Saturday, August 8, 2026

ရန်ပုံငွေ ရှင်းတမ်း

 

ရန်ပုံငွေ ရှင်းတမ်း

ကုန်းဆုံလူငယ်ဖွံ့ဖြိုးရေးအဖွဲ့အနေနဲ့ စစ်ဘေးရှောင်ကာလအတွင်း စုထားတဲ့ရန်ပုံငွေတွေထဲက ၂၀၂၅ ခုနှစ်၊ ၇- လပိုင်းအထိ လက်ကျန်ငွေက ၂၃၈၂၂၀၀ (နှစ်ဆယ့်သုံးသိန်း ရှစ်သောင်းနှစ်ထောင်နှစ်ရာ) ကျပ်တိတိ ရှိပါသည်။

ထိုအထဲတွင် ၂၀၂၆၊ သုံးလပိုင်းမှာ ဦးဇင်းဦးနန္ဒိယ မြန်မာပြည်အပြန် လေယာဉ်လက်မှတ်ဖြတ်ဖို့ ၁၄၄၀၀၀၀ (တစ်ဆယ့်လေးသိန်း နှင့်လေးသောင်း) ကျပ် ခဏချေးယူထားပါသည်။

၂၀၂၆၊ ၅-လပိုင်းတွင် မိဘမတတ်နိုင်၍ ပညာရေးအတွက်လိုအပ်နေသော ကျောင်းသူတစ်ဦးကို ငွေကြေး ၁၅၀၀၀၀ (တစ်သိန်း ငါးသောင်း) ကျပ် ထောက်ပံ့ခဲ့ပါသည်။

၂၀၂၆၊ ၆-လပိုင်းတွင် ကုန်းဆုံမူလွန်ကျောင်း ပြုပြင်ရာ၌ ငွေကြေးမလုံလောက်သဖြင့် ပညာရေးအတွက် ဒီရန်ပုံငွေထဲကနေ  ၂၈၀၀၀၀ (နှစ်သိန်းရှစ်သောင်း) ကျပ် ထောက်ပံ့ခဲ့ပါသည်။

၁၄၄၀၀၀+၁၅၀၀၀၀+၂၈၀၀၀၀= ၁၈၇၀၀၀၀။ ခြောက်လပိုင်းအထိ အသုံးပြုခဲ့သောငွေကြေးမှာ  တစ်ဆယ့်ရှစ်သိန်းနှင့် ခုနှစ်သောင်း ဖြစ်ပါသည်။ ထိုကြောင့် ၂၃၈၂၂၀၀ ထဲမှာ ၁၈၇၀၀၀၀ နှုတ်တော့ ၅၁၂၂၀၀ (ငါးသိန်းတစ်သောင်းနှစ်ထောင့်နှစ်ရာ) ကျပ်သာ ကျန်ရစ်ပါသည်။

 

သို့သော် ခုနှစ်လပိုင်းရောက်သောအခါ ဦးဇင်းဦးနန္ဒိယက ယူထားသည့် ၁၄၄၀၀၀၀ (တစ်ဆယ့်လေးသိန်းနှင့် လေးသောင်း) ကျပ်ကို ပြန်လည် ပေးအပ်ခဲ့ပါသည်။ ထိုခုနှစ်လပိုင်းတွင် ကုန်းဆုံမူလွန်ကျောင်း ရန်ပုံငွေပြန်လည်ရရှိလာသဖြင့် မူလွန်ကျောင်းကော်မတီအဖွဲ့ကလည်း ကုန်းဆုံဖွံ့ဖြိုးရေး ရန်ပုံငွေသို့ ၂၅၀၀၀၀ (နှစ်သိန်းငါးသောင်း) ကျပ် ပြန်လည်လှူဒါန်းရန်း ဆုံးဖြတ်ခဲ့ကြပါသည်။ ထို့ကြောင့် ခုနှစ်လပိုင်းတွင် ၁၄၄၀၀၀၀+ ၂၅၀၀၀၀=၁၆၉၀၀၀၀ (တစ်ဆယ့်ခြောက်သိန်းနှင့် ကိုးသောင်း) ကျပ် ရန်ပုံငွေ ပြန်ရရှိပါသည်။

၁၆၉၀၀၀၀+၅၁၂၂၀၀= ၂၂၀၂၂၀၀။ ယခုလက်ရှိ ရန်ပုံငွေက နှစ်ဆယ့်နှစ်သိန်း နှင့် နှစ်ထောင့်နှစ်ရာ ကျပ်တိတိ ရှိပါသည်။

ယခုလက်ရှိအချိန်တွင် စစ်ဘေးရှောင်ခြင်းကိစ္စနှင့် မှိုင်းဗုံးနင်းမိသည့်လူနာများလည်း မရှိတော့သဖြင့် အရေးပေါ်ရန်ပုံငွေမှာ အရေးပေါ်အတွက်အသုံးပြုစရာ မရှိဖြစ်နေပါသည်။ သို့ပေမယ့် ကုန်းဆုံဖွံ့ဖြိုးရေးအတွက် လက်တလော လိုအပ်နေသောနေရာများရှိပါသည်။ ထိုနေရာကို လှူဒါန်းခြင်းဖြင့် ကုန်းဆုံရွာပြန်လည်ထူထောင်ရေးအတွက် အထောက်အကူများစွာ ပြုပါလိမ့်မည်ဟု ယုံကြည်ပါသည်။

ထေရဝါဒကုန်းဆုံကျောင်းတွင် ၁။ ကျောင်းပြုပြင်ရေးရန်ပုံငွေ၊ ၂။ ဓမ္မစကူးလ်ရန်ပုံငွေ၊ ၃။ ရေရှည်ပညာရေးရန်ပုံငွေ နှင့် ၄။ အထွေထွေ ရန်ပုံငွေဟု ရန်ပုံငွေ လေးမျိုး အသစ်ထောင်ထားပါသည်။ ထိုအထဲတွင် ကျောင်းပြုပြင်ရေး ရန်ပုံငွေနှင့် အထွေထွေ ရန်ပုံငွေမှာ ထည့်ဝင်လှူဒါန်းသူရှိပေမယ့် ဓမ္မစကူးလ်ရန်ပုံငွေနှင့် ရေရှည်ပညာရေးရန်ပုံငွေမှာ ထည့်ဝင်လှူဒါန်းသူမရှိသေးပါ။

ဘုန်းကြီးကျောင်းမှာလုပ်သည့်ဓမ္မစကူးလ်သင်တန်းနှင့် ပညာရေးအတွက်အကူအညီလိုအပ်နေသည့် ကျောင်းသားများကို ထောက်ပံ့သည့်ကိစ္စ တစ်ချို့မှာ အထွေထွေရန်ပုံငွေထဲကငွေနှင့် ကျောင်းထိုင်ဘုန်းကြီးအကုန်ခံနိုင်သလောက်သာ ကျိုးစား၍ လုပ်ပေးနေရသည်ကို တွေ့ရှိရပါသည်။ ယခုလက်ရှိ ဓမ္မစကူးလ်ဆိုရင် အလှူရှင်မရှိသေးဘဲ ကျောင်းမှာရှိတာလေးနှင့် ကျွေးမွေးနေရပါသဖြင့် အကုန်အကျလည်း များပါသည်။ စာရွက်စာတမ်းတွေလည်း အပတ်စဉ်ဝယ်နေရသဖြင့် အသုံးစရိတ်လည်း လိုအပ်နေပါသည်။  ထိုကျန်ရှိနေသော ရန်ပုံငွေများကို လတ်တလော လိုအပ်နေသော ထေရဝါဒကုန်းဆုံကျောင်းက ဓမ္မစကူးလ်ရန်ပုံငွေနှင့် ရေရှည်ပညာရေးရန်ပုံငွေအတွက် လှူဒါန်းဖို့ ဆုံးဖြတ်လိုက်ပါပြီဖြစ်ကျောင်း အများအား အသိပေးအပ်ပါသည်။

ရန်ပုံငွေထဲက ၁၂၀၂၂၀၀ (တစ်ဆယ့်နှစ်သိန်း နှင့် နှစ်ထောင့်နှစ်ရာ) ကျပ်ကို ဓမ္မစကူးလ် ရန်ပုံငွေအတွက် လှူဒါန်းခဲ့ပြီး ကျန်ရှိသည့် ၁၀၀၀၀၀၀ (တစ်ဆယ်သိန်း) ကို ရေရှည်ပညာရေး ရန်ပုံငွေအတွက် လှူဒါန်းလိုက်ပါပြီ။ စစ်ဘေးရှောင်ကာလအတွင်း စုထားသည့် ရန်ပုံငွေများအားလုံး လှူဒါန်းလိုက်ပါပြီ ဖြစ်ကြောင်း အားလုံးကို အသိပေးအပ်ပါသည်။ အကယ်၍ ကုန်းဆုံကျေးရွာအတွက် အရေးပေါ်ကူညီရေးနှင့် အခြားသော အရေးတကြီးကိစ္စများရှိပါက ရပ်ဝေးရပ်နီး အလှူ့ရှင်များ ရွာသူရွာသားများအားလုံးကို ထပ်မံအကြောင်းကြားပေးပါမည်။

ကုန်းဆုံကျေးရွာဖွံ့ဖြိုးတိုးတက်ရေး သာယာလှပရေး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အဖက်ဖက်က ကူညီ ထောက်ပံ့ လှူဒါန်းပေးကြသည့် ရပ်ဝေးရပ်နီး ပြည်သူပြည်သားများအားလုံး နေကောင်းကျန်းမာ စိတ်ချမ်းသာစွာဖြင့် စီးပွားရေး တိုးတက်အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

အားလုံးကို ကျေးဇူးတင်ပါသည်။

ကုန်းဆုံဖွံ့ဖြိုးရေး ကော်မတီအဖွဲ့ 

27.07.2026

 

No comments:

Post a Comment