Saturday, July 6, 2024

၀၇.၀၆.၂၀၂၄

 နာင်လှဝင်း (ဖုဲင်ခွန်) ကဗျာဖုံး 








Tuesday, July 2, 2024

ခုနှစ်လပိုင်း စစ်ဘေးရှောင် ကူညီရေး အစီအစဉ်

စစ်ဘေးရှောင်ပြည်သူများ လိုအပ်သောအကူအညီများ (၃၀.၀၆.၂၀၂၄)

 

ကုန်းဆုံဖွံ့ဖြိုးရေးအဖွဲ့အနေဖြင့် ဇူလိုင်လထပ်လုပ်သွားမယ့်ဖွံဖြိုးရေးလုပ်ငန်းမှာ အိမ်ခြေပေါင်း (၂၄၄) အိမ်ရှိပါသည်။

လောလောဆယ်ကောက်ထားသောစာရင်းအသစ်မှာ ပူချယ်ရွာတွင် ၁၇၇ အိမ်၊ လွယ်ပသာရွာတွင် ၃၉ အိမ်၊ အခြားသောရွာတွင် ၂၈ အိမ် အားလုံးပေါင်း ၂၄၄ အိမ် ရှိပါသည်။ ထို၂၄၄ အိမ်ထဲတွင် အရင်အကြိမ်က အလှူငွေဖြင့် လှူဒါန်းထားသောအိမ်ထဲတွင် ၁၂၁ အိမ်သည် အလှူငွေ ရရှိပြီးသားဖြစ်ပါသည်။ ကျန်ရှိသော ၁၂၃ အိမ်သည် အလှူငွေဖြင့်လည်းကောင်း၊ အလှူပစ္စည်းဖြင့်လည်းကောင်း တစ်ခါမှ ရရှိခြင်း မရှိသေးပါ။

 

ခြောက်လပိုင်းတွင် မထင်မှတ်သည့် စစ်ပွဲရုတ်တရက် ဖြစ်ပေါ်လာသည့်အတွက် ကုန်းပေါ၊ ဆော်လန် နှင့် လွယ်ထွဲ သုံးရွာတွင်နေထိုင်သော စစ်ဘေးရှောင်ပြည်သူများက အခြားရွာသို့ ထပ်မံ ပြောင်းရွေ့ရပြန်ပါသည်။ စစ်ပွဲတွင် သေနပ်ပစ်ခတ်မှုနှင့် ဗုံးပေါက်ကွဲမှုကြောင့် လက်နက်ထိပြီး ဆေးရုံတက်နေရသည့်သူတွေလည်း ရှိပါသည်။

ထိုစစ်ဘေးရှောင်ပြည်သူများ အခြားဝေးသောရွာသို့ ပြောင်းရွေ့သွားသဖြင့် တစ်ချို့က အဆက်အသွယ် မရရှိသေးပါ။ လောလောဆယ် ဆက်သွယ်လို့ရနေသာ အိမ်ခြေမှာ (၆၀) ဝန်းကျင်ရှိပါသည်။ ထိုအထဲတွင် (၂၈) အိမ်က အရင်တစ်ခေါက်လှူဒါန်းသောအလှူတွင် အလှူငွေမရရှိသေးပါ။ လွယ်ဖြွီ၊ ကောင်ကျော၊ ဆောင်ခါးစသော ရွာများမှာ နေသော စစ်ဘေးရှောင်များလည်း ရှိပါသည်။ သို့သော် ထိုစစ်ဘေးရှောင်များမှာ အရင်တစ်ခေါက် ခြောက်လပိုင်းအလှူထောက်ပံ့ငွေ ရှိထားပါသဖြင့် ဇူလိုင်လ ထောက်ပံ့ရေးအစီအစဉ်တွင် ချန်ထားမည် ဖြစ်ပါသည်။ အကြောင်းရင်းမှာ ပူချယ်ရွာ၊ လွယ်ပသာရွာမှာ ‌အသစ်ရော အဟောင်းပါ ရောက်ရှိလာသော စစ်ဘေးရှောင်များက ပို၍ ဒုက္ခရောက်နေသောကြောင့် ဖြစ်ပါသည်။

ယခုလောလောဆယ်တွင် ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စုထဲကရှိ‌သော ရပ်ရွာထဲတွင် စစ်ဘေးရှောင် ပြည်သူများ အများဆုံးရှိသည့်ရွာမှာ ပူချယ်ရွာနှင့် လွယ်ပသာရွာများ ဖြစ်ပါသည်။ အထူးသဖြင့် ပူချယ်ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်များ အိမ်ထောင်စု (၁၇၇) အိမ်၊ လူဦးရေး သုံးရာ လေးရာခန့်ရှိနေသည်ဖြစ်ရာ၊ အဝီစိတွင်းကမရှိဘဲ ပုံမှန်ခပ်သုံးနေသည့် ရေတွင်းမှာလည်း မိုးရာသီ မိုးကြီးရာကနေ အပြင်ရေနှင့်ရောဝင်သဖြင့် သောက်ရေအတွက် အခက်အခဲ ဖြစ်နေပါသည်။ လူလေးရာခန့်နေထိုင်သည့် နေရာမှာ အိမ်သာအလုံအလောက်မရှိသဖြင့် အိမ်သာအလုံအလောက်ရရှိရန် ကျိုးစားလျက်ရှိပါသည်။ ထို့ကြောင့် ပူချယ်ဘုန်းကြီးကျောင်းတွင် အဝီစိတွင်းနှင့် အိမ်သာတိုးချဲ့ရန် လိုအပ်ပါသည်။ ကျန်းမာရေးအတွက်လည်း အ‌ရေးကြီးပါသဖြင့် အမြန်ဆုံးလိုအပ်နေပါသည်။

 

ဇွန်လသုံးဆယ်ရက်နေ့အထိ ကောက်ရသော စာရင်းအတိအကျမှာ

လွယ်ပသာရွာမှာ လာနေသည့် စစ်ဘေးရှောင်များသည် ကုန်းဆုံရွာက အိမ်ခြေပေါင်း ၂၇ အိမ်၊ ဖယ်ခုံက ၁၂ အိမ် စုစုပေါင်း (၃၉) အိမ်ဖြစ်ပါသည်။

ပူချယ်ရွာတွင် ကုန်းဆုံရွာအိမ်ခြေ ၉၄ အိမ်၊ လုံကာ ၂၁၊ ဖယ်ခုံ ၄၉၊ ကုန်းပေါ ၄၊ နမ်းဖမူ ၅၊ ကုန်းသာ ၄။ စုစုပေါင်း ၁၇၇ အိမ် ဖြစ်ပါသည်။

အခြားရွာသို့ပြောင်းရွေ့သွားသောရွာများမှ အလှူငွေမရရှိသေးသော အိမ်က ၂၈ အိမ် ဖြစ်ပါသည်။ အားလုံးပေါင်း အိမ်ခြေပေါင်း (၂၄၄)အိမ် ဖြစ်ပါသည်။ ခန့်မှန်းခြေ လူဦးရေမှာ ခုနှစ်ရာခန့်ရှိပါမည်။

 

အကျဉ်းချုပ်အားဖြင့် အလှူငွေ မရသေးသဖြင့် ဆက်လက်လှူဒါန်းဖို့ အိမ်ခြေက (၁၂၃) အိမ်။

ပူချယ်ရွာ ဘုန်းကြီးကျောင်းတွင် အဝီစိတွင်း တစ်ခုနှင့် အမျိုးသားသုံး အိမ်သာ အခန်း (၁၀) နှင့် အမျိုးသမီးသုံး အိမ်သာ အခန်း (၁၀) အားလုံးပေါင်း အိမ်သာအခန်းနှစ်ဆယ်အတွက် လှူဒါန်းရန် အကူအညီလိုလျက်ရှိပါသည်။

 

ခန့်မှန်းကုန်ကျစရိတ်

အလှူငွေမရရှိသေးသော အိမ်ခြေ (၁၂၃)အိမ်ကို အလှူငွေ (၆၀၀၀၀ိ)ကျပ်စီလှူပါက အလှူငွေ (၇၃၈၀၀၀၀ိ) ကျပ်တိတိ လိုအပ်ပါသည်။

အဝီစီတွင်းအတွက် ခန့်မှန်းကုန်ကျစရိတ်

တွင်းတူးခ

၁၇၀၀၀၀၀ိ ကျပ်။

 

ရေစုပ်စက်မော်တာ

၈၀၀၀၀၀ိ ကျပ်။

 

ရေ‌လှောင်ကန်

၁၀၀၀၀၀၀ိ ကျပ်။

 

စုစုပေါင်း

၃၅၀၀၀၀၀ိ ကျပ်။

 

ထိုတွင် အနည်းဆုံးခန့်မှန်းထားသည့် ကုန်ကျစရိတ်ဖြစ်ပါသည်။ ဖယ်ခုံမှာ ရေတိုက်ကီဖြင့် အသုံးပြုပါက မြေအနေအထားနှင့် ရေအားအနေအထားများ မညီမျှခြင်းကြောင့် ရေတိုင်ကီများ မကြာခဏ ပျိုလှဲလေ့ ရှိပါသည်။ အခုလိုမိုးရာသီလို အချိန်မျိုးဆိုလျှင် ပို၍ပင် သတိထားရပါသည်။ ထို့ကြောင့် ရေတိုင်ကီထက် ရေလှောင်ကန်က ပိုပြီးစိတ်ချရပါသည်။

 

အိမ်သာအခန်းပေါင်းနှစ်ဆယ် ခန့်မှန်းငွေ

ရေလုံအိမ်သာ အခန်းနှစ်ဆယ်အတွက် အစဉ်အလာရိုးရာအိမ်သာ (သွပ်မိုးသွပ်ကာပုံစံအိမ်သာ) ပြုလုပ်ပါက အိမ်သာအလုံးပေါင်းနှစ်ဆယ်အတွက် သိန်းတစ်ရာဝန်းကျင်ကုန်ကျပါသည်။ သို့သော် ထိုပုံစံမှာ တစ်ခုနှင့်တစ်ခု ပူကပ်၍ လုပ်လို့မရပါ။ ထို့ကြောင့် နေရာ ပိုယူလာသည်။ ဒါ့အပြင် ကျန်းမာရေးအတွက်လည်း စိုးရိမ်ရပါသည်။ အိမ်သာသန့်ရှင်းရေးလုပ်ပါက အချိန်ပိုကုန်၊ ‌‌ရေတွေပိုကုန်ပြီး အိမ်သာအနီးနားက မြေတွေ အမြဲတမ်းစိုစွတ်နေ ပါသဖြင့် လူအများနေထိုင်သည့်နေရာမှာ ရောဂါများ ပိုမိုကူးစက်လာနိုင်ခြေ များပါသည်။

ရေလုံအိမ်သာ အာစီဖြင့်ပြုလုပ်ပါက အခန်းနှစ်ဆယ်အတွက် ကုန်ကျစရိတ်မှာ သိန်းသုံးရာနီးပါးရှိပါသည်။ (၂၈၀၀၀၀၀၀ိ) လို့ ခန့်မှန်းရပါသည်။ ထိုပမာဏမှာ ဖယ်ခုံဒေသနှင့် ယခုလက်ရှိကာလကုန်ကျသည့် ပမာဏ ဖြစ်ပါသည်။ ခေတ်ကာလ ကောင်းသောအချိန်မှာ ဤမျှပမာဏမရှိပါ။ ယခုအချိန်မှာ ဖယ်ခုံတွင် လိုင်းကား၊ ရထားနှင့် အခြားယာဉ်များ ပြေးဆွဲခြင်း၊ သွားလာခြင်း မရှိတော့ပါ။ ထို့ကြောင့် လိုအပ်သည့် ထုံး၊ ဗိလပ်မြေ သံနှင့် ပရိဘောဂများကို ပင်လောင်း၊ အောင်ပန်း၊ တောင်ကြီးစသည့်မြို့တို့မှာ ဝယ်ယူရပါမည် ဖြစ်သောကြောင့် သိန်းသုံးရာနီးပါး ဖြစ်သွားပါသည်။ ထိုအာစီပုံစံအိမ်သာက သန့်ရှင်း‌ရေးလုပ်လျှင်လည်း လွယ်ကူပြီး ရောဂါကူးစက်နိုင်သည့်အခြေအနေ နည်းပါးပါသည်။

စုစုပေါင်းခန့်မှန်းငွေ

အလှူငွေမရရှိသေးသည့် စစ်ဘေးရှောင်မိသားစုအိမ်များ

၁၂၃ အိမ်

၇၃၈၀၀၀၀ိ ကျပ်။

အဝီစိတွင်း

တစ်တွင်း

၃၅၀၀၀၀၀ိ ကျပ်။

ရေလုံအိမ်သာ

အခန်းနှစ်ဆယ်

၂၈၀၀၀၀၀၀ိ ကျပ်။

စုစုပေါင်း

၃၈၈၈၀၀၀၀ိ ကျပ်တိတိ။

 

ထိုပမာဏသည် အများဆုံးလိုအပ်သည့် ပမာဏကို တွက်စခြင်းဖြစ်ပါသည်။ အလှူ့ရှင်၏ တတ်အားသမျှ လှူဒါန်းခြင်း အပေါ်၌သာ မူတည်ပါသည်။ အကယ်၍ တစ်အိမ်ကို လေးသာင်းနှုန်းဖြင့်သာလှူပါက အလှူငွေ (၄၉၂၀၀၀၀ိ)ကျပ်ကုန်ကြမည်ဖြစ်ပြီး၊ အကယ်၍ သုံးသောင်းကျပ်စီလှူဒါန်းပါက အလှူငွေ (၃၆၉၀၀၀၀ိ)ကျပ်သာ ကုန်ကျမည်ဖြစ်ပါသည်။

အိမ်သာကို အမျိုးသားငါးခန်း၊ အမျိုးသမီးငါးခန်းသာ လှူဒါန်းပါက ကုန်ကျစရိတ် (၁၄၀၀၀၀၀၀ိ) ကျပ်သာကုန်ကျမည်ဖြစ်ပါသည်။

ရေလုံအိမ်သာအတွက် ကုန်ကျစရိတ်များပြားလွန်းတာကြောင့် အမျိုးသား ငါးခန်း နှင့် အမျိုးသမီးငါးခန်း၊ စုစုပေါင်း (၁၀) ခန်းစာဘဲ အရင်ပြုလုပ်သွားပါမည်။

ဖယ်ခုံမြို့နယ်က စစ်ဘေးရှောင်ပြည်သူများအတွက် တတ်အားသမျှ လှူဒါန်းပေးဖို့နှင့် မေတ္တာပို့ပေးကြဖို့ တိုက်တွန်းအပ်ပါသည်။ အားလုံးနေကောင်းကျန်းမာ စိတ်ချမ်းသာကြပါစေ။

ကုန်းဆုံဖွံ့ဖြိုး‌ရေးကော်မတီ 

၃၀.၀၆.၂၀၂၄