Monday, June 3, 2024

ကျေးဇူတင်မှတ်တမ်းလွှာ

 

ဆရာလေးဒေါက်တာဒေါ်ဓမ္မရတီနှင့် ဗီယနမ်နိုင်ငံက အလှူ့ရှင်များကို ဝမ်းမြောက်ဝမ်းသာကျေးဇူးတင်ပါသည့် အကြောင်းကို ပထမဦးစွာပြောကြားချင်ပါသည်။ ထိုအလှူ့ရှင်များကို ချိတ်ဆက်ပေးသည့် ဆရာတော် ဦးအရိယဝံသ(‌တောင်သာ) နှင့်တကွ သက်ဆိုင်ရာတာဝန်ရှိသူများထံ အလှူငွေရောက်အောင် ဆောင်ရွက်ပေးသော ဆရာလေးဒေါ်ဓမ္မစာရီ ကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။

ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာက ရွာသားများ စစ်ဘေးရှောင်သည်မှာ ငါးလ၊ ခြောက်လခန့် ကြာခဲ့သည့်နောက်  ရွာကိုလည်း ပြန်သွားခွင့်မရသေးဘဲ စစ်ဘေးရှောင်စခန်းများနှင့် အခြားသောရွာတွေမှာ ခေတ္တတည်းခိုရင်း ထိုတည်းခိုရာနေရာ စခန်းနှင့်ရွာများတွင်လည်း ဗုံးထပ်ပေါက်ကွဲသည့်အတွက် ထပ်ပြေးနေရင်း နှစ်နေရာ၊ သုံးနေရာမက ရွေ့ပြောင်းနေရသဖြင့် သယ်ဆောင်လာသည့် စာနပ်ရိက္ခာများ ပျက်လပ်နေလျက်ရှိပါသည်။ ထိုစားနပ်ရိက္ခာများကို ဖြည့်စည်းနိုင်ရန်အတွက် အ‌ရေးတကြီးအကူအညီများလိုအပ်နေလျက်ရှိရာ သက်ဆိုင်ရာ ကျေးရွာအကြီးအကဲနှင့် တာဝန်ရှိသူများ ကော်မတီဖွဲ့ကာ စစ်ဘေးရှောင်ရွာသားများရန်ပုံငွေ ရှာဖွေသည့်အစီအစဉ်ကိုဧပရယ်လ (၁၄)ရက်နေ့တွင်အတည်ပြုခဲ့ပါသည်။ နိုင်ငံခြားရောက်ရွာသားများနှင့် စေတနာရှင်များကို အလှူခံကာ ရှာဖွေသော်လည်း ရန်ပုံငွေမလှူံလောက်ဘဲ ရုန်းကန်နေခဲ့ရပါသည်။

ထိုစစ်ဘေးရှောင်ရွာသားများ၏ စာနပ်ရိက္ခာအတွက် မြန်မာငွေ ကျပ်သိန်းတစ်ရာ (၁၀၀၀၀၀၀၀ိ) တိတိ လူဒါန်းပေးသော ဒေါက်တာဒေါ်ဓမ္မရတီနှင့်အလှူ့ရှင်များ၊ တာဝန်ယူချိတ်ဆက်ဆောင်ရွက်ပေးသော ဦးအရိယဝံသ (တောင်သာ) နှင့် ဆရာလေးဒေါ်ဓမ္မစာရီ၊ စစ်ဘေးရှောင်ရွာသားများထံ အလှူငွေရောက်အောင်ပို့ပေးသော ဦးသန်းအောင်၊ ကိုရွှေအေးနှင့် ထေရဝါဒကုန်းဆုံလူငယ်အဖွဲ့သားများနှင့် တာဝန်ယူဆောင်ရွက်ပေးသူအားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ထပ်မံပြောကြားအပ်ပါသည်။

အလှူ့ရှင်များ၊ ပေါင်းကူးချိတ်ဆက်ပေးသည့်ပုဂ္ဂိုလ်များ၊ စေတနာဝန်ထမ်းများ အားလုံး နေကောင်းကျန်းမာ စိတ်ချမ်းသာ၍ လိုရာဆန္ဒပြည့်ဝပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ ထိုထိုဒါန၊ ဝေယျာဝါစ္စ ကုသလကြောင့် လောကအကျိုး၊ သာသနာ့အကျိုး ဆထက်တပိုး သယ်ပိုးနိုင်ပြီး၊ သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာသုံးပါး ပွားများနိုင်၍ ဒုက္ခငြိမ်းရာ နိဗ္ဗူတာသို့ လျှင်မြန်စွာ ရောက်ရှိနိုင်ကြပါစေ။

 

အရှင်နန္ဒိယ (ဖယ်ခုံ)

၃၀.၀၅.၂၀၂၄




No comments:

Post a Comment