Saturday, August 8, 2026

မြေမြှုပ်ဗုံးဒဏ်ကြောင့် ခြေတစ်ဖက်ဆုံးရှုံးခဲ့ရရှာတဲ့ မိခင်တစ်ဦးအား ဘဝပြန်လည်စတင်နိုင်ရန် အကူအညီလိုအပ်နေခြင်း

 

[အရေးပေါ်အကူအညီတောင်းခံခြင်း]

 မြေမြှုပ်ဗုံးဒဏ်ကြောင့် ခြေတစ်ဖက်ဆုံးရှုံးခဲ့ရရှာတဲ့ မိခင်တစ်ဦးအား ဘဝပြန်လည်စတင်နိုင်ရန် အကူအညီလိုအပ်နေခြင်း  

ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာက အပြစ်မဲ့ အရပ်သားအမျိုးသမီးတစ်ဦးဖြစ်သူ (မမိုးမိုး/အမည်လွဲ) ဟာ မမျှော်လင့်ဘဲ မြေမြှုပ်ဗုံးနင်းမိခဲ့တဲ့အတွက်ကြောင့် ဝမ်းနည်းစရာကောင်းလောက်အောင် ခြေထောက်တစ်ဖက် ဖြတ်တောက်လိုက်ရရှာပါတယ်။

သူမမှာ နှစ်နှစ်အရွယ်ကလေးတစ်ယောက်နဲ့ ငါးနှစ်အရွယ်ကလေးတစ်ယောက် ရှိပြီး အမျိုးသားနှင့်အတူနေတဲ့ မိသားစုတစ်ခုရှိပါတယ်။ မိသားစုရဲ့ စားဝတ်နေရေးအတွက်  ရုန်းကန်နေရသည်ဖြစ်၍ ခြေထောက်အတုတပ်ဖို့ငွေကြေးမတတ်နိုင်သည့်အခြေအနေမှာ ကြုံတွေ့နေရပါသည်။ အခုအချိန်မှာ ခြေထောက်တစ်ဖက် မရှိတော့တဲ့အတွက် ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့နဲ့ နေ့စဉ်အလုပ်လုပ်ကိုင်ဖို့ တကယ့်ကို အခက်အခဲကြီးစွာ ရင်ဆိုင်နေရပါတယ်။

သူမအနေနဲ့ ကလေးတွေအတွက် အလုပ် ပြန်လုပ်နိုင်ဖို့ "ခြေထောက်အတု (ခြေတု)" တစ်ဖက် တပ်ဆင်ဖို့ အလွန်လိုအပ်နေပေမယ့် လက်ရှိ စားဝတ်နေရေး ကြပ်တည်းမှုကြောင့် ခြေတုတပ်ဆင်ဖို့ စရိတ်စကကို လုံးဝ (လုံးဝ) မတတ်နိုင်ရှာပါဘူး။ ခြေထောက်တစ်ဘက်ဖြတ်လိုက်သည်မှာ တစ်နှစ်ကြာပြီဖြစ်သော်လည်း ခြေထောက်အတုတပ်ဆင်ရန် မိသားစုနှင့်အတူကြိုးစားပေမယ့် ယခုအချိန်ထိ မတတ်နိုင်သေးပါဘူး။

မိခင်တစ်ယောက်ရဲ့ ဘဝနဲ့ ကလေးငယ်တွေရဲ့ အနာဂတ်အတွက် ခြေတုတစ်ဖက် အမြန်ဆုံး တပ်ဆင်ပေးနိုင်ဖို့ စေတနာရှင် မိဘပြည်သူများအနေနဲ့ တတ်နိုင်သလောက် ဝိုင်းဝန်းကူညီ ပံ့ပိုးပေးကြပါရန် အခြေအနေအရ အရေးတကြီး မေတ္တာရပ်ခံ အကူအညီတောင်းခံအပ်ပါသည်။

သို့ဖြစ်ပါ၍ အကူအညီပေးသောအဖွဲ့အစည်းများ စေတနာရှင်များရှိပါက ဤစာဖြင့် အကူအညီတောင်းအပ်ပါသည်။ အကယ်၍ ထောက်ပံ့ပေးနိုင်ပါက နာမည်၊ လိပ်စာနှင့် သတင်းအချက်အလက်အပြည့်အစုံကို ပို့ပေးပါမည်။ အကူအညီပေးသောအဖွဲ့နှင့်စေတနာရှင်များကို သိရှိပါက လမ်းညွန်ပေးပါရန် တောင်းဆိုအပ်ပါသည်။


အရေးပေါ်အကူအညီတောင်းခံသည့် ဖုန်းနံပါတ်နှင့် အကြောင်းအရာ

“မြေမြှုပ်ဗုံးဒဏ်ကြောင့် ခြေတစ်ဖက်ဆုံးရှုံးခဲ့ရရှာတဲ့ မိခင်တစ်ဦးအား ဘဝပြန်လည်စတင်နိုင်ရန် အကူအညီလိုအပ်နေခြင်း”ခေါင်းစဉ်ဖြင့် အကူအညီတောင်းခဲ့ရာ အလှူငွေလက်ခံသည့် Kpay-နံပါတ်နှင့် အကြောင်းအရာများကို တင်ဆက်ပါမည်။

Kpay- 09682779335 (U Mg Nyan)

 

ဖယ်ခုံမြို့နယ်က ဗုံးနင်းမိ၍ ခြေထောက်တစ်ဘက်ပျက်သွားသည့် မိခင်တစ်ယောက်အတွက် ခြေထောက်အတုတပ်ဖို့ ကြိုးစားရာမှာ စားဝတ်နေရေးအတွက် ငွေကြေးအခက်အခဲရှိလို့ တောင်ငူက အခမဲ့တပ်ပေးမည့်ဆေးရုံမှာ စာရင်းပေးထားပေမယ့် အခုထိမရသေးတာကြောင့် နောက်ထပ် အစီအစဉ်တစ်ခုကို ထပ်ကြိုးစားရပါတယ်။ အဲဒါက အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံကြီး (ရန်ကုန်) နှင့် သန်းကြွယ်ကမ္ဘာကုမ္မဏီက (၇-သုံးလုံး) က ခြေထောက်အတုတပ်လို့ရသည့်အကြောင်းကို ဖယ်ခုံဆေးရုံက နန်းခမ်းလိတ်ကတစ်ဆင့် သိရှိရပါတယ်။

အဲဒါနဲ့ ဆက်စုံစမ်းတော့ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံက အစိုးရဆေးရုံ၊ အခမဲ့လို့ ပြောပါတယ်။ သို့သော် ဆေးခန်းအရင်ပြ၊ ဆေးစစ်တာအရင်လုပ်ရပါမယ်၊ ပြီးရင်လေ့ကျင့်ခန်း တွေလည်း လုပ်ရမယ်၊ ဆေးခန်းကဆရာရဲ့ထောက်ခံချက်ရမှ ဆေးရုံတက်ပြီး ခြေထောက်အတု တပ်ရမယ်လို့ ပြင်ပလူနာ လက်ခံရေးဌာန ‌ဖုန်းဆက်လို့ ပြောပြပါတယ်။ အဲဒီအတွက် ဖယ်ခုံကနေ ရန်ကုန်မှာ ကြာရင်ကြာသလောက် စားသောက်စရိတ်နဲ့ နေရေးစရိတ်တော့ လိုအပ်ပါမယ်။ ဘယ်လောက်ကြာမလဲဆိုတာ မသိတာကြောင့် ဘယ်လောက်ကုန်မလဲဆိုတာလဲ မသိရပါဘူး။

နောက်တစ်ခုက Than Kywe Gabar (777) Company Limited က ပုဂ္ဂလိကဆေးရုံ။ ဒေါက်တာဆန်းထွန်းဦးကို မေးမြန်းကြည့်ရာမှာတော့ အရင်ဆုံးရက်ချိန်းပြီးတော့ အရင်လာတွေ့ရမည်။  ရက်ချိန်း မေးမြန်း စမ်းသပ်တဲ့စရိတ် မပါသေးဘူး၊ ခြေထောက်အတုရဲ့တန်ဖိုးက အမျိုးမျိုးရှိရာက ဒူးအောက်ကခြေတုတွေရဲ့စျေးနှုန်းကတော့ ၁၅-သိန်းကနေ သိန်းနှစ်ရာအထိရှိတယ်။ စျေးအချိုဆုံးဖြစ်တဲ့ ဂရု စီအမျိုးအစားတွေထဲမှာ (၁၅- သိန်း၊ ၂၅-သိန်း၊ ၃၅-သိန်းလို့) အမျိုးအစားထပ်ခွဲပါတယ်။ အကယ်၍ အဲဒီဆေးရုံရောက်ခဲ့ရင် အဲဒီထဲက တစ်ခုခုဘဲ ယူဖြစ်မယ်ထင်တယ်။ နေထိုင်ရေးနဲ့ စားသောက်ရေးစရိတ်ပါ ထပ်ပေါင်းရင် ဒီထက်တော့ ပိုကုန်မည်။

ဘယ်လိုဘဲဖြစ်ဖြစ် ဘယ်ဆေးရုံမှာဘဲသွားသွား လက်ရှိနေထိုင်တဲ့နေရာ ဖယ်ခုံမှာ မဟုတ်တာကြောင့် အခမဲ့ရခဲ့ရင်တောင် နေရေးစရိတ်နဲ့ စားရေးစရိတ်ကတော့ ရှိကိုရှိထားရမည်ဖြစ်ပါတယ်။ ၈-လပိုင်း၊ ၁၀-ရက်နေ့၊ ၂၀၂၅ တုန်းက ဗုံးနင်းမိတာဖြစ်လို့ တစ်နှစ်ပြည့်ဖို့ တစ်လတောင် မလိုတော့ပါဘူး။ တစ်နှစ်လောက်စောင့်နေတာတောင် ဘာမှဖြစ်မလာသေးတာကြောင့် ခြေထောက်တစ်ဘက်တည်းနဲ့ နေထိုင်လာရတာ အခက်အခဲတွေများလွန်းတာမို့ ကာယကံရှင်အတွက်ရော၊ ကလေးတွေ အတွက်ရော၊ မိသားစုအတွက်ပါ ခြေထောက်တုရှိမှ အဆင်ပြေမှာဖြစ်သည့်အတွက် ခြေထောက်အတုတပ်လို့ရဖို့ ရန်ပုံငွေ ရှာနေခြင်းဖြစ်ပါသည်။

အခုလောလောဆယ်မှာတော့ ရန်ကုန်မြို့၊ မြောက်ဥက္ကလာက ဦးချစ်ကိုကိုဦး၊ ဒေါ်အိအိမွန်၊ သား- မောင်ပြည့်စုံဦး၊ မောင်ခန့်ဇင်သန့် တို့ မိသားစုက ၅-သိန်းကျပ်ဖြင့် ပထမဆုံး မတည်ကာလှူဒါန်းထားပါတယ်။ ခြေထောက်အတုတပ်ရန်အတွက်  Kpay- 09682779335 (U Mg Nyan) ဖြင့် လက်ခံထားမည်ဖြစ်ပါသည်။ ခန့်မှန်းထားသည့် ငွေကြေးလုံလောက်သောအခါ အလှူရှင်နာမည်များကို ထုတ်ပြန်မည်ဖြစ်ပါသည်။ ဒီ Post ရဲ့ Comment box မှာလည်း အလျင်းသင့်သလို တင်ပြပါမည်။ ။

အကယ်၍ ဖုန်းဆက်ပြီး ဆက်သွယ် မေးမြန်းလိုပါက

ဒေါ်ဝင်းရွှေ (လူနာရှင်) ၀၉၆၆၅၈၇၇၃၅၈

ခွန်ရွှေအေး (ထေရဝါဒကုန်းဆုံလူငယ်ဖွံ့ဖြိုးရေးအဖွဲ့ခေါင်းဆောင်) ၀၉၆၈၂၇၇၉၃၃၅

အရှင်နန္ဒိယ (ရွာဦးကျောင်းဆရာတော်) ၀၉၆၆၁၀၅၁၂၇၆ တို့ကို ဆယ်သွယ်နိုင်ပါသည်။

 

 အားလုံးကို ကျေးဇူးတင်ပါသည်။ သွားလမ်းသာ၍ လာလမ်းဖြောင့်ပါစေ၊ ကင်းရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။

 


No comments:

Post a Comment