Thursday, May 16, 2024

ပြည်ပရောက်ကုန်းဆုံရွာသားများ ရန်ပုံငွေ

ပြည်ပရောက်ကုန်းဆုံရွာသားများ ရန်ပုံငွေ

ကုန်းဆုံကျေးရွာဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ တစ်ဖက်တစ်လှမ်းကပါဝင်ကူညီနိုင်ရန်အတွက် ပြည်ပရောက်ကုန်းဆုံရွာသားများအား စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အင်အားများကို ပြသဖို့ တိုက်တွန်းလိုပါသည်။ ကုန်းဆုံကျေးရွာသည် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တွင် ပြည်တွင်းစစ် ကြောင့် ‌ကျေးရွာအတွင်းစစ်မြေသလင်းဖြစ်ခဲ့သဖြင့် ရွာသူရွာသားများ ဘေးကင်းရာနေရာသို့ စစ်ဘေး ရှောင်ရန် ထွက်ခွာသွားခဲ့ရပါသည်။ သို့ဖြစ်ပါ၍ စစ်ဘေးရှောင်ရွာသားများအတွက် အကူအညီ လိုအပ်လျက်ရှိပါသည်။ ထို့အပြင် စစ်ဘေးပြီး၍ ရပ်ရွာထဲပြန်ရောက်လာခဲ့သည်ရှိသော် ရပ်ရွာဖွံ့ဖြိုး ရေးနှင့် သာရေးနာရေး၊ ကျောင်းရေးကန်ရေးစသည့် လူမှုရေးများအတွက် အကူအညီများ လိုအပ်လျက်ရှိပါသည်။

စစ်ဘေးရှောင်ကာလ စားဝတ်နေရေးနှင့် စစ်ဘေးပြီးကာလ ကုန်းဆုံကျေးရွာရှိ ဖွံ့ဖြိုးရေးနှင့် ရပ်ရေးရွာရေးကိစ္စများအတွက် အကူအညီပေးနိုင်ရန် ပြင်ပရောက် ကုန်းဆုံရွာသားများ တတ်အားသမျှ သဒ္ဓါတရား နည်းများမဆို ရန်ပုံ‌ငွေကိစ္စကို ပါဝင်ပေးကြပါရန် နှိုးဆော်အပ်ပါသည်။

ထိုရန်ပုံငွေစာရင်းများကို လအလိုက်ကောက်ခံမှာဖြစ်ပြီး ရရှိသမျှစာရင်းကို ပြန်လည်ထုတ်ပြန်မှာ ဖြစ်ပါသည်။ အသုံးပြုမည့်နေရာနှင့် အသုံးပြုသည့်ကာလကိုလည်း ပြန်လည်တင်ပြမှာ ဖြစ်ပါသည်။

ရန်ပုံငွေကောက်ခံသူစာရင်း

ခွန်ကျော်ခင် (ထိုင်း)၊ --------

ခွန်အုံးဖေ (ထိုင်း)၊ -----------

ခွန်ရွှေငြိမ်း (ထိုင်း)၊ ------------

ခွန်းထွန်းအောင် (ဂျပန်)၊ -----------

နန်မူ (နော်ဝေ)။ -------------

အထက်ဖော်ပြပါ အကြောင်းအရားများနှင့် ပတ်သက်ပြီး အသေးစိတ် မေးမြန်းစုံစမ်းလိုပါက အောက်ဖော်ပြပါ ပုဂ္ဂိုလ်များကို ဆက်သွယ်နိုင်ပါသည်။

အရှင်နန္ဒိယ (သီရိလင်္ကာ)၊ ခွန်သန်းအောင် (ကုန်းဆုံ)၊ နန်းမူ (နော်ဝေး)၊ ကိုအုံးဖေ (ထိုင်း)။


 


No comments:

Post a Comment