဘူး။ သူမ်ားကိုေတာ့ ရန္မရွာတတ္ဘူး၊ ဒါေပမယ့္ ေဒါသထြက္လြယ္တယ္။ တစ္ခုခုဆိုရင္စိတ္ညစ္တတ္တယ္။ စိတ္ညစ္ရင္ တစ္ပါးတည္းေနတတ္တယ္။ ေမြေတာ္ေက်ာင္းႀကီးရဲ႕အေရွ႕ဘက္မွာအရိပ္ရပန္းပင္အႀကီးေတြရွိတယ္၊ ႏွင္းဆီပင္ေတြလည္းရွိတယ္၊ တစ္ခါတစ္ေလစိတ္ညစ္ရင္ ပန္းပင္ေအာက္ကထိုင္ခုံေပၚထိုင္ၿပီး ႏွင္းဆီပင္ ေတြကိုစိုက္ၾကည့္တတ္တယ္။ အေဝးကေနၾကည့္ရင္ ႏွင္းဆီပင္ေတြနဲ႔စကားေျပာေနသလားထင္ရတယ္။
ရွင္ေတေဇာဘာသဆိုရင္ခဏခဏဖ်ားတာတစ္လမွာ ႏွစ္ခါလား၊ သုံးခါလားဖ်ားေလ့ရွိတယ္။ သူ႔ အတြက္ဆြမ္းစားေက်ာင္းမွာ ဂိလာနဆြမ္းခဏခဏသြားယူေပးေနရလို႔တစ္ခါတစ္ေလဆြမ္းစားေက်ာင္း ဘုန္းႀကီးက ဂိလာနဆြမ္းလို႔ေျပာရင္ ေတေဇာလားလို႔ တန္းေမးတာမ်ိဳးနဲ႔ ႀကဳံရတယ္။ မဖ်ားရရင္မေနႏိုင္ ဘူးလို႔ေျပာရေလာက္ေအာင္ တစ္ခါတစ္ရံႀကံႀကံဖန္ဖန္ ရွာႀကံၿပီးဖ်ားေနတာလို႔ထင္မယ္ဆိုလည္းထင္စရာပင္။ 


“ရွင္ေတေဇာဘာသ ဘာျဖစ္တာလဲဘုရား”
“ေနမေကာင္းဘူးဘုရား”
“ဖ်ားေနၿပီလား”
“ဖ်ားေနသလား ဘာလား မသိဘူး ေနလို႔မေကာင္းဘူး”
“ဆြမ္းေကာသြားစားႏိုင္လား ဆြမ္းစားေက်ာင္းကို”
“မစားႏိုင္ေလာက္ဘူး ေခါင္းကအရမ္းမူးေနလို႔”
“ဘာျဖစ္ေနလဲလို႔ ဘယ္တုန္းကျဖစ္တာလဲ”
“ျဖစ္တာကေတာ့ မေန႔ညေနကတည္းက ေပေနၾကည့္ေသးတယ္ ဒီိမနက္အိပ္ရာထေတာ့ မထႏိုင္ေတာ့ဘူး”
“မေန႔ညေနေရခ်ိဳးေသးလား”
“မခ်ိဳးပါဘူး၊ မေန႔ ႏွစ္နာရီေလာက္တုန္းက ဘုရားေစတီအေရွ႕ဘက္မုခ္မွာ ဘုရားပုံတစ္ပုံသြား ယူလို္က္လို႔လားမသိဘူး”
“ဘာလို႔သြားယူေနတာလဲ၊ ဘာလုပ္မလို႔လဲ”
“ပူေဇာ္ဖို႔ပါ၊ တပည့္ေတာ္က အၿမဲေနမေကာင္းျဖစ္ေနလို႔၊ အိပ္ရာေပၚဘုရားပုံအၿမဲပူေဇာ္ရင္ ပိုၿပီးေန ေကာင္းမလားလို႔ သြားယူတာ”
“ျဖစ္ရေလ၊ ဂုဏ္ေတာ္ေတြပြားလိုက္စမ္းပါ
“တပည့္ေတာ္လည္းသိတာေပါ့၊ မေန႔က ဘုရားပုံေတြ႔လို႔ ႀကံမိႀကံရာႀကံၾကည့္တာပါ”
“ေကာင္းလိုက္တဲ့အႀကံ၊ ေနာက္တစ္ခါထပ္ႀကံဦး”
အဲဒီေန႔ကလည္း ရွင္သူရိယကဆြမ္းသြားယူေပးလိုက္ပါသည္။ ရွင္ေတေဇာဘာသက ေစတီ ေတာ္ရဲ႕အေရွ႕ဘက္မုခ္မွာဘုရားပုံျပန္ထားမွာျဖစ္လို႔ ျပန္ၿပီးေတာင္းပန္တဲ့အေနနဲ႔ဆီမီးေရာသြားပူေဇာ္မယ္ တဲ့၊ ရွင္သူရိယကို နဝကမၼငါးက်ပ္ေပးၿပီး ၿမိဳ႕မကအိမ္ဆိုင္တစ္ဆိုင္မွာ ဖေယာင္းတိုင္သြားဝယ္ခိုင္းပါသည္။ 


သူရိယကလည္း သူသိပ္မအားဘူးလို႔ဆိုၿပီးရွင္ကဝိဓဇကိုသြားဝယ္ခိုင္းပါသည္။ ရွင္ကဝိဓဇက တစ္ခါတည္း သြားမဝယ္ဘဲ
“လာျပန္ၿပီး၊ ဘုရားကိုအရွင္ဘုရားတို႔ဘာေတြလုပ္ဦးမလို႔လဲ၊ နတ္စင္ကိုပူေဇာ္သလိုျဖစ္မေနဘူး လား၊ ဒီလိုလုပ္စရာမလိုပါဘူး” လို႔ေျပာၿပီး မလုပ္ဖို႔တားလိုက္ေသးသည္။ ရွင္ေတေဇာဘာသကလည္း “တရားေဟာမေနနဲ႔ ခဏေလးဘဲသြားဝယ္ရမွာကို ဘာျဖစ္ေနတာလဲ” လို႔ဆိုၿပီး ျငင္းခုံၾကေသးသည္။ ေနာက္ဆုံးေတာ့ ရွင္ေတေဇာဘာသအလိုေတာ္အတိုင္းပင္ ရွင္ကဝိဓဇလည္းလိုက္ေလွ်ာလိုက္ရေလသည္။
ကိုရင္ေလးပါးအဲဒီေန႔ပဲ ရွင္ေတေဇာဘာသရဲ႕ ဆီမီးပူေဇာ္ပဲြအစီအစဥ္ကို အေကာင္အထည္ေဖာ္ၾက သည္။ ရွင္ေတေဇာဘာသ၊ ရွင္ကဝိဓဇ၊ ရွင္သူရိယ၊ ရွင္ဝိမလတို႔ျဖစ္ပါသည္။ ရွင္ဝိမလကထုံးစံအတိုင္း ေပါက္တတ္ကရေတြေျပာေလ့ရွိသည္။ ဆီမီးပူေဇာ္ၿပီးေတာ့ ရွင္ဝိမလက “ဒီေန႔ဘုရားလည္းေကာင္းေကာင္း မေနရေလာက္ဘူး၊ ရွင္ေတေဇာဘာသကို ျပန္ၾကည့္ဖို႔ိိနိဗၺာန္ကေနခဏျပန္လာဦးမယ္ထင္တယ္” လို႔ဆိုေလ သည္။ အျပန္လမ္းမွာဟာသေတြျဖစ္နဲ႔ရီၿပီးျပန္လာၾကရသည္။ 



“ဒီကိစၥကဘုရားနဲ႔မဆိုင္ေလာက္ဘူူး၊ နတ္ကိုင္တာျဖစ္မယ္”
“ဟုတ္မယ္၊ နတ္ေတြအိပ္မက္ေပးတဲ့ေခတ္မဟုတ္ေတာ့ဘူး၊ ကိုင္တဲ့ေခတ္ျဖစ္သြားၿပီ”
“ကိုင္တာလည္းသူ႔အခ်ိန္နဲ႔သူပဲကိုင္ႏိုင္တာ၊ သီတင္းကၽြတ္၊ တန္ေဆာင္မုန္းလေတြဆိုရင္သူတို႔ မကိုင္ႏိုင္ဘူး”
“ဘာျဖစ္လို႔လဲ”
“ဆီမီးထြန္းပြဲ၊ တန္ေဆာင္တိုင္ပြဲရွိတယ္ေလ၊ အဲဒီအခ်ိန္ေတြဆိုရင္ ပူလြန္းလို႔ဒီမွာမေနႏိုင္ၾကဘူး”
“ေအာ္ အဲလိုလား၊ အဲဒါဆိုရင္ သီတင္းကၽြတ္က်မွ ရွင္ေတေဇာအတြက္ဘုရားပုံတစ္ပုံယူေပးမယ္”
အျပန္မွာ မ်က္ႏွာမိုးေခါင္လို႔ေျခာက္ကပ္ကပ္ျဖစ္ေနသည့္ရွင္ေတေဇာဘာသက သီတင္းသုံးေဖာ္ (သူငယ္ခ်င္း) သုံးပါး၏ ေပါက္တတ္ကရစကားေတြနဲ႔ မၿပဳံးခ်င္ၿပဳံးခ်င္နဲ႔ၿပဳံးရင္းေပ်ာ္မိေလသည္။ အဲဒီညမွာ ရွင္ေတေဇာဘာသရဲ႕အဖ်ားလည္းသက္သာသြားေလသည္။ ဘယ္သူမွအထူးအဆန္းတစ္ခုလိုမျမင္ၾကဘူး။ ဆီမီးပူေဇာ္လို႔ ေပ်ာက္သြားတယ္လို႔လည္း ဘယ္သူမွမေျပာၾကဘူး။ တိုက္ဆိုင္လို႔ပါ ဆိုသည့္စကားလည္း ဘယ္သူမွမေျပာၾကဘူး။ ခဏခဏေနမေကာင္းျဖစ္ၿပီး တစ္ရက္ႏွစ္ရက္အတြင္း ေပ်ာက္တတ္ေလ့ရွိလို႔ျဖစ္ပါ သည္။ ထိုအေၾကာင္းကိုသိရေသာအခါ စာသင္ရင္းစာခ်ဘုန္းႀကီးက ႐ႈးေၾကာင္ေၾကာင္အလုပ္ေတြလုပ္သည္ ဟုေျပာေလသည္။ ေျပာရင္ခံလည္းခံရ႐ုံကလြဲလို႔ သူတို႔ဘာမွမသတ္ႏိုင္ပါ။ 


တစ္ေန႔ကိုပုံမွန္ႏွစ္ႀကိမ္ေလာက္ေရခ်ိဳးၾကသည္၊ မနက္ပိုင္းေန႔ဆြမ္းမဘုန္းေပးမွီနဲ႔ ညေနေလးနာရီ ေက်ာ္ေက်ာ္ စာအံ့ေက်ာင္းကဆင္းသည့္အခ်ိန္ျဖစ္သည္။ ေဆာင္းရာသီဆိုရင္ တစ္ေန႔ကိုတစ္ႀကိမ္ေလာက္ သာေရကိုသပၸါယ္ၾကပါသည္။ စာသင္သားကိုရင္ေတြကိုေတာ့ ဘီလူူးေခ်ာင္းမွာေရခ်ိဳးရပါသည္။ ကိုရင္ေတြ လည္း ဘီလူးေခ်ာင္းမွာဘဲခ်ိဳးခ်င္ၾကပါသည္။ ကိုရင္ေလးေတြတစ္ခ်ိဳ႕ကအဖြဲ႔လိုက္ခ်ိဳးတတ္သလို တစ္ဦး တည္းခ်ိဳးၾကသည္လည္းရွိပါသည္။ ႏွစ္ပါး သို႔မဟုတ္သုံးပါး ကြပ္ပ်ပ္ေပၚထိုင္စကားေျပာၿပီး ေရမကူးဘဲေရ ခြက္နဲ႔ခတ္ခ်ိဳးၾကတာလည္းရွိသည္။ ေရခ်ိဳးသည့္အခ်ိန္ဆိုရင္ ေရသိမ္အနီးနားတစ္ဝိုင္မွာ ကိုရင္ေလးေတြပဲ ျပည့္ၾကပ္ေနသည္။ ရွင္ကဝိဓဇကေရခ်ိဳးရင္အခ်ိန္ဆြဲေလ့မရွိ၊ ခဏေလးနဲ႔ၿပီးသည္။ ေရထဲလိုက္တမ္းကစား ရင္ေတာင္ အလြန္ဆုံးနာရီဝက္ေက်ာ္ေလ့မရွိဘူး။ အၾကာဆုံးကရွင္ေတေဇာဘာသ၊ အေပ်ာ္ကလည္းမက္ လိုက္တာ ေရကူးေနရရင္အခ်ိန္ေတြကုန္လို႔ကုန္မွန္းမသိ၊ အတူေနသီတင္းသုံးေဖာ္ေတြ ေရခ်ိဳးၿပီးလို႔သကၤန္း ေတာင္လွဲၿပီးေနၿပီ သူကေရထဲကမထြက္ေသးဘူး။ ရွင္ကဝိဓဇက ခဏခဏသတိေပးသည္။


“ရွင္ေတေဇာဘာသ ထြက္ေတာ့။ ထပ္ဖ်ားေနဦးမယ္၊ ေဆး႐ုံတက္ခ်င္ေနတာလား”
“ထားလိုက္ပါ၊ ခံခ်င္လည္းေနေပါ့” ရွင္သူရိယကဝင္ေျပာသည္။
တကယ္ျဖစ္ရင္ေတာ့ သူတို႔လည္းအၿငိမ္ိမေနရပါ။ ဆြမ္းယူေပးရ၊ လိုအပ္ရင္ေဆးခန္း လိုက္ပို႔ရ၊ တစ္ခါတစ္ေလသကၤန္းပါေလွ်ာ္ေပးရတာေတြရွိသည္။
“ခဏခဏဖ်ားတာလည္းသူပဲ၊ က်န္းမာေရးဂ႐ုမစိုက္သည္လည္းသူပဲ၊ ေရအလြန္အကၽြံခ်ိဳးတာလဲ သူလဲ၊ ညေနအခ်ိန္ေရမခ်ိဳးနဲ႕ေျပာလည္းခ်ိဳးေနတာသူပဲ၊ အစားအေသာက္မဆင္ျခင္တာလည္းသူပဲ” ရွင္ဝိမ လကဝင္ေျပာသည္။
“မဖ်ားေတာ့ဘူး စိတ္ခ်၊ ဒီအခ်ိန္ကစၿပီး ဘယ္ေတာ့မွမဖ်ားေတာ့ဘူး” ရွင္ေတေဇာကသကၤန္းလွဲ ရင္းေျပာသည္။
“ဘယ္ေတာ့မွမဖ်ားေတာ့ဘူးလို႔ေတာင္ေျပာႏိုင္တာလား”
“ေျပာႏိုင္တာေပါ့၊ ဒီေနရာမွာလ်ိဳ႕ဝွက္ခ်က္တစ္ခုရွိတယ္ေလ၊ ဒါေတြကိုသိလို႔ တပည့္ေတာ္ေျပာႏုိင္ တာ၊ အဲဒါဘာလဲသိလား”
“မသိဘူး၊ ေျပာၾကည့္ေလ”
“ဘီလူးေခ်ာင္းကေရနဲ႔ခ်ိဳးတားျဖစ္လို႔၊ ဘီလူးေခ်ာင္းေရက ဘယ္ေတာ့မွအဖ်ားကိုမေပးဘူး၊ ဒါကလ်ိဳ႕ဝွက္ခ်က္ပဲ”
တစ္ပါးမ်က္ႏွာကို တစ္ပါးၾကည့္ကာ ရွင္ေတေဇာဘာသကိုထားခဲ့ၿပီး တက္သြားၾကေလသည္။





ဆက္ရန္ 
အရွင္နႏၵိယ(ဖယ္ခုံ)


ဘီလူးချောင်းပြောသောနေ့တစ်နေ့ အခန်း(၁)

ဘီလူးချောင်းပြောသောနေ့တစ်နေ့ အခန်း(၁)

ဘီလူးချောင်း

ဘီလူးချောင်းသည် မိုးဗြဲမြို့ထဲရှိသောချောင်းတစ်ချောင်းဖြစ်သည်၊ ထိုချောင်းသည် လွိုင်ကော်မြို့ ထဲသို့ စီးဆင်းသွားလေသည်။ ထိုမှတစ်ဆင့်ရေအားလျှပ်စစ်ထုတ်ရာလောပိတသို့ဦးတည်စီးဆင်းသော ချောင်းဖြစ်ပါသည်။ ထိုချောင်းသည်သဘာဝချောင်းပီသစွာပင် ကောက်ကွေ့ကာစီးဆင်းသွားလေသည်။ ကောက်ကွေ့နေသောချောင်း၏ ဘေးမှာရှိသည့်စိုက်ခင်းများသည်လည်း တစ်ဆယ့်နှစ်ရာသီလုံးလုံး လိုအပ် သလောက်ရေတွေရနေသောကြောင့် စိုက်ခင်းများကအမြဲစိမ်းစိုလျက်ရှိပါသည်။ ထိုဘီလူးချောင်းသည် စိုက်ပျိုးရေးလုပ်သားတွေအတွက် မိခင်ဖြစ်သလို ချောင်းဘေးရှိသောရွာတွေကိုလည်း လိုအပ်သည့်ရေကို ပေးနေသောကြောင့်ကျေးရွာများ၏မိခင်ပင်ဖြစ်ပါသည်။ ထိုဘီလူးချောင်းသည်ဖယ်ခုံကနေစီးဆင်းလာသော ရေဖြစ်သည်၊ ဖယ်ခုံအင်းကရေ ဖြစ်သည်။ ဖယ်ခုံအင်းသည်စကားအင်းကနေစီးဆင်းလာသောရေဖြစ်သည်။ စကားအင်းသည် အင်းလေးကန်ကနေစီးဆင်းလာသောရေဖြစ်သည်။ 

ထိုအင်းလေးကန်ကရေသည် တောင် ကြီး၊ ရပ်စောက်၊ ရွာငံ၊ ပင်းတယစသည့်အရပ်အသီးသီးကစီးဆင်းလာသောရေတို့၏ ပေါင်းစပ်ထားသောရေ ပင်ဖြစ်သည်။ အင်းလေးကန်ကနေမှစီးဆင်းလာသောထိုချောင်းရေထဲသို့ ပင်လောင်း၊ ဖယ်ခုံ စသည့်အရပ်ကစီးလာသောရေများလည်း ထပ်ဆင့်ပေါင်းစပ်ထားပါသည်။ ထိုဘီလူးချောင်းရေသည် ရှမ်းပြည်နယ်တောင်ပိုင်းဒေသအသီးသီးရှိသောရေစက်ရေပေါက် များတို့ စုပေါင်းထားသည့် ပြယှဂ်တစ်ခုဟုလည်းဆိုနိုင်ပါသည်။

ထိုရေသည်ရေချိုဖြစ်၍ လိုအပ်သလိုသုံးလို့ရ သည်။
မွေတော်ကျောင်း၊ ညောင်ဝိုင်းကျောင်းတို့ဆိုလျှင် ထိုဘီလူးချောင်းဘေးကဖြစ်၍ ထိုကျောင်းတို့၌ နေသောစာသင်သားကိုရင်လေးတွေဆိုရင် ဘီလူးချောင်းမှာရေချိုးရင်းရေကူးသည့်အတတ်ပညာကို ဘယ် သူသင်လို့သင်မှန်းမသိ အလိုလိုတတ်ခဲ့ကြပါသည်။ အမြဲတမ်းတိတ်ဆိတ်မှုကိုတန်ဖိုးထားသော ရဟန်းသံ ဃာများအဝန်းအဝိုင်းထဲတွင် ဆော့တတ်ကစားတတ်သည့်အရွယ်ဖြစ်နေသောကိုရင်လေးတွေအတွက် အနည်းငယ်ကျဉ်းမြောင်းသလိုခံစားမှုများသည် ဘီလူးချောင်းထဲခုန်ချပြီးရေချိုးသောအခါ ကျဉ်းကျပ်နေ သောစိတ်ခံစားမှုကို ဆေးကျောပေးပြီးသားဖြစ်သွားလေသည်။ ကိုရင်ရှင်သူရိယဆိုရင် စိတ်ညစ်သည့်အခါ ကျောင်းရဲ့အရှေ့ဘက်က အရိပ်ရစက္ကူပန်းပင်အောက်ထိုင်ခုံပေါ်ထိုင်ပြီး အရှေ့ဘီလူးချောင်းကိုပဲလှမ်းကြည့်လိုက်သည်။ ဘီလူးချောင်းကိုမြင်တာနဲ့ စိတ်ခံစားမှုကတစ်မျိုးပြောင်းသွားလေသည်။ ဘီလူးချောင်းကိုကြည့်လျှင် တရစပ်ပြေးဆင်းနေသောရေစီး ကြောင်းများကိုမြင်နေရသည်။ 

ထိုရေစီးကြောင်းထဲတွင် ငါးပုဇွန်မျိုးစုံလည်း ပျော်မြူးနေကြသည်ကို မြင်ယောင်ပါသည်။ ငါးတို့ပုဇွန်တို့ပျော်မြူးသလိုပဲ လူတွေလည်းရေထဲမှာရေကူး ကစားနည်းမျိုးစုံဖြင့်ပျော်မြူးကြသည်ကိုလည်း မြင်ယောင်မိပါတော့သည်။ ထိုပျော်မြူးမှုပုံရိပ်များသည် မြင်ယောင်သူ၏ရင်ထဲကိုလည်းကူးစက်လာပါတော့သည်။ ထိုသို့သောခံစားမှုမျိုးကိုရလာသောအခါ စော စောကညစ်နေသည့်စိတ်များသည် ရေစီးကြောင်းနဲ့ အတူစီးဆင်းပြီးမျှောသွားလေသည်။ ကြည်လင်သော စိတ်ဖြစ်စဉ်များကျန်ရစ်ခဲ့သောသည်။ ဘီးလူးချောင်းထဲက ရေစီးကြောင်းသည် စိတ်ကြည်လင်ဖို့အတွက် ကြည့်စရာမှန်တစ်ချပ်ဖြစ်လာခဲ့လေသည်။ 

ထိုအချိန်တွင်မိုးဗြဲမြို့မှာစက္ကူပန်းပန်သိပ်ပေါများသောအချိန်ဖြစ်သည်။ အခြားနေရာမှာတော့ ဘယ်လိုခေါ်လည်းမသိပါ၊ မိုးဗြဲမှာတော့ စက္ကူပန်းပင်ဟုခေါ်ပါသည်။ အနံကမရှိ၊ ပန်း၏အရောင်က အနီရောင်လည်းရှိပါသည်။ အဖြူရောင်လည်းရှိပါသည်။ စက္ကူပန်းပင်ပေါက်ပုံကထူးဆန်းသည်။ အလယ်မှာအပင်ခပ်ကြီးကြီးတစ်ပင်ပေါက်သည်။ ထိုအပင်ပေါ်မှာပင် အပင်၏အမြစ်နားကစ၍ နွယ်ပင်လိုအကိုင်းလေးတွေဖြာထွက်သည် ထိုနွယ်ပင်အကိုင်းပေါ်မှာပင်အရွက်များ၊ အပွင့်များက သူထက်ပိုထွက်လာနိုင်ဖို့ အလုအယပ်ထွက်လာကြပါသည်။ ထိုအပင်ကခြောက်ပေ၊ ခုနှစ်ပေလောက်ရှိသဖြင့် အပင်၏ပတ်ပတ်လည်မှာသစ်သားပြားများနဲ့ဝိုင်းရံထားပြီး အပင်၏အောက်ခြေပတ်လည်မှာ ထိုင်ခုံတွေပြုလုပ်ကြပါသည်။ မွေတော်ကျောင်းမှာလုပ်သလိုပင် အဲဒီအချိန်တုန်းကဆိုရင် မိုးဗြဲမြို့မှာ စက္ကူပန်းပင်တွေက တစ်မြို့လုံးလိုလိုနေရာတိုင်းမှာမြင်တွေ့ရပါသည်။ 

တစ်ချို့စားသောက်ဆိုင်တွေမှာလည်း ဆိုင်ရှေ့စက္ကူပန်းပင်အောင်မှာ ခုံတွေဝိုင်းရံချပြီး စားပွဲခင်းထားကြပါသည်။ အဲဒီအချိန်တုန်းကဆိုရင်မိုးဗြဲမြို့သည် စက္ကူပန်းပင်ရိပ်မှာခိုလှုံသည့်မြို့တစ်မြို့လို့ပြောလို့ရလောက်အောင် စက္ကူပန်းပင်တွေများခဲ့ပါသည်။ ရှင်သူရိယသည် ထိုစက္ကူပန်းပင်အောင်ထိုင်ခုံပေါ်မှာထိုင်ပြီး ဘီလူးချောင်းကိုလှမ်းကြည့်နေသည်။
“ရှင်သူရိယ ဘာကြည့်နေတာလဲ”
“ဘီလူးချောင်းကိုပေါ့”
“ရေကသိုဏ်းရှုနေတာလား”
“ရှုမလို့ဘဲ ကသိုဏ်းကအနုပညာမဆန်လွန်းလို့ မရှုဖြစ်ဘူး”
“အောင်းမာ အနုပညာဆန်သတဲ့လား” လို့ပြောပြီး ရှင်ဝိမလက သူ့ကိုကြည့်ပြီး အားရပါးရရီလိုက် ချင်သည်။ သူတို့အချင်းချင်းတွေ့လိုက်ရင် သူတို့အထာနဲ့သူတို့ကရှိပြီးသား။ စာလေးမတောက်တခေါက်ဖတ်ပြီး စာအုပ် ထဲကစကားကိုသုံးတတ်သည်။ ကိုယ်နဲ့လိုက်ဖက်သည် မလိုက်ဖက်သည် မသိ၊ ပြောချင်တာတွေပြောတတ် ကြသည်။ အကြောင်းမသိတဲ့သူတွေဆိုရင် စကားကြီးစကားကျယ်ပြောတယ်ဆိုပြီး အမြင်ကပ်ခံရတာ တာခဏခဏပဲ။ ဘီလူးချောင်းထဲကရေလှိုင်းတွေကို ကြည့်ပြီးဘီလူးချောင်းအကြောင်းကိုပြောကြလေသည်။ 

ထိုဘီလူးချောင်းဘေးတွင်စိုက်ပျိုးရေးလုပ်ကြသည်၊ ဘုရားပွဲလုပ်ကြသည်၊ အပန်းဖြေကြသည်။ ထိုရေကိုသောက်သုံးကြပြီးနှစ်သက်ကျေနပ်မှုပုံစံအမျိုးမျိုးဖြင့်ချီးမွမ်းပြောဆိုကြသည်။ ထိုရေကိုသုံးစွဲကြ၍ သီနှံအထွက်ကောင်းပုံအမျိုးမျိုးတို့ဖြင့် ဂုဏ်ယူဝင့်ကြွားစွာပြောကြသည်။ လူတွေပြောဆိုချီးမွမ်းကြသော် လည်း လူတွေရဲ့အသံကိုလျစ်လျူရှုကာ ဘီလူးချောင်းသည်မကြားသလိုပင်တည်ငြိမ်စွာ ဆက်လက်စီးဆင်း နေသည်။ ချီးမွမ်းသံများရှိသလိုကြောက်လန့်သံများလည်းရှိပါသည်။ တစ်ချိန်တုန်းကဘီလူးချောင်းမှာ အမျိုး သမီးတစ်ယောက် အဝတ်လျှော်ရင်း မဆင်မခြင်အဝတ်သိမ်းရာကနေရေစီးကြောင်းနဲ့အတူအဝတ်တစ်ထည် မျှောပါသွား၍ အဝတ်လျှော်သည့်အမျိုးသမီးက မျှောပါသွားသည့်အဝတ်ကိုလိုက်ဆယ်ရင်း ရေနစ်သွား၍ သေသွားလေသည်။ ထိုကိုအစွဲပြု၍ ဘီလူးချောင်းသည်လူကိုစားသည်ဟုလည်းဆိုကြသည်။ တစ်ခါတုန်းက ဆိုရင်အမျိုးသမီး တစ်ယောက်ဘီလူးချောင်းမှာကလေးကိုရေချိုးပေးပါသည်။ ကလေးကတစ်နှစ်သာသာ လောက်ပဲရှိဦးမည်။ ကလေးကိုရေချိုးပေးပြီး အမျိုးသမီးကခေါင်းလျှော်လေသည်။ ခေါင်းလျှော်နေတုန်း ကလေးကရေထဲဆင်းကာ ရေကစားလေသည်။ အမျိုးသမီးကလည်း ဘာမှမဖြစ်လောက်ဘူးထင်ပြီး ဘာမှ မပြောဘဲ ခေါင်းဘဲဆက်လျှော်နေပါသည်။ ခေါင်းလျှော်ပြီးကလေးကိုသတိရလို့ကြည့်လိုက်သောအခါ ကလေးကရေထဲမျှောသွားပြီဖြစ်သည်။ အဲဒါကိုလည်း ဘီလူးချောင်းက ကလေးကိုစားသည်ဟုသမုတ်ကြ ပြန်ပါသည်။ ထိုထင်မြင်ချက်များကိုလည်း လျစ်လျူရှုကာ ဘီလူးချောင်းသည်မသိသလိုပုံမှန်အတိုင်း စီး ဆင်းနေပါသည်။ တစ်ခါတစ်ရံဘီးလူးချောင်းသည် ခံစားချက်ကင်းမဲ့သည့်စမ်းချောင်းတစ်ချောင်းအသွင် သရုပ်ဆောင်ပြသွားပါသည်။ 

ထိုဘီလူးချောင်းသည်နေသာသောနေ့တွေဆိုရင် အရောင်အလျှပ်လျှပ်နဲ့လှုပ်ခါကာ ထိုးဆင်းလာ သော နေရောင်ခြဉ်နဲ့အတူကခုန်ပျော်မြူးလေသည်။ အေးသောဆောင်းရာသီမှာဆိုရင် ကျလာသောနှင်း တွေကိုခံယူထားသလို ရေခိုးရေငွေ့တွေကိုလည်း ပြန်လည်ထုတ်ပေးလေသည်။ မိုးရွာသောမိုးသီတွေမှာ လည်း မိုးရေများ၏ စီးဆင်းရာလမ်းကြောင်းအားလုံးကိုလည်းကြိုဆိုလျက်ရှိပါသည်။ ထိုကဲ့သို့အချိန်တိုင်းမှာ အသင့်ရှိနေခြင်းကြောင့်ပင် ဘီလူးချောင်းသည် အမြဲစီးဆင်းနေနိုင်ခဲ့လေသည်။ အမြဲရှင်သန်လျက်ရှိပါ သည်။ ထိုအမြဲရှင်သန်နေသော ဘီလူးချောင်းသည် စကားပြောလာသောနေ့တစ်နေ့ ရောက်လာခဲ့လေပြီ။

ဆက်ရန် 
အရှင်နန္ဒိယ(ဖယ်ခုံ)




ဘီလူးေခ်ာင္းေျပာေသာေန႔တစ္ေန႔ အခန္း(၁)

ဘီလူူးေခ်ာင္း

ဘီလူးေခ်ာင္းသည္ မိိုးၿဗဲၿမိဳ႕ထဲရွိေသာေခ်ာင္းတစ္ေခ်ာင္းျဖစ္သည္၊ ထိုေခ်ာင္းသည္ လြိဳင္ေကာ္ၿမိဳ႕ ထဲသို႔ စီးဆင္းသြားေလသည္။ ထိုမွတစ္ဆင့္ေရအားလွ်ပ္စစ္ထုုတ္ရာေလာပိတသို႔ဦးတည္စီးဆင္းေသာ ေခ်ာင္းျဖစ္ပါသည္။ ထိုေခ်ာင္းသည္သဘာဝေခ်ာင္းပီသစြာပင္ ေကာက္ေကြ႔ကာစီးဆင္းသြားေလသည္။ ေကာက္ေကြ႔ေနေသာေခ်ာင္း၏ ေဘးမွာရွိသည့္စိုက္ခင္းမ်ားသည္လည္း တစ္ဆယ့္ႏွစ္ရာသီလုံးလုံး လိုအပ္ သေလာက္ေရေတြရေနေသာေၾကာင့္ စိုက္ခင္းမ်ားကအၿမဲစိမ္းစိုလ်က္ရွိပါသည္။ ထိုဘီလူးေခ်ာင္းသည္ စိုက္ပ်ိဳးေရးလုပ္သားေတြအတြက္ မိခင္ျဖစ္သလို ေခ်ာင္းေဘးရွိေသာရြာေတြကိုလည္း လိုအပ္သည့္ေရကိုု ေပးေနေသာေၾကာင့္ေက်းရြာမ်ား၏မိခင္ပင္ျဖစ္ပါသည္။ ထိုဘီလူးေခ်ာင္းသည္ဖယ္ခုံကေနစီးဆင္းလာေသာ ေရျဖစ္သည္၊ ဖယ္ခုံအင္းကေရ ျဖစ္သည္။ ဖယ္ခုံအင္းသည္စကားအင္းကေနစီးဆင္းလာေသာေရျဖစ္သည္။ စကားအင္းသည္ အင္းေလးကန္ကေနစီးဆင္းလာေသာေရျဖစ္သည္။ 

ထိုအင္းေလးကန္ကေရသည္ ေတာင္ ႀကီး၊ ရပ္ေစာက္၊ ရြာငံ၊ ပင္းတယစသည့္အရပ္အသီးသီးကစီးဆင္းလာေသာေရတို႔၏ ေပါင္းစပ္ထားေသာေရ ပင္ျဖစ္သည္။ အင္းေလးကန္ကေနမွစီးဆင္းလာေသာထိုေခ်ာင္းေရထဲသို႔ ပင္ေလာင္း၊ ဖယ္ခုံ စသည့္အရပ္ကစီးလာေသာေရမ်ားလည္း ထပ္ဆင့္ေပါင္းစပ္ထားပါသည္။ ထိုဘီလူးေခ်ာင္းေရသည္ ရွမ္းျပည္နယ္ေတာင္ပိုင္းေဒသအသီးသီးရွိေသာေရစက္ေရေပါက္ မ်ားတို႔ စုေပါင္းထားသည့္ ျပယွဂ္တစ္ခုဟုလည္းဆိုႏိုင္ပါသည္။

ထိုေရသည္ေရခ်ိဳျဖစ္၍ လိုအပ္သလိုသုံးလို႔ရ သည္။
ေမြေတာ္ေက်ာင္း၊ ေညာင္ဝိုင္းေက်ာင္းတို႔ဆိုလွ်င္ ထိုဘီလူူးေခ်ာင္းေဘးကျဖစ္၍ ထိုေက်ာင္းတို႔၌ ေနေသာစာသင္သားကိုရင္ေလးေတြဆိုရင္ ဘီလူးေခ်ာင္းမွာေရခ်ိဳးရင္းေရကူးသည့္အတတ္ပညာကို ဘယ္ သူသင္လို႔သင္မွန္းမသိ အလိုလိုတတ္ခဲ့ၾကပါသည္။ အၿမဲတမ္းတိတ္ဆိတ္မႈကိုတန္ဖိုးထားေသာ ရဟန္းသံ ဃာမ်ားအဝန္းအဝိုင္းထဲတြင္ ေဆာ့တတ္ကစားတတ္သည့္အရြယ္ျဖစ္ေနေသာကိုရင္ေလးေတြအတြက္ အနည္းငယ္က်ဥ္းေျမာင္းသလိုခံစားမႈမ်ားသည္ ဘီလူူးေခ်ာင္းထဲခုန္ခ်ၿပီးေရခ်ိဳးေသာအခါ က်ဥ္းက်ပ္ေန ေသာစိတ္ခံစားမႈကို ေဆးေက်ာေပးၿပီးသားျဖစ္သြားေလသည္။ ကိုရင္ရွင္သူရိယဆိုရင္ စိတ္ညစ္သည့္အခါ ေက်ာင္းရဲ႕အေရွ႕ဘက္က အရိပ္ရစကၠဴပန္းပင္ေအာက္ထိုင္ခုံေပၚထိုင္ၿပီး အေရွ႕ဘီလူးေခ်ာင္းကိုပဲလွမ္းၾကည့္လုိက္သည္။ ဘီလူးေခ်ာင္းကိုျမင္တာနဲ႔ စိတ္ခံစားမႈကတစ္မ်ိဳးေျပာင္းသြားေလသည္။ ဘီလူးေခ်ာင္းကိုၾကည့္လွ်င္ တရစပ္ေျပးဆင္းေနေသာေရစီး ေၾကာင္းမ်ားကိုျမင္ေနရသည္။ 


ထိုေရစီးေၾကာင္းထဲတြင္ ငါးပုဇြန္မ်ိဳးစုံလည္း ေပ်ာ္ျမဴးေနၾကသည္ကို ျမင္ေယာင္ပါသည္။ ငါးတို႔ပုဇြန္တို႔ေပ်ာ္ျမဴးသလိုပဲ လူေတြလည္းေရထဲမွာေရကူး ကစားနည္းမ်ိဳးစုံျဖင့္ေပ်ာ္ျမဴးၾကသည္ကိုလည္း ျမင္ေယာင္မိပါေတာ့သည္။ ထိုေပ်ာ္ျမဴးမႈပုံရိပ္မ်ားသည္ ျမင္ေယာင္သူ၏ရင္ထဲကိုလည္းကူးစက္လာပါေတာ့သည္။ ထိုသို႔ေသာခံစားမႈမ်ိဳးကိုရလာေသာအခါ ေစာ ေစာကညစ္ေနသည့္စိတ္မ်ားသည္ ေရစီးေၾကာင္းနဲ႔ အတူစီးဆင္းၿပီးေမွ်ာသြားေလသည္။ ၾကည္လင္ေသာ စိတ္ျဖစ္စဥ္မ်ားက်န္ရစ္ခဲ့ေသာသည္။ ဘီးလူးေခ်ာင္းထဲက ေရစီးေၾကာင္းသည္ စိတ္ၾကည္လင္ဖို႔အတြက္ ၾကည့္စရာမွန္တစ္ခ်ပ္ျဖစ္လာခဲ့ေလသည္။ 

ထိုအခ်ိန္တြင္မိုးၿဗဲၿမိဳ႕မွာစကၠဴပန္းပန္သိပ္ေပါမ်ားေသာအခ်ိန္ျဖစ္သည္။ အျခားေနရာမွာေတာ့ ဘယ္လိုေခၚလည္းမသိပါ၊ မိုးၿဗဲမွာေတာ့ စကၠဴပန္းပင္ဟုေခၚပါသည္။ အနံကမရွိ၊ ပန္း၏အေရာင္က အနီေရာင္လည္းရွိပါသည္။ အျဖဴေရာင္လည္းရွိပါသည္။ စကၠဴပန္းပင္ေပါက္ပုံကထူးဆန္းသည္။ အလယ္မွာအပင္ခပ္ႀကီးႀကီးတစ္ပင္ေပါက္သည္။ ထိုအပင္ေပၚမွာပင္ အပင္၏အျမစ္နားကစ၍ ႏြယ္ပင္လိုအကိုင္းေလးေတြျဖာထြက္သည္ ထိုႏြယ္ပင္အကိုင္းေပၚမွာပင္အရြက္မ်ား၊ အပြင့္မ်ားက သူထက္ပိုထြက္လာႏိုင္ဖို႔ အလုအယပ္ထြက္လာၾကပါသည္။ ထိုအပင္ကေျခာက္ေပ၊ ခုႏွစ္ေပေလာက္ရွိသျဖင့္ အပင္၏ပတ္ပတ္လည္မွာသစ္သားျပားမ်ားနဲ႔ဝုိင္းရံထားၿပီး အပင္၏ေအာက္ေျခပတ္လည္မွာ ထိုင္ခုံေတြျပဳလုပ္ၾကပါသည္။ ေမြေတာ္ေက်ာင္းမွာလုပ္သလိုပင္ အဲဒီအခ်ိန္တုန္းကဆိုရင္ မိုးၿဗဲၿမိဳ႕မွာ စကၠဴပန္းပင္ေတြက တစ္ၿမိဳ႕လုံးလုိလုိေနရာတိုင္းမွာျမင္ေတြ႔ရပါသည္။ 


တစ္ခ်ိဳ႕စားေသာက္ဆိုင္ေတြမွာလည္း ဆိုင္ေရွ႕စကၠဴပန္းပင္ေအာင္မွာ ခုံေတြဝိုင္းရံခ်ၿပီး စားပြဲခင္းထားၾကပါသည္။ အဲဒီအခ်ိန္တုန္းကဆိုရင္မိုးၿဗဲၿမိဳ႕သည္ စကၠဴပန္းပင္ရိပ္မွာခုိလႈံသည့္ၿမိဳ႕တစ္ၿမိဳ႕လို႔ေျပာလို႔ရေလာက္ေအာင္ စကၠဴပန္းပင္ေတြမ်ားခဲ့ပါသည္။ ရွင္သူရိယသည္ ထိုစကၠဴပန္းပင္ေအာင္ထိုင္ခုံေပၚမွာထိုင္ၿပီး ဘီလူးေခ်ာင္းကိုလွမ္းၾကည့္ေနသည္။
“ရွင္သူရိယ ဘာၾကည့္ေနတာလဲ”
“ဘီလူးေခ်ာင္းကိုေပါ့”
“ေရကသိုဏ္း႐ႈေနတာလား”
“႐ႈမလို႔ဘဲ ကသိုဏ္းကအႏုပညာမဆန္လြန္းလို႔ မ႐ႈျဖစ္ဘူး”
“ေအာင္းမာ အႏုပညာဆန္သတဲ့လား” လုိ႔ေျပာၿပီး ရွင္ဝိမလက သူ႕ကိုၾကည့္ၿပီး အားရပါးရရီလိုက္ ခ်င္သည္။ သူတို႔အခ်င္းခ်င္းေတြ႔လိုက္ရင္ သူတို႔အထာနဲ႔သူတို႔ကရွိၿပီးသား။ စာေလးမေတာက္တေခါက္ဖတ္ၿပီး စာအုပ္ ထဲကစကားကိုသုံးတတ္သည္။ ကိုယ္နဲ႔လိုက္ဖက္သည္ မလိုက္ဖက္သည္ မသိ၊ ေျပာခ်င္တာေတြေျပာတတ္ ၾကသည္။ အေၾကာင္းမသိတဲ့သူေတြဆိုရင္ စကားႀကီးစကားက်ယ္ေျပာတယ္ဆိုၿပီး အျမင္ကပ္ခံရတာ တာခဏခဏပဲ။ ဘီလူးေခ်ာင္းထဲကေရလႈိင္းေတြကို ၾကည့္ၿပီးဘီလူူးေခ်ာင္းအေၾကာင္းကိုေျပာၾကေလသည္။ 


ထိုဘီလူးေခ်ာင္းေဘးတြင္စိုက္ပ်ိဳးေရးလုပ္ၾကသည္၊ ဘုရားပြဲလုပ္ၾကသည္၊ အပန္းေျဖၾကသည္။ ထိုေရကိုေသာက္သုံးၾကၿပီးႏွစ္သက္ေက်နပ္မႈပုံစံအမ်ိဳးမ်ိဳးျဖင့္ခ်ီးမြမ္းေျပာဆိုၾကသည္။ ထိုေရကိုသုံးစြဲၾက၍ သီႏွံအထြက္ေကာင္းပုံအမ်ိဳးမ်ိဳးတို႔ျဖင့္ ဂုဏ္ယူဝင့္ၾကြားစြာေျပာၾကသည္။ လူေတြေျပာဆိိုခ်ီးမြမ္းၾကေသာ္ လည္း လူေတြရဲ႕အသံကိုလ်စ္လ်ဴ႐ႈကာ ဘီလူးေခ်ာင္းသည္မၾကားသလိုပင္တည္ၿငိမ္စြာ ဆက္လက္စီးဆင္း ေနသည္။ ခ်ီးမြမ္းသံမ်ားရွိသလိုေၾကာက္လန္႔သံမ်ားလည္းရွိပါသည္။ တစ္ခ်ိန္တုန္းကဘီလူးေခ်ာင္းမွာ အမ်ိဳး သမီးတစ္ေယာက္ အဝတ္ေလွ်ာ္ရင္း မဆင္မျခင္အဝတ္သိမ္းရာကေနေရစီးေၾကာင္းနဲ႔အတူအဝတ္တစ္ထည္ ေမွ်ာပါသြား၍ အဝတ္ေလွ်ာ္သည့္အမ်ိဳးသမီးက ေမွ်ာပါသြားသည့္အဝတ္ကိုလိုက္ဆယ္ရင္း ေရနစ္သြား၍ ေသသြားေလသည္။ ထိုကိုအစြဲျပဳ၍ ဘီလူးေခ်ာင္းသည္လူကိုစားသည္ဟုလည္းဆိုၾကသည္။ တစ္ခါတုန္းက ဆိုရင္အမ်ိဳးသမီး တစ္ေယာက္ဘီလူးေခ်ာင္းမွာကေလးကိုေရခ်ိဳးေပးပါသည္။ ကေလးကတစ္ႏွစ္သာသာ ေလာက္ပဲရွိဦးမည္။ ကေလးကိုေရခ်ိဳးေပးၿပီး အမ်ိဳးသမီးကေခါင္းေလွ်ာ္ေလသည္။ ေခါင္းေလွ်ာ္ေနတုန္း ကေလးကေရထဲဆင္းကာ ေရကစားေလသည္။ အမ်ိဳးသမီးကလည္း ဘာမွမျဖစ္ေလာက္ဘူးထင္ၿပီး ဘာမွ မေျပာဘဲ ေခါင္းဘဲဆက္ေလွ်ာ္ေနပါသည္။ ေခါင္းေလွ်ာ္ၿပီးကေလးကိုသတိရလို႔ၾကည့္လိုက္ေသာအခါ ကေလးကေရထဲေမွ်ာသြားၿပီျဖစ္သည္။ အဲဒါကိုလည္း ဘီလူးေခ်ာင္းက ကေလးကိုစားသည္ဟုသမုုတ္ၾက ျပန္ပါသည္။ ထိုထင္ျမင္ခ်က္မ်ားကိုလည္း လ်စ္လ်ဴ႐ႈကာ ဘီလူးေခ်ာင္းသည္မသိသလိုပုံမွန္အတိုင္း စီး ဆင္းေနပါသည္။ တစ္ခါတစ္ရံဘီးလူူးေခ်ာင္းသည္ ခံစားခ်က္ကင္းမဲ့သည့္စမ္းေခ်ာင္းတစ္ေခ်ာင္းအသြင္ သရုပ္ေဆာင္ျပသြားပါသည္။ 


ထိုဘီလူးေခ်ာင္းသည္ေနသာေသာေန႔ေတြဆိုရင္ အေရာင္အလွ်ပ္လွ်ပ္နဲ႔လႈပ္ခါကာ ထိုးဆင္းလာ ေသာ ေနေရာင္ျခဥ္နဲ႔အတူကခုန္ေပ်ာ္ျမဴးေလသည္။ ေအးေသာေဆာင္းရာသီမွာဆိုရင္ က်လာေသာႏွင္း ေတြကိုခံယူထားသလို ေရခိုးေရေငြ႔ေတြကိုလည္း ျပန္လည္ထုတ္ေပးေလသည္။ မိုးရြာေသာမိုးသီေတြမွာ လည္း မိုးေရမ်ား၏ စီးဆင္းရာလမ္းေၾကာင္းအားလုံးကိုလည္းႀကိဳဆုိလ်က္ရွိပါသည္။ ထိုကဲ့သို႔အခ်ိန္တိုင္းမွာ အသင့္ရွိေနျခင္းေၾကာင့္ပင္ ဘီလူးေခ်ာင္းသည္ အၿမဲစီးဆင္းေနႏိုင္ခဲ့ေလသည္။ အၿမဲရွင္သန္လ်က္ရွိပါ သည္။ ထိုအၿမဲရွင္သန္ေနေသာ ဘီလူးေခ်ာင္းသည္ စကားေျပာလာေသာေန႔တစ္ေန႔ ေရာက္လာခဲ့ေလၿပီ။








ဆက္ရန္ 
အရွင္နႏၵိယ(ဖယ္ခုံ)

Saturday, September 29, 2018

သွဉ်ခန်းလိတ်ပအိုဝ်;

သွဉ်ခန်းလိတ်ပအိုဝ်;
တဲမ်းသား နာင်ဆွေဇင်မြင့် (ကွုံ;သွုံ ၊ ဖဲုင်,ခွန်;)

ပအိုဝ်;ပိုခို ခွန်ယောင်,ချူ;
ပအိုဝ်;ပိုမူ; နင်,ယောင်,ယံ
တွမ်;လိတ်တွမ်;ဟန် ဂုဏ်အောဝ်;ငါ;
အင်္ဂါ;လက္ခဏာ; ယံဖဲုင်ထွား
လွိုးထဲင်းတစား ခိန်;လဲ့တွို;
နီနာ,ပအိုဝ်; အနာ;ဂတ်
ယံကတွို;တက်  ယံထင်;သျာ,
အောဝ်;လို;ကျိုစာ, သောင်;သာပို;
အွဉ်ဝင်သွဉ်ခန်း လိတ်ပအိုဝ်

သြဥ္ခန္းလိတ္ပအိုဝ္;
တဲမ္းသား နာင္ေဆြဇင္ျမင့္ (ကြဳံ;သြဳံ ၊ ဖုဲင္,ခြန္;)

ပအိုဝ္;ပိုခို ခြန္ေယာင္,ခ်ဴ;
ပအိုဝ္;ပိုမူ; နင္,ေယာင္,ယံ
တြမ္;လိတ္တြမ္;ဟန္ ဂုဏ္ေအာဝ္;ငါ;
အဂၤါ;လကၡဏာ; ယံဖုဲင္ထြား
လိြဳးထဲင္းတစား ခိန္;လဲ့တိြဳ;
နီနာ,ပအိုဝ္; အနာ;ဂတ္
ယံကတြိဳ;တက္  ယံထင္;သ်ာ,
ေအာဝ္;လို;က်ိဳစာ, ေသာင္;သာပို;
အြဥ္ဝင္သြဥ္ခန္း လိတ္ပအိုဝ္;





နှင်းဆီပန်းပန်သောကောင်မလေး အခန်း(၁)



 
အချိန်ကာလကညနေနေဝင်ခါနီးအချိန်ဖြစ်သည်။။ မန္တလေးမြို့ရဲ့နေရောင်ခြည်ဆည်းဆာရောင်နီအောက်မှာဖြတ်သန်း ပြီး ဆိုက်ကယ်ပေါ်က ဆိုက်ကယ် ဦးထုပ်ဆောင်ထားတဲ့မိန်းကလေးသုံးဦးနဲ့ ယောင်္ကျားလေးတစ်ဦးက ကျွဲဆည်ကန်ကားကြီးကွင်း ကို ဦးတည်နေလေပြီ။ မန္တလေးမြို့ကနေ့ခင်းမှာ ရက်စက်စွာပူနေသော်လည်း ညနေပိုင်းမှာ တော့ သဘော ကောင်းစွာ အပူပေါ့နေပါ သည်။ အလုပ်ဆင်းနေကြသည့်အချိန်မို့ လူတွေနဲ့ရှုပ်ပွနေသည့်လမ်းပေါ်မှာ ဘယ်သူကိုမှဂရုမစိုက်နိုင်သည့် မန္တလေးယာဉ်များကြား မှာ ဆိုက်ကယ်နဲ့ သတိထားပြီး ကျော်ဖြတ်ခဲ့ရပါသည်။ မန္တလေး မြို့ပေါ်ကဆိုင်ကယ်မတော်တဆတိုက်မိတတ်သည့်ဖြစ်ရပ်များက ခဏခဏကြားနေရသည်မို့ မစိုးရိမ်သည့်တိုင် သတိ တော့အမြဲကြီးကြီးထားရပါသည်။ မြို့ပြကြီးဘဲမို့ လေထုညစ်ညမ်းပြီး လေ ကောင်းလေသန့်မရနိုင်သည်မှာ သူတို့အ တွက်ရိုးနေပြီဖြစ်သည်။ ထိုကြောင့် မန္တလေးရဲ့ဆည်းဆာရိပ်ရောင်နီအောက်မှာ အပြုံး မျက်နှာများကိုဖန်တီးကာ ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို လျစ်လျူရှုပြီး စိတ်ညစ်ညမ်းမှုတွေကို သူတို့တွန်းလှန်ခဲ့ကြလေသည်။ နန်းခမ်းဖူးနဲ့ နန်းခမ်မွန်းတိ့ု ရှမ်းပြည်ပြန်မည်ဖြစ်ပါသည်။ အမျိုးသမီးဘော်ဒါဆောင်ကနေ ခွန်အောင်ခမ်းနဲ့ နန်းခမ်းယွန်းတို့က ဆိုင်ကယ်တစ်စီးစီမောင်းပြီးကားဂိတ်အထိလိုက်ပို့သည်။ သူတို့လေးယောက်ကို ကျောင်းကသူငယ်ချင်း တွေကလည်း “ခမ်းအဖွဲ့” လို့ချစ်စနိုးခေါ်ကြသည်။

ကျွဲဆည်ကန်ကားကြီးကွင်းသွားတဲ့လမ်းက လမ်းဘေးတစ်နေရာမှာခဏဆင်းပြီး နန်းခမ်းယွန်းက နှင်းဆီ ပန်းလှလှ လေးတစ်စည်း ဆင်းဝယ်သည်။ နောက်ကလိုက်စီးသည့် နန်းခမ်းဖူးက အကြောင်းသိမို့ ဘာမှမပြောဘဲ လှတဲ့အပွင့် တွေကို ကူရွေးပေးလိုက်သည်။ ကားဂိတ်ရောက်တော့ နန်းခမ်းမွန်းက စောဒကတက်ကြည့်သည်။

“နင်ကလည်း အပြန်ကျမှအေးအေးဆေးဆေးဝယ်လို့ရရဲ့သားနဲ့၊ ကြံကြံဖန်ဖန် အချိန်လုပြီး ဝယ်နေသေး တယ်”
“အပြန်မှာဝယ်လို့မဖြစ်လို့ပေါ့ဟ”
ဘေးမှာရှိနေသည့်ခွန်အောင်ခမ်းလည်းဝင်ပြောကြည့်လေသည်။
“ယွန်း မင်းလည်းစိတ်ကူးယဉ်တတ်နေပြီလား၊ နှင်းဆီပန်းတွေတောင် ဝယ်တတ်နေပြီ”
“ဘယ်ကစိတ်ကူးယဉ်ရမလဲ၊ ငါနှင်းဆီပန်းဝယ်လာတာ ကြာလှပြီ၊ နင်မသိလို့ပါ”
“ဒါဆိုရင် နင်စိတ်ကူးယဉ်လာတာ ကြာပြီပေါ့”
“စိတ်ကူးယဉ်နေတာမဟုတ်ဘူး၊ အခုက တကယ်လက်ဆောင်ပေးဖို့ဝယ်တာ”
သူတို့အချင်းချင်း တစ်ဦးမျက်နှာတစ်ဦးကြည့်နေကြသည်။ ပြီးတော့ နန်းခမ်းမွန်းကမေးသည်။
“ဟေ၊ ငါတို့တောင်မသိသေးပါလား၊ နင်တို့ ဘယ်တုန်းကဘယ်လိုဖြစ်ကြတာလဲ၊ အဲဒီလူကဘယ်သူလဲ”
“ဟဲ ဟဲ၊ ရှုပ်ကုန်ပြီ၊ ဘာတွေပြောနေတာလဲ”
“ရှုပ်တာနင်လေ”
ဘေးကရပ်နေသည့် နန်းခမ်းဖူးက သဘောကျပြီး ပြုံးနေပါသည်။
“နင်ကဘာတွေ ရယ်နေတာလဲ၊ နင်ကောသိလား”
“သိတာပေါ့၊ အချိန်မရှိတော့ဘူး၊ ကားပေါ်ရောက်မှပြောမယ်၊ ကားထွက်တော့မယ်၊ ဟိုမှာခရီးသည်တွေ ကားပေါ်တက် ကုန်ပြီ”
“ရော့ ဖူး၊ ရောက်အောင်ပို့ပေးပါနော်၊ ငါနှင်းဆီပန်းကိုအရမ်းနှစ်သက်သည့်အကြောင်းကိုလည်းပြောနော်၊ ဒီနှစ်ငါမပြန် နိုင်တော့သည့်အကြောင်းကိုလည်းသေသေချာချာပြောပြပေးနော်”
“အေပါ၊ ငါပြောပေးပါ့မယ်၊ နင်ကလည်း ဒီစကားကိုဘဲ ခဏခဏပြောနေတာပဲ”
“ထူဆန်းလိုက်ချဉ်လား၊ မှာတာကလဲ တစ်မျိုးကြီးပဲ၊ ဘယ်သူ့ကိုပေးတာလဲ” ခွန်မျိုးဝင်းက လှမ်းမေးသည်။
“ငါ့ အစ်ကိုပါ၊ နင်တို့က မသိဘဲနဲ့ အထင်မလွဲနဲ့၊ ငါကနင်တို့လို မဟုတ်တရုတ်တွေ မရှိသေးဘူး”
“အောင်းမာ၊ သူများကိုများ မဟုတ်တရုတ်တဲ့၊ ငါက နင်ထက်ပိုရှင်းတယ်” မျိုးဝင်းကပြန်ပြောသည်။
အချိန်ကမရတော့ဘူးမို့ ငြင်းခုံနေတာရပ်ပြီး နန်းခမ်းဖူးနဲ့နန်းခမ်းမွန်းတို့ပစ္စည်းတွေကို ဝိုင်းကူသယ်ပေးသည်၊ ကား ထွက်သွားတော့ လက်ပြနှုတ်ဆက်ကြသည်။ ဟိုနှစ်ယောက်တော့ကျန်ခဲ့လေပြီ။

ဆောင်းပြောင်းရွာအထိပြန်ရမှာဆိုတော့ လွိုင်ကော်ကားနဲ့ပြန်ရသည်။ အခုကသူတို့ သိန်းသန်းကုဋေကားနဲ့ ပြန်သည်။ ဒုတိယနှစ်စာမေးပွဲဖြေပြီးတော့ ရတနာပုံတက္ကသိုလ်ကို ခဏနှုတ်ဆက်ရသည်။ လေးဦးလုံး အရွယ်လည်းတူ၊ အတန်းလည်းတူကြ သည်မို့ ပိုပြီးခင်မင်ကြပါသည်။ ခွန်အောင်ခမ်းက ဒီနှစ် မကွေးကသူ့ရဲ့ယောင်္ကျားလေးသူငယ်ချင်းရွာ အလည်လိုက်ရမှာမို့ မပြန်ခြင်း ဖြစ်ပါသည်။ သူကလည်း ဆောင်းပြောင်းရွာကပဲ၊ နန်းခမ်းမွန်းလည်း ဆောင်းပြောင်း ရွာကပဲ။ နန်းခမ်းဖူးနဲ့ နန်းခမ်းယွန်းတို့က တောင်မဲသင်းရွာကဖြစ်ပါသည်။ တောင်မဲသင်းရွာသူလေး နှစ်ယောက်ရှိပေမယ့် နန်းခမ်းယွန်းကမပြန်လို့ နန်းခမ်းဖူးတစ်ယောက် တည်း ပြန်ရပါသည်။ နန်းခမ်းမွန်းရှိသေးလို့ အဖော်ရသွားသည်။ မဟုတ်လျှင် တစ်ဦးတည်းပြန်ရမည်၊ တစ်ဦးတည်းပြန်ရင် အဆင်မ ပြေပါ၊ တောင်မဲသင်းလမ်းခွဲမှာဆင်းရမှာမို့ မနက်အ စောကြီး(၃)နာရီလောက်ရောက်မှာဆိုတော့ ဘယ်သူမှစောင့်မကြိုပေးနိုင်၊ နေ့ကားပြန်တော့လည်း ညနေ(၆)နာရီ (ရ) နာရီလောက်မှာရောက်တယ်ဆိုတော့လည်း မိုးချုပ်နေပြီမို့အဆင်သိပ်မပြေ။ အခုက နန်းခမ်းမွန်းပါတော့ အဆင်ပြေ သည်။ စောလွန်းလည်းကိစ္စမရှိ၊ နောက်ကျရင်လည်းကိစ္စမရှိ၊ အိပ်ချင်ရင် နန်းခမ်းမွန်းအိမ်မှာ ဝင်အိပ်လိုက်ရုံသာ၊ လာကြိုသူမရှိရင်လည်း နန်းခမ်းမွန်းကို ပို့ခိုင်းလိုက်ရုံပဲ၊ အဆင်ပြေသည်။

မန္တလေးမြို့ကိုကျော်ဖြတ်သည့်ကားပေါ်ကနေပြီး လမ်းဘေးရှုခင်းကိုအားရပါးရကြည့်ကြသည်၊ အရင်တုန်းက ကားပေါ် ရောက်ရင် ရွာကိုရောက်ချင်သည့်စိတ်ကကဲနေသည့်အတွက် ပျော်သည်၊ လန်းဆန်းသည်။ အခုတော့ နန်းခမ်း ယွန်းပါမလာသည့် အတွက် တစ်ခုခုလွမ်းကျန်ခဲ့သလိုလိုဖြစ်နေသည်။
“ဟေ ဖူး၊ ယွန်းက ဘာဖြစ်လို့ သူ့အစ်ကိုကို နှင်းဆီးပန်းဝယ်ပေးရတာလဲ၊ မန္တလေးလက်ဆောင် ထိုးမုန့်၊ ဧလ မုန့်တွေမဝယ်ဘဲနဲ့ ဘာလို့နှင်းဆီပန်းတွေဝယ်ပေးတာလဲ၊ သူ့အစ်ကမှာလို့လား”
“မမှာပါဘူး၊ သူပေးချင်လို့ပေးတာပါ၊ သူတိုိ့မှာဇာတ်လမ်းတွေရှိတယ်လေ”
“ဘယ်လို ဘယ်လို၊ ဇာတ်လမ်းတွေရှိတယ် ဟုတ်လား၊ သူတို့မောင်နှမတွေမှာ ဘယ်လိုဇာတ်လမ်းတွေလဲ၊ မောင်နှမအချင်းချင်းတွေတောင်နှင်းဆီပန်းတွေပေးနေတယ်”
“မွန်း၊ နင်ဘာတွေလျှောက်တွေးနေလဲ၊ နင်သိအောင်ငါပြောပြပါ့မယ်ဟာ”
ပြီးခဲ့သည့်နှစ်က တက္ကသိုလ်ပထမနှစ်ပြီးတော့ သူတို့လေးယောက်လုံးရွာပြန်သွားကြတယ်၊ စာမေးပွဲလည်း လေးယောက် လုံးအောင်ကြတယ်၊ ဒုတိယနှစ်အတွက်ကျောင်းပြန်တက်ဖို့ပြန်လာတော့ နန်းခမ်းယွန်းက ဘာအကြောင်းပြချက်မှမပေးဘဲ နောက်မှ သူဆင်းလာခဲ့မယ်လို့ပြောပြီး မန္တလေးကို ဆင်းမလာဘူး၊ နန်းခမ်းဖူးလည်းဖုန်းဆက်တယ်၊ ဖုန်းမကိုင်ဘူး၊ ကျောင်းတက်ပြီးနှစ်ပတ် ကြာမှ နောက်ကျပြီးရောက်လာ တယ်။ ဖြစ်ပုံကသူတို့ရွာပြန်သည့်အချိန်မှာပဲ မိဘစကားများပြီးရန်ဖြစ်ကြလို့ဖြစ်ပါတယ်။ အမေနဲ့ အဖေရန်ဖြစ်ပြီးတော့ အဖေကရွာကနေထွက်သွားတယ်၊ နန်းခမ်းယွန်းတက္ကသိုလ်ပြန်တက်မည့်အချိန်အထိ အဖေကပြန်ရောက် မလာဘူး။ ဘယ်ကိုသွားမှန်းလည်းမသိဘူး။ အမေကလည်း သမီးတက္ကသိုလ်တက်ဖို့ ငွေလုံလုံလောက်လောက်မရှာနိုင်လို့ နန်းခမ်း ယွန်းတက္တသိုလ်ထဲ ပြန်ရောက်ရမည့် အချိန်ပြန်မရောက်နို င်ရှာဘူး။ နောက်ဆုံးနန်းခမ်းယွန်းကဆုံးဖြတ်လိုက်တယ်၊ ဒီနှစ်အလုပ် လုပ်မယ်၊ ငွေရှာမယ်၊ နောက်နှစ်မှ ပြန်တက်မယ်ပေါ့။ အဲဒီလိုဆုံးဖြတ်လိုက်တော့ သူ့အစ်ကိုကလက်မခံဘူး။ ဒီနှစ်သူ့ညီမလေး ကျောင်း တက်ကိုတက်ရမည်ဆိုပြီးတော့ ရွာမှာငွေလိုက်ချေးပြီးပေးလိုက်သည်။ နန်းခမ်းယွန်းလည်း ဒီနှစ်မတက် တော့ဘူးလို့ အတန် တန်ငြင်းသည်။ အစ်ကိုကသဘောမတူဘဲ အတင်းတက်ခိုင်းလို့တက်လိုက်ရသည်။ ကျောင်းတက်တော့ ငွေကိုချွေတာ သုံးလိုက်ရ တယ်။ အစ်ကိုကမရှိသည့်ကြားက ရှာကြံပြီးငွေပို့ပေး ရတာကိုသိလို့ နန်းခမ်းယွန်းက မလိုအပ်ပဲငွေမသုံးရဲဘူး။ ချို့ချို့တဲ့တဲ့နဲ့ကျောင်း တက်ပြီး ချွေတာရတယ်။ ဒီနှစ်ကျောင်းပြီးတော့ ရွာပြန်ချိန်မှာလည်း ရွာမပြန်ဘဲဓာတ်ဆီ ဆိုင်တစ်ဆိုင်မှာအလုပ်ဝင်လုပ်တယ်၊ ဝင်ငွေလေးဘာလေးရအောင်လို့တဲ့။ ငွေပို့ပေးတဲ့အစ်ကိုကိုလည်းအားနာလို့တဲ့။

နန်းခမ်းဖူးကဇာတ်လမ်းအရှည်ကြီးကိုပြောရင်းဆိုရင်း သပြေဝရောက်နေပြီဖြစ်ည်။ နားချိန် ခရီးသည်တွေ အားလုံး ဆင်းရ တာမို့သူတို့လည်းအောက်ဆင်းလိုက်လေသည်။ အောက်ရောက်တော့လည်း စားသောက် ဆိုင်ထဲမဝင်တော့ဘဲ လမ်းလျှောက်နေကြ သည်။ သူတို့တွေအတူတူသာနေကြတာ မိသားစုအကြောင်းနဲ့ ပတ်သက်လို့ မေးမြန်းကြတာလည်းမရှိကြဘူး။ သိလည်းမသိကြဘူး။

ဘယ်တုန်းကမှသူများအကြောင်းကိုစိတ်မဝင်းစားတတ်သော နန်းခမ်းမွန်းက နန်းခမ်းယွန်းအကြောင်းကို အသေးစိတ်မေးနေသည်။
“ဒါဆိုရင်သူတို့မောင်နှမတွေက တော်တော်ချစ်ကြတာပဲနော်”
“ချစ်တာကတော့ ပြောမနေနဲ့၊ သူ့ညီမလေးအတွက်ဆိုပြီး သူ့အစ်ကိုလည်းကြုံရာအလုပ် အကုန်လုပ်တယ် လို့ ကြားတယ်၊ ယွန်းကလည်း ငွေရှာနေရတဲ့ သူ့အစ်ကိုသနားလို့ တဲ့ ငွေမဖြုန်းရဲရှာဘူး၊ တက္ကသိုလ် ကျောင်းသူလို့သာပြောတာ သူကဲနေတာ နင် ဘယ်တုန်းကတွေ့ဖူးလို့လဲ”
“အေ၊ ဟုတ်တယ်နော်၊ သူတို့မောင်နှမက နှစ်ယောက်ပဲရှိတာလား”
“နှစ်ယောက်မကဘူး၊ ငါးယောက်ရှိတယ်၊ သူ့ကိုကျောင်းအတင်းတက်ခိုင်းသည့်အစ်ကိုက အကြီးဆုံးပေါ့၊ နောက်ဘုရား ကြီးတိုက်ထဲမှာ ဗုဒ္ဓတက္ကသိုလ်တက်နေသည့်ဦးဇင်းတစ်ပါးရှိတယ်၊ အဲဒါလည်းသူ့အစ်ကိုပဲ၊ နင်လည်း သိမှာပါ သူအားရင်ဦးဇင်းဆီ သွားနေကျပဲလေ၊ အဲဒီဦးဇင်းကသူ့အစ်ကိုအရင်းပဲပေါ့။ နောက်ညီမလေးနှစ်ယောက်ရှိသေးတယ်၊ တစ်ယောက်က ဆယ်တန်း၊ တစ်ယောက်က ရှစ်တန်း၊ အဲဒါကသူတို့မောင်နှမအကြောင်း၊ နောက်နင်ဘာသိချင်သေးလဲ၊ မေးစရာတွေရှိသေးလား”
“မရွက်ပါနဲ့ဟာ နင်ကလဲ၊ မေးစရာမရှိပါဘူး၊ သူတို့ကိုအားကျလိုက်တာ၊ တော်တော်ချစ်ကြတာပဲ၊ ငါလည်း အဲလိုချစ်ကြည့် လိုက်ချင်တယ်၊ သူတို့လိုဖြစ်ရင်သိပ်ကောင်းမှာပဲ”
“အရူးမ၊ နင်ဒုက္ခရောက်ချင်နေတာလား”
သူများဒုက္ခရောက်နေတာကို ကူညီဖို့မစဉ်းစားပဲ သူများလိုလိုက်ဒုက္ခရောက်ချင်နေသလိုလိုနဲ့ပြောနေသည်။ ကားပြန်ထွက်တော့မှာ မို့ ကားပေါ်ပြန်တက်ကြသည်။
ကားပေါ်ရောက်တော့လည်း နန်းခမ်းမွန်းမှာ မေးခွန်းတွေပိုများလာသည်။ နန်းခမ်းယွန်းနဲ့တစ်ရွာသူ ချင်းဖြစ် သည့် နန်းခမ်းဖူးကလွဲရင် အခြားမေးရမည့်သူကို ရှာလို့မတွေ့။
“ဖူး၊ ယွန်းက ဘာဖြစ်လို့သူ့အစ်ကိုကို နှင်းဆီပန်းပေးရတာလဲ၊ နင်ပြောတဲ့သူတို့ဇာတ်လမ်းက ဘာလဲ”
“အဲဒါက ငါ့ဆီမှာ သူဓာတ်ပုံရိုက်ပြီးပို့ပေးထားတဲ့စာရှိတယ်၊ သူ့အကောင့်ပျက်သွားရင် ပြန်ရှာလို့ လွယ်အောင်လို့ ငါ့ကိုလည်းသိမ်း ခိုင်းထားတာ၊ နင်ဖတ်ကြည့်လေ သိချင်ရင်၊ ရော့ ဒီမှာ”
“အော် စာပါလား”
“ဟုတ်တယ်၊ သူ့အစ်ကိုရေးတဲ့စာပေါ့”

ညီမလေး ဘယ်ရောက်နေလဲ 

ညီမလေး ဘယ်ရောက်နေလဲ၊ ညီမလေး မှတ်မိသေးလား၊ ညီမလေးက “နှင်းဆီပန်းကဆူးများတယ် မကြိုက်ဘူး” ပြောလို့ “နှင်းဆီပန်းက ဆူးများကြားမှာ ထိုးထွက်ပြီးသူ့အလှကိုသူဖန်တီးပြီး လောကကြီးကို အလှဆင်တယ်၊ ညီမလေးလည်း တကယ်သတ္တိရှိတယ်ဆိုရင် နှင်းဆီပန်းလို လောကဓံဆူးများကြားမှာ ထိုးထွက်နိုင်အောင်ကြိုးစားပါ” လို့အစ်ကိုပြောတော့ ညီမလေးက နှင်းဆီပန်းကို ပန်ခဲ့တယ်လေ။

ညီမလေး ဘယ်ရောက်နေလဲ၊ ညီမလေး သိရဲ့လား၊ ညီမလေးပန်ခဲ့သည့် နှင်းဆီပန်းက ခြောက်သွေ့သွားတော့ စားပွဲခုံ ပေါ်မှာ မေ့ကျန်ခဲ့တာလေ၊ အဲဒီနှင်းဆီပန်းခြောက်လေးကို ယူပြီး အဖေကပြောတယ်၊ “သမီးမရှိသည့်အချိန် ဒီနှင်းဆီပန်း လေးဟာ သမီးရဲ့ကိုယ်စားအိမ်မှာရှိနေပါစေ” ဆိုပြီး မှတ်တမ်းစာအုပ်ကြားမှာသိမ်းထားခဲ့တယ်။ 

ညီမလေး ဘယ်ရောက်နေလဲ၊ ညီမလေးကို ပြောပြဦးမယ်၊ ဘယ်တုန်းကမှစာဖတ်လေ့မရှိတဲ့အမေက နှင်းဆီပန်းခြောက် ရှိသည့် မှတ်တမ်းစာအုပ်ကို ခဏခဏလှန်ကြည့်ပြီး စာဖတ်ဖို့ကြိုးစားနေရှာတယ်။
ညီမလေး ဘယ်ရောက်နေလဲ၊ အဖေကပြောတယ် “သမီးကိုပြောတာ သမီးကိုမယုံကြည်လို့မဟုတ်ပါဘူး၊ ကျောင်းမပြီး သေးဘဲ ဘဝခရီးလမ်းပေါ်လျှောက်လှမ်းနေတော့ အခက်အခဲများကိုမကျော်ဖြတ်နိုင်မှာကိုဘဲ စိုးရိမ်မိတယ်” တဲ့။ 

ညီမလေး ဘယ်ရောက်နေလဲ၊ အမေကပြောတယ် “သမီးကိုဆူတာ သမီးအမှားတွေလုပ်မိမှာကို ကြောက်လို့ မဟုတ်ပါ ဘူး၊ ပြန်ပြင်လို့မရတဲ့အမှားကို သမီးကျူးလွန်မိမှာစိုးလို့ပါ” တဲ့။ 

ညီမလေး ဘယ်ရောက်နေလဲ၊ ညီမလေး ပြန်လာခဲ့ပါလို့အစ်ကို မပြောချင်ဘူး၊ ညီမလေးထွက်ပြေးချင်တယ်ဆိုရင် မိုးကုတ်စက်ဝိုင်းရဲ့ဟိုအစွန်းတစ်ဘက်အထိ သွားချင်လည်းသွားပါ၊ အစ်ကိုတို့ ပြန်ဆုံနိုင်တဲ့တစ်နေ့ကျရင် ညီမလေးပြော ပြမယ့် မိုးကုတ်စက်ဝိုင်းရဲ့ဟိုအစွန်းတစ်ဘက်မှာဘာတွေရှိတယ်ဆိုသည့်အကြောင်းကိုပဲ အစ်ကို ကြားချင်ပါတယ်။
ညီမလေး ဘယ်ရောက်နေလဲ၊ ညီမလေးအဝေးဆုံး၊ အမြင့်ဆုံးနေရာထိရောက်အောင်ပျံသန်းလိုက်ပါ၊ အတောင်ပံတွေ ညောင်းလို့ ရှေ့ခရီးဆက်ဖို့အင်အားမရှိတော့တဲ့အချိန်ကျရင် နှင်းဆီခြောက်လေးတစ်ပွင့်နဲ့ အစ်ကိုတို့မိသားစုဝင်များ အားလုံး ညီမလေးကိုစောင့်နေတယ်ဆိုတာကိုလည်းမမေ့ပါနဲ့။ 

ညီမလေး ဘယ်ရောက်နေလဲ၊
ညီမလေး ဘယ်ရောက်နေလဲ၊
ညီမလေး ဘယ်ရောက်နေလဲ၊ သတင်းပို့ပါဦး၊ အားလုံးကစောင့်မျှော်နေပါသည့်အကြောင်း။ 

အဝေးရောက်ညီမလေး နန်းခမ်းယွန်းသို့ --------------------------------
------------------------------------ချစ်သောအစ်ကိုနဲ့ မိသားစုမှ။ ။

စာဖတ်ပြီးတော့မှနန်းခမ်းယွန်းကဘာလို့နှင်းဆီပန်းပန်နေသည်ဆိုတာကိုလည်းသိရတော့သည်။ ဒါကြောင့်မို့ သူ့အစ်ကို အတွက်နှင်းဆီပန်းပို့ပေးသည်ဆိုတာကိုလည်းသိရပါသည်။ နန်းခမ်းဖူးကို ဖုန်းပြန်ပေးပြီးတော့ နန်းခမ်းယွန်း အကြောင်းကိုပဲတွေး မိနေသည်။ တွေးရင်းတွေးရင်းနဲ့အကြောင်း အရာတွေကပိုရှုပ်လာလေလေဖြစ်နေသည်။

“ဖူး၊ ဘာဖြစ်လို့ ဒီစာရေးရတာလဲ၊ ယွန်းက ထွက်ပြေးတာမှမဟုတ်တာ၊ ကျောင်းတက်နေတာကို”
“အရင်နွေရာသီ၊ နှစ်လယ်အားလပ်ချိန်တုန်းက ယွန်းက ရွာလည်းမပြန်ဘူး၊ ဖုန်းလည်းပိတ်ထားလိုက်တယ်၊ စားသောက် ဆိုင်တစ်ဆိုင်မှာ စားပွဲထိုးသွားလုပ်ပြီး ပိုက်ဆံရှာတာလေ၊ အိမ်ကမိသားစုတွေသိရင် တားမှာကိုသိလို့ အဆက်အသွယ်ဖြတ်လိုက် တာ၊ အဲဒါကို အိမ်ကထွက်ပြေးတယ်၊ ကျောင်ထွက်လိုက် တယ်ကြားလို့ အစ်ကိုကဒီစာကို ရေးပြီးပို့လိုက်တာ”
“အဆက်အသွယ်ဖြတ်တယ်ဆို၊ ဘယ်လိုပို့တာလဲ”
“ဘုရားကြီးတိုက်မှာ ယွန်းအစ်ကိုဦးဇင်းတစ်ပါးရှိတယ်လေ၊ ဦးဇင်းဆီပဲပို့လိုက်တာ၊ ဦးဇင်းဆီမှာ ယွန်းလာမှာကို သိတယ် လေ၊ စာပို့ပြီး တစ်လကျော်ကြာမှ ဦးဇင်းဆီသွားမှဘဲ ယွန်းလည်းဒီစာကိုရတာပါ”
“သူအဖေနဲ့သူအမေ ပြောတာလည်းပါတယ်နော်၊ သူ့အဖေနဲ့အမေက သူ့ကိုမကြည့်ဘူးမဟုတ်ဘူးလား၊ သူ့အစ်ကိုက စာထဲမှာမိဘတွေသူ့ကိုစိုးရိမ်နေသည့်ပုံတွေရော ရေးထားတာပဲ”
“အဲဒါတော့ ငါလည်းမသိဘူး၊ ဒီအကြောင်းကိုသူလည်းဘာမှမပြောဘူး၊ မိဘတွေကိုစိတ်နာမှာဆိုးလို့ သူ့အစ်ကိုက ဒီလိုရေးလိုက်တာလား၊ ဒါမှမဟုတ်သူတို့မိသားစုက ပြန်ပြီးအဆင်ပြေသွားပြီလား၊ ရွာရောက် ရင်တော့ သိရမှာပါ”
“သူ့မိဘအကြောင်းကော ယွန်းဘာမှမပြောဘူးလား”
“သူလည်းသေချာမသိဘူးလို့ပြောတာပဲ၊ ပြန်လာရင် သိသလောက်သူ့မိသားစုအကြောင်းပြန်ပြောပြပေးပါ လို့တောင် ပြောသေးတယ်”
“ဒီအကြောင်းတွေကလည်း စဉ်းစားလေ ပိုဝေဝါးလေပါလား”
“ဒီအကြောင်းကို ငါတို့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စမဟုတ်သည့်အတွက် အတင်းမေးမိရင် သူတို့ကိစ္စကို ဝင်ရောက် စွက်ဖက်နေသလိုဖြစ်သွားမယ်၊ ငါတို့သိထားတဲ့အကြောင်းအရာလေးက ထရံပေါက်ကနေ ချောင်းကြည့်လို့ မြင်ရတဲ့ဖြစ်ရပ်ကလေး လောက်ပဲရှိတယ်၊ သိတာကနည်းနည်းကလေးပါ၊ တကယ်နည်း နည်းလေးပါ၊ သေသေချာချာမသိပါဘူး။ သေချာတဲ့ဖြစ်ရပ်တွေကို တော့ ကာယကံရှင်တွေကိုယ်တိုင်ပဲ သိမှာပဲ။ သူတို့မှာလည်း နားမလည်နိုင်သည့်အရာတွေတောင် ရှိချင်ရှိဦးမှာ”
“မလေး ပြောတတ်လိုက်တာ၊ ထရံပေါက် ဟုတ်လား”
“ဟုတ်တယ်၊ ထရံပေါက် ပါပဲ၊ ထရံပေါက်ကနေ ချောင်းကြည့်နေတဲ့သူက မဆိုင်တဲ့သူပါ၊ ဘေးကလူပါ၊ ဝင်ပါခွင့်မရှိတဲ့ သူတွေပါ၊ ဖြစ်ရပ်တွေအားလုံးကိုမမြင်နိုင်သည့်သူတွေပါ၊ အဲဒါကြောင့်ဒီထရံပေါက်က နေမြင်တဲ့ မြင်ကွင်းလောက်နဲ့ ပြည့်စုံတယ်လို့ ပြောလို့မရဘူး”
“အေပါ၊ ယွန်းတောင်သေချာမသိမှတော့ ငါတို့ကဘယ်လိုလုပ်ပြီး အကုန်သိနိုင်မှာလဲ”
ဒီလိုနဲ့အိပ်မပျော်ဘဲ ကားပေါ်မှာအချိန်ကုန်သွားလေသည်။
မနက်အစောကြီး သုံးနာရီကျော်မှာ ဆောင်းပြောင်းရောက် သွားတော့ ကားပေါ်ကဆင်းလိုက်သည်။ လာကြိုသည့်နန်းခမ်းမွန်းရဲ့အစ်ကိုနှစ်ယောက်နောက်မှာ လူတစ်ယောက်ကပ်ပါလာသည် ကိုတွေ့ရပါ သည်။ ဦးထုပ်နဲ့သူကြီးပေါ့၊ မှတ်မိတာပေါ့၊ အဲဒါက နန်းခမ်းယွန်းရဲ့အစ်ကိုပဲ။
“ယွန်းမပါဘူးလား”
“မပါဘူး၊ နှင်းဆီပန်းတော့ပါတယ်”
နန်းခမ်းယွန်းအစ်ကိုက နန်းခမ်းယွန်းပြန်လာတယ်ထင်လို့ မနေ့ညကတည်းကရောက်နေတယ်လို့့ပြောပါတယ်၊ နန်းခမ်း ယွန်းကိုလာကြိုဖို့။ နန်းခမ်းယွန်းက အလုပ်လုပ်နေတယ်၊ အဆင်ပြေတယ်၊ မပြန်ဖြစ်သည့်အကြောင်းကိုပြောတော့ အစ်ကိုကလဲ ဘာမှမဖြစ်သလိုဘဲနေနေသည်။ နောက်ဂတိတစ်ခု တောင်းလေသည် နန်းခမ်းယွန်းအဖေကအခုထိအိမ်မှာမရှိတော့ဘူး၊ အဖေမရှိ တော့သည့်အကြောင်းကို နန်းခမ်းယွန်းကိုမပြောဖို့ဖြစ်ပါသည်။ အဲဒီအကြောင်းကိုနန်းခမ်းယွန်းသိရင်စိတ်ထိခိုက်မှာစိုးလို့ ကြိုတင် လာစောင့်နေတာတဲ့။

နန်းခမ်းဖူးနဲ့နန်းခမ်းမွန်းတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ငြိမ်နေရရှာပါသည်။ သူတို့ထရံပေါက်က ချောင်း ကြည့်လို့သိခဲ့ရသည့်ဖြစ်ရပ်လေးတစ်ခုသည် တကယ်ကိုရှုပ်ထွေးနေလေသည်။ ဘယ်သူကတရားခံလဲ၊ ဘယ်သူကပေးဆပ်သူလဲ၊ ဘယ်သူကခံစားခွင့်ရှိသူလဲဆိုတာ သူတို့မဝေခွဲနိုင်ပါဘူး၊ မန်းမြို့တက္ကသိုလ်ကြီးမှာတက်ရောက်နေသည့် ကျောင်းသူတစ်ဦး၏ ဘဝသည် မချောမွေ့ခဲ့သည်ကိုသူတို့ သိလိုက်ရပါသည်။ သို့သော်ထိုကျောင်းသူကောင်မလေးသည် ဆူးများနဲ့ပြည့်နက်နေသည့် လောကဓံခရီး လမ်းကြမ်းကြမ်းထဲမှာ နှင်းဆီပန်းလို့ လှပအောင် သူ့ဘဝကိုသူထုဆစ်နေသည်။ နှင်းဆီပန်းလို ဆူးတွေ ကြားမှာ သူအောင်ပွဲခံနိုင်သည့် ပန်းတစ်ပွင့်အဖြစ်သူရုန်းကန်နေပါသည်။ ထိုအကြောင်းကို ထရံပေါက်က ချောင်းကြည့်နေသောကောင်မ လေးတို့က သိနေကြပါသည်။ ။

  ခွန်နေဝင်းအောင်(ဖယ်ခုံ)

(၄ ကြိမ်မြောက် ခမ်းရတနာ နှစ်ပတ်လည်မဂ္ဂဇင်းမှ)

မှတ်ချက်။ ဤဝတ္ထုသည် ရတနာပုံတက္ကသိုလ် သို့ ကျောင်းတက်နေသော နန်းရွှေခမ်း အကြောင်းကို အခြေခံ၍ ရေးထားပါသည်





ႏွင္းဆီပန္းပန္ေသာေကာင္မေလး အခန္း(၁) 

 
အခ်ိန္ကာလကညေနေနဝင္ခါနီးအခ်ိန္ျဖစ္သည္။။ မႏၱေလးၿမိဳ႕ရဲ႕ေနေရာင္ျခည္ဆည္းဆာေရာင္နီေအာက္မွာျဖတ္သန္း ၿပီး ဆိုက္ကယ္ေပၚက ဆိုက္ကယ္ ဦးထုပ္ေဆာင္ထားတဲ့မိန္းကေလးသုံးဦးနဲ႔ ေယာကၤ်ားေလးတစ္ဦးက ကၽြဲဆည္ကန္ကားႀကီးကြင္း ကို ဦးတည္ေနေလၿပီ။ မႏၱေလးၿမိဳ႕ကေန႔ခင္းမွာ ရက္စက္စြာပူေနေသာ္လည္း ညေနပိုင္းမွာ ေတာ့ သေဘာ ေကာင္းစြာ အပူေပါ့ေနပါ သည္။ အလုပ္ဆင္းေနၾကသည့္အခ်ိန္မို႔ လူေတြနဲ႔႐ႈပ္ပြေနသည့္လမ္းေပၚမွာ ဘယ္သူကိုမွဂ႐ုမစိုက္ႏိုင္သည့္ မႏၱေလးယာဥ္မ်ားၾကား မွာ ဆိုက္ကယ္နဲ႔ သတိထားၿပီး ေက်ာ္ျဖတ္ခဲ့ရပါသည္။ မႏၱေလး ၿမိဳ႕ေပၚကဆိုင္ကယ္မေတာ္တဆတုိက္မိတတ္သည့္ျဖစ္ရပ္မ်ားက ခဏခဏၾကားေနရသည္မို႔ မစိုးရိမ္သည့္တိုင္ သတိ ေတာ့အၿမဲႀကီးႀကီးထားရပါသည္။ ၿမိဳ႕ျပႀကီးဘဲမို႔ ေလထုညစ္ညမ္းၿပီး ေလ ေကာင္းေလသန္႔မရႏိုင္သည္မွာ သူတို႔အ တြက္႐ုိးေနၿပီျဖစ္သည္။ ထိုေၾကာင့္ မႏၱေလးရဲ႕ဆည္းဆာရိပ္ေရာင္နီေအာက္မွာ အၿပဳံး မ်က္ႏွာမ်ားကိုဖန္တီးကာ ပတ္ဝန္းက်င္ညစ္ညမ္းမႈမ်ားကို လ်စ္လ်ဴ႐ႈၿပီး စိတ္ညစ္ညမ္းမႈေတြကို သူတို႔တြန္းလွန္ခဲ့ၾကေလသည္။ နန္းခမ္းဖူးနဲ႔ နန္းခမ္မြန္းတ႔ို ရွမ္းျပည္ျပန္မည္ျဖစ္ပါသည္။ အမ်ိဳးသမီးေဘာ္ဒါေဆာင္ကေန ခြန္ေအာင္ခမ္းနဲ႔ နန္းခမ္းယြန္းတို႔က ဆိုင္ကယ္တစ္စီးစီေမာင္းၿပီးကားဂိတ္အထိလိုက္ပို႔သည္။ သူတို႔ေလးေယာက္ကို ေက်ာင္းကသူငယ္ခ်င္း ေတြကလည္း “ခမ္းအဖြဲ႔” လို႔ခ်စ္စႏိုးေခၚၾကသည္။

ကၽြဲဆည္ကန္ကားႀကီးကြင္းသြားတဲ့လမ္းက လမ္းေဘးတစ္ေနရာမွာခဏဆင္းၿပီး နန္းခမ္းယြန္းက ႏွင္းဆီ ပန္းလွလွ ေလးတစ္စည္း ဆင္းဝယ္သည္။ ေနာက္ကလိုက္စီးသည့္ နန္းခမ္းဖူးက အေၾကာင္းသိမို႔ ဘာမွမေျပာဘဲ လွတဲ့အပြင့္ ေတြကို ကူေရြးေပးလိုက္သည္။ ကားဂိတ္ေရာက္ေတာ့ နန္းခမ္းမြန္းက ေစာဒကတက္ၾကည့္သည္။

“နင္ကလည္း အျပန္က်မွေအးေအးေဆးေဆးဝယ္လို႔ရရဲ႕သားနဲ႔၊ ႀကံႀကံဖန္ဖန္ အခ်ိန္လုၿပီး ဝယ္ေနေသး တယ္”
“အျပန္မွာဝယ္လို႔မျဖစ္လို႔ေပါ့ဟ”
ေဘးမွာရွိေနသည့္ခြန္ေအာင္ခမ္းလည္းဝင္ေျပာၾကည့္ေလသည္။
“ယြန္း မင္းလည္းစိတ္ကူးယဥ္တတ္ေနၿပီလား၊ ႏွင္းဆီပန္းေတြေတာင္ ဝယ္တတ္ေနၿပီ”
“ဘယ္ကစိတ္ကူးယဥ္ရမလဲ၊ ငါႏွင္းဆီပန္းဝယ္လာတာ ၾကာလွၿပီ၊ နင္မသိလို႔ပါ”
“ဒါဆိုရင္ နင္စိတ္ကူးယဥ္လာတာ ၾကာၿပီေပါ့”
“စိတ္ကူးယဥ္ေနတာမဟုတ္ဘူး၊ အခုက တကယ္လက္ေဆာင္ေပးဖို႔ဝယ္တာ”
သူတို႔အခ်င္းခ်င္း တစ္ဦးမ်က္ႏွာတစ္ဦးၾကည့္ေနၾကသည္။ ၿပီးေတာ့ နန္းခမ္းမြန္းကေမးသည္။
“ေဟ၊ ငါတို႔ေတာင္မသိေသးပါလား၊ နင္တို႔ ဘယ္တုန္းကဘယ္လိုျဖစ္ၾကတာလဲ၊ အဲဒီလူကဘယ္သူလဲ”
“ဟဲ ဟဲ၊ ႐ႈပ္ကုန္ၿပီ၊ ဘာေတြေျပာေနတာလဲ”
“႐ႈပ္တာနင္ေလ”
ေဘးကရပ္ေနသည့္ နန္းခမ္းဖူးက သေဘာက်ၿပီး ၿပဳံးေနပါသည္။
“နင္ကဘာေတြ ရယ္ေနတာလဲ၊ နင္ေကာသိလား”
“သိတာေပါ့၊ အခ်ိန္မရွိေတာ့ဘူး၊ ကားေပၚေရာက္မွေျပာမယ္၊ ကားထြက္ေတာ့မယ္၊ ဟိုမွာခရီးသည္ေတြ ကားေပၚတက္ ကုန္ၿပီ”
“ေရာ့ ဖူး၊ ေရာက္ေအာင္ပို႔ေပးပါေနာ္၊ ငါႏွင္းဆီပန္းကိုအရမ္းႏွစ္သက္သည့္အေၾကာင္းကိုလည္းေျပာေနာ္၊ ဒီႏွစ္ငါမျပန္ ႏိုင္ေတာ့သည့္အေၾကာင္းကိုလည္းေသေသခ်ာခ်ာေျပာျပေပးေနာ္”
“ေအပါ၊ ငါေျပာေပးပါ့မယ္၊ နင္ကလည္း ဒီစကားကိုဘဲ ခဏခဏေျပာေနတာပဲ”
“ထူဆန္းလိုက္ခ်ဥ္လား၊ မွာတာကလဲ တစ္မ်ိဳးႀကီးပဲ၊ ဘယ္သူ႔ကိုေပးတာလဲ” ခြန္မ်ိဳးဝင္းက လွမ္းေမးသည္။
“ငါ့ အစ္ကိုပါ၊ နင္တို႔က မသိဘဲနဲ႔ အထင္မလြဲနဲ႔၊ ငါကနင္တို႔လို မဟုတ္တ႐ုတ္ေတြ မရွိေသးဘူး”
“ေအာင္းမာ၊ သူမ်ားကိုမ်ား မဟုတ္တ႐ုတ္တဲ့၊ ငါက နင္ထက္ပိုရွင္းတယ္” မ်ိဳးဝင္းကျပန္ေျပာသည္။
အခ်ိန္ကမရေတာ့ဘူးမို႔ ျငင္းခုံေနတာရပ္ၿပီး နန္းခမ္းဖူးနဲ႔နန္းခမ္းမြန္းတို႔ပစၥည္းေတြကို ဝိုင္းကူသယ္ေပးသည္၊ ကား ထြက္သြားေတာ့ လက္ျပႏႈတ္ဆက္ၾကသည္။ ဟိုႏွစ္ေယာက္ေတာ့က်န္ခဲ့ေလၿပီ။

ေဆာင္းေျပာင္းရြာအထိျပန္ရမွာဆိုေတာ့ လိြဳင္ေကာ္ကားနဲ႔ျပန္ရသည္။ အခုကသူတို႔ သိန္းသန္းကုေဋကားနဲ႔ ျပန္သည္။ ဒုတိယႏွစ္စာေမးပြဲေျဖၿပီးေတာ့ ရတနာပုံတကၠသိုလ္ကို ခဏႏႈတ္ဆက္ရသည္။ ေလးဦးလုံး အရြယ္လည္းတူ၊ အတန္းလည္းတူၾက သည္မိုိ႔ ပိုၿပီးခင္မင္ၾကပါသည္။ ခြန္ေအာင္ခမ္းက ဒီႏွစ္ မေကြးကသူ႔ရဲ႕ေယာကၤ်ားေလးသူငယ္ခ်င္းရြာ အလည္လိုက္ရမွာမို႔ မျပန္ျခင္း ျဖစ္ပါသည္။ သူကလည္း ေဆာင္းေျပာင္းရြာကပဲ၊ နန္းခမ္းမြန္းလည္း ေဆာင္းေျပာင္း ရြာကပဲ။ နန္းခမ္းဖူးနဲ႔ နန္းခမ္းယြန္းတို႔က ေတာင္မဲသင္းရြာကျဖစ္ပါသည္။ ေတာင္မဲသင္းရြာသူေလး ႏွစ္ေယာက္ရွိေပမယ့္ နန္းခမ္းယြန္းကမျပန္လို႔ နန္းခမ္းဖူးတစ္ေယာက္ တည္း ျပန္ရပါသည္။ နန္းခမ္းမြန္းရွိေသးလို႔ အေဖာ္ရသြားသည္။ မဟုတ္လွ်င္ တစ္ဦးတည္းျပန္ရမည္၊ တစ္ဦးတည္းျပန္ရင္ အဆင္မ ေျပပါ၊ ေတာင္မဲသင္းလမ္းခြဲမွာဆင္းရမွာမို႔ မနက္အ ေစာႀကီး(၃)နာရီေလာက္ေရာက္မွာဆိုေတာ့ ဘယ္သူမွေစာင့္မႀကိဳေပးႏိုင္၊ ေန႔ကားျပန္ေတာ့လည္း ညေန(၆)နာရီ (ရ) နာရီေလာက္မွာေရာက္တယ္ဆိုေတာ့လည္း မိုးခ်ဳပ္ေနၿပီမို႔အဆင္သိပ္မေျပ။ အခုက နန္းခမ္းမြန္းပါေတာ့ အဆင္ေျပ သည္။ ေစာလြန္းလည္းကိစၥမရွိ၊ ေနာက္က်ရင္လည္းကိစၥမရွိ၊ အိပ္ခ်င္ရင္ နန္းခမ္းမြန္းအိမ္မွာ ဝင္အိပ္လိုက္႐ုံသာ၊ လာႀကိဳသူမရွိရင္လည္း နန္းခမ္းမြန္းကို ပို႔ခိုင္းလိုက္႐ုံပဲ၊ အဆင္ေျပသည္။

မႏၱေလးၿမိဳ႕ကိုေက်ာ္ျဖတ္သည့္ကားေပၚကေနၿပီး လမ္းေဘး႐ႈခင္းကိုအားရပါးရၾကည့္ၾကသည္၊ အရင္တုန္းက ကားေပၚ ေရာက္ရင္ ရြာကိုေရာက္ခ်င္သည့္စိတ္ကကဲေနသည့္အတြက္ ေပ်ာ္သည္၊ လန္းဆန္းသည္။ အခုေတာ့ နန္းခမ္း ယြန္းပါမလာသည့္ အတြက္ တစ္ခုခုလြမ္းက်န္ခဲ့သလိုလိုျဖစ္ေနသည္။
“ေဟ ဖူး၊ ယြန္းက ဘာျဖစ္လို႔ သူ႔အစ္ကိုကို ႏွင္းဆီးပန္းဝယ္ေပးရတာလဲ၊ မႏၱေလးလက္ေဆာင္ ထိုးမုန္႔၊ ဧလ မုန္႔ေတြမဝယ္ဘဲနဲ႔ ဘာလို႔ႏွင္းဆီပန္းေတြဝယ္ေပးတာလဲ၊ သူ႔အစ္ကမွာလို႔လား”
“မမွာပါဘူး၊ သူေပးခ်င္လို႔ေပးတာပါ၊ သူတို႔ိမွာဇာတ္လမ္းေတြရွိတယ္ေလ”
“ဘယ္လို ဘယ္လို၊ ဇာတ္လမ္းေတြရွိတယ္ ဟုတ္လား၊ သူတို႔ေမာင္ႏွမေတြမွာ ဘယ္လိုဇာတ္လမ္းေတြလဲ၊ ေမာင္ႏွမအခ်င္းခ်င္းေတြေတာင္ႏွင္းဆီပန္းေတြေပးေနတယ္”
“မြန္း၊ နင္ဘာေတြေလွ်ာက္ေတြးေနလဲ၊ နင္သိေအာင္ငါေျပာျပပါ့မယ္ဟာ”
ၿပီးခဲ့သည့္ႏွစ္က တကၠသိုလ္ပထမႏွစ္ၿပီးေတာ့ သူတို႔ေလးေယာက္လုံးရြာျပန္သြားၾကတယ္၊ စာေမးပြဲလည္း ေလးေယာက္ လုံးေအာင္ၾကတယ္၊ ဒုတိယႏွစ္အတြက္ေက်ာင္းျပန္တက္ဖို႔ျပန္လာေတာ့ နန္းခမ္းယြန္းက ဘာအေၾကာင္းျပခ်က္မွမေပးဘဲ ေနာက္မွ သူဆင္းလာခဲ့မယ္လို႔ေျပာၿပီး မႏၱေလးကို ဆင္းမလာဘူး၊ နန္းခမ္းဖူးလည္းဖုန္းဆက္တယ္၊ ဖုန္းမကိုင္ဘူး၊ ေက်ာင္းတက္ၿပီးႏွစ္ပတ္ ၾကာမွ ေနာက္က်ၿပီးေရာက္လာ တယ္။ ျဖစ္ပုံကသူတို႔ရြာျပန္သည့္အခ်ိန္မွာပဲ မိဘစကားမ်ားၿပီးရန္ျဖစ္ၾကလို႔ျဖစ္ပါတယ္။ အေမနဲ႔ အေဖရန္ျဖစ္ၿပီးေတာ့ အေဖကရြာကေနထြက္သြားတယ္၊ နန္းခမ္းယြန္းတကၠသိုလ္ျပန္တက္မည့္အခ်ိန္အထိ အေဖကျပန္ေရာက္ မလာဘူး။ ဘယ္ကိုသြားမွန္းလည္းမသိဘူး။ အေမကလည္း သမီးတကၠသိုလ္တက္ဖို႔ ေငြလုံလုံေလာက္ေလာက္မရွာႏိုင္လို႔ နန္းခမ္း ယြန္းတကၱသိုလ္ထဲ ျပန္ေရာက္ရမည့္ အခ်ိန္ျပန္မေရာက္ႏို င္ရွာဘူး။ ေနာက္ဆုံးနန္းခမ္းယြန္းကဆုံးျဖတ္လိုက္တယ္၊ ဒီႏွစ္အလုပ္ လုပ္မယ္၊ ေငြရွာမယ္၊ ေနာက္ႏွစ္မွ ျပန္တက္မယ္ေပါ့။ အဲဒီလိုဆုံးျဖတ္လိုက္ေတာ့ သူ႔အစ္ကိုကလက္မခံဘူး။ ဒီႏွစ္သူ႔ညီမေလး ေက်ာင္း တက္ကိုတက္ရမည္ဆိုၿပီးေတာ့ ရြာမွာေငြလိုက္ေခ်းၿပီးေပးလိုက္သည္။ နန္းခမ္းယြန္းလည္း ဒီႏွစ္မတက္ ေတာ့ဘူးလို႔ အတန္ တန္ျငင္းသည္။ အစ္ကိုကသေဘာမတူဘဲ အတင္းတက္ခိုင္းလို႔တက္လိုက္ရသည္။ ေက်ာင္းတက္ေတာ့ ေငြကိုေခၽြတာ သုံးလိုက္ရ တယ္။ အစ္ကိုကမရွိသည့္ၾကားက ရွာႀကံၿပီးေငြပို႔ေပး ရတာကိုသိလို႔ နန္းခမ္းယြန္းက မလိုအပ္ပဲေငြမသုံးရဲဘူး။ ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့နဲ႔ေက်ာင္း တက္ၿပီး ေခၽြတာရတယ္။ ဒီႏွစ္ေက်ာင္းၿပီးေတာ့ ရြာျပန္ခ်ိန္မွာလည္း ရြာမျပန္ဘဲဓာတ္ဆီ ဆိုင္တစ္ဆိုင္မွာအလုပ္ဝင္လုပ္တယ္၊ ဝင္ေငြေလးဘာေလးရေအာင္လို႔တဲ့။ ေငြပို႔ေပးတဲ့အစ္ကိုကိုလည္းအားနာလို႔တဲ့။

နန္းခမ္းဖူးကဇာတ္လမ္းအရွည္ႀကီးကိုေျပာရင္းဆိုရင္း သေျပဝေရာက္ေနၿပီျဖစ္ည္။ နားခ်ိန္ ခရီးသည္ေတြ အားလုံး ဆင္းရ တာမို႔သူတို႔လည္းေအာက္ဆင္းလိုက္ေလသည္။ ေအာက္ေရာက္ေတာ့လည္း စားေသာက္ ဆိုင္ထဲမဝင္ေတာ့ဘဲ လမ္းေလွ်ာက္ေနၾက သည္။ သူတို႔ေတြအတူတူသာေနၾကတာ မိသားစုအေၾကာင္းနဲ႔ ပတ္သက္လို႔ ေမးျမန္းၾကတာလည္းမရွိၾကဘူး။ သိလည္းမသိၾကဘူး။

ဘယ္တုန္းကမွသူမ်ားအေၾကာင္းကိုစိတ္မဝင္းစားတတ္ေသာ နန္းခမ္းမြန္းက နန္းခမ္းယြန္းအေၾကာင္းကို အေသးစိတ္ေမးေနသည္။
“ဒါဆိုရင္သူတို႔ေမာင္ႏွမေတြက ေတာ္ေတာ္ခ်စ္ၾကတာပဲေနာ္”
“ခ်စ္တာကေတာ့ ေျပာမေနနဲ႔၊ သူ႔ညီမေလးအတြက္ဆိုၿပီး သူ႔အစ္ကိုလည္းႀကဳံရာအလုပ္ အကုန္လုပ္တယ္ လို႔ ၾကားတယ္၊ ယြန္းကလည္း ေငြရွာေနရတဲ့ သူ႔အစ္ကိုသနားလို႔ တဲ့ ေငြမျဖဳန္းရဲရွာဘူး၊ တကၠသိုလ္ ေက်ာင္းသူလို႔သာေျပာတာ သူကဲေနတာ နင္ ဘယ္တုန္းကေတြ႕ဖူးလို႔လဲ”
“ေအ၊ ဟုတ္တယ္ေနာ္၊ သူတို႔ေမာင္ႏွမက ႏွစ္ေယာက္ပဲရွိတာလား”
“ႏွစ္ေယာက္မကဘူး၊ ငါးေယာက္ရွိတယ္၊ သူ႔ကိုေက်ာင္းအတင္းတက္ခိုင္းသည့္အစ္ကိုက အႀကီးဆုံးေပါ့၊ ေနာက္ဘုရား ႀကီးတိုက္ထဲမွာ ဗုဒၶတကၠသိုလ္တက္ေနသည့္ဦးဇင္းတစ္ပါးရွိတယ္၊ အဲဒါလည္းသူ႔အစ္ကိုပဲ၊ နင္လည္း သိမွာပါ သူအားရင္ဦးဇင္းဆီ သြားေနက်ပဲေလ၊ အဲဒီဦးဇင္းကသူ႔အစ္ကိုအရင္းပဲေပါ့။ ေနာက္ညီမေလးႏွစ္ေယာက္ရွိေသးတယ္၊ တစ္ေယာက္က ဆယ္တန္း၊ တစ္ေယာက္က ရွစ္တန္း၊ အဲဒါကသူတို႔ေမာင္ႏွမအေၾကာင္း၊ ေနာက္နင္ဘာသိခ်င္ေသးလဲ၊ ေမးစရာေတြရွိေသးလား”
“မရြက္ပါနဲ႔ဟာ နင္ကလဲ၊ ေမးစရာမရွိပါဘူး၊ သူတို႔ကိုအားက်လိုက္တာ၊ ေတာ္ေတာ္ခ်စ္ၾကတာပဲ၊ ငါလည္း အဲလိုခ်စ္ၾကည့္ လိုက္ခ်င္တယ္၊ သူတို႔လိုျဖစ္ရင္သိပ္ေကာင္းမွာပဲ”
“အ႐ူးမ၊ နင္ဒုကၡေရာက္ခ်င္ေနတာလား”
သူမ်ားဒုကၡေရာက္ေနတာကို ကူညီဖို႔မစဥ္းစားပဲ သူမ်ားလိုလိုက္ဒုကၡေရာက္ခ်င္ေနသလိုလိုနဲ႔ေျပာေနသည္။ ကားျပန္ထြက္ေတာ့မွာ မို႔ ကားေပၚျပန္တက္ၾကသည္။
ကားေပၚေရာက္ေတာ့လည္း နန္းခမ္းမြန္းမွာ ေမးခြန္းေတြပိုမ်ားလာသည္။ နန္းခမ္းယြန္းနဲ႔တစ္ရြာသူ ခ်င္းျဖစ္ သည့္ နန္းခမ္းဖူးကလြဲရင္ အျခားေမးရမည့္သူကို ရွာလို႔မေတြ႔။
“ဖူး၊ ယြန္းက ဘာျဖစ္လို႔သူ႔အစ္ကိုကို ႏွင္းဆီပန္းေပးရတာလဲ၊ နင္ေျပာတဲ့သူတို႔ဇာတ္လမ္းက ဘာလဲ”
“အဲဒါက ငါ့ဆီမွာ သူဓာတ္ပုံ႐ုိက္ၿပီးပို႔ေပးထားတဲ့စာရွိတယ္၊ သူ႔အေကာင့္ပ်က္သြားရင္ ျပန္ရွာလို႔ လြယ္ေအာင္လို႔ ငါ့ကိုလည္းသိမ္း ခိုင္းထားတာ၊ နင္ဖတ္ၾကည့္ေလ သိခ်င္ရင္၊ ေရာ့ ဒီမွာ”
“ေအာ္ စာပါလား”
“ဟုတ္တယ္၊ သူ႔အစ္ကိုေရးတဲ့စာေပါ့”

ညီမေလး ဘယ္ေရာက္ေနလဲ 

ညီမေလး ဘယ္ေရာက္ေနလဲ၊ ညီမေလး မွတ္မိေသးလား၊ ညီမေလးက “ႏွင္းဆီပန္းကဆူးမ်ားတယ္ မႀကိဳက္ဘူး” ေျပာလို႔ “ႏွင္းဆီပန္းက ဆူးမ်ားၾကားမွာ ထိုးထြက္ၿပီးသူ႔အလွကိုသူဖန္တီးၿပီး ေလာကႀကီးကို အလွဆင္တယ္၊ ညီမေလးလည္း တကယ္သတၱိရွိတယ္ဆိုရင္ ႏွင္းဆီပန္းလို ေလာကဓံဆူးမ်ားၾကားမွာ ထိုးထြက္ႏိုင္ေအာင္ႀကိဳးစားပါ” လို႔အစ္ကိုေျပာေတာ့ ညီမေလးက ႏွင္းဆီပန္းကို ပန္ခဲ့တယ္ေလ။

ညီမေလး ဘယ္ေရာက္ေနလဲ၊ ညီမေလး သိရဲ႕လား၊ ညီမေလးပန္ခဲ့သည့္ ႏွင္းဆီပန္းက ေျခာက္ေသြ႔သြားေတာ့ စားပြဲခုံ ေပၚမွာ ေမ့က်န္ခဲ့တာေလ၊ အဲဒီႏွင္းဆီပန္းေျခာက္ေလးကို ယူၿပီး အေဖကေျပာတယ္၊ “သမီးမရွိသည့္အခ်ိန္ ဒီႏွင္းဆီပန္း ေလးဟာ သမီးရဲ႕ကိုယ္စားအိမ္မွာရွိေနပါေစ” ဆိုၿပီး မွတ္တမ္းစာအုပ္ၾကားမွာသိမ္းထားခဲ့တယ္။ 

ညီမေလး ဘယ္ေရာက္ေနလဲ၊ ညီမေလးကို ေျပာျပဦးမယ္၊ ဘယ္တုန္းကမွစာဖတ္ေလ့မရွိတဲ့အေမက ႏွင္းဆီပန္းေျခာက္ ရွိသည့္ မွတ္တမ္းစာအုပ္ကို ခဏခဏလွန္ၾကည့္ၿပီး စာဖတ္ဖို႔ႀကိဳးစားေနရွာတယ္။
ညီမေလး ဘယ္ေရာက္ေနလဲ၊ အေဖကေျပာတယ္ “သမီးကိုေျပာတာ သမီးကိုမယုံၾကည္လို႔မဟုတ္ပါဘူး၊ ေက်ာင္းမၿပီး ေသးဘဲ ဘဝခရီးလမ္းေပၚေလွ်ာက္လွမ္းေနေတာ့ အခက္အခဲမ်ားကိုမေက်ာ္ျဖတ္ႏိုင္မွာကိုဘဲ စိုးရိမ္မိတယ္” တဲ့။ 

ညီမေလး ဘယ္ေရာက္ေနလဲ၊ အေမကေျပာတယ္ “သမီးကိုဆူတာ သမီးအမွားေတြလုပ္မိမွာကို ေၾကာက္လို႔ မဟုတ္ပါ ဘူး၊ ျပန္ျပင္လို႔မရတဲ့အမွားကို သမီးက်ဴးလြန္မိမွာစိုးလို႔ပါ” တဲ့။ 

ညီမေလး ဘယ္ေရာက္ေနလဲ၊ ညီမေလး ျပန္လာခဲ့ပါလို႔အစ္ကို မေျပာခ်င္ဘူး၊ ညီမေလးထြက္ေျပးခ်င္တယ္ဆိုရင္ မိုးကုတ္စက္ဝိုင္းရဲ႕ဟိုအစြန္းတစ္ဘက္အထိ သြားခ်င္လည္းသြားပါ၊ အစ္ကိုတို႔ ျပန္ဆုံႏိုင္တဲ့တစ္ေန႔က်ရင္ ညီမေလးေျပာ ျပမယ့္ မိုးကုတ္စက္ဝိုင္းရဲ႕ဟိုအစြန္းတစ္ဘက္မွာဘာေတြရွိတယ္ဆိုသည့္အေၾကာင္းကိုပဲ အစ္ကို ၾကားခ်င္ပါတယ္။
ညီမေလး ဘယ္ေရာက္ေနလဲ၊ ညီမေလးအေဝးဆုံး၊ အျမင့္ဆုံးေနရာထိေရာက္ေအာင္ပ်ံသန္းလိုက္ပါ၊ အေတာင္ပံေတြ ေညာင္းလို႔ ေရွ႕ခရီးဆက္ဖို႔အင္အားမရွိေတာ့တဲ့အခ်ိန္က်ရင္ ႏွင္းဆီေျခာက္ေလးတစ္ပြင့္နဲ႔ အစ္ကိုတို႔မိသားစုဝင္မ်ား အားလုံး ညီမေလးကိုေစာင့္ေနတယ္ဆိုတာကိုလည္းမေမ့ပါနဲ႔။ 

ညီမေလး ဘယ္ေရာက္ေနလဲ၊
ညီမေလး ဘယ္ေရာက္ေနလဲ၊
ညီမေလး ဘယ္ေရာက္ေနလဲ၊ သတင္းပို႔ပါဦး၊ အားလုံးကေစာင့္ေမွ်ာ္ေနပါသည့္အေၾကာင္း။ 


အေဝးေရာက္ညီမေလး နန္းခမ္းယြန္းသို႔ --------------------------------
------------------------------------ခ်စ္ေသာအစ္ကိုနဲ႔ မိသားစုမွ။ ။



Friday, September 28, 2018

နှင်းဆီပန်းပန်သောကောင်မလေး အခန်း (၂)

နှင်းဆီပန်းပန်သောကောင်မလေး အခန်း (၂) 

(၁)
မျက်စိဖွင့်လိုက်တာနဲ့မြင်တွေ့ရတဲ့အရာတွေက အနက်ရောင်တွေပြည့်နှက်နေသည့်လောကကြီးပါပဲ။ အနက်ရောင်နဲ့ ဖုံးလွှမ်းထားတဲ့ တိုက်ကြီးတစ်လုံးထဲက အနက်ရောင်ဆံပင်ရှည်ကို ဖားလျားချထားသည့် မိန်းကလေးတစ်ဦး၊ ပြတင်း ပေါက်ဝ ထိုင်ခုံပေါ်မှာထိုင်နေသည်။ ထိုင်နေသည့်ဆံပင်ရှည်ရှည် မိန်းကလေး တစ်ဦးက မလှုပ်မယှက်ငြိမ်သက်နေသလို လောကကြီးတစ်ခုလုံးကလည်း တိတ်ဆိတ်နေသည်။ ဦးခေါင်း တစ်ခုလုံးမှာဆံပင်တွေဖားလျားချထားလို့ မျက်နှာမမြင်ရဘဲ ပြတင်းပေါက်ဘက်မျက်နှာမူနေသည့် မိန်းကလေးသည် သန်းခေါင်ယံကျော်သည့်အထိ ထိုင်နေလျက်ပင်။ အပ်ကလေး တစ်ချောင်းကျလျှင်ပင် အသံကျယ်လောင်စွာကြားနေရမည့်အချိန်မျိုးမှာ တစ်ခုတည်းသော အသံသည်သဲသဲကလေး ကြားနေရ သည်။ ထိုအသံမှာ ထိုင်နေတဲ့မိန်းကလေးရဲ့ အသက်ရှုသံပင်ဖြစ်ပါသည်။ ထိုညသည် လကွယ်ညဖြစ်ပါ သည်။ လကွယ်ညရဲ့အင်အားက တိတ်ဆိတ်ငြိမ်သက်ခြင်းနဲ့အတူ မှောင်မိုက်ခြင်း အင်္ဂါလက္ခဏာတွေနဲ့ လည်းပြည့်စုံနေသည်မို့ အမှောင်ထဲမှာထိုင်နေသည့်မိန်းကလေးအတွက်လည်း သက်တောင့်သက်သာ ရှိသည်။ အရုပ်မဟုတ်သောထိုသက်ရှိ မိန်းကလေးသည် ငြိမ်သက်စွာပင် လကွယ်ညမှာ အမှောင်တွေကို အဖော်ပြုနေသည်။ တစ်ခါတစ်ခါလေရှုးကလေးတိုက်ခတ်လာလျှင် မိန်းကလေးရဲ့ဆံပင်တွေက လေနဲ့အတူ ခန္ဓာကိုယ်ရဲ့ နောက်ဘက်ကို ယိမ်းပြီး မိန်းကလေးရဲ့မျက်နှာသည် တစ်ချက်တစ်ချက် ပေါ်ထွက်လာသည်။ သို့သော်လည်း မျက်နှာကအောက်ငုတ်ထားသည်မို့ ဘက်သူဘက်ဝါမှန်းသိဖို့ ခက်ခဲနေဆဲပင်။ လကွယ်ညရဲ့အမိုက်မှောင်ကလည်း ထပ်ဖုံးအုပ်ထားသေးသည်မို့ တစ်စုံတစ်ဦးက ကြည့်ခဲ့ရင်တောင် မည်သူမှတွေ့လိမ့်မည်မဟုတ်ပါ။ တိတ်ဆိတ်နေသောအချိန်ကာလတွေမှာ အဖော်မဲ့အထီးကျန်နေသူ အတွက် ပိုပြီး အားငယ်စေသည်။ တရားရှာနေသောရသေ့၊ ရဟန်းသူတော်စင်တွေအတွက်တော့ ပိုပြီး မွေ့လျှော်ဖွယ်ကောင်းသည်။ ထိုင်နေသောထိုမိန်းကလေးသည် တရားရှာနေသည့်ရသေ့၊ ရဟန်းမဟုတ် သည့်အတွက် တရားနဲ့မွေ့လျှော်နေသည်တော့ ဟုတ်မည်မထင်။ သို့တစေ အထီးကျန်နေသည်လည်း မဟုတ်တန်ရာ။ သို့သော်လည်း တစ်ယောက်တည်း၊ အမှောင်ထဲ၊ ထိုင်နေဆဲ၊ ငြိမ်နေဆဲပါဘဲ။ ခဏကြာသော် ငြိမ်နေသည့်မိန်းကလေးသည်လှုပ်ရှားလာသည်။ လက်နှစ်ဘက်ကိုမြောက်ပြီး ခေါင်းကို ပွတ်နေသည်။ ဆံပင်တွေကို ကိုင်သည်။ ဆံပင်ကခြောက်နေပြီ ဆိုသည့်အသိနဲ့ ဖားလျားချထား သည့်ဆံပင်တွေကို ပြန်စည်းလိုက်သည်။ ထိုညခေါင်းလျှော်တာနောက်ကျသွားလို့ ဆံပင်ကစိုနေလို့ ပြတင်းပေါက်ဝမှာထိုင်ပြီး လေညှင်းခံနေခြင်းဖြစ်သည်။ လူသံ တိတ်နေချိန် အဆောင်ထဲမှာ တစ်ယောက် တည်း ထိုင်နေတတ်သည့်အကျင့်သည် ထိုမိန်းကလေးအတွက် နေသားကျနေ သောအကျင့်တစ်ခုလည်း ဖြစ်ပါသည်။ ထိုမိန်းကလေးသည် အခြားသူမဟုတ်ပါ။ နန်းခမ်းယွန်းပင်ဖြစ်ပါသည်။ လကွယ်ညကို အတိတ်နိမိတ် မကောင်းခြင်း၊ ကံဆိုးခြင်း၊ ကြေကွဲရခြင်း စသည့်အမှတ်သင်္ကေတတို့ဖြင့် ပြောဆို သတ်မှတ်နေကြပေမယ့် ထိုစကားများကို နန်းခမ်းယွန်းတစ်ယောက် လျစ်လျူရှုထားနိုင်သည်။ လကွယ်ညရဲ့ တိတ်ဆိတ်ငြိမ်သက်မှုကိုတော့ သူမ ကြိုက်နှစ်သက်မိသည်။ လကွယ်ညကိုနှစ်သက်ခြင်းတစ်ခုတည်းနဲ့ ထိုင်နေခြင်းတော့ မဟုတ်ပါ၊ လေညှင်းခံရင်း နေ့ခင်းကဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြန်လည် ဆင်ခြင်စဉ်းစားသုံးသပ်ကာ ငြိမ်သက်နေခြင်း ဖြစ်ပါသည်။

“ခမ်းယွန်း မင်းဘာလို့ဒီလိုစာတွေဖတ်ရတာလဲ၊ ဒီစာတွေက အားငယ်တတ်တဲ့သူတွေအတွက်ရေးတဲ့ စာတွေဘဲ၊ ကိုယ့်ကို သားကောင်ဖြစ်စေတဲ့စာတွေပါ၊ ဒီလိုစာမျိုးတွေသိပ်မဖတ်နဲ့၊ ဘဝအတွက် ရုန်းကန်လှုပ်ရှားနေတဲ့ အချိန်မျိုးမှာ ကိုယ့်အတွက်ခွန်အားဖြစ်စေမယ့်စာတွေများများဖတ်ပါ။ ဒီလိုစာတွေက သူတစ်ပါးကို နားလည်ပေးနိုင်ဖို့၊ စာနာပေးနိုင်ဖို့ အတွက်ဘဲ ဖတ်ချင်ဖတ်ပါ၊ ကိုယ့်ရဲ့လက်သုံးစကား အဖြစ်ဆုပ်ကိုင်မထားနဲ့၊ ဒါတွေက အားငယ်တတ်တဲ့သူတွေရဲ့ လက်သုံးစကားပါ၊ မင်း အားငယ်တတ်တဲ့ စိတ်တွေမမွေးမိအောင်သတိထားပါ၊ မင်းက စိတ်ဓာတ်ခိုင်ခံ့တဲ့မိန်းကလေး တစ်ဦးပါ”
ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေတဲ့လကွယ်ညမှာ နန်းခမ်းယွန်းရဲ့နားထဲတွင် ဒီစကားကပဲ့တင်ထပ်နေ လျက်ပင်။ နေ့ခင်းတုန်းက အလုပ်ကို နေ့တစ်ပိုင်းခွင့်ယူလိုက်ပြီး မရောက်တာကြပြီဖြစ်သည့် အစ်ကိုဦးဇင်း ဆီမှာသွားတော့ အင်တာနက်ပေါ်က ကြိုက်လို့ ကော်ပီကူးထားတဲ့စာသားကိုပြသောအခါ ဦးဇင်းက ဒီလိုပြန်ဆုံးမလိုက်သော စကားဖြစ်ပါသည်။

“ဆောရီးပါ၊ တောင်းပန်ပါတယ်ဆိုတဲ့စကားနဲ့ ခံခဲ့ရတဲ့အကြိမ်လည်းများလှပြီ။
နောက်တစ်ခါမလုပ်တော့ပါဘူး ဆိုတဲ့စကားနဲ့ အလိမ်ခံရတာလည်း များလှပြီ။
နောက်ကျသွားလို့ခွင့်လွတ်ပါဆိုတဲ့စကားနဲ့ စောင့်နေရတဲ့အချိန်တွေလည်းများလှပြီ။
မိတ်ဆွေ သင့်မှာစာနာစိတ်ရှိရင် ကျုပ်ကိုသနားပါ” ဆိုသည့်စာသားလေးပင်။

စာကလေးတစ်ပုဒ်၊ တစ်ပိုဒ်၊ တစ်ကြောင်း၊ တစ်လုံးရဲ့တွန်းအားက လူတွေရဲ့အတွေးအမြင်၊ စိတ်ဓာတ် အနေ အထား တွေကိုပြောင်းလဲစေနိုင်သည်။ အထူးသဖြင့် ဆယ်ကျော်သက်၊ လူငယ်အရွယ်တွေမှာ စွဲလမ်းမိတဲ့ စာတွေဟာ လူ့ဘဝ တစ်ခုလုံးယုံကြည်မှုတွေ ပုံသွင်းလာနိုင်သည့်အထိဖြစ်လာတတ်သည်။ အချို့စာတွေမှာဆိုရင် နိုင်ငံရေးဆိုတဲ့စာလုံးတွေ မသုံးဘဲ သူတို့လိုချင်သည့်နိုင်ငံရေးအတွေးအခေါ်တွေ ထည့်ပေးလိုက်သည်လည်း အများကြီးရှိပါသည်။ ထိုမိုင်းတွေမမိ အောင် စာဖတ်ရင်လည်း သတိကြီးကြီး ထားရပါမည်။ ဦးဇင်းရဲ့စာပေလွှမ်းမိုးမှုသြဝါဒတွေခံယူပြီး ပြန်လာသည့်လမ်း တစ်လျောက်မှာလည်း အဲဒီစကားပဲ နားထဲမှာ ပဲ့တင်ထပ်နေသည်။

လမ်းမှာလမ်းလျှောက်ရင်းတွေ့ခဲ့ရသည့် နောက်မြင်ကွင်းတစ်ခုက အမျိုးသမီးကြီးတစ်ယောက်၊ ခွက်တစ်လုံး ကိုင်ပြီး တောင်းစားနေသည်။ “သနားပါရှင့်၊ ကျွန်မကလေးထမင်းမစားရသေးလို့ပါ၊ စားစရာတကယ်မရှိလို့ ပါရှင်၊ သားတို့ သမီးတို့ အစ်ကိုတို့ အစ်မတို့ သနားကြပါဦးရှင့်” ဟုအော်နေသည်။

လက်မှာပိုက်ထားသည့်ကလေးက အစာဝဝလင်လင်မစားရလို့ပိန်ပြီး အရိုးပြိုင်းပြိုင်းထနေသည်၊ ကလေးက ပါးစပ်ဟနေပြီး မျက်စိမှေးမှေးနဲ့ သူ့အမေမျက်နှာကိုစိုက်ကြည့်နေသည်။ “စားစရာတစ်ခုခုကိုပေးပါ” ပြောနေသည့် မျက်လုံးကလေးတွေက အမေတင်မက ဘေးကလူတွေလည်း ဖတ်လို့ရသည်။ ကလေးကို သနားလို့ ခဏရပ်ပြီး သေချာကြည့်မိလိုက်သည်။ ကြည့်နေရင်းနဲ့ပင် ကလေးကဆန့်ငင်ဆန့်ငင်ဖြစ် လာသည်။ စကားပြောဖို့အားယူနေသည်။ “သား ဘာဖြစ်တာလဲ” လို့ အမေကမေးသည်။ “ခဏစောင့်ပါ သားရယ် စားရမယ်” လို့ပြောသည်။ ကလေးက အားယူနေပေမယ့် စကားဆက်မပြော နိုင်ပေ။ အသက်ရှု တာ ခပ်ပြင်းပြင်းဖြစ်လာသည်။ ပြင်းပြီးတော့ ရှုရှိုက်နေတဲ့အသက်တွေ အားပျော့လာသည်။ အမေက ကြည့်ရင်းနဲ့ “သား သား” ဟုအော်ခေါ်သည်။ ကလေးက အသက်ပင်ထပ်မရှုနိုင်တော့ပေ။ အမေကအစာမစားရလို့ ငိုဖို့တောင် အားမရှိတော့သည့်ပမာ မျက်ရည်မထွက်၊ အသံမထွက်ဘဲ ကလေးကို ပွေ့ဖက်ပြီး ငိုနေသည်။ မကြာခင်မှာဘဲ လမ်းဘေးက စျေးသည်တွေ ဝိုင်းအုံလာကြသည်။ အဲဒီမြင်ကွင်းကို ကြည့်ပြီးဘာလုပ်ရမှန်း မသိဘဲ နန်းခမ်းယွန်း ကြက်သေသေသွားလေသည်။ ကိုယ့်ရှေ့က စားစရာမရှိလို့ လမ်းဘေးမှာဘဲအသက်ထွက်သွားတဲ့ ကလေးတစ်ယောက်ပုံရိပ်၊ ဘယ်တုန်းက မှ မမြင်ခဲ့ဖူးသည့်ပုံရိပ်။ ဘာမှလုပ်မပေးနိုင်တာနဲ့ အပြန်လမ်းအတိုင်းဘဲ ဆက်လျှောက်နေရသည်။ မျက်လုံးထဲမှာတော့ ကလေးလေး ရော၊ ငိုနေတဲ့အမေကိုရော မြင်ယောင်နေဆဲ။

ပန်းရောင်းသည့်ယောင်္ကျားလေးတစ်ယောက်၊လက်ပေါ်မှာ ပန်းကုံးတွေအပြည့်နဲ့၊ ဟိုဘက် လမ်းဘေး ပလက်ဖောင်းပေါ် ရပ်နေသည်။ ကားမောင်းသူတွေ ပန်းဝယ်နေကျမို့ ကားအလာကို ယောင်္ကျားလေးက စောင့်နေသည်။ ထိုမြင်ကွင်းသည် နေ့တိုင်းမြင်နေကျမြင်ကွင်း တစ်ခုဖြစ်သည်။ မြင်နေကျမြင်ကွင်းထဲကနေ ထူးသွားတာလေးတစ်ခုကတော့ သူ့အသိလား၊ သူ့ညီမလား၊ အစ်မလား ထင်ရသည့် ဘဝတူပန်းရောင်း သည့်မိန်းကလေးတစ်ယောက်က ပန်းကုံးတွေလက်ထဲအပြည့်နဲ့ ဒီဘက်ပလက်ဖောင်းပေါ်ကနေ ဟိုဘက်ပလက်ဖောင်းပေါ်ကယောင်္ကျားလေးကိုလှမ်းခေါ်သည်။ ယောင်္ကျားလေးကလည်း မိန်းကလေး ရှိရာဆီ ဦးတည်ကာ ကားလမ်းကိုဖြတ်ပြီး ပြေးလာသည်။ ကားလမ်းဖြတ်နေစဉ်မှာဘဲ မထင်မှတ်သည့် အရှိုန်ပြင်းပြင်းနဲ့မောင်းလာသည့် ကားတစ်စီးက ယောင်္ကျားလေးဆီပြေးဝင်လာသည်။ ယောင်္ကျားလေးက လည်း ကားကိုဖြတ်ခနဲ့လှမ်းမြင်လိုက်ပြီး ကြောက်အားလန့်အားနဲ့ ရှေ့ဘက်ကိုဘဲ လျင်မြန်စွာ ဆက်ပြေး လိုက်သည်။ ကားမောင်းသည့်လူကြီးလည်း လျင်မြန်စွာဘဲ ဘရိတ်အုပ်လိုက်သည်။ ဘရိတ်အုပ် လိုက်ပေမယ့် အရှိုန်ပြင်းသောကားသည် လမ်းဖြတ်ကူးနေသောယောင်္ကျားလေးကို ဝင်တိုက်နှင့်နေပြီ။ ကားရဲ့ဆောင့်အားကြောင့် ယောင်္ကျားလေးကကားရှေ့ခပ်လှမ်းလှမ်းမှာ လဲကျသွားသည်။ ကားနဲ့မျက်နှာ ချင်းဆိုင်မှာ အရှိုန်နဲ့မောင်းနှင်လာသည့် ဆိုင်ကယ်ကလည်း လျင်မြန်စွာဘဲ အရေးပေါ်ဘရိတ်အုပ်နေသည်။ သို့သော်လည်း မောင်းလာသည့်အရှိုန်က သိပ်မြန်တာကြောင့် ဘရိတ်အုပ်ပြီး သောအချိန်မှာ ယောင်္ကျားလေးရဲ့လည်ပင်းကို ကြိတ်မိလျက်သားဖြစ်နေပြီ။ လျင်မြန်စွာ လှုပ်ရှားနေသော ထိုအခိုက် အတန့်တွေမှာ အားလုံးကလက်လွန်ခြေလွန်ဖြစ်ကြကုန်ပြီ။ လဲကျနေသောယောင်္ကျားလေး၏ ခန္ဓာကိုယ် သည် သွေးများဖြင့်ပေကျံနေသည်။ ပါးစပ်ကလည်းဟနေသည်၊ ပါးစပ်ထဲက ငုံထားသည့်ကွမ်းယာလည်း အပြင်ဘက်ကား လမ်းမပေါ် လိမ့်ကျလာသည်။ ကွမ်းသွေးနဲ့အတူ ပါးစပ်ထဲကအနီရဲရဲ သွေးတွေက အပြင်ဘက်ကို စီးဆင်းလာသည်။ လက်တွေကလည်း ခန္ဓာကိုယ်အောက်ခေါက်နေသဖြင့် ထလို့မရပေ။ ကားတိုက်လို့လဲကျသွားသည့်ခန္ဓာကိုယ်ကို ဆိုင်ကယ်က လည်ပင်းဝင်ကြိတ်ထားသည့်အတွက် ကြက်သေ သေနေသည့်ယောင်္ကျားလေးက သူ့ကိုသူ ဘာတွေဖြစ်လို့ဖြစ်နေမှန်း တောင်သိတော့မှာမဟုတ်ပါဘူး။ ကတ္တရာလမ်းနဲ့ဆောင့်လိုက်လို့ ကွဲအက်နေသည့်ဦးခေါင်းကလည်း သွေးတွေ စီးကျလာပြီ၊ ခြေထောက်တွေ ကလည်းသွေးတွေနဲ့စိုရွဲနေပြီ။ ယောင်္ကျားလေးက အသက်မထွက်သေးဘဲ ဆန့်ငင်ဆန့်ငင် ဖြစ်နေရှာသည်။ ရှုရှိုက်နေတဲ့နှာခေါင်းထဲကလေတွေလည်း သွေးတွေနဲ့ပြည့်ကြပ်နေသည်။ ကားမောင်းသည့် လူကြီးလည်း ကားထဲကထွက်လာသည်။ ဆိုင်ကယ်မောင်းသည့်လူကြီးကလည်း ဆိုင်ကယ်ပေါ်က ဆင်းလာသည်။ ယောင်္ကျားလေးကိုလှမ်းခေါ်သည့်မိန်းကလေးက ကြက်သေသေနေပြီး ရှေ့သွားရမလိုလို၊ နောက်ဆုတ်ရ မလိုလိုနဲ့ ဘာလုပ်ရမှန်းမသိဘဲ မတ်တတ်ရပ်ရာကနေ မေ့ပြီးလဲကျသည်။ လမ်းဘေးကလူတွေဝိုင်းအုံ လာနေသည်။ ထိုမြင်ကွင်းသည် တကယ်လိုလို အိပ်မက်လိုလို အရှင်လတ်လတ် နန်းခမ်းယွန်းရဲ့ မျက်စိရှေ့မှာ ဖြစ်ပျက်နေသည်။ နန်းခမ်းယွန်းသည် အပြန်လမ်းတစ်လျှောက်မှာ အဲဒီပုံရိပ်တွေပဲမြင် ယောင်နေပြီး အဆောင်ကို ဘယ်လိုပြန်ပြီး ဘယ်လိုရောက်မှန်း မသိဘဲ သတိရသောအချိန် အဆောင်ထဲပြန်ရောက်နေပြီဖြစ်သည်။

ထိုမြင်ကွင်းများက တစ်ရက်တည်းနဲ့မြင်လိုက်ရသည့်အတွက် အ့့ံ့သြ၍မဆုံးဖြစ်နေသည်။ မြင်ပြီးတဲ့အချိန်က စပြီး တစ်ညနေ လုံးလုံး အဲဒီအဖြစ်အပျက်တွေကိုပဲ သတိရနေသည်။ ညရောက်သည့်အထိ အိပ်မရဘဲ မြင်ယောင်နေသည်။ ကြောက်စိတ်မရှိပေမယ့် မေ့ဖျောက်လို့မရသည့်အထိ စိတ်ထဲစွဲနေသည်။ လကွယ်ည အမှောင်ထဲမှာ ထိုအကြောင်းကိုတွေးရင်း နန်းခမ်းယွန်း တစ်ယောက် ရင်ထဲပိုမောလာသည်။ အသက်ရှု ပိုကြပ်နေသလိုထင်ရသည်။ “သူတို့တွေလည်း ငါတို့လိုဘဲ ရှေ့ရေးအတွက် စိုးရိမ်နေတဲ့ လူတွေဖြစ်မှာဘဲ။ သေသွားသောနှစ်ယောက်လုံးသည် စားဝတ်နေရေးအတွက် ရုန်းကန်ရင်း သေသွားသည့် သူတွေပင် ဖြစ်သည်။ ငါလည်းရုန်းကန်နေရသည့်သူပါပဲ” ဟု တွေးသည်။ ရတနာပုံတက္ကသိုလ်ကျောင်းသူတစ်ဦး အမျိုးသမီးဆောင်ပေါ်က လကွယ်ညကိုအဖော်ပြုရင်း သန်းခေါင်ယံကို ဖြတ်ကျော်နေသည်။ ထိတ်လန့်စရာ အာရုံတွေနဲ့ မှောင်မိုက်နေတဲ့ညတွေမှာတောင် သူမ မကြောက်မရွံ့ဘဲ ဖြတ်သန်းခဲ့သည်။ ညရဲ့မှောင်မိုက် ခြင်းသည် အတွေးများကို လေးနက်အောင် အားပြုပေးနေသည်။ ညနက်လေလေ အမှောင်က ပိုကြီး စိုးလေလေဖြစ်လာသည်။ အမှောင်ကျလာလေလေ အတွေးတွေကပိုလေးနက်လေလေ ဖြစ်လာသည်။ အမှောင်ကျသောဘဝများဟာ လေးနက်တဲ့ဘဝတွေဖြစ်လာသည်ဟု နန်းခမ်းယွန်းတစ်ယောက် ယုံကြည် နေပြီ။

(၂)
“ဘဝရဲ့အဓိပ္ပါယ်” လို့ပြောလိုက်တဲ့စကားလုံးများဟာ လူတွေရဲ့အလုပ်တွေနဲ့ပဲတိုင်းတာနေကြတာ များပါ သည်။ အထူးသဖြင့်ပိုက်ဆံများများရသည့်အလုပ်ဆိုလျှင် အခြားအလုပ်တွေထက်ပိုပြီးအဓိပ္ပါယ်ရှိသယောင် ပြောနေကြသည်။ တက္ကသိုလ်ကျောင်းသားတွေကို အားပေးတိုက်တွန်းစကားတွေပြောတဲ့အခါတွေမှာလည်း ဒီအတိုင်းပဲပြောနေကြသည်။ ပညာတတ်အောင်ကြိုးစား၊ ပညာတတ်မှကောင်းကောင်းနေရမည်၊ အဆင့်မြင့်မြင့်နေရမည်။ အရိပ်ထဲမှာအလုပ်လုပ်ရမည်။ ဦးလေးတို့ အဒေါ်တို့က ပညာမတတ်လို့ အလုပ်ကြမ်းလုပ်ရတယ် စသည်ဖြင့်ပြောကြသည်။ ဒီလိုနဲ့ပဲကြိုးစားလိုက်ရတာ ဖတ်ဖတ်ကိုမောလို့။ သူတို့ပြောသည့်အတိုင်းဆိုရင် တက္ကသိုလ်တက်ပြီးရင် အလုပ်ကြမ်းတွေ လုပ်လို့မရတော့ဘူး။ ကျောင်းသား တိုင်းကို ဆရာဝန်ဖြစ်ခိုင်းလိုက်၊ အင်ဂျင်နီယာဖြစ်ခိုင်းလိုက်၊ ကျောင်းဆရာဖြစ်ခိုင်းလိုက်၊ ရုံးစာရေးဖြစ်ခိုင်း လိုက် စည်းရုံးလိုက်ကြတာ။ ဝါသနာပါတာ၊ မပါတာ စိတ်မဝင်စားဘူး၊ သူတို့ဖြစ်ခိုင်းတဲ့အထဲက တစ်ခုခုမဖြစ်လို့ကတော့ တက္ကသိုလ်ကျောင်းသူကျောင်းသားများ အသုံးမကျတဲ့သူဖြစ်ရတော့မှာ။ ဒီလိုနဲ့ကျောင်းသားများ အတန်းကြီးလာလေလေ ဖိအားပိုများလေလေဖြစ်လာကြသည်။ လုပ်ချင်တဲ့အလုပ်နဲ့ လုပ်ရမည့်အလုပ်တွေ တစ်ထပ်ထဲကျနေသည့်လူတွေကတော့ ပျော်ကြတာပေါ့။ ကိုယ့်ဝါသနာကို လျစ်လျူရှုထားရတဲ့ကျောင်းသားတွေကတော့ စိတ်ပျက်စရာအနာဂတ်တွေ ဖြစ်လာ သည်။

နန်းခမ်းယွန်းရဲ့ဘဝထဲမှာသက်တောင့်သက်သာ အပူပင်ကင်းစွာရှင်သန်နေရတဲ့အချိန်လို့ပြောလိုက်ရင် အခြေခံ ပညာရေးသင်ယူခဲ့သည့်ကျောင်းသားဘဝ ဖြစ်ပါလိမ့်မည်။ အဲဒီအချိန်တုန်းကတော့ အေးအေး ဆေးဆေး သက်သက် သာသာပါပဲ။ သူများတွေနေ့မအား ညမနားစာတွေကျက်နေသည့်အချိန်မှာ နန်းခမ်းယွန်းက ပုံမှန်အိပ်၊ ပုံမှန်စား။ ဘဝက ပေါ့ပေါ့ ပါးပါးလေးရှိသည်။ သူများတွေစာမေးပွဲ ကျနေကြသော်လည်း နန်းခမ်းယွန်းကတော့ အေးအေးဆေးဆေး အောင်သွား လေသည်။ အရမ်းကြိုးစား သူမဟုတ်တော့ ထိပ်ဆုံးက ပထမ၊ ဒုတိယ စာရင်းဝင်ထဲမပါပါ။ သို့သော် ပုံမှန်လေးတော့ အောင်မှတ် ရသည်။ ဆယ်တန်းဖြေတုန်းကဆိုရင် အစ်ကိုက အမြဲကူပေးတော့ အေးအေးဆေးဆေးပဲ အောင်သွားခဲ့ သည်။ ဆယ်တန်းအောင်ပြီးတဲ့အထိ ဘဝကပေါ့ပါးသည်။ လွတ်လပ်သည်။ လုံခြုံသည်။ နွေးထွေးသည်။ ကျေနပ်စရာကောင်း သည်။

ဆယ်တန်းအောင်ပြီးတက္ကသိုလ်တက်တော့မည်လုပ်တော့မှ အဖေထံကမကြားဖူးခဲ့တဲ့ အားမလို့အားမရ ဖြစ်နေတဲ့စကား ကြားခဲ့ရသည်။ “ဆယ်တန်းမှာအောင်မှတ်နည်းလို့ ညံ့တယ်” ဟုဆိုသည်။ မကြာခဏ ပြောနေတော့ အဲဒီအတွက် စိတ်မကောင်းဖြစ်ခဲ့ ရသည်။ ကျောင်းပြီးအောင်တော့ထားမည် ဟုဆိုကာ ငွေလိုနေသောအချိန် ခြံတွေရောင်းပြီး သားသမီးတွေကို ထောက်ပံ့ သည်။ အဖေအမေတို့ရဲ့စေတနာ တွေကိုကြည့်ပြီး စာပိုကြိုးစားရမည့်တာဝန်က ရှိလာပါတော့သည်။ ကိုယ့်အောက်ကညီမလေးနှစ်ယောက် လည်း ကျောင်းတက်နေသေးတော့ စာမေးပွဲတစ်နှစ်လောက်ကျသွားရင် မိဘတွေပိုပြီးပင်ပန်းရမည်၊ စိတ်လည်း ပိုဆင်းရဲရမည်။ ဒါတွေကိုလည်း သတိထားနေရသည်။ ရွာပြန်ရောက်တိုင်း ရွာသားများက “စာကြိုးစားနော်၊ ပညာတတ်ကြီးဖြစ်ရင် ရွာအတွက်လည်းဂုဏ်ရှိတယ်၊ မိဘလည်း စ်ိတ်ချမ်းသာရတယ်” လို့ မကြာခဏ အားပေးကြသည်။ သူတို့အားပေးစကားသံကိုကြားရလျှင် စာသင်ရတာပျော်လာသည်။ ကျောင်းတက်တုန်းက ညစ်ခဲ့တဲ့စိတ်တွေတောင် အကုန်ပျောက်ကုန်သည်။ ကျောင်းဖွင့်မည့်ရက်ကို မျှော်ရသည်။

တစ်ချိန်းတုန်းကထင်ခဲ့ရသည်ပျော်စရာများသည် အရည်ပျော်နေပြီ။ စိတ်ကူးနဲ့ပျော်နေသူထက် လက်တွေ့ ဘဝက ဘယ်လိုရှိတယ်ဆိုတာကို သိချင်စိတ်တွေပိုများလာသည်။ တက္ကသိုလ်ကျောင်းသားဘဝသည် အပြင်ဘက်ကကြည့်လျှင် ပျော်စရာတွေနဲ့ပြည့်နှက်နေသည့်နေရာဖြစ်ပါသည်။ အတွင်းမှာတော့ အပြင်က အထင်နဲ့ကွာခြားသည်။ စာတကယ်ကြိုးစား သူလည်းရှိသည်။ အပျော်သဘော အပျင်းပြေကျောင်း တက်သူလည်းရှိသည်။ ပိုက်ဆံဖြုန်းသူ၊ အဖော်တွေနဲ့အချိန်ဖြုန်းသူ၊ ကြင်ယာရှာသူ၊ အပျင်းကြီးသူ၊ တစ်ဇွတ်ထိုးနိုင်သူ၊ သဘောထားကြီးသူ၊ သူတစ်ပါးကိုနားလည်တတ်သူ၊ ကိုယ်ချင်းစာ တတ်သူ၊ သူတစ်ပါးနဲ့အဆင်ပြေအောင်ပေါင်းတတ်သူ စသည်ဖြင့် စရိုက်ပေါင်းစုံ လူပေါင်းစုံတွေစုဝေးနေတဲ့ နေရာမှာမို့ ပျော်စရာဆိုတာထက် သင်ယူစရာလို့ပြောရင်ပိုသင့်တော်ပါလိမ့်မည်။ ကိုယ့်မျက်စိရှေ့မှာဘဲ အောင်မြင်နေတဲ့သူတွေ ရှိသလို အချိန်မတန်သေးဘဲ ပျက်စီးနေကြသည့်ကျောင်းသားတွေလည်း မြင်တွေ့နေရပါတယ်။

အခုဓာတ်ဆီဆိုင်မှာအတူတူအလုပ်လုပ်နေကျတဲ့မိန်းကလေးတွေလည်း ကျောင်းပိတ်ချိန် အလုပ်ဝင်နေကြ တဲ့ တက္ကသိုလ် ကျောင်းသူတွေ။ ကိုယ့်ဒူးကိုယ်ချွန်တဲ့သူတွေဖြစ်ပါသည်။ အလုပ်ချင်းတူပေမယ့် အမြင် မတူတာတွေလည်း အများကြီးပါပဲ။ ဟိုတစ်နေ့တုန်းကပြောကြတဲ့စကားတွေဆိုရင် ဆရာဝန်လုပ်တဲ့သူက ဘယ်လောက်တော်တယ်။ ဆရာဝန်မလုပ်နိုင်တဲ့သူ တွေက ဘယ်လိုညာလိုစသည်ဖြင့် အလုပ်ကိုလူတွေရဲ့ အဆင့်အတန်းနဲ့ နှိုင်းယှဉ်လွန်းအားကြီးတယ်။ အောက်ခြေလူတန်း စားတွေကို အဆင့်အတန်းမရှိတဲ့ လူတန်းစားဆိုတဲ့အမြင်မျိုးတွေ ဖြစ်နေတယ်။ ဒီလိုအတွေးတွေက ဘယ်သူတွေပုံသွင်း ပေးလိုက်သလဲ မသိဘူး။ ဒါမျိုးကို နန်းခမ်းယွန်းက “ဘူး” ခံငြင်းသည်။

ဘယ်တုန်းက စခဲ့မှန်းမသိ အခုထိအရိုးစွဲနေသည့်အမှားတစ်ခုကတော့ အလုပ်နဲ့ပတ်သက်ပြီး ဟိုအလုပ်က မြင့် သည်၊ ဒီအလုပ်ကနှိပ်သည်ဟု ထင်သောအယူအဆပင်ဖြစ်ပါသည်။ တကယ်တော့မြင့်သည်၊ နှိပ်သည်ဆိုသည်မှာ လုပ်နေ သောအလုပ်ထဲမှာသာရှိပါသည်။ အခြားအလုပ်နဲ့နှိုင်းယှဉ်ပြီး မြင့်သည်၊ နှိပ်သည် ဆိုသည့်အမြင်မျိုးတော့ မရှိသင့်ပါ။ စာရေးဆရာအလုပ်နဲ့စီးပွားရေးလုပ်ငန်းအလုပ်တို့ကို ယှဉ်ပြီး စာရေးဆရာအလုပ်ကပိုမြင့်သည်။ စီးပွားရေးအလုပ်က ပိုမြင့် သည် စသည်ဖြင့်မနှိုင်းယှဉ်သင့်ပါ။ သူ့နေရာနဲ့သူ မြင့်သည်ချဉ်းဖြစ်ပါသည်။ သူ့နေရာနဲ့သူ လိုအပ်နေကြပါသည်။ ဒါတွေကို နားလည်ရမည်။

စာရေးဆရာလုပ်ရင် ဘယ်စာရေးဆရာကဘယ်လောက်ရေးနိုင်တယ်၊ တွေးနိုင်တယ်၊ ဘယ်လိုမြင်နိုင်တယ်၊ သူရေးသည့် စာက ဘယ်လိုအကျိုးတက်ရောက်မှုရှိသည်စသည်ဖြင့်စဉ်းစားရပါမည်။ စာရေးဆရာတိုင်းမှာလည်း ဒီလိုအမြင်မျိုး ဒီလို အတွေးမျိုးရှိချင်မှရှိမည်။ စာရေးဆရာအဆင့်အတန်းကို ခွဲခြားချင်ရင် စာရေးဆရာအချင်းချင်းဘဲ နှိုင်းယှဉ်ရပါမည်။ ဒါမှဘဲ ဘယ်သူကစာရေးဆရာပီသတယ် စသည်ဖြင့် ခွဲခြားလို့ရတာပေါ့။ စီးပွားရေးသမားများကို အဆင့်အတန်းခွဲချင်ရင်လည်း ထိုအတူပင်။ စီးပွားရေးသမားအချင်းချင်းကိုပဲ နှိုင်းယှဉ်ရလိမ့်မည်။ ဘယ်သူကပိုပြီးစီးပွားရေးအမြင်ရှိသည်၊ ဘယ်သူက သိပ်မရှိဘူးစသည်ပေါ့။ အဓိကကတော့ ကိုယ်ဝါသနာပါတာကို ကိုယ်လုပ်ဖို့ပါပဲ။ ဒါမှလည်း ပျော်ရွှင်ရမှာပေါ့။ အလုပ်ကို အဆင့်အတန်း ခွဲနေရင် အထင်သေးခံရမှာကိုကြောက်တာနဲ့ပဲ လူတွေကိုယ်ဝါသနာပါတာကိုမလုပ်ရဲကြတော့ဘူး။

နန်းခမ်းယွန်းက သူ့အယူအဆကိုရှင်းပြသည်။ သို့သော်မည်သူကမှ လက်မခံပါ။ ဒီအသိုင်းအဝိုင်းထဲကလူတွေဖြစ်နေတော့ ဒီလူတွေသတ်မှတ်တဲ့အတိုင်းပဲ ကိုယ်လည်းခံနေရတယ်။ တက္ကသိုလ်ကျောင်းသူတွေအချင်းချင်းမို့ သဘောထားကွဲလွဲတာ ဘာမှပြဿနာမရှိ၊ အပြင်လူနဲ့ဆိုရင်တော့ ဘယ်လိုဖြစ်မလဲ မပြောတတ်ပါ။ နားလည်ရခက်သောပတ်ဝန်းကျင်ကြားမှာ ဖြတ်သန်းလာခဲ့ရသည်။ ဒီလိုအယူအဆမတူတဲ့သူနဲ့ရော၊ ကိုယ်လက်မခံချင်ပေမယ့် ပတ်ဝန်းကျင်ရဲ့သတ်မှတ်ချက် တွေနဲ့ရော ပခုံးချင်းယှဉ်ပြီး နေတတ်လာခဲ့ပါပြီ။ အတူတူနေနေကြပေမယ့် ရှင်သန်ပုံချင်းမတူကြတာကို ပိုပြီးနားလည်လာသည်။

(၃)
အချိန်က ညနေ(၆)နာရီ၊ ကျောက်တော်ကြီးဘုရားမှာဘုရားပန်းကပ်ပြီး စေတီရင်ပြင်မှာစကားပြောကြသည်။ နန်းခမ်းယွန်းနဲ့ ချယ်ရီမေတို့ဖြစ်သည်။ တိုင်ပင်ဖော်တိုင်ပင်ဘက်တွေဖြစ်ကြသည်။ ချယ်ရီမေက ကျောင်းပြီးရင် သူနာပြုဆရာဝန် လုပ်မယ်လို့မှန်းထားသည်။ နန်းခမ်းယွန်းက ကျောင်းဆရာမ လုပ်ဖို့မှန်းထားကြသည်။ ဘာမသိညာမသိနဲ့ တက္ကသိုလ်တက်ရမယ်ဆိုလို့တက်လိုက်တာ ကိုယ်ဘာဝါသနာပါမှန်း နှစ်ယောက်လုံးမသိခဲ့ကြဘူး။ ပတ်ဝန်းကျင်ကလည်း ရွေးချယ်ခွင့် မပေးကြဘူး။ အမှတ်မီရာ ရှေးဟောင်းသုတေသန (Archaeology) မေဂျာကို ရွေးလိုက်ကြသည်။ အခုတော့မှ မထူးတော့ပါ၊ မိဘလည်းစိတ်ချမ်းသာအောင် ဘွဲ့တစ်ခုအရင်ယူပြီး ဝါသနာပါရာဆက်လုပ်ကြဖို့စဉ်းစားထားကြသည်။
“ယွန်း၊ ဘာလို့ကျောင်းဆရာမဖြစ်ချင်တာလဲ၊ အခြားအလုပ်ကိုဘာလို့မရွေးချယ်ချင်တာလဲ”
“ကျောင်းဆရာမကိုဖြစ်ချင်တာက ကလေးတွေကိုစာသင်ပေးချင်တဲ့စိတ်ကြောင့်ဘဲဖြစ်မယ်ထင်တယ်၊ ကလေး တွေကို ချစ်တယ်၊ သူတို့လေးတွေကဖြူစင်တယ်၊ ရိုးသားတယ်၊ ကောက်ကျစ်မှုကင်းတယ် လို့မြင်တယ်၊ ဒီလိုလူတွေနဲ့ အလုပ်လုပ်ရင်စိတ်လည်းချမ်းသာမယ်လို့ထင်တယ်။ ကိုယ့်ရဲ့စေတနာတွေကောင်းရင်ကောင်းသလောက် ကလေးတွေ ဘက်ကလည်း ပညာဆည်းပူးရတာ နွေးထွေးမှုရှိမယ်၊ ပျော်ရွှင်မယ်၊ နှစ်ဘက်လုံးစိတ်ချမ်းသာကြမယ် လို့ခံယူမိလို့ ကျောင်းဆရာမဘဝကို ရွေးချယ်ချင်တာ။ ငါတွေ့ဖူးတဲ့ဆရာတွေတချို့၊ အထူးသဖြင့်ရွာဘက်တွေမှာဆိုရင် စာမရတဲ့ ကလေးတွေကို ရိုက်ပြီးဆုံးမကြတော့ ကလေးတွေက စာကိုကြောက်သွားကြတယ်။ ဆရာကိုလည်း ကြောက်ကြတယ်။ စာဆက်မသင်ချင်ကြတော့ဘူး၊ ငယ်ငယ်ကလေးနဲ့ကျောင်းထွက်လိုက်ကြတဲ့ကလေးတွေကိုမြင်ရင် ရင်ထဲစို့နှင့်သည့်အထိ ခံစားရတယ်။ ကျောင်းထွက်ပြီးလေလွင့်နေတဲ့ကလေးတွေကိုမြင်ရလေလေ အဖြူအစိမ်းဝတ်စုံဝတ်တဲ့ဆရာမဘဝကို ပိုမက်မောလေလေပဲ။ အခြား စက်ချုပ်တာတို့ ဆိုင်လေးဖွင့်ပြီးစျေးရောင်းတာလဲ ဝါသနာပါပါတယ်၊ အဲဒီအလုပ်တွေက မိဘတွေသိပ်မကြိုက်ဘူးထင်လို့။ ကျောင်းဆရာမကိုတော့ မိဘတွေလည်းကြိုက်ကြတယ်လေ၊ နှစ်ဘက်လုံးစိတ်ချမ်းသာ ရမယ်ထင်လို့ပါ။ နင်ကော ဘာလို့ သူနာပြုဖြစ်ချင်ရတာလဲ၊ ပြောပါဦး”

“အဓိကကတော့ သူတစ်ပါးအသက်ကယ်ချင်လို့ပေါ့ဟာ၊ ဒီဆန္ဒက မနှစ်ကမှဖြစ်တာ၊ မနှစ်တုန်းကပေါ့၊ ငါတို့ရွာမှာ သားဖွားဆရာမမရှိတော့ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက် ဆေးရုံသွားတက်တာ၊ ရွာက ဆေးရုံနဲ့လည်းဝေးတော့ ဆေးရုံ မရောက်ခင် လမ်းမှာဘဲကလေးပျက်ကျသွားတယ်၊ ဆေးရုံရောက်တော့ မိခင်လည်း ဆုံးသွားတယ်။ အဲဒါနဲ့ ဆရာဝန်က “ရွာမှာသားဖွားဆရာမသာရှိရင်ဒီလိုဖြစ်မှာမဟုတ်ဘူး” လို့ ဆိုတယ်။ အဲဒီတုန်းက “ငါသာသားဖွားဆရာမဖြစ်ရင် ကောင်းမှာပဲ” လို့ တွေးမိတယ်။ ဒါပေမယ့် ငါဆရာဝန်ဖြစ်နိုင်လောက်တဲ့ အခြေအနေတွေ မရှိဘူးဆိုတာငါသိတယ်။ ဒါပေမယ့် သူနာပြု ဆရာမလောက်တော့ ဖြစ်ချင်တယ်။ အဲဒါကြောင့်ပါ။ အခုတော့ နင့်လိုပဲ မိဘစ်ိတ်ချမ်းသာအောင် ဒီဘွဲ့လေးတော့ အရင်ယူထားရဦးမယ်”

သူငယ်ချင်းကျောင်းသူနှစ်ဦးသည် တစ်ဦးကိုတစ်ဦးလေးစားမှုအပြည့်ပါတဲ့မျက်နှာတွေနဲ့ အပြန်အလှန် ပြုံးပြပြီး စကားတွေပြောကြသည်။ စကားပြောကောင်းတုန်းမန္တလေးမြို့ရဲ့ကောင်းကင်ကြီးမှာ မိုးတွေရွာချသည်။ နှစ်ဦးလုံး မိုးရေထဲမှာ တဖြေးဖြေးနဲ့ လမ်းလျှောက်ရင်း ရတနာပုံတက္ကသိုလ်ရဲ့အမျိုးသမီးဆောင်ဆီသို့ ဦးတည်ကြသည်။ မိုးရွာလို့ထီးတွေကိုယ်စီနဲ့ဆောင်းကြသည်။ ထီးမပါတဲ့သူများအရိပ်ရှိရာအပြေးလှမ်းကြသည်။ သူတို့နှစ်ဦးကတော့ ထီးမပါဘဲ တည်ငြိမ်စွာပင် လျှောက်လှမ်းသည်။ ဦးပိန်တံတား ကနေ ဆိုင်ကယ်နဲ့ပြန်လာသည့် မျိုးမင်းအောင်က သူတို့ရှေ့ဆိုင်ကယ်ရပ်ပြီး “ဆိုင်ကယ်ပေါ်တက်လိုက်” လို့ပြောသည်။ နှစ်ယောက်လုံးငြင်းသည်၊ “လမ်းလျှောက်ပါရစေ” ဟုဆိုသည်။
မျိုးမင်းအောင်က အံ့သြစွာကြည့်ပြီး “ဒီလောက်မိုးတွေရွာနေတာကို ဖျားမှာမကြောက်ဘူးလား၊ မိုးချိန်းနေတာ ကော မကြားဘူးလား၊ မကြောက်ကြဘူးလား” ဟုမေးသည်။
“ကြောက်စရာလား၊ သူ့ဟာသူချိန်းတာ ဘာဖြစ်လဲ၊ ကိုယ့်လမ်းကိုလျှောက်နေတာ ဘာမှကြောက်စရာမရှိဘူး” ဟုပြန်ပြောသည်။

“ခမ်းယွန်း၊ မင်းတို့က မိန်းကလေးကော စစ်ကြရဲ့လား” ဟုပြောလေသည်။
မိန်းကလေးနှစ်ယောက်လုံးရယ်ပြီး “ဘာဖြစ်လို့လဲ” လို့ပြန်မေးသည်။
“ဘာဖြစ်ရမလဲ၊ မိုးချိန်းသံကြားရင် မိန်းကလေးတွေက သေလုနီးပါးကြောက်နေကြတာလေ၊ မင်းတို့က မကြောက်လို့ပေါ့၊ မင်းတို့က ယောင်္ကျားချာတွေများလား” ဟုအားမနာပါးမနာပြောရှာသည်။
“စစ်တာပေါ့၊ မိန်းကလေးစစ်တဲ့သူတွေပဲ မိုးထဲလမ်းလျှောက်ရဲတာ၊ မလျှောက်ရဲသူတွေကမှ မစစ်တာ” ဟု ရယ်ပြီးပြန်ပြောသည်။ မလိုက်မှန်းသိတော့ ပခုံးတစ်ချက်တွန့်ပြီး တစ်ယောက်တည်း ဆိုင်ကယ်နှင့်ထွက်သွားသည်။

တကယ်တော့ သူတို့နှစ်ယောက်ဟာ မကြောက်တတ်သူတွေမဟုတ်ပါဘူး။ အမှတ်တမဲ့ဖြစ်တဲ့ကြောက်လန့်စရာ၊ တုန်လှုပ်ဖွယ်ရာတွေရော ဘဝနဲ့ချီပြီးဖြစ်နေတဲ့ ရင်နှင့်စရာ၊ မရှုစိမ့်စရာတွေရော များစွာရင်ဆိုင်ခဲ့ဖူးသည့်သူတွေ ဖြစ်ပါ သည်။ ဘဝအတွေ့အကြုံကပေးတဲ့သင်္ခန်းစာများ၊ မြင်ရတွေ့ရတဲ့အဖြစ်အပျက်များကပြောပြသောလောကကြီးအကြောင်း အရာများ၊ လေ့လာဖူးခဲ့သည့် ဘဝဒဿနများလည်းရှိထားသူတွေမို့ပါ။ ထိုအရာများကို ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားနေ သောမိန်းကလေးတို့အတွက် မိုးရွာတာလောက်၊ မိုးကြိုးထစ်ချုံးတာ လောက်ကတော့ ဘာမှမပြောလောက်ဘူး ဆိုတာကို ကိုမျိုးမင်းအောင် သိမည်ထင်ပါသည်။ တိတ်ဆိတ်နေတဲ့လမိုက်ညကိုလည်း အဖော်ပြုနေနိုင်သည့်သူတွေပါ၊ သို့သော် အထီးကျန်နေသူတွေတော့ မဟုတ်ဘူး။ နားလည်ရခက်တဲ့ပတ်ဝန်းကျင်မှာ ဖြတ်သန်းလာခဲ့သည့်သူတွေပါ။ ဒါပေမယ့် ဘယ်ပတ်ဝန်းကျင်ကိုမှ အရွက်မတိုက်ဘူး။ ကိုယ့်ရည်ရွယ်ချက်အတိုင်း ဦးတည်ပြီး ဘယ်လိုအခြေအနေမျိုးမဆို အလိုက်သင့်အဆင်ပြေအောင် နေတတ်သည့်သူတွေပါ။ ဘဝပေးအခြေအနေကိုက ဒီလိုနေမှ အဆင်ပြေမည့်ဘဝပါ။

ဘဝသည် ခရေပန်းလိုကြွေလည်းမွှေး၊ ဝေလည်းမွှေးသောဘဝလည်းရှိပါသည်။ စံပယ်ပန်းလို အပြစ်အနာအဆာ မရှိ လှချင်တိုင်းလှ၊ မွှေးချင်တိုင်းမွှေးသောဘဝလည်းရှိပါသည်။ သဇင်လို တော်ဝင်ပန်းလို့ သတ်မှတ်ခံရတဲ့ဘဝမျိုးလည်းရှိ သည်။ အဆင်းလည်းမလှ၊ အနံ့လည်းမမွှေးလို့ လူတကာမကြိုက်သည့် လမ်းဘေးပန်းလိုဘဝလည်း ရှိပါသည်။ သူတ်ို့နှစ် ယောက်ရဲ့ဘဝသည် နှင်းဆီပန်းလိုဘဝမျိုးဖြစ်ပါသည်။ နှင်းဆီသည် ဆူးတွေနဲ့ပြည့်နှက်နေသည်။ ကိုယ်တိုင်အတံမှာ လည်း ဆူးရှိသည်။ ဘေးကကပ်လျက်ရှိနေသောအပင်မှာလည်း ဆူးတွေရှိသည်။ ထိုဆူးကြားမှထိုးထွက်ပြီး ဖူးပွင့်ရဲတဲ့ သတ္တိရှိသည်။ ထိုဆူးတွေကြားကဖူးပွင့်လာသည့်နှင်းဆီပန်းတစ်ပွင့်သည် လှပတင့်တယ်စွာ ပွင့်ချပ်လွှာများနဲ့ ဝေဆာနေ သည်။ သူတို့နှစ်ယောက်ရဲ့ဘဝသည်လည်း နှင်းဆီလိုပင်။ ကိုယ့်ဒူးကိုယ်ချွန်နိုင်မှ လှပသည့်ဘဝတွေဖြစ်ပါသည်။

အစာငတ်လို့သေသွားတဲ့ကလေး၊ ကားတိုက်လို့သေသွားသည့် ပန်းသည်၊ စာကိုကြောက်လို့ လေလွင့်နေသည့် ကလေးများ၊ သားဖွားဆရာမမရှိလို့ သေသွားရသည့် ကိုယ်ဝန်သည်သားအမိ၊ နောက်ပတ်ဝန်းကျင်ရဲ့ ဖိအား၊ သတ်မှတ် ချက်၊ အန္တရာယ်များ၊ အခွင့်အလမ်းများ၊ အတွေးအမြင်များစသည့်အရာများသည် သူတို့ကိုယ်တွေ့လောကဓံရဲ့အစ ဖြစ်လာသည်။ ထိုလောကဓံကြားမှာ သူတို့ရပ်တည်လာရသည်၊ ထိုးထွက်သွားရမည်၊ ဖူးပွင့်ရဦးမည်၊ လောကကကြီးကို အလှဆင်မည်။ ဒါကို သူတို့ ကောင်းကောင်းနားလည်သည်။ နှင်းဆီပန်းကိုသူတို့ကြိုက်သည်။ ပန်းပန်မည်ဆိုရင်တောင် နှင်းဆီပန်းကိုဘဲ ရွေးပန်သည့် မိန်းကလေးများဖြစ်သည်။ သူတို့ဘဝကို နှင်းဆီပန်းများဖြင့် ကိုယ်စားပြုချင်သည့် ကောင်မလေးတွေဖြစ်ပါသည်။ သူတို့သည် နှင်းဆီပန်း ပန်သည့်ကောင်မလေးများဖြစ်ကြပါသည်။

ခွန်နေဝင်းအောင် (ဖယ်ခုံ)
10.10.2017 5:50:00 PM

(မှတ်ချက်။ ။ ရတနာပုံတက္ကသိုလ်ကျောင်းသူ နန်းရွှေခမ်း (တောင်မဲသင်း၊ ပင်လောင်း) အကြောင်းကို မှီငြမ်း၍ ရေးထားပါသည်) ။ 



ႏွွင္းဆီပန္းပန္ေသာေကာင္မေလး အခန္း (၂)