Monday, October 29, 2018

စာဖတ်ခြင်း ဋီကာ

စာဖတ်ခြင်း ဋီကာ

“စာဖတ်ပါ”
“စာဘယ်လိုဖတ်တာလဲ၊ စာဘယ်လိုဖတ်ရမှာလဲ”
အပြင်လောကမှာပြောနေကြသလို ပညာရေးလောကထဲမှာလည်း ပြောနေကြတဲ့ စကားတွေပင် ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ၊ စာဖတ်ရမည်မှာ လေ့လာလိုသူတိုင်း အသုံးပြုနေကြသည့် နည်းလမ်းတစ်ခုပင် ဖြစ်ပါသည်။ “ဘယ်စာအုပ်ကိုဖတ်ပါလား၊ ဟိုစာအုပ်ကကောင်းတယ်” စသည်ဖြင့် အကြံပေးလမ်းညွန်ကြတာရှိသလို “စာအုပ်ဘယ်နှစ်အုပ်ဖတ်ပြီးပြီလဲ၊ သေသေချာချာဖတ်ရဲ့လား” လို့ မေးနေကြတာတွေလည်း ရှိပါသည်။ စာဖတ်သည့်သူမှာတော့ ညွန်ပြတဲ့စာအုပ်တိုင်း မဖတ်ဖြစ်တာရှိသလို၊ ဖတ်တဲ့စာအုပ်တိုင်းမှာလည်း စိတ်မဝင်စားတာလည်း ရှိပါသည်။ ဤသို့နှင့်ပင် ဖတ်တဲ့စာအုပ်တိုင်း ပြန်မေးလို့မရတာ၊ ပြန်မဖြေတတ်တာ ဖြစ်လာပါသည်။
စာဖတ်သည့်နေရာမှာလည်း လေ့လာမှုကဏ္ဍအပေါ်၊ အသက်အရွက်အပေါ်၊ စာဖတ်အားအဆင့်တွေအပေါ်၊ ရည်ရွယ်ချက်အပေါ် စသည့်စသည့် မတူညီတဲ့အခြေအနေတွေအပေါ်မှာမူတည်ပြီး ကွဲပြားသွားလိမ့်မည် ထင်ပါသည်။ တက္ကသိုလ်မတက်ခင်ကာလက ဖတ်ခဲ့သည့်စာနှင့် တက္ကသိုလ်တက်နေချိန်ဖတ်နေသည့်စာများကို နှိုင်းယှဉ်ကြည့်လိုက်လျှင် ဖတ်ပုံဖတ်နည်းတွေရော၊ ရှာဖွေပုံတွေရော၊ ရည်ရွယ်ချက်တွေရော မတူတော့တာတွေတွေ့ရပါသည်။ တက္ကသိုလ်ကျောင်းသားတွေအတွက် ကြံနေရသည့်အခက်အခဲတွေထဲမှာ စာဖတ်နေရသည့်တာဝန်တစ်ခုလည်း ပါလာပါသည်။ “စာကိုဘယ်လိုဖတ်ရမှာလဲ၊ ဘယ်လိုရှာရမှာလဲ၊ ဘယ်သူ့ကိုမေးရမှာလဲ” ဆိုသည့်မေးခွန်းသည် တက္ကသိုလ်ကျောင်းသားတွေကြားမှာ အမြဲကြားနေရသည့် စကားလည်း ဖြစ်ပါသည်။

ညောင်ကန်တိုက်မှာနေတုန်းက ဘုံကျော်မှာစာလိုက်ရင်း ဘုန်းကြီးဦးအဂ္ဂဓမ္မကို စာဘယ်လိုဖတ်ရမှာလည်း မေးဖူးသည်။ အဲဒီအချိန်တုန်းက အင်္ဂလိပ်စာ စသင်နေသည့်အချိန်ဖြစ်သည့်အတွက် ဘုန်းကြီးက “ဖတ်တတ်သလိုဖတ်ပါ၊ နားမလည်ရင်ကျော်ပစ်လိုက်၊ နားလည်သည့်အပိုက်တွေကိုဖတ်လိုက်၊ နားမလည်လည်း စိတ်မပျက်နဲ့၊ ဖတ်ဖြစ်ဖို့ဘဲလိုတာပါ၊ ဖတ်ဖန်များရင် နားလည်လာလိမ့်မယ်” လို့ မိန့်ပါသည်။ နောက်ထပ်မေးတော့ “ကိုယ်နားလည်တဲ့စာအုပ်တွေ ရွေးဖတ်၊ ခက်တာကိုဖတ်တတ်ဖို့ထက် ကိုယ်နားလည်ဖို့ အရေးကြီးတယ်” လို့မိန့်ပါသည်။  စာစဖတ်သည့်သူတွေအတွက် အရေးကြီးသည့်စာဖတ်နည်းတစ်ခုပင်ဖြစ်ပါသည်။

တက္ကသိုလ်နယ်ပယ်ထဲရောက်တော့ တက္ကသိုလ်ကျောင်းသားတွေရဲ့ စာဖတ်နည်းတွေကိုလေ့လာကြည့်တော့ လွန်ခဲ့သည့်လက ကေတုမတီသီတဂူ ဦးဝိစိတ္တ နဲ့စကားပြောရင်း စာဖတ်တဲ့အကြောင်းရောက်သွားတော့ “ပထမတစ်ကြိမ်ကို အကြမ်းဖျင်းဖတ်ပါ၊ ဘာဆိုလိုသလဲဆိုတာကို သိရုံနဲ့ လုံလောက်ပြီ၊ ပထမဆုံးအကြိမ်အသေးစိတ်လိုက်ဖတ်နေရင် ရှေ့ကို တော်တော်နဲ့ မရောက်ဘူး။ ပြီးအောင်အရင်ဖတ်။ နောက်မှတစ်ခေါက်ပြန်ဖတ်၊ ပြန်ဖတ်သည့်အခါမှာ ဆိုလိုချက်ကိုသိပြီးသားဖြစ်လို့ အပေါ်ယံမဟုတ်တော့ဘဲ၊ စာကိုဘယ်လိုရေးတယ်၊ စကားလုံးဘယ်လိုသုံးတယ်၊ ဝါကျအထားအသိုတွေကအစ အသေးစိတ်လိုက်ကြည့်။ အဲလိုဖတ်ရင် ပိုလည်းမှတ်မိတယ်။ စာရေးဖို့အတွက်လည်း အထောက်အကူပြုတယ်၊ စကားပြောတဲ့အခါလည်း အကြောင်းအရာတွေကို ပိုင်ပိုင်နိုင်ပြောနိုင်တယ်၊ စကားလုံးတွေကိုလည်း လှလှပပ အသုံးပြုနိုင်တယ်” လို့မိန့်ပါသည်။ အထူးသဖြင့် ဘာသာရပ်တစ်ခုခုကို လေ့လာတဲ့အခါမှာ အသုံးပြုသင့်တဲ့စာဖတ်နည်းပါဘဲ။ ဝတ္ထုစာအုပ်ဖတ်သလို၊ အပြင်က သတင်းစာဖတ်သလို အရသာခံရုံသက်သက်၊ သတင်းလေးယူရုံသက်သက်မဟုတ်တော့ဘဲ ပညာရပ်တစ်ခုအနေနဲ့လေ့လာတဲ့အခါ တိကျသေချာဖို့လည်း လိုသည့်အတွက် အရေးကြီးသည့်စာဖတ်နည်းတစ်ခုပင် ဖြစ်ပါသည်။

ရှမ်းပြန်၊ ဆီဆိုင်က ဦးပဏ္ဍိတနဲ့စကားပြောရင်း လမ်းသင့်တော့ “ဖတ်စရာတွေများလာတဲ့အခါ ပြန်ဖတ်နေရတာ တစ်ခါတစ်လေမှာ အချိန်မရှိဘူး၊ ပြန်လည်းမဖတ်ဖြစ်ဘူး၊ ဖုန်းတို့ ကွန်ပျူတာတို့ အီးဘုတ်တို့နဲ့ဖတ်ရင် တစ်ချို့ အဘိဓာတ်ဆော့ဝဲလ်လေးတွေ တင်ထားလို့ရတယ်၊ နားမလည်တဲ့အရေးကြီးတဲ့ စကားလုံးလေးတစ်ချို့ကို တစ်ခါတည်းစစ်လို့ရတယ်၊ အဲလိုဖတ်လို့ရရင် တစ်ခါတည်းနဲ့ လိုချင်တာလေး သိချင်တာလေးတွေ အချိန်မီသိရတယ်” လို့မိန့်ပါသည်။ အသုံးဝင်သည့်စာဖတ်နည်းတစ်မျိုးပင်ဖြစ်ပါသည်။ တက္ကသိုလ်က သင်တန်းချိန်တစ်ချိန်ပြီးတိုင်း ဆရာတွေပေးတဲ့အချက်တွေ၊ ညွန်ပြတဲ့စာအုပ်တွေ၊ ဝေတဲ့လက်ကမ်းစာရွက်တွေ၊ ရှာဖွေရမည့်အရာတွေက သိပ်များပါသည်။ ပြီးတော့ စာသင်ချိန်တစ်ချိန်မကသည့် အတန်းတွေရှိပါသည်။ ကျောင်းသားတစ်ဦးအနေဖြင့် အားလပ်ချိန်နည်းပြီး ဖတ်စရာစာတွေများသောအခါမျိုး နှစ်ကြော့ပြန်မဖတ်ချင်သောအခါမျိုးမှာ အသုံးဝင်ပါသည်။

ဒေါက်တာလုပ်နေတဲ့ ရခိုင်ဆရာတော် ဦးဝရဗုဒ္ဓိကိုမေးကြည့်တော့ “ဒီရောက်လာတာ စာအုပ်ဘယ်နှစ်လုပ်ကုန်အောင် ဖတ်ပြီးပြီလဲ” ဟု ပြန်မေးသည်။ “တစ်အုပ်မှ မကုန်သေးဘူး” လို့ ပြန်ဖြေလိုက်သည်။ “တက္ကသိုလ်ဆိုတာ အဲဒါဘဲ” ဟု မိန့်သည်။ “မြန်မာနိုင်ငံမှာနေတုန်းက စာအုပ်ကိုကုန်အောင်ဖတ်ကြတယ်၊ အချိန်တွေကြာတယ်။ အခြားစာအုပ်ကို မကြည့်ဖြစ်တော့ဘူး။ ဒီမှာက စာအုပ်တစ်အုပ်ကို ကုန်အောင်ဖတ်ဖို့မလိုဘူး။ ကိုယ်လိုချင်တဲ့အချက်အလက်တွေက ဘယ်အခန်းမှာပါသလဲဆိုတာကို လိုက်ရှာတာ၊ ကိုယ်လိုအပ်ချက်တွေပါတဲ့စာအုပ်မှန်သမျှကို ရှာပြီးဖတ်၊ ပြီးတော့နှိုင်းယှဉ်၊ အဲလိုစုဆောင်းရတာ။ Paragraph တစ်ခုရဲ့ အစဆုံး Sentence နဲ့ နောက်ဆုံး Sentence  ကိုဖတ်ဆိုရင် ဆိုလိုချက်ကို ရိပ်မိတယ်” ဟု ဆက်မိန့်ပါသည်။

 ပြီးခဲ့သည့်တစ်ပတ်ကျော်ကျော်က စနေနေ့ဆွေးနွေးဝိုင်းမှာ တရုတ်က မဟာယာနဘုန်းကြီး လီယောင် ကို မေးကြည့်တော့ “ကိုယ်ဖတ်ချင်တဲ့စာကို ဖတ်၊ ကိုယ်ဝါသနာပါတဲ့အရာကို သိအောင်လုပ်၊ ကိုယ်သိချင် ရှာဖွေချင်တဲ့ အပိုင်းကိုရွေး၊ (ကိုယ်ဝါသနာပါသည့်အရာတစ်ခုမှာ သူ့ကဏ္ဍနဲ့သူ အစိတ်အပိုင်းတွေများစွာရှိပါသည်)၊ တွေ့ပြီးဆိုရင် မေးခွန်းထုတ်၊ သိချင်တာဘာလဲ၊ ဘယ်လိုလဲ၊ မေးခွန်းမရှိဘဲ အဖြေရှာနေရင် ကိုယ်ဘာလိုချင်လို့လိုချင်မှန်း မသိဖြစ်ပြီး အချိန်ပိုကြာမယ်၊ အဲဒါကြောင့် စာမဖတ်ခင် မေးခွန်းအရင်ထုတ်“ လို့ဆိုပါတယ်။ “စာဖတ်ရင်း ပျင်းသွားရင်ကော၊ ဖတ်ရင်းစိတ်လေသွားတာတို့၊ အတွေးဝင်သွားတာတို့ဆိုရင် ဘယ်လိုလုပ်မလဲ” လို့ ကမည်းကြောတက်ကြည့်တော့  “စိတ်ကတော့ လေမှာပေါ့၊ ငါတို့က သာမာန်လူတွေလေ၊ စိတ်လေရင် စိတ်ဝင်စားတဲ့အရာတစ်ခုခုကို ထလုပ်လိုက်ပေါ့၊ ပြီးမှ ပြန်ဖတ်ပေါ့၊ စိတ်မလေဘဲ ထိန်းလို့ရအောင် ငါတို့က ရဟန္တာတွေမှ မဟုတ်တာ” လို့ပြန်ပြောသည်။ ဘေးက ဘင်္ဂလားဒေခ်ျက ဘုန်းကြီးက သူ့ကို စသည် “ရဟန္တာအကြောင်း ပြောနေပြီ” တဲ့။ “မဟုတ်ဘူးလား၊ ရဟန္တာကို ငါတို့ပယ်လို့မှ မရတာ၊ မဟုတ်ဘူးလား” လို့ ပြန်မေးသည်။  “ကိုယ်တော် ရဟန္တာဖြစ်ချင်စိတ်ပေါက်နေပြီလား” လို့ ထပ်စသည်။ “ဘယ်ကဖြစ်ချင်ရမှာလဲ၊ ငါကဘုရားလောင်းလေ” တဲ့၊ မဟာယာနက ပြန်ပြောသည်။ ဒီလိုနဲ့ ရယ်ကြရသည်။ (မှတ်ချက်။ ။ မဟာယာနက ဘုရားလောင်းကျင့်စဉ်၊ ထေရဝါဒက ရဟန္တာကျင့်စဉ် လို့ အယူရှိကြသည့် မဟာယာနတစ်ချို့အယူအဆကို အစွဲပြု၍ ပြောခြင်းဖြစ်ပါသည်။)။ အကြောင်းသိသည့် တက္ကသိုလ်ကျောင်းသားအချင်းချင်းမို့ ဟာသဖြစ်နေသည်။ ဘေးကလူတွေကြားရင်တော့ ဘယ်လိုနေမလဲ မသိ။  ဆိုလိုချင်သည်မှာ စာဖတ်နည်းဖြစ်ပါသည်။ ကိုယ့်လေ့လာနေတဲ့ ဘာသာရပ်ကို မေးခွန်းထုတ်ပြီး ရှာဖွေနိုင်ဖို့အရေးကြီးသည်။ မေးခွန်းရှိရင် ကိုယ်ရှာဖွေရမည့်အချက်အလက်တွေကိုလည်း တိတိကျကျရှိသည်။ ပစ်မှတ်ရှိသည့်အတွက် ရှာဖွေသည့်အခါလည်းလွယ်ကူသည်။ အချိန်ပိုမကုန်ဘဲ လျင်လျင်မြန်မြန်ပြီးသည်။ မတွေ့လို့ သူတစ်ပါးကိုမေးရင်ပင် တိတိကျကျမေးနိုင်သည်၊ ကူညီသည့်သူလည်း မဝေဝါးဘဲ ကူညီပေးနိုင်သည်။

ပြီးခဲ့သည့်အပတ်က စာကြည့်တိုက်ထဲ စကားလက်ဆုံရင်း ရှရှားကျောင်းသား အလက်စန္ဒားက သုံးခေါက်ဖတ်သည်ဟုဆိုပါသည်။ “ပထမတစ်ခေါက်မှာ အဓိကအကြောင်းအရာကိုရှဖတ်၊ မင်နဲလိုက်မှတ်၊ ဒုတိယတစ်ခေါက်မှာ အကုန်လုံးအစအဆုံးဖတ်၊ မသိတဲ့စကားလုံးတွေကို အဘိဓာန်ထဲကြည့်သင့်ရင်ကြည့်၊ စကားလုံးအသစ်တွေကိုမှတ်၊ တတိယအခေါက်မှာတော့ စာလုံးကိုရော၊ အကြောင်းအရာရော၊ အဓိပ္ပါယ်တွေရော နှိုင်းယှဉ်ကြည့်၊ ဆက်စပ်ကြည့်၊ သုံးသပ်ကြည့်တယ်” ဟူ၏။ “အဲလိုတွေဖတ်တော့ အချိန်ရှိပါ့မလား” မေးတော့  “မရှိဘူး၊ စာအုပ်တိုင်း သုံးဆင့်လုံးတော့ ဘယ်ဖတ်မလဲ၊ အချိန်ရသလိုပေါ့၊ တစ်ချို့စာတွေမှာ ပထမတစ်ဆင့်ဘဲ၊ တစ်ချို့စာတွေက နှစ်ဆင့်ပေါ့၊ စာတိုင်းသုံးဆင့်လုံးဖတ်စရာမလိုဘူးလေ၊ လိုအပ်တဲ့တချို့စာလေးတွေဘဲ သုံးခေါက်ဖတ်တာ၊ သုံးဆင့်ပေါ။ တစ်ခုလောက် သုံးဆင့်ဖတ်ပြီးရင်၊ တချို့စာတွေသုံးဆင့်ဖတ်စရာမလိုဘဲ လုံလောက်တာလဲရှိတယ်” လို့ ဆိုလေသည်။

တစ်နေ့တုန်းက ဒေါက်တာလုပ်နေတဲ့ ဦးအရိယကို “စာဘယ်လိုဖတ်သလဲ” မေးလျှောက်ကြည့်တော့ “စာကိုသေသေချာချာဖတ်တယ်၊ ဘယ်လိုရေးတယ်၊ စကားလုံးတွေဘယ်လိုသုံးသွားတယ်ဆိုတာကအစ ကြည့်တယ်၊ ဒါမှ ဘာဆိုလိုလဲဆိုတာကို ကောင်းကောင်းသိမှာပေါ့၊ ဒီလိုဖတ်မှ ဖတ်ပြီးသူများကိုပြောပြရင်လည်း သေသေချာချာ ရှင်းရှင်းလင်းလင်း ပြန်ပြောပြနိုင်မှာပေါ့” ဟုမိန့်ပါသည်။ “အချိန်မရရင်ကော”  မေးတော့ “အချိန်မရရင် ပထမစာပိုဒ်နဲ့ နောက်ဆုံးစာပိုဒ်ဘဲ ဖတ်လိုက်တယ်၊ နားလည်ရင်လည်၊ မလည်ရင် အဲလို မလိမ့်တပတ်ရေးတဲ့စာ မဖတ်တော့ဘူး” ဟု မိန့်ပါသည်။

အမ်ဖီးလ် လုပ်နေတဲ့ အောင်လံက ဦးကေလာသ ကိုမေးကြည့်တော့ “ကိုယ်စိတ်ဝင်စားတဲ့အကြောင်းကိုဘဲ ဖတ်ပါတယ်၊ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာဖြစ်တဲ့အတွက် ကြာသည်ဖြစ်စေ၊ မြန်သည်ဖြစ်စေ ပျော်တယ်” မိန့်၏။ “စာဖတ်ရင်း နားမလည်ရင်ကော” မေးတော့ “အဲလိုဆိုရင် စာအုပ်တစ်အုပ်ထဲနဲ့ မလုံလောက်တော့ဘူး၊ အခြားစာအုပ်တွေရှာရတော့မယ်၊ အကြောင်းအရာတွေတူပြီးရေးထားတဲ့ စာအုပ်တွေအများကြီးရှိတယ်၊ တစ်အုပ်မှာကိုယ်နားမလည်ရင် ကိုယ်နားလည်နိုင်လောက်တဲ့ စကားလုံးတွေနဲ့ ရေးထားတဲ့စာအုပ်တွေအများကြီးရှိတယ်၊ ရေးတာကတော့ ကိုယ့်အတွက်ရေးတာ ဟုတ်ချင်မှဟုတ်မှာပေါ့၊ ဒါပေမယ့် သူအရေးအသားနဲ့ဖတ်မှ ကိုယ်နားလည်တာမျိုး” ဟုမိန့်တော်မူပါပေ၏။ “စာအုပ်တစ်အုပ်လုံးကို ဖတ်တာလား” မေးတော့ “ဝတ္ထုစာအုပ်ဖတ်တာဆိုရင်တော့ တစ်အုပ်လုံးဖတ်မှ ရတာပေါ့၊ သူဇာတ်ကောင်တွေ သူ့ဇာတ်ကွက်တွေကိုကျော်ဖတ်ရင်တော့ မသိလောက်ဘူး။ ပညာရေးနယ်ပယ်မှာတော့ တစ်အုပ်လုံးဖတ်ဖို့ထက် သူဘာတွေရေးသလဲဆိုတာကိုနားလည်ဖို့ အရေးကြီးတယ်” ဟု မိန့်ပါသည်။

ကျမ်းပြုနေတဲ့ စာလုပ်နေတဲ့ ဆရာတော်တွေ အတန်းဖော်တွေနဲ့ တွေ့တုန်းဆုံတုန်း မေးမြန်းရ ဆွေးနွေးခဲ့ရသည့် ခဏတာများဟာ တကယ်တော့ တန်ဖိုးမဖြတ်နိုင်တဲ့အမှတ်တရများဖြစ်ပါသည်။  ဘဝအတွက်အရေးပါတဲ့ အမှတ်တရတွေဖြစ်ပါသည်။ တွေ့ကြဆုံကြ ငြင်းကြခုံကြတဲ့အရာတွေဟာ တဒင်္ဂလေးတွေပါ၊ ဒီတဒင်္ဂတွေအပေါ်မှာ အဆင်မပြေတာ၊ ဂတိဂအောက်ဖြစ်သွားတာ၊ ပြောမှားဆိုမှား နားလည်မှုလွဲမှားတဲ့အရာတွေရှိမှာပါ၊ ဒီအမှားတွေအပေါ်မှာ အငြိုးတေးတွေ မကျေနပ်မှုတွေလည်း ရှိချင်ရှိမှာပါ၊ ဒီတဒင်္ဂတွေကို ခါချရမှာပါ၊ မခါချနိုင်ရင် အနာတရတွေဖြစ်တတ်ပါသည်။ တဒင်္ဂအမှားတွေ ခါချပြီး မေးမကြ၊ ကူညီကြ၊ အားပေးကြ၊ ဖြေဆိုမေးမြန်း ဆွေးနွေးခဲ့ကြတဲ့ ဖြူစင်တဲ့ပေးဆပ်မှုပါတဲ့ကာလတွေကမှ ဘဝအတွက်အမှတ်တရတွေပါ။ ဒီနှစ်စာသင်နှစ်ထဲမှာ အမှတ်တရတွေများစွာ ရရှိခဲ့ပါသည်။

  စာဖတ်ရတာ မျက်စိသာညောင်းသွားတာ ဘာမှနားမလည်လိုက်တာမျိုး၊ မျက်နှာက စာအုပ်နဲ့ကပ်ပြီးတော့ စိတ်ကဟိုအဝေးရောက်နေတာမျိုး၊ စာဖတ်ဖို့ စာအုပ်ကိုင်ပြီး စာမဖတ်ဖြစ်တာမျိုးလည်း ကြုံခဲ့တာပေါ့။ လိုချင်တဲ့စာအုပ်တွေကို စာအုပ်ဆိုင်ထဲသွားဝယ်ရတာရှိသလို၊ စာကြည့်တိုက်ထဲသွားဖတ်ရတာတွေလည်း ရှိတယ်။ ကိုယ်လိုချင်တဲ့စာအုပ်ကမရှိ၊ စာအုပ်ရှိပေမယ့် လိုချင်တဲ့အချက်တွေကမပါလို့ အွန်လိုင်းဖွင့်ပြီး ရှာနေရတာလည်း ခဏခဏပါဘဲ။ "ဦးဇင်းအကောင့်က မီးစိမ်းတွေအမြဲလင်းတာပဲနော်" လို့ပြောတဲ့သူကပြော၊ "ဦးဇင်းကို မေ့က်စေ့ပို့ရင် စကားမပြန်ဘူးနော်" လို့ မေးနေတဲ့သူကလည်းမေး။ ဘာပြန်ပြောရမှန်း မသိတာနဲ့ ဘာမှမပြောလိုက်ဘူး။ အွန်လိုင်းက တက္ကသိုလ်ကျောင်းသားတွေအတွက် အရေးပါသည့်အခန်းကဏ္ဍတစ်ခုဖြစ်လာတယ်။
ဘယ်လိုဘဲဖြစ်ဖြစ်လေ ကိုယ့်ရဲ့အမှတ်တရတွေထဲက တစ်ပိုင်းတစ်စဝေငှတာလေးတွေ ဖတ်ပြီး တစ်စုံတစ်ဦးသောသူအတွက် အကျိုးရှိမယ်ဆိုရင် ဒီစာရေးရကျိုးနပ်ပါပြီ။ ဒီလိုနဲ့ စာဖတ်ပုံတွေကို လိုက်ရှာရင်းနဲ့ စာဖတ်ခြင်းဋီကာ လည်း ရှည်သွားပြီ။

ကျေးဇူး တင်ပါသည်။

အရှင်နန္ဒိယ (ဖယ်ခုံ)  14.7.2018 Saturday 7:20:00 PM




စာဖတ္ျခင္း ဋီကာ

“စာဖတ္ပါ”
“စာဘယ္လိုဖတ္တာလဲ၊ စာဘယ္လိုဖတ္ရမွာလဲ”
အျပင္ေလာကမွာေျပာေနၾကသလို ပညာေရးေလာကထဲမွာလည္း ေျပာေနၾကတဲ့ စကားေတြပင္ ျဖစ္ပါသည္။ မည္သို႔ပင္ဆိုေစ၊ စာဖတ္ရမည္မွာ ေလ့လာလိုသူတိုင္း အသုံးျပဳေနၾကသည့္ နည္းလမ္းတစ္ခုပင္ ျဖစ္ပါသည္။ “ဘယ္စာအုပ္ကိုဖတ္ပါလား၊ ဟိုစာအုပ္ကေကာင္းတယ္” စသည္ျဖင့္ အႀကံေပးလမ္းညြန္ၾကတာရွိသလို “စာအုပ္ဘယ္ႏွစ္အုပ္ဖတ္ၿပီးၿပီလဲ၊ ေသေသခ်ာခ်ာဖတ္ရဲ႕လား” လို႔ ေမးေနၾကတာေတြလည္း ရွိပါသည္။ စာဖတ္သည့္သူမွာေတာ့ ညြန္ျပတဲ့စာအုပ္တိုင္း မဖတ္ျဖစ္တာရွိသလို၊ ဖတ္တဲ့စာအုပ္တိုင္းမွာလည္း စိတ္မဝင္စားတာလည္း ရွိပါသည္။ ဤသို႔ႏွင့္ပင္ ဖတ္တဲ့စာအုပ္တို္င္း ျပန္ေမးလို႔မရတာ၊ ျပန္မေျဖတတ္တာ ျဖစ္လာပါသည္။
စာဖတ္သည့္ေနရာမွာလည္း ေလ့လာမႈက႑အေပၚ၊ အသက္အရြက္အေပၚ၊ စာဖတ္အားအဆင့္ေတြအေပၚ၊ ရည္ရြယ္ခ်က္အေပၚ စသည့္စသည့္ မတူညီတဲ့အေျခအေနေတြအေပၚမွာမူတည္ၿပီး ကြဲျပားသြားလိမ့္မည္ ထင္ပါသည္။ တကၠသိုလ္မတက္ခင္ကာလက ဖတ္ခဲ့သည့္စာႏွင့္ တကၠသိုလ္တက္ေနခ်ိန္ဖတ္ေနသည့္စာမ်ားကို ႏိႈင္းယွဥ္ၾကည့္လိုက္လွ်င္ ဖတ္ပုံဖတ္နည္းေတြေရာ၊ ရွာေဖြပုံေတြေရာ၊ ရည္ရြယ္ခ်က္ေတြေရာ မတူေတာ့တာေတြေတြ႔ရပါသည္။ တကၠသိုလ္ေက်ာင္းသားေတြအတြက္ ႀကံေနရသည့္အခက္အခဲေတြထဲမွာ စာဖတ္ေနရသည့္တာဝန္တစ္ခုလည္း ပါလာပါသည္။ “စာကိုဘယ္လိုဖတ္ရမွာလဲ၊ ဘယ္လိုရွာရမွာလဲ၊ ဘယ္သူ႔ကိုေမးရမွာလဲ” ဆိုသည့္ေမးခြန္းသည္ တကၠသိုလ္ေက်ာင္းသားေတြၾကားမွာ အၿမဲၾကားေနရသည့္ စကားလည္း ျဖစ္ပါသည္။

ေညာင္ကန္တိုက္မွာေနတုန္းက ဘုံေက်ာ္မွာစာလိုက္ရင္း ဘုန္းႀကီးဦးအဂၢဓမၼကို စာဘယ္လိုဖတ္ရမွာလည္း ေမးဖူးသည္။ အဲဒီအခ်ိန္တုန္းက အဂၤလိပ္စာ စသင္ေနသည့္အခ်ိန္ျဖစ္သည့္အတြက္ ဘုန္းႀကီးက “ဖတ္တတ္သလိုဖတ္ပါ၊ နားမလည္ရင္ေက်ာ္ပစ္လိုက္၊ နားလည္သည့္အပိုက္ေတြကိုဖတ္လိုက္၊ နားမလည္လည္း စိတ္မပ်က္နဲ႔၊ ဖတ္ျဖစ္ဖို႔ဘဲလိုတာပါ၊ ဖတ္ဖန္မ်ားရင္ နားလည္လာလိမ့္မယ္” လို႔ မိန္႔ပါသည္။ ေနာက္ထပ္ေမးေတာ့ “ကိုယ္နားလည္တဲ့စာအုပ္ေတြ ေရြးဖတ္၊ ခက္တာကိုဖတ္တတ္ဖို႔ထက္ ကိုယ္နားလည္ဖို႔ အေရးႀကီးတယ္” လို႔မိန္႔ပါသည္။  စာစဖတ္သည့္သူေတြအတြက္ အေရးႀကီးသည့္စာဖတ္နည္းတစ္ခုပင္ျဖစ္ပါသည္။

တကၠသိုလ္နယ္ပယ္ထဲေရာက္ေတာ့ တကၠသိုလ္ေက်ာင္းသားေတြရဲ႕ စာဖတ္နည္းေတြကိုေလ့လာၾကည့္ေတာ့ လြန္ခဲ့သည့္လက ေကတုမတီသီတဂူ ဦးဝိစိတၱ နဲ႔စကားေျပာရင္း စာဖတ္တဲ့အေၾကာင္းေရာက္သြားေတာ့ “ပထမတစ္ႀကိမ္ကို အၾကမ္းဖ်င္းဖတ္ပါ၊ ဘာဆိုလိုသလဲဆိုတာကို သိရုံနဲ႔ လုံေလာက္ၿပီ၊ ပထမဆုံးအႀကိမ္အေသးစိတ္လိုက္ဖတ္ေနရင္ ေရွ႕ကို ေတာ္ေတာ္နဲ႔ မေရာက္ဘူး။ ၿပီးေအာင္အရင္ဖတ္။ ေနာက္မွတစ္ေခါက္ျပန္္ဖတ္၊ ျပန္ဖတ္သည့္အခါမွာ ဆိုလိုခ်က္ကိုုသိၿပီးသားျဖစ္လို႔ အေပၚယံမဟုတ္ေတာ့ဘဲ၊ စာကိုဘယ္လိုေရးတယ္၊ စကားလုံးဘယ္လိုသုံးတယ္၊ ဝါက်အထားအသိုေတြကအစ အေသးစိတ္လိုက္ၾကည့္။ အဲလိုဖတ္ရင္ ပိုလည္းမွတ္မိတယ္။ စာေရးဖို႔အတြက္လည္း အေထာက္အကူျပဳတယ္၊ စကားေျပာတဲ့အခါလည္း အေၾကာင္းအရာေတြကို ပိုင္ပိုင္ႏိုင္ေျပာႏိုင္တယ္၊ စကားလုံးေတြကိုလည္း လွလွပပ အသုံးျပဳႏိုင္တယ္” လုိ႔မိန္႔ပါသည္။ အထူးသျဖင့္ ဘာသာရပ္တစ္ခုခုကို ေလ့လာတဲ့အခါမွာ အသုံးျပဳသင့္တဲ့စာဖတ္နည္းပါဘဲ။ ဝတၳဳစာအုပ္ဖတ္သလို၊ အျပင္က သတင္းစာဖတ္သလို အရသာခံ႐ုံသက္သက္၊ သတင္းေလးယူ႐ုံသက္သက္မဟုတ္ေတာ့ဘဲ ပညာရပ္တစ္ခုအေနနဲ႔ေလ့လာတဲ့အခါ တိက်ေသခ်ာဖို႔လည္း လိုသည့္အတြက္ အေရးႀကီးသည့္စာဖတ္နည္းတစ္ခုပင္ ျဖစ္ပါသည္။

ရွမ္းျပန္၊ ဆီဆိုင္က ဦးပ႑ိတနဲ႔စကားေျပာရင္း လမ္းသင့္ေတာ့ “ဖတ္စရာေတြမ်ားလာတဲ့အခါ ျပန္ဖတ္ေနရတာ တစ္ခါတစ္ေလမွာ အခ်ိန္မရွိဘူး၊ ျပန္လည္းမဖတ္ျဖစ္ဘူး၊ ဖုန္းတို႔ ကြန္ပ်ဴတာတို႔ အီးဘုတ္တို႔နဲ႔ဖတ္ရင္ တစ္ခ်ိဳ႕ အဘိဓာတ္ေဆာ့ဝဲလ္ေလးေတြ တင္ထားလို႔ရတယ္၊ နားမလည္တဲ့အေရးႀကီးတဲ့ စကားလုံးေလးတစ္ခ်ိဳ႕ကို တစ္ခါတည္းစစ္လို႔ရတယ္၊ အဲလိုဖတ္လို႔ရရင္ တစ္ခါတည္းနဲ႔ လိုခ်င္တာေလး သိခ်င္တာေလးေတြ အခ်ိန္မီသိရတယ္” လို႔မိန္႔ပါသည္။ အသုံးဝင္သည့္စာဖတ္နည္းတစ္မ်ိဳးပင္ျဖစ္ပါသည္။ တကၠသိုလ္က သင္တန္းခ်ိန္တစ္ခ်ိန္ၿပီးတိုင္း ဆရာေတြေပးတဲ့အခ်က္ေတြ၊ ညြန္ျပတဲ့စာအုပ္ေတြ၊ ေဝတဲ့လက္ကမ္းစာရြက္ေတြ၊ ရွာေဖြရမည့္အရာေတြက သိပ္မ်ားပါသည္။ ၿပီးေတာ့ စာသင္ခ်ိ္န္တစ္ခ်ိန္မကသည့္ အတန္းေတြရွိပါသည္။ ေက်ာင္းသားတစ္ဦးအေနျဖင့္ အားလပ္ခ်ိန္နည္းၿပီး ဖတ္စရာစာေတြမ်ားေသာအခါမ်ိဳး ႏွစ္ေၾကာ့ျပန္မဖတ္ခ်င္ေသာအခါမ်ိဳးမွာ အသုံးဝင္ပါသည္။

ေဒါက္တာလုပ္ေနတဲ့ ရခိုင္ဆရာေတာ္ ဦးဝရဗုဒၶိကိုေမးၾကည့္ေတာ့ “ဒီေရာက္လာတာ စာအုပ္ဘယ္ႏွစ္လုပ္ကုန္ေအာင္ ဖတ္ၿပီးၿပီလဲ” ဟု ျပန္ေမးသည္။ “တစ္အုပ္မွ မကုန္ေသးဘူး” လို႔ ျပန္ေျဖလိုက္္သည္။ “တကၠသိုလ္ဆိုတာ အဲဒါဘဲ” ဟု မိန္႔သည္။ “ျမန္မာႏိုင္ငံမွာေနတုန္းက စာအုပ္ကိုကုန္ေအာင္ဖတ္ၾကတယ္၊ အခ်ိန္ေတြၾကာတယ္။ အျခားစာအုပ္ကို မၾကည့္ျဖစ္ေတာ့ဘူး။ ဒီမွာက စာအုပ္တစ္အုပ္ကို ကုန္ေအာင္ဖတ္ဖို႔မလိုဘူး။ ကိုယ္လိုခ်င္တဲ့အခ်က္အလက္ေတြက ဘယ္အခန္းမွာပါသလဲဆိုတာကို လိုက္ရွာတာ၊ ကိုယ္လိုအပ္ခ်က္ေတြပါတဲ့စာအုပ္မွန္သမွ်ကို ရွာၿပီးဖတ္၊ ၿပီးေတာ့ႏႈိင္းယွဥ္၊ အဲလိုစုေဆာင္းရတာ။ Paragraph တစ္ခုရဲ႕ အစဆုံး Sentence နဲ႔ ေနာက္ဆုံး Sentence  ကိုဖတ္ဆိုရင္ ဆိုလိုခ်က္ကို ရိပ္မိတယ္” ဟု ဆက္မိန္႔ပါသည္။

 ၿပီးခဲ့သည့္တစ္ပတ္ေက်ာ္ေက်ာ္က စေနေန႔ေဆြးေႏြးဝိုင္းမွာ တ႐ုတ္က မဟာယာနဘုန္းႀကီး လီေယာင္ ကို ေမးၾကည့္ေတာ့ “ကိုယ္ဖတ္ခ်င္တဲ့စာကို ဖတ္၊ ကိုယ္ဝါသနာပါတဲ့အရာကို သိေအာင္လုပ္၊ ကို္ယ္သိခ်င္ ရွာေဖြခ်င္တဲ့ အပိုင္းကိုေရြး၊ (ကိုယ္ဝါသနာပါသည့္အရာတစ္ခုမွာ သူ႕က႑နဲ႕သူ အစိတ္အပိုင္းေတြမ်ားစြာရွိပါသည္)၊ ေတြ႔ၿပီးဆိုရင္ ေမးခြန္းထုတ္၊ သိခ်င္တာဘာလဲ၊ ဘယ္လိုလဲ၊ ေမးခြန္းမရွိဘဲ အေျဖရွာေနရင္ ကိုယ္ဘာလိုခ်င္လို႔လိုခ်င္မွန္း မသိျဖစ္ၿပီး အခ်ိန္ပိုၾကာမယ္၊ အဲဒါေၾကာင့္ စာမဖတ္ခင္ ေမးခြန္းအရင္ထုတ္“ လို႔ဆိုပါတယ္။ “စာဖတ္ရင္း ပ်င္းသြားရင္ေကာ၊ ဖတ္ရင္းစိတ္ေလသြားတာတို႔၊ အေတြးဝင္သြားတာတို႔ဆိုရင္ ဘယ္လိုလုပ္မလဲ” လို႔ ကမည္းေၾကာတက္ၾကည့္ေတာ့  “စိတ္ကေတာ့ ေလမွာေပါ့၊ ငါတို႔က သာမာန္လူေတြေလ၊ စိတ္ေလရင္ စိတ္ဝင္စားတဲ့အရာတစ္ခုခုကုိ ထလုပ္လိုက္ေပါ့၊ ၿပီးမွ ျပန္ဖတ္ေပါ့၊ စိတ္မေလဘဲ ထိန္းလို႔ရေအာင္ ငါတို႔က ရဟႏၱာေတြမွ မဟုတ္တာ” လို႔ျပန္ေျပာသည္။ ေဘးက ဘဂၤလားေဒခ်္က ဘုန္းႀကီးက သူ႔ကို စသည္ “ရဟႏၱာအေၾကာင္း ေျပာေနၿပီ” တဲ့။ “မဟုတ္ဘူးလား၊ ရဟႏၱာကို ငါတို႔ပယ္လို႔မွ မရတာ၊ မဟုတ္ဘူးလား” လို႔ ျပန္ေမးသည္။  “ကိုယ္ေတာ္ ရဟႏၱာျဖစ္ခ်င္စိတ္ေပါက္ေနၿပီလား” လို႔ ထပ္စသည္။ “ဘယ္ကျဖစ္ခ်င္ရမွာလဲ၊ ငါကဘုရားေလာင္းေလ” တဲ့၊ မဟာယာနက ျပန္ေျပာသည္။ ဒီလိုနဲ႔ ရယ္ၾကရသည္။ (မွတ္ခ်က္။ ။ မဟာယာနက ဘုရားေလာင္းက်င့္စဥ္၊ ေထရဝါဒက ရဟႏၱာက်င့္စဥ္ လို႔ အယူရွိၾကသည့္ မဟာယာနတစ္ခ်ိဳ႕အယူအဆကို အစြဲျပဳ၍ ေျပာျခင္းျဖစ္ပါသည္။)။ အေၾကာင္းသိသည့္ တကၠသိုလ္ေက်ာင္းသားအခ်င္းခ်င္းမို႔ ဟာသျဖစ္ေနသည္။ ေဘးကလူေတြၾကားရင္ေတာ့ ဘယ္လိုေနမလဲ မသိ။  ဆိုလိုခ်င္သည္မွာ စာဖတ္နည္းျဖစ္ပါသည္။ ကို္ယ့္ေလ့လာေနတဲ့ ဘာသာရပ္ကို ေမးခြန္းထုတ္ၿပီး ရွာေဖြႏိုင္ဖို႔အေရးႀကီးသည္။ ေမးခြန္းရွိရင္ ကိုယ္ရွာေဖြရမည့္အခ်က္အလက္ေတြကိုလည္း တိတိက်က်ရွိသည္။ ပစ္မွတ္ရွိသည့္အတြက္ ရွာေဖြသည့္အခါလည္းလြယ္ကူသည္။ အခ်ိန္ပိုမကုန္ဘဲ လ်င္လ်င္ျမန္ျမန္ၿပီးသည္။ မေတြ႔လို႔ သူတစ္ပါးကိုေမးရင္ပင္ တိတိက်က်ေမးႏိုင္သည္၊ ကူညီသည့္သူလည္း မေဝဝါးဘဲ ကူညီေပးႏိုင္သည္။

ၿပီးခဲ့သည့္အပတ္က စာၾကည့္တိုက္ထဲ စကားလက္ဆုံရင္း ရွရွားေက်ာင္းသား အလက္စႏၵားက သုံးေခါက္ဖတ္သည္ဟုဆိုပါသည္။ “ပထမတစ္ေခါက္မွာ အဓိကအေၾကာင္းအရာကိုရွဖတ္၊ မင္နဲလိုက္မွတ္၊ ဒုတိယတစ္ေခါက္မွာ အကုန္လုံးအစအဆုံးဖတ္၊ မသိတဲ့စကားလုံးေတြကို အဘိဓာန္ထဲၾကည့္သင့္ရင္ၾကည့္၊ စကားလုံးအသစ္ေတြကိုမွတ္၊ တတိယအေခါက္မွာေတာ့ စာလုံးကိုေရာ၊ အေၾကာင္းအရာေရာ၊ အဓိပၸါယ္ေတြေရာ ႏိႈင္းယွဥ္ၾကည့္၊ ဆက္စပ္ၾကည့္၊ သုံးသပ္ၾကည့္တယ္” ဟူ၏။ “အဲလိုေတြဖတ္ေတာ့ အခ်ိန္ရွိပါ့မလား” ေမးေတာ့  “မရွိဘူး၊ စာအုပ္တိုင္း သုံးဆင့္လုံးေတာ့ ဘယ္ဖတ္မလဲ၊ အခ်ိန္ရသလိုေပါ့၊ တစ္ခ်ိဳ႕စာေတြမွာ ပထမတစ္ဆင့္ဘဲ၊ တစ္ခ်ိဳ႕စာေတြက ႏွစ္ဆင့္ေပါ့၊ စာတိုင္းသုံးဆင့္လုံးဖတ္စရာမလိုဘူးေလ၊ လိုအပ္တဲ့တခ်ိဳ႕စာေလးေတြဘဲ သုံးေခါက္ဖတ္တာ၊ သုံးဆင့္ေပါ။ တစ္ခုေလာက္ သုံးဆင့္ဖတ္ၿပီးရင္၊ တခ်ိဳ႕စာေတြသုံးဆင့္ဖတ္စရာမလိုဘဲ လုံေလာက္တာလဲရွိတယ္” လို႔ ဆိုေလသည္။

တစ္ေန႔တုန္းက ေဒါက္တာလုပ္ေနတဲ့ ဦးအရိယကို “စာဘယ္လိုဖတ္သလဲ” ေမးေလွ်ာက္ၾကည့္ေတာ့ “စာကုိေသေသခ်ာခ်ာဖတ္တယ္၊ ဘယ္လိုေရးတယ္၊ စကားလုံးေတြဘယ္လိုသုံးသြားတယ္ဆိုတာကအစ ၾကည့္တယ္၊ ဒါမွ ဘာဆိုလိုလဲဆိုတာကို ေကာင္းေကာင္းသိမွာေပါ့၊ ဒီလိုဖတ္မွ ဖတ္ၿပီးသူမ်ားကိုေျပာျပရင္လည္း ေသေသခ်ာခ်ာ ရွင္းရွင္းလင္းလင္း ျပန္ေျပာျပႏိုင္မွာေပါ့” ဟုမိန္႔ပါသည္။ “အခ်ိန္မရရင္ေကာ”  ေမးေတာ့ “အခ်ိန္မရရင္ ပထမစာပိုဒ္နဲ႔ ေနာက္ဆုံးစာပိုဒ္ဘဲ ဖတ္လိုက္တယ္၊ နားလည္ရင္လည္၊ မလည္ရင္ အဲလို မလိမ့္တပတ္ေရးတဲ့စာ မဖတ္ေတာ့ဘူး” ဟု မိန္႔ပါသည္။

အမ္ဖီးလ္ လုပ္ေနတဲ့ ေအာင္လံက ဦးေကလာသ ကိုေမးၾကည့္ေတာ့ “ကိုယ္စိတ္ဝင္စားတဲ့အေၾကာင္းကိုဘဲ ဖတ္ပါတယ္၊ ကိုယ္စိတ္ဝင္စားတ့ဲအေၾကာင္းအရာျဖစ္တဲ့အတြက္ ၾကာသည္ျဖစ္ေစ၊ ျမန္သည္ျဖစ္ေစ ေပ်ာ္တယ္” မိန္႔၏။ “စာဖတ္ရင္း နားမလည္ရင္ေကာ” ေမးေတာ့ “အဲလိုဆိုရင္ စာအုပ္တစ္အုပ္ထဲနဲ႔ မလုံေလာက္ေတာ့ဘူး၊ အျခားစာအုပ္ေတြရွာရေတာ့မယ္၊ အေၾကာင္းအရာေတြတူၿပီးေရးထားတဲ့ စာအုပ္ေတြအမ်ားႀကီးရွိတယ္၊ တစ္အုပ္မွာကိုယ္နားမလည္ရင္ ကိုယ္နားလည္ႏိုင္ေလာက္တဲ့ စကားလုံးေတြနဲ႔ ေရးထားတဲ့စာအုပ္ေတြအမ်ားႀကီးရွိတယ္၊ ေရးတာကေတာ့ ကိုယ့္အတြက္ေရးတာ ဟုတ္ခ်င္မွဟုတ္မွာေပါ့၊ ဒါေပမယ့္ သူအေရးအသားနဲ႔ဖတ္မွ ကိုယ္နားလည္တာမ်ိဳး” ဟုမိန္္႔ေတာ္မူပါေပ၏။ “စာအုပ္တစ္အုပ္လုံးကို ဖတ္တာလား” ေမးေတာ့ “ဝတၳဳစာအုပ္ဖတ္တာဆိုရင္ေတာ့ တစ္အုပ္လုံးဖတ္မွ ရတာေပါ့၊ သူဇာတ္ေကာင္ေတြ သူ႔ဇာတ္ကြက္ေတြကိုေက်ာ္ဖတ္ရင္ေတာ့ မသိေလာက္ဘူး။ ပညာေရးနယ္ပယ္မွာေတာ့ တစ္အုပ္လုံးဖတ္ဖို႔ထက္ သူဘာေတြေရးသလဲဆိုတာကိုနားလည္ဖို႔ အေရးႀကီးတယ္” ဟု မိန္႔ပါသည္။

က်မ္းျပဳေနတဲ့ စာလုပ္ေနတဲ့ ဆရာေတာ္ေတြ အတန္းေဖာ္ေတြနဲ႔ ေတြ႔တုန္းဆုံတုန္း ေမးျမန္းရ ေဆြးေႏြးခဲ့ရသည့္ ခဏတာမ်ားဟာ တကယ္ေတာ့ တန္ဖိုးမျဖတ္နိုင္တဲ့အမွတ္တရမ်ားျဖစ္ပါသည္။  ဘဝအတြက္အေရးပါတဲ့ အမွတ္တရေတြျဖစ္ပါသည္။ ေတြ႔ၾကဆုံၾက ျငင္းၾကခုံၾကတဲ့အရာေတြဟာ တဒဂၤေလးေတြပါ၊ ဒီတဒဂၤေတြအေပၚမွာ အဆင္မေျပတာ၊ ဂတိဂေအာက္ျဖစ္သြားတာ၊ ေျပာမွားဆိုမွား နားလည္မႈလြဲမွားတဲ့အရာေတြရွိမွာပါ၊ ဒီအမွားေတြအေပၚမွာ အၿငိဳးေတးေတြ မေက်နပ္မႈေတြလည္း ရွိခ်င္ရွိမွာပါ၊ ဒီတဒဂၤေတြကို ခါခ်ရမွာပါ၊ မခါခ်ႏိုင္ရင္ အနာတရေတြျဖစ္တတ္ပါသည္။ တဒဂၤအမွားေတြ ခါခ်ၿပီး ေမးမၾက၊ ကူညီၾက၊ အားေပးၾက၊ ေျဖဆိုေမးျမန္း ေဆြးေႏြးခဲ့ၾကတဲ့ ျဖဴစင္တဲ့ေပးဆပ္မႈပါတဲ့ကာလေတြကမွ ဘဝအတြက္အမွတ္တရေတြပါ။ ဒီႏွစ္စာသင္ႏွစ္ထဲမွာ အမွတ္တရေတြမ်ားစြာ ရရွိခဲ့ပါသည္။

  စာဖတ္ရတာ မ်က္စိသာေညာင္းသြားတာ ဘာမွနားမလည္လိုက္တာမ်ိဳး၊ မ်က္ႏွာက စာအုပ္နဲ႔ကပ္ၿပီးေတာ့ စိတ္ကဟိုအေဝးေရာက္ေနတာမ်ိဳး၊ စာဖတ္ဖို႔ စာအုပ္ကိုင္ၿပီး စာမဖတ္ျဖစ္တာမ်ိဳးလည္း ႀကံဳခဲ့တာေပါ့။ လိုခ်င္တဲ့စာအုပ္ေတြကို စာအုပ္ဆိုင္ထဲသြားဝယ္ရတာရွိသလို၊ စာၾကည့္တိုက္ထဲသြားဖတ္ရတာေတြလည္း ရွိတယ္။ ကိုယ္လိုခ်င္တဲ့စာအုပ္ကမရွိ၊ စာအုပ္ရွိေပမယ့္ လိုခ်င္တဲ့အခ်က္ေတြကမပါလို႔ အြန္လိုင္းဖြင့္ၿပီး ရွာေနရတာလည္း ခဏခဏပါဘဲ။ "ဦးဇင္းအေကာင့္က မီးစိမ္းေတြအၿမဲလင္းတာပဲေနာ္" လို႔ေျပာတဲ့သူကေျပာ၊ "ဦးဇင္းကို ေမ့က္ေစ့ပို႔ရင္ စကားမျပန္ဘူးေနာ္" လို႔ ေမးေနတဲ့သူကလည္းေမး။ ဘာျပန္ေျပာရမွန္း မသိတာနဲ႔ ဘာမွမေျပာလိုက္ဘူး။ အြန္လိုင္းက တကၠသိုလ္ေက်ာင္းသားေတြအတြက္ အေရးပါသည့္အခန္းက႑တစ္ခုျဖစ္လာတယ္။
ဘယ္လိုဘဲျဖစ္ျဖစ္ေလ ကိုယ့္ရဲ႕အမွတ္တရေတြထဲက တစ္ပိုင္းတစ္စေဝငွတာေလးေတြ ဖတ္ၿပီး တစ္စုံတစ္ဦးေသာသူအတြက္ အက်ိဳးရွိမယ္ဆိုရင္ ဒီစာေရးရက်ိဳးနပ္ပါၿပီ။ ဒီလိုနဲ႔ စာဖတ္ပုံေတြကို လိုက္ရွာရင္းနဲ႔ စာဖတ္ျခင္းဋီကာ လည္း ရွည္သြားၿပီ။

ေက်းဇူး တင္ပါသည္။

အရွင္နႏၵိယ (ဖယ္ခုံ)  14.7.2018 Saturday 7:20:00 PM

Sunday, October 28, 2018

ကိုယ်ပိုင်အမြင်

ပြန်ရိတ်သိမ်းမယ့် ဇာတ်လမ်းလေးတစ်ချို့နဲ့  ပြန်သိမ်းဆည်းမယ်အမှတ်တရတစ်ချို့တွေဘဲ ဝန်ထုပ်ဝန်ပိုးရှိတာပါ

ပြန်အန်ချမယ့်အလွမ်းတွေနဲ့ ပြန်ဖြန့်ပေးမယ့်ပျော်ရွှင်မှုတွေကတော့ ဆုပ်ကိုင်မထားတဲ့အတွက် လမ်းသင့်လို့ရလိုက်တဲ့ လွတ်လပ်မှုလက်ဆောင်တစ်ခုလိုပါဘဲ

အကဲခက်ပြီးထင်မြင်ချက်တွေအမျိုးမျိုးပေးနေကြတဲ့ အရိပ်အောက်က နေထိုင်ခြင်းအနုပညာတွေသင်ပေးသွားတဲ့ ဝန်းကျင်ကို မှီခိုခွင့်လေးရလိုက်လို့ တစ်ဦးတည်းဖြစ်နေလည်း ပျော်နေပါတယ်

ဖယောင်းတိုင်တစ်တိုင်ဖြစ်စေ ဆီမီးလေးတစ်ခွက်ဖြစ်စေ သူ့ရဲ့ကိုယ်ပိုင်အလင်းဓာတ်လေးတွေကို ကိုယ်အသိအမှတ်ပြုတယ်

သူ့တို့တွေအားတက်ဖို့အတွက် အလင်းဓာတ်သေးသေးလေးတွေကို စုပေးလိုက်ချင်တာလည်း ကိုယ့်ဝါသနာပါဘဲ

စူးရှရှလင်းအားတွေရှိတဲ့နေရာကိုလှည့်မကြည့်မိတာက မှုန်ဝါးဝါးအလင်းလေးတွေကို ဂရုစိုက်ပေးချင်လို့ပါ

Nandiya Bhikkhu
24.10.2018 9:20:00 PM


ျပန္ရိတ္သိမ္းမယ့္ ဇာတ္လမ္းေလးတစ္ခ်ိဳ႕နဲ႔  ျပန္သိမ္းဆည္းမယ္အမွတ္တရတစ္ခ်ိဳ႕ေတြဘဲ ဝန္ထုပ္ဝန္ပိုးရွိတာပါ

ျပန္အန္ခ်မယ့္အလြမ္းေတြနဲ႔ ျပန္ျဖန္႔ေပးမယ့္ေပ်ာ္ရႊင္မႈေတြကေတာ့ ဆုပ္ကိုင္မထားတဲ့အတြက္ လမ္းသင့္လို႔ရလိုက္တဲ့ လြတ္လပ္မႈလက္ေဆာင္တစ္ခုလိုပါဘဲ

အကဲခက္ၿပီးထင္ျမင္ခ်က္ေတြအမ်ိဳးမ်ိဳးေပးေနၾကတဲ့ အရိပ္ေအာက္က ေနထိုင္ျခင္းအႏုပညာေတြသင္ေပးသြားတဲ့ ဝန္းက်င္ကို မွီခိုခြင့္ေလးရလိုက္လို႔ တစ္ဦးတည္းျဖစ္ေနလည္း ေပ်ာ္ေနပါတယ္

ဖေယာင္းတိုင္တစ္တိုင္ျဖစ္ေစ ဆီမီးေလးတစ္ခြက္ျဖစ္ေစ သူ႔ရဲ႕ကိုယ္ပိုင္အလင္းဓာတ္ေလးေတြကို ကိုယ္အသိအမွတ္ျပဳတယ္

သူ႔တို႔ေတြအားတက္ဖို႔အတြက္ အလင္းဓာတ္ေသးေသးေလးေတြကို စုေပးလိုက္ခ်င္တာလည္း ကိုယ့္ဝါသနာပါဘဲ

စူးရွရွလင္းအားေတြရွိတဲ့ေနရာကိုလွည့္မၾကည့္မိတာက မႈန္ဝါးဝါးအလင္းေလးေတြကို ဂရုစိုက္ေပးခ်င္လို႔ပါ

Nandiya Bhikkhu
24.10.2018 9:20:00 PM

https://m.facebook.com/story.php?story_fbid=2287505531477481&id=100006541690260

ငါလေ

အတွေးမလုံလောက်ဘဲ ရေးခဲ့သည့်စာ
အချိန်မလုံလောက်ဘဲ လေ့လာခဲ့သည့်ဘာသာရပ်
သက်သေမလုံလောက်ဘဲ မှတ်ထားခဲ့သည့်ပြဿနာ
လေ့လာမှုမလုံလောက်သေးဘဲ နေရာအရင်ယူမိခဲ့တာ
ငါ့ကိုယ်ငါ ပြန်ညှင်းဆဲခဲ့တာလည်း များလှပြီ



အေတြးမလုံေလာက္ဘဲ ေရးခဲ့သည့္စာ
အခ်ိန္မလုံေလာက္ဘဲ ေလ့လာခဲ့သည့္ဘာသာရပ္
သက္ေသမလုံေလာက္ဘဲ မွတ္ထားခဲ့သည့္ျပႆနာ
ေလ့လာမႈမလုံေလာက္ေသးဘဲ ေနရာအရင္ယူမိခဲ့တာ
ငါ့ကိုယ္ငါ ျပန္ညႇင္းဆဲခဲ့တာလည္း မ်ားလွၿပီ။

# Nandiya Bhikkhu #
https://m.facebook.com/story.php?story_fbid=2061834337377936&id=100006541690260

ဟန်ဟာ

မွူးကွဲဟာဟာ လာကွဲလေလေ
လာမဲင်းပေတဲ့ လွဉ်ထေ့သွူခွေ။

ကွဲထွားထွား ကွဲဗော့ဗော့
အုံတဆင် ရမော့အီတွိုလွဉ်သွူ ခွေထျ။

လာရောင်တင်အာ; လွိုးထွာဒျာခွေတာ;ယင်
ဟန်သဟာ ဒဲ့ထူစွဉ် လာမဲင်းတွော့
မာစွဉ်မွဉ့် ဗိန်ခွုမ်းစံဗဲင်းမ။

ခွန်နေဝင်းအောင် (ဖဲုင်ခွန်;) 



မြဴးကြဲဟာဟာ လာကြဲေလေလ
လာမဲင္းေပတဲ့ လြဥ္ေထ့သြဴေခြ။

ကြဲထြားထြား ကြဲေဗာ့ေဗာ့
အုံတဆင္ ရေမာ့အီတိြဳလြဥ္သြဴ ေခြထ်။

လာေရာင္တင္အာ; လြိဳးထြာဒ်ာေခြတာ;ယင္
ဟန္သဟာ ဒဲ့ထူစြဥ္ လာမဲင္းေတြာ႕
မာစြဥ္မြဥ့္ ဗိန္ခြဳမ္းစံဗဲင္းမ။

ခြန္ေနဝင္းေအာင္ (ဖုဲင္ခြန္;)

Monday, October 8, 2018

Kamma therapy နဲ့ ပတ်သက်၍

Kamma therapy နဲ့ ပတ်သက်၍

ကေလနိယတက္ကသိုလ်မှာ Buddhist study MA ကျောင်းသားတွေအတွက် Buddhist psychotherapy ဘာသာရပ်မှာ Kamma therapy topic ဟာ ဒီနှစ်မှစတင် ပို့ချတဲ့ ခေါင်းစဉ်အသစ်တစ်ခုဘဲဖြစ်ပါတယ်။ Kamma therapy ပတ်သက်ပြီးပြောစရာစကားတစ်ခုအနေနဲ့ ဖြစ်လာခြင်းအကြောင်းရင်းကတော့ တစ်ချို့ကျောင်းသားတွေက ရေးထားတဲ့ topic ကို ဖတ်လို့သာပြီးသွားတာ ဘာကို ဆိုလိုတာလဲ နားမလည်ဘူး၊ မသိဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောကြလို့ ပြောရခြင်းဘဲ ဖြစ်ပါတယ်။ 

Kamma therapy အကြောင်းကို ပြောရင် အားလုံးသိကြတဲ့အတိုင်း စူဠကမ္မဝိဘင်္ဂသုတ်နဲ့ မဟာကမ္မဝိဘင်္ဂသုတ်ကို အခြေခံထားပါတယ်။ ကျန်တဲ့ လောဏပါဏ၊ မဓုပိဏ္ဍိက စတဲ့သုတ်တွေကိုလည်း ဆက်စပ်ပြီးကိုးကားကြပါတယ်။ စူဠကမ္မဝိဘင်္ဂသုတ်ကတော့ ကံနဲ့ကံရဲ့အကျိုးဆက်တူညီတာကို ပြတဲ့သုတ်ဖြစ်ပြီးတော့ မဟာကမ္မဝိဘင်္ဂသုတ်ကတော့ ကံနဲ့အကျိုးတို့ အမျိုးမျိုးကွဲပြားပုံကို ပြတဲ့သုတ်ဖြစ်ပါတယ်။  ဒါကို psychotherapy ရှုထောင့်နဲ့ဆည်းကပ်ပြီး လေ့လာရတာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာတွေလက်ခံယုံကြည်ထားတဲ့ ကံ-ကံရဲ့အကျိုးတွေကို psychotherapy perspective နဲ့ သုံးသပ်လိုက်တဲ့အခါမှာ လူနာတွေရဲ့ မတူတဲ့ကံတရားနဲ့ အကျိုးဆက်တွေကို နားလည်ရပါတယ်။ ဘာလို့ Kamma therapy ဆိုတဲ့ခေါင်းစဉ်နဲ့ပြောရတာလည်းဆိုရင် တစ်ချို့လူနာတွေက ထင်ထားသလို မျှော်လင့်ထားသလို ဖြစ်မလာလို့ စိတ်ဖိစီးနေတာမျိုး၊ သားသမီးသေလို့ ပစ္စည်းဥစ္စာပျက်စီးသွားလို့ ပူဆွေးနေတာမျိုး စတဲ့ လူနာတွေကို ကုစားနေတာမျိုးမဟုတ်ဘဲ ကံနဲ့ဆက်စပ်နေတဲ့ စိတ်ရောဂါ၊ ပစ္စုပ္ပန်ကံသာမက အတိတ်ကံကိုပါ ဆက်စပ်နေတဲ့စိတ်ရောဂါမျိုးတွေ ဖြစ်နေတဲ့လူနာမျိုးတွေကို ကုစားတာဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ပစ္စုပ္ပန်ကံနဲ့ပတ်သတ်ပြီး သာမညဖလသုတ်တို့၊ အင်္ဂုလိမာလသုတ်တို့ကို ကိုးကားပြီးလည်း ပြောကြတာပေါ့။

Kamma therapy နဲ့ပတ်သက်ပြီး ဘယ်လိုနားလည်သလဲဆိုတာကိုဘဲ ပြောမှာဖြစ်ပါတယ်။ စာမေးပွဲဘယ်လိုဖြေရမလဲဆိုတာကိုတော့ မပြောပါ။ စာမေးပွဲမှာ ကိုယ်ကအမှတ်ပေးတဲ့သူ မဟုတ်သည့်အတွက် အမှတ်ရအောင် ဘယ်လိုနည်းနဲ့မှ အာမမခံပါ။ Kamma therapy ဟာ ကံကိုအခြေခံတဲ့ကုထုံးဖြစ်ပါတယ်။ သူကံနဲ့သူလာတာဘဲ၊ ကောင်းတာမကောင်းတာ သူ့ကံနဲ့ဘဲဆိုင်တာ ကိုယ်နဲ့ဘာဆိုင်လို့လဲ လို့ အခြေခံအားဖြင့် မေးခွန်းမေးသင့်တာပေါ့။ ဒါမှ ဘယ်လိုကုတယ်ဆိုတာကို သိရမှာပေါ့။ မေးခွန်းမမေးဘဲ အဖြေကြီးဘဲ ရှာနေရင် ဆိုလိုရင်းမရောက်တဲ့ အဖြေတွေ ရနေမှာ စိုးလို့ပါ။
ကံကိုအခြေခံထားတဲ့ကုထုံးက အခြားကုထုံးတွေထက်ပိုနက်နဲပါတယ်။ လူနာက Self-awareness ရှိလာရုံ၊ လတ်တလော သောကကိုဖြေဖျောက်ရုံနဲ့ ပြီးသွားတဲ့ကုထုံးမျိုးမဟုတ်ပါဘူး။ ကံနဲ့ကံရဲ့အကျိုးကို ထဲထဲဝင်ဝင်နားလည်ရသလို ပြန်လည်ထူတောင်ရေးလုပ်ငန်းကို လုပ်ဆောင်ရတဲ့ထိ ကုသရတဲ့ ကုထုံးမျိုးဖြစ်ပါတယ်။ Rehabilitation ကိုလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရပါမယ်။ အရက်သမားတစ်ယောက်သေတော့ သောတာပန်ဖြစ်သွားပြီး နတ်ပြည်ရောက်သွားတာ၊ မလ္လိကာမိဖုရား တစ်သက်လုံးကုသိုလ်ကောင်းမှုပြုခဲ့ပေမယ့် သေတော့ ငရဲကိုရောက်သွားတာ စတဲ့ပြောင်းပြန်ဆန်လွန်းတဲ့ ကံနဲ့ကံရဲ့အကျိုးဝတ္ထုတွေကိုလည်း သုတ္တန်မှာ အထင်အရှားဖတ်ဖူးကြမှာပါ။ ဒီလိုကံတရားရဲ့ သီအိုရီတွေကိုလည်း နားလည်ရပါမယ်။ ကံကြီးထိုက်နေတဲ့ အဇာတသတ်မင်းကို မြတ်စွာဘုရား ဘယ်လိုတရားဟောလိုက်တာလဲ။ သာသနာတော်ကြီးသမိုင်းမှာ မှတ်တမ်းတင်ရလောက်တဲ့ ဒါယကာတစ်ဦး ဖြစ်လာခဲ့တယ်။ လူသတ်သမားကြီး အင်္ဂုလိမာလကို မြတ်စွာဘုရား ဘယ်လို ချေချွတ်တော်မူခဲ့တာလဲ။ သူတစ်ပါးကိုညှင်းပန်းနှိပ်စက်ခဲ့တဲ့ကံကြောင့် အဝေးကခဲလုံးတွေ တုတ်တွေ သူ့ကိုမပစ်ပေမယ့် သူ့ကိုလာထိတယ်။ ခန္ဓာကိုယ်မှာ သွေးမိုးရွာခဲ့ရတယ်။ ကံတရားကိုလွန်ဆန်လို့ မရပေမယ့် မြတ်စွာဘုရား ဘယ်လိုဖြေသိမ့်ပေးခဲ့သလဲ၊ ဘယ်လိုသြဝါဒတွေပေးခဲ့သလဲ၊ နောက်ဆုံးရဟန္တာ ဖြစ်သွားတဲ့အထိ ဘယ်လိုကုစားပေးလိုက်သလဲ။ ကံကိုအခြေခံတဲ့ စိတ်ရောဂါတွေကို ဘယ်လိုကုစား ခဲ့သလဲ။

လောကကြီးမှာ သူတို့ရဲ့ကံတရားကြောင့်ခံစားနေရပြီး ဘယ်သူမှပြောင်းလဲလို့မရတဲ့ ရောဂါတွေရှိတယ်၊ ခံစားနေရတဲ့ လူနာတွေရှိတယ်။ အဲဒါကို ဘယ်လိုကုစားကြမလဲ။ ဆေးထိုးသတ်လိုက်တာ ကုစားနည်းမဟုတ်ပါဘူး။ ဒီနေရာမှာ ဥပေက္ခာပြုလိုက်တာလည်း ကုစားနည်းမဟုတ်ပါဘူး။ Kamma therapy က အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ဖြစ်နေပြီ။
Kamma therapy လို့ပြောလိုက်ရင် တစ်ချို့က ကံနဲ့ကံရဲ့အကျိုးအကြောင်းကို ပြောလိုက်ရင်ရပြီလို့ ပြောကြတယ်၊ အဲဒါက Therapy မဟုတ်ပါဘူး Kamma theory ဘဲရှိပါသေးတယ်။ Psychotherapy အကြောင်းကိုပြောမယ်ဆိုရင် Therapy ဆိုတဲ့စာလုံးကို မမေ့ဖို့လိုတယ်။ ကုထုံးဖြစ်ပါတယ်။ ကုထုံးကဘာလဲဆိုတာကို ဖော်ထုတ်ရပါမယ်။

အစမထင်သံသရာကနေ ကျင်လည်လာခဲ့တဲ့ သတ္တဝါတွေအားလုံး ကောင်းတဲ့ကံရော၊ ဆိုးတဲ့ကံရော ပြုလုပ်ခဲ့ကြဖူးတယ်။ ပုထုဇဉ်တွေမို့ ဘယ်သူမှအမြဲမကောင်းနိုင်ဘူး။ ဘယ်သူမှ အမြဲမဆိုးနိုင်ဘူး။ ကောင်းတဲ့ကံရဲ့အကျိုးဆက်ကြောင့် ကောင်းတဲ့အကျိုးဆက်တွေခံစားရသလို၊ မကောင်းတဲ့ကံရဲ့အကျိုးဆက်ကြောင့် မကောင်းကျိုးကို ခံစားနေရကြတာပါ။ အဲဒါကို မကောင်းတဲ့ကံကို ကောင်းတဲ့ကံနဲ့အစားထိုးရတယ်။ ကောင်းကျိုးတွေကို ဖြစ်ထွန်းစေဖို့ ကောင်းတဲ့ကံကို ပြုလုပ်ပြီး မကောင်းတဲ့အကျိုးဆက်ကို ကာဆီးထားလို့ရတယ်။ ကောင်းကျိုးနဲ့အစားထိုးလို့ရတယ်။ ဒါက ဗုဒ္ဓဘာသာရဲ့ တရားတော်ပါဘဲ။ psychotherapy perspective နဲ့ဆည်းကပ်လျှင် ဒါက Kamma therapy ဘဲ။

လာမည့်ခုနှစ်ရက်မှာဘီလူးစားလို့ သေရတော့မယ့်ကလေးကို အသက်ရှည်တဲ့လူတစ်ယောက်ဖြစ်လာ အောင် မြတ်စွာဘုရားဘယ်လိုညွန်ကြားလိုက်တာလဲ၊ ကောင်းတဲ့ကံတွေကို ဘယ်လိုအစားထိုးပေး လိုက်တာလဲ။ အသက်တိုမယ်လို့ ပညာရှိအမတ်တွေ၊ ပုဏ္ဏားတွေ ဟောကိန်းထုတ်တဲ့မင်းကို အသက်တွေရှည်အောင် ရဟန်းတွေက ဘယ်လိုကံတရားတွေနဲ့ အစားထိုးဖို့ ညွန်ကြားခဲ့ကြတာလဲ။ ကံတရားနဲ့အခြေခံထားတဲ့ လူနာတွေကို ကုစားပေးဖို့အတွက် ပိဋကတ်တော်တွေမှာလည်း case study တွေ အများကြီးရှိပါတယ်။

Kamma therapy မှာ နားလည်ထားရမယ့် အခြေခံအကြောင်းတရားတွေရှိပါတယ်။
• သဘာဝတရား (ပင်ကိုယ် ပြဿနာ)
• တရားမမျှတမှု (အကျိုး နဲ့ အကြောင်း ဆီလျှော်မှု မရှိခြင်း)
• တန်းတူညီမျှခြင်း ( ဆီလျှော်မှုရှိခြင်း)

သဘာဝပြဿနာကို ရှာဖွေပြီး နားလည်အောင်လုပ်ရပါမယ်။ အဲဒါတွေကိုလည်း လက်ခံရမယ်။ တရားမမျှတတဲ့ အကြောင်းအရာတွေကို စိစစ်ရပါမယ်။ (ဥပမာ- မိဘတွေက ကြွေးယူထားလို့ သားသမီးတွေ သို့မဟုတ် သားစဉ်မြေးဆက် အကြွေးဆပ်နေရတာမျိုး။ ယူတာတစ်ဦး၊ အကျိုးခံစားရတာတစ်ဦး၊ ပြန်ပေးဆပ်ရတာ တစ်ဦး။) Kamma therapy မှာ ဒီလိုမမျှတမှုတွေကိုလည်းသိထားဖိုိ့တယ်။ တစ်ချို့လူနာတွေက ခံရတဲ့သူဘက်ကသက်သက် ဖြစ်နေတဲ့ အခြေအနေတွေကြောင့် စိတ်ရောဂါဖြစ်နေတာတွေရှိတယ်။ ဆီလျှော်မျှတမှုကိုလည်း သိထားရတယ်။ ဆီလျှော်မျှတအောင် စွမ်းဆောင်ပေးရမယ်။ Kamma therapy မှာ ပစ္စုပ္ပန်ကံတစ်ခုကို ကြည့်ရုံနဲ့မလုံလောက်ဘူး။ သူ့ရဲ့အတိတ်ကံတွေကိုပါ နားလည်ပေးရတယ်။

လူနာကို ကုစားတဲ့နေရာမှာ ကောင်းတဲ့ကံတွေနဲ့ အစားထိုးပေးရတယ်။ အစားထိုးလုပ်ဆောင်ရမှာကတော့-
• အပြုအမူ၊ အမူအကျင့်ဆိုင်ရာမှာလည်း လုပ်ဆောင်ပေးရတယ်။ Bhavitakaya (action)
• ကိုယ်ကျင့်တရားဆိုင်ရာမှာလည်း လမ်းညွန်ပေးရတယ်။ Bhavitasila (morality)
• စိတ်ပိုင်းဆိုင်ရာမှာလည်း ပျိုးထောင်ပေးရတယ်။ Bhavitacitta (mind) and
• အသိအမြင်၊ အတွေးအခေါ်ပိုင်းဆိုင်ရာမှာလည်း လေ့ကျင့်သင်ကြားပေးရတယ်။ Bhavitapanna (knowledge).

Kamma therapy ရဲ့ကုထုံးပိုင်းဆိုင်ရာတွေက နက်နဲနေပေမယ့် လူတိုင်းနဲ့သင့်လျှော်ပါတယ်။ လူနာပေါ်မူတည်ပြီး အလုပ်လုပ်ရတာမို့ ဘယ်လိုလုပ်ရမယ်ဆိုတာမျိုးကိုတော့ ပြောရခက်ပါတယ်။ လေ့လာလေ ကုစားပုံအသစ်အမျိုးမျိုးတွေ့ရှိလေ၊ ဆည်းကပ်ပုံ အသစ်အဆန်းတွေသိရလေလေ ဖြစ်ပါလိမ့်မယ်။ စာဖတ်တဲ့သူတွေလည်း စိတ်ဝင်စားကြလိမ့်မယ်လို့လည်း ယုံကြည်တယ်။ Kamma therapist လုပ်ကြမယ်မလား။
😄😄😄😄

စကားကျောရှည်သွားပြီ။ ပညာရှင်မဟုတ်၊ ကျောင်းသားတစ်ဦးသာ ဖြစ်ကြောင်း ဝန်ခံချင်ပါတယ်။ အမှားပါလျှင် ပြုပြင်ပေးကြပါလို့ တောင်းခံချင်ပါတယ်။

အရှင်နန္ဒိယ (ဖယ်ခုံ)
6.10.2018 9:7:00 PM
Nandiya Bhikkhu




Kamma therapy နဲ႔ ပတ္သက္၍

ေကလနိယတကၠသိုလ္မွာ Buddhist study MA ေက်ာင္းသားေတြအတြက္ Buddhist psychotherapy ဘာသာရပ္မွာ Kamma therapy topic ဟာ ဒီႏွစ္မွစတင္ ပို႔ခ်တဲ့ ေခါင္းစဥ္အသစ္တစ္ခုဘဲျဖစ္ပါတယ္။ Kamma therapy ပတ္သက္ၿပီးေျပာစရာစကားတစ္ခုအေနနဲ႔ ျဖစ္လာျခင္းအေၾကာင္းရင္းကေတာ့ တစ္ခ်ိဳ႕ေက်ာင္းသားေတြက ေရးထားတဲ့ topic ကို ဖတ္လို႔သာၿပီးသြားတာ ဘာကို ဆိုလိုတာလဲ နားမလည္ဘူး၊ မသိဘူးလို႔ ပြင့္ပြင့္လင္းလင္း ေျပာၾကလို႔ ေျပာရျခင္းဘဲ ျဖစ္ပါတယ္။ 

Kamma therapy အေၾကာင္းကို ေျပာရင္ အားလုံးသိၾကတဲ့အတုိင္း စူဠကမၼဝိဘဂၤသုတ္နဲ႔ မဟာကမၼဝိဘဂၤသုတ္ကို အေျခခံထားပါတယ္။ က်န္တဲ့ ေလာဏပါဏ၊ မဓုပိ႑ိက စတဲ့သုတ္ေတြကိုလည္း ဆက္စပ္ၿပီးကိုးကားၾကပါတယ္။ စူဠကမၼဝိဘဂၤသုတ္ကေတာ့ ကံနဲ႔ကံရဲ႕အက်ိဳးဆက္တူညီတာကို ျပတဲ့သုတ္ျဖစ္ၿပီးေတာ့ မဟာကမၼဝိဘဂၤသုတ္ကေတာ့ ကံနဲ႔အက်ိဳးတို႔ အမ်ိဳးမ်ိဳးကြဲျပားပုံကို ျပတဲ့သုတ္ျဖစ္ပါတယ္။  ဒါကို psychotherapy ရႈေထာင့္နဲ႔ဆည္းကပ္ၿပီး ေလ့လာရတာ ျဖစ္ပါတယ္။

ဗုဒၶဘာသာေတြလက္ခံယုံၾကည္ထားတဲ့ ကံ-ကံရဲ႕အက်ိဳးေတြကို psychotherapy perspective နဲ႔ သုံးသပ္လိိုက္တဲ့အခါမွာ လူနာေတြရဲ႕ မတူတဲ့ကံတရားနဲ႔ အက်ိဳးဆက္ေတြကို နားလည္ရပါတယ္။ ဘာလို႔ Kamma therapy ဆိုတဲ့ေခါင္းစဥ္နဲ႔ေျပာရတာလည္းဆိုရင္ တစ္ခ်ိဳ႕လူနာေတြက ထင္ထားသလို ေမွ်ာ္လင့္ထားသလို ျဖစ္မလာလို႔ စိတ္ဖိစီးေနတာမ်ိဳး၊ သားသမီးေသလို႔ ပစၥည္းဥစၥာပ်က္စီးသြားလို႔ ပူေဆြးေနတာမ်ိဳး စတဲ့ လူနာေတြကို ကုစားေနတာမ်ိဳးမဟုတ္ဘဲ ကံနဲ႔ဆက္စပ္ေနတဲ့ စိတ္ေရာဂါ၊ ပစၥဳပၸန္ကံသာမက အတိတ္ကံကိုပါ ဆက္စပ္ေနတဲ့စိတ္ေရာဂါမ်ိဳးေတြ ျဖစ္ေနတဲ့လူနာမ်ိဳးေတြကို ကုစားတာျဖစ္ပါတယ္။ အဲဒါေၾကာင့္မို႔ ပစၥဳပၸန္ကံနဲ႔ပတ္သတ္ၿပီး သာမညဖလသုတ္တို႔၊ အဂၤုလိမာလသုတ္တို႔ကို ကိုးကားၿပီးလည္း ေျပာၾကတာေပါ့။

Kamma therapy နဲ႔ပတ္သက္ၿပီး ဘယ္လိုနားလည္သလဲဆိုတာကိုဘဲ ေျပာမွာျဖစ္ပါတယ္။ စာေမးပြဲဘယ္လိုေျဖရမလဲဆိုတာကိုေတာ့ မေျပာပါ။ စာေမးပြဲမွာ ကိုယ္ကအမွတ္ေပးတဲ့သူ မဟုတ္သည့္အတြက္ အမွတ္ရေအာင္ ဘယ္လိုနည္းနဲ႔မွ အာမမခံပါ။ Kamma therapy ဟာ ကံကိုအေျခခံတဲ့ကုထုံးျဖစ္ပါတယ္။ သူကံနဲ႔သူလာတာဘဲ၊ ေကာင္းတာမေကာင္းတာ သူ႔ကံနဲ႔ဘဲဆိုင္တာ ကိုယ္နဲ႔ဘာဆိုင္လို႔လဲ လို႔ အေျခခံအားျဖင့္ ေမးခြန္းေမးသင့္တာေပါ့။ ဒါမွ ဘယ္လိုကုတယ္ဆိုတာကို သိရမွာေပါ့။ ေမးခြန္းမေမးဘဲ အေျဖႀကီးဘဲ ရွာေနရင္ ဆိုလိုရင္းမေရာက္တဲ့ အေျဖေတြ ရေနမွာ စိုးလို႔ပါ။
ကံကိုအေျခခံထားတဲ့ကုထုံးက အျခားကုထုံးေတြထက္ပိုနက္နဲပါတယ္။ လူနာက Self-awareness ရွိလာရုံ၊ လတ္တေလာ ေသာကကိုေျဖေဖ်ာက္ရုံနဲ႔ ၿပီးသြားတဲ့ကုထုံးမ်ိဳးမဟုတ္ပါဘူး။ ကံနဲ႔ကံရဲ႕အက်ိဳးကို ထဲထဲဝင္ဝင္နားလည္ရသလို ျပန္လည္ထူေတာင္ေရးလုပ္ငန္းကို လုပ္ေဆာင္ရတဲ့ထိ ကုသရတဲ့ ကုထုံးမ်ိဳးျဖစ္ပါတယ္။ Rehabilitation ကိုလည္း မျဖစ္မေန ထည့္သြင္းစဥ္းစားရပါမယ္။ အရက္သမားတစ္ေယာက္ေသေတာ့ ေသာတာပန္ျဖစ္သြားၿပီး နတ္ျပည္ေရာက္သြားတာ၊ မလိႅကာမိဖုရား တစ္သက္လုံးကုသိုလ္ေကာင္းမႈျပဳခဲ့ေပမယ့္ ေသေတာ့ ငရဲကိုေရာက္သြားတာ စတဲ့ေျပာင္းျပန္ဆန္လြန္းတဲ့ ကံနဲ႔ကံရဲ႕အက်ိဳးဝတၳဳေတြကိုလည္း သုတၱန္မွာ အထင္အရွားဖတ္ဖူးၾကမွာပါ။ ဒီလိုကံတရားရဲ႕ သီအိုရီေတြကိုလည္း နားလည္ရပါမယ္။ ကံႀကီးထိုက္ေနတဲ့ အဇာတသတ္မင္းကို ျမတ္စြာဘုရား ဘယ္လိုတရားေဟာလိုက္တာလဲ။ သာသနာေတာ္ႀကီးသမိုင္းမွာ မွတ္တမ္းတင္ရေလာက္တဲ့ ဒါယကာတစ္ဦး ျဖစ္လာခဲ့တယ္။ လူသတ္သမားႀကီး အဂၤုလိမာလကို ျမတ္စြာဘုရား ဘယ္လို ေခ်ခၽြတ္ေတာ္မူခဲ့တာလဲ။ သူတစ္ပါးကိုညွင္းပန္းႏွိပ္စက္ခဲ့တဲ့ကံေၾကာင့္ အေဝးကခဲလုံးေတြ တုတ္ေတြ သူ႔ကိုမပစ္ေပမယ့္ သူ႔ကိုလာထိတယ္။ ခႏၶာကိုယ္မွာ ေသြးမိုးရြာခဲ့ရတယ္။ ကံတရားကိုလြန္ဆန္လို႔ မရေပမယ့္ ျမတ္စြာဘုရား ဘယ္လိုေျဖသိမ့္ေပးခဲ့သလဲ၊ ဘယ္လိုၾသဝါဒေတြေပးခဲ့သလဲ၊ ေနာက္ဆုံးရဟႏၲာ ျဖစ္သြားတဲ့အထိ ဘယ္လိုကုစားေပးလိုက္သလဲ။ ကံကိုအေျခခံတဲ့ စိတ္ေရာဂါေတြကို ဘယ္လိုကုစား ခဲ့သလဲ။

ေလာကႀကီးမွာ သူတို႔ရဲ႕ကံတရားေၾကာင့္ခံစားေနရၿပီး ဘယ္သူမွေျပာင္းလဲလို႔မရတဲ့ ေရာဂါေတြရွိတယ္၊ ခံစားေနရတဲ့ လူနာေတြရွိတယ္။ အဲဒါကို ဘယ္လိုကုစားၾကမလဲ။ ေဆးထိုးသတ္လိုက္တာ ကုုစားနည္းမဟုတ္ပါဘူး။ ဒီေနရာမွာ ဥေပကၡာျပဳလိုက္တာလည္း ကုစားနည္းမဟုတ္ပါဘူူး။ Kamma therapy က အေရးႀကီးတဲ့ အခန္းက႑မွာ ျဖစ္ေနၿပီ။
Kamma therapy လို႔ေျပာလိုက္ရင္ တစ္ခ်ိဳ႕က ကံနဲ႕ကံရဲ႕အက်ိဳးအေၾကာင္းကို ေျပာလိုက္ရင္ရၿပီလို႔ ေျပာၾကတယ္၊ အဲဒါက Therapy မဟုတ္ပါဘူး Kamma theory ဘဲရွိပါေသးတယ္။ Psychotherapy အေၾကာင္းကိုေျပာမယ္ဆိုရင္ Therapy ဆိုတဲ့စာလုံးကို မေမ့ဖို႔လိုတယ္။ ကုထုံးျဖစ္ပါတယ္။ ကုထုံးကဘာလဲဆိုတာကို ေဖာ္ထုတ္ရပါမယ္။

အစမထင္သံသရာကေန က်င္လည္လာခဲ့တဲ့ သတၱဝါေတြအားလုံး ေကာင္းတဲ့ကံေရာ၊ ဆုိးတဲ့ကံေရာ ျပဳလုပ္ခဲ့ၾကဖူးတယ္။ ပုထုဇဥ္ေတြမို႔ ဘယ္သူမွအၿမဲမေကာင္းႏိုင္ဘူး။ ဘယ္သူမွ အၿမဲမဆိုးႏုိင္ဘူူး။ ေကာင္းတဲ့ကံရဲ႕အက်ိဳးဆက္ေၾကာင့္ ေကာင္းတဲ့အက်ိဳးဆက္ေတြခံစားရသလို၊ မေကာင္းတဲ့ကံရဲ႕အက်ိဳးဆက္ေၾကာင့္ မေကာင္းက်ိဳးကို ခံစားေနရၾကတာပါ။ အဲဒါကို မေကာင္းတဲ့ကံကို ေကာင္းတဲ့ကံနဲ႔အစားထိုးရတယ္။ ေကာင္းက်ိဳးေတြကို ျဖစ္ထြန္းေစဖို႔ ေကာင္းတဲ့ကံကို ျပဳလုပ္ၿပီး မေကာင္းတဲ့အက်ိဳးဆက္ကို ကာဆီးထားလို႔ရတယ္။ ေကာင္းက်ိဳးနဲ႔အစားထိုးလို႔ရတယ္။ ဒါက ဗုဒၶဘာသာရဲ႕ တရားေတာ္ပါဘဲ။ psychotherapy perspective နဲ႔ဆည္းကပ္လွ်င္ ဒါက Kamma therapy ဘဲ။

လာမည့္ခုႏွစ္ရက္မွာဘီလူးစားလို႔ ေသရေတာ့မယ့္ကေလးကို အသက္ရွည္တဲ့လူတစ္ေယာက္ျဖစ္လာ ေအာင္ ျမတ္စြာဘုရားဘယ္လိုညြန္ၾကားလိုက္တာလဲ၊ ေကာင္းတဲ့ကံေတြကို ဘယ္လိုအစားထိုးေပး လိုက္တာလဲ။ အသက္တိုမယ္လို႔ ပညာရွိအမတ္ေတြ၊ ပုဏၰားေတြ ေဟာကိန္းထုတ္တဲ့မင္းကို အသက္ေတြရွည္ေအာင္ ရဟန္းေတြက ဘယ္လိုကံတရားေတြနဲ႔ အစားထိုးဖို႔ ညြန္ၾကားခဲ့ၾကတာလဲ။ ကံတရားနဲ႔အေျခခံထားတဲ့ လူနာေတြကို ကုစားေပးဖို႔အတြက္ ပိဋကတ္ေတာ္ေတြမွာလည္း case study ေတြ အမ်ားႀကီးရွိပါတယ္။

Kamma therapy မွာ နားလည္ထားရမယ့္ အေျခခံအေၾကာင္းတရားေတြရွိပါတယ္။
• သဘာဝတရား (ပင္ကိုယ္ ျပႆနာ)
• တရားမမွ်တမႈ (အက်ိဳး နဲ႔ အေၾကာင္း ဆီေလွ်ာ္မႈ မရွိျခင္း)
• တန္းတူညီမွ်ျခင္း ( ဆီေလွ်ာ္မႈရွိျခင္း)

သဘာဝျပႆနာကို ရွာေဖြၿပီး နားလည္ေအာင္လုပ္ရပါမယ္။ အဲဒါေတြကိုလည္း လက္ခံရမယ္။ တရားမမွ်တတဲ့ အေၾကာင္းအရာေတြကို စိစစ္ရပါမယ္။ (ဥပမာ- မိဘေတြက ေၾကြးယူထားလို႔ သားသမီးေတြ သို႔မဟုတ္ သားစဥ္ေျမးဆက္ အေၾကြးဆပ္ေနရတာမ်ိဳး။ ယူတာတစ္ဦး၊ အက်ိဳးခံစားရတာတစ္ဦး၊ ျပန္ေပးဆပ္ရတာ တစ္ဦး။) Kamma therapy မွာ ဒီလိုမမွ်တမႈေတြကိုလည္းသိထားဖို႔ိတယ္။ တစ္ခ်ိဳ႕လူနာေတြက ခံရတဲ့သူဘက္ကသက္သက္ ျဖစ္ေနတဲ့ အေျခအေနေတြေၾကာင့္ စိတ္ေရာဂါျဖစ္ေနတာေတြရွိတယ္။ ဆီေလွ်ာ္မွ်တမႈကိုလည္း သိထားရတယ္။ ဆီေလွ်ာ္မွ်တေအာင္ စြမ္းေဆာင္ေပးရမယ္။ Kamma therapy မွာ ပစၥဳပၸန္ကံတစ္ခုကို ၾကည့္ရုံနဲ႔မလုံေလာက္ဘူး။ သူ႔ရဲ႕အတိတ္ကံေတြကိုပါ နားလည္ေပးရတယ္။

လူနာကို ကုစားတဲ့ေနရာမွာ ေကာင္းတဲ့ကံေတြနဲ႔ အစားထိုးေပးရတယ္။ အစားထိုးလုပ္ေဆာင္ရမွာကေတာ့-
• အျပဳအမူ၊ အမူအက်င့္ဆိုင္ရာမွာလည္း လုပ္ေဆာင္ေပးရတယ္။ Bhavitakaya (action)
• ကုိယ္က်င့္တရားဆိုင္ရာမွာလည္း လမ္းညြန္ေပးရတယ္။ Bhavitasila (morality)
• စိတ္ပိုင္းဆိုင္ရာမွာလည္း ပ်ိဳးေထာင္ေပးရတယ္။ Bhavitacitta (mind) and
• အသိအျမင္၊ အေတြးအေခၚပိုင္းဆိုင္ရာမွာလည္း ေလ့က်င့္သင္ၾကားေပးရတယ္။ Bhavitapanna (knowledge).

Kamma therapy ရဲ႕ကုထုံးပိုင္းဆိုင္ရာေတြက နက္နဲေနေပမယ့္ လူတိုင္းနဲ႔သင့္ေလွ်ာ္ပါတယ္။ လူနာေပၚမူတည္ၿပီး အလုပ္လုပ္ရတာမို႔ ဘယ္လိုလုပ္ရမယ္ဆိုတာမ်ိဳးကိုေတာ့ ေျပာရခက္ပါတယ္။ ေလ့လာေလ ကုစားပုံအသစ္အမ်ိဳးမ်ိဳးေတြ႔ရွိေလ၊ ဆည္းကပ္ပုံ အသစ္အဆန္းေတြသိရေလေလ ျဖစ္ပါလိမ့္မယ္။ စာဖတ္တဲ့သူေတြလည္း စိတ္ဝင္စားၾကလိမ့္မယ္လို႔လည္း ယုံၾကည္တယ္။ Kamma therapist လုပ္ၾကမယ္မလား။
😄😄😄😄

စကားေက်ာရွည္သြားၿပီ။ ပညာရွင္မဟုတ္၊ ေက်ာင္းသားတစ္ဦးသာ ျဖစ္ေၾကာင္း ဝန္ခံခ်င္ပါတယ္။ အမွားပါလွ်င္ ျပဳျပင္ေပးၾကပါလို႔ ေတာင္းခံခ်င္ပါတယ္။

အရွင္နႏၵိယ (ဖယ္ခုံ)
6.10.2018 9:7:00 PM
Nandiya Bhikkhu

Sunday, September 30, 2018

ရှေ့ပြေးစိတ်

ဘယ်ကစရမလဲလို့စဉ်းစားနေခိုက် ငါကရှေ့ရောက်နှင့်နေပြီ
ဘယ်အချိန်မှာ ဘာလုပ်ရင်ကောင်းမလဲလို့ စဉ်းစားနေတုန်း လူ့ဘဝသက်တမ်း တစ်ဝက်လောက်က ကျိုးသွားလေပြီ

ဒဏ်ရာတို့မာယာတို့ဆိုတာရော
အတ္တတို့မာနတို့ဆိုတာရော
ရောထွေးနေတဲ့ ဒီပန်းချီကားကို ငါတို့နှစ်သက်ခဲ့ကြတာလေ
မဆုံးနိုင်တဲ့ခရီးကိုဆက်လျှောက်ရင်း
မပြီးနိုင်တဲ့မျှော်လင့်ချက်တွေနဲ့ ဆက်ပြီးရှင်သန်နေကြရဦးမှာ 

ခရီးလမ်းတစ်ဝက်မှာ မောလို့အနားယူရမယ့်အချိန်မှာတော့
အရိပ်ကောင်းကောင်းလေးအောက်မှာ ရေအေးအေးလေးတစ်ခွက်လောက်တော့ သောက်ချင်တယ်။

ကိုယ့်တို့ရဲ့ ဒဏ်ရာနဲ့အနာတွေကို အဲဒီအချိန်ကျမှ ဟာသလုပ်ပြီး အတူတူရယ်မောကြတာပေါ့။

Nandiya Bhikkhu
3.9.2018 9:05:00 PM



ဘယ္ကစရမလဲလို႔စဥ္းစားေနခိုက္ ငါကေရွ႕ေရာက္နွင့္ေနၿပီ
ဘယ္အခ်ိန္မွာ ဘာလုပ္ရင္ေကာင္းမလဲလို႔ စဥ္းစားေနတုန္း လူ႔ဘဝသက္တမ္း တစ္ဝက္ေလာက္က က်ိဳးသြားေလၿပီ

ဒဏ္ရာတို႔မာယာတို႔ဆိုတာေရာ
အတၱတို႔မာနတို႔ဆိုတာေရာ
ေရာေထြးေနတဲ့ ဒီပန္းခ်ီကားကို ငါတို႔နွစ္သက္ခဲ့ၾကတာေလ
မဆုံးနိုင္တဲ့ခရီးကိုဆက္ေလွ်ာက္ရင္း
မၿပီးနိုင္တဲ့ေမွ်ာ္လင့္ခ်က္ေတြနဲ႔ ဆက္ၿပီးရွင္သန္ေနၾကရဦးမွာ 


ခရီးလမ္းတစ္ဝက္မွာ ေမာလို႔အနားယူရမယ့္အခ်ိန္မွာေတာ့
အရိပ္ေကာင္းေကာင္းေလးေအာက္မွာ ေရေအးေအးေလးတစ္ခြက္ေလာက္ေတာ့ ေသာက္ခ်င္တယ္။

ကိုယ့္တို႔ရဲ႕ ဒဏ္ရာနဲ႔အနာေတြကို အဲဒီအခ်ိန္က်မွ ဟာသလုပ္ၿပီး အတူတူရယ္ေမာၾကတာေပါ့။

Nandiya Bhikkhu
3.9.2018 9:05:00 PM

ဘီလူးချောင်းပြောသောနေ့တစ်နေ့ အခန်း(၆) နိဂုံး


ဘီလူးချောင်းပြောသောနေ့တစ်နေ့ အခန်း(၆) နိဂုံး

မျိုးဆက်သစ်တို့ပုံရိပ်

၁၃၇၆-ခုနှစ်၊ နှစ်ပေါင်း (၁၅)နှစ်ကြာသောအခါ အရှင်သူရိယသည်မွေတော်ကျောင်းကိုပြန်ရောက် လာပါသည်၊ ဟိုတုန်းကအကြောင်းလေးကိုသတိရတော့ မိမိကိုယ်ကိုပြန်ပြုံးပြတာကလွဲလို့ ဘာမှမသတ်နိုင် ပေ။ ကိုရင်လေးဘဝ (၁၃)နှစ်အရွယ်နဲ့ အခုရဟန်းဘဝ (၂၈)အရွယ်တို့ရဲ့ အခြေအနေတွေက အများကြီးကို ကွားခြားလေပါပြီ။ ပြောင်းလဲလာခဲ့လေပြီ။ အခုဆရာတော်ကြီးလည်းမရှိတော့ပါ။ ဟိုတုန်းကစာချဘုန်းကြီး တွေလည်း ဒီကျောင်းမှာမဟုတ်တော့ပါ။ အရာရာအားလုံးပြောင်းလဲနေသည်။ မပြောင်းလဲသေးသည်က အရှေ့ဘက်ကဘီလူးချောင်းပဲရှိမည်။ ဒါကသာမာန်မျက်စိနဲ့ကြည့်လို့ပါ၊ တရားမျက်စိနဲ့ကြည့်လိုက်ရင်တော့ သူကလည်းပြောင်းလဲနေပါပြီ။ အရင်တုန်းကရေစီးကြောင်းတွေကတော့ ဟိုးအဝေးကိုရောက်နေပါပြီ၊ အသစ်အသစ်သောရေစီးကြောင်းတွေ ဆက်လက်စီးဆင်းနေလို့သာ ဒီချောင်းကဆက်လက်ရပ်တည်နိုင် တာပါ။ တကယ်တမ်းတော့သူလည်းပြောင်းလဲလေပါပြီ။ 

ကျောင်းတိုက်ကိုဆက်လက်ထိန်းသိမ်းနေသည့်ငယ်သူငယ်ချင်းများနှင့် ပြန်တွေ့တော့ ပြောမကုန် နိုင်သည့်စကားတွေကို ပြောကြသည်။ အရှင်အဂ္ဂဝံသ၊ အရှင်ခေမာစာရ၊ အရှင်ဣန္ဒာဝံသ၊ အရှင်ကေလာသ တို့ဖြစ်ပါသည်။ ရှင်ကဝိဓဇတို့၊ ရှင်တေဇောဘာသတို့၊ ရှင်ဝိမလတို့အကြောင်းကိုလည်း ပြောဖြစ်သည်။ အရှင်ကဝိဓဇက အဘိဝံသစာမေးပွဲဖြေနေသည်။ အရှင်တေဇောဘာသက ဖားအောက်တရားစခန်းမှာဖြစ် သည်။ အရှင်ဝိမလကတော့ တောင်ကျောင်းကြီးမှာ စာချဘုန်းကြီးဖြစ်နေသည်။ ပအိုဝ်းစာပေ တိပိဋကဘာ သာပြန်သည့်အဖွဲ့မှာလည်းပါသည်။ တစ်ပါးတစ်နေရာစီရောက်နေကြပြီပဲ။ မိမိကတော့ ကျမ်းပြီးပြီးမကြာ ခင်သီရိလင်္ကာသို့ ရောက်နေသည်မို့ အခုမှဘဲဒီကိုပြန်ရောက်တော့ ဒီအကြောင်းတွေကိုဘာမှမသိလိုက်ရ ဘူး။ သူတို့ကလည်းဒီကျောင်းကို လမ်းကြုံရင်ဝင်လာလေ့ရှိတယ်လို့သိရပါသည်။ တကယ်တော့ ဒီကျောင်း နဲ့စိမ်းသွားတာ သူတို့မဟုတ်ဘဲမိမိဖြစ်နေသည်။ 

စကားပြောပြီးတော့ ကျောင်းဝင်းထဲလမ်းလျှောက်ပြီး ဟိုဟို ဒီဒီလိုက်ကြည့်သည်။ စာအံ့ကျောင်းကျောင်းဆောင်ကြီးပေါ်တက်သွားသည်။ ကျောင်းဆောင်ကြီးရဲ့ရှေ့ တည့်တည့်မှာက ရေချိုးကန်ကြီးပေါ်လာလေပြီ။ ရေကန်ကိုလည်း သွားကြည့်သည်။ ရေကန်ဘေးဘယ်ပတ် ပတ်လည်ကိုလည်း လိုက်ကြည့်သည်။ အရိပ်ရစက္ကူပန်းပင်ကိုတော့ မတွေ့တော့ပါ။ ရေကန်ရဲ့အရှေ့ဘက် မှာ နှင်းဆီပင်တစ်ပင်ရှားရှားပါးပါးတွေ့ရသည်။ မလှမ်းမကမ်းမှာ ကိုရင်လေးတစ်ပါးနှင်းဆီပန်းကိုစိုက်ကြည့် နေသည်။ အဲဒါကိုမြင်တော့ အရှင်သူရိယပြုံးမိလျက်သားဖြစ်သွား ပါသည်။ အပေါ်ပြန်တက်ပြီး မွေတော် ဘုရားစေတီကိုပတ်ကြည့်သည်။ အဆောက်အဦးတစ်ချို့ပိုလာသည် ကိုတွေ့ရသည်။ နာရီဝက်ကျော်ကျော် လောက်ကြာတော့ဘီလူးချောင်းဆီကိုဆင်းကြည့်သည် ကိုရင်လေး လေးပါး ချောင်းရဲ့မလှမ်းမကမ်းမှာ စကားပြောကြသည်ကိုတွေ့ရသည်။ ထိုကိုရင်လေးတွေကိုစကားပြော ကြည့်ဖို့ အနီးကပ်လမ်းလျှောက်သွား သည်။ အနီးရောက်တော့ ကိုရင်လေးပါးထဲမှာစောစောကနှင်းဆီပန်းကို စိုက်ကြည့်နေသည့်ကိုရင်လေး လည်းပါနေသည်။ အဲဒါကိုမြင်တော့ မျက်နှာကအလိုလိုပြုံးမိလျက်သားဖြစ်သွားသည်။ စကာ်းမပြောတော့ ဘဲ ဘီလူးချောင်းဘက်ကိုဘဲမျက်နှာမူလိုက်သည်။ ဘယ်လိုဝမ်းသာလို့ ဝမ်းသာမှန်းမသိပီတိလှိုင်းတွေ ရင်ထဲအထပ်ထပ်ရိုက်ခတ်နေသည်။ ပီတိလှိုင်းတွေနဲ့အပြိုင်ဘီလူးချောင်းထဲက ရေးစီးကြောင်းတွေလည်း ပိုထန်လာသလိုလိုမြင်မိသည်။ “ဒါကဘီလူးချောင်းပြောသောနေ့တစ်နေ့ပဲလား”ဟု တွေးမိသွားသည်။ 

တစ်ချိန်ကဘီလူးချောင်ဘေးမှာရောက်သွားရင် သူငယ်ချင်းတွေကိုသတိရလို့ဝမ်းနည်းမိပါသည်။ အခုမျိုးဆက်သစ်ကိုရင်လေးတွေရဲ့ပုံတူပုံရိပ်လေးတွေကိုမြင်တော့ ဘီလူးချောင်းကိုကျေးဇူးတင်သည်။ “ဘီလူးချောင်းရှိရင် ဒီပုံရိပ်လည်းထပ်ရှိဦးမည်။ ဘီလူးချောင်းရှိရင်စာသင်တိုက်လည်းရှိဦးမည်၊ ဘီလူးချောင်း ရှိရင် ကိုရင်လေးတွေလည်းရှိဦးမည်။ ဘီလူးချောင်းရှိရင် စားမေးပွဲရှိဦးမည်။ ဘီလူးချောင်းရှိရင် ဒီသာသနာ လည်း ရှိဦးမည်” ဟုရင်ထဲက စကားလုံးများစီတန်းပြီးပေါ်ထွက်လာသည်။ ဘီလူးချောင်းကိုရင်ထပ်ဖွင့်ချင်သည်။ သို့သော် သတိထားရသည်။ တော်ကြာ ဟိုကိုယ် တော်က တစ်ပါးတည်းလည်း စကားပြောနေတယ်လို့ထင်ရင် ဒုက္ခ။

“ဘီလူးချောင်းရေ ဒီလိုပုံရိပ်တွေကို ဖန်တီးပေးလို့သင်ကတာဝန်ကျေတယ်၊ ဦးဇင်းရဲ့သူငယ်ချင်းတွေကို မပြောပြရင်တောင် သင်ကတာဝန်ကျေ ပါပြီ၊ အရာရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်”
အတွေးကမဆုံးသေးဘူး ဖုန်းထမြည်လို့ကိုင်လိုက်ရသည်။ အရှင်အဂ္ဂဝံသထံကဖုန်းဖြစ်ပါသည်။
“ဟလို”
“သူရိယလား”
“မှန်ပါဘုရား”
“ဘယ်ရောက်နေလဲ”
“ဘီလူးချောင်းဘေးမှာ”
“ဒီမှာ အာဂန္တုရောက်နေတယ်၊ အရှင်ဘုရားနဲ့မိတ်ဆင်ပေးမလို့၊ အပေါ်ကိုတက်လာခဲ့ပါ”
“ဘယ်သူများလဲ”
“အပေါ်ရောက်မှမေးပါ၊ မြန်မြန်လုပ်နော်၊ အရေးကြီးတယ်”
“မှန်ပါ့ဘုရား”
ဖုန်းပိတ်ပြီး အပေါ်ကိုတက်လာခဲ့သည်။ တစ်ခုတွေးမိသည် “လွန်ခဲ့သည့် (၁၅)နှစ်လောက်တုန်းက ဒီလိုသာဖုန်းကိုလွယ်လွယ်နဲ့သုံးလို့ရလျှင် ပြဿနာကရှင်းလို့လွယ်လိမ့်မည်၊ အခြေအနေတွေလည်းတစ်မျိုး တစ်ဖုံပြောင်းလဲသွားပါလိမ့်မည်”
အပေါ်ရောက်တော့အာဂန္တုက အရှင်သုစိတ္တဖြစ်သည်။ သူ့နောက်မှာ ဦးဇင်းသုံးပါးပါပါသည်။ မျက်နှာပေါ်မှာ အပြုံးတွေကိုယ်စီနဲ့ဖြစ်နေကြသည်။ သေသေချာချာ ကြည့်လိုက်တော့ သူတို့ကြီးဖြစ်နေပါ သည်။ ကိုယ်လည်းပြုံးမိလျက်သားဖြစ်သွားပါသည်။ 

“ဘယ်သူများလည်းလို့၊ စကားကြီးစကားကျယ်ပြောတတ်သည့်အဖွဲ့ပါလား”
“လွန်ခဲ့သည့် (၁၅)နှစ်လောက်တုန်းက ဒီလိုသာဖုန်းကိုလွယ်လွယ်နဲ့သုံးလို့ရလျှင်” ဆိုသည့်အတွေးကို တွေးမိသောအချိန်က တော်တော်နောက်ကျသွားပြီဆိုတာကိုသိလိုက်ရပါသည်။ အရှင်သုစိတ္တပါနေပြီမို့ ရှင်းပြစရာလည်းမလိုတော့ပေ။ ထိုအကြောင်းကို ဘီလူးချောင်းကပြောပြလိုက်တာလား၊ အရှင်သုစိတ္တကရှင်းပြလိုက်တာလား။ ဒါဆိုရင် ဘီလူးချောင်းပြောသောနေ့တစ်နေ့က ပြီးသွားခဲ့တာကြာပြီလား။ ဒီအတွေးတွေနဲ့ စောစောကအပြုံးပေါ်ကို အပြုံးတစ်ခုထပ်ဆင့်လိုက်သည်ကို မိမိကိုယ်တိုင်ပဲ သိပါလိမ့်မည်။ 

ပြီးပါပြီ။

အရှင်နန္ဒိယ(ဖယ်ခုံ) 





ဘီလူးေခ်ာင္းေျပာေသာေန႔တစ္ေန႔ အခန္း(၆) နိဂုံး

မ်ိဳးဆက္သစ္တို႔ပုံရိပ္

၁၃၇၆-ခုႏွစ္၊ ႏွစ္ေပါင္း (၁၅)ႏွစ္ၾကာေသာအခါ အရွင္သူရိယသည္ေမြေတာ္ေက်ာင္းကိုျပန္ေရာက္ လာပါသည္၊ ဟိုတုန္းကအေၾကာင္းေလးကိုသတိရေတာ့ မိမိကိုယ္ကိုျပန္ၿပဳံးျပတာကလြဲလို႔ ဘာမွမသတ္ႏိုင္ ေပ။ ကိုရင္ေလးဘဝ (၁၃)ႏွစ္အရြယ္နဲ႔ အခုရဟန္းဘဝ (၂၈)အရြယ္တို႔ရဲ႕ အေျခအေနေတြက အမ်ားႀကီးကို ကြားျခားေလပါၿပီ။ ေျပာင္းလဲလာခဲ့ေလၿပီ။ အခုဆရာေတာ္ႀကီးလည္းမရွိေတာ့ပါ။ ဟိုတုန္းကစာခ်ဘုန္းႀကီး ေတြလည္း ဒီေက်ာင္းမွာမဟုတ္ေတာ့ပါ။ အရာရာအားလုံးေျပာင္းလဲေနသည္။ မေျပာင္းလဲေသးသည္က အေရွ႕ဘက္ကဘီလူးေခ်ာင္းပဲရွိမည္။ ဒါကသာမာန္မ်က္စိနဲ႔ၾကည့္လို႔ပါ၊ တရားမ်က္စိနဲ႔ၾကည့္လိုက္ရင္ေတာ့ သူကလည္းေျပာင္းလဲေနပါၿပီ။ အရင္တုန္းကေရစီးေၾကာင္းေတြကေတာ့ ဟိုးအေဝးကိုေရာက္ေနပါၿပီ၊ အသစ္အသစ္ေသာေရစီးေၾကာင္းေတြ ဆက္လက္စီးဆင္းေနလို႔သာ ဒီေခ်ာင္းကဆက္လက္ရပ္တည္ႏိုင္ တာပါ။ တကယ္တမ္းေတာ့သူလည္းေျပာင္းလဲေလပါၿပီ။ 

ေက်ာင္းတိုက္ကိုဆက္လက္ထိန္းသိမ္းေနသည့္ငယ္သူငယ္ခ်င္းမ်ားႏွင့္ ျပန္ေတြ႔ေတာ့ ေျပာမကုန္ ႏိုင္သည့္စကားေတြကို ေျပာၾကသည္။ အရွင္အဂၢဝံသ၊ အရွင္ေခမာစာရ၊ အရွင္ဣႏၵာဝံသ၊ အရွင္ေကလာသ တို႔ျဖစ္ပါသည္။ ရွင္ကဝိဓဇတို႔၊ ရွင္ေတေဇာဘာသတို႔၊ ရွင္ဝိမလတိုိ႔အေၾကာင္းကိုလည္း ေျပာျဖစ္သည္။ အရွင္ကဝိဓဇက အဘိဝံသစာေမးပြဲေျဖေနသည္။ အရွင္ေတေဇာဘာသက ဖားေအာက္တရားစခန္းမွာျဖစ္ သည္။ အရွင္ဝိမလကေတာ့ ေတာင္ေက်ာင္းႀကီးမွာ စာခ်ဘုန္းႀကီးျဖစ္ေနသည္။ ပအိုဝ္းစာေပ တိပိဋကဘာ သာျပန္သည့္အဖြဲ႕မွာလည္းပါသည္။ တစ္ပါးတစ္ေနရာစီေရာက္ေနၾကၿပီပဲ။ မိမိကေတာ့ က်မ္းၿပီးၿပီးမၾကာ ခင္သီရိလကၤာသို႔ ေရာက္ေနသည္မို႔ အခုမွဘဲဒီကိုုျပန္ေရာက္ေတာ့ ဒီအေၾကာင္းေတြကိုဘာမွမသိလိုက္ရ ဘူး။ သူတို႔ကလည္းဒီေက်ာင္းကို လမ္းႀကဳံရင္ဝင္လာေလ့ရွိတယ္လို႔သိရပါသည္။ တကယ္ေတာ့ ဒီေက်ာင္း နဲ႔စိမ္းသြားတာ သူတို႔မဟုတ္ဘဲမိမိျဖစ္ေနသည္။ 


စကားေျပာၿပီးေတာ့ ေက်ာင္းဝင္းထဲလမ္းေလွ်ာက္ၿပီး ဟိုဟို ဒီဒီလိုက္ၾကည့္သည္။ စာအ့ံေက်ာင္းေက်ာင္းေဆာင္ႀကီးေပၚတက္သြားသည္။ ေက်ာင္းေဆာင္ႀကီးရဲ႕ေရွ႕ တည့္တည့္မွာက ေရခ်ိဳးကန္ႀကီးေပၚလာေလၿပီ။ ေရကန္ကိုလည္း သြားၾကည့္သည္။ ေရကန္ေဘးဘယ္ပတ္ ပတ္လည္ကိုလည္း လိုက္ၾကည့္သည္။ အရိပ္ရစကၠဴပန္းပင္ကိုေတာ့ မေတြ႔ေတာ့ပါ။ ေရကန္ရဲ႕အေရွ႕ဘက္ မွာ ႏွင္းဆီပင္တစ္ပင္ရွားရွားပါးပါးေတြ႔ရသည္။ မလွမ္းမကမ္းမွာ ကိုရင္ေလးတစ္ပါးႏွင္းဆီပန္းကိုစိုက္ၾကည့္ ေနသည္။ အဲဒါကိုျမင္ေတာ့ အရွင္သူရိယၿပဳံးမိလ်က္သားျဖစ္သြား ပါသည္။ အေပၚျပန္တက္ၿပီး ေမြေတာ္ ဘုရားေစတီကိုပတ္ၾကည့္သည္။ အေဆာက္အဦးတစ္ခ်ိဳ႕ပိုလာသည္ ကိုေတြ႔ရသည္။ နာရီဝက္ေက်ာ္ေက်ာ္ ေလာက္ၾကာေတာ့ဘီလူးေခ်ာင္းဆီကိုဆင္းၾကည့္သည္ ကိုရင္ေလး ေလးပါး ေခ်ာင္းရဲ႕မလွမ္းမကမ္းမွာ စကားေျပာၾကသည္ကိုေတြ႔ရသည္။ ထိုကိုရင္ေလးေတြကိုစကားေျပာ ၾကည့္ဖို႔ အနီးကပ္လမ္းေလွ်ာက္သြား သည္။ အနီးေရာက္ေတာ့ ကိုရင္ေလးပါးထဲမွာေစာေစာကႏွင္းဆီပန္းကို စိုက္ၾကည့္ေနသည့္ကိုရင္ေလး လည္းပါေနသည္။ အဲဒါကိုျမင္ေတာ့ မ်က္ႏွာကအလိုလိုၿပဳံးမိလ်က္သားျဖစ္သြားသည္။ စကား္မေျပာေတာ့ ဘဲ ဘီလူးေခ်ာင္းဘက္ကိုဘဲမ်က္ႏွာမူလိုက္သည္။ ဘယ္လိုဝမ္းသာလို႔ ဝမ္းသာမွန္းမသိပီတိလႈိင္းေတြ ရင္ထဲအထပ္ထပ္႐ိုက္ခတ္ေနသည္။ ပီတိလႈိင္းေတြနဲ႔အၿပိဳင္ဘီလူူးေခ်ာင္းထဲက ေရးစီးေၾကာင္းေတြလည္း ပိုထန္လာသလိုလိုျမင္မိသည္။ “ဒါကဘီလူးေခ်ာင္းေျပာေသာေန႔တစ္ေန႔ပဲလား”ဟု ေတြးမိသြားသည္။ 


တစ္ခ်ိန္ကဘီလူးေခ်ာင္ေဘးမွာေရာက္သြားရင္ သူငယ္ခ်င္းေတြကိုသတိရလုိ႔ဝမ္းနည္းမိပါသည္။ အခုမ်ိဳးဆက္သစ္ကိုရင္ေလးေတြရဲ႕ပုံတူပုံရိပ္ေလးေတြကိုျမင္ေတာ့ ဘီလူးေခ်ာင္းကိုေက်းဇူးတင္သည္။ “ဘီလူးေခ်ာင္းရွိရင္ ဒီပုံရိပ္လည္းထပ္ရွိဦးမည္။ ဘီလူးေခ်ာင္းရွိရင္စာသင္တိုက္လည္းရွိဦးမည္၊ ဘီလူးေခ်ာင္း ရွိရင္ ကိုရင္ေလးေတြလည္းရွိဦးမည္။ ဘီလူးေခ်ာင္းရွိရင္ စားေမးပြဲရွိဦးမည္။ ဘီလူးေခ်ာင္းရွိရင္ ဒီသာသနာ လည္း ရွိဦးမည္” ဟုရင္ထဲက စကားလုံးမ်ားစီတန္းၿပီးေပၚထြက္လာသည္။ ဘီလူးေခ်ာင္းကိုရင္ထပ္ဖြင့္ခ်င္သည္။ သို႔ေသာ္ သတိထားရသည္။ ေတာ္ၾကာ ဟိုကိုယ္ ေတာ္က တစ္ပါးတည္းလည္း စကားေျပာေနတယ္လို႔ထင္ရင္ ဒုကၡ။


“ဘီလူးေခ်ာင္းေရ ဒီလိုပုံရိပ္ေတြကို ဖန္တီးေပးလို႔သင္ကတာဝန္ေက်တယ္၊ ဦးဇင္းရဲ႕သူငယ္ခ်င္းေတြကို မေျပာျပရင္ေတာင္ သင္ကတာဝန္ေက် ပါၿပီ၊ အရာရာအားလုံးအတြက္ ေက်းဇူးတင္ပါတယ္”
အေတြးကမဆုံးေသးဘူး ဖုန္းထျမည္လို႔ကိုင္လိုက္ရသည္။ အရွင္အဂၢဝံသထံကဖုန္းျဖစ္ပါသည္။
“ဟလို”
“သူရိယလား”
“မွန္ပါဘုရား”
“ဘယ္ေရာက္ေနလဲ”
“ဘီလူးေခ်ာင္းေဘးမွာ”
“ဒီမွာ အာဂႏၱဳေရာက္ေနတယ္၊ အရွင္ဘုရားနဲ႔မိတ္ဆင္ေပးမလို႔၊ အေပၚကိုတက္လာခဲ့ပါ”
“ဘယ္သူမ်ားလဲ”
“အေပၚေရာက္မွေမးပါ၊ ျမန္ျမန္လုပ္ေနာ္၊ အေရးႀကီးတယ္”
“မွန္ပါ့ဘုရား”
ဖုန္းပိတ္ၿပီး အေပၚကိုတက္လာခဲ့သည္။ တစ္ခုေတြးမိသည္ “လြန္ခဲ့သည့္ (၁၅)ႏွစ္ေလာက္တုန္းက ဒီလိုသာဖုန္းကိုလြယ္လြယ္နဲ႔သုံးလို႔ရလွ်င္ ျပႆနာကရွင္းလို႔လြယ္လိမ့္မည္၊ အေျခအေနေတြလည္းတစ္မ်ိဳး တစ္ဖုံေျပာင္းလဲသြားပါလိမ့္မည္”
အေပၚေရာက္ေတာ့အာဂႏၱဳက အရွင္သုစိတၱျဖစ္သည္။ သူ႔ေနာက္မွာ ဦးဇင္းသုံးပါးပါပါသည္။ မ်က္ႏွာေပၚမွာ အၿပဳံးေတြကိုယ္စီနဲ႔ျဖစ္ေနၾကသည္။ ေသေသခ်ာခ်ာ ၾကည့္လိုက္ေတာ့ သူတို႔ႀကီးျဖစ္ေနပါ သည္။ ကိုယ္လည္းၿပဳံးမိလ်က္သားျဖစ္သြားပါသည္။ 


“ဘယ္သူမ်ားလည္းလို႔၊ စကားႀကီးစကားက်ယ္ေျပာတတ္သည့္အဖြဲ႔ပါလား”
“လြန္ခဲ့သည့္ (၁၅)ႏွစ္ေလာက္တုန္းက ဒီလိုသာဖုန္းကိုလြယ္လြယ္နဲ႔သုံးလို႔ရလွ်င္” ဆိုသည့္အေတြးကို ေတြးမိေသာအခ်ိန္က ေတာ္ေတာ္ေနာက္က်သြားၿပီဆိုတာကိုသိလိုက္ရပါသည္။ အရွင္သုစိတၱပါေနၿပီမို႔ ရွင္းျပစရာလည္းမလိုေတာ့ေပ။ ထိုအေၾကာင္းကို ဘီလူးေခ်ာင္းကေျပာျပလိုက္တာလား၊ အရွင္သုစိတၱကရွင္းျပလိုက္တာလား။ ဒါဆိုရင္ ဘီလူးေခ်ာင္းေျပာေသာေန႔တစ္ေန႔က ၿပီးသြားခဲ့တာၾကာၿပီလား။ ဒီအေတြးေတြနဲ႔ ေစာေစာကအၿပဳံးေပၚကို အၿပဳံးတစ္ခုထပ္ဆင့္လိုက္သည္ကို မိမိကိုယ္တိုင္ပဲ သိပါလိမ့္မည္။ 















ၿပီးပါၿပီ။

အရွင္နႏၵိယ(ဖယ္ခုံ)


ဘီလူးချောင်းပြောသောနေ့တစ်နေ့ အခန်း(၅)

ဘီလူးချောင်းပြောသောနေ့တစ်နေ့ အခန်း(၅)

တစ်ပါးတစ်ကြောင်းပြောင်းကြကုန်ပြီ

ရှင်သူရိယ နယုန်လရောက်လို့မွေတော်ကျောင်းပြန်ရောက်လာသောအချိန် အခြေပြု(ဒုတိယ)တန်း မှာစာသင်သားအသစ်တွေဘဲများနေသည်ကိုသတိထားမိသည်။ စာသင်သားအဟောင်းတွေကကျောင်း ပြောင်းကုန်ပြီဖြစ်သည်။ ရှင်ကဝိဓဇက ရန်ကုန်၊ဝိသုဒ္ဓါရုံကျောင်းမှာပြောင်းသည်။ ရှင်တေဇောဘာသက တောင်ကြီး၊ အေးစေတီကျောင်းကိုပြောင်းသည်။ ရှင်ဝိမလကတော့ ဆီဆိုင်၊ ဇဝနာရာမစာသင်တိုက်မှာ ပြောင်းရွေ့သည်။ အခြားသောကိုရင်တွေက လွိုင်ကော်၊ရွှေတောင်ကျောင်း၊ဥတ္တရာရုံကျောင်းမှာပြောင်းရွေ့ သွားတာလဲရှိသည်။ အစိုးရစာမေးပွဲအောင်စာရင်းထွက်တော့ မွေတော်ကျောင်းမှာတစ်ပါးမှမအောင်သော နှစ်တစ်နှစ်ဖြစ်သည်။ အခြေပြု(ဒုတိယ)တန်းမှာ အဟောင်းလေးပါး၊ ငါးပါးနဲ့အသစ်အပါးနှစ်ဆယ်နဲ့ စာသင် သားအပါးနှစ်ဆယ်ကျော်ရှိလာပါပြီ၊ ပျော်ဖို့လည်းပိုကောင်းပါသည်။ မပျော်နိုင်တာရှင်သူရိယတစ်ပါးဘဲရှိ မည်ထင်သည်။ သူငယ်ချင်းတွေကိုသတိရနေသောကြောင့်ဖြစ်သည်။

“သူတို့တတွေပြန်လာကြမည်ထင်ပြီးပြန်လာခဲ့တာ၊ အခုတော့ထင်သလိုမဟုတ်ဘူး၊ ဒီလိုမှန်းသိရင် ငါလည်းကျောင်းပြောင်းပါတယ်”ဟုခဏခဏပြောနေပါသည်။ နောကအစာမကျေသည့် အကြောင်းအရာ တစ်ခုက “ရှင်ကဝိဓဇက ဘာလို့ရှင်တေဇောဘာသကို ခဲလုံးနဲ့ပစ်ရတာလဲ၊ ဘာမဟုတ်တဲ့ပြဿနာလေး၊ အဆင်မပြေတာလေးတစ်ခုလေးနဲ့ ခဲလုံးနဲ့ပစ်ရလောက်အောင်အငြိုးအတေးတွေထားရသလား၊သူငယ်ချင်း အချင်းချင်းဘဲကို နားမလည်နိုင်ဘူးလား၊ စိတ်ဓာတ်ကတော်တော်ညံ့တာပဲ” ဆိုသည့်စကားကိုခဏခဏ ပြောလေသည်။ 

ကြားဖန်များလာတော့ရှင်သုစိတ္တလည်းမနေနိုင်တာနဲ့ဝင်ရှင်းပြလိုက်သည်။ “အဲဒီခဲလုံးက ရှင်ကဝိ ဓဇကပစ်တာမဟုတ်ဘူး၊ ရှင်ဣန္ဒာဝုဓကပစ်တာ၊ ရှင်တေဇောဘာသကိုပစ်တာမဟုတ်ဘူး၊ တပည့်တော်ကို ပစ်တာ၊ ရှင်တေဇောဘာသနားမှာတပည့်တော်ရှိတယ်လေ၊ တပည့်တော်ဆီပစ်တဲ့ခဲလုံးက ရှင်တေဇောဘာ သလက်ကိုထိသွားတာပါ”
“ရှင်ဣန္ဒာဝုဓက ဘာလို့ပစ်တာလဲ”
“တပည့်တော်နဲ့သူနဲ့က ခဲလုံးနဲ့ပစ်ကစားနေကျပဲလေ၊ တပည့်တော်လည်းသူ့ကိုအဝေးကနေလှမ်း ပစ်ပြီးစတာပဲလေ၊ သူလည်းတပည့်တော်ကိလှမ်းပစ်ပြီးစတာ၊ ခဲလုံးကလည်းအကြီးမဟုတ်ပါဘူး၊ သေးသေး လေးပါ၊ အဝေးကလာတဲ့အရှိုန်နဲ့ဆိုတော့ နည်းနည်းတော့နာတာပေါ့၊ အမှတ်တမဲ့မို့ လန့်ပြီးရှင်တေဇောဘာ သက ဓာတ်ဗူးကိုလွှတ်ချမိသွားတာပါ”
“ဒါဆိုရင်အဲဒီညအရှင်ဘုရားကဘာဖြစ်လို့မပြောတာလဲ”
“ပြောမလို့ပါ၊ ရှင်ဣန္ဒာဝုဓကပစ်ပြီးထွက်သွားတာလေ၊ သူ့ကိုမတွေ့တော့တာနဲ့မပြောဖြစ်တာ၊ သူပစ်တာလို့စိတ်ထဲကတော့ထင်ပြီးသား၊ နောက်ရှင်ဝိမလကလည်း ရှင်ကဝိဓဇပစ်တာလို့ပြောတော့ တပည့်တော်လည်း ရှင်ဣန္ဒာဝုဓကိုမမြင်လိုက်ရတာနဲ့ ရှင်ကဝိဓဇများဖြစ်နေမလားလို့တွေးမိလို့ မပြောဘဲ နေလိုက်တာ၊ အရှင်ဘုရားတို့လည်းတပည့်တော်တို့လိုပဲခင်နေကြတာဘဲဟာ၊ တပည့်တို့လို ဆော့ကြတာ လို့ပဲထင်တာပေါ့။ အဲဒီအချိန်တုန်းက စာမေးပွဲဖြေဖို့ဘဲအာရုံစိုက်နေတော့ ခဲလုံးအကြောင်းကိုဂရုမစိုက်မိ ဘူး၊ စာမေးပွဲပြီးနှစ်ရက်သုံးရက်ကြာမှ စကားစပ်မိလို့ ရှင်ဣန္ဒာဝုဓကပြောပြလို့သိလိုက်တာ၊ အဲဒီအချိန်မှာ အရှင်ဘုရားတို့မရှိတော့ဘူး၊ ရွာပြန်ကုန်ပြီလေ၊ ရှင်တေဇောဘာသတို့ ကျောင်းပြောင်းဖို့ ပစ္စည်းလာယူတဲ့အ ချိန်မှာလည်း တပည့်တော်တို့မှမရှိတော့တာ၊ ရွာပြန်ရောက်ကုန်ပြီလေ”
“ဒါဆိုရင်ရှင်ဝိမလပြောသလို ရှင်ကဝိဓဇပစ်တာမဟုတ်ဘူးပေါ့”
“မဟုတ်ဘူး၊ ရှင်ကဝိဓဇကဘာမှမသိဘူး”
အဲဒီအဖြေကိုသိလိုက်ရသည့်အခါ အချိန်ကနှောင်းကုန်ပြီဆိုတာသိလိုက်ရပါသည်။ အချိန်ကာလ ကကြာသွားလို့သွေးအေးနေပြီဖြစ်တဲ့ဖြစ်ရပ်လေးမို့ စိတ်တိုဖို့၊ ရှင်သုစိတ္တကိုအပြစ်တင်ဖို့လည်း မလုပ်ချင် တော့ဘူး။ သေချာအောင် ရှင်ဣန္ဒာဝုဓကိုသွားမေးကြည့်သည်။ ရှင်ဣန္ဒာဝုဓကလည်း ရှင်သုစိတ္တဖြေသည့် အတိုင်းပင်ဖြေပါသည်။ 

ရှင်တေဇောဘာသနဲ့ရှင်ဝိမလတို့ကတော့ ရှင်ကဝိဓဇကိုအထင်တွေလွှဲကုန်ပြီ၊ ငါလည်းအထင်လွှဲခဲ့ တာပဲ။ ဒါတွေကို ရှင်ကဝိဓဇကဘာမှမသိရှာပါလား။ ငါတို့ကိုအစစအရာရာ ကူညီခဲ့သည့်ရှင်ကဝိဓဇ အခု တော့အထင်လွှဲခံလိုက်ရပြီ၊ ဒီအကြောင်းကိုငါဘယ်လိုပြောပြရမလဲ။ ရှင်ဝိမလရှိရာဆီဆိုင်ကိုလည်းမရောက် ဖူး၊ ရှင်တေဇောဘာသရှိရာတောင်ကြီးကိုလည်းမရောက်ဖူး၊ ရှင်ကဝိဓဇရှိရာ ရန်ကုန်ဆိုရင်ပိုလို့တောင်ဝေး ဦးမယ်။ မတတ်နိုင်ဘူးလေ၊ အကယ်၍ငါသာသူတို့လိုကျောင်းပြောင်းသွားရင် ဒီအဖြေမှန်ကိုငါလည်းသိရမှာ မဟုတ်ဘူး။ ငါကျောင်းမပြောင်းခဲ့တာတော်သေးတာပေါ့။ တစ်နေ့နေ့တော့သူတို့နဲ့ထပ်တွေ့ဦးမှာပါ။ 

ဒီအဖြေမှန်ကိုသိရပြီးနောက်ပိုင်းရှင်သူရိယသည် သူတို့ကိုပိုပြီးသတိရလေသည်။ သူစံနေကျနေရာ ဖြစ်သည့် ပန်းပင်အောက်ထိုင်ခုံပေါ်နဲ့ ရေသိမ်ပေါ်ကတိုင်ကိုမှီပြီးစကားပြောလေသည်။ “စာမေးပွဲကိုမဲနေလို့ ငါတို့တတွေအဖြေမရှာခဲ့ကြဘူး၊ ခင်မင်မှုတွေပျက်စီးသွားတယ်။ စာမေးပွဲကငါတို့ရဲ့ခင်မင်မှုကိုဖျက်ဆီးနေ တယ်။ ဒီစာမေးပွဲအတွက်နဲ့ငါတို့ကအခြားဘာကိုမှမမြင်တော့ဘူး၊ မသိတော့ဘူး”လို့ဆိုပြီးစာမေးပွဲကိုလည်း အပြစ်မြင်တတ်လာလေသည်။ 

“ရှင်တေဇောဘာသရယ် တစ်ခုခုဆိုရင်အရှင်ဘုရားက ပြဿနာရှာနေကျလူမဟုတ်ဘူးလား၊ အ သေးအမွှားကိစ္စတွေတောင် ပုံကြီးချဲ့တတ်သူမဟုတ်ဘူးလား၊ အရှင်ဘုရားပြဿနာရှာတိုင်း ရှင်ကဝိဓဇက အဖြေရှာပေး၊ ဖြေရှင်းပေးနေကြပဲလေ မဟုတ်ဘူးလား၊ အဲဒီညကဘာဖြစ်လို့ပြဿနာမရှာတာလဲ၊ အကယ် ၍ အရှင်ဘုရားသာပြဿနာထရှာလိုက်ရင် ပြဿနာကဖြေရှင်းပြီးသားဖြစ်သွားမယ်လေ၊ ဘာဖြစ်လို့နှုတ် ပိတ်နေရတာလဲ၊ အခုတော့သွားပြီ၊ လွန်ကုန်ပြီ၊ ဟိုအဝေးကိုရောက်သွားကြပြီ” 

“ရှင်ဝိမလရယ်၊ အရှင်ဘုရားကပြဿနာရှာတတ်သူမဟုတ်ပါဘူး၊ ပြဿနာကြီးကြီးမားမားဖြစ်ရင် တောင် ရီစရာပြောပြီးပြဿနာကိုသေးစေတတ်သူတစ်ဦးပါ၊ ဘာဖြစ်လို့ အဲဒီညမှာ ရှင်ကဝိဓဇလက်ချက်ဖြစ် မယ်လို့ ကောက်ချက်ချနေရတာလဲ။ ပစ်သူကိုသေချာမသိဘဲနဲ့ ဘာဖြစ်လို့တစ်ဘက်သတ်ပြောရလောက် အောင် ဆင်ခြင်တုန်တရားမရှိတော့တာလဲ၊ အခုအဲဒီအဖြေကိုတပည့်တော်သိနေပြီ၊ ဒါပေမယ့် ပြောပြဖို့ အရှင်ဘုရားတို့မရှိကြတော့ဘူး၊ ဟိုအဝေးကြီးကိုရောက်သွားကြပြီ” 

“ရှင်ကဝိဓဇ၊ ပညာရှင်ကြီး၊ ဣနြေ္ဒရှင်ကြီးလုပ်နေတုန်းဘဲလား၊ အားလုံးရဲ့အထင်လွဲမှုကိုခံနေရပြီ၊ အဲဒါအရှင်ဘုရားကိုအရှင်ဘုရားသိရဲ့လား၊ ဖော်ရွေတဲ့သူကြီး၊ ကူညီတတ်တဲ့သူကြီး အဲဒီညကဘာဖြစ်လို့ မဖော်ရွေနိုင်တာလဲ၊ စာမေးပွဲကအရေးကြီးလွန်းလို့လား၊ ဘာဖြစ်သေးလဲ၊ စာမေးပွဲက သူငယ်ချင်းတွေရဲ့ ခင်မင်မှုကိုလှဲပစ်လိုက်ပြီ၊ သိရဲ့လား။ အရှင်ဘုရားမသိသေးတဲ့ အရှင်ဘုရားအကြောင်းကို တပည့်တော် ပြောပြချင်သေးတယ်။ ဘယ်အချိန်မှာ တပည့်တော်နဲ့တွေနိုင်မလဲ” 

ဖြစ်နေကျပြဿနာလေးတစ်ခုကနေ မထင်ထားသည့်အထင်လွဲမှုက နာကျဉ်းမှုတစ်ခုအသွင်ဆောင် လာလေသည်။ ထိုအဖြစ်အပျက်ကိုရှင်သုစိတ္တဖွင့်ပြောလိုက်လို့ တစ်ကျောင်းလုံးသိသွားလေပြီ၊ သို့သော် ဒါကသာမာန်အဖြစ်အပျက်လေးတစ်ခုမို့ ဘယ်သူကမှအလေးမထားကြပါ။ သို့သော်ခွဲခွာချိန်မှာတောင် နှုတ်မဆက်လိုက်နိုင်သည့်ရှင်သူရိယမှာတော့ နောင်တတွေနဲ့ပူဆွေးနေရှာပါသည်။ စိတ်ညစ်နေသောအချိန် တစ်ပါးတည်းနေတတ်သည့်ရှင်သူရိယသည် ဘီလူးချောင်းကသူ့ရဲ့အဖော်ဖြစ်နေရရှာပါသည်။ အဲဒီနှစ်မှာပဲ စာမေးပွဲဖြေပြီးသူလည်းဘီလူးချောင်းကိုနှုတ်ဆက်ခဲ့ပါသည်။ “ဘီလူးချောင်းရယ် သွားပါတော့မယ်၊ ငါတို့ရဲ့ ရင်ထဲကစကားတွေကို ဖွင့်အန်ထုတ်ခဲ့တာလည်းများလှပါပြီ၊ ငါတို့ပြောချင်သည့်စကားကို ဘီလူးချောင်းက အသိဆုံးဖြစ်ပါလိမ့်မည်။ အကယ်၍ငါ့သူငယ်ချင်းတွေပြန်လာရင် ငါတို့ရဲ့ရင်ဖွင့်သံကို ပြောပြပေးပါလို့ မှာခဲ့ချင်ပါသည်၊ ငါတို့သူငယ်ချင်းတွေလည်း ဘီလူးချောင်းပြောမည့်နေ့တစ်နေ့ကို စောင့်နေပါတယ်”

ဆက်ရန် 
အရှင်နန္ဒိယ(ဖယ်ခုံ)



ဘီလူးေခ်ာင္းေျပာေသာေန႔တစ္ေန႔ အခန္း(၅)

တစ္ပါးတစ္ေၾကာင္းေျပာင္းၾကကုန္ၿပီ

ရွင္သူရိယ နယုုန္လေရာက္လို႔ေမြေတာ္ေက်ာင္းျပန္ေရာက္လာေသာအခ်ိန္ အေျချပဳ(ဒုတိယ)တန္း မွာစာသင္သားအသစ္ေတြဘဲမ်ားေနသည္ကိုသတိထားမိသည္။ စာသင္သားအေဟာင္းေတြကေက်ာင္း ေျပာင္းကုန္ၿပီျဖစ္သည္။ ရွင္ကဝိဓဇက ရန္ကုန္၊ဝိသုဒၶါ႐ုံေက်ာင္းမွာေျပာင္းသည္။ ရွင္ေတေဇာဘာသက ေတာင္ႀကီး၊ ေအးေစတီေက်ာင္းကိုေျပာင္းသည္။ ရွင္ဝိမလကေတာ့ ဆီဆိုင္၊ ဇဝနာရာမစာသင္တိုက္မွာ ေျပာင္းေရြ႕သည္။ အျခားေသာကိုရင္ေတြက လြိဳင္ေကာ္၊ေရႊေတာင္ေက်ာင္း၊ဥတၱရာ႐ုံေက်ာင္းမွာေျပာင္းေရြ႕ သြားတာလဲရွိသည္။ အစိုးရစာေမးပြဲေအာင္စာရင္းထြက္ေတာ့ ေမြေတာ္ေက်ာင္းမွာတစ္ပါးမွမေအာင္ေသာ ႏွစ္တစ္ႏွစ္ျဖစ္သည္။ အေျချပဳ(ဒုတိယ)တန္းမွာ အေဟာင္းေလးပါး၊ ငါးပါးနဲ႔အသစ္အပါးႏွစ္ဆယ္နဲ႔ စာသင္ သားအပါးႏွစ္ဆယ္ေက်ာ္ရွိလာပါၿပီ၊ ေပ်ာ္ဖို႔လည္းပိုေကာင္းပါသည္။ မေပ်ာ္ႏိုင္တာရွင္သူရိယတစ္ပါးဘဲရွိ မည္ထင္သည္။ သူငယ္ခ်င္းေတြကိုသတိရေနေသာေၾကာင့္ျဖစ္သည္။

“သူတို႔တေတြျပန္လာၾကမည္ထင္ၿပီးျပန္လာခဲ့တာ၊ အခုုေတာ့ထင္သလိုမဟုတ္ဘူး၊ ဒီလိုမွန္းသိရင္ ငါလည္းေက်ာင္းေျပာင္းပါတယ္” ဟုခဏခဏေျပာေနပါသည္။ ေနာကအစာမေက်သည့္ အေၾကာင္းအရာ တစ္ခုက “ရွင္ကဝိဓဇက ဘာလို႔ရွင္ေတေဇာဘာသကို ခဲလုံးနဲ႔ပစ္ရတာလဲ၊ ဘာမဟုတ္တဲ့ျပႆနာေလး၊ အဆင္မေျပတာေလးတစ္ခုေလးနဲ႔ ခဲလုံးနဲ႔ပစ္ရေလာက္ေအာင္အၿငိဳးအေတးေတြထားရသလား၊သူငယ္ခ်င္း အခ်င္းခ်င္းဘဲကို နားမလည္ႏိုင္ဘူးလား၊ စိတ္ဓာတ္ကေတာ္ေတာ္ညံ့တာပဲ” ဆိုသည့္စကားကိုခဏခဏ ေျပာေလသည္။ 


ၾကားဖန္မ်ားလာေတာ့ရွင္သုစိတၱလည္းမေနႏိုင္တာနဲ႔ဝင္ရွင္းျပလိုက္သည္။ “အဲဒီခဲလုံးက ရွင္ကဝိ ဓဇကပစ္တာမဟုတ္ဘူး၊ ရွင္ဣႏၵာဝုဓကပစ္တာ၊ ရွင္ေတေဇာဘာသကိုပစ္တာမဟုတ္ဘူး၊ တပည့္ေတာ္ကို ပစ္တာ၊ ရွင္ေတေဇာဘာသနားမွာတပည့္ေတာ္ရွိတယ္ေလ၊ တပည့္ေတာ္ဆီပစ္တဲ့ခဲလုံးက ရွင္ေတေဇာဘာ သလက္ကိုထိသြားတာပါ”
“ရွင္ဣႏၵာဝုဓက ဘာလို႔ပစ္တာလဲ”
“တပည့္ေတာ္နဲ႔သူနဲ႔က ခဲလုံးနဲ႔ပစ္ကစားေနက်ပဲေလ၊ တပည့္ေတာ္လည္းသူ႔ကိုအေဝးကေနလွမ္း ပစ္ၿပီးစတာပဲေလ၊ သူလည္းတပည့္ေတာ္ကိလွမ္းပစ္ၿပီးစတာ၊ ခဲလုံးကလည္းအႀကီးမဟုတ္ပါဘူး၊ ေသးေသး ေလးပါ၊ အေဝးကလာတဲ့အ႐ႈိန္နဲ႔ဆိုေတာ့ နည္းနည္းေတာ့နာတာေပါ့၊ အမွတ္တမဲ့မို႔ လန္႔ၿပီးရွင္ေတေဇာဘာ သက ဓာတ္ဗူူးကိုလႊတ္ခ်မိသြားတာပါ”
“ဒါဆိုရင္အဲဒီညအရွင္ဘုရားကဘာျဖစ္လို႔မေျပာတာလဲ”
“ေျပာမလို႔ပါ၊ ရွင္ဣႏၵာဝုဓကပစ္ၿပီးထြက္သြားတာေလ၊ သူ႔ကိုမေတြ႔ေတာ့တာနဲ႔မေျပာျဖစ္တာ၊ သူပစ္တာလို႔စိတ္ထဲကေတာ့ထင္ၿပီးသား၊ ေနာက္ရွင္ဝိမလကလည္း ရွင္ကဝိဓဇပစ္တာလို႔ေျပာေတာ့ တပည့္ေတာ္လည္း ရွင္ဣႏၵာဝုဓကိုမျမင္လိုက္ရတာနဲ႔ ရွင္ကဝိဓဇမ်ားျဖစ္ေနမလားလို႔ေတြးမိလို႔ မေျပာဘဲ ေနလိုက္တာ၊ အရွင္ဘုရားတို႔လည္းတပည့္ေတာ္တို႔လိုပဲခင္ေနၾကတာဘဲဟာ၊ တပည့္တို႔လို ေဆာ့ၾကတာ လို႔ပဲထင္တာေပါ့။ အဲဒီအခ်ိန္တုန္းက စာေမးပြဲေျဖဖို႔ဘဲအာ႐ုံစိုက္ေနေတာ့ ခဲလုံးအေၾကာင္းကိုဂ႐ုမစိုက္မိ ဘူး၊ စာေမးပြဲၿပီးႏွစ္ရက္သုံးရက္ၾကာမွ စကားစပ္မိလို႔ ရွင္ဣႏၵာဝုဓကေျပာျပလို႔သိလိုက္တာ၊ အဲဒီအခ်ိန္မွာ အရွင္ဘုရားတို႔မရွိေတာ့ဘူး၊ ရြာျပန္ကုန္ၿပီေလ၊ ရွင္ေတေဇာဘာသတိုိ႔ ေက်ာင္းေျပာင္းဖို႔ ပစၥည္းလာယူတဲ့အ ခ်ိန္မွာလည္း တပည့္ေတာ္တို႔မွမရွိေတာ့တာ၊ ရြာျပန္ေရာက္ကုန္ၿပီေလ”
“ဒါဆိုရင္ရွင္ဝိမလေျပာသလို ရွင္ကဝိဓဇပစ္တာမဟုတ္ဘူးေပါ့
“မဟုတ္ဘူး၊ ရွင္ကဝိဓဇကဘာမွမသိဘူး”
အဲဒီအေျဖကိုသိလိုက္ရသည့္အခါ အခ်ိန္ကေႏွာင္းကုန္ၿပီဆိုတာသိလုိက္ရပါသည္။ အခ်ိန္ကာလ ကၾကာသြားလို႔ေသြးေအးေနၿပီျဖစ္တဲ့ျဖစ္ရပ္ေလးမို႔ စိတ္တိုဖို႔၊ ရွင္သုစိတၱကိုအျပစ္တင္ဖို႔လည္း မလုပ္ခ်င္ ေတာ့ဘူး။ ေသခ်ာေအာင္ ရွင္ဣႏၵာဝုဓကိုသြားေမးၾကည့္သည္။ ရွင္ဣႏၵာဝုဓကလည္း ရွင္သုစိတၱေျဖသည့္ အတိုင္းပင္ေျဖပါသည္။ 


ရွင္ေတေဇာဘာသနဲ႔ရွင္ဝိမလတို႔ကေတာ့ ရွင္ကဝိဓဇကိုအထင္ေတြလႊဲကုန္ၿပီ၊ ငါလည္းအထင္လႊဲခဲ့ တာပဲ။ ဒါေတြကို ရွင္ကဝိဓဇကဘာမွမသိရွာပါလား။ ငါတို႔ကိုအစစအရာရာ ကူညီခဲ့သည့္ရွင္ကဝိဓဇ အခု ေတာ့အထင္လႊဲခံလိုက္ရၿပီ၊ ဒီအေၾကာင္းကိုငါဘယ္လိုေျပာျပရမလဲ။ ရွင္ဝိမလရွိရာဆီဆိုင္ကိုလည္းမေရာက္ ဖူး၊ ရွင္ေတေဇာဘာသရွိရာေတာင္ႀကီးကိုလည္းမေရာက္ဖူး၊ ရွင္ကဝိဓဇရွိရာ ရန္ကုန္ဆိုရင္ပိုလို႔ေတာင္ေဝး ဦးမယ္။ မတတ္ႏိုင္ဘူးေလ၊ အကယ္၍ငါသာသူတို႔လိုေက်ာင္းေျပာင္းသြားရင္ ဒီအေျဖမွန္ကိုငါလည္းသိရမွာ မဟုတ္ဘူး။ ငါေက်ာင္းမေျပာင္းခဲ့တာေတာ္ေသးတာေပါ့။ တစ္ေန႔ေန႔ေတာ့သူတို႔နဲ႔ထပ္ေတြ႕ဦးမွာပါ။ 


ဒီအေျဖမွန္ကိုသိရၿပီးေနာက္ပိုင္းရွင္သူရိယသည္ သူတို႔ကိုုပိုၿပီးသတိရေလသည္။ သူစံေနက်ေနရာ ျဖစ္သည့္ ပန္းပင္ေအာက္ထိုင္ခုံေပၚနဲ႔ ေရသိမ္ေပၚကတိုင္ကိုမီွၿပီးစကားေျပာေလသည္။ “စာေမးပြဲကိုမဲေနလို႔ ငါတို႔တေတြအေျဖမရွာခဲ့ၾကဘူး၊ ခင္မင္မႈေတြပ်က္စီးသြားတယ္။ စာေမးပြဲကငါတို႔ရဲ႕ခင္မင္မႈကိုဖ်က္ဆီးေန တယ္။ ဒီစာေမးပြဲအတြက္နဲ႔ငါတို႔ကအျခားဘာကိုမွမျမင္ေတာ့ဘူး၊ မသိေတာ့ဘူး”လို႔ဆိုၿပီးစာေမးပြဲကိုလည္း အျပစ္ျမင္တတ္လာေလသည္။ 


“ရွင္ေတေဇာဘာသရယ္ တစ္ခုခုဆိုရင္အရွင္ဘုရားက ျပႆနာရွာေနက်လူမဟုတ္ဘူးလား၊ အ ေသးအမႊားကိစၥေတြေတာင္ ပုံႀကီးခ်ဲ႕တတ္သူမဟုတ္ဘူးလား၊ အရွင္ဘုရားျပႆနာရွာတိုင္း ရွင္ကဝိဓဇက အေျဖရွာေပး၊ ေျဖရွင္းေပးေနၾကပဲေလ မဟုုတ္ဘူူးလား၊ အဲဒီညကဘာျဖစ္လို႔ျပႆနာမရွာတာလဲ၊ အကယ္ ၍ အရွင္ဘုရားသာျပႆနာထရွာလိုက္ရင္ ျပႆနာကေျဖရွင္းၿပီးသားျဖစ္သြားမယ္ေလ၊ ဘာျဖစ္လို႔ႏႈတ္ ပိတ္ေနရတာလဲ၊ အခုေတာ့သြားၿပီ၊ လြန္ကုန္ၿပီ၊ ဟိုအေဝးကိုေရာက္သြားၾကၿပီ” 


“ရွင္ဝိမလရယ္၊ အရွင္ဘုရားကျပႆနာရွာတတ္သူမဟုတ္ပါဘူး၊ ျပႆနာႀကီးႀကီးမားမားျဖစ္ရင္ ေတာင္ ရီစရာေျပာၿပီးျပႆနာကိုေသးေစတတ္သူတစ္ဦးပါ၊ ဘာျဖစ္လို႔ အဲဒီညမွာ ရွင္ကဝိဓဇလက္ခ်က္ျဖစ္ မယ္လို႔ ေကာက္ခ်က္ခ်ေနရတာလဲ။ ပစ္သူကိုေသခ်ာမသိဘဲနဲ႔ ဘာျဖစ္လို႔တစ္ဘက္သတ္ေျပာရေလာက္ ေအာင္ ဆင္ျခင္တုန္တရားမရွိေတာ့တာလဲ၊ အခုအဲဒီအေျဖကိုတပည့္ေတာ္သိေနၿပီ၊ ဒါေပမယ့္ ေျပာျပဖို႔ အရွင္ဘုရားတို႔မရွိၾကေတာ့ဘူး၊ ဟိုအေဝးႀကီးကိုေရာက္သြားၾကၿပီ” 


“ရွင္ကဝိဓဇ၊ ပညာရွင္ႀကီး၊ ဣေျႏၵရွင္ႀကီးလုပ္ေနတုန္းဘဲလား၊ အားလုံးရဲ႕အထင္လြဲမႈကိုခံေနရၿပီ၊ အဲဒါအရွင္ဘုရားကိုအရွင္ဘုရားသိရဲ႕လား၊ ေဖာ္ေရြတဲ့သူႀကီး၊ ကူညီတတ္တဲ့သူႀကီး အဲဒီညကဘာျဖစ္လို႔ မေဖာ္ေရြႏိုင္တာလဲ၊ စာေမးပြဲကအေရးႀကီးလြန္းလို႔လား၊ ဘာျဖစ္ေသးလဲ၊ စာေမးပြဲက သူငယ္ခ်င္းေတြရဲ႕ ခင္မင္မႈကိုလွဲပစ္လိုက္ၿပီ၊ သိရဲ႕လား။ အရွင္ဘုရားမသိေသးတဲ့ အရွင္ဘုရားအေၾကာင္းကို တပည့္ေတာ္ ေျပာျပခ်င္ေသးတယ္။ ဘယ္အခ်ိန္မွာ တပည့္ေတာ္နဲ႔ေတြႏိုင္မလဲ” 


ျဖစ္ေနက်ျပႆနာေလးတစ္ခုကေန မထင္ထားသည့္အထင္လြဲမႈက နာက်ဥ္းမႈတစ္ခုအသြင္ေဆာင္ လာေလသည္။ ထိုအျဖစ္အပ်က္ကိုရွင္သုစိတၱဖြင့္ေျပာလိုက္လို႔ တစ္ေက်ာင္းလုံးသိသြားေလၿပီ၊ သို႔ေသာ္ ဒါကသာမာန္အျဖစ္အပ်က္ေလးတစ္ခုမို႔ ဘယ္သူကမွအေလးမထားၾကပါ။ သို႔ေသာ္ခြဲခြာခ်ိန္မွာေတာင္ ႏႈတ္မဆက္လိုက္ႏိုင္သည့္ရွင္သူရိယမွာေတာ့ ေနာင္တေတြနဲ႔ပူူေဆြးေနရွာပါသည္။ စိတ္ညစ္ေနေသာအခ်ိန္ တစ္ပါးတည္းေနတတ္သည့္ရွင္သူရိယသည္ ဘီလူးေခ်ာင္းကသူ႔ရဲ႕အေဖာ္ျဖစ္ေနရရွာပါသည္။ အဲဒီႏွစ္မွာပဲ စာေမးပြဲေျဖၿပီးသူလည္းဘီလူးေခ်ာင္းကိုႏႈတ္ဆက္ခဲ့ပါသည္။ “ဘီလူးေခ်ာင္းရယ္ သြားပါေတာ့မယ္၊ ငါတုိ႔ရဲ႕ ရင္ထဲကစကားေတြကို ဖြင့္အန္ထုတ္ခဲ့တာလည္းမ်ားလွပါၿပီ၊ ငါတို႔ေျပာခ်င္သည့္စကားကို ဘီလူးေခ်ာင္းက အသိဆုံးျဖစ္ပါလိမ့္မည္။ အကယ္၍ငါ့သူငယ္ခ်င္းေတြျပန္လာရင္ ငါတို႔ရဲ႕ရင္ဖြင့္သံကို ေျပာျပေပးပါလို႔ မွာခဲ့ခ်င္ပါသည္၊ ငါတို႔သူငယ္ခ်င္းေတြလည္း ဘီလူးေခ်ာင္းေျပာမည့္ေန႔တစ္ေန႔ကို ေစာင့္ေနပါတယ္”






ဆက္ရန္ 
အရွင္နႏၵိယ(ဖယ္ခုံ)

ဘီလူးချောင်းပြောသောနေ့တစ်နေ့ အခန်း(၄)

ဘီလူးချောင်းပြောသောနေ့တစ်နေ့ အခန်း(၄)

စာမေးပွဲ

စာမေးပွဲက တစ်ပေါင်းလ လဆန်းပိုင်းမှာကျင်းပပါသည်။ စာမေးပွဲသည် နောက်အတန်းကိုတက်ဖို့ ပေါင်းကူးပေးသည့်အရာတစ်ခုဖြစ်သည်ကို စာသင်သားတိုင်းနားလည်ကြပါသည်။ သို့သော်သူတို့မှာ ယုံကြည်မှုကိုယ်စီရှိကြပါသည်။ စာမေးပွဲနီးလာသည်မို့စာပိုလုပ်ကြတယ်လို့ သူတို့လေးပါးကြားမှာ ပိုကျိုးစား တာမျိုးမရှိဘူး၊ ပုံမှန်အတိုင်းပဲဖြစ်သည်။ သူတို့ကပုံမှန်သွားနေသလိုပဲ ရှင်တေဇောဘာသကလည်းပုံမှန် အတိုင်း ဖျားပေးနေလျက်ရှိပါသည်။ သူတို့သုံးဦးကဒိုင်ခံပြုစုပေးသည်။ ထိုကိုပြဿနာလို့သူတို့မထင်ကြပါ ဘူး။ သူတို့ကြားမှာဒါက လုပ်ရိုးလုပ်စဉ်အလုပ်တစ်ခုဖြစ်သွားလေပြီ။ ဆွမ်းစားကျောင်းဝေယျာဝေစ္စအလှည့် မကျသည့်နေ့တွေဆိုရင် နေ့ဆွမ်းစားပြီးအနားမယူခင်နာရီဝက် သို့မဟုတ် လေးဆယ့်ငါးမိနစ်ဝန်းကျင် လောက်မှာသူတို့အဖွဲ့ ရုပ်တွက်လေ့ရှိသည်၊ ရုပ်မတွက်ရင် ပုစ္ဆာတိုက်ကြပါသည်။
စာအံကျောင်းပေါ် ရှင်တေဇောဘာသက ပုစ္ဆာဟောင်းတွေကြည့်နေသည်။ ထိုအချိန်ရှင်ကဝိဓဇ ရောက်လာသည်။ 

“ဘာတွေထူးသေးလဲ”
“ဘာမှမထူးပါဘူး၊ ပုစ္ဆာတွေကသိပ်မခက်သလိုပဲ”
ရှင်ကဝိဓဇ ကြည့်ပြီးသားတွေလိုက်ကြည့်သည်။ “တေဇော ထူးသလိုလိုတော့ရှိတယ် ဒီမှာ”
“ဘာတွေထူးလို့လဲ”
“ဒီမှာ ဓာတ်ပစ္စည်းခွဲတာ ဘယ်သူကအဖြေပေးထားတာလဲ၊ ကေလာယတိ ကို ကိလဓာတ်၊ ဂိလာယတိကိုဂိလဓာတ်တဲ့ အလွယ်တကူတွေလျှောက်လုပ်နေလို့”
“မဟုတ်လို့လား၊ ဒါဆိုဘာဓာတ်လဲ”
“ဒီပြယှဂ်တွေက ဧကာရန္တဓာတ်တွေလေ၊ ကေလာယတိက ကေလေဓာတ်၊ ဂိလာယတိက ဂိလေဓာတ်ပါ၊ ဓာတုဿန္တောလောပေါ နေကဿရဿသုတ်ရဲ့ ကွစိသဒ္ဒါကတာမြစ်ထားတဲ့ပြယှဂ် တွေလေ၊ ဓာတ်အဆုံးဧသရတွေကိုလည်းမချေရတဲ့ယှဂ်တွေလေ”
“အေ ဟုတ်သားပဲ၊ ဘယ်သူဖြေထာလဲမသိဘူး၊ တပည့်တော်လည်းသတိမထားမိဘူး၊ ဒီတိုင်းပဲ ဖတ်သွားတာ”
သူတို့ဝိုင်းကအခြားအတန်းဖော်တွေရော ခုနှစ်ပါးလောက်ပုစ္ဆာတိုက်နေတုန်း၊ ရှမ်းဦးဇင်းရောက်လာ သည်။ သူတို့ပြောဆိုဆွေးနွေးနေသည့်အသံကိုကြားလေသည်။ ပြုံးပြီးဝင်ပြောလေသည်။
“သယ်ဟုတ်ပါလား၊ စာတွေမြင်သားပဲ၊ စကားကြီးစကားကျယ်ပြောသည့်ကိုရင်တွေ ဒီနှစ်မအောင် ရင် တွေ့မယ်နော်၊ နောက်နှစ်ကြမ်းမယ် လုပ်ထား”
“အေးဆေးပါဘုရား၊ နောက်နှစ်ဘုန်းကြီးနဲ့မတွေ့ချင်တော့ဘူး၊ အပြတ်ရှင်းတော့မယ်ဘုရား”
“အေ ပြောထား၊ မအောင်ရင်တုတ်နဲ့တွေမယ်နော်”
ပြောရင်းနဲ့ပဲ ဘုရားအနောက်ခန်းဆီဝင်သွားလေသည်။ ဆရာနဲ့တပည့်ပြောနေကျစကားပင်ဖြစ် သည်။ အပေါ်ယံကြည့်လျှင်ပေါ့ပျက်ပျက်စကားပင်ဖြစ်သည်။ သို့သော်ဒီစကားတို့နဲ့ဆရာနဲ့တပည့်ကြားမှာ ရင်းနှီးမှုပေါင်းကူးတစ်ခုအဖြစ်သူတို့အသုံးပြုကြလေသည်။ ဆရာနဲ့တပည့်၊ မိဘနဲ့သားသမီး၊ လူငယ်နဲ့လူကြီး ကြားတွေမှာဒီလိုစကားတွေ၊ရင်းနှီးမှုယဉ်ကျေးမှုတွေ တည်ဆောက်ဖို့လူကြီးတွေ စကားရှာပြီး ကမ်းလှမ်း ပြောလေ့ရှိကြပါသည်။ လူငယ်တွေလည်းဒီလိုစကားကိုလှိုက်လှိုက်လှဲလှဲတုန့်ပြန်ဖို့အသင့်ရှိနေပါသည်။ ဒါကတောင်တန်းပေါ်ကယဉ်ကျေးမှုတစ်ခုပင်ဖြစ်ပါသည်။ 

စာမေးပွဲအောင်စာရင်းထွက်လာတော့ ဒုတိယတန်းတစ်တန်းလုံးမှာ(၆)ပါးသာအောင်ပါသည်။ မွေတော်ကျောင်းမှာနှစ်ပါးသာအောင်လေသည်။ ရှင်သုန္ဒရနဲ့ရှင်သုစိတ္တတို့ဖြစ်ပါသည်။ သူတို့လေးပါးလုံးကျ သွားကြပါသည်။ လေ့ကျင့်ခဏ်းစာမေးပွဲတွေအပါအဝင်ဘယ်စာမေးပွဲကိုမှမကျခဲ့ဖူးသည့် သူတို့လေးပါးလုံး အခုတော့အတူတူကျကြပါသည်။ အတူတူကျလို့လားမသိဘူး၊ ဘယ်လိုမှမခံစားရဘူး။ စာမေးပွဲကျနေကျ ဖြစ်သည့်စာသင်သားတွေလို မျက်နှာတွေကပုံမှန်အတိုင်းပင်၊ တော်တော်ရင့်ကျက်နေကြပါသည်။ ဘယ်လို ဖြစ်လို့ဖြစ်မှန်းမသိ စာမေးပွဲကမထင်ဘဲကျသွားလေသည်။ စာမေးပွဲပြီးတော့ညဘုရာရှိခိုးအပြီးမှာ ဆရာတော်ကသြဝါဒပေးသည်။ “အခြေပြုတန်း(ဒုတိယတန်း)ကကိုရင်တွေတော်တော်ညံ့တယ်၊အသုံးကိုမကျဘူး”ဟုမိန့်လေသည်။ သြဝါဒ ပေးသည့်အထဲမှာဥပမာပါမိန့်လေသည်။ “စွာစွာနဲ့ကိုရင်တွေတစ်ပါးမှမအောင်ဘူး၊ လေပဲကျယ်နေတယ်၊ ဘာမှမဟုတ်ကြဘူး။ ရှင်သုန္ဒရကိုကြည့်ပါလား တိတ်တိတ်လေးနဲ့စာမေးပွဲအောင်သွားတယ်။ လေလည်ရင် အသံကျယ်တဲ့လေကအနံ့မရှိဘူး၊ အသံမကြားတဲ့လေက အနံ့ကပိုနံတယ်။ အဲဒီလိုပဲ ဒီနှစ်အခြေပြုတန်းက ကိုရင်တွေက အသံကျယ်တဲ့လေနဲ့အသံတိတ်လေတွေပဲ” ဟုမိန့်လေသည်။ ဘုရားဝတ်တက်ပြီး သြဝါဒ ပေးတာလည်းပြီးပြီမို့ အောက်ဆင်းသွားသည့်အခါ ငိုအားထက်ရီအားကပိုသန်လေသည်။ 

မြို့နယ်စာမေးပွဲမအောင်ပေမယ့် အစိုးရစာမေးပွဲအောင်ရင်အတန်းတက်ရမှာမို့ အစိုးရစာမေးပွဲ အတွက် လေးပါးလုံးစာပိုကျိုးစားလာကြသည်။ စာပိုကျိုးစားကြသဖြင့် အရင်လိုနားနားနေနေပေါက်တတ် ကရစကားတွေလည်း သိပ်မပြောဖြစ်တော့ဘူး။ နောက်တစ်ခုထူးခြားတာကတော့ ရှင်တေဇောဘာသ လည်း မဖျားတော့ဘူး၊ နေ့ရောညပါ တစာစာဖြစ်နေရှာပါပြီ။ ရှင်တေဇောဘာသမဖျားတော့လို့ သူတို့လေး ပါးသီးသန့်တွေ့သည့်အချိန်လည်း သိပ်မရှိသလိုဖြစ်သွားလေသည်။ အစိုးရစာမေးပွဲကို ဖယ်ခုံမြို့၊ နတ်တော ကျောင်းမှာဖြေရပါသည်။ အဖွဲ့လိုက်ကားနဲ့သွားကြ၍ ပျော်ပျော်ပါးပါးနဲ့သွားကြပါသည်။ နတ်တောကျောင်း ရောက်တော့ ကျောင်းတိုက်ကြီးအပေါ်ထပ်မှာစာဖြေရပါသည်။ ကျောင်းတိုက်၏အောက်ထပ်မှာအိပ်ရပါ သည်။ ကိုယ့်စာကိုယ်ကျက်ပြီးနေကြသည်။ ညနေဆိုရင် ရေနွေးလာကပ်သည့်ဝေယျာဝါစ္စအဖွဲ့လည်းရှိပါ သည်။ စာကျက်ရင်းဗိုက်ဆာနေလျှင် ထန်းလျက်ခဲထဘုန်းပေး၊ ရေနွေးလေးသောက်ကြ၍ စာသင်သားများ အတွက် အဆင်ပြေသွားလေပါသည်။ 

သင်္ဂြု ိဟ်ဖြေဆိုပြီးသည့်ည၊ မနက်ဖြန်တိကမာတိကာ(ညဝါ)ဖြေဖို့စာကြည့်ရင်း ရေနွေးသောက်ရင်း နဲ့ အမှတ်မထင်ဖြစ်ရပ်လေးတစ်ခုထဖြစ်သွားပါသည်။ ရှင်တေဇောဘာသက တိတ်မုတ်ထုတ်ရသည့်တိတ် တွေကိုမေးလေသည်။
ရှင်ကဝိဓဇကလည်း စာကြည့်နေ၍ “မသိဘူးကွာ၊ ကိုယ့်ဟာကိုယ်ရှာကြည့်”ဟုပြောလေသည်။
ကြားထဲကနေရှင်ဝိမလကလည်းဝင်ပြောလေသည် “ဒါလေးမေးတာကို ဘာဖြစ်လို့ပေနေတာလဲ၊ ဖြေလိုက် တာမဟုတ်ဘူး”
“မဖြေချင်လို့ကွာ” လို့ ရှင်ကဝိဓဇကပြောသည်။
“အသာနေစမ်းပါ၊ ကိုယ်စာကိုယ်ကြည့်နေ၊ ဘာလို့စကားတွေလာများနေတာတုန်း” ဟု ရှင်သူရိယဝင် ပြောသည်။ 

“ဘာဖြစ်နေတာလဲ၊ တစ်ပါးတည်းဘေးထွက်ချင်နေတာလား” ဟုတေဇောဘာသပြောလေသည်။ ဘယ်သူ ကဘာစကားမှထပ်မပြောဘဲ တိတ်ဆိတ်စွာပင် စာဆက်ကြည့်နေကြပါသည်။ ရှင်တေဇောဘာသကရေနွေး ထသောက်လေသည်။ ထိုအချိန်ရှင်ကဝိဓဇက ကျင်ငယ်စွန့်ဖို့ထွက်သွားသည်။ ရှင်ကဝိဓဇထွက်သွားပြီးအ လွန်မှာပဲ ရှင်ကဝိဓဇထွက်သွားသည့်တံခါးပေါက်ဘက်ကနေ ခဲလုံးတစ်လုံးရောက်လာပြီး ရှင်တေဇောဘာ သလက်တွင်ကိုင်ထားသည့်ဓာတ်ဗူးကိုလာထိလေသည်။ ရှင်တေဇောဘာသသည် ရောက်လာသည့်ခဲလုံး ကိုမြင်ပါသည်။ အနီးကပ်ရောက်မှမြင်သည်ဖြစ်၍ တိမ်းရှောင်ချိန်မရလိုက်ပါ။ကိုင်ထားသည့်ဓာတ်ဗူးကို ထိမည်ကိုသိသည့်အတွက် ဓာတ်ဗူးကိုလှည့်လိုက်သည်။ လှည့်လိုက်သည့်အခါ ခဲလုံးသည် ရှင်တေဇောဘာ သ၏လက်ကိုလာထိလေသည်။ ခဲလုံးအရှိုန်ကသိပ်ပြင်းနေလို့ ဓာတ်ဗူးလွတ်ကျသွားပါသည်။ ဓာတ်ဗူးက အောက်ကျသွား၍ ရေနွေးတွေလျှံထွက်သွားလေသည်။ ရှင်ဝိမလက ကဗျာကယာနဲ့ထပြီး “ဘာဖြစ်တာလဲ” လို့ ပြောပြီး ဓာတ်ဗူးကိုကောက်သည်။ အထဲကဓာတ်မှန်တွေကကွဲနေပြီ။ “ဘယ်လိုလုပ်မလဲ” လို့ပဲပြောကြ လေသည်။ ရှင်ကဝိဓဇက တော်တော်နဲ့ပြန်ရောက်မလာ။ ရှင်ဝိမလကတော့ “ဒါကရှင်ကဝိဓဇရဲ့လက်ချက် ပဲ” ဟုကောက်ချက်ချသည်။ ရှင်တေဇောဘာသကတော့ ဘာမှမပြော။ ခဲလုံးထိသည့်လက်ကိုပဲကြည့်ပြီးငြိမ် နေရှာသည်။ ရှင်သူရိယက “ဘာဖြစ်သေးလဲ၊ ဆေးခန်းသွားရမလား” လို့မေးလေသည်။ ဆေးခန်းသွားရ လောက်အောင်လည်း ဒဏ်ရာကမပြင်းထန်သည်မို့ဘာမှစိုးရိမ်စရာမရှိပေ။ သို့သော် စိုးရိမ်စရာတစ်ခုက တော့ရှိသည်။ ဓာတ်ဘူးထဲကဓာတ်မှန်တွေကွဲသွားပြီ။ ဘယ်လိုလုပ်ကြမလဲ။ မွေတော်ကျောင်းကကိုရင်တွေ လုပ်လို့ကွဲသွားတယ်ဆိုရင်ကျောင်းတိုက်နာမည်ပျက်သွားဦးမယ်။ ဒီသတင်းကိုဆရာတော်သိသွားရင်အပြစ် ပေးခံရဦးမည်။ ထိုအကြောင်းကိုပဲအပ်ကြောင်းထပ်နေအောင်ပြောနေကြသည်။ ဘာမှလည်းမလုပ်တတ်။ ဓာတ်ဘူးအသစ်ထပ်ဝယ်ဖို့လည်း ငွေကမရှိ။ အရှင်ပညာဝံသကအကြံပေးသည်။ သူကဖယ်ခုံသား၊ သူ့ကိုပို အားကိုးချင်ကြသည်။ ဓာတ်ဗူးထဲကဓာတ်မှန်တွေလှဲလို့ရသည့်အကြောင်းပြောသည်။ ဓာတ်ဗူးရောင်းသည့် ဆိုင်တွေမှာ လှဲလို့ရနိုင်သည့်အကြောင်းပြောသည်။ ထိုအကြံကိုရသည်နှင့်ရှိသမျှငွေလေးယူပြီး ဖယ်ခုံမြို့ထဲ သွားကြသည်။ ထိုအချိန်ထိရှင်ကဝိဓဇကပြန်မလာသေး။ ဓာတ်ဗူးဆိုင်လိုက်ရှာသည်၊ ကံကောင်းစွာပင်ကား ဂိတ်နားကဆိုင်တစ်ဆိုင်မှာသွားတွေ့သည်။ တစ်ထောင့်ငါးရာပေးရပါသည်။ ငွေအားလုံးပေါင်းမှ တစ်ထောင်ခုနှစ်ရာပဲရှိသည်။ မြန်မြန်ပြီးမြန်မြန်အေးတာပဲတွေးပြီး တောင်းသမျှပေးလိုက်လေသည်။ 

ဓာတ်မှန်ကရပေမယ့် ဓာတ်ဗူးထဲမှာ နည်းနည်းတော့ချောင်နေပါသည်။ကျောင်းပြန်ရောက်တော့ (၉)နာရီ တောင်ထိုးတော့မှာ၊ ကံကောင်းတာတစ်ခုက ရှစ်နာရီခွဲလာသိမ်းနေကျ ဝေယျာဝါစ္စလုပ်သားတွေက ဒီည နောက်ကျနေသည်။ (၉)နာရီကျော်ကျော်မှာလာသိမ်းသွားလေသည်။ (၉)နာရီခွဲမှဘဲရှင်ကဝိဓဇက ဘယ်က မှန်းမသိရောက်လာလေသည်။ ခပ်တည်တည်နဲ့ပြန်လာကာ ဘယ်သူကိုမှအလေးမထားဘဲသူ့စာသူကြည့် နေသည်။ အားလုံးကသူပစ်လိုက်လို့ဒီလိုဖြစ်သည်ဟုထင်ကြပါသည်။ သူများကျောင်းထဲရောက်နေသည်မို့ စကားမများချင်၊ ရန်မဖြစ်ချင်ကြတာနဲ့ ဘယ်သူမှလည်းဒီအကြောင်းတွေကို အရေးလုပ်ပြီးမပြောကြဘူး။ ထိုညသည်တိတ်ဆိတ်စွာပင်စာကြည့်ကြလေသည်။ တိကမာတိကာ(ညဝါ)မို့ ဦးနှောက်ကိုကစားကြသည်။ ဘယ်သူကမှအော်မကျက်ကြဘူး။ ထိုညသည် တရားခံကဘယ်သူလဲဆိုတာကိုမရှာဘဲ ဓာတ်ဗူးပြဿနာကို တိတ်ဆိတ်စွာသူတို့ဖြေရှင်းကြလေသည်။ ထိုပြဿနာကိုသူတို့ထဲကကိုရင်တွေကလွဲလို့ ဝေယျဝါစ္စလုပ်တဲ့ သူတောင်မသိကြဘူး။ တရားခံကိုမရှာခြင်းသည် တရားခံကိုအရေးမထားလို့ဆိုသည်ကို နောက်တစ်နေ့ကျမှ သိရပါသည်။ ရှင်ကဝိဓဇကို စကားပြောနေကျလူတွေတောင်သိပ်မပြောကြတော့ပေ။ သူကလည်း ဣနြေ္ဒ တစ်ပိဿာလောက်ရှိသည့်မျက်နှာနဲ့နေနေပါသည်။ စာမေးပွဲဖြေလို့ပြီးပြီးချင်း ရှင်တေဇောဘာသက မွေ တော်ကျောင်းကိုမပြန်တော့ဘဲ ရှင်ဝိမလ၊ ရှင်ခေမာစာရတို့နဲ့အတူပင်လောင်းကိုလိုက်သွားလေသည်။ ရှင်ခေမာစာရကိုလာကြိုသည့်ကားနဲ့လိုက်သွားလေသည်။ ရှင်ကဝိဓဇကစာမေးပွဲဖြေတာ နောက်ဆုံးမှပြီး သည်။ စာမေးပွဲပြီးတော့မွေတော်ပြန်မယ့်ကားနဲ့ ကိုရင်တွေအားလုံးကစောင့်နေကြပြီ။ ရှင်ကဝိဓဇက ပျာတိ ပျာယာနဲ့ပစ္စည်းတွေသိမ်းပြီးကားပေါ်တက်လိုက်လေသည်။ မွေတော်ကျောင်းရောက်တော့မိုးချုပ်သွားပြီ။ ဆရာတော်ကိုကန်တော့မှပဲ ရှင်တေဇောဘာသနဲ့ရှင်ဝိမလတို့ကပြန်သွားပြီလို့သိလိုက်ရသည်။ ပင်ပန်းကြ တာနဲ့အစောကြီးအိပ်ရာဝင်ကြသည်။ 

ရှင်သူရိယကနောက်တစ်နေ့အစောကြီးထပြီးတောင်ကြီးတက်သွားလေသည်။ အရုဏ်ဆွမ်းစားပြီး သည့်နောက် ရှင်ကဝိဓဇသည် ရှင်တေဇောဘာသ၊ ရှင်သူရိယ၊ ရှင်ဝိမလတို့မရှိတော့သည်ကိုသိသောအခါ အရိပ်ရပန်းပင်ကြီးအောက်တွင်တစ်ပါးတည်းထိုင်ကာ ဘီလူးချောင်းကိုလှမ်းကြည့်လေသည်။ စိတ်ထဲက တစ်ခုခုတော့ဟာနေသလိုခံစားရသည်။ အစိုးရစာမေးပွဲဖြေမှသူငယ်ချင်းတွေနဲ့ပိုစိမ်းသွားသလိုခံစာရသည်။ အခုသူတို့ပြန်သွားတော့လည်းတစ်ဦးမှသူ့ကိုနုတ်ဆက်မသွားကြဘူး။ အချိန်မရရင်တောင် တစ်ပါးပါးဆီမှာ တစ်ခုခုတော့ပြောခဲ့သင့်တာပေါ့ဟုစဉ်းစားမိသည်။ စာမေးပွဲပြီးပြီဖြစ်လို့ ဘာစာကျက်စရာမရှိတော့သည့် အခါ အလုပ်လက်မဲ့သူလိုယောက်ချာချာဖြစ်နေပါသည်။ ဘီလူးချောင်းဆီဆင်းသွားသည်၊ ရှင်တေဇောဘာ သ အားရပါးရရေကစားနေသည်ကိုမြင်ယောင်မိသည်။ ရေသိမ်တိုင်ကိုမှီပြီး ရေကသိုဏ်းရှုနေသလို တစ်ဦး တည်းတွေးတတ်သည့်ရှင်သူရိယနေရာကိုလည်းသွားထိုင်ကြည့်သည်။ ဘီလူးချောင်းရဲ့ဟိုဘက်ကမ်းမှာ ကြည့်ပြီး ပြောချင်တာတွေလျှောက်ပြောတတ်သည့်ရှင်ဝိမလကိုလည်းသတိရလေသည်။ တစ်ဦးတည်းမို့ ဘယ်သူကိုမှငဲ့စရာမလိုဘဲ ဘီလူးချောင်းဘေးမှာ အတွေးများကိုဖြုန်းတီးနေပါသည်။ ရေချိုးရာကွပ်ပျပ်၊ သစ်သားခုံပေါ်ထိုင်ပြီးဘီလူးချောင်းရေနဲ့ခြေတွေ၊လက်တွေကိုဆေးပြီး စကားတစ်ခွန်းပြောခဲ့လိုက်သည်။ “ဘီလူးချောင်းရေ မနက်ဖြန်ကိုရင်ရွာပြန်တော့မယ်၊ နုတ်ဆက်ပါတယ်နော်”

ဆက်ရန် 
အရှင်နန္ဒိယ(ဖယ်ခုံ)



ဘီလူးေခ်ာင္းေျပာေသာေန႔တစ္ေန႔ အခန္း(၄)

စာေမးပြဲ

စာေမးပြဲက တစ္ေပါင္းလ လဆန္းပိုင္းမွာက်င္းပပါသည္။ စာေမးပြဲသည္ ေနာက္အတန္းကိုတက္ဖို႔ ေပါင္းကူးေပးသည့္အရာတစ္ခုျဖစ္သည္ကို စာသင္သားတိုင္းနားလည္ၾကပါသည္။ သို႔ေသာ္သူတို႔မွာ ယုံၾကည္မႈကိုယ္စီရွိၾကပါသည္။ စာေမးပြဲနီးလာသည္မို႔စာပိုလုပ္ၾကတယ္လို႔ သူတို႔ေလးပါးၾကားမွာ ပိုက်ိဳးစား တာမ်ိဳးမရွိဘူး၊ ပုံမွန္အတိုင္းပဲျဖစ္သည္။ သူတို႔ကပုံမွန္သြားေနသလိုပဲ ရွင္ေတေဇာဘာသကလည္းပုံမွန္ အတိုင္း ဖ်ားေပးေနလ်က္ရွိပါသည္။ သူတို႔သုံးဦးကဒိုင္ခံျပဳစုေပးသည္။ ထိုကိုျပႆနာလို႔သူတို႔မထင္ၾကပါ ဘူး။ သူတို႔ၾကားမွာဒါက လုပ္႐ုိးလုပ္စဥ္အလုပ္တစ္ခုျဖစ္သြားေလၿပီ။ ဆြမ္းစားေက်ာင္းေဝယ်ာေဝစၥအလွည့္ မက်သည့္ေန႔ေတြဆိုရင္ ေန႔ဆြမ္းစားၿပီးအနားမယူခင္နာရီဝက္ သို႔မဟုတ္ ေလးဆယ့္ငါးမိနစ္ဝန္းက်င္ ေလာက္မွာသူတို႔အဖြဲ႔ ႐ုပ္တြက္ေလ့ရွိသည္၊ ႐ုပ္မတြက္ရင္ ပုစၦာတိုက္ၾကပါသည္။
စာအံေက်ာင္းေပၚ ရွင္ေတေဇာဘာသက ပုစၦာေဟာင္းေတြၾကည့္ေနသည္။ ထိုအခ်ိန္ရွင္ကဝိဓဇ ေရာက္လာသည္။ 


“ဘာေတြထူူးေသးလဲ”
“ဘာမွမထူးပါဘူး၊ ပုစၦာေတြကသိပ္မခက္သလိုပဲ”
ရွင္ကဝိဓဇ ၾကည့္ၿပီးသားေတြလိုက္ၾကည့္သည္။ “ေတေဇာ ထူးသလိုလိုေတာ့ရွိတယ္ ဒီမွာ”
“ဘာေတြထူးလို႔လဲ”
“ဒီမွာ ဓာတ္ပစၥည္းခြဲတာ ဘယ္သူကအေျဖေပးထားတာလဲ၊ ေကလာယတိ ကို ကိလဓာတ္၊ ဂိလာယတိကိုဂိလဓာတ္တဲ့ အလြယ္တကူေတြေလွ်ာက္လုပ္ေနလို႔”
“မဟုတ္လို႔လား၊ ဒါဆိုဘာဓာတ္လဲ”
“ဒီျပယွဂ္ေတြက ဧကာရႏၱဓာတ္ေတြေလ၊ ေကလာယတိက ေကေလဓာတ္၊ ဂိလာယတိက ဂိေလဓာတ္ပါ၊ ဓာတုႆေႏၱာေလာေပါ ေနကႆရႆသုတ္ရဲ႕ ကြစိသဒၵါကတာျမစ္ထားတဲ့ျပယွဂ္ ေတြေလ၊ ဓာတ္အဆုံးဧသရေတြကိုလည္းမေခ်ရတဲ့ယွဂ္ေတြေလ”
“ေအ ဟုတ္သားပဲ၊ ဘယ္သူေျဖထာလဲမသိဘူး၊ တပည့္ေတာ္လည္းသတိမထားမိဘူး၊ ဒီတိုင္းပဲ ဖတ္သြားတာ”
သူတို႔ဝိုင္းကအျခားအတန္းေဖာ္ေတြေရာ ခုႏွစ္ပါးေလာက္ပုစၦာတိုက္ေနတုန္း၊ ရွမ္းဦးဇင္းေရာက္လာ သည္။ သူတို႔ေျပာဆိုေဆြးေႏြးေနသည့္အသံကိုၾကားေလသည္။ ၿပဳံးၿပီးဝင္ေျပာေလသည္။
“သယ္ဟုတ္ပါလား၊ စာေတြျမင္သားပဲ၊ စကားႀကီးစကားက်ယ္ေျပာသည့္ကိုရင္ေတြ ဒီႏွစ္မေအာင္ ရင္ ေတြ႔မယ္ေနာ္၊ ေနာက္ႏွစ္ၾကမ္းမယ္ လုပ္ထား”
“ေအးေဆးပါဘုရား၊ ေနာက္ႏွစ္ဘုန္းႀကီးနဲ႔မေတြ႔ခ်င္ေတာ့ဘူး၊ အျပတ္ရွင္းေတာ့မယ္ဘုရား”
“ေအ ေျပာထား၊ မေအာင္ရင္တုတ္နဲ႔ေတြမယ္ေနာ္
ေျပာရင္းနဲ႔ပဲ ဘုရားအေနာက္ခန္းဆီဝင္သြားေလသည္။ ဆရာနဲ႔တပည့္ေျပာေနက်စကားပင္ျဖစ္ သည္။ အေပၚယံၾကည့္လွ်င္ေပါ့ပ်က္ပ်က္စကားပင္ျဖစ္သည္။ သို႔ေသာ္ဒီစကားတို႔နဲ႔ဆရာနဲ႔တပည့္ၾကားမွာ ရင္းႏွီးမႈေပါင္းကူးတစ္ခုအျဖစ္သူတို႔အသုံးျပဳၾကေလသည္။ ဆရာနဲ႔တပည့္၊ မိဘနဲ႔သားသမီး၊ လူငယ္နဲ႔လူႀကီး ၾကားေတြမွာဒီလုိစကားေတြ၊ရင္းႏွီးမႈယဥ္ေက်းမႈေတြ တည္ေဆာက္ဖို႔လူႀကီးေတြ စကားရွာၿပီး ကမ္းလွမ္း ေျပာေလ့ရွိၾကပါသည္။ လူငယ္ေတြလည္းဒီလိုစကားကိုလႈိက္လႈိက္လွဲလွဲတုန္႔ျပန္ဖို႔အသင့္ရွိေနပါသည္။ ဒါကေတာင္တန္းေပၚကယဥ္ေက်းမႈတစ္ခုပင္ျဖစ္ပါသည္။ 


စာေမးပြဲေအာင္စာရင္းထြက္လာေတာ့ ဒုတိယတန္းတစ္တန္းလုံးမွာ(၆)ပါးသာေအာင္ပါသည္။ ေမြေတာ္ေက်ာင္းမွာႏွစ္ပါးသာေအာင္ေလသည္။ ရွင္သုႏၵရနဲ႔ရွင္သုစိတၱတို႔ျဖစ္ပါသည္။ သူတို႔ေလးပါးလုံးက် သြားၾကပါသည္။ ေလ့က်င့္ခဏ္းစာေမးပြဲေတြအပါအဝင္ဘယ္စာေမးပြဲကိုမွမက်ခဲ့ဖူးသည့္ သူတို႔ေလးပါးလုံး အခုေတာ့အတူတူက်ၾကပါသည္။ အတူတူက်လို႔လားမသိဘူး၊ ဘယ္လိုမွမခံစားရဘူး။ စာေမးပြဲက်ေနက် ျဖစ္သည့္စာသင္သားေတြလို မ်က္ႏွာေတြကပုံမွန္အတိုင္းပင္၊ ေတာ္ေတာ္ရင့္က်က္ေနၾကပါသည္။ ဘယ္လို ျဖစ္လို႔ျဖစ္မွန္းမသိ စာေမးပြဲကမထင္ဘဲက်သြားေလသည္။ စာေမးပြဲၿပီးေတာ့ညဘုရာရွိခိုးအၿပီးမွာ ဆရာေတာ္ကၾသဝါဒေပးသည္။ “အေျချပဳတန္း(ဒုတိယတန္း)ကကိုရင္ေတြေတာ္ေတာ္ညံ့တယ္၊အသုံးကိုမက်ဘူး”ဟုမိန္႔ေလသည္။ ၾသဝါဒ ေပးသည့္အထဲမွာဥပမာပါမိန္႔ေလသည္။ “စြာစြာနဲ႔ကိုရင္ေတြတစ္ပါးမွမေအာင္ဘူး၊ ေလပဲက်ယ္ေနတယ္၊ ဘာမွမဟုတ္ၾကဘူး။ ရွင္သုႏၵရကိုၾကည့္ပါလား တိတ္တိတ္ေလးနဲ႔စာေမးပြဲေအာင္သြားတယ္။ ေလလည္ရင္ အသံက်ယ္တဲ့ေလကအနံ႔မရွိဘူး၊ အသံမၾကားတဲ့ေလက အနံ႔ကပိုနံတယ္။ အဲဒီလိုပဲ ဒီႏွစ္အေျချပဳတန္းက ကိုရင္ေတြက အသံက်ယ္တဲ့ေလနဲ႔အသံတိတ္ေလေတြပဲ” ဟုမိန္႔ေလသည္။ ဘုရားဝတ္တက္ၿပီး ၾသဝါဒ ေပးတာလည္းၿပီးၿပီမို႔ ေအာက္ဆင္းသြားသည့္အခါ ငိုအားထက္ရီအားကပိုသန္ေလသည္။ 


ၿမိဳ႕နယ္စာေမးပြဲမေအာင္ေပမယ့္ အစိုးရစာေမးပြဲေအာင္ရင္အတန္းတက္ရမွာမို႔ အစိုးရစာေမးပြဲ အတြက္ ေလးပါးလုံးစာပိုက်ိဳးစားလာၾကသည္။ စာပိုက်ိဳးစားၾကသျဖင့္ အရင္လိုနားနားေနေနေပါက္တတ္ ကရစကားေတြလည္း သိပ္မေျပာျဖစ္ေတာ့ဘူး။ ေနာက္တစ္ခုထူးျခားတာကေတာ့ ရွင္ေတေဇာဘာသ လည္း မဖ်ားေတာ့ဘူး၊ ေန႔ေရာညပါ တစာစာျဖစ္ေနရွာပါၿပီ။ ရွင္ေတေဇာဘာသမဖ်ားေတာ့လို႔ သူတို႔ေလး ပါးသီးသန္႔ေတြ႕သည့္အခ်ိန္လည္း သိပ္မရွိသလိုျဖစ္သြားေလသည္။ အစိုးရစာေမးပြဲကို ဖယ္ခုံၿမိဳ႕၊ နတ္ေတာ ေက်ာင္းမွာေျဖရပါသည္။ အဖြဲ႔လိုက္ကားနဲ႔သြားၾက၍ ေပ်ာ္ေပ်ာ္ပါးပါးနဲ႔သြားၾကပါသည္။ နတ္ေတာေက်ာင္း ေရာက္ေတာ့ ေက်ာင္းတိုက္ႀကီးအေပၚထပ္မွာစာေျဖရပါသည္။ ေက်ာင္းတိုက္၏ေအာက္ထပ္မွာအိပ္ရပါ သည္။ ကိုယ့္စာကိုယ္က်က္ၿပီးေနၾကသည္။ ညေနဆိုရင္ ေရေႏြြးလာကပ္သည့္ေဝယ်ာဝါစၥအဖြဲ႕လည္းရွိပါ သည္။ စာက်က္ရင္းဗိုက္ဆာေနလွ်င္ ထန္းလ်က္ခဲထဘုန္းေပး၊ ေရေႏြးေလးေသာက္ၾက၍ စာသင္သားမ်ား အတြက္ အဆင္ေျပသြားေလပါသည္။ 


သၿဂၤဳ ိဟ္ေျဖဆိုၿပီးသည့္ည၊ မနက္ျဖန္တိကမာတိကာ(ညဝါ)ေျဖဖို႔စာၾကည့္ရင္း ေရေႏြးေသာက္ရင္း နဲ႔ အမွတ္မထင္ျဖစ္ရပ္ေလးတစ္ခုထျဖစ္သြားပါသည္။ ရွင္ေတေဇာဘာသက တိတ္မုတ္ထုတ္ရသည့္တိတ္ ေတြကိုေမးေလသည္။
ရွင္ကဝိဓဇကလည္း စာၾကည့္ေန၍ “မသိဘူးကြာ၊ ကိုယ့္ဟာကိုယ္ရွာၾကည့္”ဟုေျပာေလသည္။
ၾကားထဲကေနရွင္ဝိမလကလည္းဝင္ေျပာေလသည္ “ဒါေလးေမးတာကို ဘာျဖစ္လို႔ေပေနတာလဲ၊ ေျဖလိုက္ တာမဟုတ္ဘူး”
“မေျဖခ်င္လို႔ကြာ” လို႔ ရွင္ကဝိဓဇကေျပာသည္။
“အသာေနစမ္းပါ၊ ကိုယ္စာကိုယ္ၾကည့္ေန၊ ဘာလို႔စကားေတြလာမ်ားေနတာတုန္း” ဟု ရွင္သူရိယဝင္ ေျပာသည္။ 


“ဘာျဖစ္ေနတာလဲ၊ တစ္ပါးတည္းေဘးထြက္ခ်င္ေနတာလား” ဟုေတေဇာဘာသေျပာေလသည္။ ဘယ္သူ ကဘာစကားမွထပ္မေျပာဘဲ တိတ္ဆိတ္စြာပင္ စာဆက္ၾကည့္ေနၾကပါသည္။ ရွင္ေတေဇာဘာသကေရေႏြး ထေသာက္ေလသည္။ ထိုအခ်ိန္ရွင္ကဝိဓဇက က်င္ငယ္စြန္႔ဖို႔ထြက္သြားသည္။ ရွင္ကဝိဓဇထြက္သြားၿပီးအ လြန္မွာပဲ ရွင္ကဝိဓဇထြက္သြားသည့္တံခါးေပါက္ဘက္ကေန ခဲလုံးတစ္လုံးေရာက္လာၿပီး ရွင္ေတေဇာဘာ သလက္တြင္ကိုင္ထားသည့္ဓာတ္ဗူးကိုလာထိေလသည္။ ရွင္ေတေဇာဘာသသည္ ေရာက္လာသည့္ခဲလုံး ကိုျမင္ပါသည္။ အနီးကပ္ေရာက္မွျမင္သည္ျဖစ္၍ တိမ္းေရွာင္ခ်ိန္မရလိုက္ပါ။ ကိုင္ထားသည့္ဓာတ္ဗူးကို ထိမည္ကိုသိသည့္အတြက္ ဓာတ္ဗူးကိုလွည့္လိုက္သည္။ လွည့္လိုက္သည့္အခါ ခဲလုံးသည္ ရွင္ေတေဇာဘာ သ၏လက္ကိုလာထိေလသည္။ ခဲလုံးအ႐ႈိန္ကသိပ္ျပင္းေနလို႔ ဓာတ္ဗူးလြတ္က်သြားပါသည္။ ဓာတ္ဗူးက ေအာက္က်သြား၍ ေရေႏြးေတြလွ်ံထြက္သြားေလသည္။ ရွင္ဝိမလက ကဗ်ာကယာနဲ႔ထၿပီး “ဘာျဖစ္တာလဲ” လို႔ ေျပာၿပီး ဓာတ္ဗူးကိုေကာက္သည္။ အထဲကဓာတ္မွန္ေတြကကြဲေနၿပီ။ “ဘယ္လိုလုပ္မလဲ” လို႔ပဲေျပာၾက ေလသည္။ ရွင္ကဝိဓဇက ေတာ္ေတာ္နဲ႔ျပန္ေရာက္မလာ။ ရွင္ဝိမလကေတာ့ “ဒါကရွင္ကဝိဓဇရဲ႕လက္ခ်က္ ပဲ” ဟုေကာက္ခ်က္ခ်သည္။ ရွင္ေတေဇာဘာသကေတာ့ ဘာမွမေျပာ။ ခဲလုံးထိသည့္လက္ကိုပဲၾကည့္ၿပီးၿငိမ္ ေနရွာသည္။ ရွင္သူရိယက “ဘာျဖစ္ေသးလဲ၊ ေဆးခန္းသြားရမလား” လို႔ေမးေလသည္။ ေဆးခန္းသြားရ ေလာက္ေအာင္လည္း ဒဏ္ရာကမျပင္းထန္သည္မို႔ဘာမွစိုးရိမ္စရာမရွိေပ။ သို႔ေသာ္ စိုးရိမ္စရာတစ္ခုက ေတာ့ရွိသည္။ ဓာတ္ဘူးထဲကဓာတ္မွန္ေတြကြဲသြားၿပီ။ ဘယ္လိုလုပ္ၾကမလဲ။ ေမြေတာ္ေက်ာင္းကကိုရင္ေတြ လုုပ္လို႔ကြဲသြားတယ္ဆိုရင္ေက်ာင္းတိုက္နာမည္ပ်က္သြားဦးမယ္။ ဒီသတင္းကိုဆရာေတာ္သိသြားရင္အျပစ္ ေပးခံရဦးမည္။ ထိုအေၾကာင္းကိုပဲအပ္ေၾကာင္းထပ္ေနေအာင္ေျပာေနၾကသည္။ ဘာမွလည္းမလုပ္တတ္။ ဓာတ္ဘူးအသစ္ထပ္ဝယ္ဖို႔လည္း ေငြကမရွိ။ အရွင္ပညာဝံသကအႀကံေပးသည္။ သူကဖယ္ခုံသား၊ သူ႔ကိုပို အားကိုးခ်င္ၾကသည္။ ဓာတ္ဗူးထဲကဓာတ္မွန္ေတြလဲွလို႔ရသည့္အေၾကာင္းေျပာသည္။ ဓာတ္ဗူးေရာင္းသည့္ ဆိုင္ေတြမွာ လွဲလို႔ရႏိုင္သည့္အေၾကာင္းေျပာသည္။ ထိုအႀကံကိုရသည္ႏွင့္ရွိသမွ်ေငြေလးယူၿပီး ဖယ္ခုံၿမိဳ႕ထဲ သြားၾကသည္။ ထိုအခ်ိန္ထိရွင္ကဝိဓဇကျပန္မလာေသး။ ဓာတ္ဗူးဆိုင္လိုက္ရွာသည္၊ ကံေကာင္းစြာပင္ကား ဂိတ္နားကဆိုင္တစ္ဆိုင္မွာသြားေတြ႔သည္။ တစ္ေထာင့္ငါးရာေပးရပါသည္။ ေငြအားလုံးေပါင္းမွ တစ္ေထာင္ခုႏွစ္ရာပဲရွိသည္။ ျမန္ျမန္ၿပီးျမန္ျမန္ေအးတာပဲေတြးၿပီး ေတာင္းသမွ်ေပးလိုက္ေလသည္။ 


ဓာတ္မွန္ကရေပမယ့္ ဓာတ္ဗူးထဲမွာ နည္းနည္းေတာ့ေခ်ာင္ေနပါသည္။ ေက်ာင္းျပန္ေရာက္ေတာ့ (၉)နာရီ ေတာင္ထိုးေတာ့မွာ၊ ကံေကာင္းတာတစ္ခုက ရွစ္နာရီခြဲလာသိမ္းေနက် ေဝယ်ာဝါစၥလုပ္သားေတြက ဒီည ေနာက္က်ေနသည္။ (၉)နာရီေက်ာ္ေက်ာ္မွာလာသိမ္းသြားေလသည္။ (၉)နာရီခြဲမွဘဲရွင္ကဝိဓဇက ဘယ္က မွန္းမသိေရာက္လာေလသည္။ ခပ္တည္တည္နဲ႔ျပန္လာကာ ဘယ္သူကိုမွအေလးမထားဘဲသူ႔စာသူၾကည့္ ေနသည္။ အားလုံးကသူပစ္လိုက္လို႔ဒီလိုျဖစ္သည္ဟုထင္ၾကပါသည္။ သူမ်ားေက်ာင္းထဲေရာက္ေနသည္မို႔ စကားမမ်ားခ်င္၊ ရန္မျဖစ္ခ်င္ၾကတာနဲ႔ ဘယ္သူမွလည္းဒီအေၾကာင္းေတြကို အေရးလုပ္ၿပီးမေျပာၾကဘူး။ ထိုညသည္တိတ္ဆိတ္စြာပင္စာၾကည့္ၾကေလသည္။ တိကမာတိကာ(ညဝါ)မို႔ ဦးေႏွာက္ကိုကစားၾကသည္။ ဘယ္သူကမွေအာ္မက်က္ၾကဘူး။ ထိုညသည္ တရားခံကဘယ္သူလဲဆိုတာကိုမရွာဘဲ ဓာတ္ဗူးျပႆနာကို တိတ္ဆိတ္စြာသူတို႔ေျဖရွင္းၾကေလသည္။ ထိုျပႆနာကိုသူတို႔ထဲကကိုရင္ေတြကလြဲလို႔ ေဝယ်ဝါစၥလုပ္တဲ့ သူေတာင္မသိၾကဘူး။ တရားခံကိုမရွာျခင္းသည္ တရားခံကိုအေရးမထားလို႔ဆိုသည္ကို ေနာက္တစ္ေန႔က်မွ သိရပါသည္။ ရွင္ကဝိဓဇကို စကားေျပာေနက်လူေတြေတာင္သိပ္မေျပာၾကေတာ့ေပ။ သူကလည္း ဣေျႏၵ တစ္ပိႆာေလာက္ရွိသည့္မ်က္ႏွာနဲ႔ေနေနပါသည္။ စာေမးပြဲေျဖလို႔ၿပီးၿပီးခ်င္း ရွင္ေတေဇာဘာသက ေမြ ေတာ္ေက်ာင္းကိုမျပန္ေတာ့ဘဲ ရွင္ဝိမလ၊ ရွင္ေခမာစာရတို႔နဲ႔အတူပင္ေလာင္းကိုလိုက္သြားေလသည္။ ရွင္ေခမာစာရကိုလာႀကိဳသည့္ကားနဲ႔လို္က္သြားေလသည္။ ရွင္ကဝိဓဇကစာေမးပြဲေျဖတာ ေနာက္ဆုံးမွၿပီး သည္။ စာေမးပြဲၿပီးေတာ့ေမြေတာ္ျပန္မယ့္ကားနဲ႔ ကိုရင္ေတြအားလုံးကေစာင့္ေနၾကၿပီ။ ရွင္ကဝိဓဇက ပ်ာတိ ပ်ာယာနဲ႔ပစၥည္းေတြသိမ္းၿပီးကားေပၚတက္လိုက္ေလသည္။ ေမြေတာ္ေက်ာင္းေရာက္ေတာ့မိုးခ်ဳပ္သြားၿပီ။ ဆရာေတာ္ကိုကန္ေတာ့မွပဲ ရွင္ေတေဇာဘာသနဲ႔ရွင္ဝိမလတို႔ကျပန္သြားၿပီလို႔သိလိုုက္ရသည္။ ပင္ပန္းၾက တာနဲ႔အေစာႀကီးအိပ္ရာဝင္ၾကသည္။ 

ရွင္သူရိယကေနာက္တစ္ေန႔အေစာႀကီးထၿပီးေတာင္ႀကီးတက္သြားေလသည္။ အ႐ုဏ္ဆြမ္းစားၿပီး သည့္ေနာက္ ရွင္ကဝိဓဇသည္ ရွင္ေတေဇာဘာသ၊ ရွင္သူရိယ၊ ရွင္ဝိမလတိို႔မရွိေတာ့သည္ကိုသိေသာအခါ အရိပ္ရပန္းပင္ႀကီးေအာက္တြင္တစ္ပါးတည္းထိုင္ကာ ဘီလူးေခ်ာင္းကိုလွမ္းၾကည့္ေလသည္။ စိတ္ထဲက တစ္ခုခုေတာ့ဟာေနသလိုခံစားရသည္။ အစိုးရစာေမးပြဲေျဖမွသူငယ္ခ်င္းေတြနဲ႔ပိုစိမ္းသြားသလိုခံစာရသည္။ အခုသူတို႔ျပန္သြားေတာ့လည္းတစ္ဦးမွသူ႔ကိုႏုတ္ဆက္မသြားၾကဘူး။ အခ်ိန္မရရင္ေတာင္ တစ္ပါးပါးဆီမွာ တစ္ခုခုေတာ့ေျပာခဲ့သင့္တာေပါ့ဟုစဥ္းစားမိသည္။ စာေမးပြဲၿပီးၿပီျဖစ္လို႔ ဘာစာက်က္စရာမရွိေတာ့သည့္ အခါ အလုပ္လက္မဲ့သူလိုေယာက္ခ်ာခ်ာျဖစ္ေနပါသည္။ ဘီလူးေခ်ာင္းဆီဆင္းသြားသည္၊ ရွင္ေတေဇာဘာ သ အားရပါးရေရကစားေနသည္ကိုျမင္ေယာင္မိသည္။ ေရသိမ္တိုင္ကိုမွီၿပီး ေရကသိုဏ္း႐ႈေနသလို တစ္ဦး တည္းေတြးတတ္သည့္ရွင္သူရိယေနရာကိုလည္းသြားထိုင္ၾကည့္သည္။ ဘီလူူးေခ်ာင္းရဲ႕ဟိုဘက္ကမ္းမွာ ၾကည့္ၿပီး ေျပာခ်င္တာေတြေလွ်ာက္ေျပာတတ္သည့္ရွင္ဝိမလကိုလည္းသတိရေလသည္။ တစ္ဦးတည္းမို႔ ဘယ္သူကိုမွငဲ့စရာမလိုဘဲ ဘီလူးေခ်ာင္းေဘးမွာ အေတြးမ်ားကိုျဖဳန္းတီးေနပါသည္။ ေရခ်ိဳးရာကြပ္ပ်ပ္၊ သစ္သားခုံေပၚထိုင္ၿပီးဘီလူးေခ်ာင္းေရနဲ႔ေျခေတြ၊လက္ေတြကိုေဆးၿပီး စကားတစ္ခြန္းေျပာခဲ့လိုက္သည္။ “ဘီလူးေခ်ာင္းေရ မနက္ျဖန္ကိုရင္ရြာျပန္ေတာ့မယ္၊ ႏုတ္ဆက္ပါတယ္ေနာ္”





ဆက္ရန္ 
အရွင္နႏၵိယ(ဖယ္ခုံ)