Wednesday, May 22, 2024

၂၂.၀၅.၂၀၂၄ နေ့ စစ်ဘေးရှောင်ရွာသားများသို့ အလှူငွေများ ပေးလှူခြင်း မှတ်တမ်း

စာရင်းချုပ် 
 စစ်ဘေးရှောင် အလှူငွေ ၂၅၂၀၀၀၀ ကျပ်။ 
ဓာတ်ဆီ ၂၃၀၀၀ ကျပ်။ 
နေ့လည်စာ ၂၅၀၀၀ ကျပ်။ 
စုစုပေါင်း ၂၅၆၈၀၀၀ ကျပ်။ 

မှတ်ချက် 
အသုံးပြုပြီးငွေ- ၂၅၆၈၀၀၀ ကျပ်။ 
လက်ကျန်ငွေ ၂၁၀၀၀ ကျပ်။ 
စုစု‌ပေါင်း ၂၅၈၉၀၀၀ ကျပ်။ 


 စစ်ဘေးရှောင်များ၏ရင်တွင်းစကားသံ ........... 
ဒီနေ့ ဒီလိုအလှူငွေလက်ခံရရှိသည့်အတွက် ရင်ထဲကအတိုင်းမသိ ဝမ်းသာပီတိ ဖြစ်ပါတယ်။ 
 ဒီလိုခက်ခဲသည့်ကာလမှာ နိုင်ငံခြားရောက်နေတဲ့ သား သမီးများက အခုလိုစုပေါင်းပြီး လှူပေးသည့်အတွက် တစ်ကယ်ပဲကျေးဇူးတင်ပါတယ်။ 
အလုပ်အကိုင် အဆင်ပြေကြပါစေ။ ‌ 
 နေကောင်းကျန်းမာကြပါစေ ဝင်ငွေများများရကြပါစေလို့ဆုတောင်းပေးပါတယ်။

 (ခွန်ရွှေအေးထံမှ တစ်ဆင့်---)





 




Sunday, May 19, 2024

စစ်ဘေးရှောင် ရွာသားများအတွက် ကုန်းဆုံဖွံ့ဖြိုးရေး ကော်မတီ၏ ငါးလပိုင်း အလှူငွေ စာရင်းချုပ် ၁၉.၀၅.၂၀၂၄

၂၉.၀၅.၂၀၂၄ တနင်္ဂနွေနေ့ စုပေါင်းရရန်ပုံငွေ

ထိုင်းနိုင်ငံရောက်ကုန်းဆုံကော်မတီအဖွဲ့မှ အလှူခံရရှိသည့် အလှူငွေစာရင်း (၂၉.၀၅.၂၀၂၄) 

ထိုင်းရောက်ကုန်းဆုံကော်မတီ၏ (၁၉.၀၅.၂၀၂၄) အလှူငွေ စာရင်းချုပ်-

ကုန်းဆုံအရှေ့ရွာ ရငွေ

၉၇၅၀-ဘတ်

ကုန်းဆုံမြောက်ရွာ ရငွေ

၄၄၁၇ -ဘတ်

ကုန်းဆုံတောင်ရွာနှင့်ရွာသစ် ရငွေ

၃၂၀၀ -ဘတ်

စုစုပေါင်း ရငွေ

၁၇၃၆၇ -ဘတ်။

မြန်မာငွေနှင့် လဲလှယ်ရရှိငွေ

၁၉၀၂၀၀၀ -ကျပ်။

 

 

 

စစ်ဘေးရှောင်ကုန်းဆုံရွာသားများအတွက် နိုင်ငံခြားမှ ပေးပို့သောအလှူငွေများ

၁၉.၀၅.၂၀၂၄၊ တနင်္ဂနွေနေ့မှ စုစုပေါင်း လက်ခံရရှိငွေ

စဉ်

ပို့သောနေ့စွဲ

ပို့သောသူ

အလှူငွေ

၁၉.၅.၂၀၂၄

ထိုင်း‌ရောက် ကော်မတီအဖွဲ့ထံမှ

၁၉၀၂၀၀၀ ကျပ်

၁၂.၅.၂၀၂၄

နာင်ဝင်းရီ (စင်ကာပူ)

၂၈၇၀၀၀ ကျပ်

၃၀..၂၀၂၄

မနန်းမူ (နော်ဝေး)

၂၀၀၀၀၀ ကျပ်

၂.၅.၂၀၂၄

ခွန်အောင်မင်း (ဂျပန်)

၁၀၀၀၀၀ ကျပ်

၃.၅.၂၀၂၄

ခွန်အေးမောင် (ကိုးရီးယား)

၅၀၀၀၀ ကျပ်

၁၀.၅.၂၀၂၄

ခွန်ထွန်းအောင် (ဂျပန်)

၅၀၀၀၀ ကျပ်

၁၉.၀၅.၂၀၂၄

စုစုပေါင်း

၂၅၈၉၀၀၀ ကျပ်တိတိ။

 

 

နေရပ်ကလက်ခံရရှိငွေကို ခွန်ရွှေအေးက ထုတ်ပြန်ထားပါသည်။

ဦးဆောင်ဆောင်ရွက်သူ၊ ပါဝင်ကူညီလူဒါန်းသူ၊ ဆောင်ရွက်သူစေတနာဝန်ထမ်းများနှင့် သက်ဆိုင်ရာ ကုသိုလ်ရှင်များအားလုံးကို အထူးပင်ကျေးဇူးတင်ပါသည်။ 


ကုန်းဆုံဖွံ့ဖြိုးရေးကော်မတီမှ စစ်ဘေးရှောင် ကုန်းဆုံကျေးရွာ ရွာသူရွာသားများအတွက် ရန်ပုံငွေကော်ခံဖို့ နှိုးဆော်စာ

အသိပေးနှိုးဆော်စာ 
Date- 19.05.2024 


 ထိုင်းနိုင်ငံသို့ ရောက်ရှိနေထိုင်ကြသော ကုန်းဆုံရွာသူရွာသားမိဘပြည်သူမောင်နှမများခင်ဗျား 
 ကျွန်တော်တို့ ကုန်းဆုံရွာ စစ်ဘေးရှောင်ရွာသူရွာသားများအတွက် စားဝတ်နေရေး အခက်အခဲ ရောက်ရှိ နေပါသဖြင့် ငါးလပိုင်းမှာ ရန်ပုံငွေကောက်ခံသလို ခြောက်လပိုင်းမှာလည်း ဆက်လက်ကောက်ခံမည်ဖြစ်ပါသည်။

 အုတ်တစ်ချပ် သဲတစ်ပွင့်စာ တတ်အားသမျှ ပါဝင်ကူညီနိုင်ရန် အနည်းဆုံးဘတ်ငွေ တစ်ရာ (၁၀၀) နှင့် တစ်ရာအထက် လစဉ်လတိုင်း အလှူငွေအဖြစ် ကောက်ခံသွားပါမည့်အကြောင်း ကျွန်တော်တို့ ထိုင်းနိုင်ငံရှိ ကုန်းဆုံကော်မတီအဖွဲ့မှ အသိပေးအကြောင်းကြားအပ်ပါသည်ခင်ဗျား။ 

 လူကြီးမင်းတို့၏ အလှူငွေများကို အောက်ဖော်ပြပါတာဝန်ယူထားသောပုဂ္ဂိုလ်များမှ တစ်ဆင့် ရွာအလိုက် လက်ခံသွားမည်ဖြစ်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။ 

  အလှူငွေလက်ခံသည့် သူများ 
၁။ ကုန်းဆုံ အရှေ့ရွာ၊ 
ခွန်ရွှေငြိမ်း၊ ဖုန်း-0618377659 ဘဏ်- 7894235500 (SCB) “MISS MOE THU ZAR” 

 ၂။ တောင်ရွာနှင့်ရွာသစ်၊ 
ဦးခွန်ကျော်ခင်၊ ဖုန်း- 0921648150 ဘဏ်- 4044414972 (SCB) “KHON KYAW KHI” 

 ၃။ ကုန်းဆုံမြောက်ရွာ၊ ဦးခွန်အုန်းဖေ၊ ဖုန်း- 0944830701 ဘဏ်- 1153503555 (KBank) “MR. KOWIT HANTULA” 


 မှတ်ချက်။ အလှူငွေများကို ခြောက်လပိုင်း (ဇွန်လ ၃၀ ရက်) နေ့ နောက်ဆုံးထားပြီး ထည့်ဝင်လှူဒါန်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား။ 

  ထိုင်းနိုင်ငံရောက် ကုန်းဆုံ ကော်မတီအဖွဲ့


 

Thursday, May 16, 2024

ပြည်ပရောက်ကုန်းဆုံရွာသားများ ရန်ပုံငွေ

ပြည်ပရောက်ကုန်းဆုံရွာသားများ ရန်ပုံငွေ

ကုန်းဆုံကျေးရွာဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ တစ်ဖက်တစ်လှမ်းကပါဝင်ကူညီနိုင်ရန်အတွက် ပြည်ပရောက်ကုန်းဆုံရွာသားများအား စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အင်အားများကို ပြသဖို့ တိုက်တွန်းလိုပါသည်။ ကုန်းဆုံကျေးရွာသည် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တွင် ပြည်တွင်းစစ် ကြောင့် ‌ကျေးရွာအတွင်းစစ်မြေသလင်းဖြစ်ခဲ့သဖြင့် ရွာသူရွာသားများ ဘေးကင်းရာနေရာသို့ စစ်ဘေး ရှောင်ရန် ထွက်ခွာသွားခဲ့ရပါသည်။ သို့ဖြစ်ပါ၍ စစ်ဘေးရှောင်ရွာသားများအတွက် အကူအညီ လိုအပ်လျက်ရှိပါသည်။ ထို့အပြင် စစ်ဘေးပြီး၍ ရပ်ရွာထဲပြန်ရောက်လာခဲ့သည်ရှိသော် ရပ်ရွာဖွံ့ဖြိုး ရေးနှင့် သာရေးနာရေး၊ ကျောင်းရေးကန်ရေးစသည့် လူမှုရေးများအတွက် အကူအညီများ လိုအပ်လျက်ရှိပါသည်။

စစ်ဘေးရှောင်ကာလ စားဝတ်နေရေးနှင့် စစ်ဘေးပြီးကာလ ကုန်းဆုံကျေးရွာရှိ ဖွံ့ဖြိုးရေးနှင့် ရပ်ရေးရွာရေးကိစ္စများအတွက် အကူအညီပေးနိုင်ရန် ပြင်ပရောက် ကုန်းဆုံရွာသားများ တတ်အားသမျှ သဒ္ဓါတရား နည်းများမဆို ရန်ပုံ‌ငွေကိစ္စကို ပါဝင်ပေးကြပါရန် နှိုးဆော်အပ်ပါသည်။

ထိုရန်ပုံငွေစာရင်းများကို လအလိုက်ကောက်ခံမှာဖြစ်ပြီး ရရှိသမျှစာရင်းကို ပြန်လည်ထုတ်ပြန်မှာ ဖြစ်ပါသည်။ အသုံးပြုမည့်နေရာနှင့် အသုံးပြုသည့်ကာလကိုလည်း ပြန်လည်တင်ပြမှာ ဖြစ်ပါသည်။

ရန်ပုံငွေကောက်ခံသူစာရင်း

ခွန်ကျော်ခင် (ထိုင်း)၊ --------

ခွန်အုံးဖေ (ထိုင်း)၊ -----------

ခွန်ရွှေငြိမ်း (ထိုင်း)၊ ------------

ခွန်းထွန်းအောင် (ဂျပန်)၊ -----------

နန်မူ (နော်ဝေ)။ -------------

အထက်ဖော်ပြပါ အကြောင်းအရားများနှင့် ပတ်သက်ပြီး အသေးစိတ် မေးမြန်းစုံစမ်းလိုပါက အောက်ဖော်ပြပါ ပုဂ္ဂိုလ်များကို ဆက်သွယ်နိုင်ပါသည်။

အရှင်နန္ဒိယ (သီရိလင်္ကာ)၊ ခွန်သန်းအောင် (ကုန်းဆုံ)၊ နန်းမူ (နော်ဝေး)၊ ကိုအုံးဖေ (ထိုင်း)။