Monday, May 20, 2019

Pa-O exhibition in Sri Lanka

     Culture festival
        I.            Wedding ceremony
     II.            Fire rocked festival
   III.            Ordination festival

·         Traditional festival
        I.            Water festival
     II.            Lightening activities
   III.            Fire balloon festival

·         Handmade
        I.            Basket
     II.            Piper Betel
   III.            Traditional dram

·         Pa-O national day
        I.            Dancing
     II.            Vocalists
   III.            Queen and king award  

·         Pa-O region
        I.            Life style
     II.            Pagoda  
   III.            Buddhist monk

·         Tradition business
        I.            Rice
     II.            Tealeaf
   III.            Leaf of the sebesten tree
  IV.            Chile
    V.            Market

·         Religious activities
        I.            Full moon day’s activity
     II.            Pay homage to the temple activity
   III.            Kathina ceremony (offer robes)

·         Pa-O people
        I.            Children
     II.            Youths
   III.            Man
  IV.            Woman
    V.            Older people

·         Literature
        I.            Basic training
     II.            TOT training
   III.            Translation of Tipitaka to Pa-O

·         Material
        I.            Turban
     II.            Dram
   III.            Paline (wearing basket)

·         Traditional food
        I.            Hin htok (cooking by papaya life)
     II.            O poune (frying rice)
   III.            Khaunk pout (Making by old rice)
  IV.            Tha Si Hti (Traditional wine) 


Monday, May 6, 2019

မြန်မာ့ဘာသာရေး နဲ့ တက္ကသိုလ်ပညာရေး


မြန်မာ့ဘာသာရေး နဲ့ တက္ကသိုလ်ပညာရေး
နေရာဒေသကွဲရင်ကွဲသလို၊ အခြေအနေချင်းကွာရင်ကွာသလို၊ အချိန်ကာလမတူရင် မတူသလို အတွေ့အကြုံ၊ အမြင်၊ အတွေးတွေကအစ မတူကြဘူးဆိုတာ နားလည်ပါတယ်။ မတူညီတဲ့ အယူအဆတွေကို လက်ခံပြီး လေ့လာမှတ်သား နှိုင်းယှဉ် တင်ပြကြ ဆွေးနွေးကြတာလည်း သင်ယူလေ့လာမှုတစ်မျိုးဘဲ မဟုတ်လား။ တကယ်တော့ ဆွေးနွေးတယ်ဆိုတာ ကိုယ့်အမြင် သူ့အမြင် တင်ပြပြီးဆွေးနွေးကြရတာပဲလေ။ သီရိလင်္ကာနိုင်ငံရောက်မြန်မာကျောင်းသားများနဲ့ ပြောဆိုဆွေးနွေးကြသည့် စကားဝိုင်းထဲကစကားလေးတွေနဲ့ ကျောင်းသားတစ်ဦးရဲ့ အမြင်လေးကိုလည်း တင်ပြကြည့်ချင်တယ်။ အမြင်ကိုတင်ပြသည်မှာ ဆွေးနွေးလို့ရအောင်၊ အယူအဆအသစ်ဖြစ်ရင်လည်း မှတ်ထားလို့ရအောင်လို့ တင်ပြခြင်းသာ ဖြစ်ပါတယ်။ သူတစ်ပါးကို ဝေဘန်ချင်တာ အပြစ်တင်တာမျိုးမဟုတ်ပါဘူး။ ဒါလေးကိုတော့ မတင်ပြခင် ပြောပါရစေ။
နိုင်ငံခြားပညာတော်သင် အထူးသဖြင့် သီရိလင်္ကာရောက်ရှိနေတဲ့ မြန်မာစာသင်သား တက္ကသိုလ်ကျောင်းသား ရဟန်းတော်များတချို့ရဲ့ အမြင်မှာ မြန်မာ့ဘုန်းတော်ကြီး သင်ပညာရေးဟာ ပညာရေးမဆန်ဘဲ ဘာသာရေးဆန်လွန်းတယ်ဆိုတဲ့အမြင် ရှိပါတယ်။ အဲဒီအမြင်တွေကွဲပြားနေခြင်းကြောင့်ဘဲ လုပ်ဆောင်မှုတချို့မှာ အမြင်မတူတာ၊ သဘောထားကွဲလွဲတာတွေ ပိုများလာတယ်။ လူတွေနဲ့ခွဲထားနေတာက မျက်မှောက်ခေတ်လူမှုရေးအမြင်တွေ ချို့တဲ့စေပြီး၊ သင်္ချာ၊ ပထဝီ၊ သိပ္ပံ စတဲ့ လူတစ်ဦးမှာ သိသင့်သိထိုက်တဲ့ အခြေခံအသိပညာတွေ ပြဌာန်းမပေးတာက ခေတ်နဲ့ဆီလျှော်တဲ့အမြင်တွေချို့တဲ့စေတယ်လို့ ပြောကြပါတယ်။ အထူးသဖြင့် ပညာရေးကို တကယ်စိတ်ဝင်စားတဲ့ စာသင်သားတွေရဲ့ စကားဝိုင်းမှာ အမြဲလိုလို ကြားရပါတယ်။
သီရိလင်္ကာ၊ ထိုင်းစတဲ့ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံနဲ့ မဟာယာနဗုဒ္ဓဘာသာနိုင်ငံမှာရော အနောက်တိုင်းနိုင်ငံတွေမှာရော အထူးသဖြင့်တက္ကသိုလ်ကြီးတွေမှာ Buddhist studies က သီးသန့်ဌာနတစ်ခုအနေနဲ့ ရှိပါတယ်။ မြန်မာနိုင်ငံမှာကျတော့ ဗုဒ္ဓဘာသာတက္ကသိုလ်က ဘာသာရေးလက်အောက်မှာ သီးသန့်ရှိနေပြီး တက္ကသိုလ်ကို စာသင်တိုက်တစ်တိုက်ကို အုပ်ချုပ်သလို တစ်စုံတစ်ဦးကအုပ်ချုပ်နေကြတာကို သဘောမတွေ့စရာတွေဖြစ်လာကြပါတယ်။ ပညာရေးစနစ်လည်ပတ်ပုံက လွတ်လပ်မှုမရှိဘူးလို့ မြင်ကြတယ်။
သီရိလင်္ကာနိုင်ငံမှာလည်း မြန်မာနိုင်ငံလိုပါဘဲ ဘုန်းကြီးပညာရေး လူပညာရေးဆိုတာမျိုးရှိပါတယ်။ အခြေခံအဆင့်ပညာရေးမှာဆိုရင် ကိုရင်တွေက ဘုန်းကြီးကျောင်းမှာဘဲ သင်ရပါတယ်။ လူတွေတက်တဲ့စာသင်ကျောင်းမှာ မတက်ရပါဘူး။ အခြေခံပညာရေးအဆင့်ကို အောင်သွားပြီး ရင်တော့ တက္ကသိုလ်ကို ကိုယ်တိုင်စိတ်ကြိုက်ရွေးရတာဘဲ။ တက္ကသိုလ်အဆင့်မှာဆိုရင် လူတွေရော ဘုန်းကြီး သီလရှင်တွေရော အတူတူတက်ကြပါတယ်။ တက္ကသိုလ်ချင်းတူပေမယ့် ဌာနချင်းတူချင်မှတူတာ။ ဌာနချင်းတူရင်တောင် ဘာသာရပ်ချင်းတူချင်မှာတူတာ။ မြန်မာနိုင်ငံမှာတော့ ဘုန်းကြီးသင်ပညာရေး အခြေခံအဆင့်မှာအောင်ပြီးရင်လည်း လူတက္ကသိုလ်မှာ သွားချိတ်ဖို့က လက်မခံနိုင်စရာပါဘဲ။ စောစောကပြောတဲ့ အခြေခံ အသိလေးတွေက ပါမလာဘူးလေ။ ဗုဒ္ဓဘာသာဌာနမရှိတော့ အခြား မေဂျာယူဖို့က မလွယ်။ အဲဒီလိုနဲ့ မြန်မာနိုင်ငံရဲ့ ဘုန်းကြီးပညာရေးက ဘုန်းကြီးအသိုင်းအဝိုင်းအတွက် သီးသန့်ဘဲဖြစ်သွားတာ။ လူတန်းစားပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ၊ စရိုက်ပေါင်းစုံတွေနဲ့ အတူလေ့လာရတဲ့တက္ကသိုလ်မှာ သင်ယူလေ့လာကြတော့ လူမှုရေးရဲ့အမြင်တွေက ပိုအားကောင်းပြီး ကမ္ဘာကို ထိုးဖောက်တဲ့နေရာမှာလည်း သီရိလင်္ကာတို့ ထိုင်းတို့က မြန်မာထက် အများကြီး ရှေ့ရောက်တယ်လို့ မြင်ကြပါတယ်။ အဲဒါကြောင့် လူတွေတက်တဲ့တက္ကသိုလ်တွေမှာ ဗုဒ္ဓဘာသာဌာနတစ်ခု ပြဌာန်းဖို့ ပြောကြပါတယ်။
သီရိလင်္ကာရဲ့ ထိပ်တန်းတက္ကသိုလ်ဖြစ်တဲ့ ပေရာဒနိယ၊ ကေလနိယ၊ ကိုလံဘို တို့မှာ Buddhist studies ရှိတယ်။ အခုချိန်မှာ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တွေမှာ ဗုဒ္ဓဘာသာဌာနတစ်ခုပြဌာန်းဖို့တောင်းဆိုကြည့်ပါလား တော်တော်ကိုခက်ကြလိမ့်မယ်ထင်တယ်။ ခက်ရခြင်းရဲ့အကြောင်းကတော့ အများကြီးရှိမှာပေါ့လေ။ အစဉ်အလာ မရှိတာကလည်း တစ်ကြောင်း၊ မြန်မာယဉ်ကျေးမှုအနေနဲ့လည်း အခက်အခဲတွေများစွာရှိနေတာကလည်း တစ်ကြောင်း၊ ဘာသာရေးမို့ လိုအပ်ရင် ဘုန်းကြီးနဲ့တွဲပြီး အလုပ်မလုပ်ချင်တာကလည်း တစ်ကြောင်း၊ (ဒါကတော့ မပြောလို့သာ၊ သိသာနေပါတယ်၊ ဘုန်းကြီးပြီးရင် ပြီးရမယ်ဆိုတဲ့ ယဉ်ကျေးမှုထဲမှာ အခြေအနေမကြည့်တတ်တဲ့ဘုန်းကြီး၊ တစ်ခုခုဆိုရင် ငါပြီးရင်ပြီးရမယ်ဆိုတဲ့ အတင်းဇွတ်လုပ်တတ်တဲ့ဘုန်းကြီးတွေနဲ့ဆိုရင် လုံးဝကို အဆင်မပြေတာ၊ အဲလိုမဖြစ်ခင် အစကတည်းက ရှောင်ကြတာပေါ့)။ ဘာသာရေးဌာနမှာလိုအပ်တဲ့ ဆရာ၊ ဝန်ထမ်းတွေ မရှိတာလည်း ဖြစ်နိုင်တာပေါ့။ ဖြစ်ဖို့က ကြာလေဦးမယ်။ ပညာရေးမှာဦးဆောင်နိုင်တဲ့စွမ်းရည်ရှိတဲ့ ဘုန်းကြီးတွေလည်း အများကြီးရှိချင်ရှိမှာပါ။ ဒါပေမယ့် လူတွေရဲ့ ယုံကြည်မှုအပိုင်းမှာတော့ အများကြီးမရှိဘူးထင်တယ်။ အဲဒီအချက်လည်း ပါလေမလား။
မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ပတ်သက်ရင် နည်းနည်းမှ အထိအရှမခံတဲ့ကိစ္စကြီးဖြစ်နေသလားလို့။ ဒါတွေက အားနည်းချက်တွေဖြစ်လာတတ်တယ်။ ဗုဒ္ဓဘာသာက မကောင်းတဲ့ဘာသာ လို့ တစ်ခွန်းဘဲ ထပြောကြည့်လိုက်ပါ။ ဟုတ်တာ၊ မဟုတ်တာ အသာထား၊ ဝိုင်းဆဲမည့်သူ၊ လက်ညိုးဝိုင်းထိုးမည့်သူကတစ်ပုံကြီး။ ဗုဒ္ဓဘာသာကို ပညာရေးအသွင်နဲ့လေ့လာမယ်ဆိုရင် ဒီအကျင့်တွေ၊ အမြင်တွေ၊ အတွေးအခေါ်တွေတော့ ပြောင်းရလိမ့်မယ်။ နှိုင်းယှဉ်ရမယ်၊ စိစစ်ရမယ်၊ အားနည်းချက်၊ အားသာချက်ဖော်ထုတ်ရမယ်။ ဆွေးနွေးရမယ်၊ တိုင်ပင်ရမယ်။ ဒီအရာတွေကို မြန်မာနိုင်ငံယဉ်ကျေးမှုက လက်ခံဖို့ အသင့်ရှိပါ့မလား စဉ်းစားစရာ။ ဘုန်းကြီးတွေ့တာ လက်အုပ်မချီလို့ ဗုဒ္ဓဘာသာမဟုတ်တော့သလိုလို၊ ဘုန်းကြီးနားဖြတ်သွားတာ ခေါင်းမငုတ်လို့ လူရိုင်းကြီးဖြစ်တော့မလိုလိုနဲ့ဆိုတော့ လူနဲ့ဘုန်းကြီးနဲ့ တက္ကသိုလ်ထဲမှာ ငြင်းကြခုန်ကြ အယူအဆတွေ ဆွေနွေးကြတဲ့အချိန်မှာ ဘယ်လိုတွေမြင်ကြမလဲ။ လူတက္ကသိုလ်တွေမှာ ဗုဒ္ဓဘာသာဌာတွေထည့်ဖို့က ကျော်ဖြတ်ရမယ့် အသေးအဖွဲအတားအဆီးတွေကလည်း အများကြီး။ ဖွင့်နိုင်ရင်တော့ လူတွေလည်း ဘာသာရေးကို ပညာရေးအသွင် ကောင်းကောင်းလေ့လာလို့ရတာပေါ့။ အချိန်တော့ ယူရပါဦးမယ်ထင်တယ်။
ဗုဒ္ဓတက္ကသိုလ်တွေရှိနေတာဘဲ၊ အခုဆိုရင် အများကြီးပိုပေါ်လာတယ်ဆိုကြပြန်တယ်။ တက္ကသိုလ်တက်တာလောက်က ဘာခက်တာမှတ်လို့လို့ ပြောလို့ရတာပေါ့။ အဲဒါကို ပိုပြီးမကြိုက်ကြတာ။ ပိုက်ဆံရှိလို့ထလုပ်လိုက်တယ်၊ အခြေအနေပေးလို့ထလုပ်လိုက်တယ်၊ သင်ပြမယ့်ဆရာတွေက ဘယ်သူတွေလဲ၊ ဘယ်ကခေါ်တာလဲ၊ သင်ဆိုင်ရာအတန်းမှာ သင်ပြသင့်တဲ့အရည်အချင်း၊ အတွေ့အကြုံရှိပြီလား၊ ပြဌာန်းမည့် ဘာသာရပ်ကကော ဘာတွေလဲ စသည်မေးခွန်းတွေပြန်ထုတ်ကြတယ်။ ဒီမေးခွန်းတွေတက်လာတော့ ခံရတဲ့သူဘက်ကနေ နာနေကျတဲ့သူလည်း ရှိလာတယ်။ မင်းတို့ကဆရာကြီးတွေလား၊ အဲလိုတတ်နေရင် ပြန်လုပ်ပါလား။ သူများလုပ်တာကိုအပြစ်ဘဲ ထိုင်ပြောနေကြတယ်၊ ဝေဘန်ကြတယ်လို့ မြင်သွားတဲ့သူတွေလည်းရှိတယ်။
ဒီလိုတွေပြောနေကြတာဟာလည်း တကယ်တော့မြန်မာနိုင်ငံ စာချဆရာတော်တွေရဲ့ အရည်အချင်းကို မယုံတာ မဟုတ်ပါဘူး။ ဆရာကိုထုတ်ပြပြီး ကျောင်းသားခေါ်တာမျိုးရှိပြီလားလို့ မေးကြတာ။ ဘယ်သူသင်မှန်းမသိဘဲ ဟိုအထဲရောက်မှ သင်ချင်တဲ့သူသင်လိမ့်မယ်ဆို တာမျိုးဘဲလား။ တက္ကသိုလ်ဆိုတာက ကျောင်းသားကိုယ်တိုင်က ဆရာကိုရွေးရမှာပါ။ ဘယ်ဆရာက ဘယ်လိုတော်တယ်၊ ဘယ်ဘာသာရပ်မှာ ကျွမ်းကျင်တယ်ဆိုတာကအစပေါ့။ ဘယ်ဆရာမှန်းမသိဘဲ သင်ပေးတဲ့သူကိုယ့်ဆရာပဲ ဆိုတာမျိုးဆိုရင် ကျောင်းသားဘက်က ဆရာရွေးချယ်ခွင့်မရှိသလိုဖြစ်နေတာပေါ့။ နောက်ပြီးတော့ ဘာသာရပ်တွေစိတ်ကြိုက် ရွေးချယ်ခွင့်ရှိလား၊ တက္ကသိုလ်က ဘာသာရပ်ခြောက်မျိုးခွဲပြီးပြဌာန်းထားတယ်။ ခြောက်ခုဘဲရှိလို့ အကုန်လုံးယူရမယ်ဆိုရင် ကျောင်းသားဘက်က ဘာသာရပ်မှာကော စိတ်ကြိုက်ရွေးချယ်ခွင့် မရှိဖြစ်သွားမယ်။
အခုမှထဖွင့်တဲ့တက္ကသိုလ်၊ တစ်နှစ်၊ နှစ်နှစ်နဲ့ MA, PHD စသည်လက်ခံနေပြီ။ ဒီလိုတွေရှိနေတာဘဲလေ။ ပညာရေးဘက်ကို တကယ်စိတ်ဝင်စားတဲ့သူတွေက မေးခွန်းထုတ်ကြမှာပေါ့။ အပြုသဘောမဆောင်ဘဲ အပြစ်ပြောနေကြတာ မဟုတ်ပါဘူး။ Academic နယ်ပယ်မှာ Research ကောင်းကောင်းရှိရဲ့လားပေါ့။ အချိန်တန်လို့ ဘွဲ့ပေးရမည့် တက္ကသိုလ်မျိုးဘဲ ဖြစ်မလာနိုင်ဘူးလားပေါ့။ ဦးဆောင်တဲ့သူကော တက္ကသိုလ်ပညာရေးနဲ့ ပတ်သက်လို့ ဘယ်လောက်သိထားလဲ၊ အတွေ့အကြုံဘယ်လောက်ရှိလဲ၊ တက္ကသိုလ်မှာ အုပ်ချုပ်ရေးကဏ္ဍ၊ သင်ကြားရေးကဏ္ဍတွေ အတွေ့အကြုံရှိလား စသည်ပေါ့။ မရှိရင် ဆရာဘယ်လို့ခန့်မလဲ၊ ဖွဲ့စည်းပုံတွေဘယ်လိုတည်ဆောက်ကြမလဲ။ ဒီမေးခွန်းတွေက ပညာရေးအမွေဆက်လက်ခံယူမယ့် မျိုးဆက်သစ် စာသင်သားတွေရဲ့အကျိုးကို မျှော်ကြည့်ပြီး မေးတဲ့မေးခွန်းတွေပါ။ အပြစ်မြင်စရာ မရှိပါဘူး။
မြန်မာနိုင်ငံမှာ ဆရာခန့်တဲ့စနစ်ကို သဘောမကျကြတာတစ်ခုရှိတယ်။ အထူးသဖြင့် ဘယ်အတန်းမှာပြရင် ဘာဘွဲ့ရရမယ်ဆိုတာမျိုး။ အရည်အချင်းထက် အပေါ်ယံဂုဏ်တွေကို အသားပေးလွန်းအားကြီးတယ်။ ပညာရေးဌာနကမှ မဟုတ်ပါဘူး၊ အခြားနေရာတွေမှာလည်း ဒီလိုပါဘဲ။ အလုပ်ရဖို့က ဘွဲ့တစ်ခုခုမရလို့ကတော့ နောက်ပြန်လှည့်ရတာဘဲ။ အရည်အချင်းဘယ်လောက်ဘဲရှိရှိ ဘွဲ့ရမထားဘဲနဲ့တော့ လစာနည်းတဲ့အလုပ်၊ ပိုပြီးပင်ပန်းရတဲ့အလုပ်ဘဲ ရမှာ။ အဲလိုနဲ့ဘွဲ့တစ်ခုခုရဖို့ ကြိုးစားရတာပေါ့။ အဝေးသင်တွေပေါ်လာတာကလည်း ခေတ်ရဲ့တောင်းဆိုချက်လို့ ပြောရတော့မလို။ ဘွဲ့တံဆိပ်ကြည့်ပြီး လူကိုတန်ဖိုးဖြတ်တဲ့အလေ့အထက မြန်မာရဲ့လူမှုအသိုင်းအဝန်းထဲက ယဉ်ကျေးမှုတစ်ခုလို စိမ့်ဝင်နေပါပြီ။ အဲဒီရဲ့အကျိုးဆက်က ဘွဲ့တံဆိပ်ကို ငွေနဲ့ပစ်ပေါက်ပြီး ယူလာတာတွေ ဖြစ်လာကြတယ်။
ဒီမှာကတော့ ဒေါက်တာဘွဲ့ရတိုင်းလည်း ကထိကမဖြစ်ကြပါဘူး။ အရည်အချင်းမပြည့်လို့ကတော့ ဘယ်လောက်ဘဲအသက်ကြီးကြီး၊ ဘယ်လောက်ဘဲချမ်းသာချမ်းသာ၊ ဒေါက်တာဘွဲ့ဘယ်နှစ်ခုဘဲ ရရ ကထိကမခန့်ပါဘူး။ တစ်ချို့ Senior lecturer တွေတောင် PhD ဘွဲ့မရကြဘူး။ အရည်အချင်းရှိရင် တက္ကသိုလ်တွေက ခေါ်ကြတယ်။ သူတို့တွေက PhD ကျောင်းသားတွေကို အများကြီးမွေးထုတ်ပေးနိုင်တယ်။ အားလုံးလည်း သိကြမှာပါ၊ စိတ်မကောင်းစရာ ကြားနေရတာတစ်ခုက ဖြေရမယ့်အက်ဆေးကို အလွတ်ကျက်နေရတဲ့ တက္ကသိုလ်လည်း ရှိနေတာပဲလေ။ ဆရာက ဒီအတိုင်းဖြေ၊ ဒီအာဘော်တွေမပါရင် အမှတ်မပေးဘူးဆိုလို့ စာမေးပွဲအောင်ဖို့အတွက် အက်ဆေးတောင် ကိုယ့်အာဘော်နဲ့ကိုယ်၊ ကိုယ့်အယူအဆနဲ့ ကိုယ်တောင် မရေးရဘူးလေ။ ဒါတွေကကော အရည်အသွေးမှီတယ်လို့ ပြောမလား။ ဒါတွေကို ဘယ်သူ့ကို အပြစ်ပြောမလဲ။ ဆရာအပြစ်လို့ ပြောလိုက်ရင် အစဉ်အဆက် အများကြီးထိသွားမယ်။ တစ်ဦးတစ်ယောက်တည်းမှားတဲ့ကိစ္စမဟုတ်ဘူး။ စနစ်ကြီးတစ်ခုလုံးက မှားနေတာ။ ဒီလိုစနစ်ကြီးကို လက်ညိုးထိုးပြီး ပြုပြင်ဖို့ထောက်ပြတဲ့နေရာမျိုးမှာ ဇာတ်ဝင်နာနေတာမျိုးတွေ မလုပ်ရဘူး။ လူကို အပြစ်ဘို့နေတာ မဟုတ်လို့။
နိုင်ငံခြားမှာပညာသင်တယ်ဆိုတာလည်း မတူတဲ့အမြင်တွေ၊ ရှုထောင့်တွေ၊ ချဉ်းကပ်ပုံတွေကို လေ့လာချင်တာလည်း ပါပါတယ်။ ပြည်တွင်းမှာ တက္ကသိုလ်တွေဘယ်လောက်များများ နိုင်ငံတကာနဲ့ရင်ပေါင်တန်းနိုင်တဲ့ အမြင်မျိုး၊ ရှုထောင့်မျိုး၊ ချဉ်းကပ်ပုံတွေ မပေးနိုင်ရင် ရိုးရာပညာရေးစနစ်ကို လက်ဆင့်ကမ်းနေသလိုဘဲ ခံစားနေရမှာဘဲ။ အင်္ဂလိပ်လိုသင်လို့ ဘာသာစကားဘဲ ပြောင်းချင်ပြောင်းသွားမယ် အမြင်တွေက ဒီအမြင်တွေဘဲ ဆိုရင်တော့ နိုင်ငံခြားထွက်တဲ့သူတွေ များနေဦးမှာပါဘဲ။
“ပညာတတ်တွေကလည်း ကိုယ့်မာနနဲ့ကိုယ်၊ ဘယ်သူ့ကိုမှ အောက်ကျို့မခံချင်ဘူး။ ပိုက်ဆံရှိတဲ့ သူကလည်း ကိုယ့်မာနနဲ့ကိုယ်၊ ဘယ်သူ့ကိုမှ အောက်ကျို့မခံချင်ကြဘူး။ နှစ်ဦးပေါင်းလိုက်တော့ ဘယ်သူမှ အဆင့်မီမီ ပညာရေးဖြစ်မလာတော့ဘူး” ဒီစကားကလည်း ပြောနေကြစကားထဲက တစ်ခု။ တက္ကသိ်ုလ်မလုံလောက်လို့ ပြည်ပမှာ ကျောင်းသွားတက်ရတယ်ဆိုတဲ့ အမြင်လေးတွေလည်း ရှိတယ်။ အဲဒါကြောင့်တက္ကသိုလ်ထောင်ပေးတာလို့ပြောတာမျိုးလည်း ရှိတယ်။ တစ်ချို့က အပြင်မှာ လေလွင့်နေမှာစိုးလို့ တက္ကသိုလ်ထောင်ပေးတာလို့လည်း ဆိုကြတယ်။ ဒီလိုနဲ့ ကိုယ့်တက္ကသိုလ်မှာ ကိုယ့်စနစ်နဲ့ကိုယ်ပဲ ဖြစ်သွားကြတာပေါ့။ ဘယ်အဆင့်မှာ ဘာတွေ ဘာတွေပါရမယ်။ ဒီအဆင့်ပြီးရင် ဒီအသိတွေရှိပြီးသားဖြစ်နေရမယ်ဆိုတာမျိုး အားလုံးဘုံတူ သတ်မှတ်ထားတာမျိုး မရှိတော့ ဟိုတက္ကသိုလ်ကပြီးတော့လည်း ဒီတက္ကသိုလ်ကအသိအမှတ်မပြု၊ ဒီတက္ကသိုလ်က ဒီအဆင့်ပြီးတော့လည်း ဟိုတက္ကသိုလ်က အသိအမှတ်မပြု။ နောက်ဆုံးတော့ ကိုယ့်တက္ကသိုလ်နဲ့ကိုယ်၊ ကိုယ့်အဖွဲ့နဲ့ကိုယ် ဖြစ်သွားလေရော။ ဆိုတော့ ငါတို့ပညာရေးက သူများနဲ့မရောဘဲ၊ ကိုယ့်ဟာကိုယ် သီးသန့်ဖြစ်နေတဲ့ ပညာရေးတွေဖြစ်ဦးမှာပဲ။
တစ်ချို့ကိစ္စတွေမှာက တစ်ခါတည်း ပြောင်းလဲပစ်လိုက်လို့ရတယ်၊ တစ်ချို့ကိစ္စတွေမှာကျတော့ တဖြေးဖြေးပြောင်းလဲအောင်ကြိုးစားရတယ်။ တစ်ချို့ကိစ္စတွေမှာတော့ တစ်စုံတစ်ဦးက ထလုပ်လိုက်လို့ရတယ်။ တစ်ချို့ကိစ္စတွေကျတော့ အားလုံးပြိုင်တူတွန်းမှ ရွေ့နိုင်တယ်။ စနစ်တစ်ခုအောက်မှာ အသားကျသွားတဲ့ အလေ့အကျင့်တွေ၊ အတွေးအခေါ်တွေကျတော့ တစ်ခါတည်းပြောင်းလဲလို့ရတဲ့အရာတွေမဟုတ်ဘူး။ တစ်ဦးတည်းထလုပ်လို့ရတဲ့ကိစ္စလည်း မဟုတ်ဘူး။ ဒီလိုပညာရေးတစ်ခုပြုပြင်ပြောင်းလဲဖို့ဆိုတာလဲ ဒီလိုပါပဲ။ တက္ကသိုလ်ပညာရေးတစ်ခုတည်ထောင်တယ်ဆိုတာက Traditional way ကနေ Academic way ပညာရေးကို တည်ဆောက်တာပဲမဟုတ်ဘူးလား။ အားလုံးကပြိုင်တူတွန်းမှ ရွေ့နိုင်တာပါ။ တစ်ဖြေးဖြေးပြောင်းလဲယူရမယ့် ကိစ္စပါ။ ဒီလိုအများဆိုင်ကိစ္စတွေကို တစ်ဦးတည်းအကြံပေးရုံ၊ တစ်ဦးတည်း ထလုပ်လိုက်ရုံနဲ့ မရပါဘူး။ မတူတဲ့အကြံအဉာဏ်တွေ၊ အယူအဆတွေကို လက်ခံရမှာပါ။ အားလုံးထဲက ကိုယ်နဲ့အနီစပ်ဆုံး၊ အသတ်နိုင်ဆုံး၊ အကောင်းဆုံးတစ်ခုကို ရွေးချယ်ရမှာပါ။ အဲဒါကြောင့် ဒီလိုတင်ပြချက်တွေကိုလည်း အပြစ်မမြင်စေချင်ပါဘူး။
ဒါကတော့ သီရိလင်္ကာနိုင်မှာ ပညာသင်နေတဲ့ မြန်မာကျောင်းသား ရဟန်းတစ်ပါးရဲ့ အမြင်ပါ။ အမှားပါရင် ပြုပြင်ပေးကြပါဦးလို့ ဖိတ်ကြားပါတယ်။ စာအရှည်ကြီးကို ဖတ်ပေးတဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ်။
(မှန်ချက်။ ။ သီတင်းသုံးဖော်များနဲ့ဆွေးနွေးခဲ့သော ပညာရေးစကားဝိုင်း နဲ့ သီရိလင်္ကာရောက် မြန်မာရဟန်းတော်တစ်ချို့ရဲ့ ပညာရေးဆောင်းပါးများကို မှီငြမ်း၍ ရေးသားခြင်းဖြစ်ပါကြောင်း)။ ။
Nandiya Bhikkhu
အရှင်နန္ဒိယ (ဖယ်ခုံ)
06.05.2019 00:15:00 AM





ေနရာေဒသကြဲရင္ကြဲသလို၊ အေျခအေနခ်င္းကြာရင္ကြာသလို၊ အခ်ိန္ကာလမတူရင္ မတူသလို အေတြ႔အႀကံဳ၊ အျမင္၊ အေတြးေတြကအစ မတူၾကဘူးဆိုတာ နားလည္ပါတယ္။ မတူညီတဲ့ အယူအဆေတြကို လက္ခံၿပီး ေလ့လာမွတ္သား ႏိႈင္းယွဥ္ တင္ျပၾက ေဆြးေႏြးၾကတာလည္း သင္ယူေလ့လာမႈတစ္မ်ိဳးဘဲ မဟုတ္လား။ တကယ္ေတာ့ ေဆြးေႏြးတယ္ဆိုတာ ကိုယ့္အျမင္ သူ႔အျမင္ တင္ျပၿပီးေဆြးေႏြးၾကရတာပဲေလ။ သီရိလကၤာႏုိင္ငံေရာက္ျမန္မာေက်ာင္းသားမ်ားနဲ႔ ေျပာဆိုေဆြးေႏြးၾကသည့္ စကားဝိုင္းထဲကစကားေလးေတြနဲ႔ ေက်ာင္းသားတစ္ဦးရဲ႕ အျမင္ေလးကိုလည္း တင္ျပၾကည့္ခ်င္တယ္။ အျမင္ကိုတင္ျပသည္မွာ ေဆြးေႏြးလို႔ရေအာင္၊ အယူအဆအသစ္ျဖစ္ရင္လည္း မွတ္ထားလို႔ရေအာင္လို႔ တင္ျပျခင္းသာ ျဖစ္ပါတယ္။ သူတစ္ပါးကို ေဝဘန္ခ်င္တာ အျပစ္တင္တာမ်ိဳးမဟုတ္ပါဘူး။ ဒါေလးကိုေတာ့ မတင္ျပခင္ ေျပာပါရေစ။

ႏိုင္ငံျခားပညာေတာ္သင္ အထူးသျဖင့္ သီရိလကၤာေရာက္ရွိေနတဲ့ ျမန္မာစာသင္သား တကၠသိုလ္ေက်ာင္းသား ရဟန္းေတာ္မ်ားတခ်ိဳ႕ရဲ႕ အျမင္မွာ ျမန္မာ့ဘုန္းေတာ္ႀကီး သင္ပညာေရးဟာ ပညာေရးမဆန္ဘဲ ဘာသာေရးဆန္လြန္းတယ္ဆိုတဲ့အျမင္ ရွိပါတယ္။ အဲဒီအျမင္ေတြကြဲျပားေနျခင္းေၾကာင့္ဘဲ လုပ္ေဆာင္မႈတခ်ိဳ႕မွာ အျမင္မတူတာ၊ သေဘာထားကြဲလြဲတာေတြ ပိုမ်ားလာတယ္။ လူေတြနဲ႔ခြဲထားေနတာက မ်က္ေမွာက္ေခတ္လူမႈေရးအျမင္ေတြ ခ်ိဳ႕တဲ့ေစၿပီး၊ သခၤ်ာ၊ ပထဝီ၊ သိပၸံ စတဲ့ လူတစ္ဦးမွာ သိသင့္သိထိုက္တဲ့ အေျခခံအသိပညာေတြ ျပဌာန္းမေပးတာက ေခတ္နဲ႔ဆီေလွ်ာ္တဲ့အျမင္ေတြခ်ိဳ႕တဲ့ေစတယ္လို႔ ေျပာၾကပါတယ္။ အထူးသျဖင့္ ပညာေရးကို တကယ္စိတ္ဝင္စားတဲ့ စာသင္သားေတြရဲ႕ စကားဝိုင္းမွာ အၿမဲလိုလို ၾကားရပါတယ္။
သီရိလကၤာ၊ ထိုင္းစတဲ့ေထရဝါဒဗုဒၶဘာသာႏုိင္ငံနဲ႔ မဟာယာနဗုဒၶဘာသာႏုိင္ငံမွာေရာ အေနာက္တိုင္းႏိုင္ငံေတြမွာေရာ အထူးသျဖင့္တကၠသိုလ္ႀကီးေတြမွာ Buddhist studies က သီးသန္႔ဌာနတစ္ခုအေနနဲ႔ ရွိပါတယ္။ ျမန္မာႏုိင္ငံမွာက်ေတာ့ ဗုဒၶဘာသာတကၠသိုလ္က ဘာသာေရးလက္ေအာက္မွာ သီးသန္႔ရွိေနၿပီး တကၠသိုလ္ကို စာသင္တိုက္တစ္တိုက္ကို အုပ္ခ်ဳပ္သလို တစ္စုံတစ္ဦးကအုပ္ခ်ဳပ္ေနၾကတာကို သေဘာမေတြ႔စရာေတြျဖစ္လာၾကပါတယ္။ ပညာေရးစနစ္လည္ပတ္ပုံက လြတ္လပ္မႈမရွိဘူးလို႔ ျမင္ၾကတယ္။

သီရိလကၤာႏုိင္ငံမွာလည္း ျမန္မာႏိုင္ငံလိုပါဘဲ ဘုန္းႀကီးပညာေရး လူပညာေရးဆိုတာမ်ိဳးရွိပါတယ္။ အေျခခံအဆင့္ပညာေရးမွာဆိုရင္ ကိုရင္ေတြက ဘုန္းႀကီးေက်ာင္းမွာဘဲ သင္ရပါတယ္။ လူေတြတက္တဲ့စာသင္ေက်ာင္းမွာ မတက္ရပါဘူး။ အေျခခံပညာေရးအဆင့္ကို ေအာင္သြားၿပီး ရင္ေတာ့ တကၠသိုလ္ကို ကိုယ္တိုင္စိတ္ႀကိဳက္ေရြးရတာဘဲ။ တကၠသိုလ္အဆင့္မွာဆိုရင္ လူေတြေရာ ဘုန္းႀကီး သီလရွင္ေတြေရာ အတူတူတက္ၾကပါတယ္။ တကၠသိုလ္ခ်င္းတူေပမယ့္ ဌာနခ်င္းတူခ်င္မွတူတာ။ ဌာနခ်င္းတူရင္ေတာင္ ဘာသာရပ္ခ်င္းတူခ်င္မွာတူတာ။ ျမန္မာႏိုင္ငံမွာေတာ့ ဘုန္းႀကီးသင္ပညာေရး အေျခခံအဆင့္မွာေအာင္ၿပီးရင္လည္း လူတကၠသိုလ္မွာ သြားခ်ိတ္ဖို႔က လက္မခံႏုိင္စရာပါဘဲ။ ေစာေစာကေျပာတဲ့ အေျခခံ အသိေလးေတြက ပါမလာဘူးေလ။ ဗုဒၶဘာသာဌာနမရွိေတာ့ အျခား ေမဂ်ာယူဖို႔က မလြယ္။ အဲဒီလိုနဲ႔ ျမန္မာႏိုင္ငံရဲ႕ ဘုန္းႀကီးပညာေရးက ဘုန္းႀကီးအသိုင္းအဝို္င္းအတြက္ သီးသန္႔ဘဲျဖစ္သြားတာ။ လူတန္းစားေပါင္းစုံ၊ က႑ေပါင္းစုံ၊ စရုိက္ေပါင္းစုံေတြနဲ႔ အတူေလ့လာရတဲ့တကၠသိုလ္မွာ သင္ယူေလ့လာၾကေတာ့ လူမႈေရးရဲ႕အျမင္ေတြက ပိုအားေကာင္းၿပီး ကမၻာကို ထိုးေဖာက္တဲ့ေနရာမွာလည္း သီရိလကၤာတို႔ ထိုင္းတို႔က ျမန္မာထက္ အမ်ားႀကီး ေရွ႕ေရာက္တယ္လို႔ ျမင္ၾကပါတယ္။ အဲဒါေၾကာင့္ လူေတြတက္တဲ့တကၠသိုလ္ေတြမွာ ဗုဒၶဘာသာဌာနတစ္ခု ျပဌာန္းဖို႔ ေျပာၾကပါတယ္။

သီရိလကၤာရဲ႕ ထိပ္တန္းတကၠသိုလ္ျဖစ္တဲ့ ေပရာဒနိယ၊ ေကလနိယ၊ ကိုလံဘို တို႔မွာ Buddhist studies ရွိတယ္။ အခုခ်ိန္မွာ ရန္ကုန္တကၠသိုလ္၊ မႏၱေလးတကၠသိုလ္ေတြမွာ ဗုဒၶဘာသာဌာနတစ္ခုျပဌာန္းဖို႔ေတာင္းဆိုၾကည့္ပါလား ေတာ္ေတာ္ကိုခက္ၾကလိမ့္မယ္ထင္တယ္။ ခက္ရျခင္းရဲ႕အေၾကာင္းကေတာ့ အမ်ားႀကီးရွိမွာေပါ့ေလ။ အစဥ္အလာ မရွိတာကလည္း တစ္ေၾကာင္း၊ ျမန္မာယဥ္ေက်းမႈအေနနဲ႔လည္း အခက္အခဲေတြမ်ားစြာရွိေနတာကလည္း တစ္ေၾကာင္း၊ ဘာသာေရးမို႔ လိုအပ္ရင္ ဘုန္းႀကီးနဲ႔တြဲၿပီး အလုပ္မလုပ္ခ်င္တာကလည္း တစ္ေၾကာင္း၊ (ဒါကေတာ့ မေျပာလို႔သာ၊ သိသာေနပါတယ္၊ ဘုန္းႀကီးၿပီးရင္ ၿပီးရမယ္ဆိုတဲ့ ယဥ္ေက်းမႈထဲမွာ အေျခအေနမၾကည့္တတ္တဲ့ဘုန္းႀကီး၊ တစ္ခုခုဆိုရင္ ငါၿပီးရင္ၿပီးရမယ္ဆိုတဲ့ အတင္းဇြတ္လုပ္တတ္တဲ့ဘုန္းႀကီးေတြနဲ႔ဆိုရင္ လုံးဝကို အဆင္မေျပတာ၊ အဲလိုမျဖစ္ခင္ အစကတည္းက ေရွာင္ၾကတာေပါ့)။ ဘာသာေရးဌာနမွာလိုအပ္တဲ့ ဆရာ၊ ဝန္ထမ္းေတြ မရွိတာလည္း ျဖစ္ႏုိ္င္တာေပါ့။ ျဖစ္ဖို႔က ၾကာေလဦးမယ္။ ပညာေရးမွာဦးေဆာင္ႏုိင္တဲ့စြမ္းရည္ရွိတဲ့ ဘုန္းႀကီးေတြလည္း အမ်ားႀကီးရွိခ်င္ရွိမွာပါ။ ဒါေပမယ့္ လူေတြရဲ႕ ယုံၾကည္မႈအပိုင္းမွာေတာ့ အမ်ားႀကီးမရွိဘူးထင္တယ္။ အဲဒီအခ်က္လည္း ပါေလမလား။
ျမန္မာႏိုင္ငံမွာ ဘာသာေရးနဲ႔ပတ္သက္ရင္ နည္းနည္းမွ အထိအရွမခံတဲ့ကိစၥႀကီးျဖစ္ေနသလားလို႔။ ဒါေတြက အားနည္းခ်က္ေတြျဖစ္လာတတ္တယ္။ ဗုဒၶဘာသာက မေကာင္းတဲ့ဘာသာ လို႔ တစ္ခြန္းဘဲ ထေျပာၾကည့္လိုက္ပါ။ ဟုတ္တာ၊ မဟုတ္တာ အသာထား၊ ဝိုင္းဆဲမည့္သူ၊ လက္ညိဳးဝိုင္းထိုးမည့္သူကတစ္ပုံႀကီး။ ဗုဒၶဘာသာကို ပညာေရးအသြင္နဲ႔ေလ့လာမယ္ဆိုရင္ ဒီအက်င့္ေတြ၊ အျမင္ေတြ၊ အေတြးအေခၚေတြေတာ့ ေျပာင္းရလိမ့္မယ္။ ႏိႈင္းယွဥ္ရမယ္၊ စိစစ္ရမယ္၊ အားနည္းခ်က္၊ အားသာခ်က္ေဖာ္ထုတ္ရမယ္။ ေဆြးေႏြးရမယ္၊ တိုင္ပင္ရမယ္။ ဒီအရာေတြကို ျမန္မာႏုိုင္ငံယဥ္ေက်းမႈက လက္ခံဖို႔ အသင့္ရွိပါ့မလား စဥ္းစားစရာ။ ဘုန္းႀကီးေတြ႔တာ လက္အုပ္မခ်ီလို႔ ဗုဒၶဘာသာမဟုတ္ေတာ့သလိုလို၊ ဘုန္းႀကီးနားျဖတ္သြားတာ ေခါင္းမငုတ္လို႔ လူရုိင္းႀကီးျဖစ္ေတာ့မလိုလိုနဲ႔ဆိုေတာ့ လူနဲ႔ဘုန္းႀကီးနဲ႔ တကၠသိုလ္ထဲမွာ ျငင္းၾကခုန္ၾက အယူအဆေတြ ေဆြေႏြးၾကတဲ့အခ်ိန္မွာ ဘယ္လိုေတြျမင္ၾကမလဲ။ လူတကၠသို္လ္ေတြမွာ ဗုဒၶဘာသာဌာေတြထည့္ဖို႔က ေက်ာ္ျဖတ္ရမယ့္ အေသးအဖြဲအတားအဆီးေတြကလည္း အမ်ားႀကီး။ ဖြင့္ႏုိင္ရင္ေတာ့ လူေတြလည္း ဘာသာေရးကို ပညာေရးအသြင္ ေကာင္းေကာင္းေလ့လာလို႔ရတာေပါ့။ အခ်ိန္ေတာ့ ယူရပါဦးမယ္ထင္တယ္။

ဗုဒၶတကၠသို္လ္ေတြရွိေနတာဘဲ၊ အခုဆိုရင္ အမ်ားႀကီးပိုေပၚလာတယ္ဆိုၾကျပန္တယ္။ တကၠသိုလ္တက္တာေလာက္က ဘာခက္တာမွတ္လို႔လို႔ ေျပာလို႔ရတာေပါ့။ အဲဒါကို ပိုၿပီးမႀကိဳက္ၾကတာ။ ပိုက္ဆံရွိလို႔ထလုပ္လိုက္တယ္၊ အေျခအေနေပးလို႔ထလုပ္လိုက္တယ္၊ သင္ျပမယ့္ဆရာေတြက ဘယ္သူေတြလဲ၊ ဘယ္ကေခၚတာလဲ၊ သင္ဆိုင္ရာအတန္းမွာ သင္ျပသင့္တဲ့အရည္အခ်င္း၊ အေတြ႔အႀကဳံရွိၿပီလား၊ ျပဌာန္းမည့္ ဘာသာရပ္ကေကာ ဘာေတြလဲ စသည္ေမးခြန္းေတြျပန္ထုတ္ၾကတယ္။ ဒီေမးခြန္းေတြတက္လာေတာ့ ခံရတဲ့သူဘက္ကေန နာေနက်တဲ့သူလည္း ရွိလာတယ္။ မင္းတို႔ကဆရာႀကီးေတြလား၊ အဲလိုတတ္ေနရင္ ျပန္လုပ္ပါလား။ သူမ်ားလုပ္တာကိုအျပစ္ဘဲ ထိုင္ေျပာေနၾကတယ္၊ ေဝဘန္ၾကတယ္လို႔ ျမင္သြားတဲ့သူေတြလည္းရွိတယ္။
ဒီလိုေတြေျပာေနၾကတာဟာလည္း တကယ္ေတာ့ျမန္မာႏိုင္ငံ စာခ်ဆရာေတာ္ေတြရဲ႕ အရည္အခ်င္းကို မယုံတာ မဟုတ္ပါဘူး။ ဆရာကိုထုတ္ျပၿပီး ေက်ာင္းသားေခၚတာမ်ိဳးရွိၿပီလားလို႔ ေမးၾကတာ။ ဘယ္သူသင္မွန္းမသိဘဲ ဟိုအထဲေရာက္မွ သင္ခ်င္တဲ့သူသင္လိမ့္မယ္ဆို တာမ်ိဳးဘဲလား။ တကၠသိုလ္ဆိုတာက ေက်ာင္းသားကိုယ္တိုင္က ဆရာကိုေရြးရမွာပါ။ ဘယ္ဆရာက ဘယ္လိုေတာ္တယ္၊ ဘယ္ဘာသာရပ္မွာ ကၽြမ္းက်င္တယ္ဆိုတာကအစေပါ့။ ဘယ္ဆရာမွန္းမသိဘဲ သင္ေပးတဲ့သူကိုယ့္ဆရာပဲ ဆိုတာမ်ိဳးဆိုရင္ ေက်ာင္းသားဘက္က ဆရာေရြးခ်ယ္ခြင့္မရွိသလိုျဖစ္ေနတာေပါ့။ ေနာက္ၿပီးေတာ့ ဘာသာရပ္ေတြစိတ္ႀကိဳက္ ေရြးခ်ယ္ခြင့္ရွိလား၊ တကၠသိုလ္က ဘာသာရပ္ေျခာက္မ်ိဳးခြဲၿပီးျပဌာန္းထားတယ္။ ေျခာက္ခုဘဲရွိလို႔ အကုန္လုံးယူရမယ္ဆိုရင္ ေက်ာင္းသားဘက္က ဘာသာရပ္မွာေကာ စိတ္ႀကိဳက္ေရြးခ်ယ္ခြင့္ မရွိျဖစ္သြားမယ္။

အခုမွထဖြင့္တဲ့တကၠသိုလ္၊ တစ္ႏွစ္၊ ႏွစ္ႏွစ္နဲ႔ MA, PHD စသည္လက္ခံေနၿပီ။ ဒီလိုေတြရွိေနတာဘဲေလ။ ပညာေရးဘက္ကိုု တကယ္စိတ္ဝင္စားတဲ့သူေတြက ေမးခြန္းထုတ္ၾကမွာေပါ့။ အျပဳသေဘာမေဆာင္ဘဲ အျပစ္ေျပာေနၾကတာ မဟုတ္ပါဘူး။ Academic နယ္ပယ္မွာ Research ေကာင္းေကာင္းရွိရဲ႕လားေပါ့။ အခ်ိန္တန္လို႔ ဘြဲ႕ေပးရမည့္ တကၠသိုလ္မ်ိဳးဘဲ ျဖစ္မလာႏုိင္ဘူးလားေပါ့။ ဦးေဆာင္တဲ့သူေကာ တကၠသိုလ္ပညာေရးနဲ႔ ပတ္သက္လို႔ ဘယ္ေလာက္သိထားလဲ၊ အေတြ႔အႀကံဳဘယ္ေလာက္ရွိလဲ၊ တကၠသိုလ္မွာ အုပ္ခ်ဳပ္ေရးက႑၊ သင္ၾကားေရးက႑ေတြ အေတြ႔အႀကဳံရွိလား စသည္ေပါ့။ မရွိရင္ ဆရာဘယ္လို႔ခန္႔မလဲ၊ ဖြဲ႔စည္းပုံေတြဘယ္လိုတည္ေဆာက္ၾကမလဲ။ ဒီေမးခြန္းေတြက ပညာေရးအေမြဆက္လက္ခံယူမယ့္ မ်ိဳးဆက္သစ္ စာသင္သားေတြရဲ႕အက်ိဳးကို ေမွ်ာ္ၾကည့္ၿပီး ေမးတဲ့ေမးခြန္းေတြပါ။ အျပစ္ျမင္စရာ မရွိပါဘူး။

ျမန္မာႏိုင္ငံမွာ ဆရာခန္႔တဲ့စနစ္ကို သေဘာမက်ၾကတာတစ္ခုရွိတယ္။ အထူးသျဖင့္ ဘယ္အတန္းမွာျပရင္ ဘာဘြဲ႕ရရမယ္ဆိုတာမ်ိဳး။ အရည္အခ်င္းထက္ အေပၚယံဂုဏ္ေတြကို အသားေပးလြန္းအားႀကီးတယ္။ ပညာေရးဌာနကမွ မဟုတ္ပါဘူး၊ အျခားေနရာေတြမွာလည္း ဒီလိုပါဘဲ။ အလုပ္ရဖို႔က ဘြဲ႕တစ္ခုခုမရလို႔ကေတာ့ ေနာက္ျပန္လွည့္ရတာဘဲ။ အရည္အခ်င္းဘယ္ေလာက္ဘဲရွိရွိ ဘြဲ႔ရမထားဘဲနဲ႔ေတာ့ လစာနည္းတဲ့အလုပ္၊ ပိုၿပီးပင္ပန္းရတဲ့အလုပ္ဘဲ ရမွာ။ အဲလိုနဲ႔ဘြဲ႔တစ္ခုခုရဖို႔ ႀကိဳးစားရတာေပါ့။ အေဝးသင္ေတြေပၚလာတာကလည္း ေခတ္ရဲ႕ေတာင္းဆိုခ်က္လို႔ ေျပာရေတာ့မလို။ ဘြဲ႕တံဆိပ္ၾကည့္ၿပီး လူကိုတန္ဖိုးျဖတ္တဲ့အေလ့အထက ျမန္မာရဲ႕လူမႈအသိုင္းအဝန္းထဲက ယဥ္ေက်းမႈတစ္ခုလို စိမ့္ဝင္ေနပါၿပီ။ အဲဒီရဲ႕အက်ိဳးဆက္က ဘြဲ႕တံဆိပ္ကို ေငြနဲ႔ပစ္ေပါက္ၿပီး ယူလာတာေတြ ျဖစ္လာၾကတယ္။

ဒီမွာကေတာ့ ေဒါက္တာဘြဲ႔ရတိုင္းလည္း ကထိကမျဖစ္ၾကပါဘူး။ အရည္အခ်င္းမျပည့္လို႔ကေတာ့ ဘယ္ေလာက္ဘဲအသက္ႀကီးႀကီး၊ ဘယ္ေလာက္ဘဲခ်မ္းသာခ်မ္းသာ၊ ေဒါက္တာဘြဲ႔ဘယ္ႏွစ္ခုဘဲ ရရ ကထိကမခန္႔ပါဘူး။ တစ္ခ်ိဳ႕ Senior lecturer ေတြေတာင္ PhD ဘြဲ႕မရၾကဘူး။ အရည္အခ်င္းရွိရင္ တကၠသိုလ္ေတြက ေခၚၾကတယ္။ သူတို႔ေတြက PhD ေက်ာင္းသားေတြကို အမ်ားႀကီးေမြးထုတ္ေပးႏုိင္တယ္။ အားလုံးလည္း သိၾကမွာပါ၊ စိတ္မေကာင္းစရာ ၾကားေနရတာတစ္ခုက ေျဖရမယ့္အက္ေဆးကို အလြတ္က်က္ေနရတဲ့ တကၠသိုလ္လည္း ရွိေနတာပဲေလ။ ဆရာက ဒီအတိုင္းေျဖ၊ ဒီအာေဘာ္ေတြမပါရင္ အမွတ္မေပးဘူးဆိုလို႔ စာေမးပြဲေအာင္ဖို႔အတြက္ အက္ေဆးေတာင္ ကိုယ့္အာေဘာ္နဲ႔ကိုယ္၊ ကိုယ့္အယူအဆနဲ႔ ကိုယ္ေတာင္ မေရးရဘူးေလ။ ဒါေတြကေကာ အရည္အေသြးမွီတယ္လို႔ ေျပာမလား။ ဒါေတြကို ဘယ္သူ႔ကို အျပစ္ေျပာမလဲ။ ဆရာအျပစ္လို႔ ေျပာလိုက္ရင္ အစဥ္အဆက္ အမ်ားႀကီးထိသြားမယ္။ တစ္ဦးတစ္ေယာက္တည္းမွားတဲ့ကိစၥမဟုတ္ဘူး။ စနစ္ႀကီးတစ္ခုလုံးက မွားေနတာ။ ဒီလိုစနစ္ႀကီးကို လက္ညိဳးထိုးၿပီး ျပဳျပင္ဖို႔ေထာက္ျပတဲ့ေနရာမ်ိဳးမွာ ဇာတ္ဝင္နာေနတာမ်ိဳးေတြ မလုပ္ရဘူး။ လူကို အျပစ္ဘို႔ေနတာ မဟုတ္လို႔။

ႏုိင္ငံျခားမွာပညာသင္တယ္ဆိုတာလည္း မတူတဲ့အျမင္ေတြ၊ ရႈေထာင့္ေတြ၊ ခ်ဥ္းကပ္ပုံေတြကို ေလ့လာခ်င္တာလည္း ပါပါတယ္။ ျပည္တြင္းမွာ တကၠသိုလ္ေတြဘယ္ေလာက္မ်ားမ်ား ႏုိင္ငံတကာနဲ႔ရင္ေပါင္တန္းႏိုင္တဲ့ အျမင္မ်ိဳး၊ ရႈေထာင့္မ်ိဳး၊ ခ်ဥ္းကပ္ပုံေတြ မေပးႏိုင္ရင္ ရုိးရာပညာေရးစနစ္ကို လက္ဆင့္ကမ္းေနသလိုဘဲ ခံစားေနရမွာဘဲ။ အဂၤလိပ္လိုသင္လို႔ ဘာသာစကားဘဲ ေျပာင္းခ်င္ေျပာင္းသြားမယ္ အျမင္ေတြက ဒီအျမင္ေတြဘဲ ဆိုရင္ေတာ့ ႏုိင္ငံျခားထြက္တဲ့သူေတြ မ်ားေနဦးမွာပါဘဲ။

“ပညာတတ္ေတြကလည္း ကိုယ့္မာနနဲ႔ကိုယ္၊ ဘယ္သူ႔ကိုမွ ေအာက္က်ိဳ႕မခံခ်င္ဘူး။ ပိုက္ဆံရွိတဲ့ သူကလည္း ကိုယ့္မာနနဲ႔ကိုယ္၊ ဘယ္သူ႔ကိုမွ ေအာက္က်ိဳ႕မခံခ်င္ၾကဘူး။ ႏွစ္ဦးေပါင္းလိုက္ေတာ့ ဘယ္သူမွ အဆင့္မီမီ ပညာေရးျဖစ္မလာေတာ့ဘူး” ဒီစကားကလည္း ေျပာေနၾကစကားထဲက တစ္ခု။ တကၠသိ္ုလ္မလုံေလာက္လို႔ ျပည္ပမွာ ေက်ာင္းသြားတက္ရတယ္ဆိုုတဲ့ အျမင္ေလးေတြလည္း ရွိတယ္။ အဲဒါေၾကာင့္တကၠသိုလ္ေထာင္ေပးတာလို႔ေျပာတာမ်ိဳးလည္း ရွိတယ္။ တစ္ခ်ိဳ႕က အျပင္မွာ ေလလြင့္ေနမွာစိိုးလို႔ တကၠသိုလ္ေထာင္ေပးတာလို႔လည္း ဆိုၾကတယ္။ ဒီလိုနဲ႔ ကိုယ့္တကၠသိုလ္မွာ ကိုယ့္စနစ္နဲ႔ကိုယ္ပဲ ျဖစ္သြားၾကတာေပါ့။ ဘယ္အဆင့္မွာ ဘာေတြ ဘာေတြပါရမယ္။ ဒီအဆင့္ၿပီးရင္ ဒီအသိေတြရွိၿပီးသားျဖစ္ေနရမယ္ဆိုတာမ်ိဳး အားလုံးဘုံတူ သတ္မွတ္ထားတာမ်ိဳး မရွိေတာ့ ဟိုတကၠသိုလ္ကၿပီးေတာ့လည္း ဒီတကၠသိုလ္ကအသိအမွတ္မျပဳ၊ ဒီတကၠသိုလ္က ဒီအဆင့္ၿပီးေတာ့လည္း ဟုိတကၠသိုလ္က အသိအမွတ္မျပဳ။ ေနာက္ဆုံးေတာ့ ကိုယ့္တကၠသိုလ္နဲ႔ကို္ယ္၊ ကိုယ့္အဖြဲ႕နဲ႔ကိုယ္ ျဖစ္သြားေလေရာ။ ဆိုေတာ့ ငါတို႔ပညာေရးက သူမ်ားနဲ႔မေရာဘဲ၊ ကိုယ့္ဟာကိုယ္ သီးသန္႔ျဖစ္ေနတဲ့ ပညာေရးေတြျဖစ္ဦးမွာပဲ။

တစ္ခ်ိဳ႕ကိစၥေတြမွာက တစ္ခါတည္း ေျပာင္းလဲပစ္လိုက္လို႔ရတယ္၊ တစ္ခ်ိဳ႕ကိစၥေတြမွာက်ေတာ့ တေျဖးေျဖးေျပာင္းလဲေအာင္ႀကိဳးစားရတယ္။ တစ္ခ်ိဳ႕ကိစၥေတြမွာေတာ့ တစ္စုံတစ္ဦးက ထလုပ္လိုက္လို႔ရတယ္။ တစ္ခ်ိဳ႕ကိစၥေတြက်ေတာ့ အားလုံးၿပိိဳင္တူတြန္းမွ ေရြ႕ႏုိင္တယ္။ စနစ္တစ္ခုေအာက္မွာ အသားက်သြားတဲ့ အေလ့အက်င့္ေတြ၊ အေတြးအေခၚေတြက်ေတာ့ တစ္ခါတည္းေျပာင္းလဲလို႔ရတဲ့အရာေတြမဟုတ္ဘူး။ တစ္ဦးတည္းထလုပ္လို႔ရတဲ့ကိစၥလည္း မဟုတ္ဘူး။ ဒီလိုပညာေရးတစ္ခုျပဳျပင္ေျပာင္းလဲဖို႔ဆိုတာလဲ ဒီလိုပါပဲ။ တကၠသိုလ္ပညာေရးတစ္ခုတည္ေထာင္တယ္ဆိုတာက Traditional way ကေန Academic way ပညာေရးကို တည္ေဆာက္တာပဲမဟုတ္ဘူးလား။ အားလုံးကၿပိဳင္တူတြန္းမွ ေရြ႕ႏိုင္တာပါ။ တစ္ေျဖးေျဖးေျပာင္းလဲယူရမယ့္ ကိစၥပါ။ ဒီလိုအမ်ားဆိုင္ကိစၥေတြကို တစ္ဦးတည္းအႀကံေပးရုံ၊ တစ္ဦးတည္း ထလုပ္လိုက္ရုံနဲ႔ မရပါဘူး။ မတူတဲ့အႀကံအဉာဏ္ေတြ၊ အယူအဆေတြကို လက္ခံရမွာပါ။ အားလုံးထဲက ကိုယ္နဲ႔အနီစပ္ဆုံး၊ အသတ္ႏုိင္ဆုံး၊ အေကာင္းဆုံးတစ္ခုကို ေရြးခ်ယ္ရမွာပါ။ အဲဒါေၾကာင့္ ဒီလိုတင္ျပခ်က္ေတြကိုလည္း အျပစ္မျမင္ေစခ်င္ပါဘူး။

ဒါကေတာ့ သီရိလကၤာႏုိင္မွာ ပညာသင္ေနတဲ့ ျမန္မာေက်ာင္းသား ရဟန္းတစ္ပါးရဲ႕ အျမင္ပါ။ အမွားပါရင္ ျပဳျပင္ေပးၾကပါဦးလို႔ ဖိတ္ၾကားပါတယ္။ စာအရွည္ႀကီးကို ဖတ္ေပးတဲ့အတြက္လည္း အထူးေက်းဇူးတင္ပါတယ္။

(မွန္ခ်က္။ ။ သီတင္းသုံးေဖာ္မ်ားနဲ႔ေဆြးေႏြးခဲ့ေသာ ပညာေရးစကားဝိုင္း နဲ႔ သီရိလကၤာေရာက္ ျမန္မာရဟန္းေတာ္တစ္ခ်ိဳ႕ရဲ႕ ပညာေရးေဆာင္းပါးမ်ားကုိ မွီျငမ္း၍ ေရးသားျခင္းျဖစ္ပါေၾကာင္း)။ ။

Nandiya Bhikkhu
အရွင္နႏၵိယ (ဖယ္ခုံ)
06.05.2019 00:15:00 AM
 https://www.facebook.com/nandiya.bhikkhu/posts/2407235369504496